Tuesday, August 27, 2013

ဘူးသီးတောင်၊ညောင်ချောင်းတွင်ဘင်္ဂလီများက ခြိမ်းခြောက်စာကပ်ခြင်း အပေါ် အရေးမယူနိုင်သေး

သြဂုတ်-၂၇၊ဘူးသီးတောင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းကျေးရွာတွင် ဘင်္ဂလီများက ခြိမ်းခြောက်စာများကပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ခဲ့သူမှာ သတ္တမတန်းကျောင်းသားတစ်ဦးမှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပေါ်လွင့်ခဲ့သော်လည်း အရေးယူခြင်းမရှိသေး ဘဲ ထိုသို့မပြုလုပ်ရန်သာ ကျောင်းဆရာ/မများက တားမြစ်ခဲ့ကြောင်းသိရသည်။အဆိုပါ ကျောင်းသားသည် သြဂုတ်လ ၂၃ ရက်နေ့ က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တားမြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဈေးလမ်းမ၌ပင် ရေးသား လာကြကြောင်းသိရသည်။
အဆိုပါညောင်ချောင်းကျေးရွာ အလယ်တန်းကျောင်းတွင် ဘင်္ဂလီများနှင့် ရခိုင်တိုင်းရင်းသားများ တစ်ကျောင်းတည်း အတူတက် ရောက်ပညာသင်ကြားနေသဖြင့် ဘင်္ဂလီကျောင်းသားများသည် နေ့စဉ် လိုလို သင်ပုန်းကြီးများတွင် ရခိုင်တိုင်းရင်းသားများနှင့် ဆရာ/မများအား ဆဲဆိုခြင်းများ၊ အယုတ်တမာစကားများ၊ နွားဖြင့်ခိုင်းနှိုင်းခြင်းများကို ရေးသားထားလေ့ ရှိကြောင်းလည်းသိရ ပါသည်။
“ခြိမ်းခြောက်စာတွေ ကို အယင်က သင်ပုန်းမှာရေးတယ်။ အခုက ကပ်တူစက္ကူပေါ်မှာရေးပြီး ကပ်လာတယ်။ ဒါဟာ ရခိုင်က လေးတွေ၊ ဆရာမတွေ ကျောင်းတက်လို့မရအောင် ပြုလုပ်နေသလိုဖြစ်လာတယ်။ အဲဒီအပေါ်မှာ စိုးရိမ်မှုတွေရှိလာတယ်”ဟု လည်း ဒေသခံ ကျောင်းဆရာ တစ်ဦးက ပြောပါသည်။
အလားတူပင် သြဂုတ်လ ၂၆ ရက်နေ့ကလည်း ညောင်းချောင်းရွာဈေးလမ်းတွင် “ဤမြေသည် ရိုဟင်ဂျာ မြေ၊ ခွေးစစ်သား၊ ခွေးနစက၊ ခွေးကျောင်းဆရာ၊ ခွေးရခိုင်သားများ ထွက်သွား”ဆိုသည့် စာသားများကို ရေးသားက လမ်းမပေါ်ရှိ သစ်ပင်တွင် ထောင်ထားခဲ့ကြောင်းလည်းသိရပါသည်
ထိုသို့ခြိမ်းခြောက်ခြင်းများသည် ပဋိပက္ခဖြစ်ပွားစေသော အကြောင်းမရာများဖြစ်သဖြင့် ရခိုင်တိုင်းရင်းသားများအပေါ် လူအင်အား၊ လူဦးရေ အားဖြင့်အနိုင်ကျင့်မှု၊ ရန်လိုမှုတစ်ခုသာဖြစ်ကြောင်းလည်း ဒေသခံများက သုံးသပ်ပြောဆိုကြပါသည်။ ယင်းသတင်းသည် မည်မျှထိ ခြိမ်းခြောက်နေသည်ကို အထူးသတိထားရန်လိုအပ်ပြီး ပညာသင်ကြားပေးသော ကျောင်းဆရာ/မများကိုပင် ထိုသို့ ရိုင်း စိုင်းစွာ ဆက်ဆံသော ကလေးငယ်များ ကျောင်းတွင် တက်ရောက်ပညာသင်ယူနေသည်မှာ ဆရာ/မ များအတွက်လည်း အန္တရာယ် များလှကြောင်းနှင့် စိုးရိမ်မှုများလည်း ရှိနေကြကြောင်းသိရသည်။
ညောင်းချောင်းအလယ်တန်းကျောင်းတွင် ဘင်္ဂလီကျောင်းသားများနှင့် ရခိုင်တိုင်းရင်းသား ကျောင်းသားများ အတူတကွ ပညာသင် ကြားနေကြသော်လည်း ဘင်္ဂလီများက နေ့တိုင်း ရခိုင်တိုင်းရင်းသား ကျောင်းသားများအား ဆဲဆိုစာများအား သင်ပုန်းကြီးနှင့် နံရံ များတွင် ရေးသားထားလေ့ရှိသဖြင့် ခိုက်ရန်ဖြစ်ပွားမည်ကို စိုးရိမ်နေကြရကြောင်းလည်းသိရပါသည်။
 
RSV

No comments:

Post a Comment