Tuesday, October 8, 2013

အသိပေး နှိုးဆော်အပ်ပါသည်

သံတွဲကမ်းခြေ ရခိုင်လူမှုကွန်ရက်
ရခိုင်ပြည်နယ်တွင်း၊ ပြည်မနှင့် ပြည်ပ ရှိရခိုင်သားချင်းအပေါင်းတို့အား နှိုးဆော်အပ်ပါသည်။

သံတွဲ သူဌေးချောင်းတိုက်နယ် ဘင်္ဂလီအကြမ်းဖက်မှုတွင် အိုးမဲ့အိမ်မဲ့ ဖြစ်ရရသော ရခိုင်မိသားစုများစာရင်း
----------------------------------------------
(1)ဇီးကျွန်းဘုန်းကြီးကျောင်းတွင် ကျား(25) မ(40)
(2)ဆင်ခေါင်းတောင်အောက်ကျောင်းတွင် ကျား(5)
မ(50)
(3)ညောင်ခြေထောက်ကျောင်းကြီးတွင် ကျား(45) မ(60)
(4)င လျင်တောင်ကျောင်းတွင် ကျား(53) မ(74)
(5)အင်တိုင်းကြီးကျောင်းတွင် ကျား(27) မ(23)
(6)ခမောင်းတုန်းကျောင်းတွင် ကျား(12) မ(30)
(7)မကျည်းချောင်ကျောင်းတွင် ကျား+မ (40)
စုစုပေါင်း ဒုက္ဓသည် (484) ဦး
မီးလောင်ပျက်စီးသော ရခိုင်အိမ်ပေါင်း (205)အိမ်

အထက်ပါဒုက္ခသည်များအတွက် ဆန်၊ အဝတ်အထည်၊ ငွေကြေး၊ ဆေးဝါးနှင့် အထွေထွေ လူသုံးပစ္စည်းများစွာ လိုအပ်လျက်ရှိရာ အောက်ပါပုဂ္ဂိုလ်များထံသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ပုလဲဆရာတော်-098516623-04342030
သိမ်ကုန်းဆရာတော်-09421730291
သုခဝတီဆရာတော်-09421735405
ဦးကယားကြီး-09421735331
ကိုစန်းကို-09421730637
ကိုစိန်ချစ်-09421730816
ကိုကျော်ဌေးဝင်း-09421730200
ကိုမိုးသူရ-09250238469

  rakhine new group

1975 ခုနှစ် အင်္ဂလန်သံရုံးမှ အထောက်အထား ခိုးဝင်ဘင်္ဂလီကုလားဟုသာပါရှိ


ဖော်ပြပါပုံသည် နိုင်ငံတကာ အသိအမှတ်ပြု သမိုင်းပညာရှင် ဒေါက်တာ ဂျက်လိုင်ဒါ ၏ ဟောပြောချက်ထဲတွင် ဖော်ပြထားသော ဆလိုက်တစ်ခုဖြစ်သည်။ ၁၉၇၅ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ ဗြိတိသျှသံရုံး၏ မှတ်တမ်းကို ကိုးကား၍ ဖော်ပြထားခြင်း ဖြစ်သည်။ ယင်းမှတ်တမ်းအရ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ် မစ္စတာ ကေ အမ် ကိုင်ဇာ သည်
ဘင်္ဂလားဒေ့ရှ်နိုင်ငံထူထောင်ရေးစစ်ပွဲကြောင့် မြန်မာနိုင်ငံသို့ ထွက်ပြေးလာသော ဘင်္ဂလီ အနည်းဆုံး ၅ သိန်းကျော် ရှိကြောင်း ၀န်ခံခဲ့ကြောင်း၊ မြန်မာအစိုးရအနေဖြင့် တရားမ၀င်ခိုးဝင်လာသူများကို မြန်မာနိုင်ငံမှ ပြန်လည်နှင်ထုတ်နိုင်ကြောင်း၊ သို့သော် ဤကိစ္စနှင့်ပတ်သက်၍ မြန်မာအစိုးရအနေဖြင့် လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြုံတွေ့နေရသော ပြဿနာများကို ထောက်ရှု၍ ငဲ့ညှာပါရန် မြန်မာအစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များကို တောင်းပန်ခဲ့ကြောင်း၊ မြန်မာအစိုးရအနေဖြင့် အဆိုပါကိစ္စအား မကိုင်တွယ်သေးသည့်အတွက် ကျေနပ်မိကြောင်း ပြောဆိုသည်ဟု အဆိုပါ ဗြိတိသျှမှတ်တမ်းက ဆိုထားသည်။

ယနေ့လွှတ်တော်မှ ပြည်ခိုင်ဖြိုးအမတ်များ (အများစု လား တချို့လား စဉ်းစားကြပါကုန်။) တာဝန်မဲ့နေကြသကဲ့သို့ ဗိုလ်နေ၀င်းအစိုးရသည်လည်း ခိုးဝင်ဘင်္ဂလီကို မနှင်ထုတ်ခဲ့ပဲ နိုင်ငံတော်၏ အချုပ်ခြာအာဏာကိုသာ အထိပါးခံခဲ့ကြသည်။ နယ်စပ်မြို့များ ဘင်္ဂလီလက်ထဲသို့ ကျရောက်ရန် ကူညီရာ ရောက်ကုန်ကြသည်။ အပ်နှင့် ထွင်းရမည့် အရာများကို မထွင်းခဲ့သည့်အတွက် အခုအချိန်မှာ ပုဆိန်နှင့်ပဲ ပေါက်ရမလို ဖြစ်နေကြရပြီ။

ဘင်္ဂလီများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများသည် နဂါးမင်းစီမံချက် (၁၉၇၈)၊ ဟသာင်္စီမံချက်များကို ရံဖန်ရံခါ ဖော်ညွှန်း၍ သူ့တို့ကို နှင်ထုတ်သည်ဟု ဖော်ပြကြသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်ပွဲကြောင့် မြန်မာနိုင်ငံဘက်သို့ လျှံကျလာသော ခိုးဝင်များကိုမူ ပြောဆိုရန် ရေငုံနေကြသည်။

Credit ..mahar >> thz!

ဘင်္ဂလီတို့၏ အကြံအစည်နှင့် လှုပ်ရှားမှုများ

Marn Htan Myo ရခိုင်ပြည်နယ်တောင်ပိုင်းတွင်နှစ်

ပေါင်းများစွာအခြေစိုက်ပြီး စနစ်တကျလှုပ်ရှားကာ နယ်မြေကျူးကျော်နယ်ချဲ့နေသော စစ်အခြေစိုက်စခန်းနှစ်ခု ရခိုင်ပြည်နယ်တောင်ပိုင်းကနေ ဘင်္ဂလီတွေခိုးဝင်ပြန့်နှံ့နေတဲ့ အဓိကနေရာနှစ်ခုက ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွာနဲ့ သံတွဲမြို့နယ်တို့ဖြစ်ပါတယ် .. ကျောက်နီမော်ကျေးရွာက ပင်လယ်ကမ်းခြေရွာလေးတစ်ရွာဖြစ်ပြီး သံတွဲမြို့နယ်ကလဲပင်လယ်ထွက်ပေါက်မြို့လေးတစ် မြို့ဖြစ်နေတဲ့အတွက် ဘင်္ဂလီတွေခိုးဝင်ပြန့်နှံ့ရန် အခွင့်အရေးကောင်းတွေရရှိနေခဲ့တာ နှစ်ပေါင်း တော်တော်ကြာခဲ့ပါပြီ .. ကျောက်နီမော်ရွာက ခိုးဝင်ဘင်္ဂလီတွေရဲ့ ခရီးတစ်ထောက်နားရာနေရာဖြစ်နေပြီး သံတွဲမြို့က တော့ ဘင်္ဂလီတွေကိုပြည်မထဲသို့ခိုးသွင်းပေးရန်နဲ့အသွင်ပြောင်းပေးရန် အခြေစိုက်စခန်းကြီး တစ်ခုဖြစ်နေခဲ့တာ နှစ်ပေါင်းမနည်းတော့ပါဘူး .. ကျောက်နီမော်ရွာလေးဟာ ရှေးယခင်ကတည်း က ရေလုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းပြုကြတဲ့ တံငါရွာငယ်လေးသာဖြစ်ပါတယ် .. အစိုးရ အဆက်ဆက် အုပ်ချုပ်ရေးလက်လှမ်းမမှီသော၊ လက်လှမ်းမှီပြန်တော့လည်း အကျင့်ပျက်လာဘ် စား၍ကိုယ်ကျိုးရှာသွားသော အတ္တသမားဝန်ထမ်းများသာကြီးစိုးနေ၍ ဘင်္ဂလီတို့၏စားကျက် တစ်ခုဖြစ်လာခဲ့ပါတယ် .. ကျောက်နီမော်ရွာသို့ရောက်ရှိလာပြီး အခြေချနေထိုင်နေကြတဲ့ ဘင်္ဂ လီတွေဟာ ဒေသခံရခိုင်အမျိုးသမီးတွေကို နည်းမျိုးစုံနဲ့ပေါင်းသင်းနေထိုင်လုပ်ကိုင်စားသောက် ခဲ့ကြပြီး စီးပွားဖြစ်လာသောအခါ သံတွဲမြို့၏အနီးတစ်ဝိုက်သို့ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ် .. သံတွဲမြို့နှင့်အနီးအနားရွာတစ်ချို့ကို လွန်ခဲ့တဲ့နှစ်အတော်ကြာကာလကပင် ပြောင်းရွှေ့လာကြ တဲ့ ဘင်္ဂလီနဲ့ရခိုင်အမျိုးသမီးပေါင်းသင်းနေသော မိသားစုဆယ်စုခန့်ရောက်ရှိလာကြောင်း ဒေသခံများက အခိုင်အမာပြောကြားခဲ့ပါတယ် .. သံတွဲမြို့တွင် ယခင်က အင်္ဂလိပ်လက်ထက်၌တည်ဆောက်ထားသော ဂျာမေ့ဗလီတစ်ခုထဲ သာ ထင်ရှားခဲ့ပါတယ် .. ကျောက်နီမော်မှပြောင်းရွှေ့အခြေချလာသော ဘင်္ဂလီများမှာလည်း ၄င်းဂျာမေ့ဗလီကိုသာဝတ်ပြုကိုးကွယ်ခဲ့ကြပြီး နောက်ပိုင်းတွင် အနီးအနားရွာများဖြစ်ကြသော သဗြုချိုင်၊ လင်းသီ၊ ဇာဒီပြင်၊ ကျောင်းတိုက်၊ ရှေ့ကျောင်းပြင် အစရှိသည့်ရွာများတွင် ဗလီများ တစ်ဖြေးဖြေးဆောက်လုပ်လာကြပါတယ် .. ဘင်္ဂလီတွေဟာ စီးပွားရေးကောင်းမွန်လာတာနဲ့ အမျှမွေးဖွားလာတဲ့သားသမီးများမှာလည်း ပညာတတ်များ များပြားလာသောအခါ နယ်မြေစိုး မိုးရန် အတွေးအခေါ် အကြံအစည်တွေပိုမိုထက်မြက်လာခဲ့ပါတော့တယ် .. ဘင်္ဂလားဒေ့ရှ် ဘက်မှခိုးဝင်လာတဲ့ ဘင်္ဂလီတွေကို ကျောက်နီမော်မှာခေတ္တအခြေချနေထိုင်စေပြီး အခြေအနေ ပေးသည်နှင့် သံတွဲမြို့သို့ရောက်ရှိအခြေချနေထိုင်ပြီးသည့်ဘင်္ဂလီများက ဆက်သွယ်ခေါ်ယူ၍ ဗလီများတွင် ခိုအောင်းစေခဲ့ပါတယ် .. ဗလီထဲတွင်ခိုအောင်းနေသော ခိုးဝင်ဘင်္ဂလီများကို ပြင် ပသို့လုံးဝထွက်ခွင့်မပြုပဲ မြန်မာစကားကိုစနစ်တကျလနဲ့ချီ၍သင်ကြားပေးကြပါတယ် .. မြန်မာ စကားကို ထမင်းစားရေသောက်ပြောနိုင်လောက်သောအချိန်တွင် သံတွဲမြို့တွင်ရောက်ရှိအခြေ ကျနေပြီးသော ဘင်္ဂလီများနှင့်တွဲဖက်၍ ပြင်ပသို့အစမ်းလွှတ်ပေးခြင်းများပြုလုပ်ကြပါတယ် .. အစမ်းလွှတ်ပေးခြင်းကာလများတွင် ဆေးလိပ်ဝယ်၊ကွမ်းယာဝယ်၊ဈေးဝယ်ခြင်းများကို ပြုလုပ် စေပြီး မြန်မာစကားပြောနိုင်သည့်အရည်အချင်းကို အကဲဖြတ်ကြပါတယ်(သက်သေ သာဓက မြောက်များစွာရှိပါတယ်) .. ထိုသို့ဗလီထဲ၌ ခိုးသွင်း၍ပညာသင်ကြားပေးနေသော ဘင်္ဂလီတွေဟာ ၂ နှစ်မှ ၃ နှစ်အထိ ပညာ သင်ကြားကြရပါတယ် .. ပညာသင်ကြားပြီးနောက် အချို့ကိုကျောက်နီမော်သို့ပြန်လွှတ်ပေးပြီး ကျောက်နီမော်မှတစ်ဆင့် စစ်တွေ၊ဘူးသီးတောင်၊မောင်တောတို့သို့စေလွှတ်ကာ ရိုဟင်ဂျာအရေး လှုပ်ရှားခိုင်းကြပါတယ် .. အချို့ကိုတော့ ပြည်မထဲသို့ခိုးသွင်းစေလွှတ်ပြီး နယ်မြေစိုးမိုးရေးနဲ့လူ ဦးရေတိုးပွါးရေးတို့အတွက် လှုပ်ရှားစေပါတယ် .. ၈၈ အရေးအခင်းနောက်ပိုင်းမှာ ကျောက်နီမော် မှသံတွဲသို့ ခိုးသွင်း၍ပညာသင်ပေးယုံတင်မကတော့ပဲ ထူးချွန်သောဘင်္ဂလီများကို ပြည်ပနိုင်ငံ များသို့စေလွှတ်ပေးပြီး အတတ်ပညာများသင်ကြားခိုင်းခြင်း၊ အလုပ်အကိုင်များလုပ်ကိုင်၍ ရန်ပုံ ငွေရှာဖွေစုဆောင်းခြင်းများကို ပြုလုပ်ခဲ့ကြပါတယ် .. ပြည်ပရောက်ဘင်္ဂလီများမှပေးပို့သော ငွေ ကြေးများအပြင် အရှေ့အလယ်ပိုင်းမှထောက်ပံ့ပေးသောဒေါ်လာသန်းပေါင်းများစွာဖြင့် နယ်မြေ ချဲ့ထွင်ခြင်းများ၊ လူဦးရေတိုးပွါးအောင်ပြုလုပ်ခြင်းများ၊ နိုင်ငံသားကဒ်ရရှိအောင်ပြုလုပ်ပေးပြီး ပြည်မသို့စေလွှတ်ခြင်းများ၊ တိုင်းရင်းသား(ကမန်)အဖြစ်အသွင်ပြောင်းစိမ့်ဝင်စေခြင်းများကို အရှိန်အဟုန်မြှင့်တင်၍ဆောင်ရွက်ခဲ့ကြပါတယ် .. ၂၀၀၅ ခုနှစ်လောက်တွင် သံတွဲမြို့၌ ဗလီ အသစ်တစ်လုံးကိုတည်ဆောက်ကာ နဂိုအင်္ဂလိပ်လက်ထက်ကပင်ရှိခဲ့သော ဂျာမေ့ဗလီမှခွဲထွက် လိုက်ကြပါတယ် .. ဗလီအသစ်ကိုကျောက်နီမော်ဗလီဟုအမည်ပေးပြီး အာမီဆတ်(ခ)ခင်မောင်မှ ကွပ်ကဲအုပ်ချုပ်ခဲ့ပါတယ် .. အဆိုပါကျောက်နီမော်ဗလီကို သံတွဲသို့ကျောက်နီမော်မှတစ်ဆင့် ခိုးဝင်ရောက်ရှိလာသော ဘင်္ဂလီများသာစုပေါင်းတည်ဆောက်ထားခြင်းဖြစ်၍ နဂိုရှိရင်းစွဲ သံတွဲ နေသာမန်မူစလင်များ၏ဂျာမေ့ဗလီကို ခြေစုံကန်၍ခွဲထွက်သွားခြင်းဖြစ်ပါတယ် .. အဆိုပါ ကျောက်နီမော်ဗလီကို အုပ်ချုပ်သူ အာမီဆတ်(ခ)ခင်မောင်ဆိုသူမှာ ခေတ်ပညာတတ်ဘင်္ဂလီ တစ်ဦးဖြစ်ပါတယ် .. ကျောက်နီမော်မှခိုးဝင်ရောက်ရှိလာသူများကို သံတွဲမြို့၌ဖွက်ပြီး ပညာ သင်ကြားပေးခြင်း၊ ပညာသင်ယူတတ်မြောက်ပြီးသောဘင်္ဂလီများကိုစီမံခန့်ခွဲစေလွှတ်ခိုင်းစေ ခြင်းများကိုလည်း အာမီဆတ်(ခ)ခင်မောင်မှ ဦးဆောင်နေခြင်းဖြစ်ပါတယ် .. ၂၀၀၅ ခုနှစ်မတိုင်မီ ၁၉၉၄ ခုနှစ်ကတည်းက အာမီဆတ်(ခ)ခင်မောင်သည် ဂျာမေ့ဗလီမှမသိ မသာခွဲထွက်လာခဲ့ပြီး ၁၉၉၆ ခုနှစ်နောက်ပိုင်းတွင် အာမီဆတ်(ခ)ခင်မောင်၏အဖွဲ့နှင့် ဂျာမေ့ ဗလီမှနဂိုရှိရင်းစွဲမွတ်စလင်ခေါင်းဆောင်များ ပဋိပက္ခဖြစ်ခဲ့ရာ ကျောက်နီမော်မှလာရောက် ပညာသင်ယူနေသော အာမီဆတ်၏တပည့်ဘင်္ဂလီတစ်ဦးမှ ရှေ့နေတစ်ယောက်ကို အက်ဆစ် ဖြင့်မျက်နှာကိုပက်၍ထွက်ပြေးသွားသောကြောင့် ၄င်းရှေ့နေမှာမျက်နှာပျက်ဆီးသွားပြီး မျက် လုံးတစ်ဖက်ကန်းသွားခဲ့ပါတယ်(ထိုအဖြစ်အပျက်ကိုဒေသခံများသိကြပါတယ်) .. ကျောက်နီ မော်ဗလီတည်ဆောက်ပြီးနောက်ပိုင်းတွင် အာမီဆတ်(ခ)ခင်မောင်သည် ၄င်း၏တပည့် ခိုးဝင် ဘင်္ဂလီများကို ဗလီအတွင်း၌ပညာသင်ကြားပေးခြင်းအပြင် ညအချိန်တွင် သီတဂူဆရာတော် ကြီးကဲ့သို့ အခြားနာမည်ကြီးဆရာတော်များ၏ တရားများကို နာယူလေ့လာစေခြင်း၊ ဗုဒ္ဓဘာသာ ၀င်များ၏ဓလေ့ထုံးတမ်းများကို လေ့လာမှတ်သားစေခြင်း၊ ဗုဒ္ဓဘာသာဝင်တို့၏အားနည်းချက် အားသာချက်များကိုမှတ်သားစေခြင်းတို့ကို ၄င်းကိုယ်တိုင်သင်ကြားပြသပေးပါတယ် .. အာမီ ဆတ်(ခ)ခင်မောင်သည် ပညာသင်ကြားပေးပြီးထူးချွန်သောဘင်္ဂလီများကိုပြည်ပသို့စေလွှတ်ခြင်း၊ အချို့ကိုကျောက်နီမော်မှတစ်ဆင့် ရခိုင်မြောက်ပိုင်းသို့စေလွှတ်ခြင်း၊ အချို့ကိုပြည်မအတွင်းသို့ ခိုးသွင်း၍ နယ်မြေချဲ့ထွင်စေခြင်း၊ အချို့ကိုနိုင်ငံသားကဒ်များရရှိအောင်ပြုလုပ်ပေး၍ ပြည်မ အတွင်းသို့တရားဝင်အခြေချနယ်ချဲ့ထားစေခြင်း၊ အချို့ကို ကမန်တိုင်းရင်းသားများအဖြစ် စိမ့် ၀င်အသွင်ပြောင်းစေခြင်းတို့ကို နှစ်ပေါင်းများစွာစနစ်တကျပုံသွင်းပြုလုပ်နေခဲ့သူ ဘင်္ဂလီခေါင်း ဆောင်တစ်ဦးဖြစ်ပါတယ် .. ရခိုင်ပြည်နယ်တစ်ခုလုံးမှာ အာမီဆတ်ရဲ့အဖွဲ့၊ကွန်ယက်က လွှမ်း ခြုံထားပြီး အင်အားအလွန်တောင့်တင်းပါတယ် .. ရခိုင်ပြည်သာမကပဲ မြန်မာပြည်အနှံ့အပြား နှင့်နိုင်ငံတစ်ကာတွင်လည်း ၄င်းညွှန်ကြားစေလွှတ်ထားသောတပည့်တပန်းများ ၄င်းချိတ်ဆက် လုပ်ကိုင်နေသော အခြားမွတ်စလင်များကြောင့် အာမီဆတ်၏ကွန်ယက်မှာ အလွန်ကျယ်ပြန့်ပါ တယ် .. ယခုဖြစ်ပွါးသွားသော သံတွဲပဋိပက္ခတွင်ပါဝင်နေသော ဘင်္ဂလီ(ကမန်အယောင်ဆောင်) ကမန်အမျိုးသားတိုးတက်ရေးပါတီဥက္ကဌကျော်ဇံလှနှင့် ဆီသူဌေး(ဗိုလ်ချုပ်အသိုင်းအ၀ိုင်းများထိ ပေါက်ရောက်သူ)ဘင်္ဂလီ ကိုကြီးမောင် ဆိုသူတို့မှာလည်း အာမီဆတ်(ခ)ခင်မောင်၏ အဖွဲ့ဝင် များ သြဇာခံများဖြစ်ကြပါတယ် .. အာမီဆတ်(ခ)ခင်မောင်သည် အထက်ဖေါ်ပြပါအကြောင်း အရာများအတိုင်း အကွက်ကျကျစနစ်တကျပုံဖေါ်ဆောင်ရွက်နေယုံသာမကပဲ မြန်မာနိုင်ငံ၏ အကျင့်ပျက်လာဘ်စားကိုယ်ကျိုးရှာသူ ဗိုလ်မှုးမှစ၍ဗိုလ်ချုပ်များအထိကိုလည်း လာဘ်ပေး၍ ခါးပိုက်ထောင်ထဲထည့်ထားသူတစ်ဦးဖြစ်ပါတယ် .. အတ္တသမားကိုယ်ကျိုးရှာဝန်ထမ်းများ၏ အကျင့်ပျက်လာဘ်စားမှုများကို အလျဉ်းသင့်လျှင် အခြားသီးသန့်ပို့စ်တစ်ခုတင်၍ ဖေါ်ပြပေးပါ မည် ..
Chit Thu Sky

Monday, October 7, 2013

ဒညင်းကုန်းဈေးတွင် ကလေးငယ်တစ်ဦး ခိုးယူခံရမှုဖြစ်ပွား


Monday, October 07, 2013

အင်းစိန်မြို့နယ် ဒညင်းကုန်းဈေးတွင် ကလေးငယ်တစ်ဦး ခိုးယူခံမှုတစ်ခု အောက်တိုဘာ ၄ ရက် ညနေ ၄ နာရီ ၅၀ မိနစ်အချိန်က ဖြစ်ပွားခဲ့သည်။

၎င်းအမှုတွင် တ/၁၅ ရပ်ကွက်၊ ရွှေပြည်သာနေသူ ပျံကျဈေးသည် မသင်းသင်းထွေးသည် ခင်ပွန်းဖြစ်သူ ကိုခင်မောင်ဇင် (၃၆)နှစ်နှင့်အတူ ဒညင်းကုန်းဘူတာ အမှတ်(၄) ရထားသံလမ်းဘေး ဈေးဆိုင်တန်းတွင် ဒညင်းသီး
ရောင်းချနေစဉ် သားငယ်ဖြစ်သူမှာ ခိုးယူခံရခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

ခိုးယူခံရသူမှာ အသက်တစ်နှစ်နှင့်တစ်လသာရှိသေးပြီး ဆိုင်ရှေ့ကစားနေစဉ် မိန်းမတစ်ဦးက ယူချီပြေးသွား
ကြောင်း ဆိုင်ချင်းကပ်လျက် ကုန်ခြောက်ရောင်းသူ မမြင့်မြင့်အေးမှ ပြောပြသဖြင့် လိုက်လံဖမ်းဆီးခဲ့ခြင်းလည်း
ဖြစ်သည်။

ထို့ကြောင့် ကလေးခိုးယူသွားသူကို ဒညင်းကုန်းဈေး (ဃ)ရုံ၊ ဆေးဆိုင်တစ်ခုရှေ့တွင် ကလေးငယ်နှင့်အတူ ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ကလေးငယ်အား ခိုးယူသွားသူမှာ မသန်းဌေး(၄၀)နှစ်၊ ကျပန်း၊အင်ကုန်းရွာ၊ ဥက္ကံမြို့၊ တိုက်ကြီးမြို့နယ်နေသူဟု ရဲတပ်ဖွဲ့ကအတည်ပြုထားသည်။

၎င်းကို အရေးယူပေးရန် မသင်းသင်းထွေးက တရားလိုပြုလုပ်တိုင်တန်းခဲ့သည်။ ယင်းတိုင်တန်းမှုကို အင်းစိန် ရဲစခန်းက (ပ) ၁၀၆၁/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးရမိထားသူအား စစ်ဆေးလျက်ရှိကာ ပြစ်မှုထင်ရှားပါက ပုဒ်မ ၃၆၃ဖြင့် တရားစွဲတင်သွားမည်ဟု တိုင်းရဲတပ်ဖွဲ့မှ သိရသည်။
Tun Aung

အပြစ်မရှိဘဲ အဖမ်းခံရသူတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုဖို့ RNDP ခေါင်းဆောင်များ သံတွဲသွား



သံတွဲမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ပါဝင်ခဲ့တာ မရှိဘဲ ဖမ်းဆီးခံရထားရ တဲ့ ဒေသခံတွေကိစ္စကို ဖြေရှင်းဖို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က ခေါင်းဆောင်တွေ ဒီနေ့ သံတွဲကို သွားနေပါတယ်။

RNDP က ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဦးဆောင်ပြီး ဒီနေ့ မနက်က ရန်ကုန်ကနေ လေကြောင်းနဲ့ ထွက်ခွါသွားပါပြီ။

အဲဒီ ပဋိပက္ခများ မတရား ဖမ်းဆီးခံရတဲ့ သူတွေကို ပြန်လွှတ်ပေးဖို့ တောင်း ဆိုမယ်လို့လည်း သိရပါတယ်။ ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီဖို့ ကိစ္စတွေလည်း ပါပါတယ်။

သံတွဲမြို့နယ် RNDP ဥက္ကဋ္ဌ ဖမ်းဆီးခံထားတဲ့ အပါအ၀င် အဖမ်းခံရတဲ့ သူတွေ အနက် အပြစ်မရှိသူတွေကို လွှတ်ပေးဖို့ တောင်းဆိုမယ်လို့ ရန်ကုန် တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ပြော ဆိုတယ်လို့ DVB သတင်း တစ်ရပ်မှာ ဖော်ပြ ပါတယ်။

သံတွဲမှာ ကမန်လို့ အမည်ခံထားတဲ့ ကိစ္စကို ဦးဇော်အေးမောင်က အခုလို ဆိုပါတယ်။

ကမန်အမည်ခံထားတဲ့ သံတွဲ ကမန်ဆိုသူ အများစု အရင်အစိုးရ လက်ထက် က ခိုးဝင်လာသူပြီးတော့ အစိုးရကို လာဘ်ထိုးလို့ ကမန်အဖြစ် ပြောင်း လဲထားသူတွေဖြစ်တယ်လို့ ဆိုထားပါတယ်။

”သံတွဲမှာ လုပ်ကမန် များတယ်” လို့ ဦးဇော်အေးမောင်က ဆိုပါတယ်။

သံတွဲက ဘင်္ဂလားဒေရှ့်ကလူတွေ ခိုးဝင်လို့ ကောင်းတယ် နေရာ တစ်နေ ရာပါ။

သံတွဲမှာတော့ ဖမ်းတာ လူ ၄၄ ဦးရှိပါတယ်။ ၃၀ ကျော်ကတော့ ရခိုင်တွေပါ။


Rakhine Citizen Journalists

Friday, October 4, 2013

ရခိုင်တို့ကိုသာ ဖမ်းနေခြင်းဖြင့် ပဋိပက္ခ မချုပ်ငြိမ်းနိုင်ပါ

Than Tun Than
၂၀၁၂ ဇွန်လမှ စတင်ခံစားလာရသော ဋ္ဌာနေရခိုင်တိုင်းရင်းသားတို့၏
စိုးရမ်စိတ် ၊ အနေကျုံ့လာမှု ၊ အံကြိတ်ခံပြင်းလာမှု တို့ လျော့ကျသွားအောင် အာဏာပိုင်ဆိုသူတို့ မည်မျှ ပံ့ပိုးထောက်ကူပေးခဲ့ပြီလဲ ။ အဖြေက ( No )

ကျူးကျော် ခိုးဝင် စစ်တကောင်းသား ဘင်္ဂလီခေါ်တော တို့ ဦးရေပမာဏ မည်မျှရှိနေပြီလဲလို့ စီစစ် စစ်ဆေးနိုင်ကြပြီလား ။ အဖြေက ( No )

ထိန်းသိမ်းရေးစခန်း ( Detention Camp ) မှာ ထားရမည့်အစား တရားမ၀င်ဘင်္ဂလီတို့ကို သုခရိပ်မြုံဒုက္ခသည်စခန်းများတွင် အကျအနထားပြီး
UN အပါအ၀င် INGO တို့က အလျှံပယ်ကျွေးမွေးထောက်ပံ့ထားကာ အစိုးရကို အာခံရန် မြှောက်ပင့်ပေးနေမှုကို တားဆီးနိုင်ပါသလား ။ အဖြေက ( No )

ကုလားစခန်း အနီးအပါးမှ ရခိုင်တို့၏ ကျွဲ နွားများ ၊ ငါးဖမ်းလှေ နှင့် ပိုက်များ ကို ဘင်္ဂလီတို့လုယူခြင်းခိုးယူခြင်များကို အရေးယူနိုင်ပါသလား ။ အဖြေက ( No )

Under table လဒ်ငွေ တနင့်တပိုးယူပြီး ဘင်္ဂလီတို့ ကို ကမန် အဖြစ် ပြောင်းလဲ
ပေးနေသော လ၀က များကိုဖေါ်ထုတ်အရေးယူနိုင်ပြီလား ။ အဖြေက ( No )

ရိုဟင်ဂျာဟုပြောနေသော အာဏာရပါတီ မှ နိုင်ငံသားအဖြစ် မသေချာသော လွှတ်တော်အမတ်များကို လွှတ်တော်မှ ထုတ်ပစ်နိုင်ပြီလား ။ အဖြေက ( No )

ဘင်္ဂလီများကို နိုင်ငံတော်အလံအား အလေးပြုခိုင်းနိုင်ပြီလား။ အဖြေက ( No )

ပြည်တွင်းနေဆိုသူများက အစိုးရဘက်မှ ရပ်တည်ကြပါသလား။ အဖြေက( No )
----------------------------------------------------------------

ကဲ... ပဋိပက္ခရင်းမြစ်ကို ဆ၀ါးမိကြပါပြီလား ။
ရခိုင်များကိုသာ ဖမ်းနေခြင်းဖြင့် ငြိမ်းအေးသွားမည်ဟု ယူဆရဲကြပါသေးသလား ???

( Than Tun Than )

Tuesday, October 1, 2013

မိုးကာကို သန့်စင်အောင် ဘယ်လိုဆေးကြောမလဲ

ယခုလို မိုးရာသီအခါသမယတွင် မိုးကာအင်္ကျီများကို ပုံမှန်ဆေးကြောပေးလိုခြင်း (သို့) မဆေးဘဲပစ် ထားသည်မှာကြာပြီဖြစ်၍ ဆေးကြော လိုပါက၊ လိုအပ်သောပစ္စည်းများမှာ – အ၀တ်စ၊ ရေဇလုံ (သို့) ရေပုံး အသေး၊ မုန့်ဖုတ်ဆိုဒါ၊ ဗနီကာ၊ ရေ မြှုပ်၊ ဇလုံအကြီးစားတို့ဖြစ်သည်။
(၁) ရေပုံးထဲကို ဗနီကာအနည်းငယ် ထည့်ပါ။
(၂) မိုးကာအင်္ကျီကိုဖြန့်ပါ။
(၃) ဗနီကာရည်ကို အ၀တ်စ(သို့) ရေမြှုပ်တွင်ဆွတ်ပါ။
(၄) မိုးကာအင်္ကျီ၏ မျက်နှာပြင်ကို ဗနီကာနှင့် ဖြည်းဖြည်းချင်းသုတ်ပါ။ အထူးသဖြင့် မြေကြီး၊ ရွှံ့များပေနေသောနေရာကို ပို၍လိမ်းပေးပါ။
(၅) ထို့နောက် မျက်နှာသုတ်ပ၀ါ အခြောက်စနှင့် လိုက်ပြီးသုတ်ပါ။
(၆) မိုးကာ၏အတွင်းသားကိုလည်း အထက်ပါနည်းအတိုင်း ပြုလုပ်ပါ။
(၇) ပြီးမှ မိုးကာတစ်ထည်လုံးကို ရေ ရိုးရိုးဖြင့် ဆေးချပါ။
(၈) ရေဇလုံအကြီးစားထဲသို့ မိုးကာ ကိုမြှုပ်နိုင်သည်အထိ ရေကိုထည့်ပါ။
(၉) မုန့်ဖုတ်ဆိုဒါခွက် တစ်ဝက်ကို ရေထဲသို့ထည့်ပါ။ မိုးကာကို (၁)နာရီခန့်စိမ်ပါ။ သို့မှသာ အညစ် အကြေး၊ ဖုံများလုံးဝကျွတ်သွားမည် ဖြစ်သည်။
(၁၀) ထို့နောက် ရေအေးသန့်သန့်ဖြင့် သေချာစွာဆေးချပါ။ အင်္ကျီချိတ်နှင့် ချိတ်၍ (သို့) စင်ပေါ်တွင် လှမ်းပြီး အခြောက်ခံပါ။ ခြောက်သွားလျှင် ဗနီကာနံ့လုံးဝပျောက်ပြီး သန့်စင် သော မိုးကာကို ရရှိမှာဖြစ်သည်။

HT
Health Updates Journal