Monday, August 18, 2014

ကျွန်တော်နှင့် ကျွန်တော့်ဆရာများ

ကျွန်တော် ကိုရာဇာတို့ A.E ဘ၀ ချင်းပြည်နယ် လမ်းအထူး (၁၁) တွင် တာဝန်ထမ်းဆောင်စဉ်ကပေါ့ဗျာ။ ပြည်နယ်အင်ဂျင်နီယာမှူးကြီးက (ဦးစောစိန်ထွန်းအောင်) ပါ။ သူ့ရဲ့ရုံးကားလေးပေါ်မှာ ကျွန်တော်က လိုက်ရပါတယ်။ သူနဲ့အတူ ကလေး-ဖလမ်း-ဟားခါး လမ်းတစ်လျှောက် လိုက်ရတာပေါ့ဗျာ။ လမ်းမှာတွေ့တဲ့ ကွေ့အတွင်းက သစ်ပင်တွေကို Pavement ထက် မမြင့်ဖို့ သူက မှာပါတယ်။ Pavement ထက်မြင့်ရင် Horizontal Sight Distance နည်းသွားတဲ့အတွက် မကောင်းကြောင်းရှင်းပြပါတယ်။ လမ်းကွေ့အတွင်းမှာ မြေကာနံရံတွေ တည်ဆောက်ရင်လည်း မြေကာနံရံ Only မတည်ဆောက်ပဲ Culvert များနှင့်တွဲ၍ တည်ဆောက်သင့်ကြောင်း သင်ကြားပါတယ်ဗျာ။ Side Drain လေးတွေကိုတူးရင် တစ်ဆစ်ချိုးကွေ့တွေကို ရောက်တဲ့အခါ ကွေ့နဲ့အပြိုင်မယူပဲ အနီးဆုံးချောက်ဖက်ကိုဖောက်ချဖို့လည်း သင်ကြားပါတယ်ဗျာ။ Swamp Area တွေမှာရှိတဲ့ Side Drain တွေကို Pucca Drain လေးတွေတည်ဆောက်ပြီး အနီးဆုံး Culvert တွေမှာထုတ်ဖို့ သင်ကြားပါတယ်ဗျာ။
ကျွန်တော် A.E ဘ၀က တကောင်း-ကသာလမ်းမှာ တာဝန်ထမ်းဆောင်စဉ်ကပေါ့ဗျာ။ အဲ့ဒီလမ်းရဲ့တာဝန်ခံအင်ဂျင်နီယာမှူးက E.E (ဦးအေးနိုင်ထွန်း) ပေါ့ဗျာ။ သူကတော့ တစ်မျိုးဗျ။ ကျွန်တော့် Area ထဲကိုဝင်လာတာနဲ့ စာရွက်ကလေးတစ်ရွက်ပေါ်မှာ ကိုရာဇာလို့ခေါင်းစဉ်တပ်ပြီး မိုင်တိုင်ဘယ်လောက်မှာရှိတဲ့ Culvert ရဲ့ရေဖမ်းကျင်းပိတ်နေတယ် ၊ မိုင်တယ်ဘယ်လောက်မှာရှိတဲ့ လမ်းချိုင့်ကကြီးလာပြီ လိုအပ်တဲ့ကျောက်ကိုတွက်ချက်ပြီး A.E ဦးမင်းဇံတို့ထံကို လှမ်းတောင်းဖို့ ၊ မိုင်တိုင်ဘယ်လောက်မှာရှိတဲ့ လမ်းဘေးမှာရှိတဲ့ ကျွဲလူးအိုင်ကိုမြေဖို့ပါ စသည်ဖြင့် ကျွန်တော့်ကိုမှာကြားစရာရှိတာလေးတွေကို စာရွက်ကလေးနဲ့ရေးပြီး ကျွန်တော်နဲ့တွေ့တဲ့အခါကျရင် ရှင်းပြတယ် ၊ သင်ပြတယ် ၊ မှာကြားတယ်ပေါ့ဗျာ။
ကျွန်တော် A.E ဘ၀က လမ်းအထူး (၁၃) မှာ တာဝန်ကျစဉ်ကပေါ့ဗျာ။ လမ်းအထူး (၁၃) ရဲ့ တာဝန်ခံအင်ဂျင်နီယာက D.S.E ဦးဝင်းဖေပေါ့ဗျာ။ အခုတော့ သူက D.M.D (P) ပေါ့ဗျာ။ ကျွန်တော်က ရုံးကားရဲ့အရှေ့မှာ ယာဉ်မောင်းနဲ့အတူထိုင်ရပါတယ်။ သူက နောက်ခန်းကထိုင်တယ်။ ပြီးရင် လမ်းတစ်လျှောက်မှာရှိတဲ့ ယာယီရေကျော်မှာ ကျောက်နည်းပြီးတော့ ရေဖြတ်နေပြီ ကျောက်ထပ်ဖြည့်ဖို့ ၊ ယာယီရေကျော်ရဲ့အကျယ်ကို ထပ်တိုးဖို့ သင်ကြားပါတယ်။ ချောင်းကြီးတွေထဲကို တစ်ကြောင်းထိုးလမ်းက ရင်ခွဲဆင်းသွားတဲ့နေရာတွေမှာ Grade တွေထပ်ချဖို့ သင်ကြားပါတယ်။ ဒို့တွေရဲ့ကားတွေမတက်နိုင်ရင် လိုက်စစ်တဲ့လူကြီးရဲ့ကား မတက်နိုင်ပဲဖြစ်မယ် ၊ အုပ်ချုပ်မှုယာဉ်တွေနဲ့ ဆီသယ်ယာဉ်တွေမတက်နိုင်ပဲဖြစ်မယ် Grade တွေချဖို့ သင်ကြားပါတယ်ဗျာ။ တစ်ကြောင်းထိုးလမ်းဆိုတာ လူကြီးက လိုက်စစ်ပြီး အတည်ပြုပြီးမှ လုပ်ငန်းပြီးဆုံးမှာဖြစ်လို့ တန်ဘိုးနည်းဝန်ပါ ဆောင်ရွက်ဖို့သင်ကြားပါတယ်ဗျာ။ တခြား A.E တွေရဲ့လမ်းကိုသွားစစ်ရင် သူက နှုတ်တိုက်ချပေးတယ် ၊ ကျွန်တော်က RT စက်နဲ့ ပေါက်(ပြော) ပေးရတာပေါ့ဗျာ။ ဘယ်နေရာတွေမှာ Guard Post တွေစိုက်ဖို့ ၊ ဘယ်နေရာတွေမှာ ယာယီရေမြောင်းတူးဖို့ ၊ ဘယ်နေရာတွေမှာ ယာယီသစ်သားတံတားငယ်တွေထိုးဖို့ ၊ ဘယ်နေရာတွေမှာ Overlay တင်ဖို့ ၊ ဘယ်နေရာတွေမှာ Levelling & Seal လောင်းဖို့ အနီးကပ် သင်ကြားပေးတယ်ဗျ။ တချို့နေရာတွေမှာဆိုရင် ရာဇာမင်းသာဆိုရင် ဘယ်လိုညောင်(ညွှန်ကြား)မှာလဲ? ။ ငါကတော့ ဒီလို ညောင်မယ်။ စသည်ဖြင့် အသေးစိတ်သင်ကြားပေးတယ်ဗျ။
အခု ကိုရာဇာတို့ D.S.E ဖြစ်လာတဲ့ အချိန်မှာတော့ ပြည်ထောင်စုဝန်ကြီးလမ်းကြောင်းတစ်လျှောက်မှာ ကိုယ်စီကိုယ်စီ RT စက်ငယ်လေးတွေ ကိုင်ထားရတာပေါ့ဗျာ။ လမ်းကြောင်းတစ်လျှောက်မှာကလည်း Telephone တွေက နေရာတိုင်းမမိနိုင်သေးဘူးလေ။ ဒါကြောင့် ပြည်ထောင်စုဝန်ကြီးဆရာဦးကျော်လွင်က သူ့ဘေးမှာပါလာတဲ့ ဦးဝင်းဖေ D.M.D (P) ဖြစ်စေ ၊ ဦးဟန်စိုး D.M.D (W) ကိုဖြစ်စေ ၊ ဦးအုန်းလွင် D.E (လမ်း) ကိုဖြစ်စေ နှုတ်ဖြင့်တိုက်ရိုက်ညွှန်ကြားပြီး D.M.D တွေက RT စက်နဲ့ ကျွန်တော်တို့ကို လှမ်းပေါက်(ပြော) တာပေါ့ဗျာ။ ကိုရာဇာရေ Concrete Mixer တွေပြီးရင် သိမ်းတော့ ၊ ဘယ်ကွေ့အတွင်းက ခြုံတွေခုတ်လိုက်ဦး ၊ ဘယ်နေရာတွေမှာ Pucca Drain တွေထည့်ဖို့ကျန်သေးတယ် ၊ မိုင်တိုင်ဘယ်လောက်မှာ လမ်းဘေးရေ၀ပ်တဲ့နေရာတွေကို Grader နဲ့ ချက်ခြင်းဖောက် စသည်ဖြင့် လမ်းတစ်လျှောက်မှာရှိတဲ့ လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ သင်ကြားပြသကြပါတယ်ဗျာ။ ကျွန်တော်တို့တစ်တွေကလည်း ကိုယ့်ရဲ့ဆရာကြီးတွေ သင်ကြားပြသခဲ့တာတွေကို ချက်ခြင်းအကောင်အထည်ဖော်ကြပါတယ်ဗျာ။ နောက်ထပ် တွေ့လာတဲ့အခက်အခဲတွေကိုလည်း အမြန်ဆုံးဖြေရှင်းကြပါတယ်။ ကိုယ်မသိသေးတာတွေကိုလည်း လူအားဖြင့်ဖြစ်စေ ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်မေးမြန်းတင်ပြပြီး အောက်ခြေမှာပြန်လည်ဆောင်ရွက်ကြတာပေါ့ဗျာ။ ဒီလိုနဲ့ အလုပ်အကြွေးတွေနည်းပါးအောင်ဆောင်ရွက်ရင်း ၊ လုပ်ငန်းခွင်မှာအမှားကင်းစင်အောင် ဆောင်ရွက်ရင်း ပိုမိုကောင်းမွန်တဲ့ လမ်း/တံတားများ ဖြစ်လာအောင် သင်ယူခဲ့ကြရပါတယ်ဗျာ။
တကယ်တော့ ကျွန်တော့်ဘ၀မှာ ကြားဆရာ ၊ သင်ဆရာ ၊ မြင်ဆရာ အားလုံးဟာ ကျွန်တော့်ရဲ့ဆရာတွေပါပဲ။ ကျွန်တော့်ဘ၀မှာ ကြုံခဲ့ရတဲ့ ကျွန်တော့်ရဲ့ အထက်အရာရှိ ဆရာတွေဟာ များပြားလွန်းလှတဲ့အတွက် အသေးစိတ်မဖော်ပြဖြစ်ခဲ့ပေမဲ့ ဒီနေရာကနေပဲ ရိုသေဂါရ၀ပြုလိုက်ပါတယ်ဗျာ. . .။
Facebook Friend တို့အနေနဲ့လည်း ကျွန်တော်တို့သင်ယူခဲ့ရသမျှလေးတွေကို သိရှိနိုင်ဖို့ရန် ၊ ကျွန်တော်တို့သင်ယူခဲ့ရတဲ့ နည်းလမ်းလေးတွေကို သိရှိနိုင်စေရန် ကျွန်တော်နှင့် ကျွန်တော့်ဆရာများအကြောင်းကို မျှဝေလိုက်ရပါတယ်ဗျာ။
Shwe Zin (18/8/2014)


Credit to > U Shwe Zin

မြန်မာ့ သေနတ်မှတ်တမ်း

၁၆ရာစုဦး ဥရောပမှ သေနတ်များ ရောက်ရှိမလာခင်အချိန်ကတည်းကပင်
တရုတ်ပြည်ဘက်မှ ၀င်ရောက်လာသော သေနတ်နှင့် အမြောက်ငယ်များ
ကို မြန်မာတို့ အကျွှမ်းတ၀င် အသုံးပြုနေခဲ့ကြပြီးဖြစ်ပါသည်။
အင်းဝမှ ပြည် အောက်ဘက်ဒေသများအထိ သေနတ်အမျိုးမျိုး ကို ကျယ်ပြန့်စွာ
အသုံးပြုနေကြပြီး ၁၅ ရာစု ၀န်းကျင်တွင် ယူနန်ကို ဖြတ်သန်းလာသော
ရှေးဟောင်းကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် အထက်မြန်မာပြည်သို့
လက်နက်များဝင်ရောက်လာနေခဲ့ပါသည်။

ဥရောပ သေနတ်များမှာမူ ၁၆ရာစုအလယ်ခန့် ဘုရင့်နောင် ခေတ်တွင်မှ
မြန်မာ စစ်တပ်ကို စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။သို့သော် ထိုသေနတ်များက
မြန်မာစစ်တပ်၏ ရှေးရိုးစစ်နည်းဗျူဟာကို ပြောင်းလဲပစ်နိုင်စွမ်းမရှိသကဲ့သို့
သေနတ်များ နှင့်လိုက်ဖက်သော စစ်နည်းဗျူဟာ အသစ်ကိုလည်း တီထွင်
ဆန်းသစ် အသုံးပြုခြင်း မရှိခဲ့ပါ။ရှေးရိုး စစ်လက်နက်များဖြစ်သော စစ်ဆင်များ၊
လှံတိုများ၊ ဓါးများ၊လှံရှည် များဖြင့်တိုက်ခိုက်ရာတွင် ပစ်ကူ အထောက်အပံ့
အနေဖြင့် သာ သေနတ်များကို အသုံးပြုခဲ့ကြပါသည်။မြန်မာများသည်
၎င်းတို့၏တပ်မတော်တွင် သေနတ်ကိုင်တပ်ဖွဲ့များကို အထူးတပ်ဖွဲ့တစ်ရပ်အနေဖြင့်
ထည့်သွင်းဖွဲ့စည်းထားခဲ့ကြပြီး ပေါ်တူဂီနှင့် မူဆလင်ကြေးစားစစ်သားများ
ပါဝင်သည်။ထို့အပြင် နောက်ပိုင်းတွင် မြန်မာလူမျိုး သေနတ်ကိုင်တပ်များကိုပါ
ဖွဲ့စည်းလာပြီး စစ်ဆင် များကိုလည်း အမြောက်တင်ဆင်တပ် အဖြစ် ပြောင်းလဲဖွဲ့စည်းလာကြသည်။

သေနတ်အသုံးပြုမှုသည် တဖြည်းဖြည်း ကျယ်ပြန့်လာရာ ၁၆ ရာစုအကုန်ပိုင်း
စစ်ပွဲများတွင်ပါဝင်ကြသောစစ်သည်များ၏ ၂၀ရာခိုင်နှုန်းမှ ၃၃ ရာခိုင်နှုန်းအထိ
သေနတ်များကိုင်ဆောင်ခဲ့ကြသည်ကို တွေ့ရပါသည်။၁၆၀၅ ခုနှစ်တော်ဝင် အမိန့်ပြန်တမ်းတစ်ခုအရတပ်သား၁၀၀၀ ပါ တပ်ဖွဲ့တစ်ဖွဲ့တွင် အကြပ် ၁၀၀ ဦး၊
အဆော် ၁၀ ဦး ၊အကဲ တစ်ဦး အဆင့်ဆင့်ကွပ်ကဲရန်နှင့် တပ်သားအားလုံးတွင်
သေနတ်နှင့် အမြောက်ငယ်များ လုံလောက်စွာပါရှိရမည်ဖြစ်ကြောင်း၊ ထို့အပြင် ဆင်ဖမ်းသမားများ၊စည်တော်ရွှန်းသူများ၊ဗြဟ္မဏများ၊
ပါဝင်ရမည်ဖြစ်ကြောင်းဖေါ်ပြထားပါသည်။

၁၇ ရာစုအစပိုင်းတွင် တပ်သား ၁၀၀၀ ပါ သာမန်တိုက်ခိုက်ရေးတပ်ဖွဲ့ တစ်ဖွဲ့တွင်
အမြောက်ငယ်၁၀လက်၊သေနတ်၁၀၀လက်နှင့် လေး ၃၀၀ လက်ပါဝင်ကြောင်းတွေ့
ရှိရပါသည်။ ၁၆၃၅ခုနှစ်တွင် မြန်မာ့ဘုရင့်တပ်မတော်၏ ၁၄-၁၈ ရာခိုင်နှုန်းခန့်သာ
သေနတ် အသုံးပြုရာမှ ၁၈၂၄ ခုနှစ်တွင် ၂၉-၈၉ ရာခိုင်နှုန်းခန့်အထိတိုးတက်လာပါသည်။
ပျှမ်းမျှအားဖြင့် အင်္ဂလိပ်-မြန်မာပထမ စစ်ပွဲတွင် ၆၀ ရာခိုင်နှုန်းမျှ သေနတ် အသုံးပြုခဲ့
သည်ဟုဆိုနိုင်ပါသည်။

သို့သော် မြန်မာများသည် အမြောက်ထက် အမြောက်ကျွှမ်းကျင်စွာ ပစ်ခတ်တတ်သူများ
ပိုမိုလိုအပ်ကြောင်း ၁၇ရာစု နှောင်း ဒတ်ချပ်မှတ်တမ်းတခုက အောက်ပါ
အတိုင်းဖေါ်ပြထားပါသည်။

“ .....အင်္ဂလိပ်ကုန်သည်များအနေဖြင့် ပြည်ဘုရင်ထံသို့လက်နက်ခဲယမ်းများအား လက်ဆောင်များအဖြစ်ဆက်သသည်မှာယခုအကြိမ်မှာ ဒုတိယအကြိမ်မြောက်ဖြစ်သည်။
သို့သော်ဘုရင်မှာအရမ်းဝမ်းမြောက်ဝမ်းသာ ဖြစ်ပုံမရပါ။ပြည်ဘုရင်တွင်
ယခုရက်ပိုင်းအတွင်းရန်သူ့ထံမှ သေနတ်များဖမ်းဆီးရရှိခဲ့သလို
ပေါ်တူဂီများထံမှလက်ဆောင်ရရှိထားသောအမြောက်များနှင့် သဘောင်္ပျက်များမှ
ရရှိသော အမြောက်များရှိနေပေသည်။
သို့သော်သူ့တွင် ကျွှမ်းကျင်သော အမြောက်သမားများမရှိပါ။
အမြောက်အများစုအားအသုံးမပြုဘဲ ဒီအတိုင်းသိမ်းထားနေရခြင်းဖြစ်သည်။....”

မြန်မာဘုရင်များသည် တခါတရံ ဒတ်ချပ်များထံသို့ အထူးလက်နက်များမှာ
ယူလေ့ရှိသည်။၁၆၆၆ ခုနှစ်တွင် ပြည်ဘုရင်က ဓါးရှည် ၆လက်နှင့်
သေနတ် ၉ လက်မှာယူခဲ့သည်။လိုချင်သော အတိုင်းအတာကို
သစ်သားနှင့် ပုံစံတူပြုလုပ်၍ မှာယူခဲ့ခြင်းဖြစ်ပြီး
သေနတ်များအားရွှေချထားရန်လည်း မှာကြားခဲ့သည်။မြန်မာဘုရင်မှာယူသော
ပစ္စည်းများသည်အမှန်တကယ်ပင် ကုန်ကျစရိတ်များပါသည်။သို့သော်
ပြည်ဘုရင်သည် တန်ဖိုးညီမျှသော လက်ဆောင်ပြန်ပေးလေ့ရှိသည့်
အကြောင်းသိသော ဒတ်ချတ်တို့က လက်ဆောင်အဖြစ်ပေးခဲ့သည်။
၁၆၆၆ခုဇွန်လတွင် ဒတ်ချတ်ပိုင် အိန္ဒိယရှိ ပူလီကတ်ဒေသ လက်နက်စက်ရုံမှ
အကောင်းဆုံးဓါးရှည်လေးလက်နှင့်ဓါးကောက်နှစ်လက်ပေးပို့ခဲ့သည်။
ထို့အပြင် ပြောင်းတိုသေနတ်များကိုလည်းပေးပို့ခဲ့သည်။သို့သော် ပူလီကတ်စက်ရုံတွင် ရွှေချနိုင်သည့်ပစ္စည်းကိရိယာများမရှိသဖြင့်
ရွှေချပေးနိုင်ခြင်းတော့မရှိခဲ့ပေ။

သေချာပြောနိုင်သည်မှာ ၁၇ရာစုတွင် ဥရောပလက်နက်ခဲယမ်းများသည်
အာရှဘုရင်များနှင့် ခင်မင်ရင်းနှီးမှုရစေရန် အကောင်းဆုံးလက်ဆောင်များ
ဖြစ်ခဲ့ပါသည်။

ဒတ်ချတ်များသည် မြန်မာများ၏ အမြောက်ပစ်ပုံနှင့်ပတ်သတ်၍လည်း
နားမလည်နိုင်အောင်ဖြစ်ရသည်။မြန်မာတို့သည်အမြောက်အား
အမြောက်တင်ခုံ မပါဘဲ မြေကြီးပေါ်ချ၍ပစ်ခတ်ကြခြင်းဖြစ်သည်။
အမြောက်တင်ခုံသည်အမြောက်တင်ရန်သက်သက်သာမက
အမြောက်အားအထိရောက်ဆုံးပစ်ခတ်နိုင်ရန် ပြုလုပ်
ထားသော အစိတ်အပိုင်းဖြစ်ကြောင်း သူတို့သတိမပြုမိခဲ့ကြပေ။
ထို့အပြင် မြန်မာများသည် မြို့ရိုးများကိုစီးနင်းရာတွင် အသုံးပြုသော
သစ်သားမျှော်စင်များတွင် အမြောက်များတပ်ဆင်လေ့ရှိကြောင်း
လည်းတွေ့ရပါသည်။
======================
(17th Century Burma & Dutch East India Company မှ
Burma’s Weaponry ကိုဆီလျော်အောင်ပြန်ဆိုပါသည်။)

Sinyaw Kyaw's

ဦးနေ၀င်း ရှုပ်ခဲ့သမျှ

ရဲဘော်သုံးကျိပ် စတင်ဖွဲ့စည်းချိန်တွင် ကိုရှုမောင်ခမျာ မပါဝင်ခဲ့ပါ သခင်အောင်ဆန်းတို့ စစ်ပညာသင်ကြားရန် တရုတ်ပြည်သို့ တိတ်တဆိတ် ထွက်ခွါဘို့ ပြင်ဆင်နေချိန်တွင် အဖွဲ့တဦး အပြင်းဖျား ပါတော့သည်။ ထို့ကြောင့် သဘောင်္ဆိပ်တွင် လိုက်ပါပို့ဆောင် နှုတ်ဆက်သော မိတ်ဆွေအပေါင်းသင်း များထဲမှ အရပ်မြင့်မြင့် ဥပတိရုပ်ကောင်းသော ရှုမောင်အား မိမိတို့အဖွဲ့ဝင်တဦး နာမကျန်းဖြစ်ပြီး မလိုက်နိုင်တော့၍ လိုက်ပါရန် ကောက်ခါငင်ခါ ခေါ်ဆောင် သွားလိုက်ရာမှ ဆိုင်ကော်၍ချုံပေါ်တို့ ရှုမောင် ရောက်ရှိလာ ပါတော့သည်။

တော်လှန်ရေး ကောင်စီ အမည်ခံ နေ၀င်းဦးဆောင်တဲ့ အာဏာရှင် အုပ်စုဟာ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ၇က်နေ့ မှာ မြန်မာပြည်ပြည်သူအားလုံးရဲ့  လွတ်လပ်တဲ့ ဘ၀တွေကို ကံကြမ္မာ ဆိုးရွားစေခဲ့တဲ့ အာဏာသိမ်းပွဲကို ပြုလုပ်ခဲ့တယ်။

ဦးနေဝင်းသည် ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ၇က်နေ့ တွင် တိုင်းပြည်အာဏာသိမ်းယူခဲ့ပြီး ၁၉၈၁-ခုနှစ်၊ နိုဝင်ဘာလ ၉-ရက်နေ့အထိ နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ခဲ့သည်။

ငယ်စဉ်ဘဝ

ဦးနေ၀င်းသည် ၁၉၁၀ ဇူလိုင် ၆ ရက် ပြည်မြို့ အနီးပေါက်ခေါင်း ကျေးရွာ၌ ဦးဖိုးခနှင့် ဟတ်ကာ အနွယ် တရုတ်မခြေသေး ဒေါ်မိလေးမှ မထင်မရှား မွေးဖွားခဲ့သူ၊ သာမန် ကျေးတောသား တယောက်ဖြစ်သည်။ ၎င်း တောသားလေးသည် နောင်သောခါတွင် ဗမာပြည်ကို (၂၆) နှစ်လုံးလုံး ပြားပြားဝပ်အောင် အုပ်ချုပ် မင်းလုပ်မည့် မင်းလောင်း ဖြစ်မည်ဟု မည်သူကမျှ ထင်မြင်ခဲ့ကြမည် မဟုတ်ချေ။

ငယ်နာမည် ရှုမောင်ဖြစ်ပြီး တက္ကသိုလ် ဥပစာတန်းအထိ ပညာဆည်းပူးခဲ့ရပြီး ၁၉၃၁ ဘ၀ကံပေး မကောင်းရှာ၍ ကျောင်းမှထွက်ရခါ ယခင်ချာချီလမ်း (ယခု ကိုယ့်မင်းကိုယ်ချင်းလမ်း) ရှိ ရန်ကုန်မြို့၊ ဆင်ခြေဖုံး ရပ်ကွက် စာတိုက်ခွဲတခုတွင် အငယ်တန်းစာရေးလေး ဖြစ်ခဲ့သည်။ ထိုသို့ စာတိုက်စာရေး၊ ထို့နောက် သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့၏ နောက်လိုက် ဘဝမှ ရဲဘော်သုံးကျိပ်ဝင် ဖြစ်လာပြီး၊ သခင် ရှုမောင် မှ ဗိုလ်နေ၀င်း ဟုအမည်ပြောင်းလဲခဲ့သည်။ ၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ် အထိ ဗမာ့အမျိုးသား တပ်မတော်၏ စစ်ဦးစီးမှူး ဖြစ်သည်။ ဗမာ့အမျိုးသား တက်မတော် တွင် Commander အဖြစ်ဖြင့် ဂျပန်များ နှင့် အလံနီကွန်မြူနစ် ပါတီတို့ကို ချေမှုန်းခဲ့သည်။ ၁၉၅၈ အောက်တိုဘာလ ဖဆပလ နှစ်ချမ်းကွဲချိန်တွင် ဦးနေ၀င်းသည် အိမ်စောင့်အစိုးရ အဖြစ်ဖြင့် အာဏာသိမ်းယူကာ ၁၉၆၀ ဧပြီလတွင် အနိုင်ရ ပါတီ ဖြစ်သော သန့်ရှင်းဖဆပလ ကို အာဏာလွှဲ ပြောင်းပေးခဲ့သည်။

၁၉၁၁ ခုနှစ်တွင် မွေးဖွားခဲ့သည့် တရုတ်-မြန်မာ ကပြားဖြစ်သူ ငယ်နာမည် ရှုမောင် (ခေါ်) ဦးနေဝင်းသည် ဦးနုထက် ၄ နှစ်ငယ်ပြီး ဗိုလ်ချုပ်အောင်ဆန်းထက် ၅ နှစ်ကြီးသူ ဖြစ်သည်။ ဖက်ဆစ်ဂျပန် တော်လှန်ရေး ပြီးနောက် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးကို ဇောက်ချလုပ်နိုင်ရန် အတွက် ဗမာ့ တပ်မတော်မှ နှုတ်ထွက်သွားသော အခါ မဟာမိတ် တပ်ပေါင်းစု သေနာပတိချုပ် 'လောဒ့်လူးဝစ် မောင့်ဘက်တန်' အား မြန်မာ့ တပ်မတော်သစ်တွင် မြန်မာတို့ဘက်မှ ထိပ်တန်း ရာထူး နေရာအတွက် ဗိုလ်လင်္ကျာကို ထောက်ခံ အမည် ပေးခဲ့သည်။ ဗိုလ်နေဝင်းကို မဟုတ်ခဲ့ချေ။ တချိန်တည်း၌ပင် ဗိုလ်လက်ျာ၏ လုပ်ဖော်ကိုင်ဖက် နေရာကို ယူရန်အတွက် အမြဲတမ်း ဗမာ့တပ်မတော်မှ အဆင့်အမြင့်ဆုံး ကရင် အရာရှိ ဖြစ်သည့် ဗိုလ်မှူးကြီး စောကြာဒိုး ကို ခန့်အပ်ရန် စဉ်းစားပေးစေလိုကြောင်း မေတ္တာ ရပ်ခံခဲ့လေသည်။

ထို့ကြောင့် ရဲဘော်သုံးကျိပ် အဖွဲ့ဝင် ဖြစ်ပင် ဖြစ်သော်ငြားလည်း ဦးနေဝင်းသည် ၁၉၄၆ ခုနှစ်၊ နောက်ပိုင်းကျမှသာ ယှဉ်ပြိင်သူများကို ရက်ရက်စက်စက် ဖယ်ရှားပြီး ထိပ်ပိုင်းနေရာသို့ မရမနေ စတင် တက်လှမ်းလာနိုင်ခဲ့ခြင်း ဖြစ်သည်။ ၁ သြဂုတ်လ ၁၉၄၈ တွင် နေဝင်းအား ဒု-စစ်ဦးစီးချုပ်နှင့် ဒု-သေနာပတိ (တပ်ပေါင်းစု) အဖြစ် ခန့်အပ်ခဲ့ပြီး၊ ၁၃ သြဂုတ်တွင် 'ဗိုလ်ချုပ်' အဆင့်သို့ ရာထူး တိုးမြှင့်ပေးခဲ့သည်။ ၁ ဖေဖော်ဝါရီ ၁၉၄၉ တွင်မှ ဗမာ့ တပ်မတော် စစ်သေနာပတိချုပ် အဖြစ် တာဝန် ပေးအပ်ခဲ့ပြီး၊ ၃ မတ်မှာမှ ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့် ရာထူး ရခဲ့သည်။ ၁ ဇန်နဝါရီ ၁၉၅၆ တွင် ဗိုလ်ချုပ်ကြီး ရာထူး တိုးမြှင့်ပေးခြင်း ခံရသည်။

ထို့အပြင် လွတ်လပ်ရေး ရပြီးနောက် ကွန်မြူနစ်များ၊ ပြည်သူ့ ရဲဘော်များ တောခိုသွားပြီး အမှတ် (၁) နှင့် အမှတ် (၃) ဗမာ့ လက်နက်ကိုင်တပ်များ ပုန်ကန်ထကြွသည့် အချိန်တွင် ဗိုလ်နေဝင်း၏ အမှတ် (၄) ဗမာ့ လက်နက်ကိုင်တပ်သည် အစိုးရ အတွက် တခုတည်းသော မှီခိုအားထားရာ အဓိကမဏ္ဍိုင် ကြီးဖြစ်လာခဲ့သည်။ သို့သော်လည်း နိုင်ငံတော် ကာကွယ်ရေးကို တပြည်လုံး ဖြန့်ကျက်ထားနိုင်ရန် အတွက် ဦးတင်ထွဋ်၏ ပြည်ထောင်စု အရန် တပ်ဖွဲ့များ ကဲ့သို့သော တပ်ဖွဲ့ အသစ်များကို ထူထောင်ခဲ့ရသည်။

ထို့နောက် ၁၉၄၉ ခုနှစ်မှ ၁၉၇၂ ခုနှစ် အထိ တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဆောင်ရွက်ကာ၊ ၁၉၆၂ ခုနှစ်တွင် စစ်တပ်ဖြင့် နိုင်ငံတော် အာဏာကို သိမ်းယူခဲ့သည်။ ထို့ကြောင့် ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ် အထိ တော်လှန်ရေး ကောင်စီ၏ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ၁၉၇၄ ခုနှစ်မှ ၁၉၈၁ ခုနှစ် အထိ ဆိုရှယ်လစ်နိုင်ငံ သမ္မတ အဖြစ် လည်းကောင်း၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ပြိုင်ဝံ့သူမရှိ ဆောင်ရွက်ခဲ့သည်။

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ရာထူးမှ နောက်ဆုံး နုတ်ထွက်သည့် ၁၉၈၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ တိုင်အောင် ဗိုလ်ချုပ်ကြီး နေဝင်း၏ (၂၆) နှစ်တာ အာဏာရှင် အုပ်စိုးမိုးမှု ကာလ အတွင်း ပထမဆုံးမှ နောက်ဆုံးအထိ ဗိုလ်ချုပ်ကြီး နေဝင်းသည် မည်သို့သော ပြိင်ဆိုင်မှုနှင့် ဆန့်ကျင်မှုကိုမျှ လက်သင့် မခံခဲ့ချေ။ သူ အာဏာရယူပြီး မကြာမီပင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများက အနည်းငယ်မျှ ဆန့်ကျင်မှု ပြုရာတွင် သူ၏ အမိန့်အာဏာကို သူက ကြေညာပြခဲ့သည်။ သူ၏ လက်မရွံ့ စစ်ဗိုလ် ဗိုလ်မှူးကြီး စိန်လွင်က သူ၏ အမိန့် (တပ်မတော်ကို ထိလာရင် ဓားဓားချင်း၊ လှံလှံချင်း ရင်ဆိုင်မယ်) အတိုင်း လက်နက်မဲ့ ကျောင်းသား လူငယ်များကို ရာနှင့်ချီ၍ သတ်ဖြတ် ပစ်ခဲ့သည်။ အမှန်မှာမူ သူ့ကို ထိလာလျှင် တုံ့ပြန် လက်စားချေရန် ဆိုလိုရင်း ဖြစ်သည်။

ဇူလိုင်လတွင် ရာထူးမှ နုတ်ထွက်သော အခါတွင်လည်း "တနိုင်ငံလုံးက လူထုတွေကိုပြောမယ်၊ ဆူဆူပူပူ လုပ်လို့ ရှိရင်တော့ စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်" ဟု အားကိုးရာမဲ့ တိုင်းသူပြည်သားများအား ကြိမ်းဝါး၍ စစ်တပ်အား လမ်းညွှန် သွားခဲ့သေးသည်။ နောက် ၂ လ အတွင်းတွင် 'သတ်မတော်' အဖြစ် သူပြောင်းလဲခဲ့သော တပ်မတော်သည် မိမိတို့ သွေးရင်းသားရင်း ပြည်သူများကို ထောင်နှင့်ချီ၍ မညှာမတာ သတ်ဖြတ်ပစ်ပြီး သူ့ မိန့်ကြားချက်ကို ချက်ချင်း အကောင်အထည်ဖော် အတည်ပြုပေးခဲ့သည်။

အာဏာရှင်က သူ၏ မဆလ ဥက္ကဋ္ဌ ရာထူးနှင့် ဗိုလ်ချုပ်ကြီး စန်းယု နုတ်ထွက်ပေးထားသော သမ္မတ ရာထူးတို့ကို သူ၏ အရင်းနှီးဆုံး ခြံပေါက်များ ဖြစ်သည့် ပထမဦးစွာ စိန်လွင် (၂၀ ရက် သက်တမ်း) နှင့် ထို့နောက် ဒေါက်တာမောင်မောင် (၃၀ ရက် သက်တမ်း) တို့ထံ မသိမြဲ မသိဘာသာဖြင့် လက်လွှဲပေးခဲ့သည်။ နိုင်ငံသားများက အုံ့ကလာရာတွင် နေဝင်းကိုယ်တိုင် တပ်မတော်၏ ထိပ်ပိုင်း ဗိုလ်ချုပ်များနှင့် အရာရှိများကို ဆင့်ခေါ်ပြီး အမြင့်ဆုံး ရာထူးရှင် ဗိုလ်ချုပ်ကြီး စောမောင်ကို စက်တင်ဘာ ၁၈ ရက်တွင် အာဏာသိမ်းခိုင်းပြီး နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ငြိမ်ဝပ်ပိပြားရေး ကောင်စီ (ယခု နအဖ - နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အဖြစ် အမည်ပြောင်းထား) ကို ဖွဲ့စည်းစေခဲ့သည်ဟု ယုံကြည်ရသည်။

ရှုမောင်သည် အငယ်တန်း စာရေးလေး အဖြစ် အလုပ်လုပ်ဖက် ဒေါ်တင်တင်ကို ၁၉၃၀ ခုနှစ်လည်တွင် လက်ထပ်ခဲ့ပြီး သား ၂ ဦး ထွန်းကားခဲ့သည်။ သူတို့ ကွဲပြီးနောက် မနာလို ဝန်တိုပြီး ဒေါသနှင့် အာဃာတတရား ကြီးမားလှသည့် ဗိုလ်ချုပ်ကြီး နေဝင်း အဖြစ် မစ္စစ် ကေတီတောင်ကြီး (ခ) ကေတီဘသန်း (ခ) ခင်မေသန်းကို ၁၉၅၀ ခုနှစ် အစောပိုင်းတွင် လက်ထပ်ခဲ့သည်။ သူ့တွင် သမီး သုံးဦး ပါရှိလာခဲ့ပြီး နေဝင်းနှင့် သမီး ၂ ယောက်၊ သား ၁ ယောက် ရရှိခဲ့သည်။ သူသည် ၁၉၇၂ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ၁၉၇၀ ခုနှစ်လည်တွင် ဒေါ်ကြာဆန်ဟု ခေါ်သော ရခိုင် အမျိုးသမီး တဦးကို ဇနီးမယား ပြုခဲ့သည်ဟု ကောလာဟလ ဖြစ်ခဲ့သည်။

ကုန်းဘောင်မင်းဆက်မှ ဘုရင် မင်းတုန်းမင်း၏ မြစ်တော်သူ ဂျွန်ရို့စ် ဘယ်လာမီ (June Rose Bellamy) (ခ) ရတနာနတ်မယ်ကို ၁၉၇၅/၇၆ ခုနှစ်တွင် တရားဝင် လက်ထပ်ခဲ့ပြန်သည်။ ယင်းအိမ်ထောင်မှာလည်း ခေတ္တမျှသာ ခံပြီး အိမ်တွင်း ရန်ဖြစ်မှု အတွင်း ဆေးလိပ်ပြာ ဖန်ခွက်ဖြင့် ပစ်ပေါက်မှုနဲ့ အဆုံးသတ် သွားခဲ့သည်။ မည်သူက စပစ်ပေါက်သည်နှင့် ပတ်သက်၍ သတင်းပြန့်ပွားမှု အတွင်း ဝိဝါဒ ကွဲလွဲမှုများ ရှိခဲ့သည်။ နောက်ဆုံး သိရှိရသည့် လက်ထပ်ထိမ်းမြားမှုမှာ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှ သုတေသန ကထိက ဒေါ်နီနီမြင့်နှင့် ဖြစ်သည်။ သူ့နှင့် ကွဲပြီး ပြန်လည် လက်ထပ်ပြန်သည့် အတွက် ယင်းကို နှစ်ကြိမ်ဟု တွက်လျှင် စုစုပေါင်း (၆) ကြိမ် ရှိသည်။

၂၀၀၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့၌ နေဝင်း၏ ကြာမြင့်လှသော တဦးတည်း စစ်အာဏာရှင် အုပ်စိုးမှု သည်လည်း နောက်ဆုံးတွင် အပြီးတိုင် လုံးဝဥဿုံ ပြိုကျ ပျက်ဆီးသွားခဲ့ပြီး၊ သူ့မိသားစုသည်လည်း အလားတူ ကျဆုံး သွားရတော့သည်။ သူ၏ အချစ်ဆုံး သမီး ခင်စန္ဒာဝင်း၏ ယောက်ျား အေးဇော်ဝင်းနှင့် သူတို့၏ သားသုံးဦး ဖြစ်သူ အေးနေဝင်း၊ ကျော်နေဝင်း၊ ဇွဲနေဝင်းတို့မှာ မအောင်မြင်သော အာဏာသိမ်းရန် ကြံစည်မှုဖြင့် ဖမ်းဆီး ခံခဲ့ကြရသည်။ ထိုအမှုတွင် ခင်စန္ဒာဝင်းလည်း အတွင်းကျကျ ပါဝင် ပတ်သက် ခဲ့သည်ဟု ဆိုသော်လည်း အစွပ်စွဲခံရသော ယောက်ျား ၄ ဦးကိုသာ ထောင်ထဲ ဆွဲသွင်းခဲ့ပြီး စန္ဒာဝင်းနှင့် သူ့၏ အဖေ အာဏာရှင်အိုကြီးကို အိမ်တွင်း အကျယ်ချုပ် ချခံခဲ့ကြရသည်။

နိုင်ငံတော် အာဏာကိုသိမ်းရန် ပူးပေါင်း ကြံစည်မှုဖြင့် တရားစွဲခံရသူ ၄ ဦးကို ၉ လကြာ နိုင်ငံတော် ပုန်ကန်မှုဖြင့် စစ်ဆေး တရားစီရင်ကာ သေဒဏ် အပြစ် ပေးခဲ့သည်။ သူတို့အား စီရင်မည့်ရက်ကို မသတ်မှတ် သေးသော်လည်း၊ သူတို့မှာ သေဒဏ်ကျခံရန် ထောင်တွင်း တနေရာတွင် ရှိနေဆဲ ဖြစ်သည်။ ထို့နောက် အာဏာရှင်အိုကြီးမှာ အကျယ်ချုပ် ကျနေစဉ် ၂၀၀၀၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၌ ရန်ကုန်မြို့ နေအိမ်တွင်ပင် သေဆုံးသွားသည်။
===============
ြဲနဲ  မြန်မာ့ မနုဿမုဆိုးများ



Credit to > APRIL MAUNG MAUNG

ငါးစီးရှင်ကျော်စွာ

ခမည်းတော်နတ်ရွာစံပြီးနောက် ကျော်စွာသည် ပင်လယ်မြို့တွင် နန်းတက်လေသည်။ နန်းတက်ပြီး မကြာမီ ဆင်ဖြူ ငါးစီးရလေသည်။ ထိုအကြောင်းကို နောင်တော်ကြားသော် ညီတော်ကို နန်းအပ်ပြီး မိမိမှာမူ တောထွက်လေသည်။ နောင်တော်ဥဇနာမင်းသည် သက်တော် ၄၂ တွင် နန်းဆင်းလေသည်။

နောင်တော်နန်းဆင်းသော် ကျော်စွာသည် သက္ကရာဇ် ၇၀၄ တွင် စစ်ကိုင်းမှတပါး ကျန် ခမည်းတော်ပိုင် နယ်မြေများကို သိမ်းပြီး မင်းလုပ်လေသည်။ စစ်ကိုင်းတွင် ညီတော် အသင်္ခယစောယွမ်းမှ မင်းလုပ် နေလေသည်။ ဆင်ဖြူငါးစီးရပြီး ငါးစီးရှင်ကျော်စွာဟု အမည်တွင်လေသည်။ မင်းပြုပြီး မကြာသော်နှစ်တွင် နတ်မြင်းကဲ့သို့ မြန်သော သိန္ဒောမြင်းကို ရလေသည်။

တနေ့လျှင် ကျော်စွာသည် စစ်ကိုင်းကို သိမ်းပိုက်လိုသော်ကြောင့် အသင်္ခယစောယွမ်းရှိရာကို သူရဲကောင်း ငခင်ညိုလွှတ်ပြီး လုပ်ကြံခိုင်းလေသည်။ ငခင်ညိုလည်း သခင်ခိုင်းသည့်အတိုင်း သွားလေရာ အခြေအနေမပေး သဖြင့် မြို့ပြင်တွင် ၃ ရက်တိတိ အစာမစားရဘဲ အခွင့်ကောင်းကို စောင့်နေလေသည်။ အခွင့်သာသော် မြို့ထဲသို့ ၀င်လေသည်။

နန်းတော်သို့ဝင်မိသော် နန်းတင်သောထမင်းကိုတွေ့ပြီး ဗိုလ်အလွန်ဆာသဖြင့် စားမိလေသည်။ ထိုနောက် အသင်္ခယစောယွမ်း စက်တော်ခေါ်ရာအဆောင်သို့သွားလေသည်။ ခေါင်းရင်းက ရပ်ပြီး ဤသို့ စဉ်းစား လေသည်။ “ သည်မင်းသည် ယနေ့တွင် ငါ၏ ထမင်းရှင်ဖြစ်လေပြီ၊ ထမင်းရှင်ကို ပြစ်မှားသော် သံသရာတွင် အကြိမ်ကြိမ်သေရမည်ဖြစ်သည်၊ သည်မင်းကို မသတ်၍ ပြန်သော် တစ်ခါသာသေရမည်၊ ” ဟုတွေးပြီး အသင်္ခယစောယွမ်းကို တစ်စီးရှင်သီဟသူ ချီးမြင့်စားသော ရတနာကျောက်စီဓားကိုသာ ယူခဲ့ပြီး နန်းမြို့သို့ ပြန်ခဲ့လေသည်။

နန်းတော်သို့ရောက်လျှင် မိမိထင်မြင်ပုံကို အကြောင်းစုံလျှောက်လေရာ ဘုရင်မှ “ ငါ့ကျွန်သည် ထမင်းတနပ် စားရုံမျှဖြင့် သူကျေးဇူးကို သိတတ်သည်၊ ငါကိုယ်တော်အပေါ်ဆိုလျှင် အဘယ်သို့ဆိုဖွယ်ရှိအံ့နည်း” ဟု တွေးပြီး စည်းစိမ်ချမ်းသာ များစွာ ချီးမြင့်လေသည်။

ငါးစီးရှင်ကျော်စွာသည် တိုင်းပြည်ကို အုပ်ချုပ်ရင်း သက်တော် ၄၅ တွင် အနိစ္စရောက်လေသည်။
==========
သမိုင်းပုံရိပ်များ


Credit to > APRIL MAUNG MAUNG

မြန်မာ့လွှတ်တော်အစ

နရပတိစည်သူမင်းသည် လွှတ်တော် သဖွယ် အုပ်ချုပ်ရေးကိုနိုင်ငံရေးအာဏာခွဲဝေပြီး
ပုဂံခေတ်တွင် စတင်လုပ်ဆောင်ခဲ့ပါသည်။ ဘိုးတော် အလောင်းစည်သူ ဘကြီးတော် မင်းရှင်စော ခမည်းတော် နရသူနှင့် နောင်တော် နရသိင်္ခ တို့၏ ထီးနန်း စိုးစံစဉ်က အာဏာနှင့် စိတ်ဝမ်းကွဲပြားမှုတွေဖြစ်ပေါ်လာပြီး လုပ်ကြံသတ်ဖြတ်မှုများ
ကိုကြုံတွေ့ရာကနေ စတင်သည်ဟုဆိုနိုင်ပါသည်။

မြန်မာရာဇ၀င်များတွင် နရပတိစည်သူမင်း၏သား၅ဦး ရှိရာ၌ သားတော် ဇေယျသိင်္ခကို ရွေးချယ်ပြီး ပုဂံထီးနန်းကို အမွေ ဆက်ခံခွင့်ပေးခဲ့ပါသည်။ ဇေယျသိင်္ခသည် နိုင်ငံရေးနှင့်အုပ်ချုပ်ရေးအာဏာများကို တစ်ဦးတည်းသိမ်းပိုက်ခြင်းမပြုဘဲ နောင်တော်ကြီး၎ဦးနှင့်ခွဲဝေ၍ အညီအညွတ်အုပ်ချုပ်ခဲ့သည်ကို မြန်မာရာဇ၀င်များတွင်ဖွဲ့နွဲ့ရေးသားဖော်ပြထားသည်
ကိုတွေ့ရှိရပါသည် ။

ပုဂံခေတ် နိုင်ငံရေးနှင့်အုပ်ချုပ်ရေးအာဏာကို ဘုရင်တစ်ဦးတည်းကသာလျှင် အုပ်ချုပ်သည်ကို ဖျက်သိမ်းပြီးဘုရင်နှင့် လွှတ်တော်တို့ကို အာဏာခွဲဝေပေးလိုက်ခြင်းပင် ဖြစ်ကြောင်းတွေ့ရှိရပါသည်။ ဇေယျသိင်္ခသည် ပုဂံထီးနန်းကိုသာလျှင် ဆက်ခံရသော်လည်း နိုင်ငံရေး အုပ်ချုပ်ရေး ကာကွယ်ရေး အာဏာများကိုမူ နောင်တော်ကြီးလေးဦး စုရုံးခြင်းပြုကြသော လွှတ်တော်တွင်သာရှိပါသည်။

မြန်မာနိုင်ငံလွတ်တော် အုပ်ချုပ်ရေး ရာဇ၀င်ကို ပြန်လည် လေ့လာကြည့်ပါက လွတ်တော်အားကောင်းသောအခါများတွင် ဘုရင်၏ တန်ခိုးအာဏာကိုပင် ထိမ်းသိမ်းဟန့်တားခြင်း ပြုနိုင်ရုံမျှမက ဘုရင်ကို ရွေးချယ်နိုင်သည်အထိ
လွှတ်တော်အာဏာရှိသည်ကို တွေ့ရပါသည်။တခါတရံ လွှတ်တော်အင်အားနည်းပါးသောအချိန်တွင် လွှတ်တော်သည် ဘုရင်၏ လက်ပါးစေကလေးသဖွယ် ဖြစ်လာခဲ့သည်ကိုလဲတွေ့ရှိရပြန်ပါသည်။

အာဏာကိုအပြန်အလှန်ထိမ်းကျောင်းသည့်စနစ်ကို မြန်မာရာဇ၀င် တစ်လျှောက်လုံး ကုန်းဘောင်ခေတ် သီပေါမင်း ပါတော်မူသည် အထိဆက်လက် ထိမ်းသိမ်းကြသည်ကိုပါ တွေ့ရှိရပါသည်။ လွှတ်တော်တွင် ၀န်ကြီးလေးပါး ခန့်၍ု အုပ်ချုပ်သော ပုဂံခေတ် နရပတိစည်သူမင်း လက်ထက်မှ အစပြု၍ု အာဏာကိုအပြန်အလှန်ထိမ်းကျောင်းသည့်စနစ်
အုပ်မြစ်ချခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်

ပုဂံခေတ်နရပတိစည်သူမင်းမှာ ညဏ်အမျှော်အမြင်နဲ့ပြည့်စုံပြီးအာဏာကို အပြန်အလှန်ထိမ်းကျောင်းစနစ်ကို စတင်ခဲ့သူမင်းတပါးအဖြစ် မြန်မာ့သမိုင်းတွင် ထင်ရှားစွာတွေ့ရှိရပါသည်။
==================
Credit- Myanmar History

ဓမ္မစေတီခေါင်းလောင်းကြီး (သို့) အဖိုးမဖြတ်နိုင်သော ဆုံးရှုံးနေသောအမွေ

ဓမ္မစေတီခေါင်း လောင်းကြီးမှာကမ္ဘာပေါ် တွင် အကြီးဆုံးသော ခေါင်းလောင်း
တော်ကြီး ဖြစ်ပြီး ၁၄ ရာစုတွင် မွန်ဘုရင် ဓမ္မစေတီမင်းမှရွှေတိဂုံ ဘုရားသို့ သွန်း
လုပ် လှူဒါန်း ခဲ့သည်။

၁၆ ရာစုတွင် ပေါ်တူဂီ လူမျိုး ဒီဗရစ်တို ခေါ် ငဇင်ကာမှ ခေါင်းလောင်းကြီးကို ရွှေ
တိဂုံ ဘုရားကုန်းတော်ပေါ်မှ အဓမ္မ ယူငင် သွားပြီးနောက် ဖောင်ဖြင့် သယ်ယူရန်
ကြိုးစားစဉ် ရန်ကုန်မြို့နှင့် သံလျှင်မြို့အကြား မြစ်သုံးခု ဆုံရာ နေရာတွင် နစ်မြုပ်
သွားခဲ့သည်။ ၎င်းခေါင်လောင်းတော်ကြီးမှာ ယခု ထက်တိုင် မြစ်အောက်တွင် နစ်
မြုပ်နေဆဲ ဖြစ်ပြီး ဆယ်ယူရန် ကြိုးပမ်းမှုများမှာ အောင်မြင်ခြင်း မရှိသေးပေ။

သမိုင်းကြောင်း

မြန်မာ့ သမိုင်းတွင် မွန်တို့၏ မဂဒူးမင်းဆက်တွင် ၁၆ ဆက်မြောက် မွန်ဘုရင် ဓမ
္မစေတီမင်းသည် ဟံသာဝတီ (ယခုပဲခူး) မှ အုပ်စိုးပြီး ၁၄၈၀-ခု တွင် လူဦးရေ စစ်
တမ်းကောက်ယူ ခဲ့သည်။ သို့သော် သူ့ခန့်အပ်ထားခဲ့သော ဥပိုက်၊ သမန္တရာဇ်၊
တုရင်းရာဇာ ၊ စွန္တရာဇ်အမတ် ၄ ယောက်တို့သည် အိမ်ထောင်စု စာရင်းသာ မ
ကပဲ အခွန်ပါ ကောက်ယူ ခဲ့ကြရာ ကြေးနီ ပိဿချိန် ၁၈၀ဝဝဝ ရရှိသည်။ ဓမ္မစေတီ
မင်းအားဆက်သသောအခါတွင်ဘုရင်ကစိတ်ဆိုးပြီး၎င်းကြေးများကို ပြည်သူတို့
ထံ ပြန်လည် ပေးအပ်စေသည်။

ပြည်သူတို့က ဘုရင်အား သူတို့ပြန်မယူလိုဘဲ သင့်တော်ရာ ကောင်းမှုပြုရန် ဘုရင်
အား ပြောသဖြင့် အမတ်ကြီး ဗညားအိန်အား ခေါင်းလောင်း အဖြစ် သွန်းစေခဲ့သည်။

ပဲခူးမြို့ရွှေမော်ဓောဘုရား၏ ရာဟုထောင့် အနောက်ဖက် မြေကွက်လပ်တွင် ၁၄၈၄ ခုဖေဖော်ဝါရီလ၅ရက်နေ့(မြန်မာသက္ကရာဇ် ၈၅၁-ခုနှစ်၊တပေါင်းလဆန်း (၈)ရက်၊ ကြာသပတေးနေ့) တွင် စတင်၍ ပွဲသဘင် ကျင်းပ၍ သွန်းလောင်း ခဲ့သည်။ အခါပေး
ခဲ့သော ဆရာတို့မှာ ဇေယျာဗာဟု၊ ရာဇာဗာဟု၊ ပဲခူးသမုတ္တရာ နန္ဒစည်သူကျော်၊ သံဃရာဇာဆရာတို့ ဖြစ်သည်။

လောကညဏပဏ္ဏိတ် အမတ်က ခေါင်းလောင်းသွန်းလောင်းသော အချိန်မှာ မိချောင်း နက္ခတ် ဖြစ်သဖြင့် အသံကောင်းစွာ မမြည်နိုင်ဟု ဟောကြား ခဲ့သည်။ ဘုရင်ကဟော
ကြားချက် မမှန်လျှင် ဆွေခုနှစ်ဆက် မျိုးခုနစ်ဆက် အပြစ်ပေးမည်။ ဟောကြားချက် မှန်
လျှင် သူကောင်းပြုမည်ဟု ပြောကြား ခဲ့သည်။ ခေါင်းလောင်းကြီး ပြီးသော အခါတွင် အသံမမည်သောကြောင့် လောကညဏပဏ္ဏိတ် အမတ်အားရာ ဇပရောဟိတဘွဲ့ချီးမြင့်
ခဲ့သည်။

ခေါင်းလောင်း၏ပုံသဏ္ဌာန်ခေါင်းလောင်းကြီးမှာ စောက်(၁၂) တောင်အဝ(၇) တောင်ရှိ
သည်။ ခေါင်းလောင်းကြီး၏ အလယ်ဖောင်းရစ်တွင် နှစ်ကျိပ်ရှစ်ဆူပါသော ဖောင်းကြွ
ဘုရား (၂၈) ဆူပါပြီး ၎င်း၏ အပေါ်ဖက်တွင် အတွဲ တစ်တွဲလျှင် ကျောက်သံ ပတ္တမြား
(၄၅) လုံး ပါရှိသော အတွဲ (၄၅) တွဲ၊အတန်း (၂) တန်းပါရှိသဖြင့် (၄၅လုံးx ၄၅တွဲx ၂
တန်း)စုစုပေါင်း ကျောက်သံပတ္တမြားပေါင်း၄၀၅၀လုံးပါရှိသည်။ယခုလက်ရှိအခြေအနေ
တွင် ခေါင်းလောင်းကြီး၏ ကွင်းမှာ အနည်းငယ် ကွဲအက်လျှက် ရှိပြီး ကျောက်သံ ပတ္တမြား ဒုတိယတွဲမှာ အနည်းငယ် ပြုတ်လျှက် ရှိသည်။

လှူဒါန်း

ဓမ္မစေတီမင်းသည်ထိုခေါင်းလောင်းကိုသွန်းလောင်းပြီးသောအခါတွင် ရွှေလှေ ရွှေ
လှောင်း ရွှေဖောင်တို့ဖြင့် တင်ဆောင် လာပြီး မြန်မာ သက္ကရာဇ် ၈၅၂ ခုနှစ် ကဆုန်
လဆန်း ၃ ရက်နေ့တွင် ဒဂုံ (ယခုရန်ကုန်) ရှိရွှေတိဂုံ စေတီတော်သို့ မတင် လှူဒါန်း
ခဲ့ရာ ကဆုန်လဆန်း ၉ ရက်နေ့တွင် ပြီးစီး၍ ကဆုန်လဆန်း ၁၁ ရက်တွင် ရေစက်ချ လှူဒါန်းခဲ့သည်။ တစ်ပြိုင်တည်းမှာပင် ၅၀ဝ ပိဿာ ရှိခေါင်းလောင်း အသေးလည်း သွန်း
လောင်း လှူတန်း ခဲ့သည်ဟု ဆိုသည်။ ဓမ္မစေတီ ခေါင်းလောင်းကြီး သည် ရွှေတိဂုံ ဘုရားကုန်းတော်ပေါ်တွင် ၁၂၃ နှစ် တိတိ တည်ရှိခဲ့သည်။

နိုင်ငံခြားသားများ ရောက်ရှိခြင်း

နောင်နှစ်တစ်ရာ ကြာပြီးနောက် ၁၅၈၂ ခုတွင် အီတလီ ကျောက်ကုန်သည် ဂစပါရို ဘယ်ဘီသည်ရွှေတိဂုံ ဘုရားသို့ ရောက်ရှိခဲ့ပြီး ရွှေတိဂုံ ဘုရားကို အသေးစိတ် မှတ်
တမ်း တင်ခဲ့သည်။ သူရေးခဲ့သည်မှာ "ကျွန်ုပ်တွေ့ခဲ့ရသည်မှာ အလွန်ခမ်းနားသော ခန်းမကြီးထဲတွင် အလွန့် အလွန်ကြီးမားသော ခေါင်းလောင်းကြီး ရှိပြီး အတိုင်းအတာ အားဖြင့် ခြောက်လှမ်းနှင့် သုံးဖန် ရှိပြီး အထက်မှ အောက်သို့ စာလုံး တစ်ခုနှင့် တစ်ခု ပူးကပ်နေသော စာများ အပြည့်ရေးထားပြီး ဖက်ရမည် ပုံမပေါ်ပေ။"

၁၅၃၀ ခုတွင်မွန် ဘုရင်များ၏ အာဏာစက် ကျဆင်းလာပြီး ၁၅၃၅ ခုတွင် အောက်
ပြည်သည် အထက် ပြည်နှင့် ခြားနားသွားသည်။ တစ်ချိန်တည်းမှာ ဥရောပ ကုန်
သည်နှင့် စွန့်စားရှာဖွေသူများ အောက်မြန်မာပြည်သို့ရောက်လာကြသည်။ ၁၅၉၀ ခုနှစ်များတွင် ပေါ်တူဂီ လူမျိုး စွန့်စား ရှာဖွေသူ ဖီလစ်ဒီ ဘရုတ်တိုရ နီကုတ်အား
စီရမ် (သန်လျင်) တွင် အောက်မြန်မာပြည် အုပ်ချုပ်သူများက ကုန်သွယ်ရုံး ဖွင့်ခွင့်
ပေးလိုက်သည်။ ၁၆၀ဝ ခုတွင် သူ၏ ဩဇာမှာ မြစ်ကြောင်း တစ်လျှောက် ဘေးပတ်
ဝန်းကျင် အပါအဝင် ဒဂုံအထိရောက်သည်။

ဆယ်ယူရန် ကြိုးပမ်းမှုများ
ရန်ကုန်ရှိ သမိုင်း အထောက်အထားများ အရ ၁၈၀ဝ ခုတွင် ခေါင်းလောင်းကြီး
ကျရာနေရာတွင် ဝဲကတော့ ထိုးသည်ဟု ပါသည်မှ တပါး ဓမ္မစေတီ ခေါင်းလောင်း
ကြီးအား ဆယ်ယူမှု မရှိခြေ။ ယခု ခေတ်လူကြီးများပင် ၄င်းဝဲ ကတော့ ကိုမျက်မြင် ကိုယ်တွေ့ရှိသည်ဟု ဆိုကြသည်။ မြစ်မှာ မနက်ပေ။ ပေ ၄၀ သာ ရှိပြီး ရေအောက် ရွှံ့နွန်းများမှာ နောက်ထက်ပေ ၄၀ လောက် ရှိမည် ဖြစ်ပြီး ၄င်းရွှံ့ညွှန်များထဲတွင်
ခေါင်းလောင်း ရှိပေမည်။

ဘိုးတော် ဘုရားခေါင်းလောင်း ခေါ် ခေါင်းလောင်း အသေးသည်လည်း ဗြိတိသျှ
သိုက်သမား (British Prize Agent) များက ၁၈၂၆ ခုတွင်ရွှေတိဂုံ စေတီတော်မှ
ချကာ မြစ်ထဲ ကျခဲ့ပြန်သည်။ သို့သော် ဗြိတိသျှတို့ စွန့်လွှက်ခဲ့သော် ၄င်းခေါင်း
လောင်းအား ရွာသားများက ဆယ်ယူ ခဲ့ပြီး စေတီတော် ထက်သို့ ပြန်ပို့ခဲ့သည်။

ဗြိတိသျှတို့ ကြိုးပမ်းမှု
ဗြိတိသျှတို့ ခေါင်းလောင်းကြီးအား ဆယ်ယူရန် ကြိုးပမ်းရန် အကြိမ်ကြိမ် ကြိုးစားသော်
လည်း မအောင်မြင်ခဲ့ပေ။ မြန်မာတို့က ခေါင်းလောင်းကြီးအား မူလ တည်ရှိရာ စေတီ
တော် သို့ပြန်ပို့လျှင် ကူညီမည်ဟု ဆိုသဖြင့် ဗြိတိသျှ တို့လည်း မစဉ်းစားပဲ ခေါင်းညိတ် ခဲ့သည်။ မြန်မာတို့တွင်ဉာဏ်နီဉာဏ်နက်ရှိသည်။ ရေငုတ်သမားများက ခေါင်းလောင်း
၏ အောက်တွင်ဝါးလုံးခေါင်းများတစ်လုံးခြင်းသယ်ယူထဲ့ပြီးစုပေါင်းတွဲချည်ကာ ရေပေါ်
ပေါ်စေသည်။ ၄င်းကြိုးစားချက်သည် ထိုအချိန်က မြန်မာတို့ အမျိုးသားရေး ရစေခဲ့သည်။

မြန်မာ အစိုးရသည်အင်္ဂလိပ် ရေငုတ်၊ဇီဝ၊ရှေးဟောင်းနှင့် စွမ်းအင် ပညာရှင် မိုက်ဟက်
ခြာ (Mike Hatcher) အား ခေါင်းလောင်းကြီးအား ဖော်ယူ၍ စေတီတော်သို့ ပြန်လည် ပို့ဆောင်ရန် အကူအညီ ရယူ ခဲ့ပါသည်။ ဂျပန် ၊ဩစတြေးလျနှင့် အမေရိကန် တို့ပါဝင်
သော ၄င်းလုပ်ငန်းကို ဟက်ခြာက သဘော တူခဲ့ပါသည်။ ဗုဒ္ဓသာသနာ ထွန်းကားရေး အကျိုးဆောင် ရစ်ချတ်ဂရီက အားတက် သရော ပါဝင်၍ ရံပုံငွေ ရှာခဲ့သည်။ ၄င်းလုပ်
ငန်းကို အပြည်ပြည် ဆိုင်ရာ အဆင့်ထိ စိတ်ဝင်စားစေသည်မှာ သံသယ ရှိစရာမလိုပါ။
ဂျာမန် ရုပ်ရှင် ကုမ္ပဏီ တစ်ခု ကလည်း ၄င်းစွန့်စားခန်းကို ရုပ်ရှင် ရိုက်ကူးမည် ဖြစ်ပြီး "ဒီတူးဖေါ်ရေးသာ အောင်မြင်ခဲ့လျှင် ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဒါဟာ ခရစ်ယာန်မှာ
လိုတရခွက် (Holy Grail) ရသလိုပါပဲ" ဟုဆိုခဲ့သည်။

ဘာသာရေး ကိုင်းရှိုင်းသော မြန်မာတို့ကမူ ဗုဒ္ဓ၏ မြင့်မြတ်သော် အမွေကို ပြန်လည် ထိန်းသိမ်းခြင်းဖြင့် မြန်မာနိုင်ငံ၏ ကံပြန်လည် ကောင်းမွန် လာလိမ့်မည်ဟု ယုံကြည်
ကြသည်။ ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူခြင်းသည် မြင့်မြတ်သော မင်းနှင့်သူ၏ ပြည်သူပြည်သားများ၏ ဆုံးရှုံးနေသော အမွေကို ပြန်လည် ရရှိကြမှာ သေချာပါသည်။ ထို့အပြင် ၄င်းခေါင်းလောင်းတွင် ရေးထိုးထားသော
စာများက သမိုင်းနှင့် ဘာသာ စကား ပညာရှင်တို့ အတွက် အဖိုး မဖြတ်နိုင်သော အထောက်အထားပင် ဖြစ်ပေမည်။

ဦးစံလင်း ဦးဆောင်သော အဖွဲ့မှ အကြိမ်ကြိမ် ဆယ်ယူရန် ကြိုးပမ်းခဲ့သည်။
ပထမအကြိမ်မှာ ၁၉၉၇ ခုနှစ် ဩဂုတ်လ ၁၀ ရက်မှ ၁၉၉၇ ခုနှစ် စက်တင်ဘာ
လ ၁၁ ရက် အထိ၃၂ရက်ကြာခဲ့သည်။ ရေငုပ်သမား အခက်အခဲကြောင့် ပထမ
အကြိမ် ဆယ်ယူခြင်းကို လက်လျှော့ခဲ့သည်။ ၁၉၉၈ ခုနှစ် ဇူလိုင်လ၂၆ ရက်နေ့တွင် သောင်တူးစက် (၁၅၀၂) ဖြင့် ရှာဖွေရန် ကြိုးပမ်း ခဲ့ရာ ၁၉၉၈ ခုနှစ်
ဩဂုတ် ၁၁ ရက် ညနေ ၃ နာရီခွဲ အချိန်တွင် ခေါင်းလောင်းကြီး ရှိသော နေရာကို
တွေ့ရှိ ခဲ့သည်။

၁၉၉၈ ခုနှစ်အောက်တိုဘာလတွင် သောင်တူးစက် (၁၀ဝ၀) ဖြင့်ဆယ်ယူရန် ကြိုးပမ်း ခဲ့သော်လည်း လုပ်အား မနိုင်သဖြင့် ရပ်တန့် ခဲ့သည်။ထိုအဖွဲ့မှာ ယခုတိုင် ဆယ်ယူရန် ကြိုးပမ်းဆဲ ဖြစ်သည်။

မိုက်ဟက်ခြာနှင့် ၄င်း၏ အဖွဲ့များက ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူခြင်း လုပ်ငန်းကို၂၀ဝ၁ တွင် စရန်ရည်ရွယ်ခဲ့ပြီး ခေါင်းလောင်းကြီး၏ နေရာကို အတိအကျ
စရှာရန် သတ်မှတ်ခဲ့သည်။ ဘီဘီစီ၏ သတင်း ကြေငြာချက်ကြောင့် လူအများ ၄င်း
ဆယ်ယူခြင်း လုပ်ငန်းကို စိတ်ဝင်စား ခဲ့သောလည်း မဖြစ်မြောက်ခဲ့ပေ။ ထင်ဆချက်
အရ ၂၀ဝဝ ဂျူလိုင်လတွင် ၄င်းအဖွဲ့သည် အင်ဒိုနီးရှား ဆယ်ယူရေး ပြဿနာကြောင့် ကြံ့
့ကြာ ခဲ့ခြင်း ဖြစ်ဟန်တူသည်။

ထိုဆယ်ယူခြင်း လုပ်ငန်းသာ စခဲ့လျှင် ရေငုတ် သမားများသည် ညကြည့်မှန် တက်ထားသော ခေါင်းစွက် များဖြင့် အတူ copper sulfate ရှာဖွေရေး ကိရိယာများဖြင့် ခေါင်းလောင်းကို ရှာမည်ဖြစ်သည်။

ခေါင်းလောင်းကြီးမြုပ်နေသောနေရာ

ဂြိုဟ်တုမှတွေ့ရှိ
၂၀၁၂-ခု၊မတ်လ(၁၆) ရက်တွင် ရန်ကုန်မြစ်-ပဲခူးမြစ်-ပုဇွန်တောင်ချောင်းတို့
ဆုံရာအလယ်တွင် နှစ်ပေါင်း ၄၀ဝကျော်တိုင် နစ်မြုပ်နေသော ဓမ္မစေတီ ခေါင်း
လောင်းကိုအမေရိကန်နိုင်ငံမှလွှတ်တင်ထားသောနာဆာLandSat7 ဂြိုဟ်တုဖြင့်
ခေါင်းလောင်းပုံရိပ်ကို အတိအကျ တွေ့ရှိခဲ့ပြီဖြစ်သည်။ “လွန်ခဲ့တဲ့ ငါးရက်လောက်က ကြည့်ဖြစ်ခဲ့တာ ဘယ်နေရာမှာခေါင်းလောင်းရှိတယ်၊ ဘယ်နေရာမှာ သင်္ဘောပျက်ရှိ
တယ်ဆိုတာတွေကိုအတိအကျ မြင်နေရပါတယ်။ဓမ္မစေတီခေါင်းလောင်းကို ရေထဲက
နေ ပြန်လည် ဆည်ယူဖို့ခန့်မှန်းခြေ ဒေါ်လာငါးသိန်းဝန်းကျင်လောက် လိုတယ်။ အခုလက်ရှိတော့အဲဒီဓမ္မစေတီ ခေါင်းလောင်းကို ဆယ်ယူဖို့နိုင်ငံတော် အနေနဲ့ ဘယ်သူ့ကိုမှလုပ်ပိုင်ခွင့်မပေးသေးဘူး”ဟုဒဂုံတက္ကသိုလ်ဘူမိဗေဒအငြိမ်းစားပါမော
က္ခဦးစိုးသိန်းက ပြောသည်။

ပြီးခဲ့သည့်နှစ်များအတွင်းကဩစတြေးလျနိုင်ငံမှ ပညာရှင်များကSonar System နှစ်မျိုးဖြစ်သည့်Lowlarce HDS 7 Structure Scan Star Fish Side Scan
စနစ်တို့ကိုအသုံးပြုပြီးလာရောက်စမ်းသပ် ဖော်ထုတ်ခဲ့ကြရာ ခေါင်းလောင်းရှိမည့်
နေရာနှစ်နေရာကို စမ်းသပ်ဖော်ထုတ်ခဲ့ကြသော်လည်း နေရာ အတိအကျကိုမူ
ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိကြောင်း ယင်းက ထပ်မံပြောသည်။ ဩစတြေးလျနိုင်ငံ
အခြေစိုက်ကုမ္ပဏီတစ်ခုက ခေတ်မီပစ္စည်းကိရိယာများအသုံးပြု၍ရှာဖွေမှုများပြုလုပ်
ခဲ့ရာခေါင်းလောင်း တော်ကြီး၏ပုံရိပ်ဟုယူဆရသောနေရာနှစ်နေရာကိုဖမ်းယူရရှိ
ခဲ့ကြောင်း၊ သို့သော်သေချာစွာ အတည်ပြုပေးနိုင်ရေး အတွက် ရေငုပ် စမ်းသပ်
အတည်ပြုရန် လိုအပ်ကြောင်းသိရသည်။

ရွှေတိဂုံစေတီတော်နှစ်၂၆၀ဝ ပြည့်တွင် လူအများ အဆိုပါ ဓမ္မစေတီခေါင်းလောင်း
ကြီးကို ဖူးမြော်စေချင်သည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့Land Sat 7 နာဆာဂြိုဟ်
တုဖြင့် ကြည့်ရှုခဲ့ခြင်း ဖြစ်သည်ဟု ယင်းကထပ်မံပြောခဲ့ပေသည်။

ကျမ်းကိုး

ဓမ္မစေတီခေါင်းလောင်းတော်ကြီး၏ရာဇဝင်အကျဉ်း(ဦးစံလင်း)

သတင်း၊ဓမ္မစေတီခေါင်းလောင်းမှကူးယူဖေါ်ပြပါသည်

Saturday, August 16, 2014

မြန်မာနိုင်ငံတွင် ART ဆေးဝါးထုတ်လုပ်ရန် အိန္ဒိယနိုင်ငံရှိ Cipla ဆေးကုမ္ပဏီက နည်းပညာများ ကူညီပံ့ပိုးပေးသွားမည်

အိန္ဒိယနိုင်ငံက Cipla ဆေးကုမ္ပဏီက နည်းပညာပံ့ပိုးမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်း မြန်မာအစိုးရနှင့် ပြည်တွင်း မှ စီးပွား ရေးလုပ်ငန်းရှင်များက ပူးပေါင်း ဆောင်ရွက်သွားမှသာ ပြည်တွင်းတွင် HIV/AIDS လူနာများအတွက် ART ဆေး ဝါးကိုထုတ်လုပ်နိုင် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိပ်ခ်ျအိုင်ဗွီနှင့် နေထိုင်သူများအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ဒီမိုကရေစီတူဒေးသတင်းစာသို့ ဩဂုတ် ၅ ရက်က ထုတ်ဖော်ပြောသည်။
ART ဆေးဝါးကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့ အိန္ဒိယမှာရှိတဲ့ Cipla ဆေးကုမ္ပဏီကိုသွားရောက် ဆွေးနွေးတဲ့အခါမှာ နည်းပညာကူညီပံ့ပိုးပေးမယ် ပြောပါတယ်။ နိုင်ငံတော်အစိုးရက ထုတ်လုပ်ပေးဖို့ နံပါတ်တစ်ရည်ရွယ်ချက် ထားပါတယ်။ နိုင်ငံတော် အစိုးရက မထုတ်ဘူးဆိုမှသာ နိုင်ငံတော်အစိုးရရဲ့ ခွင့်ပြုချက်ရယူပြီး စီးပွားရေးလုပ်ငန်းရှင်တွေကနေ ထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီအတွက်ပြည်တွင်း စီးပွား ရေးလုပ်ငန်းရှင်တွေ ကိုလိုက်လံစည်း ရုံးနေတဲ့အခါမှာ ရှမ်းပြည်နယ်က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ ART ဆေးဝါးကို အမြတ်မရ ရင်တောင် အရင်းပြန်ရရင်ထုတ်ပေး ချင်တယ်လို့ပြောတယ်'' ဟု Myanmar Positive Group (MPG) မှဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။
ယခုအခါ မြန်မာနိုင်ငံတွင် အစိုးရနှင့်ပြည်တွင်း၊ပြည်ပ အင်ဂျီအိုများက ART ဆေးဝါးထောက်ပံ့ ထားသူ ၆၇ဝဝဝ ကျော်ရှိပြီး ART ဆေးဝါးကို ပြင်ပမှ ဝယ်ယူသုံးစွဲသူ ၃၀၀၀ဝခန့်ရှိနေသောကြောင့် ART ဆေးဝါးကို လူပေါင်းတစ်သိန်းနီးပါး သုံးစွဲလျက်ရှိကြောင်း သိရသည်။
ယင်းပြင် အိတ်ခ်ျအိုင်ဗွီပိုးရှိ မရှိစစ်ဆေးခြင်းမရှိသောသူများ အနေဖြင့်လည်း မိမိတွင်အိတ်ခ်ျအိုင်ဗွီ ပိုးရှိကြောင်း သိလာသည့်အခါတွင် ART ဆေးဝါးကို ဝယ်ယူသုံးစွဲလာ နိုင်သဖြင့် မြန်မာနိုင်ငံတွင် ART ဆေးဝါးထုတ်လုပ်ရန် လုံလောက်သည့် ဝယ်လိုအားလည်း ရှိလာနိုင်ကြောင်း ယင်းကဆက်လက်ပြောကြားသည်။
''ကိုယ့်နိုင်ငံမှာပဲ ART ဆေး ဝါးကို ထုတ်လုပ်နိုင်ရင်သိပ်ကောင်း ပါတယ်။ ချင်းပြည်နယ်မှာနေတဲ့သူတွေဆိုရင် ကလေး ကနေ ART ဆေးဝါးကို အိန္ဒိယအထိတောင် သွားထုတ်ရတာတွေရှိတယ်။ အစိုးရနဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေက ART ဆေးဝါးတွေကို ထောက်ပံ့ပေးနေတယ်ဆိုပေမယ့်လည်း မြို့ကြီးတွေမှာပဲ ထုတ်ပေးတာ ဆိုတော့ လက်လှမ်း မမီတာတွေကလည်း ရှိနေ သေးတယ်'' ဟု Myanmar Positive Women Network (MPWN) မှ ဘဏ္ဍာရေးမှူး ဒေါ်ချောစုလတ်က ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူ ၁၉၈ဝဝဝ ခန့်ရှိကြောင်းသိရပြီး ၎င်းတို့အနက် ကိုယ်ခံစွမ်းအား CD4 Count 350 အောက် မရောက်သေးသည့်သူများမှာ ကိုယ်ခံစွမ်းအား ကျဆင်းလာသည့်အချိန်တွင် ART ဆေးဝါးများကို သုံးစွဲရမည်ဖြစ်ကြောင်း သိရသည်။
ဩဂုတ် ၆၊ ၂ဝ၁၄