Thursday, February 27, 2014

ခွေးလှေးသီး အစွမ်း


အစွမ်းထက်လှသော ခွေးလှေးသီး အနက်စေ့ပဲ တနည်း မဟူရာပဲနက်လို့လည်းခေါ်ပါတယ်

ဒီပဲရဲ့ အစွမ်းထက်လှပုံလေးကို အများသူငါသိအောင် ပြောပြချင်လို့ပါ
ဖတ်ဖြစ်အောင်ဖတ်ပြီး တဆင့်ပြန်လည်မျှဝေပေးတဲ့အနေနဲ့
ရှယ်ပေးကြပါလို့ တောင်းဆိုပါရစေ။
။ ။ ။ ။ ။ ။ ။ ။ ။

လက်တွေ့ သုံးစွဲပြီးပျောက်ကင်း ချမ်းသာသုခကို ရရှိသွားတဲ့ ရွာသာရွာက အောင်ငြိမ်းပြောတဲ့ သူဇနီး မခင်စောအကြောင်းးးး

ကျွန်တော်၏အမည်မှာ ဦးအောင်ငြိမ်းဇနီးအမည်ကဒေါ်ခင်စောဖြစ်ပါသည်။
တိုက်ကြီးမြို့နယ် ဖိုးခေါင်းအုပ်စု ရွာသာရွာမှာနေပါတယ်။ေ
ခွေလှေးယားသီး အနက်စေ့အစွမ်း

ထက်ပုံကိုယ်တွေ့ ဖြစ်ရပ်ကို တင်ပြလိုပါတယ်။

ကျွန်တော်ကဲ့သို့ ဆင်းရဲနွမ်းပါးသော လူနာရှင်များဖတ်မိ ကြားမိကြပါစေ။

ဖတ်ကြားပြီးသူများကလည်း ဆင်းရဲနွမ်းပါးသူ လူနာရှင်များအား တဆင့်ပြောပြနိုင်ပါစေလို့ ဆုတောင်း မျှော်လင့်ပါတယ်။

ကျနော်၏ ဇနီးဒေါ်ခင်စောသည် မကျန်းမာ၍ ဓါတ်မှန်ရိုက် သလိပ်စစ် အမျိုးမျိုးစမ်းသပ်ကုသခဲ့သော်လည်း သက်သာပျောက်ကင်းခြင်းမရှိပါ ။ တနေ့တခြား အားအင်ကုန်ခမ်းပြီး ၉ လအကြာမှာ ရောဂါပြင်းထန်ပြီး နီးစပ်ရာဆေးရုံသို့ တက်ခဲ့ရပါသည်။

ဆေးရုံရောက် ရောက်ချင်းမေ့မြောသွားတာ တနေ့နှင့် တညကြာပါသည် လူအများကသေပြီ ဟုထင်မှတ်ကြသည်။ သေလျှင်အဆင်သင့်ဖြစ်အောင် စီစဉ်နေစဉ် သတိပြန်ရလာပါသည် အဖြေရှာတွေ့သောရောဂါမှာ အရိုးကျီးပေါင်းတက်ခြင်း အစာအိမ်ရောဂါဖြစ်ခြင်းလောက်သာ သိရသည် ။

ဆရာဝန်ညွန်ကြားသောဆေးများကို ၁၂ လကြာသောက်သုံးပြီး ငွေကျေးအဆင်မပြေ၍ဆက်မသုံးနိုင်တော့ပါ ။ ဆေးရုံကပြန်ဆင်းလာပြီး
မိတ်ဆွေတော်တော်များများက ခွေးလေးယားသီးအနက်စေ့ကိုစားပါေ
ခွေးလေးယားသီး အနက်စေသည် ဆေးရုံမှပြန်လာသော လူနာများ
ကျန်းမာဝဖြိုးနေခြင်း မြွေကိုက်ခံရသော လူနာများ ဆေးရုံမတက်ရဘဲ ခွေးလေးယားသီး အနက်ကိုစားရုံမျဖြင့် ပျောက်ကင်းခြင်း
အိပ်ပျော်ခြင်း အားရှိခြင်း ပန်းသေပန်းညိုးရောဂါများကို ပျောက်ကင်းခြင်း မဖြစ်အောင်ကာကွယ်နိုင်ခြင်း ဝမ်းတွင်း ကင်ဆာရောဂါများကို မဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်း စသည်တို့ကိုလာပြောပေးကြပါသည်။

ထိုအချိန်မှာ လူနာ၏အခြေနေမှာ လူရုပ်ပျက်ပြီး အသက်ရှိသည်လို့
ပြောလို့ရ ရုံသာရှိသည် ။ မိတ်ဆွေများဖြစ်ကြသော ကျောက်ဖျာ
ကုန်းကျေးရွာမှ ဆရာထိန်ဝင်း ကံကလေးရွာမှ ဦးမောင်ခင် ဒေါ်နန်းတို့က ခွေးလေးယားသီး အနက်စေ့ကို ယူဆောင်လာပြီး
အမှုန့်ပြု လုပ်ကာ ပျားရည်နှင့်ရောပြီး လူနာအားကျွေးပါသည် ။

စားပြီးသုံးရက်မြောက် သောနေ့မှာ လူနာမှာ ထူးထူးခြားခြား ဖြစ်လာတာကိုတွေ့ရပါတယ်။ ဆေးစားပြီး၂ နာရီခန့်မှာ အိပ်ချင်လာသည် နေ့တစေ့ ညတစေ့ စားကြည့်သောအခါ ညဘက်ပို၍အိပ်ပျော်စေသည် အိပ်ယာထလျင်လည်း လန်းလန်းဆန်းဆန်း ဖြစ်ခါ ပေါ့ပေါ့ပါးပါးရှိသည်
ခါးနာ ဒူးနာ ဇက်ကြော်တက်တာတွေလည်ပျောက်သည် ဒေါ်ခင်စောလည်း နဂို ကလိုကျန်းမာဝဖြိုး လျက်ရိပါသည်။

ဤဆေးစေ့ကိုစားသုံးခြင်ဖြင့် အိပ်ခြင်တာကလွဲ၍ အခြားဘာရောဂါမှမဖြစ်ပါ မတည့်သောအစားအစာ မတည့်သော ဆေးဟူ၍လည်းမရှိပါ။
ပန်းသေ ပန်းညိုးဖြစ်ဘူးသော မိတ်ဆွေများသည်လည်း ပျောက်ကင်း၍ အကျိုးရှိကြောင်းပြောပြလာကြပါသည် ခွေးလေးယားသီး အနက်စေ့ တစေ့၏အာနိသင်ဟာ ဆေးတပြားထက်ပိုမိုကောင်းသည့်အပြင် ရောဂါကြီး ရောဂါသေးများကိုပါ ပျောက်ကင်းစေပါသည် အခြားသော ရောဂါများကိုပါပျောက်ကင်းသည့်ဆေးစွမ်းကောင်းတလက်ဖြစ်ပါသည်။

မသိသူကျော်သွား သိသူဖော်စား ကြစေရန်ရည်ရွယ်ပြီး ခွေးလေးယားသီးပဲ အနက်စေ့ရဲ့ အစွမ်းထက်ပုံကို လက်တွေ့နှင့်တကွ ဖော်ပြပေးလိုက်ပါသည်။

လူသားအားလုံး ခံစားနေရသော ရောဂါ
ဝေဒနာများ ပျောက်ကင်းကြပါစေ။

မေတ္တာ စေတနာကြီးမားစွာဖြင့်
ဦးခေမာ - မှ ပြန်လည် မျှဝေလိုက်ပါတယ်...။

@စွယ်စုံကျမ်း@ &Credit To : Yangon Express & # ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။#

ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရပုံရိပ်များ


Wednesday, February 26, 2014

ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာပညာရှင်များ ရှင်းလင်းပွဲ


ကုလား သန်းခေါင်စာရင်း ကောက်ရန်အတွက် ကုလား (၁၃၀၀) စာရင်း လ၀ကရုံးချုပ် မှ စာရင်းကျလာ၊ ဗဟိုအစိုးရ ထိပ်ပိုင်း အရာရှိကြီးများအား လာဘ်ထိုး ဆောင်ရွက်သည် ဟု အခိုင်အမာ ယုံကြည်ရန် အကြောင်းရှိ

ရခိုင်ပြည်နယ်အတွင်းရှိ ကုလားများအား သန်းခေါင်စာရင်းကောက်ယူမှုကို ဆောင်ရွက်ရန်အတွက် ဒေသခံများက မသိသော ကုလားအယောက် (၁၃၀၂) ယောက်အား ခန့်ထားဆောင်ရွက်ရန် အတွက် သက်ဆိုင်ရာမြို့နယ် လ၀က ရုံးအသီးသီးသို့ အမိန့်စာ ရောက်လာရာ ဒေသခံတိုင်းရင်းသားပြည်သူများက အလွန်အမင်း စိတ်ပျက် အံ့သြ အားလျော့ကြရကြောင်း ပြောဆိုနေကြသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ရခိုင်ပြည်နယ်အတွင်း ကုလားလူဦးရေရှိသော မြို့များဖြစ်ကြသည့် မောင်တော၊ တောင်ပြိုမြို့နယ်ခွဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ မြို့နယ်(၁၀)ခုရှိ သန်းခေါင်စာရင်း စာရင်းကောက်၊ စာရင်းစစ် များကို ဘင်္ဂါလီကုလားများအား ခန့်ထားဆောင်ရွက်ရန်အတွက် ဘင်္ဂါလီကုလား (၁၃၀၂) ဦးအား (လ၀က)ဦးစီးရုံးချုပ်မှရွေးချယ်ပြီ သက်ဆိုင်ရာမြို့များနယ်သို့ စာရင်းအသီးသီးပေးပို့ထားသည်။

ရွေးချယ်ခံထားရသော ဘင်္ဂါလီကုလားစာရင်းကို သက်ဆိုင်ရာမြို့နယ်(လ၀က)၊ မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေး အဖွဲ့များမှ ရွေးချယ်ထားခြင်းမဟုတ်ဘဲ အထက်ဌာန နေပြည်တော်မှ ကျလာခြင်းဖြစ်၍ သက်ဆိုင်ရာမြို့နယ်ဌာနများမှ ၀န်ထမ်းများကပင် အံ့သြနေကြသည်။

ထို့အပြင် အဆိုပါ ခန့်ထားခြင်းခံရသူ ကုလားများမှာ ဘာသာပြန်သက်သက် မဟုတ်ဘဲ စာရင်းကောက်၊ စာရင်းစစ်များ ဟု လုပ်ပိုင်ခွင့် ရှိသူများအဖြစ် ခန့်ထားခြင်းဖြစ်ရာ ကုလားဦးရေစာရင်းတွင် အဝေးရောက် ကုလားများကိုပါ ထည့်သွင်းကာ စာရင်းကို အရှိထက်များစွာ ပိုမိုနေအောင် လုပ်နိုင်သော အခြေအနေရှိလာမည် ဖြစ်သည်။

ခိုင်လုံသော သတင်းရပ်ကွက်များအရ သိရှိရသည်မှာ အဆိုပါ သန်းခေါင်စာရင်းကောက် ကုလားများ၏ စာရင်းကို “ဘူးသီးတောင် မောင်တော ဒေသဖွံ့ဖြိုးရေး အသင်း” အမည်ခံ ကုလားအဖွဲ့အစည်းက ပြုစုပြီး လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာနလက်ထဲသို့ ထိုးထည့်ခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။ ထိုကဲ့သို့ ငွေလမ်းဖောက်ကာ စာရင်းထိုးထည့်နိုင်ရန် အရေးကို ဘင်္ဂါလီလွှတ်တော်အမတ် ရွှေမောင်က ဦးစီးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ “ဘူးသီးတောင် မောင်တော ဒေသဖွံ့ဖြိုးရေး အသင်း” အမည်ခံ ကုလားအဖွဲ့အစည်းမှာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလတွင် ရန်ကုန်အခြေစိုက် ဘူးသီးတောင် မောင်တော ကုလား သူဌေးများက ကျပ်ငွေသိန်းပေါင်းသောင်းချီ ထည့်ဝင်ကာ ဖွဲ့စည်းထားကြခြင်း ဖြစ်ပြီး၊ White Card များကိုင်ဆောင်ကာ ကုလားများ မဲပေးနိုင်အောင် စီစဉ်ခြင်း နှင့် ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုကာ ကုလားက လွှတ်တော်အမတ်များ အဖြစ် အရွေးခံနိုင်ခွင့် ရှိအောင် လာဘ်ပေးကာ ဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်ခဲ့သော ပြည်ခိုင်ဖြိုးပါတီ နှင့်ချိတ်ဆက်ထားသော ကုလား အဖွဲ့အစည်းဖြစ်သည်။

နိုင်ငံရေးပါတီ အဖြစ်တည်ထောင်ခြင်းမဟုတ်ဘဲ အန်ဂျီအို အသင်းအဖွဲ့အဖြစ်တည်ဆောင်ထားသည့်အတွက် နိုင်ငံရပ်ခြားမှ ဒလဟော ထည့်ဝင်ငွေများကို လိုသလောက် လက်ခံနိုင်သော အဖွဲ့အစည်းလည်းဖြစ်သည်။

Coral Arakan News

Tuesday, February 25, 2014

ပျူ ခေတ်ဗိဿ နိုး

ဗိဿနိုးကို တည်ထောင်သော ပျူတို့သည် လူမှုဆက်ဆံရေးတွင် သိမ်မွေ့သောသူများ ဖြစ်ကြသည်။ ယဉ်ကျေးမှု အတတ်ပညာများကို အိန္ဒိယမှပင် ယူခဲ့သည်။ အများစု ကိုးကွယ်သော ဘာသာမှာ ဗုဒ္ဓဘာသာ ဖြစ်သည်။ ဗုဒ္ဓဘာသာသည် အိန္ဒိယမှပင် တိုက်ရိုက် ရရှိခဲ့သည်။ ဗိဿနိုးမြို့ဟောင်းကို တူးဖော်ရာတွင် သံဃသိရီ ဟူသော အမှတ်အသားပါသည့် တံဆိပ်တစ်ခုကို တွေ့ရှိကြရသည်။ ထိုအချက်ကို ထောက်၍ ဗိဿနိုးမြို့တော်၌ ဗုဒ္ဓဘာသာ ရဟန်းတော်များ သီတင်းသုံး၍ သာသနာပြုနေကြပြီဟု ဆိုနိုင်ပေသည်။

ဗိဿနိုးသို့ ရောက်ရှိလာသော သာသနာမှာ အိန္ဒိယတောင်ပိုင်း အန္ဓရဒေသ၌ ထွန်းကားနေသော သာသနာမျိုး ဖြစ်သည်။ ယင်းသာသနာမှာ ရုပ်ပွားဆင်းတုကို ကိုးကွယ်ခြင်း မပြုသော သာသနာဂိုဏ်း ဖြစ်သည်ဟု သုတေသီတို့က ကောက်ချက်ချကြသည်။

အေဒီ ၄-ရာစုခန့်တွင် အခြားပျူလူမျိုးတို့သည်လည်း မြို့ပြနိုင်ငံသစ်များကို ထူထောင် အုပ်စိုးကြသည်။ ပြည်မြို့အနီး၌ သရေခေတ္တရာမြို့တော်၊ ကျောက်ဆည်ဒေသအနီး၌ မိုင်းမော
ဟု ခေါ်နေကြသော ပင်လယ်မြို့ဟောင်း၊ ရွှေဘိုဒေသ၌ ဟန်လင်းကြီးစသော မြို့ပြများမှာ သမိုင်းတွင် ထင်ရှားကြသည်။

အေဒီ ၅-ရာစုတွင် ဗိဿနိုးမြို့တော်သည် သရေခေတ္တရာပျူတို့က ၀င်ရောက် တိုက်ခိုက် သဖြင့် ပျက်သုဉ်းခဲ့ရလေသည်။
အရှင်ဧသိက

အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက်

ပျူခေတ် ဗုဒ္ဓဘာသာ

သရေခေတ္တရာပျူတို့၏ ဗုဒ္ဓဘာသာ ယုံကြည်မှု အကြောင်းကို အေဒီ ၈၀၀-ခန့်က ရေးသားသော တရုတ်မှတ်တမ်းတို့၌လည်း တွေ့ရှိရသည်။ ယင်းမှတ်တမ်းမှ ဗုဒ္ဓဘာသာနှင့် ပတ် သက်သော အကြောင်းအရာတို့ကို ရွေးနုတ် ဖော်ပြပါမည်။
မြို့တော်တွင် တံခါးဝပေါင်း ၁၂-ခု ရှိသည်။ မြို့လေးထောင့်တွင် တစ်ထောင့်လျှင် ဘုရားတစ်ဆူ တည်ထားသည်။ ဘုရင်မင်းမြတ် စံမြန်းရာ နန်းတော်ရှေ့ တံခါးဝကို မျက်နှာ ပြုကာ ဥာဏ်တော် ပေ ၁၀၀-ထက် မြင့်၍ နှင်းပွင့်ကဲ့သို့ ဖြူဖွေးသော အသွေးရှိသည့် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို တည်ထားသည်။

တရားတဘောင် ဖြစ်ကြသူ နှစ်ဦးကို ဘုရင်မင်းမြတ်က ထိုရုပ်ပွားတော်မြတ် ရှေ့တွင် အမွှေးတိုင်များ ထွန်းညှိစေပြီး မိမိတို့၏ ပြစ်မှုများကို ပြန်လည် စဉ်းစားစေခြင်းဖြင့် တရားဖြစ်ကြသူ နှစ်ဦးတို့ မကြာမီ သင့်မြတ်သွားကြသည်။ မြို့ရွာဒေသများတွင် ဘေးအန္တရာယ်များ၊ ကပ်ဆိုးကြီးများ ဆိုက်ရောက်လာလျှင် ဘုရင်မင်းမြတ်သည် ရုပ်ပွားတော် ရှေ့မှောက်တွင် အမွှေးနံ့သာ ထွန်းညှိပူဇော်၍ ပြည်သူပြည်သားတို့ကို တရားနှင့်အညီ အုပ်စိုးပါမည်ဟု သစ္စာအဓိဋ္ဌာန် ပြုရသည်။

ပျူတို့ ဒေသတွင် ဘုန်းကြီးကျောင်းပေါင်း ၁၀၀-ကျော်မျှမက ရှိသည်။ ဘုန်းကြီးကျောင်းများတွင် ရွှေငွေတို့ဖြင့် စီခြယ်၍ ဟင်္သပြဒါးနှင့် တောက်ပသော အရောင်များ သုတ်လိမ်းထားသည့် ခမ်းမကြီး အသွယ်သွယ် ရှိသည်။ ကြမ်းပြင်များကိုလည်း အနီရောင်ဆိုး၍ ပန်းပွင့် များထိုးထားသော ကော်ဇောများ ခင်းထားသည်။ ဘုန်းကြီးကျောင်းများ၏ အမိုးများကို နန်းတော်ခေါင်မိုးကဲ့သို့ပင် စဥ့်သုတ်ထားသော အုတ်<ကပ်များဖြင့် မိုးထားသည်။

ပျူလူမျိုး ယောက်ျားလေး၊ မိန်းကလေး အသီးသီးတို့သည် အသက် ၇-နှစ်အရွယ်ရောက်လျှင် ဆံပင်များကို ပယ်ဖြတ်၍ ဘုန်းကြီးကျောင်းသို့ သွားကာ သာသနာ့ဘောင်တွင်းသို့ ၀င်ရောက်လေ့ ရှိကြသည်။ အသက်၂၀-သို့ ရောက်သောအခါ ဗုဒ္ဓ၏ ကျင့်ဝတ်သိက္ခာတို့ကိုဆက်လက် လိုက်နာခြင်း မရှိလျှင် လူထွက်၍ ဆံပင်များကို ပြန်လည် အရှည်ထားကြလေသည်။

ဖော်ပြပါ အထောက်အထားများအရ ပျူတို့သည် မိမိတို့၏ လူနေမှုဘ၀ကို ဗုဒ္ဓဘာသာ ယဉ်ကျေးမှုဖြင့် တည်ဆောက်ထားကြောင်း သိရှိရသည်။ ပျူတို့၏ လူနေမှုဘ၀ကို ဗုဒ္ဓဒေသနာက လွှမ်းခြုံထားသည်ဟု ဆိုရပေလိမ့်မည်။

ပျူလူမျိုးတို့သည် မိမိတို့၏ ဗုဒ္ဓဘာသာကို အမွှမ်းတင် ဂုဏ်ယူလေ့ ရှိကြသည်။ အခြားလူမျိုးများနှင့် တွေ့ကြုံလျှင်လည်း ဗုဒ္ဓဘာသာကိုပင် အမွှမ်းတင် ပြောကြားကြသည်။ ဗုဒ္ဓ၏ ဓမ္မတေးများကို သီကုံးကြသည်။

အေဒီ ၈၀၀-၈၀၂ ခုနှစ်တွင် ပျူယဉ်ကျေးမှု တေးဂီတအဖွဲ့သည် တရုတ်နိုင်ငံသို့ သွား ရောက်ခဲ့ကြ၏။ ထန်တရုတ်ဘုရင်၏ နန်းတော်၌ ဖျော်ဖြေကြရသည်။ ထိုဖျော်ဖြေပွဲတွင် ဗုဒ္ဓဘာသာ၏ ဂုဏ်ကို ဖွဲ့ဆိုသော ဗုဒ္ဓ၀င်တေးများဖြင့် ဖျော်ဖြေခဲ့ကြသည်။

အချုပ်အားဖြင့်ဆိုရလျှင် ပျူလူမျိုးတို့၏ ဘ၀ဓလေ့သည် ထေရ၀ါဒ ဗုဒ္ဓဘာသာယဉ်ကျေးမှုဓလေ့ ဖြစ်သည်။ ပျူတို့သည် ဗုဒ္ဓဘာသာ လောင်းရိပ်ကို ခိုလှုံလျက် မိမိတို့၏ ဘ၀ကို ထိန်းကျောင်းနေထိုင်ခဲ့ကြလေသည်။
အရှင်ဧသိက

Credit to >အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက်

ဥပုသ်စောင့်ခြင်းနှင့် ရဟန္တာရုပ်တု

အရှင်ဘုရား၊ ဥပုသ်စောင့်၍ ၈-ပါးသီလ ဆောက်တည်သည့်အခါ ၀ိကာလဘောဇနာသိက္ခာပုဒ်ကို စောင့်ထိန်းပြီး ညစာမစားရသည်မှာ မည်သည့်အဓိပ္ပါယ်ကြောင့်ပါလဲဘုရား။ မည်ကဲ့သို့ ကုသိုလ်အကျိုး ရရှိပါသလဲဆိုတာကို ဖြေကြားပေးတော်မူပါဘုရား။

နောက်တခုက ရဟန္တာရုပ်တုများကို ကိုးကွယ်ရာတွင် ရှင်သီဝလိ၊ ရှင်ဥပဂုတ္တ ရုပ်ပွားတော်များကိုသာ ကိုးကွယ်လေ့ရှိပြီး ပို၍တန်ခိုးကြီးသည့် ရှင်သာရိပုတ္တရာ, ရှင်မဟာမောဂ္ဂလာန်တို့၏ ပုံတော်များကို မကိုးကွယ်ခြင်းမှာ အဘယ်ကြောင့်ဆိုသည်ကို ဖြေကြားပေးတော်မူပါဘုရား။
( မျိုးမြတ်စိုး-မြောက်ဥက္ကလာပမြို့ )

( ဖြေ ) အဋ္ဌင်္ဂသမ္ပန္နာဂတံ ဥပေါသထသီလံ-ဆိုသည့်အတိုင်း အင်္ဂါ ၈-ပါးနှင့်ပြည့်စုံမှ ဥပေါသထ ( ဥပုသ် ) သီလ ဖြစ်ပါသည်။
ဥပုသ်စောင့်သူသည် အရိယာ ( ရဟန္တာ ) ပုဂ္ဂိုလ်များကို အတုယူ၍ တနေ့ပတ်လုံး ကျင့်သုံးဆောက်တည်၍ နေရရာ နေ့စဉ်ကျင့်သုံးသည့် ငါးပါးသီလမှ ထူး၍ ဗြဟ္မစရိယ (မေထုန်ရှောင်) အကျင့်နှင့်
ညစာမစား ပျော်ပါးရှောင်ကြဉ်၊ ဆင်ယင်ရှောင်လတ်၊ မြင့်မြတ်နေရာ၊ ရှောင်ခွာကျင့်သုံးနိုင်ပါမှ အရိယာတို့နှင့် တူတန်နိုင်လိမ့်မယ်။

ထို့ပြင် ဥပုသ်သီလတွင် ပဓာနအကျဆုံးမှာ ဗြဟ္မစရိယ သိက္ခာပုဒ်ဖြစ်ရာ ၄င်းသိက္ခာပုဒ် လုံခြုံရေးတွင် ညစာရှောင်ကြဉ်မှုမှာ အရေးအကြီးဆုံး ဖြစ်ပါသည်။
နစ္စဂီတ စသောသိက္ခာပုဒ်၊ ဥစ္စာသယန စသောသိက္ခာပုဒ်တို့က ဗြဟ္မစရိယ သိက္ခာပုဒ်၏ ဒုတိယ တတိယ တံတိုင်းကြီးများ ဖြစ်သည်။
ဝိကာလဘောဇနသိက္ခာပုဒ်က ပထမတံတိုင်းကြီး ဖြစ်ပါသည်။ ထို့ကြောင့် လွန်စွာအရေးကြီးလှပါသည်။

၎င်းသိက္ခာပုဒ်များ လုံခြုံ၍ တနေ့တာမျှ ကောင်းမွန်စွာ ဥပုသ်သီလအောင်မြင်သွားပါက သိန်းပေါင်းများစွာ လှူဒါန်းခြင်း၊ ဥစ္စာစီးပွား သားမယားနှင့် ထူးခြားအင်္ဂါ များစွာလှူဒါန်းရခြင်းထက်ပင် အကျိုးကြီးလှပါသည်။

ရှင်သီဝလိ, ရှင်ဥပဂုတ္တ နှင့် အချို့ဘုရား အထူးအဆန်းများ ထုလုပ်ကိုးကွယ်သူတို့သည် လောကုတ္တရာအကျိုးထက် လောကီအကျိုးကို မျှော်ကိုးသူများ ဖြစ်ကြပါသည်။ လာဘ်လာဘ များစွာ ရလိုခြင်း၊ စီးပွားဥစ္စာ တိုးတက်လိုခြင်းတို့အတွက် အချို့က ရှင်သီဝလိ-အင်း၊ ရှင်ဥပဂုတ္တ-အင်း ပြုလုပ်၍ ဂါထာမန္တာန်တို့ဖြင့် အင်းဆံပြုကာ ကျူးရင့်ပြီး အင်းသက်သွင်းခြင်းများပင် ပြုကြသည်။

၎င်းတို့သည် အကျိုးထူးရသည်ထက် လောဘကို ရှေ့ထားသဖြင့် အကုသိုလ်ပွားမှုပင် ပိုပါသေးသည်။ ဗုဒ္ဓဘာသာ သမ္မာနွယ်ဝင် သူတော်စင်စစ်စစ် ဖြစ်သူတို့အဖို့ မြတ်စွာဘုရားနှင့် တရား သံဃာတော်တို့အား မတုန်မလှုပ်သက်ဝင် ယုံကြည်သော သဒ္ဓါတရားဖြင့် နေ့ညမအား ၀တ်တွားပူဇော်လျက် ဆွမ်း-ပန်း-ရေချမ်း ရွှင်လန်းကြည်စွာ လှူဒါန်းကာဖြင့် လောဘ ဒေါသ မောဟကင်းကြောင်း ဆုတောင်းပတ္ထနာ ပြုသင့်ကြပါသည်။
ဦးတိလောကသာရ

Credit to > အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက်