Friday, August 16, 2013

ဘရိုကိုလီတစ်မျိုးတည်းတွင်သာ တွေ့ရှိရတတ်သည့် ဒြပ်ပေါင်းကခန္ဓာကိုယ်ဆဲလ်စွမ်းအင်ကို ပြန်လည်အားဖြည့်နိုင်



ဘရိုကိုလီခေါ်တဲ့ အစိမ်းရောင်ပန်းဂေါ်ဖီ တစ်မျိုးတည်းမှာသာ ပါဝင်တတ်တဲ့ ဒြပ်ပေါင်းတစ်မျိုးဟာ ခန္ဓာကိုယ်တွင်းဆဲလ်တွေရဲ့ စွမ်းအင်ကို ပြန်လည်အားဖြည့်နိုင်တဲ့ မိုက်တိုခွန်ဒရီးယားခေါ် ဘက်ထရီရဲ့ ကျန်းမာရေးကို ကောင်းမွန်စေနိုင်တယ်လို့ သိရပါတယ်။ ဘရိုကိုလီစားတာကြောင့် ကင်ဆာနဲ့ နှလုံးရောဂါ အပါအ၀င် ကျန်းမာရေးပြဿနာများမှ ကာကွယ်နိုင်ပါတယ်။ နောဝှစ်အဟာရ တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို ဘရိုကိုလီ မစားခင်နဲ့ စားအပြီးမှာ သွေးဖောက်ပြီး စစ်ဆေးခဲ့ပါတယ်။ လေ့လာမှုမှာ ပါဝင်တဲ့ လူပေါင်း ၁၉ ဦးဟာ အပတ်စဉ် ဘရိုကိုလီ ၄၀၀ ဂရမ် စားသူတွေဖြစ်ကြပါတယ်။ သူတို့ဟာ Glucoraphanin မြင့်မားစွာပါဝင်တဲ့ Beneforte ခေါ်တဲ့ ဘရိုကိုလီအမျိုး အစားကို စားခဲ့တယ်လို့ သိရပါတယ်။ Glucoraphanin များစွာပါဝင်တဲ့ ဘရိုကိုလီတွေဟာ ဆဲလ်တွေရဲ့ ဘက်ထရီဖြစ်တဲ့ မိုက်တိုခွန်ဒရီးယားအတွင်း ဓာတုတုန့်ပြန်မှုတွေကို တိုးတက်ကောင်းမွန်စေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ မိုက်တိုခွန်ဒရီးယားတွေဟာ အလွန်အရေးကြီးပါတယ်။ သူတို့မှာ ချို့ယွင်းချက်တွေရှိလာရင် အသက်အရွယ်နဲ့ဆိုင်တဲ့ ရောဂါတွေ အများအပြား ရရှိနိုင်ပါတယ်။


ဒေါက်တာခင်မိုးမိုး
Credit to > Good Health > THanks

No comments:

Post a Comment