Tuesday, August 20, 2013

ဘယ်သူ့မှာတာဝန်ရှိသလဲ ?



မနေ့ည ၁၂ နာရီဝန်းကျင်က သိပ္ပံလမ်း ပေါ် မန္တလေးတက္ကသိုလ်ဘေးနား 69-70 ကြားလောက်မှာ ဆိုင်ကယ် ၇ စီးလောက်နဲ့ လူအုပ်နဲ့ ကားတစ်စီး ကိုဝိုင်းဖျက်စီး လူကိုရိုက်နှက်နေတာ ကို ကျွန်တော့် တိုက်ခန်းအပေါ်ကနေမြင်လိုက်ရတယ်ဗျာ။ ကောင်မလေးတစ်ယောက်ရဲ့အော်ငိုပြီးတောင်းပန်နေတဲ့အသံကြားလို့ညဘက်ဆိုတော့ ပြတင်းပေါက်ဖွင့်အကြည့်မှာလမ်းပေါ်မှာ လူအုပ်စုနဲ့ကန်နေတာ။ ထိုးကြိတ်ရိုက်နှက်နေတာမြင်လိုက်ရတယ်။ ဓါတ်ပုံရိုက်မလိုသွားဖို့က တက္ကသိုလ်အုတ်တံတိုင်းကျော်ဖို့ခက်နေလို့မရိုက်လိုက်ရဘူး။ ဆိုင်ကယ်နဲ့အုပ်စုလိုက် အကြမ်းဖက်နေတဲ့လူငယ်တွေအော်နေတဲ့စကားကို တော့ပြီပြီသသကိုကြားလိုက်ရတယ် ဂိုဏ်းစတား ကွတဲ့ ဘယ်ကောင်မှမကပ်နဲ့အကုန်သတ်မယ်တဲ့ မိုက်လို့လုပ်တာကြိုက်တဲ့ကောင်လာခဲ့ဆိုပြီး ချနေတာဗျာ လက်ရဲဇာတ်ရဲနိုင်လွန်းနေတယ်ဗျာ။

မန္တလေးမြို့ကြီးဘာဖြစ်နေလဲဆိုတာ အာဏာပိုင်တွေသိရဲ့လား ပြည်သူ့ရဲတွေသိနေသားနဲ့ လုံခြုံရေးအတွက်တာဝန်ယူဖို့အခက်ခဲရှိနေလားတော့မသိပါဘူး။ ကျွန်တော်ကတော့ အသိရဲမှူးဆီကို ဖုန်းနဲ့သတင်းပေးပို့ပေးလိုက်တယ်။ ဒီနားတော့ ရိုက်ပွဲဖြစ်နေပြီအမြန်ဆုံး ရဲ သားတွေလွှတ်ပေးပါလို့။ ကားလးမ်းပေါ်ကနေဖြတ်သွားနေတဲ့ ဆိုင်ကယ်နဲ့ကားသမားတွေလဲဝင်မကယ်ရဲဘူးဗျာ။

ဘေးကနေမြန်မြန်မောင်းပြေးနေကြတာ။ လူမှုရေးတွေလည်း ခေါင်းပါးလာနေပြီ။ ပြသနာအရင်းအမြစ်ကိုတော့ကျွန်တော်မသိပါဘူး မြင်ရတဲ့မြင်ကွင်းက မိန်းကလေးတစ်ယောက်ရဲ့အော်ဟစ်ငိုကြွေးသံနဲ့တောင်းပန်နေတဲ့အသံကိုအခုထိ နားထဲကနေကို မထွတ်သေးဘူးဗျာ။ မန္တလေးမြို့ကြီးအေးချမ်းသာယာပါစေ။ ပြည်သူများ အန္တရာယ်ကင်းစွာနဲ့သွားလာနိုင်ပါစေ။ ဥပဒေစိုးမိုးမှုရှိတဲ့မြို့ဖြစ်ပါစေ။

Nay Win Aung
သတင်းပေါင်းစုံ

No comments:

Post a Comment