Tuesday, September 3, 2013

ဘင်္ဂလားဒေ့ရှ်အစိုးရ လက်ခံပါက မောင်တောဒေသဧည့်နေဘဂါင်္လီအချို့နေရပ်ပြန်ကြမည်


Post 03 September 2013
By အာရကန်ကိုကို-မောင်တော (မြစ်မခ)

moe 1

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း လွန်ခဲ့သည့် ဆယ့်သုံးနှစ်အတွင်းကပင် အလုပ်သမားများအဖြစ် နေထိုင်လာကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီအချိုမှာ မူရင်းဒေသ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လက်ခံမည် ဆိုပါက နေရပ်ပြန်မည်ဟု မောင်တော ဒေသ ဧည့်နေဘဂါင်္လီတချို့ထံမှ သိရသည်။

“အမှန်အတိုင်းပြောရရင် ကျွန်တော်တို့က ဒီဒေသမှာ မနေချင်တာ ကြာပါပြီ။ ကျွန်တော်တို့ အဘိုးအဘီးတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကန(ဖ်)နယ်စပ်မြို့ကပါ။ မှတ်မှတ်ရရ (၁၉၈၉)ခုနှစ်မှာ ဒီကိုဝင်လာတာဖြစ်တယ်။ ကျွန်တော်တို့ အဖေအမေတွေလည်း ဒီမှာပဲ ခေါင်းချသေဆုံးသွားတာ ဖြစ်တယ်။ ၂၀၁၂ခုနှစ် အဖြစ်အပျက် တွေကြောင့် ကျွန်တော်တို့အပေါ်မှာ အမြင်လွဲမှားမှုတွေနဲ့ ခါးခါး သီးသီးမုန်းတီးသွားကြပါတယ်။ ဒါကြောင့်စိတ်ရဲ့ ထာဝရလုံခြုံမှုထွက်ပေါက်နေရာ တစ်ခုကိုအခြေချဖို့ သွားချင်တာပါ”ဟု မောရ ၀တီကျေးရွာအနီး အလယ်သံကျော် ဘင်္ဂါလီကျေးရွာမှ အသက်(၅၀)၀န်းကျင်ရှိ ဘဂါင်္လီလူမျိုး ဦးအဒူရောင်းက ပြောသည်။

အဆိုပါ နေရပ်ပြန်မည့် ဘင်္ဂါလီတစ်ချို့မှာ မြို့ပြစီးပွားရေးကောင်းမွန်သည့် နေရာဒေသများမှ မဟုတ်ဘဲ ဒေသခံ ရခိုင်လူမျိုးများ ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသော အနီးနားကျေးရွာဒေသများနှင့် လုပ်စားရန် အခွင့်အရေး ခက်ခဲကာ ကျဉ်းမြောင်းသည့် ကျေးလက်ဒေသများမှ ဘဂါင်္လီအချို့ဖြစ်သည်ဟု သိရသည်။

“နောက်ပြီးတော့ ကျွန်တော်တို့မှာ လုပ်စားဖို့နေရာကလည်း ရခိုင်တွေက လယ်ယာမြေလုပ်ကွက်တွေ ငှားမရတာ၊ စီးပွားရေး အရ လုပ်စားကွက်တွေ ကျဉ်းမြောင်းလာတာတို့ကြောင့် ဒီမှာဆက်နေလို့ကတော့ မထူးပါဘူး။ ဘင်္ဂလားဒေ့ရှ်ကသာ ပြန်ပြီး လက်ခံမယ်ဆိုရင် ကျွန်တော်တို့ ပြန်သွားဖို့အစီအစဉ်ရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ရခိုင်လူမျိုးများအား မှီခိုကာလုပ်ကိုင်စားသောက်နေကြရသည့် ဘင်္ဂါလီအချို့မှာလည်း လက်ရှိကာလများ၌ အခက်အခဲနှင့် ရင်ဆိုင်နေကြရသည့်အတွက် မူရင်းဒေသများသို့ ပြန်သွားလိုခြင်းဖြစ်သည်။

“ဒီမှာက မူရင်းဘင်္ဂလားဒေ့ရှ်ကို ပြန်သွားချင်ကြတဲ့ ဘဂါင်္လီတချို့ကို ဘင်္ဂလားဒေ့ရှ်က ပြန်လည်လက်ခံမယ်ဆိုရင် သွားဖို့ အစီအစဉ်ရှိကြပါတယ်။ ဒါပေမဲ့ နိုင်ငံတော်အဆင့်အနေနဲ့ ပို့ပေးရမှာဖြစ်တယ်။ ကျွန်တော်တို့ ဒီမှာ ပိုင်ဆိုင်တဲ့ လယ်ယာမြေ တွေကို ရောင်းပြီး ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်သလိုအခြေချလုပ်ကိုင်စားသောက်လို့ရပါတယ်။” ဟု တမန်းသားကျေးရွာမှ ဘင်္ဂါလီ တစ်ဦးက ပြောသည်။

၂၀၁၂ခုနှစ် လူမျိုးနှစ်စု ပဋိပက္ခဖြစ်စဉ်ကြောင့် မောင်တောဒေသတွင်း ဒေသခံရခိုင်လူမျိုးများနှင့် ဒေသဧည့်နေ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီများအကြား ယုံကြည်မှုပြတ်တောက်သွားကာ လယ်ယာမြေအငှားလုပ်ငန်း၊ ဈေးရောင်းဈေးဝယ်နှင့် ကုန်ကူးသန်းခြင်းလုပ်ငန်းများကိုလည်း သီးခြားစီ ရပ်တည်လာခဲ့ကြသည်။
 
Rakhine News Group

လေးဘက်နာ ရောဂါနှင့် ဂေါက်ရောဂါ (လုံးဝ) မတူပါ


လူအများစု ရောထွေး နေတတ်သည့် လေးဘက်နာ ရောဂါ (Rheumatic fever) နှင့် ဂေါက်ရောဂါ (Gout) အကြောင်း အနည်းအကျဉ်း ရှင်းပြလိုပါသည်။

ထိုရောဂါနှစ်ခုမှာ အဆစ်အမြစ်ကိုက်ခဲခြင်း (joint pain) တူညီသော်ငြားလည်း ရောဂါဖြစ်ပေါ်ရခြင်း အခြေခံ အကြောင်း တရားချင်း လုံးဝ တူညီမှု မရှိသလို ကုသမှုသည်လည်း ကွဲပြားပါသည်။

လေးဘက်နာရောဂါ (Rheumatic fever)

လေးဘက်နာ ရောဂါသည် Streptococcus ဟုခေါ်သည့် ဘက်တီရီးယား ပိုးကြောင့် ဖြစ်ရသော ရောဂါ ဖြစ်ပါသည်။ ကလေးအသက် ၆နှစ်မှ ၁၅နှစ်အတွင်းတွင် ၎င်းပိုးကြောင့် လည်ချောင်း ခဏခဏ နာခြင်းမှ ဆက်၍ လေးဘက်နာ ရောဂါ ဖြစ်ပေါ် နိုင်ပါသည်။ ထိုရောဂါကြောင့် အဓိက ထိခိုက်နိုင်သော အင်္ဂါများမှာ အဆစ်နှင့် နှလုံးတို့ ဖြစ်ပါသည်။ ရောဂါ လက္ခဏာ များကတော့ ကိုယ်လက် ကိုက်ခဲခြင်း၊ အဆစ်အမြစ် ရောင်ခြင်း၊ အဖျားတက်ခြင်းနှင့် နှာခေါင်းသွေးယိုခြင်း တို့ဖြစ်ပါသည်။ လေးဘက်နာ ရောဂါ ရှိမရှိကို ASO test ( Antistreptolysin O ) စစ်ခြင်းဖြင့် သိနိုင်ပါသည်။ Normal ASO test range သည် ၂၀၀ ဖြစ်ပါသည်။ ထိုထက်များပါက ရောဂါရှိသည်ဟု ဆိုနိုင်ပါသည်။ လေးဘက်နာ ရောဂါသည် ဘက်တီးရီးယား ပိုးကြောင့် ဖြစ်သောရောဂါ ဖြစ်သည့် အားလျော်စွာ ၎င်းကို ပိုးသတ်ဆေး (antibiotics များ) နှင့် ကုသလေ့ ရှိပါသည်။ ရုတ်တရက် ဆိုးရွားစွာ ဖြစ်ပေါ်လာသော လေးဘက်နာ အတွက် အကိုက်အခဲ ပျောက်ဆေး၊ အရောင်ကျဆေး များဖြင့် ကုသတတ်သလို ရောဂါ ပြန်ဖြစ်ခြင်းမှ ကာကွယ်ရန်လည်း antibiotics ဆေးဆ အနည်းငယ်ကို နှစ်ရှည် သောက်ရ တတ်သည်။ ထို့သို့ မသောက်ပါက ပြန်ဖြစ်တတ်သည့် ရောဂါမျိုး ဖြစ်ပါသည်။

ဂေါက်ရောဂါ (Gout)

ဂေါက်ရောဂါ ဖြစ်ရခြင်း အကြောင်းမှာ သွေးထဲတွင် Uric acid များနေခြင်းကြောင့် ဖြစ်ရပါသည်။ အဆစ်အမြစ်များတွင် Uric acid crystal များအနည်ထိုင်ခြင်းမှ အဆစ်အမြစ် ကိုက်ခဲ စေပါသည်။ Uric acid ကိုခန္ဓာကိုယ်တွင်းရှိ purine ပြိုကွဲခြင်းမှ ရရှိပါသည်။ ထိုကြောင့် purine များသော အစားအစာများကို ဂေါက်ရောဂါရှင်များ ရှောင်ရတတ်ပါသည်။ purine များသော အစားအစာအချို့မှာ ကလီစာများ၊ ပန်းဂေါ်ဖီ၊ မှို၊ ပဲ နှင့် beer တို့ဖြစ်ပါသည်။ များသော အားဖြင့်တော့ လူကြီးများက မြေအောက်မှာ ပေါက်သော အစားအစာများဟု မှတ်ထား တတ်ကြပါသည်။ ဂေါက်ရောဂါတွင် အဆစ်အမြစ် များသည် နီ၊ ပူပြီး ရောင်ရမ်းလေ့ ရှိပါသည်။ ကုသမှု အနေဖြင့်တော့ အကိုက်အခဲ ပျောက်ဆေးများ၊ steroid များဖြင့် ကုသလေ့ ရှိပါသည်။ အစားအစာ အနေနှင့် strawberry, cherry, lemonနှင့် ငှက်ပျောသီးတို့သည် ဂေါက်ရောဂါ လက္ခဏာ အတွက် အထူး သင့်လျော်ပါသည်။

နိဂုံးချုပ် အားဖြင့် ရောဂါနှစ်ခုမှာ လက္ခဏာခြင်း တူသော်လည်း ဖြစ်ပေါ်ပုံ အခြေခံ အကြောင်းအရင်းခြင်း မတူသလို ကုသပုံမှာလည်း ကွဲပြားပါသည်။ အစားအစာ အနေနှင့် လေးဖက်နာတွင် ရှောင်ကြဉ်ရန် မလိုသော်လည်း ဂေါက်ရောဂါအတွက်တော့ အစား ရှောင်ခြင်းသည် ကုသမှုအတွက် များစွာ အထောက်အကူ ဖြစ်ပါသည်။

Posted by Candy
from-My freedom
Memory never goes away

" ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ "



စင်ကာပူနီူင်ငံထုတ် သဇင်မဂ္ဂင်ဇင်းမှ ဆရာမင်းသွေးထက်၏ ဆောင်းပါးကို ကူးယူဖော်ပြပါသည။်နိုင်ငံတကာ မတရားရုံးဧ။် ဆုံးဖြတ်မှု။ ယခင်စစ်အစိုးရဧ။် ညံ့ဖျဉ်းသောစီမံခန့်ခွဲမှု၊ အားနည်းပေါ.ဆမှုတ.ို.ကြောင်. ရှေးရခိုင် ဘုရင်များလက်ထက်ကတည်းက ပိုင်ဆိုင်လာသော ၇ှင်မဖြူကျွန်းခေါ် စိန့် မာတင်ကျွန်း ဘင်္ဂလားဒေ့ရှ်ကုလားလက်သ.ို လွှဲပေးလိုက်ရပါပြီး။
မြန်မာနိုင်ငံ၏ ဧရိယာမှာ(၂၆၁၂၂၈) စတုရန်းမိုင်၇ှိပြီး၊ အိမ်နီးချင်း နိုင်ငံများနှင့်နယ်နိမိတ်ထိစပ်မှုမှာ ဘင်္ဂလားဒေ့ရှ်နှင့် (၁၆၉) မိုင်၊ အိန္ဒိယနှင့် (၉၀၃) မိုင်၊ တရုတ်နှင့် (၁၃၈၄) မိုင်၊ လာအိုနှင့်(၁၄၆) မိုင်။ ထိုင်နှင့် (၁၃၀၄)မိုင်ဟု မှတ်သားခဲ့ ဖူးပါသည်။
မြန်မာပြည်၏ဧရိယာ (၂၆၁၂၂၈) စတုရန်းမိုင်မှ၇ှင်မဖြူကျွန်းခေါ် စိန့် မာတင်ကျွန်း၏ ဧရိယာကို နုတ်ပယ်လိုက်လျှင်ဧရိယာ အသင့်အတင့်တော့ လျော့သွားမည်သာ။ေ၇ပိုင်နက်အငြင်းပွားမှုတွင်ရှင်မဖြူကျွန်း အဆစ်ပါသွားခြင်းသည် ရည်ရွယ်ချက်ရှိရှိ အင်အားငယ်နှစ်နိုင်ငံကို ရန်တိုက်လိုက်ခြင်းလည်း ဖြစ်နိုင်ပါသည်။
ဥပမာတစ်ခု ပြောပါမည်။ ကျွန်တော့်လယ်တစ်ကွက်သည် စာဖတ်သူပိုင်ဆိုင်သော လယ်ကွက်များ၏ ကြားထဲတွင်၇ှိနေသည် ဆိုပါစို့ ။ကျွန်တော်ကခရီးအလှမ်းကွာ၍ အသုံးမချပဲထားသည်ဆိုပါစို့ ။ စာဖတ်သူ၏ လယ်ကွက်များကြားတွင်၇ှိ၍ ကျွန်တော့်လယ်ကွက်ကိုယခုစာဖတ် သူက မိမိပိုင်ဆိုင်ကြောင်းပြောလျှင် ကျွန်တော်လက်ခံမည် မဟုတ်ပေ။ ထိုကိစ္စ တရားရုံးတွင်ရင်ဆိုင်၍ ကျွန်တော်ရှုံးခဲ့ လျှင် ဘာဖြစ်မည်နည်း။ ဒေါသထွက်ပါမည်။ မတရားဆုံးဖြတ်သောတရားရုံးကို ဘာမျှတုန့် ပြန်၍ မရသောအခါ ကိုယ့်အပေါ် မတရားကျူးလွန်သော အသင့်အားတုန့် ပြန်မည်ဖြစ်ပါသည်။
နောက်ထပ်ဥပမာ ပေးချင်ပါသေးသည်။ မန္တလေးတွင် မီးလောက်သည်ဆိုပါစို့ ။ အဝေးတစ်နေရာမှ သတင်းကြားသူများသည် ကြားတုန်း ကြားဆဲခဏသာ စိတ်မကောင်းဖြစ်ကြမည် ဖြစ်ပါသည်။ ပြီးလျှင် အစားမပျက်အပြုံးမပျက် ၇ှိနေကြပါမည်။ မီးလောက်သော အိမ်ထောင်စုများနှင့် မန္တလေးမြို့ သူမြို့ သားများမှာတော့ ထိုကိစ္စ တော်တော်နှင့် မေ့ နိုင်မည် မဟုတ်ပါ။ (ရှင်မဖြူကျွန်းသည် ရခိုင်ပြည်နယ်တွင်၇ှိကြောင်း အားလုံးအသိပင်)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပေါ်ပေါက်လာသည်မှာ မကြာသေးပါ။ ယခင် အရှေ့ ပါကစ္စတန်အနေနှင့် ပါကစ္စတန်နှင့်ပူးပေါင်းတည်ရှိစဉ်က သူတို့ ၏ ကျောင်းသုံးပထဝီဝင် စာအုပ်များကို လှန်လှောရှာဖွေသင့်ပါသည်။ရှင်မဖြူကျွန်းသည် ပါကစ္စတန်နိုင်ငံ၏ တည်နေရာ အကျယ်အဝန်းထဲပါမပါ ထည့်မထည့် သိနိုင်ပါသည်။ ယခင် အရှေ့ပါကစ္စတန်၏ တည်နေရာအကျယ်အဝန်းထဲမပါသောနေရာသည် ဘင်္ဂလားဒေ့ရှ်ဟုနာမည်ပြောင်းလိုက်ယုံနှင့် ဤနေရာ ဒို့ ပိုင်သည်ဆိုလျှင် အဓိပ္ပါယ်မရှိပါ။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် သူမ၏အဖေဘန်ဂါဘန်ဒူး လုပ်ကြံခံရစဉ်က ဂျာမနီနိုင်ငံတွင် ရောက်၇ှိခံလှုံနေခဲ့ ပါသည်။ ထို့ ကြောင့်ဂျာမနီသည် သူမနှင့် အငြင်းပွားမှုအတွက် အိမ်ကွင်းဖြစ်ပါသည်။ ထို့ အပြင်ရေပိုင်နက်အငြင်းပွားမှုအတွက် US မှ နာမည်ကြီးရှေ့ နေကုမ္ပဏီ Foley hoag ကိုငှားခဲ့ ပါသည်။ ထိုမျှသာမက ကနေဒါနှင့် အင်္ဂလန်မှ ဥပဒေရေးရာ ပါမောက္ခများကိုပါ သူတို့ ဘင်္ဂလားဒေ့၇ှ်ဘက်မှ အကျိုးဆောင်ပေးပါ၇န် စည်း၇ုံးထားနိုင်ခဲ့ ပါသည်။
စစ်အစိုးရကို ကမ္ဘာ့ နိုင်ငံများစွာက မကြည်ဖြူခြင်းသက်သက်ဖြင့် မြန်မာပိုင်ကျွန်းကို အခြားဘက်ပေးလိုက်ခြင်းသည် ပြသနာကို ဖြေရှင်းခြင်းမဟုတ်ပဲ ပြသနာကို မီးထပ်ရှို့ ခြင်းဖြစ်ကြောင်းအင်အားကြီးနိုင်ငံများနှင့် ဂျာမနီ ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံး (ITLOS) မှ ပုဂ္ဂိုလ်များ သိကြမည်ပင်။ သိသိနှင့် ဤသို့ ဆုံးဖြတ်ခဲ့ ခြင်းသည် ရည်ရွယ်ချက်ရှိမည်ဟု ကျွန်တော်ထင်ပါသည်။
ရှေးမြန်မာ ဘုရင်များလက်ထက်ကတည်းက ပိုင်ဆိုင်လာသောကျွန်းကို စီရင်ချက်တစ်ခုနှင့် လက်လွှဲပေးလိုက်ခြင်းသည် လုံးဝအဓိပ္ပာယ်မဲ့ သော ကိစ္စဖြစ်ပါသည်။ နောက်တက်လာမည့် မြန်မာနိုင်ငံ၏ ခေါင်းဆောင်တိုင်းအတွက်လည်း ဘိုးဘွားပိုင်မြေကို ပြန်ယူရမည့် တာယန်ကြီးတစ်ခု ပိုလာပါသည်။
ITLOS ၏ဆုံးဖြတ်ချက်ကြောင့် အကျိုးဆက်အနေနှင့် ၇ခိုင်ပြည်နယ်တွင် ဝင်ရောက်နေထိုင်သော ဘင်္ဂလားအနွယ်များနှင့် မြန်မာများ၏အဓိကရုဏ်း ပေါ်ပေါက်လာခဲ့ ပါသည်။ လူတွေသေ၊ အိုးမဲ့ အိမ်မဲ့ ဖြစ်၊ စီးပွားရေးလည်ပတ်မှုရပ်ဆိုင်းနှင့် ဒုက္ခမျိုးစုံဖြစ်ခဲ့ ကြပါသည်။ ဂျာမဏီ အခြေစိုက် ITLOS မှပုဂ္ဂိုလ်ကြီးများကို မေးခွန်းတစ်ခုမေးချင်ပါသည်။ ခင်ဗျားတို့ ချပေးလိုက်တဲ့  မီးပွားလေး မီးတောက်ကြီး ဖြစ်လာတော့မှာမို့  ရှန်ပိန်ပုလင်းတွေ ဖွင့်နေကြပြီလား ဟု။
”ရိုဟင်ဂျာသည် ဘင်္ဂလားအနွယ်မဟုတ်ဆိုလျှင် ဒီအင်အေ (DNA) စစ်လိုက်ပါ။”
စစ်ဖြစ်ပြီဆိုလျှင် နှစ်ဘက်နစ်နာကြပါမည်။ စစ်လမ်းကြောင်းတစ်လျောက် ဒုက္ခသည်များစွာပေါ်ပေါက်လာပါမည်။ တောမီးလောက်လျှင်တောင်ကြောင်များလည်း ထကြွလာကြပါမည်။ စစ်သုံးစရိတ်ကြောင့် အရင်ကတည်းက ခပ်မွဲမွဲနိုင်ငံများဖြစ်၍ ပိုမွဲလာကြပါမည်။
စစ်ပွဲကိုရှောင်လွဲနိုင်၇န်အတွက် နှစ်ဖက်ခေါင်းဆောင်များ အဖြေ၇ှာကြရပါမည်။ ဘယ်ဘက်ကတွေးတွေး ရှင်မဖြူကျွန်းအရေးသည် ရတက်အေးစရာမရှိပါ။
ITLOS မှဆရာကြီးများကိုလည်း နောက်ထပ်မေးခွန်းတစ်ခု မေးလို ပါသေးသည်။ တရုတ်နှင့်ဖိလစ်ပိုင် ရေပိုင်နက်အငြင်းပွားမှုကို ဖိလစ်ပိုင်က တိုင်ကြားခဲ့ လျှင် တရုတ်ကပယ်ချနိုင် မပယ်ချနိုင်ဆိုသောမေးခွန်းဖြစ်ပါသည် ။ တရုတ်၊ အမေရိကန် နှင့်ရုရှားတို့ အပေါ် ဘာသြဇာမျှမသက်ရောက်သော တရားရုံးသည် နိုင်ငံတကာဆိုသော အသုံးကို ဖြုတ်ထားသင့်ကြောင်းလည်း အကြံကောင်းပေးလိုပါသည် ။
အင်တာနေရှင်နယ်ဟုပြောပြီး အင်အားကြီး သုံးနိုင်ငံအလွတ်ဟု ပြောလျှင်လူရယ်စရာကြီး ဖြစ်နေပါသည်။ ယခုတစ်ပတ်၌ ရခိုင်အဓိကရုဏ်း ဖြစ်ရခြင်းနောက်ခံကို လူငယ်များသိစေရန် ခပ်မိုက်မိုက် ရေးလိုက်ခြင်း ဖြစ်ပါသည်။ အဓိကရုဏ်း သာမက စစ်ဖြစ်နိုင်သော အချက်များလည်း ၇ှိနေကြောင်းကြိုတင်သိစေချင်ပါသည်။ စစ်ကိုရှောင်လွဲနိုင်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ မရှောင်နိုင်လျှင် အိမ်နီးချင်း နိုင်ငံများဖြစ်၍ သားစဉ်မြေးဆက် တိုင်ခိုက်နေ၇ပါမည်။ သားစဉ်မြေးဆက် လံခြုံမှု ကင်းမဲ့ နေကြပါမည်။ ညီငယ်များ ညီမငယ်များ အကောင်းဆုံးကိုမျှော်လင့်၍ အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားကြပါ။

ဗုဒ္ခဘာသာ မြန်မာ များ မွတ်ဆလင်ကုလားလိမ်လည်လှည်ပတ်ခြင်းဘေးမှကင်းဝေးတြပါစေ။

အာဆီယံသမိုင်းတွင် အရှည်ဆုံးဆောင်ပုဒ် ၂၀၁၄ အတွက် မြန်မာရွေးချယ်


Monday, September 2, 2013

၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ ရာထူးကို ပထမဦးဆုံး အလှည့်ကျ တာဝန်ယူမည့် မြန်မာအစိုးရက အာဆီယံ အဖွဲ့အစည်း ကိုယ်စားပြု အရှည်ဆုံး ဆောင်ပုဒ်တစ်ရပ်ကို ထုတ်ပြန် ကြေညာလိုက်သည်။

ဘရူနိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် (၄၅) ကြိမ်မြောက် အာဆီယံစီးပွားရေး ဆိုင်ရာ ဝန်ကြီးဌာနများ ထိပ်သီးအစည်းအဝေးတွင် မြန်မာအစိုးရက ယင်းသို့တရားဝင် ကြေညာခဲ့ခြင်း ဖြစ်သည်။

“ငြိမ်းချမ်းပြီး၊ ကြွယ်ဝချမ်းသာသည့် အသိုက်အဝန်း တစ်ခုဆီသို့ တစ်စုတစ်စည်းတည်း ချီတက်ကြပါစို့” (“Moving forward in unity towards a peaceful and prosperous Community”) ဟူသော ဆောင်ပုဒ်တစ်ရပ်ကို မြန်မာအစိုးရက အကြိမ်ကြိမ်အခါခါ ဆွေးနွေးမှုများ၊ မူဝါဒဆိုင်ရာ ပညာရှင်၏ အကြံပြုချက်များ အပါအဝင် သမ္မတဦးသိန်းစိန် ကိုယ်တိုင် ပါဝင်ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းအခြေစိုက် The Nation သတင်းစာ၏ ပင်တိုင်ဆောင်းပါးရှင် ကဝီက ရေးသားထားသည်။

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် အာဆီယံဥက္ကဋ္ဌ နိုင်ငံအဖြစ် တာဝန်လွှဲပြောင်း ရယူတော့မည် ဖြစ်ပြီး အဆိုပါရာထူး ဆက်ခံရန်အတွက် ၂၀၀၈ ခုနှစ်မှစ၍ ယခင်အာဆီယံရာထူး ဆက်ခံခဲ့ဖူးသည့် အခြားအာဆီယံနိုင်ငံများမှ အတွေ့အကြုံများ၊ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဆောင်ပုဒ်ရွေးချယ်ပုံများကို လေ့လာ သုံးသပ်ခဲ့သည်။

ယခုလက်ရှိ ဥက္ကဋ္ဌ ရာထူးခံယူနေသည့် ဘရူနိုင်းနိုင်ငံ၏ ဆောင်ပုဒ်မှာ
“ကျွန်ုပ်တို့ ပြည်သူများနှင့် ကျွန်ုပ်တို့ အနာဂတ်များ အတူတူ ဖြစ်စေရမည်” ဟူ၍ ဖြစ်သည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး နှစ်ပေါင်း ၁၆ နှစ် ကြာမြင့်ပြီးမှ ပထမဦးဆုံးအကြိမ် ဥက္ကဋ္ဌနိုင်ငံအဖြစ် တာဝန်လွှဲပြောင်းရယူမည် ဖြစ်သည်။

The Voice Weekly

Monday, September 2, 2013

စစ်တွေ ရေချမ်းပြင်တွင် လူငယ်တစ်ဦး အသတ်ခံရ


၂ စက်တင်္ဘာ ၂၀၁၃)ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ရေချမ်းပြင် ကျေးရွာမှ လူငယ်တစ်ဦးကို လည်ပင်း ဓါးဒဏ်ရာဖြင့် သေဆုံးနေသည်ကို ယနေ့ တွေ့ရှိရသည်ဟု သတင်း ရရှိသည်။သေဆုံးသူ လူငယ်မှာ အသက် ၂၂ နှစ် အရွယ်ရှိ (ဘ) ဦးသင်္ကြန်အောင်၊ (မိ) ဒေါ်ဖြူမချေတို့၏ သား ကိုဇော်ဇော် ဖြစ်ကြောင်း ရေချမ်းပြင်ကျေးရွာသားများက နိရဉ္စရာသို့ ပြောသည်။အဆိုပါ လူငယ်သည် ယမန်နေ့ နံနက် ၁၀ နာရီကတည်းက ပျောက်ဆုံးသွားပြီး ယနေ့နေ့လယ် (၃) နာရီ အချိန်တွင် သူ၏ အလောင်းကို ရေချမ်းပြင် ကျေးရွာ အနီးတည်ရှိသော ခတင်ပိုက် ဘင်္ဂလီ မူဆလင်ကျေးရွာ အနီးရှိ မီးရထားလမ်းဘေး ချောင်းအနီးတွင် ရှာဖွေ တွေ့ရှိသည်ဟု သိရသည်။သူ့၏ ဦးခေါင်းနှင့် လည်ပင်းတွင် ဓါးဒဏ်ရာများ တွေ့ရှိရသည်ဟု သိရသည်။ယခုအခါ သူ၏ အလောင်းကို စစ်တွေ ဆေးရုံကြီးသို့ ယူဆောင်သွားပြီ ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။၎င်းလူငယ်သည် ရေချမ်းပြင်ကျေးရွာတွင် ကျောက်ချ ရပ်နားထားသော ရေတပ် သင်္ဘောဘေးရှိ ဒီရေရောက်တောတွင် ပြားသီး ဆွတ်ခူးရန် သွားရာမှ ပျောက်ဆုံးသွားခဲ့သည်ဟု ဆိုသည်။ကိုဇော်ဇော်သည် ဆင်းရဲနွမ်းပါးသူ တစ်ဦးဖြစ်ပြီး မိဖနှစ်ဦးအား ကြုံရာ အလုပ်ဖြင့် အလုပ်အကျွေးပြုနေသူဟု သိရသည်။ယခုအခါ အဆိုပါ လူငယ် သေဆုံးမူနှင့် ပတ်သက်ပြီး စစ်တွေရဲမှ သေမူသေခင်းဖွင့်ကာ စစ်ဆေးလျှက်ရှိသည်ဟု ဆိုသည်။အလားတူ သြဂတ်စ်လ ၂၄ ရက် နေ့ကလည်း ပေါက်တောမြို့နယ် မုညင်းကိုင်းကျေးရွာမှ အသက် ၄၁ နှစ် အရွယ် မလှသန်းစိန်သည် မုညင်းကိုင်း အောက်ရွာနှင့် ကြိမ်နီပြင် ဘင်္ဂလီ ဒုက္ခသည် စခန်းအနီးရှိ ညောင်ပင်ချိုင် ချောင်းစပ်တွင် အသတ်ခံခဲ့ရသည်။

http://www.narinjara.com/burmese/?p=6808

ကုလအထူးအကြံပေးအရာရှိ ဗီဂျေးနမ်ဘီးယား ရခိုင်ပြည်ရောက်



ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယား (Vijay Nambia)ဟာ မနေ့တုန်းက ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်က အခြေအနေတွေကို လေ့လာတဲ့အနေနဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိ ပက္ခတွေနဲ့ နှစ်ဖက် ပြန်လည် သင့်မြတ်ရေး ကိစ္စတွေကို ဆွေးနွေး ခဲ့ကြပါတယ်။

အဲ့ဒါ့အပြင် ပေါက်တောနဲ့ မောင်းတောမြို့နယ်တွေမှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေကိုလည်း ကြည့်ရှုမှာဖြစ်ပါတယ်။
https://www.facebook.com/pages/မြန်မာမျိုးချစ်လူငယ်များ/142227145975588?ref=hl
ရခိုင်ပြည်နယ် ခရီးစဉ် မစတင်ခင် ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားဟာ ကချင်ပြည်နယ်ကို လည်ပတ်ခဲ့ပြီး ကချင်လွှတ်မြောက်ရေးတပ် ကေအိုင်အေ ထိန်းချုပ်ရာ လိုင်ဇာ ဌာနချုပ်ကို လည်ပတ်ခွင့် ရခဲ့တယ်လို့လည်း သိရပါတယ်။

ကေအိုင်အို ဌာနချုပ်ရဲ့ ခရီးစဉ်အတွင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေ၊ ကေအိုင်အို အရာရှိတွေအပြင် ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

နွားကွဲရင်ကျားဆွဲမယ်


ဥပဒေကိုလက်တစ်လုံးခြားလုပ်ပြီး ခြစားတဲ့သူတွေကြောင့်ဖြစ်လာတဲ့ရခိုင်ပြည်နယ်က ပြဿနာဟာ အခုချိန်ထိလည်း မပြီးပြတ်သေးတဲ့အခြေအနေတစ်ခုမှာပဲရှိနေဆဲပါ။ ငါ့ဖို့တစ်ဖို့တည်းကြည့်ခဲ့တဲ့သူတွေကြောင့် ဘင်္ဂါလီတွေဟာ ရခိုင်ပြည်မှာဘယ်လိုနည်းနဲ့ကြီးထွားလာမှန်းမသိအောင်ကိုကြီးထွားလာတာ အခုဆိုရင် မောင်းတော၊ ဘူးသီးတောင်ဆိုတဲ့မြန်မာပိုင်နက် ရခိုင်မြေတွေပာာ ဘင်္ဂလားဒေ့ရှ်နယ်လား ထင်မှတ်မှားရလောက်အောင်ကို ဘင်္ဂလီလူမျိုးတွေကြီးစိုးနေပြီဆိုတာကို ၀မ်းနည်းစွာတွေ့မြင်နိုင်မှာပါ။ လူမျိုး၊ ဘာသာ၊ ဓလေ့ထုံးစံ ဘာတစ်ခုမှတူညီတာမရှိတဲ့လူမျိုးစုနှစ်ခု အတူယှဉ်တွဲနေထိုင်နေတာပာာ အချိန်မရွေးပေါက်ကွဲနိုင်တဲ့ဗုံးတစ်လုံး ဖြစ်ခဲ့တာပါ။ အခုတော့အဲဒီဗုံးပာာ ကြိုတင်ကြံစည်ပြီး အကွက်ချစီမံထားတဲ့ ကျူးကျော်မှုတစ်ခုအနေနဲ့ပေါက်ကွဲထွက်သွားပါပြီ။ မြန်မြန်ဆန်ဆန်ဖြေရှင်းဖို့ခက်ခဲလွန်းတဲ့ ပမာဏဖြစ်နေခဲ့တော့ ငြိမ်သွားလိုက်ပြန်ဖြစ်လိုက်နဲ့ပဲ သံသရာလည်နေရင်း ရခိုင်အရေးကတော့ရင်မောစရာကြီး ဖြစ်နေဦးမှာပါ။

အမှန်တော့ရခိုင်အရေးပာာ မြန်မာနိုင်ငံထဲမှာရှိတဲ့ နိုင်ငံသားတိုင်းနဲ့သက်ဆိုင်တဲ့အရေးအခင်းတစ်ခုပါ။ ရခိုင်ပာာ မြန်မာပြည်ရဲ့အနောက်တံခါးပေါက်ဖြစ်နေတဲ့အတွက် အနောက်တံခါးသာကျိုးပေါက်သွားခဲ့ရင် မြန်မာပြည်ထဲကိုအလုံးအရင်းဝင်လာနိုင်တဲ့အင်အားပာာ မြန်မာတစ်နိုင်ငံလုံးကို ၀ါးမျိုဖို့ ကောင်းကောင်းကြီးလုံလောက်တဲ့အနေအထားမှာရှိပါတယ်။ ဒါပေမယ့်ဒီနေရာမှာတစ်ခုပြောချင်တာက ရခိုင်ပဋ္ဋိပက္ခကို ကျူးကျော်မှုတစ်ခုအသွင်ပဲမြင်စေချင်ပါတယ်။ ဒီဘင်္ဂလီလူမျိုးတွေပာာ မွတ်ဆလင်မို့လို့တွန်းလှန်ရတာမပာုတ်ပါဘူး။ ကိုယ့်နိုင်ငံကိုကျူးကျော်ပြီး ကိုယ့်တိုင်းရင်းသားတွေကိုစော်ကားနေတယ်ဆိုရင် ဘယ်ဘာသာဝင်ကိုမဆို တွန်းလှန်ရမှာက နိုင်ငံသားတွေရဲ့တာဝန်ပါ။ အဲဒီတာဝန်ပာာ မြန်မာနိုင်ငံသားတွေဖြစ်တဲ့ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်တွေနဲ့လည်း သက်ဆိုင်ပါတယ်။ အဲဒါကို ဘင်္ဂလီတွေက မွတ်ဆလင်တွေဖြစ်နေလို့ ဗုဒ္ဒဘာသာနဲ့ အစ္စလာမ်ဘာသာအဓိကရုဏ်းလိုမျိုး ဘာသာရေးအသွင်ဖန်တီးတာတော့ လက်မခံနိုင်စရာပါ။ ဒါပေမယ့်လည်း အခုချိန်ထိ အချို့တွေဟာ ဘင်္ဂါလီနဲ့ မွတ်ဆလင်ကို ခွဲမမြင်နိုင်သေးတဲ့အခါ ပဋိပက္ခပိုကြာရှည်ဖို့ မီးထိုးပေးနေသလိုဖြစ်နေရပါတယ်။

ဘင်္ဂလီအရေးပာာ နိုင်ငံသားတိုင်းရဲ့အရေးဖြစ်ပေမယ့် အဲဒီကိစ္စကိုတုန့်ပြန်တဲ့နေရာမှာတော့ ကျနော်တို့နိုင်ငံသားတွေပာာ အားရစရာအခြေအနေတစ်မျိုးမှာမရှိခဲ့ပါဘူး။ ကျနော်တို့လူမျိုးတွေပာာ သနားတတ်တယ်၊ အားနာတတ်တယ်၊ စေတနာကောင်းတယ်၊ သတ္တိရှိတယ် ဒါပေမယ့်ကျနော်တို့မှာ အလုပ်ကြိုးစားတဲ့အစွမ်း၊ စည်းလုံးတဲ့အစွမ်းတွေနည်းပါးနေပါတယ်။ ဘယ်နိုင်ငံမှာမှမရှိနိုင်တဲ့ အချိန်ဖြုန်းစရာ လက်ဘက်ရည်ဆိုင်၊ ဘီယာဆိုင်တွေမှာဆိုရင် မြန်မာပြည်သားလူငယ်လူရွယ်တွေနဲ့ အချိန်မရွေး ကြက်ပျံမကျစည်ကားနေတတ်ပါတယ်။ ဘီယာဆိုင်မှာ ဘောလုံးပွဲကြည့်ရတာ၊ ဘောပွဲလောင်းရတာဝါသနာပါပေမယ့် ကိုယ်တိုင်ကစားခုန်စားလုပ်ဖို့ကျတော့ ၀ါသနာမပါ၊ အချိန်ကို လက်ဘက်ရည်ဆိုင်မှာဖြုန်း ဖို့ဝါသနာပါပေမယ့် ကိုယ့်ဘ၀တိုးတက်ရာတိုးတက်ကြောင်းနေရာတွေမှာကျတော့ မသုံးချင်။ အဲလိုနဲ့ပဲ မြန်မာတွေတဖြည်းဖြည်းနဲ့ ကိုယ်ရည်ကိုယ်သွေးကျဆင်းလာပြီး ခေါင်းဆောင်နေရာကလျောကျ သူများနောက်လိုက်ပဲဖြစ်လာနေတာကို လူမျိုးခြားတွေဦးဆောင်တဲ့နေရာတွေမှာ လုပ်နေရတဲ့မြန်မာတွေများများလာတာကိုကြည့်ရင် သိနိုင်ပါတယ်။ မကြိုးစားတဲ့၊ ဖျင်းတဲ့မြန်မာတွေဒီထက်ဒီထက်များလာရင်တော့ ကြိုးစားတဲ့ လူမျိုးခြားတွေကအလွယ်တကူပဲ မြန်မာနိုင်ငံကိုသိမ်းပိုက်သွားနိုင်ပါလိမ့်မယ်။

လူနှစ်ယောက်ရှိရင် သုံးပါတီဖြစ်တယ်ဆိုတာက မြန်မာပြည်ထဲမှာတော့ အရမ်းခေတ်စားပါတယ်။ တကယ်လည်းကျနော်တို့မြန်မာတွေပာာ စည်းလုံးခြင်းနည်းလွန်းပါတယ်။ စည်းလုံးမှုပြိုကွဲလို့ပဲ အင်္ဂလိပ်လက်အောက်ရောက်ပြီး ထီးသုဉ်းနန်းသုဉ်းနဲ့ နေခဲ့ရတယ်။ လွတ်လပ်ရေးရပြန်တော့လည်း ကိုယ့်တိုင်းရင်းသားချင်း သတ်လိုက်ကြတာဆိုတာမြင်မကောင်းရှုမကောင်း၊ အခုဒီမိုကရေစီစနစ်ကူးပြောင်းနေတဲ့အချိန်ထိအောင်ကိုပဲ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာက အလှမ်းဝေးနေပြန်ပါသေးတယ်။ အာဃာတတရားတွေ၊ သံသယတွေနဲ့တိုက်နေရင်း ကိုယ့်တိုင်းရင်းသားအချင်းချင်းပဲသွေးချောင်းစီး၊ ကိုယ့်တိုင်းရင်းသားတွေပဲ အိုးမဲ့အိမ်မဲ့ဖြစ်နေရရှာပါတယ်။ အမှန်ဆို ကချင်စစ်ပွဲလိုမျိုးနေရာမှာ သံသယတွေနဲ့ကိုယ့်တိုင်းရင်းသားလူမျိုးအချင်းချင်း သေနတ်ပြောင်းတွေဆက်ချိန်မနေသင့်တော့ပါဘူး။ အဲဒီအစား တစ်နိုင်ငံလုံး တိုင်းရင်းသားအားလုံးညီညီညွတ်ညွတ်နဲ့ ကျူးကျော်သူတွေကို ၀ိုင်းဝန်းတိုက်ထုတ်ရမှာပါ။ စည်းလုံးမှုသာရှိရင် မဖြစ်နိုင်ဘူးဆိုတာတွေကိုတောင် ကျနော်တို့လုပ်နိုင်ပါတယ်။ ပမာပြောရရင် အင်တာနက်သုံးစွဲနိုင်မှုအင်မတန်နည်းတဲ့၊ အင်တာနက်အမြန်နှုန်းအင်မတန်နည်းတဲ့ ကျနော်တို့မြန်မာနိုင်ငံကနေ ၂၀၁၂ခုနှစ် Miss international ပြိုင်ပွဲမှာ Miss internet ဆုရရှိခဲ့တာကိုကြည့်ရင် သိနိုင်ပါတယ်။ ဒီလိုအင်တာနက်စုတ်တဲ့နိုင်ငံလေးကနေပြီး ဘယ်လိုမှထင်မှတ်မထားတဲ့ရလဒ်ထွက်ပြီး အကုန်လုံးအံအားသင့်သွားအောင် ကျနော်တို့လုပ်ပြနိုင်ခဲ့ပါတယ်။ အခုလည်းရခိုင်အရေးမှာ ကျနော်တို့စည်းလုံးမှုကိုသာပြနိုင်ရင် ဘယ်နိုင်ငံကမှ ကျနော်တို့ကိုဖိအားပေး၊ နိုင်လိုမင်းထက်မပြုနိုင်ပါဘူး။ ဒါပေမယ့်လည်း အခုချိန်ထိတော့ ကျွန်တော်တို့တွေ ကျူးကျော်သူဘင်္ဂါလီအရေးမှာတောင် တစ်သားတည်းစိတ်ထားမထားနိုင်ကြသေးဘူး။ လစ်ဘရယ်၊ အမျိုးသားရေးဝါဒီ၊ အစွန်းရောက် ခေါင်းစဉ်အမျိုးမျိုး စွပ်စွဲချက်အမျိုးမျိုးနဲ့ အိမ်ကြက်ချင်းခွပ်လို့ကောင်းတုန်းရယ်ပါ။

ဆရာဦးဘဂျမ်းရေးဆွဲတဲ့ကာတွန်းလေးတစ်ပုဒ်အတိုင်းပြောရရင် ကျွန်တော်ကိုယ့်ပေါင်ကိုယ်ပဲထောင်းပါရစေ။ လူငယ်တွေလမ်းမှားနေတာ၊ မြန်မာပြည် ၀ါဒအမျိုးမျိုးနဲ့ စည်းလုံးညီညွတ်မှုပျက်ပြားနေတာတွေကို ပြီးပြုပြင်ဖို့ထောင်းပါရစေ။ ဘာလို့လည်းဆိုတော့ ကိုယ့်ပေါင်ကိုယ်ပြန်ထောင်းရင် ခပ်ဖွဖွထောင်းတော့မနာပါဘူး။ အဲလိုမနာတဲ့အချိန်မှာ အပြစ်တွေကိုကြည့်ပြီး အထောင်းလွတ်အောင်ကြိုးစားသင့်ပါတယ်။ အဲလိုမပာုတ်ဘဲ ကျနော်တို့ကိုယ့်ပေါင်ကိုထောင်းပြီး အပြစ်မရှာထားရင် သူများလာထောင်းတဲ့အချိန်မှာ မညှာမတာအထောင်းခံရပါလိမ့်မယ်။ အချင်းချင်းမညီညွတ်လို့ ရိုဟင်ဂျာအစ္စလာမ်မစ်ပြည်နယ်ဖြစ်သွားမှ နောင်တရမယ်ဆိုရင်တော့ အရမ်းကိုနောက်ကျသွားပါလိမ့်မယ်။

Thurein Hlaing Win