Friday, August 16, 2013

မိတ်ဆွေကောင်းတစ်ယောက် မလျော့ပါစေနှင့်



လူ့ဘဝတစ်ခုဟာ တစ်ယောက်တည်းရပ်တည်လို့ မရနိုင်ပါဘူး ။ အပေါင်းအသင်း l အဖွဲ့အစည်းlဆွေမျိုးအသိုင်းအဝို
င်းဆိုတာ လိုအပ်ပါတယ် ။
ဒီလို လိုအပ်တဲ့အထဲမှာမှ အပေါင်းအသင်း မိတ်ဆွေဆိုတာ ပိုလို့အရေးပါပါတယ်။အကြောင်းကတော့အနီးစပ်ဆုံးပေါင်းသင်းဆက်ဆံရတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ် ။
မိဘတွေဟာကိုငယ်စဉ်ကလေးဘဝမှာကတည်းကအနီးစပ်ဆုံးပေါင်းသင်းလာခဲ့တဲ့ သူတွေဖြစ်သလို သင်ဆရာ မြင်ဆရာ ကြားဆရာ တွေဟာဒုတိယတွေ့ကြုံပေါင်းသင်းဆက်ဆံရတဲ့သူတွေပါ ။ နောက်ဆုံးကတော့သူငယ်ချင်းမိတ်ဆွေစီးပွါးဖက်အိမ်ထောင်ဖက်တွေပါ ။ လူတိုင်းမဖြစ်မနေ ကြုံတွေ့ရမယ့်ဆက်ဆံရမယ့်အပေါင်းအသင်းတွေပါ ။
အပေါင်းအသင်းကောင်းကြောင့် ကိုယ့်ဘဝတစ်ခုမှာကြုံတွေ့ရမယ့် အမှုကိစ္စများစွာကိုအဆင်ပြေနိုင်သလိုဘဝရဲ့အမြင့်တစ်နေရာအထိရောက်ရှိသွားစေနိုင်ပါတယ် ။ ကလျာဏမိတ္တရဲ့ အရေးပါပုံကို ဘုရားရှင်က ညီတော် အာနန္ဒာကို ဟောကြားတော်မူခဲ့တာကိုကြည့်ရင် သိနိုင်ပါတယ် ။ညီတော်အာနန္ဒာက ကလျာဏမိတ္တရဲ့ အရေးပါပုံကို အခုခေတ်လိုပြောရင် ၅၀% အရေးပါတယ်ပြောတာကို ဘုရားရှင်က လက်မခံပဲ ၁၀၀ % အရေးပါပုံကိုဟောကြားတော်မူခဲ့ပါတယ် ။ ကလျာဏမိတ္တဆိုတာ မိတ်ကောင်းဆွေကောင်းကို ပြောတာပါ ။
အဇာတသတ်မင်းသားဟာမိတ်ဆွေမှားနဲ့ပေါင်းခဲ့မိလို့ အဖသတ်တဲ့ ကံကြီးကိုကျူးလွန်မိရာကမိတ်ဆွေကောင်းဆရာကောင်းဖြစ်တဲ့ဘုရားရှင်ကို တွေ့မိကာမှမဟာအဝီစိငရဲမှာခံရမယ့်အပြစ်ကနေ အပြစ်လျော့ပြီး တော့ပဲ ခံရတော့မှာပါ ။တစ်ကယ်လို့သာ ဘုရားရှင်နဲ့ဦးစွာ တွေ့ခဲမယ် ဆည်းကပ်ခဲ့မယ်ဆိုရင်တော့ တိဟိတ်ပုဂ္ဂိုလ်ဖြစ်တဲ့ အဇာတသတ်မင်းဟာ ဒီဘဝမှာတင် တရားထူးရသွားနိုင်ပါတယ် ။ ဒီလိုပါပဲ အင်္ဂုလိမာလ ဟာလည်း နောက်ဆုံး ဘုရားရှင်ဆိုတဲ့ ကလျာဏမိတ္တကောင်းကို ချည်းကပ်ခဲ့နိုင်လို့ ရဟန္တာကြီးဖြစ်သွားတာပါ ။
ကျေးနှစ်ကောင်ပုံပြင်ဟာလည်း အပေါင်းအသင်း ပတ်ဝန်းကျင် အရေးပါပုံကို ထင်ဟပ်စေတဲ့ ပုံပြင်တစ်ပုဒ်ပါ ။
ဆရာကောင်းတပည့်ပန်းကောင်း
ပန်ဆိုသလို ငယ်စဉ်အခါမှာ ဆရာကောင်းနဲ့တွေ့ပြီးဘဝမှာထူး
ချွန်သွားတဲ့သူတွေရှိပါတယ်။ဆုံးမသွန်သင်အုပ်ထိမ်းမှုကောင်းတဲ့ မိဘတွေရဲ့သားသမီးတွေဟာလည်း လောကမှာအောင်မြင်တိုးတက်နေ
ကြတာကိုအများစုတွေမြင်နိုင်ပါတယ် ။
လောကမှာလည်းဖြစ်စဉ်တွေအများကြီးပါ။ကိုယ်နဲ့နီးစပ်ရာအသိုင်း
အဝန်းပတ်ဝန်းကျင်တွေမှာလေ့လာရင် မြင်တွေ့ နိုင်ပါတယ် ။ မိမိကိုယ်တိုင်လည်းကြုံတွေ့ ကြရမှာပါ ။
အပေါင်းအသင်းမှားလို့ အကျင့်စာရိတ္တတွေပျက်စီးသွားမယ် ။ထောင်ကျမယ် ။ ဘဝပျက်မယ် ။ အယူဝါဒတွေလွဲမှားပြီးကိုးကွယ်မိမယ်။အသက်ပါဆုံးရှုံးသွားနိုင်ပါ တယ် ။ နောက်ဆုံးသံသရာအထိပါ ဒုက္ခရောက်စေနိုင်ပါတယ် ။ အနည်းဆုံးအားဖြင့်တော့ စိတ်ဒုက္ခတော့ရောက်ြကရမှာပါ ။
ဒါကြောင့်ဘဝမှာလည်းအေးချမ်း သာယာချင်တယ်ဆိုရင်ဒါ့ထက်ပိုလို့ တိုးတက်ကြီးပွါးလိုလျင် ဒါ့ထက်
ပိုလို့နိဗ္ဗာန်ကိုမျက်မှောက်ပြုလိုတယ်ဆိုရင်ဖြင့် မိတ်ဆွေကောင်းကို ရွေးချယ်ပေါင်းသင်းနိုင်ဖို့အထူးလိုအပ်ပါတယ် ။
အပေါင်းအသင်း (၁၀)ယောက် ကိုယ့်ဘေးကနေ ရှောင်ခွါထွက်သွားကြပါစေ။အဲဒီအထဲမှာမိတ်ဆွေကောင်းတစ်ယောက်တော့ဖြင့် ပါမသွားစေဖို့တော့ အထူးလိုအပ်ပါကြောင်း ။ ။
Aung Aung (16.8.2013)
 
Credit to >Aung Aung > Thanks

No comments:

Post a Comment