Thursday, November 19, 2015

" ကွမ်းယာကို ရွှေအဖြစ်ဖန်တီးခဲ့သူ ( သို့မဟုတ် ) အောင်သမာဓိ - ဦးအောင်ဆန်းဝင်း "


လွန်ခဲ့သော ( ၂၅ ) နှစ်ခန့် စဉ်းကူးမြို့နယ် ဇရပ်ကွင်း ဆိုတဲ့ ရွာငယ်လေး၏ ဖုန်တစ်လိမ့်လိမ့် ထနေတဲ့ မြေသားလမ်းကလေးဘေးတွင် ကွမ်းယာရောင်းနေသောကောင်လေးတစ်ယောက်က...
ယခု ရန်ကုန်နှင့် မန္တလေးမြို့ကြီးတွေမှာ ရွေဆိုင်(၅)ဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းများကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့တယ်... ဆိုရင် စာဖတ်သူအံ့အားသင့်သွားစရာ အကြောင်းရှိပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေကြားမှာ ယနေ့အထိ တွင်တွင်ကျယ်ကျယ် အသုံးပြု့ပြောဆိုနေတဲ့ စကားပုံတစ်ခု ရှိပါတယ်။
" စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်နေတုန်း ကွမ်းယာသည်က ကလန့်ကလန့်နဲ့ " ။
စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်နေတဲ့ကြားတဲ့ ကွမ်းယာသည်က ကလန့်လန့်လုပ်ခဲ့ခြင်းကြောင့် ကောင်လေးတစ်ယောက်ဟာ ကွမ်းယာသည်မှ စိန်ကောင်းကျောက်ကောင်း ကုန်သည်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ စိန်နှင့် ရွှေတို့သည် ကမ္ဘာ့အဆင့်မီထုတ်လုပ်နိုင်ခြင်းကြောင့်လည်း ISO 9001. 2008 ဆုကို ချီးမြင့်ခြင်းခံခဲရပြန်ပါတယ်။
ထိုသူဟာ " အောင်သမာဓိ " စိန်ရွှေရတနာရောင်းဝယ်ရေးနှင့် ရွှေသန့်စင်လုပ်ငန်းပိုင်ရှင် "ဦးအောင်ဆန်းဝင်း" ဖြစ်ပါသည်။ သူဟာ မန္တလေးဓာတ်သတ္တုတူးဖော်ရေး အသင်းရဲ့ ဒုဥက္ကဌ အဖြစ်လည်း တာဝန်ယူထားပါသည်။
◑◑◑
၁၉၆၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် အဖဦးထွန်းရွှေ နှင့် အမိဒေါ်ကြည်မြိုင်တို့မှ မန္တလေးတိုင်း မတ္တရာမြို့နယ် "ရေနံ့သာကျေးရွာ" တွင် မွေးဖွားခဲ့ပြီး စဥ့်ကူးမြို့နယ် "လက်ပံလှရွာ" မှာ ကြီးပြင်းခဲ့ပြီး မွေးချင်းခြောက်အနက် ဒုတိယမြောက်သား ဖြစ်သည်။ ၁၉၈၃တွင် ဇနီးဖြစ်သူ ဒေါ်မော်စီ နှင့် အိမ်ထောင်ကျပြီး သားတစ်ယောက်နှင့် သမီးသုံးယောက် ထွန်းကားခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် "အောင်သမာဓိ" ရွှေသန့်စင်လုပ်ငန်းကို မန္တလေးမြို့၌ စတင်လုပ်ကိုင်ခဲ့ပြီး ယခုအခါ အောင်သမာဓိရွှေဆိုင်ကို မန္တလေးမြို့တွင် ၃ ဆိုင်နှင့် ရန်ကုန်မြို့တွင် ၂ ဆိုင် ဖွင့်လှစ်ထားရှိသည်။ ထို့အပြင် အခမဲ့ရွှေသင်တန်းကိုလည်း သင်ကြားပို့ချပေးလျက်ရှိပေသည်။
◑◑◑
‪#‎_ငယ်ဘဝဖြတ်သန်းမှု_‬
ငယ်စဉ်က အင်မတန်ချို့တဲ့သော သူဆင်းရဲသား ဘဝတစ်ခုကို ဖြတ်သန်းခဲ့ပါတယ်။ သူကျောင်းနေစဉ်အရွယ်မှာပင် အိမ်အလုပ်တွေကို မနားမနေကူလုပ်ပေးခဲ့ရပါတယ်။ ညဘက်ဆိုရင် ဓားသွေး၊ မနက် ၄ နာရီ အိပ်ရာမှထပြီး ရွာအနီးရှိ တောထဲသို့ ထင်ခုတ်ထွက်ရတယ်။ ညနေ ၅ နာရီအချိန်လောက်မှသာ အိမ်ပြန်ရောက်ပါတယ်။ ည ၁၀ နာရီကျော် ၁၂ နာရီမှာ အိပ်ရာထပြီး မိခင်ဖြစ်သူ မိုးကုတ်သို့သွားရောင်းမယ့် မျှစ်နဲ့ ခရမ်းချဉ်သီးသေတ္တာများကို ကားပေါ်သို့ ထမ်းတင်ပေးရပြန်ပါတယ်။
◑◑◑
‪#‎လက်ဦးဆရာ‬
အသက် ၄ နှစ်ခွဲ ၅ နှစ်အရွယ်တွင် မိဘများက ရွာဦးကျောင်းဆရာတော် ဥုးလက္ခဏ ထံတွင် အပ်နှံခဲ့ကြပါတယ်။ မူလတန်းကျောင်းသားဘဝကို ဘုန်းကြီးကျောင်းတွင် ပညာသင်ခဲ့ရပါတယ်။ ဆရာတော်၏ စည်းကမ်းကြီးမှုနှင့် ဆိုဆုံးမမှုတို့ကိုလည်း ယနေ့အထိ မမေ့သေးကြောင်း သူက ယခုလိုဆိုပါတယ်...
ဆရာတော်၏ စည်းကမ်းကြီးမှုနှင့် ဆိုဆုံးမမှုတို့ကို ယခုအချိန်ထိပင် ကျွန်တော် မှတ်မိနေသေးသည်။ ဘုန်းကြီးကျောင်းမှာ မနက်လင်းသောအခါ ဆွမ်းခံထွက်ကြရတယ်။ ဆွမ်းခံထွက်ရာတွင် အိမ်က ဆွမ်းချိုင့်လည်း ဝင်ယူရသေးသည်။ နေ့ခင်းနေ့လည်တွင် ကျောင်းစာနှင့် တရားစာများသင်ရပြီး နေ့ခင် တစ်ရေးအိပ်ကြရသည်။ ညနေဘုရားဝတ်မတက်မီ ကျောင်းသားအားလုံး လက်အုပ်ချီ မတ်တပ်ရပ်ပြီး တန်းစီကာ အိမ်စာလုပ် မလုပ် စစ်ဆေးပြီး မလုပ်တဲ့သူများက ဆရာတော်ရိုက်တာ ခံကြရသည်။
ညပိုင်း ဘုရားဝတ်တက်ရင်လည်း ဘေးအိမ်က သူငယ်ချင်းကြားအောင် အသံကျယ်ကျယ်ဖြင့် ဝတ်တက်ရသေးသည်။ နောက်နေ့တွင် ဆရာတော်က ဘုရားဝတ်မတက်သည့် သူများကို ကြိမ်လုံးဖြင့် ရိုက်လေ့ရှိသည်။ တစ်နေ့တွင် ကျွန်တော်ဘုရား ဝတ်မတက်ဘူးဟု တိုင်သောကြောင့် ဆရာတော့်ကြိမ်းလုံးဖြင့် အစင်းရာထင်အောင် အရိုက်ခံလိုက်ရသည်။ တိုင်သည့် ကျောင်းသားကို ကျွန်တော်မသိလိုက်ရပေ။
ဆရာတော်ထံတွင် ၆ လမျှသာနေခဲ့ရသော်လည်း ဆရာတော်ကို ကြောက်ရွံ့လေးစားခဲ့ရသည်မှာ ကျွန်တော့်အတွက် ယနေ့တိုင် အရိုးထိတိုင် စွဲနေသေးသည်။ ဆရာတော်က ငှက်ပျောသီးဆိုရင်လည်း သုံးပိုင်း ပိုင်းပြီး တစ်ပိုင်းစားရသည်။
ငှက်ပျောသီးတစ်ပိုင်း စားရသည့် အရသာ...
ကျောကော့အောင် အရိုက်ခံရသည့် ခံစားမှုနှင့် ဆရာတော်၏ စည်းကမ်းကြပ်မတ်မှုများ၏ ကျေးဇူးတို့က ကျွန်တော့်ဘဝအတွက် အမှတ်ရစေမည့် အရာများပင်ဖြစ်သည်။
ဆရာတော်ကို တစ်ရွာလုံးက လေးစားကြည်ညိုကြသည်။ ရိုက်နှက်ဆုံမသည့်အတွက်လည်း မိဘများက ယခုခေတ်လိုမျိုး စောဒကမတက်ရဲပေ။
◑◑◑
‪#‎_ကျောင်းဆရာရှားပါးမှုနှင့်_သူ့ရဲ့ပညာရေးအခြေနေ_‬
ဆယ်တန်းမအောင်သည်မှာ ကျွန်တော့်ဘဝအတွက် အခက်အခဲတစ်ခု ဖြစ်ခဲ့သည်။ လက်ပံလှကျောင်းတွင် အလယ်တန်းအထိ သင်နိုင်သော်လည်း ငါးတန်းနှင့် ခြောက်တန်းအထိသာ ဆရာပြည့်စုံမှုနှင့် သင်နိုင်သည်။ ခုနှစ်တန်းရောက်သည့် အချိန်တွင် ကျောင်းဆရာ မပြည့်စုံပေ။ တစ်ကျောင်းလုံးတွင် ကျောင်းဆရာ ( ၂ ) ယောက် သာရှိသည်။ သချာင်္နှင့် ကျန်ဘာသာ အားလုံးကိုသင်ခဲ့ရပြီး အင်္ဂလိပ်စာသင်ပေးမည့် ဆရာမှာ မရှိပေ။ ကံကောင်းစွာဖြင့် ( ၈ ) တန်း ဖြေခါနီး နှစ်လလောက်အလိုတွင်းမှ နောက်ထပ်ဆရာနှစ်ယောက် ထပ်ရောက်လာသည်။ ကျောင်းအုပ်ကြီးက ကျန်ဘာသာအားလုံးကို သင်ပေးပြီး စာမေးပွဲဖြေခါနီး တစ်လလောက် အလိုတွင်မှ အင်္ဂလိပ်စာအတွက် အဓိကပုံသေနည်းများကိုသာ သင်ခဲ့ရသည်။ ကံကောင်းစွာဖြင့် (၈) တန်းကို အစိုးရစစ်ဖြင့် ခက်ခက်ခဲခဲအောင်သွားခဲ့သည်။ အဲဒီအချိန်တုန်းက အလယ်တန်းပညာရေး ရှားပါးသည့်အချိန်ဖြစ်သည့်အတွက် (၈)တန်း ကို အောင်သွားခဲ့သော်လည်း ပွင့်ပွင့်လင်းလင်း ပြောရရင် အခြေခံ မရှိခဲ့ပေ။
◑◑◑
‪#‎_ဆုံးခန်းမတိုင်မီရပ်နားလိုက်ခဲ့ရသော_ကျောင်းပညာရေး_‬
အလယ်တန်းကနေ အထက်တန်းကို ရောက်သွားသော အခါတွင် အထက်တန်းကို လက်ပံလှရွာမှ ၅ မိုင်းဝေးသော စဥ့်ကူးမြို့သို့ ခက်ခက်ခဲခဲ ကျောင်းတက်ခဲ့ရသည်။ အများနည်းတူ စက်ဘီးမစီးနိုင်လို့ ငါးမိုင်ခရီးကို နှစ်နာရီလောက် လမ်းလျှောက်ပြီး ကျောင်းတက်ခဲ့ရသည်။ ဆယ်တန်းကျောင်းသာဘဝတွင် တစ်ခါတစ်ရံ ထမင်းချိုင့် မပါသွားခဲ့သည်လည်း ရှိခဲ့ဖူးသည်။
(၈)တန်းကို ခက်ခက်ခဲခဲအောင်ပြီး
(၉)တန်း ရောက်သောအခါ Physics, Chemistry တို့ကို သင်ရသည့်အခါတွင် အင်္ဂလိပ်စာအခြေခံ မပါသည့်အတွက် ဆယ်တန်းအောင်ရန် ခဲယဉ်းသွားခဲ့သည်။ အင်္ဂလိပ်စာကို မပိုင်ခဲ့တာတွေ၊ ကျူရှင်ရှိလည်း တက်ရန် မတက်နိုင်ခဲ့သောကြောင့် ဆယ်တန်းရောက်သောအခါ ကမောက်ကမဖြစ်ပြီး နောက်ဆုံးတွင် ဆယ်တန်းမအောင်ခဲ့ပေ။ (၉)တန်းကတည်းက စာမလိုက်နိုင်ခဲ့သောကြောင့် မဖြေခင် ဆယ်တန်းကျမည်ကို ကြိုသိနေခဲ့သည်။ ဆယ်တန်းပြန်ဖြေရမည့် စရိတ်ကလည်း အကုန်အကျများသောကြောင့် ပြန်မဖြေတော့ဘဲ အလုပ် လုပ်ရန် စဉ်းစားခဲ့သည်။
◑◑◑
‪#‎_ဖြစ်ချင်တာမဖြစ်တော့_ဖြစ်သင့်တာလုပ်တယ်_‬
(၁၀)တန်းနှင့် (၁၀)တန်းအောင် အဆင့်ကို ဦးစားပေးခေါ်ယူနေသည့် စပါးတာလီစာရေးကို သွားဖြေခဲ့ပါသေးတယ်။ သို့သော်လည်း သူဟာ တာလီစာရေး စာမေးပွဲလည်း မအောင်မြင်ခဲ့ပေ။ သူ့အတွက် အဲဒီ့အချိန်ဟာ ဆောက်တည်ရာရှာမရအောင် စိတ်ဓာတ်အကျခဲ့ဆုံးကာလ အခိုက်အတန့် ပါပဲ။
ဘာလုပ်စရာ ရှိသေးလဲ...
သူဘာလုပ်မလဲ...။
၁၉၈၃ ခုနှစ်လောက်မှာ သူနေထိုင်တဲ့ စဥ့်ကူးမြို့နယ်နှင့် ကပ်လျက်ရှိသည့် သပိတ်ကျင်းမြို့နယ်တွင် ရွှေတောများ ခေတ်စားနေသည့် ကာလ...
နွယ်ရုံ၊ ကျည်တောက်ပေါက်၊ ဇရပ်ကွင်း၊ ကွင်း(၃၀) စတဲ့ နေရာတွေမှာတော့ ရွှေကျင်ကြတဲ့ ရွှေတောတွေဟာ အင်မတန်နာမည်ကြီးပါတယ်။ လူတွေအများကြီး ရွှေတောတက် ရွှေကျင်ကြ၊ ရွှေရှာဖွေကြပါတယ်။ သူလည်း အများနည်းတူ လုပ်ကိုင်ချင်စိတ်တယ်။ သို့သော်...သူ့ပုံစံက ဗလမရှိ၊ ပိန်သေးသေးနဲ့ လူ့ဖလံလေးရယ်။
တူးဟယ်...ဆွဟယ်...ပိုးဟယ်...ထမ်းဟယ်... သူဘယ်လို လုပ်နိုင်မလဲ။ ဒီတော့ သူ့တစ်ပိုင်တစ်နိုင် ငွေစကလေးနဲ့ ရွှေတောဝန်းကျင်မှာ ဆိုင်ကလေးတစ်ဆိုင် ထဖွင့်လိုက်တယ်။
" အောင်အောင် "
ကွမ်းယာ...။
◑◑◑
‪#‎လူကြီးတစ်ယောက်ကဘယ်တော့မှ_ကလေးအလုပ်မလုပ်ဘူး‬
ရွှေတောဟု ဆိုသည်နှင့် ငွေတွေဒလဟောဝင်ပြီး ဒလဟောသုံးဖြုံးကြတဲ့ လူတွေရှိမယ်၊ အပျော်အပါး၊ မိန်းမ၊ အသောက်အစား၊ လောင်းကစား၊ မူးယစ်၊ အဲ့ဒီလို လူငယ်တစ်ယောက်ရဲ့ ဘဝကို ပျက်စီးစေမည့် နေရာမျိုးမှာ ဆိုဆုံးမမည့်သူမပါဘဲ သူ ဘယ်လိုနေထိုင် ကျော်လွှားခဲ့သလဲဆိုတာကို အင်တာဗျူးတစ်ခုမှာ ဖြေသွားတာကို ဖတ်ကြည့်ပါဦး...
" ရွှေတောမှာ တစ်ယောက်တည်းနေရတဲ့ အဲဒီ့ကာလက ဘယ်လောက်အရေးကြီးလဲ ကိုမီသာဇင်၊ ဖင်စီဒိုင်း၊ ဘိန်းဖြူ၊ ဘိန်းမည်းက လက်တစ်ကမ်းမှာ၊ လောင်းကစားတွေကလည်း တံခါးမရှိ၊ ဓားမရှိပေါ့၊
(ဦးအောင်က ကိုယ်အမူအရာ လက်ဟန်နဲ့ ဆက်ပြောပြတယ်)
ဒီနေရာက ဂျင်ဝိုင်း၊ ဟိုဘက်က ဖဲဝိုင်း၊ ဒီဘက်က အရက်ဆိုင်၊ အရက်ဆိုင်နားမှာ အပျော်အပါးမိန်းကလေးတွေ ဒီပတ်ဝန်းကျင်မျိုးထဲ ကျွန်တော်ရောက်ပါတယ်၊ ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်ရင် ဘာဖြစ်သွားမလဲ လူတစ်ယောက်ပျက်စီးဖို့ အလွယ်ကလေး၊ ကျွန်တော်က ကွမ်းယာသည်တစ်ယောက်အနေနဲ့ ရွှေတောမှာ အလုပ်သွားလုပ်နေရတာ၊ ကိုယ့်ကိုကိုယ်ပဲ Manager(တာဝန်ယူစီမံထိန်းကြောင်း) လုပ်နေရတာလေ၊ မနက်လင်းရင် ဘယ်နှစ်နာရီးကို ဆိုင်ဖွင့်ရမယ်၊ ညဘယ်အချိန် ဆိုင်ပိတ်ရမယ်၊ နောက်နေ့အတွက် လိုအပ်မည့် ကွမ်းရွက်၊ ကွမ်းသီးဘယ်လောက် ဖြည့်ရမယ်၊ မှာရမယ် ဆိုတာတွေပဲ စိတ်ထဲမှာရှိတော့ အပျော်အပါးတွေ၊ အညံ့
တွေဘက်ရောက်သွားဖို့ အချိန်သိပ်မရှိဘူး၊ လူကြီးလို တာဝန်ယူနေရတဲ့ လူတစ်ယောက်က ဘယ်တော့မှ ကလေးအလုပ် မလုပ်ဘူး "
◑◑◑
‪#‎အမြဲဆန်းသစ်နေအောင်_အာရုံစိုက်လေ့လာ‬
သူဟာ ရွှေတောမှာ ကွမ်းယာရောင်းရင်း အိမ်ထောင်ကျခဲ့ပြီး အမျိုးသမီး(အန်တီမော်စီ) ကိုပါ ရွှေတောသို့ ခေါ်လာပြီး ကွမ်းယာဆက်ရောင်းခဲ့ပါတယ်။ ကွမ်းယာဖို့ ပညာရရန် ကွမ်းယာဆိုင်တွင် ကွမ်းဘယ်လိုယာ၊ ကွမ်းသီးဘယ်လိုထည့်၊
အာမွှေးဘယ်လိုထည့်သည် ဆိုတာကို အမြင်ဖြင့် ၁၅ ရက်လောက် သင်ယူခဲ့ရပါတယ်။ ပတ်ဝန်ဟးကျင်၌ နာမည်ကြီးသည့်ဆိုင် ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ သူ့ဟာ ကြီးပွားတာ မကြီးပွားတာထက် နာမည်ပိုကြီးချင်နေတာပါ။ ထိုသို့ ဖြစ်လာအောင်လည်း သူကိုယ်တိုင် လေ့လာခဲ့ပါတယ်။ ရွှေတောတွင်းရှိ ရွှေဆိုင်ကြီးများ၊ ကုန်စုံဆိုင်ကြီးများ ကြားမှာ သူ့ကွမ်းယာဆိုင်ကလေးက ခနော်ခနဲ့။
◑◑◑
‪#‎ပိုကောင်းသည့်အရသာစမ်းသပ်‬
" မန္တလေးရောက်ရင် နာမည်းကြီးကွမ်းယာဆိုင်များတွင် ဝယ်စားပြီး၊ သူတို့ဘယ်လိုလုပ်သည်ကို လေ့လားခဲ့သည်၊ ကိုယ့်ကွမ်းယာကိုလည်း အမြဲဆန်းသစ်နေအောင်လည်း ကွမ်းသီးကို အဆင်သင့်စိတ်ထားတာက သတ်သတ်၊ ကွမ်းသီးအလုံးကြီးတွေကိုဝယ်ပြီး ကိုယ်တိုင်စိတ်ထားတာက သတ်သတ်လုပ်ပြီး ပိုကောင်းသည့် အရသာကို စမ်းသပ်ခဲ့သည်။ ကွမ်းယာလာဝယ်သူများက ကိုယ်တိုင် စိတ်ထားသည့် ကွမ်းသီးဖြင့်ယာထားသည့် ကွမ်းယာက ပိုကောင်းကြောင်းသိလာခဲ့သည်။ အိန္ဒိယမှလည်း အာမွှေးဆေးမျိုးစုံ ဝင်လာသည့်အတွက် ဘယ်ဆိုင်က ဘယ်ဆေးထည့်တာကအစ လေ့လာခဲ့သည်။ ကိုယ်လုပ်သည့်အလုပ်ကို အမြဲဆန်းသစ်နေအောင် အာရုံစိုက်လေ့လာခဲ့သောကြောင့် ရွှေတောတွင် ...
" အောင်အောင် " ကွမ်းယာ ဟု နာမည်ကြီးလာသည်။
◑◑◑
‪#‎ရွှေကုန်သည်တွေကြီးပွားတာကိုမြင်ပြီး‬
ရွှေတောမှာ ၅ နှစ်ကျော်ထိ နေထိုင်ခဲ့ရသော်လည်း ရွှေအကြောင်း ဘာမှနားမလည်ခဲ့ပါဘူး။ ကွမ်းယာရောင်းရင်း ဘာအလုပ်လုပ်ရင် ကြီးပွားနိုင်မလဲ ဆိုသည်ကိုလည်း အမြဲတွေးနေခဲ့ပါတယ်။ ဆိုင်ကို ငွေအကြွေလာလဲ သည့် ရွှေကုန်သည်များနှင့် ရင်းနှီးခင်မင်ခဲ့ရပြီး ရွှေတော ငွေလွှဲပုံ၊ ရွှေသည်ပုံများကို မြင်ပါများလာသောအခါ ရွှေကုန်သည်လောကထဲ ဝင်ချင်သည့်စိတ် ဖြစ်လာပါတော့တယ်။ ရွှေကုန်သည်တွေ ကြီးပွားတာကိုမြင်ပြီး အားကျလာတယ်။ ရွှေကုန်သည် ဖြစ်ချင်သောကြောင့် တစ်ဖက်တွင်လည်း ကွမ်းယာရောင်းရင်း ရွှေကုန်သည်များထံတွင် လုပ်ခ မယူဘဲ ရွှေအဝယ်ဆိုင်တွင် ကူလုပ်ပေးခဲ့တယ်။
◑◑◑
‪#‎ဝါးကျည်ထောက်စုဗူးကလေး‬
လုပ်ငန်းတိုးတက်အောင်မြင်ရန် ကြိုးစားရန်အတွေးများဖြင့် ကွမ်းယာရောင်နေသည့် အချိန်တွင် မျှော်လင့်တကြီးစုထားခဲ့ရတဲ့ စုဗူးကလေးကို အခိုးခံလိုက်ရတာဟာ သူ့ဘဝအတွက် အခက်အခဲ အကြီးအကျယ် ကြုံတွေ့ခဲ့ရပြန်ပါတော့တယ်။ ထိုခေတ်က ဝါးပိုးဝါးဖြင့် ပြု့လုပ်ထားသော ဝါးကျည်ထောက်စုဗူးကလေးပါ။ ထိုကိစ္စကြောင့်ပင် သူက...
" ကျွန်တော်ကလည်း မြင်လွယ်သည့်နေရာတွင် ထားခဲ့တာကြောင့် အိပ်နေသည့် အချိန်တွင် ကိုယ့်အလုပ်သမားကပင် အလွယ်တကူ ခိုးယူသွားတာပါ၊ ကျွန်တော့်ဘဝတွင် အခက်အခဲကြုံတိုင်း အခက်အခဲကို အခွင့်အရေး လုပ်ခဲ့တာပါ၊ အခက်အခဲတွေပေါ်လာတိုင်း ငါ့ဘဝအတွက် အခွင့်အရေးတစ်ခု ပေါ်လာပြီလို့သာ သဘောထားလိုက်တယ်၊ ဂိမ်းတစ်ခုပေါ်လာပြီလို့ သဘောထားပြီး ထိုဂိမ်းကိုကျော်နိုင်ရင် ပြဿနာတစ်ခု ဖြေရှင်းသွားနိုင်မယ်လို့ ကျွန်တော် ခံယူထားတယ်"
◑◑◑
‪#‎ကွမ်းယာအောင်အောင်မှ_ရွှေသမားအောင်အောင်‬
လူတစ်ယောက် ကြီးပွားရန်အတွက် ပတ်ဝန်းကျင်ကောင်း၊ မိတ်ဆွေကောင်း၊ ဆရာကောင်းများရှိပြီး ကြီးပွားနိုင်မည့်အချိန်ကို စောင့်နိုင်ရမှာ ဖြစ်တယ်၊ ကျွန်တော့်ဘဝ၏ အလှည့်အပြောင်းတစ်ခုဖြစ်သည့် အချိန်သို့ ရောက်လာခဲ့တယ်၊ ကွမ်းရောင်းရင်း တစ်ဖက်တွင်လည်း ရွှေအဝယ်ဆိုင်များတွင် ကူညီလုပ်ကိုင်ရင်းဖြင့် ကျွန်တော့်ဆရာဖြစ်လာမည့် ရွှေကုန်သည်နှင့် တွေ့ဆုံခဲ့သည်။ ဆရာတွေက မန္တလေးသွားတဲ့အခါ အောင်အောင် လိုက်ခဲ့ကွာလို့ ခေါ်ရင် ရွှေထုပ်ကိုင်ပြီး ကျွန်တော်က နောက်က လိုက်ရတာ၊ ရွှေတောထဲ ရွှေဝယ်သွားပြီ ဆိုရင် ကျွန်တော်က ပိုက်ဆံထုပ်ထမ်းပြီး လိုက်ရတာ၊ ကိုဖိုးကွန့်၊ ကိုကုလား၊ ကိုမန်းရီ တို့သုံးယောက်က ကျွန်တော့် အဓိက ဆရာတွေပါ၊
ဆရာ့ကျေးဇူးကြောင့်လည်း မန္တလေးရောက်သောအခါ ရွှေလှော်သည့်အလုပ်၊ ရွှေသန့်စင်သည့် အလုပ်၊ နောက်ဆုံးရွှေရောင်းသည်ကိုလည်း ကိုယ်တိုင်တွေ့မြင်လိုက်ရသောကြောင့် ကျွန်တော့်အတွက် ပညာရခဲ့ပါတယ်၊
ရွှေတောပြန်ရောက်တော့ ကွမ်းယာရောင်းရင်း တစ်မတ်သား၊ ငါးမူးသားဝယ်ပြီး ရွှေတောတွင် "ကွမ်းယာအောင်အောင်" မှ "ရွှေအောင်အောင်" ဖြစ်လာတယ်၊ ထိုအချိန်မှ စပြီး ကျွန်တော် ရွှေကုန်သည်အဖြစ် ခြေလှမ်းစခဲ့ပါတယ်၊
ရွှေတို ရွှေစရောင်းဝယ်ရင်း ငွေနည်းနည်းစုမိလာသောအခါတွင် ကျွန်တော့်ဘဝတွင် ဒုတိယအကြိမ် အလိမ်ခံလိုက်ရပြန်တယ်၊ ယခုတစ်ကြိမ်တွင်မူ ကိုယ်မကျွမ်းကျင်သည့် အလုပ်တွင် ရှယ်ယာထည့်ရင်း နောက်ဆုံးတွင် အလိမ်ခံလိုက်ရသောကြောင့် ရှိသမျှစည်းစိမ် အားလုံးဆုံးရှုံးခဲ့ရတော့တယ်၊
◑◑◑
‪#‎အားလုံးကိုလေးစားတယ်_သို့သော်__‬
ကျောက်ကုန်သည်တစ်ယောက်နှင့် ရင်းနှီးပြီး ရှိသမျှစည်းစိမ်ကို ပုံအောလိုက်ခြင်းဖြစ်သည်။ ကွမ်းယာလာဝယ်စားရင်း ထိုသူနှင့် စတင်ရင်းနှီးခဲ့တယ်။ ထိုသူကလည်း ကျောက်တစ်ကွင်းကို ငွေ ၁၀၀ ဖြင့် ဝယ်လာပြီး ကျွန်တော့်မျက်စိရှေ့မှာပင် ၂၀၀ ဖြင့် ပြန်ရောင်းလိုက်သည်ကို တွေ့ထားရသောကြောင့် အမြတ်များသည်ကို သိလိုက်ရတယ်။ လုပ်ချင်စိတ်လည်း ဖြစ်ခဲ့သောကြောင့် မင်္ဂလာလက်ဖွဲ့ရသော ပိုက်ဆံများ၊ မိန်းမဆွဲကြိုးနဲ့ နာကပ်များပါ အကုန်ရောင်းပြီး စုစုပေါင်း ပိုက်ဆံ လေးသောင်းကို ယိုးဒယားသို့ ကျောက်ရောင်းရန် ယုံယုံကြည်ကြည်ဖြင့် ရှယ်ယာထည့်ခဲ့သည်မှာ ကျွန်တော့်ဘဝအတွက် ဘဝသင်ခန်းစာ ရရှိစေခဲ့တယ်။ ယိုးဒယားကို မရောက်ဖူးသည့်အပြင် လုပ်ငန်းအကြောင်းကိုလည်း ဘာမှ နားမလည်ဘဲ သူ့အပေါ် ယုံကြည်စိတ်တစ်ခုဖြင့်သာ ရင်းနှီးမြုပ်နှံခဲ့တယ်။ ထိုသူက အခုထိ ပြန်မလာခဲ့ပေ။ ထို ကျောက်ကုန်သည်က ကျွန်တော့်ဘဝအတွက် "ဘယ်သူ့ကိုမှ မယုံကြည်ရန်" ဘဝသင်ခန်းစာ ပေးခဲ့သည်။ ယခု အချိန်ထိ ကျွန်တော် ဘယ်သူ့ကိုမှ အလွယ်တကူမယုံတော့ပေ။ အားလုံးကို လေးစားတယ်။ သို့သော် ဘယ်သူ့ကိုမှ အလွယ်တကူ မယုံတက်ပေ။ မယုံကြည်တက်သည့် အကျင့် ရှိသည့်အတွက် ဘယ်အရာကိုမဆို ကိုယ်တိုင်လေ့လာလေ့ရှိတယ်။ အခုခေတ်ကာလအရ Facebook ကနေ သတင်းမျိုးစုံ၊ နေရာ ပေါင်းစုံကနေ လူမျိုးစုံတို့က အမျိုးမျိုးရေးသားလာကြသည်ကို တွေ့ရသည်။ နားထောင်ပါ။ သို့သော်...
(၁) ဆင်ခြင် သုံးသပ်ရမည်။
(၂) ဟုတ်မဟုတ် စုံစမ်းရမည်။
(၃) ကိုယ်ကိုယ်တိုင် ဆင်ခြင်ပြီး ဖြစ်နိုင်ခြေရှိလျှင် စုံစမ်းပါ။
အကယ်၍ ဟုတ်ခဲ့လျှင် မယုံဘဲ၊ လက်တွေ့အတည်ပြု့ပြီးမှ သာလျှင် ယုံကြည်သင့်ပေသည်။ အလွယ်တကူ မယုံတက်သည့် အကျင့်က ကျွန်တော့်အတွက် ဘဝပေးသော သင်ခန်းစာပင်ဖြစ်သည်။
ထိုအပြင် မကျွမ်းကျင်သည့် အလုပ်ကို ရှိသမျှစီးပွားရေး ဟုပြုံပြီးထည့်လျှင် ဒုက္ခရောက်မည် ဆိုသည်ကိုလည်း တစ်သက်လုံးသင်ခန်းစာပေးခဲ့သည်။
" အောင်အောင် - ကွမ်းယာ " ကနေ
" အောင်သမာဓိ - ရွှေဆိုင် " တစ်ခါတည်း ဖြစ်လာခဲ့တာ မဟုတ်ပေ။ "အောင်အောင် - ရတနာရွှေဆိုင်" ဖွင့်ခဲ့သော်လည်း မအောင်မြင်ခဲ့သောကြောင့် နောက်ထပ် "စိန်ရတု - ရတနာရွှေဆိုင်" ဖွင့်တော့ နောက်ထပ် အရှုံးပေါ်ခဲ့သည်။ ထပ်ပြီး နာမည်မပါတဲ့ ရွှေဆိုင် ဖွင့်ခဲ့သော်လည်း သုံးကြိမ်စလုံး အရှုံးပေါ်ခဲ့သည်။
◑◑◑
‪#‎ကျွဲးခြေရာခွက်ထဲကရေကို_ပင်လယ်မထင်ပါနဲ့_‬
ဒီလိုနဲ့ နှစ်နှစ်လောက် ကြာသောအခါတွင် စီးပွားရေးနည်းနည်း အဆင်ပြေလာတဲ့အချိန် ရွှေတောများ ခန်းခြောက်လာခဲ့ပါတော့တယ်။ ထိုအချိန်မှာတော့ သူလည်း ရွှေကုန်သည်အဖြစ် တစ်စခန်း ရပ်နားခဲ့ရပါတယ်။ တစ်နေ့တွင် စဥ့်ကူးမြို့နယ်နွယ်ရုံရွှေတော၌ ကျောက်ခဲကနေ ရွှေများထွက်သည့် ရွှေရပ်ကွက်ပေါ်ကြောင်း သိရပြီး ရွှေတောသုံးပစ္စည်းများကို ဝယ်ယူပြီး သွားရောက်လုပ်ကိုင်ပါတယ်။
အဲ့ဒီမှာ "သိန်းတစ်ရာ" အမည်ရှိ ကျောက်ခွဲစက်တွင် အသုံးမပြု့ဘဲ ရှိနေသည့် ဆိုင်းဘုတ်ကလေးတစ်ခုကို သူတွေ့ရတယ်။
" အောင်သမာဓိ - ရွှေဆိုင် " ဆိုပဲ။
ဆိုင်ဘုတ်အပြင် ရွှေကောင်တာ၊ ရွှေချိန်ခွင်များကို ခွင့်တောင်းကာ ဝယ်ယူလာပါတော့တယ်။ ဒီလိုဖြင့် "အောင်သမာဓိ" ဆိုသော နာမည်ဖြင့် ရွှေဆိုင်ကလေး ပြန်ဖွင့်တယ်။ တရားဝင် ရွှေလိုင်စင်လျှောက်ကာ ရွှေဝယ်ယူခဲ့ပြန်ပါတယ်။ အကြိမ်ကြိမ်လဲကျမှုတွေထဲမှ ဇွဲရှိရှိဖြင့် ကြိုးစားရုန်းကန်လာခဲ့ရခြင်းကြောင့်သာ " အောင်သမာဓိ - ရွှေဆိုင် " ဟု ပေါ်ပေါက်လားခဲ့ရခြင်း ဖြစ်ပါတယ်။ လုပ်ငန်းအောင်မြင်မှုနဲ့ ပတ်သက်၍ သူက...
" ကျွန်တော် လုပ်ငန်းတွင် အဆင်ပြေလာသည်မှာ ကိုယ့်လုပ်ငန်းကို အမြဲမမပြက် လေ့လာနေရမှုကြောင့် ဖြစ်တယ်။ ဒီလို လေ့လာနေမှသာလျှင်လည်း တိုးတက်မှာ ဖြစ်တယ်၊ ကိုယ့်ကိုကိုယ် "ကျွဲးခြေရာ ခွက်ထဲကရေကို ပင်လယ်လို့ ထင်နေရင်တော့ ထိုကျွဲးခြေရာခွက်ထဲမှာပဲ ရှိနေလိမ့်မယ် "
◑◑◑
‪#‎_အခမဲ့ရွှေသင်တန်းများ_‬
သူဟာ ယခုလက်ရှိတွင် ရွှေဝယ်လုပ်ငန်းအပြင် ရွှေလှော်ဖို ထောင်ထားပြီး ရွှေသန့်စင်လုပ်ငန်း၊ ရွှေပန်းတိမ်လုပ်ငန်းနှင့် ရွှေအရောင်းဆိုင်တို့ကိုပါ တွဲဖွင့်ထားသည်။
" ရွှေရည်ပြည့်မှန်..အာမခံသည့်..အောင်သမာဓိ "
ဆိုသော စကားအတိုင်း ရွှေရည်ပြည့်ရန်အတွက်ကိုယ်ပိုင်ရွှေသန့်စင်လုပ်ငန်းမှ ထုတ်လုပ်လျှက် ရှိသည်။ (၅)ရက် အတွင်း ဝယ်ယူသွားသော ရွှေအား ပြန်ရောင်းလျှင်လည်း အလျော့အတွက်အပြည့်ပြန်ပေးသည်။ ထိုအပြင် "အောင်သမာဓိ"၏ ထူးခြားချက်မှာ ရွှေလုပ်ငန်းပြန့်ပွားရေးအတွက် အခမဲ့ရွှေသင်တန်းများ ဖွင့်လှစ်ပေးထားခြင်းပါပဲ။ အခမဲ့ ရွှေသင်တန်းနှင့် ပတ်သက်ပြီး...
" မြန်မာတွေက အင်မတန်မြတ်နိုးကြတယ်၊ ဒါပေမယ့် ရွှေအကြောင်းကိုတော့ ကောင်းကောင်းမသိဘူး၊ ဒါကြောင့် သာမန်လူတွေ ရွှေအကြောင်းကို ထဲထဲဝင်ဝင်သိဖို့ ရွှေလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ချင်သူတွေ အတွက် ရွှေဆိုင်၊ ရွှေလှော်ဖို၊ ရွှေပန်းတိမ်လုပ်ငန်းတွေ လုပ်ကိုင်နိုင်သည် အထိ အခမဲ့ ရွှေသင်တန်းတွေ ဖွင့်လှစ်ပေးပါတယ်၊ အခမဲ့ ဆိုတဲ့အတိုင်း သင်တန်းတက်ရောက်သူက တစ်ပြားတစ်ကျပ်မှ ပေးစရာမလိုဘူး၊ ထမင်း၊ ကော်ဖီ မုန့်များဖြင့် အခမဲ့ ဧည့်ခံကျွေးမွေးတယ်၊ ရပ်ဝေးက လာရောက်သူတွေအတွက်ဆိုရင် နေရေးထိုင်ရေး စားရေးသောက်ရေးကအစ အခမဲ့တာဝန်ယူပေးတယ်၊ ရွှေအကြောင်းသာမကပဲ လူမှုရေး၊ စီးပွားရေး၊ အကြောင်းအရာ ပေါင်းစုံကိုပါ ရွှေသင်တန်းမှာ မျှဝေပါတယ်၊ မြန်မာ့စီးပွားရေး လုပ်ငန်းတွေ နိုင်ငံတကာအဆင့်မီစေဖို့ အောင်သမာဓိရွှေသင်တန်းသားတွေကို အိန္ဒိယ၊ တရုတ်နိုင်ငံတွေမှာ လေ့လာရေးခရီးစဉ်အဖြစ် သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးချုပ် တွေနဲ့ပူးပေါင်းပြီး စီစဉ်ပေးတယ်၊ စိန်၊ရွှေ၊ရတနာ လုပ်ငန်းကြီးတွေကို သူတို့တွေ ထဲထဲဝင်ဝင် လေ့လာခွင့် ရကြတယ် "
◑◑◑
‪#‎အလျော့အတွက်နှင့်လက်ခ‬
သူ့ရဲ့ ရွှေသင်တန်းသားများကိုလည်း ရွှေတောနှင့် ပန်းတိမ်လုပ်ငန်းသို့လည်း လက်တွေ့လေ့လာခွင့်ရအောင် လက်တွေ့ခေါ်ပြသေးတယ်။ ဒါအပြင် တွက်ချက်နည်းကိုပါ သင်ကြားပေးတယ်။ ရွှေတွင် အလျော့အတွက်နှင့် လက်ခနှစ်မျိုးရှိရာ ရွှေဆိုင်အများစုတွင် အလျော့အတွက်နှင့် လက်ခ နှစ်မျိုးစလုံးယူကြပါတယ်။ သူ့ဆိုင်တွင် ရွှေဝယ်သူများကို လက်ခမယူပဲ အလျော့အတွက်သာ ယူသော စနစ်ဖြင့် Customers များကို ဝန်ဆောင်မှု ပေးလျှက်ရှိပါတယ်။ သူ၏ (အခမဲ့)ရွှေသင်တန်းသားများကိုလည်း သူ့ဘဝအကြောင်း ပြောပြပါတယ်။
ဆရာကြီးရွှေဥဒေါင်း၊ ဆရာဖေမြင့် တို့၏ စာအုပ်များကလည်း သူ့ဘဝရဲ့ စိတ်ဓာတ်ခွန်းအား ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ ယခုအောင်မြင်ခဲ့ပြီးနောက် ယခင်က သူဖြတ်သန်းခဲ့ရတဲ့ ဘဝကို ပြန်ပြောင်း သုံးသပ်ပြောပြထားပုံကို ကျွန်တော်တို့ နားထောင်ကြည့်ရအောင်...
◑◑◑
" ကျွန်တော့်ဘဝတွင် စီးပွားရေးသုံးကြိမ်တိုင်တိုင် ကျရှုံးခဲ့ဖူးသည်။ အဘယ်ကြောင့် စီးပွားရေးကျလဲ ဆိုသည်မှာ မကျွမ်းကျင် မသိနားမလည်သည့် အရာများကို လုပ်ခြဲ့ခင်းကြောင့် ကျရှုံးခဲ့ခြင်း ဖြစ်တယ်၊ ကျရှုံးပြီး ပြန်တက်လာသည့် အချိန်တွင် နောက်ထပ်ကျရန် မရှိတော့ပေ၊ ဆိုလိုသည်မှာ ကိုယ်တက်နိုင်တာ ကိုယ်လုပ်လျှင် မှားစရာ အကြောင်းမရှိပေ၊ ထိုကြောင့် မကျွမ်းကျင်ပဲ မသိနားမလည်ပဲ လုပ်လျှင် ဒုက္ခရောက်တက်သည်ကို သတိထားရန် လိုအပ်တယ်၊ ကျွန်တော့် ဘဝသင်ခန်းစာအရ ကိုယ်မကျွမ်းကျင်သည့် အလုပ်တွင် မည့်သည့်အခါမျှ ရင်းနှီးမြုပ်နှံခြင်း မရှိတော့ပဲ လက်ရှိတွင်လည်း ရွှေလုပ်ငန်းကလွဲပြီး အခြား ဘယ်လုပ်ငန်းမှ မလုပ်တော့ပေ၊ သို့သော် ရွှေနဲ့ ဆက်စပ်သည့် လုပ်ငန်းများကိုသာ တိုးချဲ့လုပ်ကိုင်လျှက် ရှိပါတယ်၊ "အောင်သမာဓိရွှေဆိုင်" ဖြစ်လာစေရန် ဘဝတွင် အခက်အခဲ အချိုးအကွေ့ များစွာဖြင့် ရင်ဆိုင်ခဲ့ရပါတယ်၊ စီးပွားရေးလုပ်ငန်းတွင်သာမက လူမှုရေးကိစ္စများတွင်လည်း အခက်အခဲများကို ရင်ဆိုင်ကျော်လွှား ခဲ့ရပြန်တယ်၊ ကျွန်တော် ငယ်စဉ်ဘဝတွင် အမေက သားတွေအားလုံးကို စည်းကမ်းတင်းကြပ်စွာဖြင့် ထိန်းကြောင်းခဲ့တယ်၊ အမေ့ကျေးဇူးကြောင့် ယနေ့အချိန်ထိ ညီအစ်ကိုအချင်းချင်း ဆဲဆိုခြင်း မရှိခဲ့ပေ၊ ဆေးလိပ် ကွမ်းမစားရပေ၊ ကျွန်တော် ကွမ်းယာရောင်းသည့် အချိန်တုန်းက အမေက... "ကွမ်းစားရင်းနဲ့ ငါ့ဆီမလာခဲ့နဲ့" ပြောထားသည့်အတွက် အမေ့ဆီသွားရင် သွားတိုက်ပြီးမှ သွားရတယ်၊ အမေ့ကို ကြောက်ရွံ့ရိုသေရတယ်၊ သားချည်း ၆ ယောက် မွေးထားသည့် အမေက သားအားလုံးကို ချစ်သည့်အတွက် ဘယ်သူ့ကိုမှ အိမ်ထောင်ချမပေးသည့်အပြင် ပထမဆုံး အိမ်ထောင်ကျသောသူကို ဘယ်သူနဲ့မှ သဘောမတူပေ၊ ထိုနည်းတူစွာ ကျွန်တော် အိမ်ထောင်ပြု့ရန် ဖြစ်လာသော အခါတွင် ကိုယ့်ဘက်

Credit to > Up to Date

No comments:

Post a Comment