ဘင်္ဂလားနိုင်ငံခြားရေးဝန်ကြီး ဘင်္ဂါလီမက ရိုဟင်ဂျာဆိုတာ မြန်မာကိစ္စပဲ
မြန်မာဘက်က ပြန်ခေါ်ပါဆိုပြီး သူတို့ဘက်မှာ ဒုက္ခသည်အဖြစ်နဲ့ နေနေတဲ့ စစ်တကောင်းဘင်္ဂါလီတွေကို
မြန်မာဘက်အတင်းပြန်ပို့နေပါတယ်။ ဒါ့အပြင် ကော့ဘဇားဒေသက
မဲပေးပိုင်ခွင့်ရှိနေတဲ့ ရိုဟင်ဂျာအမည်နဲ့ စစ်တကောင်းဘင်္ဂါလီတွေကိုလည်း
မဲပေးခွင့်တွေ ပယ်ဖျက်နေတာလည်းတွေ့ရတယ်။
ဒါဟာ လက်ရှိအာဏာရ
အဝါမီလိဂ်က သူ့ရဲ့နိုင်ငံရေးပြိုင်ဘက် ဘင်္ဂလား အမျိုးသားရေးနဲ့
အစ္စလာမ်မစ်ဝါဒီ ဘီအင်န်ပီ လာမဲ့ရွေးကောက်ပွဲမှာ မဲအသာမရအောင် လုပ်နေတာလို့
လေ့လာသူအချို့က သုံးသပ်ကြတယ်။
အမေရိကန်ဦးဆောင်တဲ့ အနောက်ကအမြင်မှာ
လက်ရှိဘင်္ဂလားဝန်ကြီးချုပ် ရှိတ်ဟာဇီနာရဲ့ အဖေ ဘင်္ဂလားကျားကြီး ရှိတ်မူဂျစ်
လက်ထက်ကတည်းက အဝါမီလိဂ်ဟာ ဘာသာရေးနဲ့ နိုင်ငံရေးကို
စည်းခြားတဲ့သဘောထားမျိုးရှိတဲ့ လက်ဝဲယိမ်း လစ်ဘရယ်သမားတွေရဲ့ ပါတီလို့
ယူဆထားတာမို့ သူ့ပြိုင်ဘက် ဘီအင်န်ပီနဲ့ ယှဉ်ရင် အဝါမီလိဂ်
အာဏာရနေတာမျိုးကို သဘောကျကြပုံပဲ။ ဘီအင်န်ပီကတော့ ဗိုလ်ချုပ်ကြီး ဇီယာရာမန်
စထောင်ကတည်းက အစ္စလာမ်မစ်တွေရဲ့ပါတီ အမျိုးသားရေးအစွန်းရောက်တွေရဲ့
ပါတီလို့ သိထားကြတာကိုး။
ဟိုးအရင့်အရင်ကတည်းက ဘာသာရေးကို
တံတိုင်းတစ်ခုလို အသုံးပြုနေတဲ့ ရိုဟင်ဂျာတွေနဲ့ ဘီအင်န်ပီက အဖွဲ့ကျတယ်၊
အဝါမီလိဂ်က သူတို့ကို ချီးထုပ်တွေ ဝန်ထုပ်ဝန်ပိုးတွေလို့သဘောထားပြီး
ဖြစ်နိုင်ရင် အားလုံးယိုတဲ့ချီး ပုဇွန်ဆိပ်ခေါင်းမှာပုံသလို မြန်မာပြည်ထဲ
ပစ်ထည့်ချင်နေတယ်။
ပြီးခဲ့တဲ့ ရက်တွေတုန်းက
မြန်မာဒုနိုင်ငံခြားရေးဝန်ကြီးဆိုတဲ့သူက ဒီရိုဟင်ဂျာဆိုတဲ့
စစ်တကောင်းဘင်္ဂါလီတွေကို လက်ခံပါမယ် ဆိုတဲ့ သတင်းတွေထွက်လာတယ်၊ ဒါပေမဲ့
မြန်မာအစိုးရဘက်က ဒီကိစ္စကို ရေငုံနေပြီး ဘင်္ဂလားဘက်က မီဒီယာတွေသာ ရေးကြသားကြ
ထုတ်လွှင့်ကြတာကို သတိထားမိတယ်။
နောက်တော့ ကုလဒုက္ခသည် မဟာမင်းကြီးနဲ့ သမ္မတဦးသိန်းစိန်တွေ့တော့မှ မြန်မာဘက်က သဘောထားကို အားလုံး သိသွားကြတာ။
ဦးသိန်းစိန်က ဒီဘင်္ဂါလီတွေဟာ စစ်တကောင်းအနွယ်ဖွားတွေပဲ သူတို့ကို
ပြန်မခေါ်နိုင်ပါဘူးလို့ အတိအလင်းပြောသွားတယ်၊ ဒါပေမဲ့ ဖ-ဆ-ပ-လ ခေတ်က
လုပ်ခဲ့တဲ့ အမှားကိုဆက်ခံဖို့ ငြင်းဆန်ခွင့်မရှိတော့ အဲဒီတုန်းက
နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသူတွေရယ်၊ သူတို့က ဆက်ပွားလာတဲ့ သားရယ်
မြေးရယ်ကို ခိုင်ခိုင်လုံလုံ အထောက်အထားပြနိုင်ရင်တော့ လက်ခံမယ်
ဆိုတာမျိုးတော့ ပြောတာရှိတယ်။
ဘင်္ဂလားဘက်က ပြောနေတာက
မြန်မာအစိုးရပြောပြောနေတဲ့ အထောက်အထားစာရွက်စာတမ်း (မှတ်ပုံတင်၊
သန်းခေါင်စာရင်းနဲ့ မွေးစာရင်း ဆိုတာမျိုးတွေ) ရှိတဲ့သူတွေက
သုံးသောင်းကျော်ရှိတယ် မရှိတဲ့သူတွေက လေးသိန်းလောက်ရှိတယ် လို့ဆိုတယ်။
ခိုင်လုံတဲ့ အထောက်အထား ရှိသူနဲ့ သား မြေ ၂ ဆက်ကို လက်ခံမယ်ဆိုရင်တောင်
အရပ်ထဲမှာပြောပြောနေတဲ့ အဖေတစ်ယောက် သားသမီး အယောက် ၂၀ ဆိုတဲ့
ဒီစစ်တကောင်းဘင်္ဂါလီတွေရဲ့ ကြောက်စရာကောင်းတဲ့ မွေးဖွားနုန်းကိုလည်း
ထည့်တွက်ဖို့ လိုမှာလည်း သတိထားမိတယ်။ သုံးသောင်း အမြှောက် နှစ်ဆယ် ကို
နောက်ထပ် အမြှောက် နှစ်ဆယ် ဆိုရင်လည်း မလွယ်လှဘူး။
လောလောဆယ်ဆယ်
ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရဟာ ရာစုဝက်လောက် နာမည်ပျက်
ပုံရိပ်ဆိုးခဲ့တဲ့ မြန်မာနိုင်ငံကို ပုံရိပ်ကောင်းပြန်းထွက်အောင်
အသဲအသန်ကျိုးစားနေရတာ သတိထားမိတယ်။ ကျိုးစားပေမဲ့ သူ့အစိုးရအဖွဲ့ထဲက
ကျပ်မပြည့်တဲ့ အဖွဲ့ဝင်အချို့ရယ်၊ နောက်ကွယ်က သူငယ်နာမစင်သေးတဲ့သူတွေရယ်၊
ကိုယ်ကျိုးစီးပွားထိခိုက်မှာကို အရမ်းစိုးရိမ်နေတဲ့ သိုက်တူးသမားတွေရယ်၊
သူတို့ကိုယ်သူတို့ မရှိမဖြစ်တွေ သူရဲကောင်းတွေ ချောက်ထဲမကျအောင်
ကယ်တင်တဲ့သူတွေလို့ အထင်ရောက်ရင်း ရင်ဘက်ပြားကပ်ကပ်ကို ကော့ကော့ပြနေတဲ့
သူတွေရယ်က ကတစ်ဖက် အတိုက်အခံဘက်မှာလည်း ခံစားခဲ့ရတာကို စားမြုံ့ပြန်ရင်း
အနာဖက်ကို အရသာခံခွာစားနေသူတွေရယ်ကတစ်ဖက်မို့ ဒေါ်အောင်ဆန်းစုကြည်နဲ့
ပူပေါင်းမှု (ဗမာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး) ဟာ အဖုတွေအထစ်တွေနဲ့
ထင်သလောက် ခရီမတွင်လှဘူး။
တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်နဲ့
ဦးသိန်းစိန်အစိုးရ ဒီထက်ပိုပြီး ချောချောမွေ့မွေ့နဲ့ ပူပေါင်းနိုင်မယ်ဆို
မြန်မာ့ပုံရိပ်ဟာ အခုထက်ပိုထွက်နိုင်မယ်။ ဒီထက်မက ဗမာအမျိုးသား
ပြန်လည်ရင်ကြားစေ့ရေးထက်ကိုကျော်ပြီး ဟိုး ဗိုလ်ချုပ်တို့ မကွယ်လွန်ခင်
လွတ်လပ်ရေးခေတ်ကလို့ တိုင်းရင်းသားတွေနဲ့ပါ ပြန်လည်ရင်ကြားစေ့ပြီး
အမျိုးသားညီညွှတ်ရေးကြီး ဖြစ်မယ်ဆို ရာစုဝက်လောက် ဆိုးခဲ့တဲ့ ပုံရိပ်ကို
ပျောက်သွားစေမှာပဲ။
မြန်မာက ဆိုးနေတဲ့ သူတို့ရဲ့ ပုံရိပ်ကို
အသဲအသန် ကျိုးစားပြီး ပုံရိပ်ကောင်းထွက်အောင် လုပ်နေတာကို သတိထားမိတဲ့
ဒီစစ်တကောင်း ဘင်္ဂါလီတွေဟာ မြန်မာ့အခက် ရိုဟင်ဂျာအချက်ဆိုပြီး ကမ္ဘာမှာ
မြန်မာပုံရိပ်ဆိုးထွက်အောင် လိုက်လုပ်ရင်း ဖိအားတွေပေးနေတယ်။
ဒီလူတွေက အင်မတန်လည်တယ်။ ပြဿနာကို လူမျိုးရေးပုံစံမျိုးမဟုတ်ပဲ
ဘာသားရေးဖိနှိပ်မှု ပုံပေါ်အောင် စနစ်တကျ မီဒီယာတွေကို
ဝင်ရောက်ထိုးဖေါက်ထားတာတွေ့ရတယ်။ ဒါဟာ အခုမှမဟုတ်ပဲ လွန်ခဲ့တဲ့
နှစ်တွေအများကြီးကတည်းက စနစ်တကျ ပလန်ချပြီး ကြိုတင်စီစဉ်
ထိုးဖေါက်နေရာယူထားတာပဲ ဖြစ်ရမယ်။
တကယ်တော့ သူတို့ဟာ
အတိုက်အခံတွေရဲ့ စစ်အစိုးရအပေါ် လူ့အခွင့်ရေးချိုးဖေါက်ဖိနှိပ်မှု
စွတ်စွဲချက်တွေကို မှီတွယ်ပြီး ညောင်ပင်လို ဝါးမျိုခဲ့တာပဲ။
သူတို့ရဲ့ အစီစဉ်က ကိုဆိုဗိုမှာလို အစ္စလာမ်ဘာသာဝင် အယ်ဘေးနီးယားတွေ
ကမ္ဘာ့ဂရုဏာသက်မှုနဲ့အတူ အောင်ပွဲခံခဲ့တာမျိုး ဖြစ်အောင်လုပ်ချင်တာ။
မူလက အယူမှန်ခရစ်ယာန်ဘာသာဝင် ဆလပ်တွေရဲ့ နေရာကို ခိုးဝင်ရောက်အခြေချလာတဲ့
အိမ်နီးနားချင်း အစ္စလာမ်ဘာသာဝင် အယ်ဘေးနီးယားက တဖြေးဖြေးနဲ့
အင်အားကြီးထွားလာတော့ မူရင်းဒေသခံ ဆလပ်တွေ လူနည်းစုဖြစ်၊ အဲဒီကနေ အခု
ရခိုင်ဒေသမှာလိုပဲ လူမျိုးရေးပဋိပက္ခဖြစ်တော့ အယ်ဘေးနီးယားက ပံ့ပိုးပြီး
ကိုဆိုဗိုလွတ်မြောက်ရေး တပ်မတော်ဆိုပြီးဖွဲ့ ဒီကနေ အယ်ဘေးနီးယား
အမျိုးသားတပ်မတော်ဆိုပြီး မူလဒေသခံ ဆလပ်တွေကို သတ်တာတွေ ဖြတ်တာတွေလုပ်၊
အဲဒီတုန်းက ယူဂိုဆလားဗီးယား တစ်နိုင်ငံလုံးမှာဆို ဆလပ်တွေက လူများစု
ဖြစ်ပြီး အယ်ဘေးနီးယားအနွယ်တွေက လူနည်းစုပေါ့၊ ဒါပေမဲ့ ကိုဆိုဗိုမှာကတော့
အယ်ဘေးနီးယားအနွယ်တွေက လူများစု ဆလပ်တွေက လူနည်းစု အခု ဘူးသီးတောင်
မောင်းတောလိုပေါ့။
(၁၄ရာစုက ကိုဆိုဗိုမှာ ဆာတ့်က ၉၆.၆%
အယ်ဘေးနီးယားက ၃% ပဲရှိတယ်၊ အဲ ၁၉၉၁ ရောက်တော့ အယ်ဘေးနီးယားက ၈၁.၆% နဲ့
ဆာ့တ်က ၉% ပဲ ကျန်တဲ့အထိ ပြောင်းပြန်ဖြစ်သွားတယ်)
ပြဿနာဖြစ်ပြီဆို
လူများစု ဆလပ်တွေက လူနည်းစု အယ်ဘေးနီးယားအနွယ်တွေကို အနိုင်ကျင့်တာပေါ့
ဒါပေမဲ့ တကယ်ခံရတာက ကိုဆိုဗိုက လူနည်းစု ဆလပ်တွေ၊ အပြင်ကလူတွေက
နကိုယ်ကတည်းက လက်ဝဲ ယူဂိုဆလပ် အစိုးရကို မကြိုက်တာနဲ့ အခုရိုဟင်ဂျာလိုပဲ
အယ်ဘေးနီးယားတွေ အငိုပြကောင်းတာနဲ့ အစ္စလာမ်ဘာသာဝင် နိုင်ငံတွေရဲ့
ပံ့ပိုးမှုနဲ့ နိုင်ငံတကာ အမြင်မှာ လူများစု ဆလပ်တွေ လူနည်းစု
အယ်ဘေးနီးယားတွေကို ဘာသာရေးအကြောင်းပြုပြီး နှိပ်စက်တယ်ပေါ့။
ဒီလိုနဲ့ နောက်ဆုံး မီလိုဆီဗစ်တို့လို ခပ်ကြမ်းကြမ်း ဆလပ် (ဆာ့တ်) တွေ
ဝင်လာတော့ နိုင်ငံတကာအမြင်မှာ ဆလပ်တွေဟာ လူရိုင်းတွေ လူဆိုးတွေလို့
မြင်သွားရရော။
အဲဒီကိုဆိုဗိုစစ်မှာ မွတ်ဆလင်ညီအကို ဆိုတဲ့အမြင်နဲ့
ဘာသာရေးအရဖိနှိပ်မှုလုပ်တယ်လို့ အစ္စလာမ်ဘာသာဝင်နိုင်ငံတွေက ဆာ့တ်တွေကို
ဆန့်ကျင်ကန့်ကွက်ပြီး အယ်ဘေးနီးယားတွေကို ကူညီခဲ့ကြတယ်။ တောင့်တင်းတဲ့
သူတို့ရဲ့ ဓနအင်အားနဲ့ အားနည်းရာကို ဂရုဏာသက်လေ့ရှိတဲ့ မီဒီယာတွေ
လူ့အခွင့်ရေးသမားတွေကို လွှမ်းမိုးပြီး နိုင်ငံတကာအသိုင်းအ၀န်းဟာ
ကိုဆိုဗိုစစ်ပွဲကို အယ်ဘေးနီးယားနဲ့ ဆာ့တ်တွေရဲ့ လူမျိုးရေး ပြဿနာရယ်လို့
မမြင်တော့ပဲ မွတ်ဆလင်လူနည်းကို ခရစ်ယာန်လူများစုက
အနိုင်ကျင့်နှိပ်စက်တယ်လို့ မြင်ခဲ့ကြတယ်။ အများစုက အယ်ဘေးနီးယားနွယ်
အစ္စလာမ်ဘာသာဝင်တွေကိုပဲ ဂရုဏာသက်ခဲ့ကြပြီး ဆလပ်တွေရဲ့ ရက်စက်မှုတွေကိုသာ
ရှုတ်ချကန့်ကွက်ခဲ့ကြတော့ အယ်ဘေးနီးယားတွေရဲ့ ဆလပ်တွေအပေါ် ကျူးလွန်ခဲ့ကြတဲ့
လူသားမဆန်မှုတွေဟာ မှေးမှိန်ခဲ့ရတယ်။
တကယ်ဆို ကိုဆိုဗိုမှာ အယ်ဘေးနီးယား အစ္စလာမ်ဘာသာဝင်တွေက လူများစုဖြစ်ပြီး အယူမှန်ခရစ်ယာန်ဘာသာဝင် ဆာ့တ်တွေက လူနည်းစုပါ။
အခု ရိုဟင်ဂျာဆိုတဲ့ စစ်တကောင်းဘင်္ဂါလီတွေက ဒီနည်းကို ပုံတူကူးပြီး ကမ္ဘာ့က မြန်မာကို အရိုင်းအစိုင်းတွေမြင်အောင် လုပ်နေကြတာပဲ။
၁၉၈၁ ကိုဆိုဗိုမှာ ဆာ့တ်နဲ့ အယ်ဘေးနီးယား လူမျိုးရေး ပဋိပက္ခဖြစ်တော့
အစ္စလာမ်ဘာသာဝင် အယ်ဘေးနီးယားတွေက တိုက်ခိုက်လို့ ဆာတ့်လူမျိုး
တစ်သောင်းလောက် ကိုဆိုဗိုကနေ ပြောင်းပြေးခဲ့ကြတယ်၊ ဆာ့တ်တွေရဲ့ ရှေးဘာသာရေး
အဆောက်အဦးတွေ အဖျက်အဆီးခံရတယ်။ နောက်ပိုင်း ပဋိပက္ခတွေ ခဏခဏဆက်ဖြစ်နေတော့
လူနည်းစုဆာ့တ်တွေက ကိုဆိုဗိုမှာ မနေရဲကြတော့ဘူး။ ဒီလိုနဲ့ ကိုဆိုဗိုဟာ
အယ်ဘေးနီးယားအနွယ် အစ္စလာမ်ဘာသာဝင် လူများစုနေထိုင်တဲ့ အရပ်ဖြစ်သွားခဲ့တယ်။
အခု မောင်းတော ဘူးသီးတောင်မှာလည်း ဒီအတိုင်းပဲ ပဋိပက္ခဖြစ်ရင် ရခိုင်နဲ့
အစ္စလာမ်ဘာဝင်မဟုတ်တဲ့ လူနည်းစုက ပြောင်းပြေးရပြီ။ ကျောင်းဆရာတွေ
ကျမ္မာရေးဝန်ထမ်းတွေ စတဲ့ အစိုးရဝန်ထမ်းတွေတောင် မနေရဲ့ မသွားရဲတော့ဘူး၊
ဒီတော့ နောက်ပိုင်း မောင်းတော ဘူးသီးတောင်ဟာ အာရှရဲ့ ကိုဆိုဗို
ဖြစ်မသွားနိုင်လို့ မပြောနိုင်ဘူးပေါ့။
တစ်နေ့က
တိုင်းရင်းသားပါတီတွေနဲ့ မိတ်ဖက် ဒီမိုပါတီတွေ သမ္မတဦးသိန်းစိန်နဲ့တွေ့ပြီး
ရခိုင်တွေက ပြည်သူ့စစ်လို တပ်ထောင်ပြီး နယ်ခြားစောင့် တပ်အဖြစ်တာဝန်ပေးဖို့
သွားဆွေးနွေးသတဲ့။ သမ္မတကြီးက ဒီကိစ္စအပေါ် ဘာမှမတုံ့ပြန်ပေမဲ့
မြန်မာပြည်မှာက ဘီဂျီအက်ဖ်လို နယ်ခြားစောင့်တပ် ပေါ်လစီရှိတော့
ရခိုင်တွေတင်ပြချက်ဟာ မဖြစ်နိုင်ဘူးလို့လို့လည်း ပြောလို့မရဘူး။
ရခိုင်တွေသာ နယ်ခြားစောင့်တပ်အဖြစ် နယ်ခြားကို စောင့်ရှောက်ရရင်
မျိုးချစ်စိတ်အပြည့်နဲ့မို့ နယ်ခြားကနေ အကျင့်ပျက်ခြစားမှုကို
ဂယ်ပေါက်တစ်ခုလိုအသုံးချပြီး ခိုးဝင်မဲ့ကိစ္စမျိုး မဖြစ်နိုင်တော့ဘူး။
ဒါ့အပြင် အစ္စလာမ်ဘာသာဝင် မဟုတ်သူတွေ မနေရဲတဲ့ မောင်းတောလို ဘူးသီးတောင်လို
နေရာမျိုးတွေမှာ တပ်စွဲခြင်းအားဖြင့် အဲဒီဒေသကို ထိန်းချုပ်ပြီးသား
ဖြစ်သွားနိုင်တယ်။
ဒါပေမဲ့ ရခိုင်တပ်တွေအနေနဲ့ မျိုးချစ်စိတ်
ပြင်းထန်လွန်းတော့ မီလိုဆီဗစ်နဲ့ သူတပ်တွေ ခံသွားရသလို အဖြစ်မျိုး
မကြုံအောင် အတော်လေးသတိထားရမယ်၊ ဒီအတွက် စိတ်ဓါတ်မြင့်မားအောင် ပညာပေး
လေ့ကျင့်ထားဖို့လိုမယ်။
ဒါ့အပြင်နောက်တစ်ချက်က နယ်ခြားစောင့်တပ်ဟာ
ပြည်ထောင်စုတပ်မတော်ရဲ့ အထိန်းအကွပ်အောက်မှာရှိဖို့လိုတယ်၊ ဒါကလည်း
ရာဇဝင်ကို လှေလုပ်စီးပြီး အတိတ်က ရွှေထီးကို ပြန်တမ်းတတတ်တဲ့ အလေ့အထ
တိုင်းရင်းသားလူမျိုးစုတွေမှာ ရှိကြတာမို့ နယ်ခြားစောင့်တပ်ကနေ
ခွဲထွက်ရေးတောင်းဆိုတဲ့ တပ်ဖြစ်မသွားအောင်ပါ။
တစ်ဖက်မှာလည်း
နိုင်ငံတကာက အစ္စလာမ်ဘာသာဝင်နိုင်ငံတွေက ရိုဟင်ဂျာပြဿနာကို
ဘာသားရေးနှိပ်ကွပ်တဲ့ လုပ်ရပ်ဆိုပြီး ဒါးဆွဲ ဒုတ်ဆွဲ မြန်မာကို
ဆဲဆိုရှုတ်ချကြိမ်းဝါးနေတာကို ပြည်တွင်း မြန်မာနိုင်ငံသား
အစ္စလာမ်ဘာသာဝင်တွေက ဒါဟာ ဘာသာရေးပြဿနာမဟုတ်ဘူး လူမျိုးရေးပြဿနာပါလို့
ဘာလို့ထွက်မပြောကြသလဲ။ သူတို့ပါ ဒီစစ်တကောင်းဘင်္ဂါလီတွေကို
မွတ်ဆလင်ညီအကိုများဆိုပြီး ဂရုဏာသက် ဘက်လိုက်ကာကွယ်တဲ့ စာတွေ
အပြောတွေလုပ်နေကြတယ်၊ ဒါလည်း မဟုတ်သေးဘူး။
အခုတော့ အားလုံးက
ဒီစစ်တကောင်းဘင်္ဂါလီတွေ ကြောင်းတဲ့လမ်းအတိုင်းလိုက်ပြီး ဘာသာရေးပဋိပက္ခယိမ်း
ကနေကြတယ်။ ဒါနဲ့ပတ်သတ်ပြီး တစ်ခုသတိရမိတာက ဒီပဋိပက္ခတွေမဖြစ်ခင် တစ်လ
နှစ်လလောက်က ဗလီဆောက်တဲ့ ကိစ္စနဲ့ အငြင်းပွားမှုတွေ အစ္စလာမ်ဘာသာဝင်တွေနဲ့
စီးပွားရေးအရ အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာဟာ တစုံတရာဟာ
ဒီလမ်းကြောင်းရောက်အောင် အချိန်အတော်ကြာကြာကတည်းက စီစဉ်နေခဲ့တယ်လို့
ယူဆလောက်တယ်။
အထူးသဖြင့် အစ္စလာမ်ဘာသာဝင်တွေက ဘာမှမဆိုင်ပဲ
ငါတို့မွတ်လဆင်တွေဆိုပြီး ရိုဟင်ဂျာဘက်လိုက် ပြောနေရေးနေကြတာ
အရမ်းသိသာလွန်းတယ်၊ ကမ္ဘောဒီယားနဲ့ ထိုင်း ဟိန္ဒူဘုရားကျောင်းလုပွဲတုန်းက
နုတ်ဆိတ်လွန်းတဲ့ အာဆီယံအတွင်းရေးမှူး ထိုင်းနိုင်ငံသား အစ္စလာမ်ဘာသာဝင်
ဒေါက်တာဆူရင်းဖစ်ဆူဝမ်က အခု ရိုဟင်ဂျာကိစ္စကျမှ အသံထွက်လာတာ
အတော်ရုပ်ပျက်လွန်းတယ်။
တကယ်ဆို ရိုဟင်ဂျာပြဿနာကို
အဲဒီမွတ်ဆလင်နိုင်ငံတွေက ဘာများဖြေရှင်းပေးနိုင်သလဲ၊ အိန္ဒိယက သူ့ထဲဝင်လာတဲ့
ဘင်္ဂလားတွေကို ပစ်သတ်နေတာကို မွတ်ဆလင်ဘရားသားဆိုပြီး ဘာပြောရဲသလဲ၊ တကယ်ဆို
အိန္ဒိယရဲ့ အနောက်ဘင်္ဂလားဟာ အရှေ့ဘင်္ဂလားဆိုတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ တနွယ်တည်းသော
ဘင်္ဂါလီလူမျိုးတွေနေနေကြတာ၊ အဲဒါကမှ ဘာသာရေးပြဿနာစစ်စစ်။ ပြီးတော့
မြင့်မြတ်ရာနယ်မြေဆိုတဲ့ ဆော်ဒီကရော မွတ်ဆလင်ဘရားသားဆိုပြီး သူ့ဆီရောက်တဲ့
ရိုဟင်ဂျာတွေကို ကောင်းကောင်းမွန်မွန် နေရာပေးလက်ခံပါရဲ့လား။
တကယ်တော့ အလာဟ်ကပဲဖန်ဆင်းထားထား ဘုရားသခင်ကပဲ ဖန်တီးခဲ့တယ်ဆိုဆို
ယေဟိုးဝါးကပဲ ပြုလုပ်ခဲ့တယ်ပြောပြော ဗြဟ္မာကြီးတွေကြောင့် ပေါ်လာတာပဲဖြစ်ဖြစ်
လက်ရှိ ကမ္ဘာမြေကြီးဟာ နယ်နမိတ်အပိုင်းအခြားတွေ နိုင်ငံအခွဲအခြမ်းတွေနဲ့
စိတ်ပိုင်းထားပြီး ပိုင်ဆိုင်သူအသီးသီးနဲ့ နယ်မြေတွေဖြစ်နေကြပါပြီ။
အဲဒီအပိုင်းအခြားထဲမှာ နေနေကြတဲ့ လူတွေဟာလည်း လူချင်းအတူတူပဲမပြောနဲ့
အမေ၀မ်းထဲက တ၀မ်းထဲ ထွက်ခဲ့ပါစေ ခံယူတဲ့ နိုင်ငံသားချင်းမတူရင်
လူမျိုးကွဲပဲ။ ဒီတော့ ဘယ်လောက်ပဲ ဘာသာတူတူ နိုင်ငံသားချင်းမတူရင်
လူမျိုးခြားပဲ။
ဘာသာရေးနဲ့ နိုင်ငံသား ကွဲကိုကွဲနေရမယ် မဟုတ်ရင် အားလုံးရှုတ်ကုန်မှာ။
ဘယ်လိုပဲဖြစ်ဖြစ် ဘာသာနဲ့ လူမျိုး လေ၀မ်းမကွဲသူတွေက ဘယ်လောက်ပဲ အော်နေပါစေ
ရခိုင်မြောက်ပိုင်းကို ဒုတိယကိုဆိုဗိုတော့ အဖြစ်မခံနိုင်တာ
မြန်မာမှန်တဲ့သူတိုင်းရဲ့ဆန္ဒပါ။
ကျနော်တို့သာ ဟိုတွေးဒီရေး
ပြောနေဆိုနေကြပေမဲ့ နိုင်ငံခေါင်းဆောင် တက်လုပ်နေသူတွေကတော့ ဘာလုပ်ရမယ်ကို
စီစဉ်ပြီးသားဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
http://bdcburma.wordpress.com/
Credit to > ခရီးသွားငှက်ငယ်
Monday, March 31, 2014
Saturday, March 22, 2014
စစ်တွေနှင့် မောင်တောကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထည့်ရန် ရေးသားမှု မြန်မာအစိုးရ ပြင်းပြင်းထန်ထန် ကန့်ကွက်
ရန်ကုန်၊ မတ် ၂၁
ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော ဒေသများကို လူထုဆန္ဒ ခံယူ၍ ခွဲထုတ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်ထဲ ထည့်သွင်းရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် Dahaka Tribune သတင်းဌာန၏ ရေးသား ဖော်ပြချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ရခိုင်ပြည်နယ်တွင် လူထုဆန္ဒ ခံယူမှုလုပ်ရန် လိုပြီလား” အမည်အရ အဆိုပါ
ဆောင်းပါးသည် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိခိုက်စေခြင်း၊
နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထိခိုက်စေခြင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး
မတည်ငြိမ်မှု ဖြစ်အောင် သွေးထိုး လှုံ့ဆော်ရာ ရောက်စေခြင်းတို့ကြောင့်
ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ခေါ်ယူ၍ အဆိုပါ ရေးသားချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောဆိုမည် ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ မြန်မာ သံအမတ်ကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရကို ယင်းကိစ္စနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ကန့်ကွက်သည်ဟု ပြောဆိုမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော ဒေသများတွင် နေထိုင်ကြသည့် ဘင်္ဂါလီ (မူရင်းအသုံး- ရိုဟင်ဂျာ) များသည် နှိပ်စက်ခံရမှု၊ ခွဲခြား ဆက်ဆံခံရမှု၊ နိုင်ငံသားဖြစ်ခွင့်၊ မဲပေးခွင့် ငြင်းပယ်ခံရမှု၊ ကလေးနှစ်ဦးသာ မွေးဖွားခွင့်ရှိမှု စသည့် ပြဿနာများမှာ ဖြေရှင်းရန် မလွယ်ကူကြောင်း၊ ယင်းပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ လူထုဆန္ဒ ခံယူကာ စစ်တွေ၊ မောင်တော ဒေသများကို ရခိုင်ပြည်နယ်က ခွဲထုတ်၍ ဘင်္ဂလားဒေ့ရှ် နယ်နိမိတ် စစ်တကောင်း ဒေသနှင့် ပူးပေါင်းရန် ဖြစ်ကြောင်း Dahaka Tribune သတင်းဌာနက ဖော်ပြထားသည်။
အဆိုပါ ဆောင်းပါးတွင် လက်ရှိ ဖြစ်ပွားနေသည့် ကရိုင်းမီးယား ဒေသကို လူထုဆန္ဒ ခံယူကာ ရုရှား နယ်နိမိတ်ထဲ ထည့်သွင်းသည့် ကိစ္စ အပါအဝင် နိုင်ငံနယ်နိမိတ် ခွဲထုတ်မှု အချို့ကို ဥပမာများ ပေးကာ စစ်တွေ၊ မောင်တော ဒေသများကို ရခိုင်ပြည်က ခွဲထုတ်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းရေးသား ဖော်ပြထားသည်။
“ဘင်္ဂလားဒေ့ရှ် အနေနဲ့လည်း နိုင်ငံတကာ နယ်စပ်တွေမှာ ရှိတဲ့ အတိဒုက္ခ ရောက်နေတဲ့ သွေးသား တော်စပ်တဲ့ သူတွေအတွက်ကို ထူးထူးခြားခြား ထပ်ပြီး စဉ်းစားနေဖို့ မလိုပါဘူး။ သူတို့က ကရိုင်းမီးယားလိုပဲ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကြားက လွတ်လပ်တဲ့ နိုင်ငံ ဖြစ်သင့်ပြီ။ ဒီအခွင့်အရေး ဆိုတာမျိုးကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရက အတင်းအကျပ် လုပ်ယူထားတာ မဟုတ်ဘူး။ နဂိုရှိပြီးသား သဘောမျိုးပါပဲ” ဟု ယင်းဆောင်းပါးတွင် ပါရှိသည်။
နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာ အာဏာကို အခြားတစ်နိုင်ငံက ဝင်ရောက် စွက်ဖက်၍ မရကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ဝင်ရောက် စွက်ဖက်ရာ ရောက်သည့် အဆိုပါ ရေးသား ဖော်ပြမှုကို ကန့်ကွက် ရှုတ်ချကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
“ရခိုင်ပြည်နယ်တွင် လူထုဆန္ဒ ခံယူမှု လုပ်ရန် လိုပြီလား” အမည်ရ အဆိုပါ ဆောင်းပါးကို Zeeshan Khan ဆိုသူက ရေးသားခဲ့ပြီး ယင်းရေးသားချက်ကို မတ်လ ၂၀ ရက်နေ့က Dahaka Tribune တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ယင်းသို့သော ရေးသားမှုမျိုးမှာ စာနယ်ဇင်း ကျင့်ဝတ်နှင့် မညီကြောင်း၊ လူမျိုးစု နှစ်စုအကြား ပဋိပက္ခ ဖြစ်စေသည့် ရေးသားမှုမျိုး ဖြစ်ကြောင်း ပြည်တွင်း သတင်းစာဆရာ အချို့က ထောက်ပြကြသည်။
The Voice Weekly

ရခိုင်ပြည်နှင့် ဘင်္ဂါလီ ရာဇ၀င်
ဘင်္ဂလီးကုလားရန်မီးအစ (၁၉၄၂)ခုနှစ်
ရခိုင်ပြည်တွင် ဘင်္ဂလီကုလားများအစုလိုက်အပြုံလိုက်ပြောင်းရွှ့အခြေချမှုမှာအချိန်ကာလအားဖြင့် သုံးကြိမ်ရှိခဲ့ပါသည်။ပထမအကြိမ် မြောက်ဦးခေတ်တွင်စစ်သုံးပန့်(သို့)ကျွှန်အရောင်းအဝယ်နှင့် ရောက်
ရိုလာသူများဖြစ်ပါသည်။ဒုတိယအကြိမ် ဗြိတိသျှကိုကိုလိုနီခေတ်လယ်ပိုင်းလောက်တွင် ကူလီအဖြစ်ဖြင့် ဝင်ရောက်လာသူများ၊တတိယအကြိမ် ကိုလိုနီခေတ်နှောင်းပိုင်းနှင့် ပါလီမန်ခေတ်တွင် ခိုးဝင်အခြေချသူ များဖြစ်ကြပါရေ။
မြောက်ဦးခေတ်သုံးပန့်
သမိုင်းပညာရှင် ဦးခင်မောင်စော(ဘာလင်)လန်ဒန်တွင်ဖတ်ကြားအပ်သော Religions of Arakhan
ဆိုသည့်စာတမ်းမှာမြောက်ဦးခေတ် မင်းဗာဘုရင်လက်ထက် သက္ကရာဇ် ၁၅၃၃ ခုနှစ်တွင် စစ်တကောင်းကို
ပြန်လည်သိမ်းပိုက်စဉ်ကဖမ်ဆီးမိသောဘင်္ဂလီစစ်သုံးပန့်များကိုသံတွဲမြို့သို့ ကျွန်အဖြစ်ခေါ်ယူလာသည့်
အကြောင်းတင်ပြထားသည်ကိုတွေရိုရပါရေ။
ယ္ခုသံတွဲခရိုင်တွင် ထင်ရှားသည့် ဆံတော်၊အံတော်၊နံတော်၊စေတီတော်များသည် ဘင်္ဂလီဘုရားကျွန် များလုပ်အားဖြင့်တည်ဆောက်ခရေလို့ စာတမ်းတွင်ဖေါ်ပြထားပါရေ။ သံတွဲမြို့စားမြောက်ဦးထီးနန်း ကိုပုံကန် ထကြွသည့်အခါ ဘုရားကျွန်ဘင်္ဂလီများသည် ပုံကန်သူဖက်ကပါဝင်ကြပါသည်။ ထိုအရေးအခင်း အရေးနိမ့်သွားသည့်အခါ မင်းပြစ်မင်းဒဏ်ကိုကြောက်ရွံ့၍ဘုရားကျွန် လေးထောင်ခန့်သည် အထက် မြန်မာပြည် အင်းဝဘုရင်ထံသို့ထွက်ပြေးခိုလုံကြပါရေ။
ထိုဘင်္ဂလီများကိုအင်းဝဘုရင်မှ ကောင်းမွန်စွာလက်ခံ၍သူတို့အားဘုရားကျွန်အဖြစ်မှ ကင်းလွတ်ကြောင်းကြေးငြာကာမြေဒူးဆိုသည့်အရပ်တွင် နေရာချထားခပါရေ။ထိုမူဆလင်များကိုမြေဒူး
မူဆလင်ဟုခေါ်ကြပါသည်။ ထိုမြေဒူးမူဆလင်များသည် မြန်မာဘုရင် အဆက်ဆက်တွင်သစွာရှိစွာ အမှုထမ်းရွက်ခဲကြပြီး မြန်မာပြည်အထက်ပိုင်းတွင် နှစ်ပေါင်း(၁၅၀)ခန့် အခြေချနေထိုင်ခဂတ်ပါသည်။
တချို့မှာဘိုးတော်မောင်ဝိုင်း၏ ရခိုင်ကျူးကျော်စစ်ပွဲကာလ၌သံတွဲစစ်မျက်နာ မှဝင်ရောက် တိုက်ခိုက်ခဲ့ကြ၍ရခိုင်ပြည်ကို သိမ်းပိုက်ပြီးသည့်အချိန်တွင်ဗမာပြည်ကိုမပြန်တော့ပဲသံတွဲတွင် ပြန်လည်အခြေချနေထိုင်ခဲ့ကြပါသည်။ ယင်းကြောင့် သံတွဲ၌ရှိ သည့် မြန်မာနိုင်ငံသားမြေဒူးမူဆလင်များသည်၊ ယ္ခုရခိုင်ပြည်ရိုဘင်္ဂလီကုလား များကဲ့သို့ ဘင်္ဂလီစကား၊ရခိုင်စကားမပြောပဲအညာသံဗမာစကားကိုပြောဆိုကြသည် ဟုစာတမ်း တွင်ဆိုထားပါသည်။
၁၈၂၆ ခုနစ်တွင် ရန္တာပိုစာချူပ်အရရခိုင်ဒေသ ဗြိတိသျှလက်အောက် ကျရောက်သွားခဲသည့်အခါ ဘင်္ဂလီများသည် ၁၈၈၀ မှစပြီးလယ်ကူလီအဖြစ် လာလုပ်ခဲ့ကြပါသည်။အမှန်အားဖြင့် ရခိုင်မြေပေါ်တွင် စတင်အခြေချနေထိုင်ရန် စတင်ခဲ့သည့်အချိန်မှာ ၁၉၁၆ မှ ၁၉၁၈ ခု ကြားကာလတွင်အရှေ့အိန္ဒိယကုမ္ပဏီ သည် ဘူးသီးတောင်၊မောင်တောဒေသကို လမ်းဖေါက်ရန် အလုပ်သမားများခေါ်သွင်းလာရာမှနေ စတင်ခဲ့သည်ဟုသိရပါသည်။ ၄င်းနောက် ဗြိတိသျှအစိုးရသည် ၁၉၃၀ ခုနစ်တွင် ရာသီအလိုက်
ကူလီအဖြစ် ဘင်္ဂလီလေးသောင်းကိုစစ်တကောင်းမှ ခေါ်သွင်းခဲ့သည်ဟုဖေါ်ပြပါသည်။
ထိုအချိန်ကာလအတွင်းတွင် ဘင်္ဂလီများသည် အလုပ်လာလုပ်ပြီးနေရပ်ပြန်သည့်လူနှင့် အခြေချနေထိုင်ကျန်ခဲ့သည့် လူအမျိုးမျိုးရှိမည်ဟုယူဆရပါသည်။ ထိုကာလအထိရိုဟင်ဂျာ ဆိုသည့် ဝေါဟာရမှာမပေါ်သေးပေ။ ဒုတိယကမ္ဘာစစ်အတွင်းဂျပန်အဝင်အင်္ဂလိပ်ပြေးစဉ် လက်နက်များကိုဘင်္ဂလီများထံချန်လှပ်ထားခဲ့ပါသည်။
(၁၉၄၂)ခုနှစ် အဓိအရုံးတွင် ဘူးသီးတောင်၊မောင်တောရှိ ရခိုင်များသည် ဘင်္ဂလီတို့၏ရန်ပြုမှုကြောင့် ကျောက်တော်ဖက်သို့ပြောင်းရွှေ့ခြေချခဲ့ကြရပါသည်။ ထိုအရေးအခင်း၌ ရခိုင်လူမျိုးထောင်ပေါင်းများစွာ အသက်ဆုံးရုံးခဲရပါသည်။ ထိုအရေးခင်းမတိုင်မီက ဘူသီတောင်နှင့်မောင်တောတွင် ရခိုင်ရွာကြီးပေါင်း (၁၂၉) ရွာတည်ရှိခဲ့ရာမှ ဒုတိယ ကမ္ဘာစစ်ပြီးခေတ်တွင် ရွာပေါင်း(၆၈) ရွာ၌ တစ်ချို့တဝက်ခန့်သာ ပြန်လည်အခြေချ နေထိုင်ခဲ့ကြပါသည်။
ထိုအရေးခင်း၌ ရခိုင်ပြည်တွင် ရွာပေါင်း (၃၀၀)ကျော်မီးရှို့ခံရပြီး ရခိုင်ရွာအများစုမှာ ကုလားရွာများဖြစ်ကုန်ကြပါသည်။
ထိုကြောင်း (၁၉၄၇)ခုတွင် ခွဲထွက်ရန်အတွက် မူဂျာဟိတ်(စ်) မြေအောက်လှုပ်ရှားမှုစတင်ခဲ့ပါသည်။ ထိုကြောင့် (၁၉၄၉) ခုတွင် ပုံကန်သူ မူဂျာဟိတ်(စ်)များသည် ကျန်ရှိသော ရခိုင်ရွာများကို မီးရှို့သတ်ဖြတ်မူကြောင်း မောင်တော ဒေသမှ ရခိုင်လူဦးရေ (၅)ထောင်ကျော်မှာ သူတို့၏ရွာများကို စွန့်ပစ်ထွက်ပြေးခဲ့ကြရပါသည်။ လူအများအပြားလည်း သေဆုံးခဲ့ရပါသည်။
ထိုလက်လွတ်စွန့်ပစ်ခဲ့ရသော ရခိုင်ရွာများတွင်လည်း ဘင်္ဂလီကုလားများအစားထိုးနေရာ ယူလာခဲ့ကြပါသည်။ (၁၉၄၉)ခု မူဂျာဟိတ်(စ်) အရေးခင်းသည် (၁၉၄၂)ခု ကုလား၊ရခိုင် အဓိကရုဏ်း၏ နောက်ဆက်တွဲဖြစ်၍ ဦးခြားခွဲထွက်ရန်အထိ ရည်ရွယ်ပြီးလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ထိုမူဂျာဟိတ်(စ်) အရေးခင်းနောက်ပိုင်း ပါလီမန်ခေတ် ရွေးကောက်ပွဲတွင် ရခိုင်အခြေစိုက် ရတည ပါတီကို ယှဉ်ပြိုင်ရန် (၁၉၆၀)ခုတွင် ဘူသီးတောင်၊မောင်တောနှင့် ရသေ့တောင်ဒေသကို မေယုနယ်ခြား ခရိုင် သတ်မှတ်ပြီး ဘင်္ဂလီကုလားများကို ဖဆပလ အစိုးရမှ မဲပေးခွင့်ပေးခဲ့ပါသည်။
ယင်ကြောင်း ထိုဒေသမှ ထောက်ခံမဲဖြင့် ဘင်္ဂလီအမတ်များ လွတ်တော်ထဲရောက်လာ၍ အစိုးရဝန်ကြီးများဖြစ်လာခဲ့ပါ
ပါသည်။ ထိုအချိန်မှစ၍ ဘင်္ဂလီများ ပြည်မသို့ စိမ့်ဝင်မှုလည်း တစတစများလာပြီး ရခိုင်ပြည်နယ်အတွင်းသို့ ဘင်္ဂလာမှာခိုးဝင်လာ
သည့် လူများလည်း တစတစများပြားလာခဲ့ပါသည်။
ပါလီမန်တွင် နေရာရသည့် ဘင်္ဂလီကြောင့် ရခိုင်ဒေသရှိသည့် ဘင်္ဂလီများသည် အခိုင်အမာ ခြေကုတ်ယူလာ နိုင်ခဲ့ကြပါသည်။
ရခိုင်တို့ ပိုင်ဆိုင်ခဲ့သော မြေယာများမှာလည်း သူတို့လက်ထဲ တဖြည်းဖြည်းရောက်လာခဲ့ပါသည်။ ရခိုင်ရွာတစ်ရွာတွင် ရခိုင်များပြီး
ဘင်္ဂလီနည်းသည်မှာ ပြဿနာမရှိပေ။ ဘင်္ဂလီများလာသည့် ရခိုင်ရွာများသည် သူတို့နှောက်ယှက်မှုကြောင့် တာရှည်နေထိုင်ခြင်း
မရှိပဲ ပြောင်းရွှေ့ခဲ့ရပါသည်။
ယ္ခုဖြစ်ရသည့် အဓိကရုဏ်းကြောင့် ဤနေ့အထိ ထိုဒေသမှရခိုင်များသည် သူတို့ရွာများတွင်ဆက်မနေရဲကြပေ။ရခိုင်အများ
စုရှိသော မြို့ရွာများကို ရွှေ့ပြောင်းနေကြရပါသည်။ ဘင်္ဂလီကုလားတို၏ ရှည်ရွယ်ချက်မှ ရခိုင်မြောက်ပိုင်းကို မူဆလင်(ကုလား)
နိုင်ငံဖြစ်အောင် ဖန်တီးရန်ဖြစ်ပေသည်။ ထိုကဲ့သို့ လုပ်နိုင်ရန် နည်းမျိုးစုံဖြင့်ကြိုးစားခဲ့ကြပါသည်။ ထိုကဲ့သို့ကြိုးစားမှုကြောင့်
ဒေသခံရခိုင်များနှင့် မကျေမလည် (အဆင်မပြေ) ဖြစ်ကြသည်မှ ဤရခိုင်တွေမရှိမှသာလျှင် ဤဒေသကို လွမ်းမိုးနိုင်မည်ဆိုသည့်
မျော်လင့်ချက်ဖြင့် ဘင်္ဂလီကုလားတို့သည် လူအင်အားကိုအသုံးပြုပြီး ရခိုင်တို့ကို တိုက်ခိုက်မောင်းထုတ်ခြင်းပင်ဖြစ်လေသည်။
ထိုသို့ဖြစ်ရခြင်းသည် မြောက်ဦးခေတ်တွင် အခြေချခဲ့သည့် ဘင်္ဂလီ၊အာရပ်၊ပထန်၊အဂိုနှင့် ပေါ်တူဂီစသည့် နိုင်ငံခြားသား
များကြောင့်မဟုတ် ဗြိတိသျှကိုလိုနီခေတ်၊မဆလခေတ်၊ပါလီမန်ခေတ်၊နဝတ၊နအဖ၊ခေတ်အဆက်ဆက်တွင် ဝင်ရောက်လာသည့်
ဘင်္ဂလီများကြောင့်ပင်ဖြစ်ပေသည်။ မြောက်ဦးခေတ်တွင် အခြေချနေထိုင်ခဲ့သည် ဘင်္ဂလီဦးရေမှာ အလွန်နည်းပါးပြီးသူတို့၏
ကိုးကွယ်ယုံကြည်မှုမှလွဲလျှင် ကျန်သည့်နေမှုပုံစံ စိတ်နေသဘောထား စရိုက်သဘာဝများမှာ ရခိုင်လူနေမှုစနစ်ထဲ စိမ့်ဝင်ရော
နှောသွားခဲပါပြီး။
(၁၉၅၀) ခုနောက်ပိုင်းတွင် လူမသိသူမသိသောရှေးဟောင်းဘင်္ဂလီဝေါဟာရရိုဟင်ဂျာကိုရခိုင်ပြည်ရောက် ဘင်္ဂလီကု
လားတချို့ကရခိုင်တိုင်းရင်းသားလူမျိုးသစ်အမည်အဖြစ် လှည့်စားအသုံးပြု၍နိုင်ငံရေးခေါင်းစဉ်တခုတပ်နိုင်ရန် တောင်ဆိုနေ
ခြင်းဖြစ်ပေသည်။ အဆိုပါ ရှေးဟောင်းဘင်္ဂလီဝေါဟာရရိုဟင်ဂျာဆိုသည်မှာရခိုင်ပြည်ကိုရိုဟင်ဟုဘင်္ဂလီများကဘင်္ဂလီဘာ
သာဖြင့် ရှေ့ခေတ်ကခေါ်ဆိုကြခြင်းသာဖြစ်ပြီးဆင့်ပွားဝေါဟာရဖြစ်သောရိုဟင်ဂျာမှာရခိုင်းပြည်သား(သို့)ရခိုင်များနှင့်သာ
သက်ဆိုင်ပြီးရခိုင်ပြည်သို့ ဘင်္ဂလားမှ ရွှေ့ပြောင်းဝင်ရောက်လာသူဘင်္ဂလီများနှင့် လုံးဝသက်ဆိုင်မူမရှိကြောင်း ပြင်သစ်နိုင်ငံ
သားသမိုင်ပညာရှင် “Dr.Jacquesleider”ကဆိုထားပါသည်။
လွန်ခဲ့သောအချိန်ကာလများကရိုဟင်ဂျာဝေါဟာရကိုမည်သူမျှ တိတိကျကျအဓိပ္ပါယ် မဖွင့်ဆိုနိုင်ခဲ့ကြပေ။ယင်းအတွက်
(Dr.Jacquesleider)ဒေါက်တာဂျက်ကော့(စ်)လိုင်ဒါ၏ လေ့လာတွေရှိချက်ကိုဗဟုတုတဖြစ်ဖွယ် ဖေါ်ပြလိုက်ပါသည်။
(၁၉၅၄)ခုတွင် ရိုဟင်ဂျာသည် တိုင်းရင်းသားဖြစ်ကြောင့် တိုင်သိ ပြည်သိကြေငြာသည်ကိုနိုင်ငံတော်ဝန်ကြီးချုပ် ဦးနု
အစိုးရလက်ထက်ဦးမှလည်းအစိုးရပိုင်းအနေဖြင့် တိုင်းရင်းသားအဖြစ် အတည်ပြုခဲ့ကြပါသည်။မြန်မာအသံ၌လည်းရိုဟင်ဂျာ
ဘာသာစကားဖြင့် အသံလွင့် အစီအစဉ်သည် (၁၉၆၅)ခုအထိတည်ရှိခဲ့ပါသည်။သို့သော် ဝန်ကြီးချုပ်ရုံးကကြေငြာချက်ထုက်ပြန်
ခဲ့သည့်မျိုး၊လွတ်တော်မှ မဲခွဲဆုံးဖြတ်မှုမျိုးမဟုတ်ပေ။(၁၉၇၈)ခုတွင် နေဝင်း၏ နဂါးမင်းစီမံချက်ကြောင့် ဘင်္ဂလားဒေခ်ျကိုထွက်
ပြေးသွားခဲ့သည့် ဘင်္ဂလီများကိုဟင်္သာစီမံချက်အရ ပြန်လက်ခံခဲ့သည့်အခါ နဂိုမှုလရှိသည့် ဦးရေထက်အပြင် ပိုမိုလက်ခံခဲ့ရ
သည်ဟုစစ်စာတမ်းများအရသိရှိရပါသည်။ (၁၉၈၈)ခုနစ် မြန်မာနိုင်ငံ၌ လူထုအုံကြွမှုကြီိးပေါ်ပေါက်လာသည့်အခါ နှစ်ပေါင်း
(၂၀)ကျော် ငုပ်လျှိုးနေသောရိုဟင်ဂျာအမည်နှင့် အသံမှာကျယ်လောင်စွာ ပြန်လည်ရိုက်ခက်လာခဲ့ပါသည်။
အထူးသဖြင့် ပြည်ပရောက် ဘင်္ဂလီကုလားများသည် ရခိုင်သမိုင်းတခုလုံးကိုအရည်ကြိုဖျက်စီး၍ရိုဟင်ဂျာအမည်အောက်
သမိုင်းသစ်ကိုဖန်တီးခဲကြပါသည်။နောက်တဖက်တွင်လည်းအစိုးရမဟုတ်သောနိုင်ငံတာအဖွဲ့အစည်းများNGOs၊UN နှင့်
အခြားအဖွဲ့အစည်းများ၊အစွန်ရောက် အစ္စလာမ်စစ်သွေးကြွတို့၏ ကူညီးထောက်ပံ့မူများနှင့်အတူမီဒီယာများမှတမျိုး၊ စစ်ရေးအရ
တဖုံတချိန်တည်းတပြိုင်တည်းတွင် ရခိုင်ပြည်ကိုရိုဟင်ဂျာကုလားပြည်ဖြစ်အောင် နည်းမျိုးစုံဖြင့် အားထုတ်နေကြသည်ကိုအား
လုံးအသိပင်မဟုတ်ပါလား။
သို့ဖြစ်ပါ၍ ပြည်တွင်၊ပြည်ပ၌ရှိနေသော် ရခိုင်လူငယ်များရောက်ရာရပ်၌ပျော်မွေ့စွာမနေထိုင်ဂတ်ဘဲမိမိရို့အမျိုးဘာသာ
သသနာကိုဖျက်စီးရန် ကျူးကျော်လာသောသမိုင်းလိမ်မူဆလင်ရန်ကိုကာကွယ်ရန် ရခိုင်ပြည်နှင့်ရခိုင်လူမျိုးအားစောက်ရှောက်
ရန် အတွက် ရခိုင်လူမျိုးများအားလုံးသွီးစည်းညီညွတ်ဖို့လိုအပ်ပါသည်။
မှတ်ချက်။ ။ရခိုင်ဝံသာနုစာပီအသင်းမှ ၂၀၁၂ ခုနစ်၊စက်တင်ဘာလတွင် ထုတ်ဝေသည့် အမျိုးသားရေးစာစောင်မှ မူရင်းအတိုင်းရေးသားဖော်ပြထားပါသည်။
Credit to >ခရီးသွား ငှက်ငယ်
Credit to >ခရီးသွား ငှက်ငယ်
တင်းတိပ်ကို ဘယ်လိုဖျောက်ရပါ့
အများအားဖြင့် အမျိုးသမီးတွေက အမျိုးသားများထက်ပို၍ တင်းတိပ်ပေါက် တတ်ကြပြီး၊ မျက်နှာ အလှအပကို ဖျက်ဆီးသည့် တင်းတိပ်ပေါက်မှာကို စိုး ထိတ်နေကြရပါတယ်။
တင်းတိပ်ဖြစ်ရတဲ့အကြောင်းရင်းတွေကတော့၊ မျက်နှာသန့် ရှင်းမှုမရှိခြင်း၊
မသန်ု့  ရှင်းသောမျက်နှာသုပ်ပုဝါ(သို့ မဟုတ်)တို့ ဖတ် ပုဝါ(သို
့မဟုတ်)ကရင်မ်ပပ်ဖ်ရေမြှုံ့ တို့  ကိုသုံးစွဲခြင်း၊ မသန့် ရှင်းသောလက်ဖြင့်
ပွတ်သပ်ကိုင်တွယ်ခြင်း၊ မိမိနဲ့ ဓာတ်မတည့် သည့် ဓာတုပစ္စည်းများပါဝင်သော
မိတ်ကပ်များလိမ်းကျံခြင်း၊ နေလောင်ခြင်း၊ ဓမ္မတာမ မှန်ဘဲ
သွေးပုပ်သွေးညစ်များကြွင်းကျန်ခြင်း၊ နံ့  သာဖြူလိမ်းခြင်း စသည်တို
့ကြောင့် တင်း တိပ် စွဲနိုင်ပါတယ်။ ပင်ကိုယ်မျက်နှာအသားအရေခြောက်သွေ
့သူများမှာ တင်း တိပ်ပေါက် ဖို့  ရာနှုန်းပြည့်နီးပါးသေချာနေပါပြီ်။
ခန္ဓာကိုယ်အပူဓာတ်များသည့် အမျိုး သမီး များ သွေးမဆုံးခင် နှင့်
သွေးဆုံးပြီးစအချိန်တွေမှာ တင်းတိပ်ပေါက်လေ့ ရှိပြီး၊ သွေးဆုံးပြီးနှစ်
အတန်ငယ်ကြာတဲ့အခါမှာတော့ သူ့ အလိုလိုပျောက်သွားတတ် ပါတယ်။
တင်းတိပ်ဖျောက်နည်း။
လက်တကမ်းမှာ အလွယ်တကူရရှိနိုင်တဲ့ အောက်ဖော်ပြပါ သဘာဝကုထုံးလေးတွေက ဓာတုပစ္စည်းမပါရှိတာကြောင့် ဘေးထွက် ဆိုးကျိုးမရှိဘဲ တင်းတိပ်ပျောက်စေနိုင်ပါ တယ်။ သို့ သော် ဘယ်နည်းကိုဘဲသုံးသုံး ဇွဲရှိဖို့ တော့လိုအပ်ပါတယ်။
(၁) ဒန္တသုခအရွက်စိမ်းရည်(သတ္တုရည်)နှင့် သနပ်ခါးရောစပ်၍ အိပ်ရာဝင်တိုင်းလူးအိပ် ပါ။ ညစဉ်လိမ်းကျံခြင်းဖြင့် ရက်ပိုင်းအ တွင်း တင်းတိပ်ပျောက်ကင်းသွားပါလိမ့်မယ်။
(၂) သန့် ရှင်းစင်ကြယ်စွာ ဆေးကြောထားသော ကင်ပွန်းချဉ်ရွက် မနုမရင့် လက်ဆစ် ဆုပ် စာခန့် ကို ထန်းလျက် (၇)လုံးခန့် နှင့် သုံးခွက်တစ်ခွက်တင်ကျို၍၊ ဆူလာတဲ့အခါ အိုးထဲကိုဆားအနည်းငယ်ခပ်ထည့်ပါ။ ချိုချဉ်ချဉ်အရသာအရည်ကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်သောက်ပေးခြင်းဖြင့် တင်းတိပ်များပါးလွှာပြီး မကြာခင်ပျောက်သွားပါ လိမ့်မယ်။
(၃) မျက်နှာကို သန့် ရှင်းစွာဆေးကြော၍ ရေသုပ်ပြီးနောက်၊ သန့် ရှင်းသော အုန်းမှုတ် ခွက်အခွံကို ကျောက်ပျဉ်သန့် သန့် ပေါ် မှာ ရေအစား သံပုရာရည်ဖြင့်သွေး၍ သနပ်ခါး လိမ်း သကဲ့သို့ လိမ်းပါ။ တင်းတိပ် နှင့် ၄င်းဆေးရည်တို့ ထိတွေ့ တဲ့အခါ၊ အနည်း ငယ် စပ်ဖျဉ်းဖျဉ်းခံစားရပါလိမ့်မယ်။ အရောင်က၀ါလွန်းတာကြောင့် ညအိပ်ယာဝင်ခါနီးမှာ လိမ်း ၍အိပ်ပါ။ (စပ်ဖျဉ်းဖျဉ်း ခံစားမှုကို သီးခံ၍ တစ်လခန့် လိမ်းပေးခြင်းဖြင့် လက်တွေ့ ပျောက် ကင်းနိုင်ပါတယ်)
(၄) ကြက်သွန်နီကိုထောင်း၍ ရလာတဲ့အရည်ကို ရှာလကာရည် ရောစပ်ပြီး ညင်သာ စွာလိမ်းပါ။
(၅) ထောပတ်သီး အမှည့်ထဲက၊ အစေ့ဝိုင်းဝိုင်းကြီးကို အရိပ်ထဲမှာအခြောက်လှန်း ပါ(နေပူထဲမလှန်းရ)။ ခြောက်သွေ့ သွားတဲ့အခါ ညအိပ်ယာ ၀င်ခါနီးတိုင်းသွေး၍၊ မျက်နှာကိုစင်ကြယ်စွာ ဆေးကြောသုတ်သင်ပြီးနောက် သနပ်ခါးလိမ်းသကဲ့သို့ လိမ်း အိပ်ပါ။ တင်းတိပ်တွေ ပျောက်ရုံသာမက၊ မျက်နှာအသားအရည် နုချောလာပါလိမ့်မယ်။
(၆) မျက်နှာကိုသန့် စင်အောင် ဆေးကြောပြီးနောက် ဖရဲသီးအောက်ခံအဖြူသားကို ဓား(သို့ မဟုတ်)ဇွန်းဖြင့် ပါးပါးလှီး၍ မျက်နှာ ပေမှာ နာရီဝက်ခန့် ကြာအောင် တင် ထားပေးပါ။
(၇) သနပ်ခါးသွေးပြီးနောက် သိန္ဓောဆားကို စပါးစေ့တစ်စေ့ခန့်ရောစပ်ပြီး တင်းတိပ် ရှိသောနေရာကို တစ်နေ့တစ်ကြိမ် နေ့စဉ် လိမ်းပေးပါ။
(၈) သနပ်ခါးသွေးတဲ့အခါ၊ ပင်လယ်ရေမြှပ်ကို အနည်းငယ်ထည့်သွေး၍ ရရှိတဲ့သနပ်ခါး ရည်ဖြင့် တင်းတိပ်ရှိသော နေရာတဝိုက် ကို တစ်နေ့သုံးကြိမ် လိမ်းပေးပါ။ (ပင် လယ်ရေမြှပ် ကို ပရဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါတယ်)
(၉) မျက်နှာကို စင်ကြယ်အောင်ဆေးကြောပြီးနောက်၊ သနပ်ခါးသွေးတဲ့အ ခါ ကျောက် ချဉ် ကို မုန့်ညှင်းစေ့ တစ်စေ့ခန့်ထည့်သွေး ပြီး လိမ်းပေးပါ။ နံနက်တစ်ကြိမ်၊ ည တစ်ကြိမ် တစ်နေ့ ၂ ကြိမ်လိမ်းပေးနိုင်ပါတယ်။(မျက်နှာပေါ်ရှိ တင်းတိပ်များသာမက၊ အစက် အပြောက်များ နှင့် မျက်နှာအရေပြား ကြမ်းတမ်းမှုကိုပါ သက်သာပျောက် ကင်းစေနိုင်ပါတယ်)
(၁၀) သန့်စင်လတ်ဆတ်သော နနွင်းတစ်တက်ကို ရေအစား နွားနို့အနည်းငယ်နှင့်သွေး ၍၊ ရရှိသောဆေးရည်ကို တင်းတိပ်ရှိ သော နေရာတစ်ဝိုက်မှာ လိမ်းပေးပါ။ တစ်နေ့ သုံးကြိမ် လိမ်းပေးသင့်ပါတယ်။
(၁၁) ကွမ်းရွက်ကို ပါးပါးလှီးဖြတ်တောက်၍ ရေအနည်းငယ်နှင့်ပြုတ်ပါ။ အအေး ခံပြီးနောက် ကွမ်းရွက်ပြုတ်ရည် ၂-ဆ၊ ပျားရည် ၁-ဆ ရောစပ်၍ ပုလင်းနှင့်ထည့်ပါ။ ထိုကွမ်းရွက်ပေါင်းဆေးရည်ကို နံက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လိမ်းပေးပါ။ လိမ်းခါနီးတိုင်း၊ မျက်နှာကို သန့် စင်စွာ ဆေးကြော၍ ပုလင်းကိုလှုပ်ပြီးမှ လိမ်းပါ။
(၁၂) နံနံစေ့ကိုပြုတ်၍ ရလာတဲ့ဆေးရည်ကိုအအေးခံကာ ညအိပ်ယာဝင်တိုင်း မျက်နှာကိုလိမ်းပေးပါ။ (တင်းတိပ်သာမက၊ မှဲ့ ခြောက် နှင့် ဆားဝက်ခြံများကို သိသိသာသာ လျော့ပါးသွားစေပါတယ်)
(၁၃) နန်းလုံးကြိုင် အသီး ၁-ဆ၊ ဂုံမင်းသီး ၁-ဆတို့ကို ကျွမ်းအောင်မီးဖုတ်၍ အမှုန့်ပြုလုပ်ပါ။ ပြီးရင် ထိုအမှုန့် တွေ မြုပ်သွားတဲ့ အထိ၊ နှမ်းဆီစစ်စစ် နှင့် ရောစပ်၍ ပုလင်းထဲထည့်ထားပါ။ အသုံးပြုခါနီးတိုင်း ပုလင်းကိုလှုပ်ပြီး တင်းတိပ်ရှိသော နေရာတွေ ပေါ်လူးပေးပါ။
လူသားပီသစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်
ပေါက်ပေါက်
Credit to > ကျန်းမာရေးသတင်းများ& ပေါက်ပေါက်

Friday, March 21, 2014
*ဗုဒ္ဓသည် အိန္ဒိယနိုင်ငံသား ဟုတ်၊ မဟုတ်*
မေး။ လွန်ခဲ့တဲ့ 'တစ်နှစ်ကျော်' လောက်ကတည်းက "ဆရာပါရဂူ" ရေးသည့်
"ဗုဒ္ဓမြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံသား ဟုတ်မဟုတ်" ဆိုတဲ့
စာအုပ်ကြော်ငြာကို တွေ့၍ ၀ယ်ယူရန် 'လှည်းတန်း'
သို့သွားရှာဖွေရာ မတွေ့၍မ၀ယ်ဖြစ်လိုက်ပါ။ ဒါကြောင့် ဆရာတော်ဘုရားအနေနဲ့
မြတ်စွာဘုရားဟာ ဘယ်နိုင်ငံသားဆိုတာကို ကရုဏာ ရှေ့ထား ဖြေကြားပေးပါ။
ဖြေ။ နိုင်ငံသားကတော့ "အိန္ဒိယနိုင်ငံသား" ပေါ့။ အိန္ဒိယနယ်ထဲ 'မွေး' တာကိုး။ ဒါပေမယ့် အဲဒီ အိန္ဒိယနိုင်ငံထဲမှာ လူမျိုးက အများကြီးလေ။ သူတို့ 'အမျိုး' ကို "သာကီဝင် အမျိုး" လို့ခေါ်တယ်။ အခုလို အမည်း၊ အသည်းမျိုးတွေလည်း အများကြီးပေါ့။ လူမျိုးစုံရှိတယ်။ တို့ 'မြန်မာပြည်' ထဲမှာလည်း အခု " မြန်မာ၊ ကုလား၊ တရုတ်၊ ရှမ်း၊ ကချင်" အဲဒီလိုရှိသလိုပေါ့။
အိန္ဒိယနိုင်ငံထဲမှာ လူမျိုးပေါင်းစုံရှိတယ်။ အဲဒီ လူမျိုးပေါင်းစုံထဲမှာ "ဘုရားအမျိုးက သာကီမျိုး" ပေါ့။ 'သကျသာကီ' မျိုးပေါ့။
သကျသာကီတွေကို "၀ိဋဋူဘမင်း" သတ်ခဲ့အခါမှာ တချို့'ထွက်ပြေး' ပြီးတော့ 'မြန်မာပြည်' ထဲ ရောက်လာတယ် "သမိုင်းကြောင်း" အယူအဆအရ...နောက်လူမျိုး နှစ်မျိုးသုံးမျိုးပေါင်းပြီးတော့ "မြန်မာ" တွေဖြစ်လာတယ်ပေါ့။ ဒါကြောင့် "မြန်မာအစ သာကီက" ပေါ့နော်။ အဲဒါကြောင့် "သာကီးမျိုးဟေ့ တို့ဗမာ" လို့ကြွေးကြော်ကြတာပါ။
ပြီးတော့ ထူးခြားတာကတော့ အဲဒီ "မြတ်စွာဘုရား" ရဲ့ "ကပိလ၀တ်ပြည်" ရှိတဲ့နေရာ။ အခု "နီပေါနိုင်ငံ" ထဲမှာဆို သာကီမျိုးတွေကျန်နေသေးတယ်။ အဲဒီ သာကီမျိုးတွေရဲ့ တချို့သော 'စကားလုံး' တွေကို "လေ့လာလို့ဆန်းစစ်" ကြည့်တဲ့အခါမှာ တို့မြန်မာတွေနဲ့ 'တစ်ထပ်တည်း' ဖြစ်နေတယ်။ အဲဒီ သာကီမျိုးတွေမှာလည်းပဲ သကျမျိုးတွေမှာလည်းပဲ "အဖေ" ကို 'အဓိက' ထားတယ်။ တို့မြန်မာတွေမှာ ကြည့်ပါလား။ အဖေပဲ အဓိကထားတာပဲ။ 'အမှုတစ်ခု' ဖြစ်ရင် အဘဘယ်သူ၊ အမိမထည့်ဘူး။ အဲဒီ အချက်ချင်းသွားတူတယ်။ နောက် 'တစ်၊ နှစ်၊ သုံး၊ လေး၊ ဂဏန်း' မှာ အတော်လေး သွားတူတာတွေ့ရတယ်။ နောက်တူတာတွေ အများကြီးပဲ။
အဲဒီတော့ အခုဝယ်လို့ ရနိုင်တဲ့စာအုပ်တစ်အုပ်ကို ညွှန်းလိုက်ပါ့မယ်။ "ဦးလှသိန်းထွဋ်" ရေးပါတယ်။ စာအုပ်နာမည်ကတော့ "ဗုဒ္ဓနှင့် မြန်မာလူမျိုး"။ ဗုဒ္ဓက မြန်မာလူမျိုးဖြစ်တဲ့အကြောင်း၊ မြန်မာဟာ ဘုရားအမျိုးဖြစ်တဲ့အကြောင်းကို "ကျမ်းဂန် အထောက်အထား သဘာဝ အထောက်အထားမျိုးစုံ" နဲ့ ရေးထားတဲ့စာအုပ်ဖြစ်တဲ့အတွက် မြန်မာတိုင်း *ဖတ်သင့်* ပါတယ်။ အရင်တုန်းကတော့ ဗုဒ္ဓသည် မြန်မာလူမျိုးလို့ကို ရေးတာ။ နောက်ပိုင်းကျမှ "ဗုဒ္ဓနှင့်" လို့ ဖြစ်သွားပါတယ်။
အဲဒါ ကိုယ့်ဟာကိုယ် စာအုပ်ဆိုင်မှာရှာပါ။
=====================================================
'မေတ္တာရှင်(ရွှေပြည်သာ)' ရဲ့ 'အလုပ်ပေးဝိပဿနာ အမေးအဖြေများ' စာအုပ်မှ ထုတ်နှုတ်ရေးသားထားပါသည်။
Credit to > Dhamma Mingalar

Sunday, March 2, 2014
ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋက ဓမ္မနာဒ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ ဘာသာပြန် ဖွဲ့ဆိုထားသော မေတ္တသုတ်
လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ကြောက်တတ်၊မကြောက်တတ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
မြင်အပ်၊မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ဝေးနေ၊နီးနေ နှစ်ထွေများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ဘဝဇာတ်ဆုံး မဆုံးများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ကြီးငယ်အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ဆူကြုံအလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါေ
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ
Credit to> အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက်

Saturday, March 1, 2014
အရည်းကြီးဂိုဏ်း
ပုဂံခေတ် နောက်ပိုင်းမှ စ၍ မြန်မာပြည်တစ်ဝန်းတွင် ဂိုဏ်းကြီး ၂-ဂိုဏ်း
ထွန်းကားခဲ့ သည်။ ထိုဂိုဏ်းကြီးများမှာ အရည်းကြီးဂိုဏ်း နှင့်
ပွဲကျောင်းဂိုဏ်း တို့ ဖြစ်သည်။
ယခုဖော်ပြမည့် အရည်းကြီးဂိုဏ်းမှာ အနော်ရထာမတိုင်မီက ပေါ်ပေါက်ခဲ့သော အရည်းကြီးဂိုဏ်း မဟုတ်ပေ။ အနော်ရထာ မတိုင်မီက အရည်းကြီးဂိုဏ်းမှာ မဟာယာနဂိုဏ်းမှ ပဲ့ပွားလာသော တန္တရဂိုဏ်းကွဲတစ်ခု ဖြစ်သည်။ ထိုဂိုဏ်းမှာ အနော်ရထာမင်းက တိုက်ဖျက်လိုက် သဖြင့် ၁၁-ရာစုကပင် ကွယ်ပျောက်သွားခဲ့သည်။ ထိုဂိုဏ်းကို ပထမအရည်းကြီးဂိုဏ်းဟု ခေါ်နိုင်သည်။
ယခု ဖော်ပြမည့် အရည်းကြီးဂိုဏ်းမှာ နရပတိစည်သူမင်း လက်ထက်မှ စ၍ ပေါ်ပေါက် လာသော ဂိုဏ်းဖြစ်သည်။ ထိုဂိုဏ်းကို သာသနာဝင် ဆရာစဉ်တို့၌ ထည့်သွင်းထားခြင်း မရှိပေ။ သုတေသနပညာရှင်တို့က ကျောက်စာအကိုးအကားဖြင့် ရှာဖွေတွေ့ရှိထားသော ဂိုဏ်းဖြစ်သည်။
အရည်းဆိုသည်မှာ အရညဟူသော ပါဠိဝေါဟာရကို နာမသတ်ပြု၍ ခေါ်ဆိုထားခြင်း ဖြစ်သည်။ မြန်မာဘာသာဖြင့် တောကျောင်းဂိုဏ်း ဟု အဓိပ္ပာယ်ရသည်။
တောကျောင်းဂိုဏ်းဝင် အရည်းကြီးတို့သည် တောကျောင်း၌ နေကြသော်လည်း တရားဘာဝနာကို ပွားများနေကြသူများ မဟုတ်ပေ။ သူတို့သည် လောကီအယူဝါဒတို့ကို လိုက်စားကြသည်။ တန္တရဂိုဏ်း၏ လုပ်ဆောင်ချက်တို့ကို အမွေခံ၍ လုပ်ကိုင်ကြသည်။ ၀ိဇ္ဇာဖြစ် ရေး၊ သိဒ္ဓိပေါက်ရေးဆိုသော လုပ်ငန်းများကို ပြုလုပ်ကြသည်။
အရည်းကြီးဂိုဏ်းဝင်တို့မှာ အမဲအစာ စားခြင်း၊ သေရည်အရက် သောက်သုံးခြင်း၊ ညဘက်တွင် အမဲသေရည် စသည် အလှူခံ၍ သုံးဆောင်ကြကြောင်း ကျောက်စာဟောင်းများ ၌ တွေ့ကြရသည်။
ထိုဂိုဏ်းကို တည်ထောင်သူမှာ ရှင်ကဿပ ဖြစ်သည်။ ရှင်ကဿပသည် တောကျောင်း ၌ နေ၍ တန္တရဂိုဏ်း အလုပ်ကို တွင်ကျယ်အောင် ဖြန့်ဖြူးသည်။ မိမိကိုယ်တိုင်ကား ထေရ၀ါဒဗုဒ္ဓ ဘာသာ ရဟန်းတော်အဖြစ် ခံယူထားသည်။ ထေရ၀ါဒ လောင်းရိပ်ကို ခိုလှုံ၍ လောကီတန္တရ အလုပ်ကို ကြိုးကုတ် ဆောင်ရွက်နေသူ ဖြစ်သည်။
ထိုရှင်ကဿပ၏ အတ္ထုပ္ပတ္တိတွင် ကျားကို စီး၍ ခရီးသွားခြင်း၊ မိကျောင်းကို စီး၍ ပင်လယ်ပြင်ကို ဖြတ်ကျော်ခြင်းစသော အံ့ဘနန်းဇာတ်လမ်းများဖြင့် အဆန်းတကြယ် ဖော်ပြကြ၏။ ထိုပုဂ္ဂိုလ်ကြီးကို တန်ခိုးရှင်၊ သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင်ကြီးအဖြစ် ဥာဏ်အားချည့်နဲ့သူတို့က ယုံကြည်ခဲ့ ကြလေသည်။
ရှင်ကဿပသည် အနိမ့်တောကျောင်းဟုခေါ်သော အရပ်မှ နေ၍ ဂိုဏ်းကြီးပွားအောင် ချဲု့ဖြန့်ခဲ့သည်။ ရှေးခေတ်က ကြံတူ (ကန်တူ) ဟု ခေါ်သည်။ ယခုအခါ ရေစကြို ချင်းတွင်းမြစ်ကူး တံတားကြီး၏ အရှေ့ဘက်ကမ်း အနီး၌ ရှိသည်။ ရှင်ကဿပ၏ တောကျောင်းတိုက်ဟောင်းကြီးကို ယနေ့တိုင် တွေ့နိုင်ကြသေးသည်။
ထိုမထေရ်သည် နရပတိစည်သူမင်း လက်ထက်တွင် ပုဂံပြည်သို့ ရောက်ရှိသွားသည်။ ပုဂံပြည်သူတို့သည် မထေရ်ကြီးကို ကြည်ညိုကြ၏။ တန္တရဆန်သော လုပ်ရပ်တို့ကို သဘောကျ နှစ်ခြိုက်ကုန်ကြသည်။ မင်းမှူးမတ် အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်တို့သည် မထေရ်အတွက် ပုဂံပြည်၌ ကျောင်းကန်များကို တည်ဆောက်လှူဒါန်းကြသည်။ မြေယာများစွာကို လှူုဒါန်းကြသည်။
ပုဂံပြည်သူတို့သည် အရည်းကြီးတို့၏ လုပ်ရပ်များ ဖြစ်သော တန္တရဆန်သည့် အလုပ်တို့ကို စိတ်ဝင်စားလာကြသည်။ တန်ခိုးဣဒ္ဓိပါဒ် ရရှိရေး၊ ဒေ၀ါ ဒေ၀ီတို့၏ ကူညီမှု ရရှိရေး ကို မျှော်လင့်လာကြသည်။ ကိုယ့်အားကိုယ်ကိုး ၀ါဒထက် သူများအား ကိုယ်ကိုး ၀ါဒကို ခံယူမျှော်လင့်နေကြသည်။
အရှင်ဧသိက
Credit to > အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက်

Subscribe to:
Posts (Atom)