Monday, October 7, 2013

အပြစ်မရှိဘဲ အဖမ်းခံရသူတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုဖို့ RNDP ခေါင်းဆောင်များ သံတွဲသွား



သံတွဲမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ပါဝင်ခဲ့တာ မရှိဘဲ ဖမ်းဆီးခံရထားရ တဲ့ ဒေသခံတွေကိစ္စကို ဖြေရှင်းဖို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က ခေါင်းဆောင်တွေ ဒီနေ့ သံတွဲကို သွားနေပါတယ်။

RNDP က ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဦးဆောင်ပြီး ဒီနေ့ မနက်က ရန်ကုန်ကနေ လေကြောင်းနဲ့ ထွက်ခွါသွားပါပြီ။

အဲဒီ ပဋိပက္ခများ မတရား ဖမ်းဆီးခံရတဲ့ သူတွေကို ပြန်လွှတ်ပေးဖို့ တောင်း ဆိုမယ်လို့လည်း သိရပါတယ်။ ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီဖို့ ကိစ္စတွေလည်း ပါပါတယ်။

သံတွဲမြို့နယ် RNDP ဥက္ကဋ္ဌ ဖမ်းဆီးခံထားတဲ့ အပါအ၀င် အဖမ်းခံရတဲ့ သူတွေ အနက် အပြစ်မရှိသူတွေကို လွှတ်ပေးဖို့ တောင်းဆိုမယ်လို့ ရန်ကုန် တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ပြော ဆိုတယ်လို့ DVB သတင်း တစ်ရပ်မှာ ဖော်ပြ ပါတယ်။

သံတွဲမှာ ကမန်လို့ အမည်ခံထားတဲ့ ကိစ္စကို ဦးဇော်အေးမောင်က အခုလို ဆိုပါတယ်။

ကမန်အမည်ခံထားတဲ့ သံတွဲ ကမန်ဆိုသူ အများစု အရင်အစိုးရ လက်ထက် က ခိုးဝင်လာသူပြီးတော့ အစိုးရကို လာဘ်ထိုးလို့ ကမန်အဖြစ် ပြောင်း လဲထားသူတွေဖြစ်တယ်လို့ ဆိုထားပါတယ်။

”သံတွဲမှာ လုပ်ကမန် များတယ်” လို့ ဦးဇော်အေးမောင်က ဆိုပါတယ်။

သံတွဲက ဘင်္ဂလားဒေရှ့်ကလူတွေ ခိုးဝင်လို့ ကောင်းတယ် နေရာ တစ်နေ ရာပါ။

သံတွဲမှာတော့ ဖမ်းတာ လူ ၄၄ ဦးရှိပါတယ်။ ၃၀ ကျော်ကတော့ ရခိုင်တွေပါ။


Rakhine Citizen Journalists

No comments:

Post a Comment