Thursday, June 25, 2015

ရွှေတိဂုံနှင့်ဒဂုံစီးတီး (၇)

ကျွန်တော့်ရဲ့ပထမမဟာဘွဲ့ယူစာတမ်း ကိုမြေပြိုကျခြင်း (landslid) နဲ့တင်ခဲ့တယ်၊ ဒုတိယဘွဲ့ကိုလည်း landslide နဲ့ထပ်တင်တယ် ၊ တတိယဘွဲ့ကိုလည်း landslide နဲ့ထပ်တင်ဖို့လုပ်နေတယ်။ အဲ့ဒိတော့အခုရက်တွေ အိပ်မက်မက်ရင်တောင် ရွှေတိဂုံ
ဘုရားကြီးရဲ့ကုန်းတော်ပြိုလို့ဆိုအိပ်မက်မက်ခဲ့တယ်။ တကယ်လည်းရွှေတိဂုံဘုရား
အတွက် အကြီးမားဆုံးအန္တရာယ်ဟာ ကုန်းတော်ပြိုကျခြင်းပါဘဲ ။ အရင်ကလည်း
ပြိုခဲ့ဖူးတယ်လို့သိမှီသူတွေကပြောကြတယ်။

အပူပိုင်းမုတ်သုန်ရာသီဥတုမှာရှိတဲ့ကျောက်ပျော့သား (soft rock) ကုန်းမြေတွေဟာ
လျောစောက် (slope) ၁၅ ဒီဂရီ ရှိရုံနဲ့ကိုပြိုတတ်ကြပါတယ်။ အပိုင်း ၁ မှာဖေါ်ပြခဲ့
သလိုပါဘဲ တချို့ slope တွေဟာ သဘာဝပေါက်ပင်တွေက မြေထိန်းနံရံ (retaining
wall ) သို့မဟုတ် မြေထိန်းဇကာ (slope net) တွေလိုတောင့်ခံထားလို့မြေမပြိုတာ
ဖြစ်ပါတယ် ။ landslide အမျိုးမျိုးကို ပုံ (၁) မှာဖေါ်ပြထားပါတယ်။
landslide ဖြစ်ပေါ်ပုံခြင်းမှာ mechanism 3 မျိုးရှိပါတယ် rotational side,
translational slide နဲ့toppling တို့ဖြစ်ပါတယ် ။ ပုံ (၃) ပါ rotational slide ကို
soft rock ဒါမှမဟုတ် soil slope တွေမှာတွေ့ရပြီး translational slide နဲ့
toppling failure ကိုတော့ hard rock တွေမှာတွေ့ရပါတယ်။ ရွှေတိဂုံကုန်းတော်
ဟာ soft rock ဖြစ်လို့ rotational slide နဲ့ပြို နိုင်တာပါ ။ translational slide နဲ့
toppling ကိုတော့ ကျိုက်ထီးရိုးတက်တဲ့ လမ်းတလျောက်မှာတွေ့နိုင်ပါတယ်။
လူတွေတည်ထားကိုးကွယ်တဲ့စေတီတွေ ဖြစ်နေလို့ နတ်တွေသိကြားတွေက
စောင့်ရှောက်တယ်ဆိုတာထက် လူတွေကစောင့်ရှောက်ရင်ပိုသင့်တော်ပါလိမ့်မယ် ပိုအကျိုးရှိပါလိမ့်မယ်။
Translational slide တွေကို force equilibrium method တွေနဲ့တွက်ချက်ယူပြီး
rotational slide ကိုတော့ moment equilibrium method နဲ့တွက်ယူပါတယ်။
rotational slide မှာ slide ဖြစ်တော့မယ်ဆိုရင် slip plane တွေဦးစွာဖြစ်လာပါတယ်။
slip plane ဘယ်လိုပုံဖြစ်မလဲဆိုတာကတော့ ကုန်းမြေရဲ့အမြင့် ၊ slope angle နဲ့ မြေသားရဲ့ခံနိုင်ရည် (shear strength) နဲ့ သိပ်သည်းစ (density) တို့ပေါ်မှာ
မူတည်နေပါတယ် ။ ပုံ ၂ မှာဖေါ်ပြထားပါတယ် ။ rotational slide ကို ကိုတွက်ချက်
တဲ့ နည်း ၁၀ခုထက်မနည်း ရှိပါတယ်။
အဲ့ဒိထဲမှာတော့ slice method တစ်ခုကိုမိတ်ဆက်ပေးပါရစေ ။ ပုံ (၄) ကိုကြည့်ပါ။
slope တစ်ခုကို slice တွေခွဲပြီး အဲ့ဒိ slice တစ်ခုခြင်းစီရဲ့ driving moment နဲ့
resisting moment ကိုရှာရတာပါ ။ အရောင်ချယ်ထားတဲ့ slice အတွက်သူ့ရဲ့
အပေါ်ကို slice က driving moment ဖြစ်ပြီး အောက်က slice ကတော့ resisting moment ဖြစ်ပါတယ်။
ကဲ ... ဒဂုံစီးတီးဆောက်လို့မြေအောက်ရေပြင်နိမ့်ကျသွားပါမယ်တဲ့ အောက်က
slice က သူ့ရဲ့ density ကျသွားပါမယ် ။ density ကျသွားခြင်းဖြင့် resisting
moment ကျသွားမယ်လို့တွက်ယူပြီး landslide ဖြစ်နိုင်ဖို့အလားအလာအများကြီး
ရှိပါတယ် ။ အခုခေတ်မှာ 3D Finite element software တွေအများကြီးရှိနေတဲ့
အတွက် developer အနေနဲ့သက်သေပြဖို့တွက်ကြည့်လိုက်ပါ ။ Investigation
cost အပါအ၀င် analysis cost ဟာ Project cost ရဲ့ ၀.၁ ရာခိုင်နှုန်းတောင်
ရှိမယ်မထင်ပါဘူး။
ကျွန်တော်မှာ့ကြောက်ရမဲ့ အကြောင်းအရင်းတစ်ခုရှိပါတယ် ။
မလေးရှားက Highland Tower ဟာ ၁၉၈၂ ခုနှစ်မှာဆောက်လို့ပြီးစီးခဲ့ပြီး ၁၉၉၃ ခုနှစ်မှာပြိုကျခဲ့ပါတယ် ။ ပုံ (၅)၁၀ ကျော်ကြာမှပြိုတာပါ ။ ပြိုကျရခြင်းအကြောင်း
အရင်းက နောက်ဘက်မှာ ရှိတဲ့ slope ပြိုလို့ပါ ။ slope ပြိုရတဲ့အဓိကအကြောင်း
အရင်းက upper slope မှာစီမံကိန်း တစ်ခုအတွက် တောရှင်းခြင်းကြောင့်ပါ။
ပုံ (၆) မှာတောရှင်းထားတာကိုမြင်နိုင်ပါတယ်။ အဲ့ဒိတောင်ဟာ နှမ်းဖတ်ကျောက်
(granite)များနဲ့ဖွဲ့စည်းထားတာပါ ။ ဒါပေမဲ့ အပေါ်ယံကတော့ granite က ဖြစ်
လာတဲ့ clayey sand ပါ ။ ရွှေတိဂုံကုန်းတော်နဲ့အခုဆောက်လုပ်ရေးလုပ်ငန်း
ကမြေမျိုးပါ။ အပူပိုင်းမုတ်သုန်ရာသီဥတုမို့မိုးရွာတဲ့အချိန်မှာမိုးရေများဟာ အပြောင်ရှင်းထားတဲ့နေရာကနေ အကုန်စီးဝင်ပါတယ်။ clayey sand ဆိုတဲ့မြေမျိုး
ကလည်း ရေစိမ့်ဝင်ရုံတင်မက ရေထိန်းသိမ်းထားဖို့ပါ ကောင်းတဲ့မြေမျိုးပါ ။ စိမ့်ဝင်တဲ့မိုးရေကြောင့်မြေသားကပွပြီး မြေထိန်းနံရံကိုတွန်းကန်ပါမယ်။ မြေထိန်း
နံရံမခံနိုင်တဲ့အဆုံး မြေထိန်းနံရံအရင်ပြိုပါတယ်။ မြေထိန်းနံရံ ပြိုပြီးပေမဲ့မနေပါဘူး။
ရေစိမ့်ဝင်လို့အဆောက်အဦးအောက်ခြေမှာ ပွနေတဲ့မြေသားတွေက pile ကိုတွန်း
ပါတယ်။ နောက်ဆုံး pile ဟာ tension ကိုမခံနိုင်ဘဲ တိုက်ပြိုတဲ့ အထိရောက်သွား
ပါတယ်။ ပုံ(၇)ပါ။ ရွှေတိဂုံနဲ့ကတော့ အထက်အောက်ပြောင်းပြန်ပါ။ ဒါပေမဲ့
ဦးထောင်ဘိုဘက်က တိုက်ပြိုရင် မဟာဝိဇယကစပြိုပါမယ် ။ အဲ့ဒိမှာအောက်ခြေပိုင်း
resisting moment ပျက်သွားတဲ့အခါ ရွှေတိဂုံကုန်းတော်ပါ successive failure
ဖြစ်ပြီး ပြိုနိုင်ပါတယ်။ အဲ့ဒိလိုမျိုး project area မှာမြေရှင်းလို့ slope failure ဖြစ်ရင်
တောင်ဘက်နဲ့ အနောက်ဘက်က အဆောက်အဦးတွေက အရင်ပြိုမှာပါ။
ကျွန်တော်ဒီစာတွေရေးသားတယ်ဆိုတာ potential failure များကိုမဖြစ်အောင်
ကြိုတင်ကာကွယ်ဖို့သတိပေးရေးသားခြင်းပါ။ အခုလောက်ထိလည်း လူတွေ
စိတ်ဝင်စားမယ်လို့မတွေးထားသလို forum မှာဆွေးနွေးဖြစ်ကြလိမ့်မယ်လို့လည်း
မထင်ပါဘူး ။ ကျွန်တော်လည်း ဒါဟာတွေရေးဖို့ အချက်အလက်တွေစုဆောင်းရ ဓါတ်ပုံတွေပြင်ဆင်ရနဲ့ တပိုင်းရေးပြီးရင်နောက်တပိုင်းရေးနိုင်ဖို့မနည်းအားထုတ်
ရပါတယ်။
ဒီ project ဟာအခုထိ ဘယ်သူတွေပါဝင်ပတ်သက်နေလို့ ဘယ်ကုမ္မဏီတွေက
ဝင်လုပ်နေတယ်ဆိုတာ သေချာမသိပါဘူး ။ Marga Land ဆိုတဲ့ နာမည်သာ
Facebook မှာကြားဖူးတာပါ ။ဘယ်သူတွေပိုင်လို့ ဘယ်မှာမှတ်ပုံတင်ထားတယ်
ဆိုတာမသိပါဘူး ။ နောက်တစ်ခုက ဒီစာရေးလို့ငွေကြေးသော်လည်းကောင်း တခြားအကျိုးစီးပွားသော်လည်းကောင်း ဖြစ်လာမှာမဟုတ်ဘဲ လူသာအန္တရာယ်
ဖြစ်လာမယ်ဆိုတာကိုနားလည်ပြီးသားပါ ။ ဒါပေမဲ့ ရေးသင့်ရေးထိုက်လို့ရေး
ပါတယ် ။ သိသင့်သိထိုက်တဲ့သူကို သိစေချင်ပါတယ်။
ကျွန်တော်မြန်မာပြည်က အလုပ်တွေနဲ့ပတ်သက်ဖို့ နှစ်အနည်းငယ်ကြာဦးမှာပါ။
ဒီကြားထဲမှာ ပိုက်ဆံဘယ်လောက်ရရ ပြန်မလာနိုင်သေးပါဘူး ။ ကတိတစ်ခုကြောင့်
ပါ။ အဆုံးထိနေပါ့မယ်လို့ ကတိရှိတဲ့အတွက်ကျွန်တော့်လုပ်ငန်းပြီးဆုံးတဲ့ထိနေရမှာပါ။ နိုင်ငံရေးသမားဆိုတာလည်းကျွန်တော့်ဝါသနာမဟုတ်သလိုဘယ်တုန်းကမှလည်း
လုပ်ဖိ့စိတ်မကူးပါဘူး ။ မနက်ကတစ်ယောက်ပြောပါတယ် ။ Project မှာခေါ်ခန့်
လိုက်ရင် ငြိမ်သွားမယ် ၊ project မှာပါရအောင် ခွင်ရှာနေတာဆိုတာပါ။ နေ့တိုင်း
ဘုရားမရှိခိုးနိုင်မရွတ်ဖတ်နိုင်ပေမဲ့ ဘုရားဟောတရားတော်တွေကို အမြဲတမ်းနှလုံး
သွင်းထားတဲ့သူပါ ။ အသေ၀နာစ ဗာလာနံတဲ့ ။ ငွေဘယ်လောက်ရရ လူမိုက်တွေနဲ့
ကျွန်တော်အလုပ်မလုပ်ပါဘူး ။ ဆဲဆိုတဲ့သူတွေကိုလည်း ကျွန်တော်တုန့်ပြန်ဆဲ
ဆိုမှာမဟုတ်ပါဘူး ။
မိဘကလည်း ငယ်ငယ်ကတည်းကမဆဲအောင်ရုန့်ရင်းကြမ်းတမ်းတဲ့စကားကို
မပြောအောင် သင်ထားသလို ကျွန်တော်တက်ခဲ့တဲ့ ကျောင်းက ဆရာတိုင်းကလည်း ဆဲဆိုရိုင်းစိုင်းတာကို မကြိုက်ခဲ့ပါဘူး ။ ကျွန်တော်နဲ့ပတ်သက်တဲ့သူတွေသိပါတယ် မဆဲတတ်တဲ့အကြောင်းကို ။ ရွှေတိဂုံ နှင့် ဒဂုံစီးတီးကို ဒီမှာတင်ဘဲ နိတ္တိတံ
ပါတယ်။ အားလုံးဘဲကျန်းမာရွှင်လန်းပြီးသူတော်ကောင်းတရာများအားထုတ်
  နိုင်ကြပါစေ။
ေေေ ရေးသားတင်ပြသူ-Kyaw Swar Myint Thein.

ဆရာသော်တာဆွေ၏ စာအုပ်များ

ဆရာ သော်တာဆွေ ၏  စာအုပ်များ 13 အုပ် Download ဆွဲယူ ဖတ်ရှုနိုင်ရန်ဖြစ်ပါသည်။နှစ်သက်ရာ
စာအုပ် အမည်ကို ကလစ်ပြီး Download ပါ။--

                                           http://yekyawtint.blogspot.com/  
Credit to> Ye Kyaw Tint
    
နှလုံးသားထဲကအပြုံးတစ်ချက်ဟာ တိုင်းပြည်ရဲ့ဂုဏ်ကိုဝင်းလက်စေတယ်

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်ကြီးကရပ်ကွက်တစ်ခုမှာ မြန်မာဆရာဝန်တစ်ယောက် တစ်ယောက်နေပါတယ်။ သူက ညနက် အောင်အလုပ်ဆင်းရတော့ တစ်ခါတလေအိမ်ပြန်နောက်ကျတယ်။ တစ်ရက်သား အလုပ်ကနေအိမ်ကိုပြန်လာတော့ မနက် ၂ နာရီလောက်ရှိနေပါပြီ။ သူ့နေတဲ့လမ်းနဲ့ ကပ်လျက် လမ်းထိပ်မှာ လူတွေစုရုံးစုရုံးလုပ်နေတာတွေ့တာနဲ့ ဘာပါလိမ့်လို့တွေးနေမိ တယ်။
ဒီလိုနဲ့တွေးနေတုန်းမှာပဲ ရဲတစ်ယောက်က သူ့ကိုတားပြီး စစ်ဆေးပါတယ်။ သူ့ရုပ်ကလည်း မြန်မာရုပ်ဆိုတော့ နိုင်ငံခြား သားရုပ် ပေါ့။ သူက “ဘာဖြစ်နေကြတာလဲ” လို့ စပ်စုကြည့်တော့ ရဲက “ဒီနားကအခန်းမှာလူသတ်မှုဖြစ်လို့” ဆိုပြီး ပြန်ဖြေပါတယ်။ ရဲက စစ်ဆေးမေးမြန်းသင့်တာမေးမြန်းပြီးတာနဲ့ “မင်းက ဘယ်မှာနေတာလဲ” လို့မေးတယ်။
သူကဟိုဘက်လမ်းမှာနေတာဖြစ်ကြောင်း ပြောတော့ ရဲက “အေး…ဒါဆိုသွားလို့ရပါပြီ။ ငါတို့ဒီလမ်းထဲမှာလူသတ်မှုဖြစ်နေလို့ စစ်ဆေးရတာပါကွာ။ မင်းသိပ်ပြီးတော့များ စိတ်အနှောက်အယှက်ဖြစ်သွားသလားမသိဘူး။ ငါတို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားရင် အနူးအညွတ်တောင်းပန်ပါတယ်၊ ဆောရီးပါ၊ ဆောရီးနော်” လို့ ပြောပြီး မြန်မာဆရာဝန် မသွားမချင်း ဆောရီးချင်းမိုးမွှန်အောင်တောင်းပန်နေပါသတဲ့။ ဒါနဲ့ သူက လည်း ကိစ္စမရှိကြောင်း နားလည်ကြောင်းပြောပြီး ထွက်သွားမယ်အလုပ်မှာ ရဲက “ မင်း အိမ်ပြန်ရဲရဲ့လား၊ ငါလိုက်ပို့ပေးဖို့လို မလား၊ အားမနာနဲ့နော်၊ လိုက်ပို့ပေးဆို လိုက်ပို့ပေးပ့ါမယ်” လို့ ပြောပါသတဲ့။ မြန်မာဆရာဝန်ကလည်း ကျေးဇူးတင်ကြောင်း မလိုကြောင်းပြောပြီး ထွက်လာပါတယ်။ သူထွက်လာတဲ့အချိန်အထိ အဲဒီရဲဟာ ပါးစပ်က ဆောရီး ဆောရီးနဲ့ပြောပြီး ကိုယ်ကိုယ် ကိုင်းညွတ် တောင်းပန်နေပါသေးသတဲ့။
တစ်ခါကလည်း လန်ဒန်မှာကျင်းပတဲ့ ဒေသဆိုင်ရာပွဲတစ်ပွဲမှာ အဲဒီဆရာဝန်လည်း မြန်မာပီပီ ဟိုတိုးဒီတိုးဝင်တိုးတာပေါ့။ ပွဲတော် ကိုလာတဲ့ပရိသတ်က လေးငါးသောင်းကျော်ကျော်လောက် ရှိတယ်လို့ဆိုပါတယ်။ ဒီအချိန်မှာ ကုလားမခြေထောက်နဲ့ လန်ဒန်ရဲ တစ်ယောက်သူ့အနားကိုရောက်လာပြီး “ဟိုင်း” လို့ နုတ်ဆက်ပါတယ်။ သူကလည်း ဟိုင်းလို့ ပြန်နုတ်ဆက်လိုက်သပေါ့။ ဒါနဲ့ရဲက “မင်း နိုင်ငံခြားသားမဟုတ်လား” လို့ မေးသတဲ့။ သူကဟုတ်ကြောင်းပြန်ပြောလိုက်တော့ “မင်း အကူအညီတစ်ခုခုများလိုနေသ လား” လို့ မေးသတဲ့။ သူကမလိုကြောင်း ကျေးဇူးတင်ကြောင်း ပြန်ပြောလိုက်တဲ့အခါ ရဲက “ချွတ်…ငါက လူတွေကိုကူညီချင်လို့ လိုက်မေးနေတာ တစ်ယောက်မှလည်း အကူအညီမလိုကြဘူး။ အေး ကျေးဇူးပါကွာ။ ငါ ကျန်တဲ့သူတွေကို လိုက်ပြီး စနည်းနာ ကြည့်လိုက်ဦးမယ်” လို့ ပြောပါသတဲ့။
ဒီရဲကလည်း ပထမရဲလိုပဲ ထွက်မသွားခင်သူ့ကို မေးလိုက်ပါသေးတယ်။ “မင်း ဒီပွဲမှာ ပရိသတ်ဘယ်လောက်ရှိမယ်ထင်သလဲ” တဲ့။ သူကလည်း လေးသောင်းကျော်လောက်ရှိမယ် ထင်တယ်လို့ ပြောလိုက်ပါတယ်။ “ အေး ပရိသတ် လေးငါးသောင်းကျော် လောက်တော့ရှိတယ်ကွ။ ပွဲတော်ကျင်းပနေတာ လေးရက်ကျော် ငါးရက်ရှိပြီ အခုအချိန်အထိ နည်းနည်း အမူးလွန်နေတဲ့ လူတစ် ယောက်ကိုပဲ တွဲပို့ခဲ့ရသေးတယ်၊ သိလား။ ဒီမှာ ဘာပြဿနာမှ မရှိဘူးကွ” လို့ ပြောသွားပါသေးတယ်တဲ့။ အမှန်ကတော့ကြွား တာပါ။ ကြွားမယ်ဆိုလည်း ကြွားလောက်စရာကိုး။ ဒါက INGO မှာအလုပ်လုပ်တုန်း အင်္ဂလန်မှာ နှစ်အတန်ကြာနေခဲ့ဖူးတဲ့ ဆရာ ဝန်တစ်ယောက်ပြောပြဖူးတာပါ။
ဒီလိုပဲ အမေရိကန်မှာ တစ်ခါက အဝေးပြေးလမ်းမမှာ စစ်ကားတစ်စီးက ကားမောင်းသူကိုယ်တိုင် မသိလိုက်ဘဲ လမ်းဘေးရွာက ရွာသားတစ်ဦးကို ပွတ်မိသွားပါတယ်။ ဒဏ်ရာကသိပ်မပြင်းပါဘူး။ ဒါပေမဲ့ ရွာသားကမကျေနပ်ဘူး။ သမ္မတဆီထိတက်တိုင်ပါ တယ်။ သမ္မတကလည်း ကားနံပတ်မသိ၊ ဘာသမသိနဲ့ ဘယ်သူ့အရေးယူပေးရမှန်းမသိဘူး။ ဒါနဲ့ သမ္မတက ရေဒီယိုကနေ “အဝေးပြေးလမ်းမ (……) နေရာမှာ (……) နေ့က စစ်ကားတစ်စီးက ပြည်သူတစ်ယောက်ကို ပွတ်တိုက်မိသွားတယ်။ အို.. အမောင်စစ်သည် သင်ဟာအမေရိကန်ပြည်ထောင်စုရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုရော အမေရိကန်တပ်မတော်ကိုရော တန်ဖိုးထား လိမ့်မယ်လို့ ငါယုံကြည်တယ်။ ဒါ့ကြောင့် ဒီကြေညာချက်ကိုကြားတဲ့အချိန်ကစပြီး ကိုယ့်အပြစ်ကို လာရောက်ဝန်ခံပါ” လို့ ကြေညာလိုက်ပါသတဲ့။
အံ့သြဖို့ကောင်းတာက ကြေညာချက်ထွက်လာပြီး တစ်ပတ်အတွင်းမှာပဲ အဲဒီစစ်ကားမောင်းတဲ့ စစ်သည် ဟာ ကိုယ်တိုင်လာရောက် စစ်ဆေးခံပါတယ်တဲ့။ အမေရိကန်သံရုံးထုတ်စာစောင်တစ်ခု မှာဖတ်ခဲ့ဖူးတာပါ။ အမေရိကန်ပြည်သူ ပြည်သားတွေ စစ်သားကအစ ဥပဒေကိုဘယ်လောက်လေးစားလိုက်နာတယ်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ ဆောင်းပါးထဲကနေပြောပြနေတာပါ။
ကျွန်တော်ကော့သောင်းမှာနေစဉ်က ထိုင်းနိုင်ငံမှာရှိတဲ့ ဌာနဆိုင်ရာတွေက သူ့ပြည်သူတွေကို ဘယ်လိုဆက်ဆံတယ်ဆိုတဲ့ အ ကြောင်း ထိုင်းဘက်ကို နေ့စဉ်လိုလို အလုပ်ကိစ္စနဲ့ သွားလေ့ရှိ တဲ့ ကော့သောင်းက သူငယ်ချင်းကိုမေးကြည့်ပါတယ်။ သူက “ကိုကျော်ကြီး ကုမ္ပဏီတစ်ခုမှာ ကိုယ့်ကုမ္ပဏီက ပစ္စည်းတစ်ခုခုကိုဝယ်မယ့် ဖေါက်သည် (customer) တစ်ယောက်ကို ကုမ္ပဏီ က တာဝန်ရှိဝန်ထမ်းတွေဘယ်လိုဆက်ဆံသလဲ။ ထိုင်းအစိုးရဝန်ထမ်းတွေက သူ့ပြည်သူကို အဲဒီလိုပဲဆက်ဆံတယ်။ ဖေါက်သည် တစ်ယောက်လို ဆက်ဆံတယ်ပေါ့ဗျာ” လို့ ပြောပါတယ်။
ကျွန်တော့်အသိအမျိုးသမီးတစ်ယောက်ကလည်း “ကျွန်မ ရှမ်းကမ်း (ထိုင်းနိုင်ငံကို ဒေသစကား နဲ့ ကော့သောင်းကလူတွေက ရှမ်း ကမ်းလို့ခေါ်ပါတယ်။) ကို အလုပ်ကိစ္စနဲ့သွားရင်း ဘဏ်ကို မကြာခဏရောက်တယ်။ ဘဏ်တစ်ခုလုံးမှာရှိတဲ့ဝန်ထမ်းတွေဟာ ပြုံးရွှင်နေတာပဲ။ ဘယ်လောက်ပဲ အလုပ်များများ သူတို့အပြုံးမပျက်ဘူး။ သူတို့လည်း လေ့ကျင့်ပြီးပြုံးတာပဲ။ မြန်မာတွေ လည်း လေ့ကျင့်ပြီး ပြုံးကြတာပဲ။ ဘာတွေကွာလဲတော့မသိဘူး။ မြန်မာပြည်က ဘဏ်တချို့မှာ နည်းနည်းအလုပ်ရှုပ်လာပြီဆိုရင် စိတ် မရှည်ချင်တော့ဘူး။ ထိုင်းတွေက သူတို့ကြောင့်တစ်ခု ခုနှောင့်နှေးကြန့်ကြာသွားတယ်လို့ထင်ရင် အနူးအညွတ်တောင်းပန်လေ့ရှိ တယ်။ စောင့်ရတာ သိပ်ကြာရင် ကော်ဖီတောင်ဖျော်တိုက်လိုက်သေးတယ်။ မြန်မာပြည်က သူဌေးတွေ၊ မန်နေဂျာတွေ သူတို့ ဝန်ထမ်းတွေ ဘယ်လိုအလုပ်လုပ်နေကြတယ်ဆိုတာ မသိကြဘူးလား မသိဘူး။ စီမံခန့်ခွဲမှုကလည်းညံ့ဖျင်းလိုက်တာ။ ကျွန်မသာ သူဌေးဆိုရင် စီစီတီဗီတပ်ထားပြီး အခန်းထဲက ထိုင်ကြည့်နေမယ်။ ကိုယ့်ဖေါက်သည်ကို စိတ်မရှည်သလိုလို ဘာလိုလို မချေမငံလုပ်တဲ့ဝန်ထမ်းဆို တစ်ခါတည်းဖြုတ်ပစ်လိုက်မယ်” လို့ ပြောပါတယ်။
ကျွန်တော် နည်းနည်းဖျားသွားပါတယ်။ ဒီစကားပြောတဲ့အမျိုးသမီးက အတန်းပညာ ခြောက်တန်း
လောက် သာ ကျောင်းနေဖူးသူပါ။ “စီမံခန့်ခွဲမှုကလည်း ညံ့ဖျင်းလိုက်တာ” ဆိုတဲ့စကားကလည်း သူပြောတဲ့တိုက်ရိုက်ပြောစကားပါ။
မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းမှာ အလုပ်ဝင်လုပ်တုန်းက ကျွန်တော်တို့ခရိုင်မန်နေဂျာ တစ်ယောက်ပြော ခဲ့ဖူး တာလေး သတိရမိပါ တယ်။ “ကျော်ဇင်ထွန်းရေ… အင်္ဂလန်မှာက လူတွေတင်မက ဘူး ခွေးတွေကပါ ယဉ်ကျေးတာကွ။ မင်း မနက်ပိုင်းလမ်းလျှောက် ထွက်လာတဲ့အခါ မတွေ့တာနှစ်ချီပြီးကြာတဲ့ သူငယ်ချင်းနှစ်ယောက်တွေ့တယ်ဆို ပါတော့။ နှစ်ယောက်စလုံး ဆွဲလာတဲ့ခွေးတွေက တစ်ကောင်နဲ့တစ်ကောင် အခုမှမြင်ဖူးပေမဲ့ ကလူကြည်စယ်နေကြတာဟ။ ဒို့မြန်မာပြည်ကခွေးတွေလို အလကားနေရင်းမာန်ဖီ မနေဘူး။ စနစ်တစ်ခုက ခွေးကိုတောင် ယဉ်ကျေးသွားစေတာနေမှာပေါ့ကွာ” တဲ့။ ဆရာပြောတာလည်း မှန်ပါတယ်။ ကျွန်တော် ဆီမှာ က ခွေးလေခွေးလွင့်ကလည်း ပေါသကိုး။ ခွေးလေ ခွေးလွင့်တွေကို သနားပြီးအစာကျွေး ထား။ အဲဒီခွေးက လမ်းသွားလမ်း လာကို ကိုက်တော့ သူ့ခွေးမဟုတ်ဘူးငြင်း။ နောက်တော့ စကားများ၊ ရန်ဖြစ်ကြ။ ဒါ ကျွန်တော်တို့ မြင်နေကျပုံရိပ်တွေ။
စစ်အစိုးရလက်ထက်က တစ်ရက်မှာ ကော့သောင်းလေဆိပ်ကိုဆိုက်လာတဲ့လေယာဉ်မှာပါတဲ့ ခရီးသည်တွေကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းအသီးသီးက စစ်ဆေးတာပေါ့။ ကော့
သောင်းမှာနေနေကျ ခရီးသည်တွေကတော့ သိပြီးသားဖြစ်စဉ်တွေပါပဲ။ ဒါပေမဲ့ ရန်ကုန်ကလာတဲ့ ခရီးသည်လူငယ်လေးတစ်ယောက်ဟာ သူ့ကိုမေးခွန်းပေါင်းမြောက်များစွာမေးတော့ စိတ်မရှည်ဘဲ “ခင်ဗျားတို့ကလည်းဗျာ၊ ကိုယ့်တိုင်းပြည်ထဲကိုယ်သွားတာတောင် လွတ်လွတ်လပ်လပ် မသွားရ ဘူးလား” ဆိုပြီး ပြန်ပြောမိတယ်။ အဲဒီအချိန်မှာ စစ်ထောက်လှမ်းရေးက မင်းဘာစကားပြောတာလဲ၊ ဘာကောင်လဲဆိုပြီး တစ်ချက်လှမ်းရိုက်လိုက်ပါသတဲ့။ စစ်ထောက်လှမ်းရေးက တစ်ချက်ပဲရိုက်ရ ပါတယ်။ အနားမှာရှိနေတဲ့ကျန်တဲ့ လုံခြုံရေးအဖွဲ့အစည်းအသီးသီးက မောင်မင်းကြီး သားများက စစ်ထောက်လှမ်းရေးလက်နာကျင်တော်မူမှာစိုးလို့ ထောက်လှမ်းရေးကိုဖားပြီး တစ်ယောက် တစ်ချက် ဝိုင်းသမလိုက် ကြတာ ခရီးသည်ကောင်လေးလည်း ကြေမွသွားသော တိမ်တိုက်များဖြစ် သွားပါသတဲ့။
ကျွန်တော့်ကိုပြောပြတဲ့သူငယ်ချင်းက ဆလွန်းကားတက္ကစီမောင်းနေတဲ့သူပါ။ သူက ဌာနဆိုင်ရာ ပုဂ္ဂိုလ်တစ်ယောက်ကိုလိုက်ပို့ရင်း အထဲဝင်ခွင့်ရတဲ့အချိန်မှာ သူမြင်ခဲ့ရ တဲ့မြင်ကွင်းကိုပြောပြတာပါ။ ဘာတွေဆက်ဖြစ်သေးလဲလို့ ကျွန်တော်ကမေးတော့ “ စိတ်ဆင်းရဲလွန်းလို့ ဆက်မကြည့်တော့ ပါဘူး ဗျာ၊ ကျွန်တော်လည်း ပြန်လှည့်ထွက်လာခဲ့တယ်” လို့ ပြောပြပါတယ်။
၁၉၉၂ နှစ် နှစ်စပိုင်းလောက် ကျွန်တော်ကော့သောင်းရောက်တဲ့အချိန်မှာ အခြေချစစ်ဗျူဟာဆောက် လို့ မပြီးသေးဘူး၊ မဆောက် ရသေးဘူးလို့ထင်တယ်။ အဲဒီအချိန်မှာ အခုစစ်ဗျူဟာရှေ့မှာရှိတဲ့ အုန်းခြံလေးထဲမှာ ပျဉ်ထောင်သွပ်မိုးအိမ်ကလေးတစ်လုံးရှိ တယ်။ အုန်းခြံလေးထဲမှာ လေတဖြူးဖြူးနဲ့ အိမ်ရှင်က အိမ်ရှေ့မှာ ပက်လက်ကုလားထိုင်လေးတစ်လုံးနဲ့ထိုင်နေတာကြည့်ပြီး ကျွန်တော်က ခြံလေးကို သဘောကျနေမိတယ်။ နောက်တော့ တပ်ကအဲဒီအုန်းခြံလေးကိုသိမ်း လိုက်ပြီး ခြေမြန် တပ်ရင်းတစ်ရင်း တည်လိုက်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးအတွက်လိုအပ်ချက်အရသိမ်းတာကို အတိုင်းအတာတစ်ခုအထိနားလည်လက်ခံလို့ ရပါတယ်။ ဒါပေမဲ့ တပ်ကအဲဒီခြံရှင်ကို ကာလပေါက်ဈေးနဲ့တန်ရာတန်ကြေးလျော်ပေးခဲ့သလား။
မြန်မာနိုင်ငံဘယ်နေရာမှာမှ ကာလပေါက်ဈေးနဲ့ လျော်မပေးပါဘူး။ အဲဒီအချိန်က မြန်မာနိုင်ငံ မှာလျော်ပေးတဲ့စနစ်က တစ်နှစ်ဆောင်ရတဲ့ မြေခွန်ရဲ့ အဆ နှစ်ဆယ်လို့ဆိုတယ်။ မြေခွန်က တစ်နှစ်မှ ဆယ်ဂဏန်းသာရှိတာပါ။ တစ်ဧကကို နှစ်ဆယ်ကျပ်ထင် တယ်။ နှစ်ဆယ် ကို နှစ်ဆယ်နဲ့မြှောက် လိုက်ရင် အဲဒါမြေပိုင်ရှင်ရမယ့် တစ်ဧကအတွက်လျော်ကြေးပဲ။ တကယ်လို့ အဲဒီခြံနဲ့အိမ်ကလေးသာ ကျွန် တော်တို့ ခင်ဗျားတို့ရဲ့ ဘိုးဘွားပိုင်ခြံနဲ့အိမ်ကလေးဆိုရင်ကော။
ခေတ်နဲ့မလျော်ညီတဲ့ဥပဒေတွေကို ပြင်သင့်တာပြင်၊ ဖျက်သိမ်းသင့်တာဖျက်သိမ်း၊ အသစ်ပြန်လည်ရေးဆွဲသင့်တာရေးဆွဲရမယ် ဆိုတာ ဒါတွေကိုပြောတာပါ။
ဒီလိုဥပဒေတွေ ပြန်ပြင်ဖို့ကိစ္စဟာ ဘယ်နေရာမှာ တံတားကြီးဆောက်ပေးဖို့ အစီအစဉ်ရှိ/ မရှိ၊ ဘယ်နေရာမှာ လမ်းတွေဖေါက်ပေးဖို့ အစီအစဉ်ရှိ/ မရှိဆိုတဲ့ မေးခွန်းတွေထက် အရေးကြီးတယ်လို့ ထင်ပါတယ်။ မြေရာပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး မြေရာကို နိုင်ငံတော်ကပိုင်ဆိုင်တယ်ဆိုတဲ့စကားရပ်နဲ့ပတ်သက်ပြီး မဝေဖန်လိုပါ။ ဒါပေမဲ့ အဲဒီမြေရာမှာ လုပ်ကိုင်၊ စားသောက်၊ နေထိုင်တဲ့သူကို ကာလ တန်ကြေးနဲ့အညီ ထိုက်ထိုက်တန်တန် လျော်ကြေးပေးဖို့တော့လိုပါတယ်။
တပ်ဆောက်ဖို့၊ ဌာနဆိုင်ရာအဆောက်အဦတွေဆောက်ဖို့၊ စီမံချက်လုပ်ငန်းတွေ ဆောင်ရွက်ဖို့ စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ မြေတွေသိမ်းပါတယ်။ ရော်ဘာခြံပိုင်ရှင် ကနေ ရော်ဘာခြံ အလုပ်သမားဘဝရောက်သွားတဲ့သူတွေ၊ လယ်ပိုင်ရှင်ကနေ ကိုယ့်လယ် ကိုသီးစားပေးပြီး အငှားပြန်လုပ်ရတဲ့ လယ်သမားဘဝရောက်သွားကြသူတွေ တိုင်းပြည်နေရာအနှံ့အပြားမှာ ရှိခဲ့တယ်။ မြေရာ ဖေါ်တယ်ဆိုပြီး မြေကွက်တွေလက်ညှိုးထိုးရောင်းစားသွားတဲ့ အာဏာပိုင်တွေလည်း တစ်ပြုံတစ်မကြီးပေါ့။ ဒီမိုကရေစီ အစိုးရ လက်ထက်မှာ လယ်ယာမြေတြွေ ပန်ပေးတယ်ဆိုပေမဲ့ မရသေးတဲ့သူကလည်း မရသေးဘူး။ တချို့လယ်တွေက အရှုပ်အရှင်း မက င်းတာတွေလည်းပါတာပေါ့။ ဒါပေမဲ့ မူလဘူတအကြောင်းရင်း ကတော့ နိုင်ငံတော်အစိုးရ ဆိုတဲ့ ခေါင်းစဉ်နဲ့ တန်ရာ တန်ကြေး မပေးဘဲ သိမ်းလို့ဖြစ်လာရတဲ့ပြဿနာတွေလို့ပဲ ဆိုချင်ပါတယ်။
ဒီနေရာမှာ တန်ရာတန်ကြေးဆိုတာ ကာလပေါက်ဈေး၊ တစ်နည်း အားဖြင့် ပြင်ပပေါက်ဈေးကို ဆိုလိုတာဖြစ်တယ်။ လယ်ပဲသိမ်းသိမ်း၊ ယာပဲသိမ်းသိမ်း ကာလပေါက်ဈေးပေးလိုက် တယ်ဆို ရင် တောင် ပြည်သူကဒီလောက်မုန်းမှာမဟုတ်ပါဘူး။
မြေ၊ ရေ၊ လေ အားလုံးကို နိုင်ငံတော်က ပိုင်တယ်ဆိုတဲ့စကားရပ်ဟာ တချို့ နေရာတွေမှာ အာဏာအလွဲသုံးစားလုပ်တဲ့သူတွေ အတွက် သူတို့ကိုအာဏာအလွဲသုံးစားလုပ်ဖို့ လမ်းဖွင့်ပေးထားသလိုဖြစ်နေတယ်။ မြေ၊ ရေ၊ လေ အားလုံးကို နိုင်ငံတော်ကပိုင်တယ်ဆိုပေမဲ့ ...
“အဆိုပါမြေယာများကို နိုင်ငံတော်အကျိုးအတွက် သိမ်းဆည်းရန်လိုအပ်သောအခါ ကာလပေါက်ဈေး ထက် မလျော့နည်းစေဘဲ ပေးလျော်ပြီးမှ မြေယာ သိမ်းဆည်းခြင်းကိုဆောင်ရွက် ရမည်။ ထိုသို့ဆောင်ရွက်ရာ၌ လယ်ယာမြေကာလ ပေါက်ဈေး စုံစမ်းရေးကော်မတီဖွဲ့စည်းရာတွင် အဂတိလိုက်စားမှုများမပါရှိစေရန် ကော်မတီဝင်ထဲတွင် လယ်ယာမြေသိမ်းဆည်း မည့် ဒေသ မှ ဒေသခံလူထုကိုယ်စားလှယ်အနည်းဆုံးနှစ်ယောက်ပါရှိရမည်။ နိုင်ငံတော်အစိုးရမှဖွဲ့စည်းပေးထားသည့်ကော်မတီ ဝင်များနှင့် ဒေသခံလူထုကရွေးချယ်ပေးသည့် အဖွဲ့ဝင်များအနေဖြင့် မြေယာဈေးနှု န်းနှင့်ပတ်သက်၍ အငြင်းပွာဖွယ်ရာကိစ္စများ ဖြစ်ပေါ်လာပါက သိမ်းဆည်းမည့်လယ်ယာမြေ၏ အရပ်လေးမျက်နှာ တစ်မိုင်ပတ်လည်ရှိ လယ်ယာမြေတစ်ဧကပေါက်ဈေးကို စာရင်းကောက် ယူပြီး ပြန်လည်တင်ပြရမည်။ လယ်ယာမြေကာလပေါက်ဈေး စုံစမ်းရေး ကော်မတီ ၏အကြံပြုချက် အတိုင်း ရာဖြတ်အဖွဲ့မှ တန်ဖိုးသတ်မှတ်လျော်ကြေးပေးရာတွင် မူလလယ်ယာမြေပိုင်ရှင်အနေဖြင့် မကျေနပ်ပါက (…..) ရက်အတွင်း ရာဖြတ်စောဒကတက်ခွင့်ရှိသည်။” စသဖြင့် ပြည်သူကို အကာအကွယ်ပေးတဲ့ ဥပဒေမျိုးတွေ မရေးဆွဲသင့်ဘူးလား။ ကျွန်တော် ပြောတာက ဥပမာဆိုတော့ ဥပဒေစကားရပ်အနေနဲ့ ပြည့်စုံလုံလောက်မှုရှိချင်မှရှိပါလိမ့်မယ်။
မတရားမှုတွေ၊ မမျှတမှုတွေကြားမှာကြီးပြင်းလာရတဲ့လူထုအတွက် အာခံပြန်ရင်လည်း အစိုးရ ဖမ်း ဆီးနှိပ် စက်ခံရမှာ ကြောက်နေ ရတော့ ထွက်ပေါက်မရှိပါဘူး။ ဖမ်းဆီးနှိပ်စက်တာမရှိဘူးလို့တော့ မပြောပါနဲ့။ ကျွန်တော်တို့ကော့သောင်းဘက်က ရပ်ကွက်၊ ကျေးရွာတိုင်းက ရပ်ကွက်ရုံးတွေ မှာ ခြေကျင်း (ထိပ်တုံး) တွေရှိပါတယ်။ ပြဿနာတစ်ခုခုဖြစ်လို့ အရံမီးသတ်ကဖမ်းခေါ်လာတာ နဲ့ ထိပ်တုံးထဲထည့်ပြီး ရဲမရောက်ခင် မီးသတ်က အရင်ကျွေးတာပါ။ မီးသတ်ကအစကြောက်နေရ တဲ့ ပြည်သူမှာထွက်ပေါက်မရှိပါ ဘူး။ ဒီကြားထဲမှာ စီးပွားရေးကလည်းမကောင်းတော့ တစ်နေ့တစ်နေ့ ကြက်အစာယက်သလို တတောက်တောက်ယက်ပြီး ရှာဖွေ စားသောက်ရပါတယ်။ ဒီတော့ အဆင်မပြေမှုတွေ၊ အကြောက်တရားတွေကနေ ဒေါသတွေအဖြစ်ကူးပြောင်းလာတယ်။ အဲဒီ ဒေါသက အစိုးရကိုအာခံဆန့်ကျင်ရဲတဲ့ဒေါသမဟုတ်ဘူး။ ပတ်ဝန်းကျင်တစ်ခုလုံး မတရားမှုတွေလွှမ်းမိုးခံနေရတဲ့အချိန်မှာ ဘာမှ ပြန်မလုပ်နိုင်လို့ ဖြစ်လာတဲ့ “ကျ” ဒေါသပေါ့။
ရလဒ်အဖြစ် လူတွေဟာတဖြည်းဖြည်းရိုင်းစိုင်းလာတယ်။ ဂါရဝေါစ၊ နိဝါတောစတွေ ပျောက်ကွယ် လာတယ်။ သူတို့ပတ်ဝန်းကျင် မှာလည်း လေးစားရမယ့်သူက နည်းသထက်နည်းလာတယ်လေ။ ဒီတော့ အစဉ်အလာတွေ ယဉ်ကျေးမှုတွေကို အလေးမထား တော့ဘူး။ လူကြီးရှေ့ မှာ ခေါင်းငုံ့ ပြီး လျှောက်ချင်မှလျှောက်တော့မယ်။ လူကြီးအိပ်နေလည်း သီချင်းအကျယ်ကြီး အော်ဆို ချင် အော်ဆိုပစ်လိုက်မယ်။ အစဉ်အလာတွေ၊ ယဉ်ကျေးမှုတွေက သူတို့ဘဝလုံခြုံမှုအတွက် ဘာမှ အာမခံချက်မပေးနိုင်ဘူး။ အဲဒီလို အစဉ်အလာတွေ၊ ယဉ်ကျေးမှုတွေကို အလေးထားဖို့ တတွတ် တွတ် အာပေါက်အောင်ပြောနေတဲ့သူတွေက သူတို့မိဘတွေရဲ့ လယ်ယာမြေကိုသိမ်းသွားတဲ့ သူတွေဖြစ်နေတယ်လေ။ သူတို့မှာ စံနမူနာယူရမယ့်ပုဂ္ဂိုလ်မရှိတော့ဘူး။ ဘာစံနမူနာကိုမှလည်း မယုံကြည်တော့ဘူး။ နောက်ပိုင်းမျိုးဆက်တွေရောက်လာလေ ယုံကြည်မှုကင်းမဲ့ခြင်းရဲ့ရိုက်ခတ် မှုကြောင့်ပေါ်လာတဲ့ ရိုင်းစိုင်းမှု တွေက သိသာလာလေပဲဖြစ်ပါတယ်။
မိတ်ဆွေတို့၊ ကျွန်တော်တို့မိသားစုတစ်စုတည်း ယဉ်ကျေးနေလို့မဖြစ်ပါဘူး။ ကျွန်တော်တို့ပတ်ဝန်း ကျင်၊ ကျွန်တော်တို့ တိုင်းပြည် တစ်ပြည်လုံး ယဉ်ကျေးနေမှ တခြားသူစိမ်းတရံဆန်တွေ က လေး စားမှာပါ။ ဒီလိုယဉ်ကျေးဖို့ဆိုတာက ငါပြောသလိုလုပ် ငါလုပ်သ လို မလုပ်နဲ့ ဆိုတဲ့ ခေါင်းဆောင်
တွေရဲ့ စည်းရုံးဆွဲဆောင်မှုနဲ့တော့ ပြုပြင်လို့မရပါဘူး။ ဥပဒေတွေပြင်ရပါမယ်။ အတွေး၊ အကြံ၊ အမူအကျင့် တွေပြင်ရပါမယ်။ နိုင်ငံတော်ရဲ့အာဏာခက်မသုံးဖြာထဲက အရေးအကြီးဆုံးဖြစ်တဲ့ အုပ်ချုပ်ရေးအာဏာပိုင်းကို တင်တင်းကျပ်ကျပ်ကိုင်တွယ်ရပါမယ်။ အဲဒီ အုပ်ချုပ်ရေးအာဏာပိုင်းက စစ်ဘက်၊ နယ်ဘက် ဝန်ထမ်းအားလုံးကိုလည်း ပြည်သူ ကိုတန်ဖိုးထားတတ်အောင်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားတတ်အောင်၊ အာဏာအလွဲသုံးစားလုပ်တာဟာ အင်မတန် ရှက်စရာကောင်းတဲ့ လုပ်ရပ်ဆိုတာ ဝန်ထမ်းတွေ ကိုယ်တိုင်နှလုံးသားထဲက လှိုက်လှိုက်လှဲလှဲ ခံယူလာပြီး အမူအကျင့် တွေပြင်လာအောင် ဆောင်ရွက်ရပါလိမ့်မယ်။
သမ္မတကြီး ဦးသိန်းစိန်တစ်ယောက်တည်းနဲ့ တိုင်းပြည်ကိုပြင်လို့မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းနဲ့လည်း ပြုပြင် ပြောင်းလဲရေးလုပ်ဖို့ မဖြစ်နိုင်ပါဘူး။ တိုင်းပြည်တစ်ပြည်ကို အဲဒီတိုင်း သူပြည်သားတွေရဲ့ အကျင့်စာရိတ္တနဲ့တည်ဆောက်ထားတာ ဖြစ်တယ်ဆိုတဲ့ ဂရိတွေးခေါ်ရှင်ကြီး ပလေတိုရဲ့စကားဟာ ဒီကနေ့ ၂၁ ရာစုကာလအထိမှန်နေပါသေးတယ်။
ရဲစခန်းကို အမှု အခင်း တစ်ခုခုနဲ့ရောက်လာတဲ့ ပြည်သူတစ်ယောက်ယောက်ကို ချိုချိုသာသာလေး ဆက်ဆံကြည့်ကြရအောင်လား။ ဘဏ်ပိတ်ခါ နီး အလောတကြီးရောက်လာတဲ့ အဘိုးအိုကို ကြည် သာ ပြုံးချိုစွာနဲ့ စိတ်ရှည်လက်ရှည်ရှင်းပြလိုက်ကြရအောင်လား။ ငါက စစ်ကားပေမဲ့ စစ်ဆင်ရေး အရေးတကြီးကိစ္စမှမရှိဘဲ ငါလမ်းမှန်နေပေမဲ့ ဘေးကပ်ပေးလိုက်ပါ့မယ် ဆိုတဲ့အတွေး နဲ့ လောက ကို အလှဆင်ကြည့်လိုက်ကြရအောင်လား။ ရေခွန်၊ မီးခွန်ဆောင်မလို့လား… လာလာအစ်မ၊ ရပါ တယ် အစ်မ (……..) ရက်နေ့အထိရ ပါတယ်၊ ဟုတ်ကဲ့ရှင့်လို့ ယဉ်ယဉ်ကျေးကျေးလေးပြော လိုက်ကြ ရအောင်လား။ အဲဒီလို ပြည်သူ့ဝန်ထမ်းတွေက ချိုသာကြည်ရွှင် အပြုံးဆင်ပြီး တိုင်းပြည် တာဝန်ကိုထမ်းဆောင်နိုင်ပြီဆိုရင် ပြည်သူတွေရဲ့ရင်ထဲကဒေါသတွေလည်း တစ်စတစ်စ လျော့ ပါးပျောက် ကွယ်လာမှာပါ။ ကျွန်တော်တို့မြင်ချင်တဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံ သားများအဖြစ် မြင်ကြရမှာပါ။
ပထမ ဦးဆုံး စပြီးပြင်ရမှာက အုပ်ချုပ်ရေးအာဏာဆုပ်ကိုင်ထားပြီး မြန်မာနိုင်ငံမှာ အစိုးရဝန်ထမ်း (government servant) လို့ခေါ်တဲ့ ပြည်သူ့ဝန်ထမ်း (public servant) များဖြစ်ပါတယ်။
အင်္ဂလန်မှာကျောင်းတက်ခဲ့တဲ့ မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းက မန်နေဂျာပြောသလို “အေးကွာ၊ မြန် မာပြည် မှာ လူတွေမပြောနဲ့ ခွေးတွေတောင်အလကားနေရင်း ရန်လိုနေကြတာလား။” ဆိုတဲ့ စကားရဲ့အဖြေကို အနှစ်နှစ်ဆယ်ကျော်ကာလအတွင်းမှာ ကျွန် တော်တော့တွေ့ကြုံခံစား သိနဲ့ ရှာဖွေတွေ့ရှိခဲ့ပါပြီ။ မြန်မာပြည်က ပြည်သူတွေ မေတ္တာငတ်နေတာပါ။ မေတ္တာငတ်တဲ့သူဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းပါးပါတယ်၊ ရန်လိုတတ်ပါတယ်၊ အားငယ်ကြောက်ရွံ့တတ်ပါတယ်၊ တစ်ပြိုင်တည်းမှာပဲ ဒေါသ လည်းကြီးတတ်ပါတယ်၊ ရန်လိုလာတတ်ပါတယ်။ ရိုင်းစိုင်းလာတတ် ပါတယ်။
တိုင်းပြည်နဲ့လူမျိုးရဲ့ ရေရှည်အကျိုးကိုမျှော်ကိုးပြီး ကျွန်တော်တို့ပြည်သူတွေကို ချိုချိုသာသာလေး ဆက်ဆံကြည့်ကြရအောင်လား။
ရဲကျော်သူရ

ဆရာမင်းသိင်္ခ စာအုပ် (၅၈)အုပ်

တစ်အုပ်ချင်း လိုက်ရှာစရာမလိုအောင် စုစည်းထားပါတယ် ဖိုင်တစ်ခုထဲမှာ

စုပေါင်းထည့်ထားတာမို့  တစ်ကြိမ်ဒေါင်းလုပ်ယူရုံနဲ့ အကုန်ရယူနိုင်ပါတယ်

စာပေစုဆောင်းလိုသူများ ၀ယ်ရ ငှားရမလွယ်သူများ အောက်ကလင့်နှိပ်ယူ
ကြပါခင်ဗျာ။

 Download - မင်းသိင်္ခ - 12 အုပ် (www.mssk.info).rar

Dwonload - မင်းသိင်္ခ 46 အုပ် (www.mssk.info).rar
Credit to> Ye Kyaw Tint 

ဘဂါင်္လီ လှေစီးဒုက္ခသည်တွေ အရေး ဖြေရှင်းမှုမှ အစိုးရ၏ အားနည်းချက်များ

(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

စစ်ဗိုလ်တွေဟာ ကိုယ်ကျိုးရှာချင်လို့ အာဏာသိမ်းတယ်လို့ ပြောရင် ငြင်းချင်ကြမယ်။ မခံနိုင်ကြဘူး။ ဘယ်ဗိုလ်ချုပ်မှ ကိုယ်ကျိုးမရှာထားဖူးတိုပြီး ငြင်းရဲသလဲ။ စိန်ခေါ်တာကို လက်ခံရဲသူရှိလား။
ပိုဆိုးတာက အဲဒီကိုယ်ကျိုးရှာတဲ့ နေရာမှာ ကိုယ်စီးနေတဲ့ လေယာဉ်ရဲ့  ငွေနည်းနည်းလေးသာ ရပေမယ့် ဝက်အူသေးသေးလေးကို ဖြုတ်ရောင်စားတဲ့သူတွေ။ အဲဒီဝက်အူ သေးသေးလေးက ဈေးသာ မရပေမည့် ပန်ကာကို ထိန်းထားတဲ့ ဝက်အူလေး ဖြစ်နေရင်တောင် ဖြုတ်ရောင်းတဲ့ လူစားတွေ။
ဗိုလ်မျိုးညွှန့်  ပါးစပ်ကတော့ တဖွဖွ။ ဒေါ်စုက အင်္ဂလိပ်နဲ့ အိမ်ထောင်ပြုထားလို့  မြေမြိုလို့ လူမျိုးမပျောက်ဘူး.. လူမျိုးမြိုမှ လူမျိုးပျောက်မယ် တဖွဖွ။ ပြီးသူတို့ ကိုယ်တိုင် ဒီဘင်္ဂါလီတွေကိုလာဘ် ငွေယူလက်ခံခဲ့လို့  တနစ်တခြားပိုပိုများလာတယ်။
ကျောက်နီမော် မုဒိန်းလူသတ်မှုမှာ အခုဒေါ်စုကို နိုင်ငံရေး အကျပ်အတည်းထဲ တွန်းပို့ချင်တော့ ဒေါ်စုက မြန်မာဖက်ကပါရင် ဘင်္ဂါလီဂျီဟတ်ကို ဖွင့်ပေးပြီး လာရှင်းခိုင်းမယ်။ ရိုဟင်ဂျာဖက်က ပါရင် နိုင်ငံရေးအရ ကိုယ်လည်ပင်း ကိုယ်ကြိုးတပ်မိလျက်သား.. DILEMMA ။ စစ်တုရင် စကားနဲ့ ဆို အပိုင်ခွချက်ဘဲ။ ဒေါ်စုက တစက်မှ-မဟတော့ ပြဿနာက အမှိုက်မီးကနေ ပြဿဒ်မီးစွဲတော့တာ။ ကိုယ့်ရှုးကိုယ်ပတ်။ ခုတော့ မရှင်းတတ်ကြ။ အရေးထဲ မာနက ကြီးကြီး ငါတို့လာက် မသိမတတ်။
ဒေါ်စုကိုပြောတော့ အင်္ဂလိပ်လက်တံတဲ့။ အခုသူတို့ က အမေရိကန် ပွဲစားကို ပုံအပ်ရတယ်လို့။ လုပ်လိုက်ရင် တလွှဲချည်းဘဲ။ သမ္မတလစာက တလ သိန်း ၅၀ (ဒေါ်လာ ၅၀၀၀)။ သမ္မတဘေးက ဝန်ကြိးတွေ( ၆ ဦး) ရဲ့ လစာက တဦး၃၀ x ၆ = သိန်း၁၈၀။ ဒုဝံတွေ ၊ မပါသေး။။ အကြံပေးတွေငှားထားတာ ဟုတ်မဟုတ်တော့မသိ တဦးကို တလ ဒေါ်လာ ၈၀၀၀ ကနေ ၁၀၀၀၀-။ သိန်း၁၀၀ ဝန်းကျင်။ သမ္မတထက်တောင် ဈေးကြီးနေသေး။
ထမ်းပိုးထက် လက်ခကြီး။
ကနေ့  ဘင်္ဂါလီလှေစီး ဒုက္ခသည် ပြဿနာပေါ်လာတယ်။ တဖက်က ဟိုလိုပြောလာလျင် ဒီလိုလှဲ့ပြော။ မိုးကြိုးပစ်တာ ထန်းလက်နဲ့ ကာသလိုဖြစ်နေတယ်။ ထိထိရောက်ရောက် မတုန့် ပြန်နိုင်ဘူး။ သမိုင်းလဲ မကျွမ်း၊ သိပ္ဗံလဲ မသိ ခက်ပါဘိ။ ယောတိ ယောရာ ယောင်ချာချာ။
ကျနော်လူတတ်ကြီး မဟုတ်ပေမည့် ဗိုလ်သိန်းစိန်ရဲ့  လူတွေထက်တော့ ကိုယ်ကိုသာတယ်လို့ ယုံတယ်။ သေချာတာကတော့ ဗိုလ်ချုပ်ရဲ့ မိန့် ခွန်းကို အငှားယူသုံးပြီး ..တိုင်းပြည်ကို ဘယ်လောက်ချစ်သလဲ အချိန်မရွေးပြိုင်ရဲတယ်။ လူထုက ဆုံးဖြတ်မယ်ဆို သူတို့ ထဲက သီဟသူရဘွဲ့ ရတဲ့ လူလဲလာခဲ့  ပြိုင်ရဲတယ်။
ကျနော်စဉ်းစားတာလေးတွေ ချပြချင်ပါတယ်။ လူအများပြောင်းရွှေ့ မှုကို နှစ်ဖက်စဉ်းစားရပါတယ်။ PUSH PULL Factors..လူကို တွန်းထုတ်မှု နင့် ဆွဲငင်မှု အကြောင်းတရား ၂ မျိုးနဲ့ ချိန်ထိုးပါမယ်။ ကနေ့  အာဖရိက လှေစီးတွေကိုလဲ သူတို့ ဒီလိုဘဲ ချင့်ချိန်ကြပါတယ်။
(၁) ဘင်္ဂလားဒေရှ့် ဟာ ကမ္ဘာပေါ်မှာ လူဦးရေ အထူထပ်ဆုံးနိုင်ငံ။ တရားဝင် သန်းကောင်စာရင်း (နစ်၂၀ကျော်ခဲ့) စာရင်းက လူဦးရေ သန်း၁၅၂ -သန်း။ ခန့် မှန်းသူတွေက ၁၆၅ သန်း။ တိုင်းပြည်မှာ လူနေမရတဲ့ တောင်တန်းနဲ့  ကျယ်ပြန်တဲ့ ဒီရေနွံတောဧရိယာသာထုတ်လိုက်လျင် လူနေထိုင်နိုင်တဲ့ ဧရိယာက သေးသေးလေးမှာ လူ သန်း၁၆၀ ပြွတ်သိပ်ကျပ်ညပ်နေတာက အဓိက PUSH ကအဓိကတွန်းအား။
(၂) အလုပ်အကိုင်းရှားပါးမှု။ နိုင်ငံရေးမတည်ငြိမ်မှုနှင့် အဓိက နိုင်ငံရေးခေါင်းဆောင် အမျိုးသမိးနှစ်ဦး၏ တဦးအပေါ်တဦး မုန်းတီးမှုကြီးမားခြင်း ၊ ညစ်ပတ်တိုက်ခိုက်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံသော စီးပွားရေးလုပ်ငန်းကြိးများကိုပါတိုက်ခိုက်လာသည့်အထိ လွန်ကဲလာမှုက ရင်းနီးမည့်အလုပ်များကိုကန်ထုတ်နေမှုကလည်း အဓိက တွန်းမောင်းကန်အား ဖြစ်နေပြန်သည်။
(၃) လူဦးရေများပြားလှသော်လည်း သားဆက်ခြား စီမံချက်ကိုပင် လက်မခံသော ဘာသာရေးယုံကြည်မှု(မကြာသောကာလကမှ ခွင့်ပြုခဲ့သည်) နှင့် ပညာမတတ်မှုကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ပြုမှုတို့က ဗူးလေးရာ ဖရုံဆင့်။
ဆွဲအား PULL ကလည်းအားကောင်းနေပါတယ်။
(၁) UNHCR / Malaysia ၏မမှန်ကန်သော လုပ်ဆောင်နေမှု။
မလေးရှားက UNHCR ကုလသမ္မဂဒုက္ခသည်မဟာမင်းကြိးရုံးက မလေးရှားရောက်လာတဲ့ ဘင်္ဂါလီအကုန်နီးပါးကို ၉၅ % အထက်ကို ဒုက္ခသည်အဖြစ်လက်မှတ်ကို လွယ်လွယ်ကူကူ ထုတ်ပေးတာက အဓိက ဆွဲငင်အားပါ ။ အဲဒီအထဲမှာ ပြည်တွင်းက ဗမာစကားဘဲတတ်ပြီး ဘင်္ဂါလီ စကားမတတ်သော မြန်မာပြည်အလယ်ပိုင်း..အောက်ပိုင်း အရပ်ရပ်က မွတ်စလင်တွေပါ ရီုဟင်ဂျာကုန်ကြပါတယ်။
၂၀၀၅ ဖေဖေါ်ဝါရီလမှာ ကျနော်မလေးရှားရောက်ပြီး လကုန်ခါနီး ဒုက္ခသည်လျှောက်တယ်။ ၂ - ကြိမ်တိတိ လျှောက်တာ လက်မခံပါ။ ကျနော့်မှာ အကျဉ်းဦးစီးက ထောင်ထွက်လက်မှတ်၊ နိုင်ငံတကာကြက်ခြေနီ ICRC ကထုတ်ပေးတဲ့ ထောင်ထွက်လက်မှတ် (နံပါတ်တွေပါတယ်) နှင့် ICRC ကထုတ်ပေးတဲ့ နိုင်ငံရေးနှင့် ထာင်ကျထားသူဆိုတဲ့ ထောက်ခံချက်ကဒ်ပြား (နံပတ်ပါသည်) ကိုတင်ပြလဲ ..ငါတို့  လူသစ်လက်မခံသေးဘူးငြင်းပြီ; လိမ်လွှတ်တယ်။ နေ့ တိုင်းတရက်ကို လူသစ် (မှတ်ပုံတင်အသစ်) ၁၅ ကနေ ၂၅ ယောက်လူသစ်လက်ခံနေတာ ဘာသာပြန်လုပ်နေသူတွေဆီကနေ သိနေရပါတယ်။
ကျနော်တို့ ဆက်ဆံရတာက မလေးရှားကုလားမတွေဘဲ။ တတိယအကြိမ်ထပ်သွားတယ်။ ပိတ်ထားတယ်လိမ်ပြောတော့ ကျနော်က ဘာသာပြန်တွေဆီက နေ့စဉ်လူသစ် လက်ခံနေတယ်ထောက်တော့ ..တိုင်းရင်းသားတွေအလှဲ့၊၊ ဗမာတွေ မခေါ်သေးဘူးလိမ်ပြန်တယ်။
အဲဒီမှာ လုံခြုံရေးဝန်ထမ်း နီပေါက ကျနော့်ကို ဘာပြဿနာလဲမေးတယ်။ ကျနော်က ကဒ်ပြားတွေထုတ်ပြ၊ ကုလားမလိမ်တာပြောပြတော့ သူ့ အထက်တာဝန်ခံ လုံခြုံရေးကိုခေါ်ပေးတယ်။
အဲဒီ နီပေါက ကျနော်တို့ ဒုက္ခသည်ရုံးရဲ့  ခင်ဗျားလိုနိုင်ငံရေးအမှု ထိပ်ဆုံးဥိးစားပေး ဟုပြောပါတယ် ၊ အခုမဟုတ်တဲ့ လူလိမ်တွေကိုတော့ ဦးစားပေးနေတယ်။ တကယ်ပေးရမဲ့သူကျတော့ လိမ်ထုတ်နေတယ်ပြောပြီး ကျနော်ရဲ့ လက်မှတ်မိတ္တူတွေကို ပင်မရုံးကြိးဖက် ယူသွားတယ်။ မိနစ် ၂၀-လောက်နေတော့ သူပြန်လာတယ်။ ပြင်သစ်တယောက်လိုက်လာပြီး ကျနော့်ကိုတွေ့ တယ်။ ခနနေတော့ ဟိုကုလားမက အပြင်လူတွေကြားထဲမှာ ရာဇဝင်တွေကို လာမေးတယ်။ လူတွေကြားမှာ မေးခွင့်လုံးဝမရှိ။ နီပေါက လာကြည့်မှ ကျနော့်ကို အထဲကိုခေါ်ပါတယ်။
နောက် ၁-ပတ်နေ လာခဲ့ရန်ရက်ချိန်းပေးတယ်။ မတ်လဆန်းပိုင်း။ အဲဒီမှာ ပြင်သစ်တယောက်နဲ့  ဖြေရတယ်။ ပထမအဆင့် P- 1 ကဒ်ပြားထုတ်ပေးတယ်။ နိုဝင်ဘာလ ၂၄ ရက်နေ့ ပြန်ချိန်းတယ်။ တခါဖြေပြီးရင် တဆင့် တိုးပေးတယ်။ အဆင့် ၆ ခုရှိတယ်။ ၆ - ခုပြီးမှ RSD တတိယနိုင်ငံကို ခိုလှုံခွင့်အဆင့် သတ်မှတ်လက်မှတ် ( ကဒ်လေး ) ထုတ်ပေးပါတယ်။ ထိုအဆင့်ရောက်ရန် ၂-နစ်မှ ၄ နစ်အထိကြာတတ်ပါတယ်။ (မှတ်ချက်- ထို ပထမအဆင့် ချိန်းလိုက်သော နိုဝင်ဘာလ ၂၄ ရက် မတိုင်မှီ နိုဝင်ဘာလ ၂၂ ရက်နေ့ မှာ ထွက်ခွာခွင့် ရခဲ့ပါသည်)။
ထိုလက်မှတ်ရပြီးလျင်ပင် တတိယနိုင်ငံကိုထွက်ခွာခွင့်ရဖို့ က နောက်ထပ် ၂ နစ်ကနေ ၅ - နစ်လောက် ထပ်ကြာတတ်ပါတယ်။ စုစုပေါင်း ၃-နစ်ကနေ ၅ နှစ်အထက်ကြာတတ်ပါတယ် ။
ကုလသမ္မဂ ဗဟို၏စီမံချက်မှာ ကျနော်တို့ လိုနိုင်ငံရေးထောင်ထွက်တွေက ဦးစားပေးပါ။ မပေးပါ။ လက်ကိုမခံပါ။ ရိုဟင်၈ျာအမည်သာတပ်ပါ၊ လိမ်ပြောပါ၊ ထိုသူတွေဆို P-1 အဆင့်ကိုကျော် ၂ ခါလောက်မေးပြီးရင် တန်းပြီး RSD ထုတ်ပေးတော့တာ။
(၂) မလေးရှားအစိုးရ၏ မရိုးသားသော ဆွဲဆောင်မှု။
မလေးရှားအစိုးရကလဲ ယခင်က ထိုရိုဟင်ဂျာအမည်ခံ သူများကို အမြဲတန်း နေထိုင်ခွင့်ရသူများ၏ အခွင့်အရေးနီးပါး ဦးစားပေးခဲ့ပါတယ်။ ရိုဟင်ဂျာပြဿနာကို ပိုမိုကြိးထွားလာစေရန် ရွယ်တာပါ။ ရိုဟင်ဂျာလက်မှတ်ကိုင်ထားသူတွေကို တရားဝင်အလုပ်လုပ်ခွင့်၊ ကလေးကျောင်းထားခွင့်၊ ဆေးရုံမှာ ဆေးကုသခွင့်တွေ ပေးထားပါတယ်။ ကျန်ဒုက္ခသည်တွေ အလုပ်လုပ်ခွင့်မရှိပါ။ ခိုးလုပ်နေရပါသည်။
(၃) ကုလဒုက္ခသည်မင်းကြိးရုံး၏ အထူးဆွဲဆောင်မှု Strong PULL factor
ဒုက္ခသည်မင်းကြိးရုံးက ရိုဟင်ဂျာဆိုသူတွေကို တလလျင် ရင်းဂစ် ၁၅၀ ထောက်ပံ့မှုပေးပါတယ်။ တခြားဘယ်ဒုက္ခသည်မှ ထိုအခွင့်အရေးမရပါ။ ၂၀၀၆ မေလက စတင်ပြီး ထိုထောက်ပံ့ငွေတွေကို ရပ်ဆိုင်းလိုက်ပါတယ်။ ဇွန်လ ထဲမှာ ရိုဟင်ဂျာတွေက ထိုသို့ ရပ်ဆိုင်းမှုကို ကန့် ကွက်ဆန္ဒပြကြပါတယ်။
ယူအန် အရာရှိတွေက ဒါအခွင့် အရေးမဟုတ် ၊ ဦးစားပေးမှု ၊ အထူး အကူအညီသာဖြစ်ကြောင်း ရှင်းပြပါတယ်။ This is not your RIGHT, it is just the PRIVILEGE .လို့ ရှင်းပြပါတယ်။ မရပါ။ ဇွန်လ ၁၂ ရက်နေ့ မှာ ရိုဟင်ဂျာဆိုူသူတွေ ယူအင်ရုံးကို ခဲတွေနဲ့ လာပေါက်လို့  ရဲလုံခြုံရေး ခေါ်ယူရသည်အထိ ဖြစ်သွားပါတယ်။
ရိုဟင်ဂျာအရေး တောင်းဆိုနေသူတွေ၊ သူတို့ က ဦးစားပေးသောကူညီမှုကို ရပ်တာတောင် ခဲနဲ့ လာထုတဲ့သူတွေပါ။ မလေးရှားအစိုးရကလည်း မူလကပေးထားသော အထူးအခွင့်အရေးတွေကို ရပ်ဆိုင်းလိုက်ရပါတယ်။
(၄) ရိုဟင်ဂျာ ကိန်းဂဏန်းဖေါင်းပွမှု။
နောက်ပိုင်းက မြန်မာပြည်ကအလုပ်အကိုင်နဲ့ (ပတ်စ်ပို့ နင့်) ရောက်လာသူ မွတ်စလင်များရော၊ အောက်လမ်းကလာသူ မွတ်စလင်များကလည်း ရီုဟင်ဂျာဆိုပြီး ဒုက္ခသည် လိမ်လျှောက်ကြပါတယ်။
ဘုရာဖူးရင်း လိပ်ဥတူးရင်း။ အများစုက လိမ်လျောက်ကြတာဘဲ။ အရင်းမရှိ လှေထိုးလိုက်သလို ..ရိုဟင်ဂျာနေကြတာပါဘဲ။ နောက်ပိုင်း တတိယနိုင်ငံတွေက ရိုဟင်ဂျာဆိုသူတွေ လက်ခံမိပြီး လက်လန်ကုန်ကြပါတယ်။ ရိုဟင်ဂျာဆိုတာနင့် ကိုလက်မခံတော့ပါဘူး။ အဲဒီမှာ ရိုဟင်ဂျာဒုက္ခသည် လက်မှတ်ကိုင်ထားသူတွေ ရွာလည်တော့တာပါဘဲ။ ဘယ်နို်င်ငံကမှ လက်မခံချင်ကြတော့ဘူး။
ပတ်စပို့ နှင့် အလုပ်လာလုပ်သူ ဘင်္ဂလာဒေရှ့် နိုင်ငံသားတွေထဲကလည်း ရိုဟင်ဂျာ လိမ်လျောက်သူတွေ တပုံကြိး။ နာမည်လိမ်တွေနှင့် ကျနော်ကိုယ်တိုင် ဆုံဖူးတာ အများကြိး။ အခုရိုဟင်ဂျာလက်မှတ် ကိုင်ဖူးသူ မြန်မာပြည်က ဗမာစကားတတ် ၊ ဘင်္ဂါလီစကားမတတ်ဘဲ ရိုဟင်ဂျာလိမ်လျောက်ခဲ့တဲ့ ပြည်မနေတဲ့ မွတ်စလင်တွေ မြန်မာပြည်ပြန်ကုန်ကြတာ မနည်းတော့ဘူး။ မလေးရှားမှာ ဒုက္ခသည်လက်မှတ်ကိုင် ရီုဟင်ဂျာ တသိန်းလောက်ရှိနေပါပြီ။ ဘယ်နို်င်ငံကမှ လက်မခံချင်သူတွေပါ။
အဲဒီမှာ ရိုဟင်ဂျာဒုက္ခသည် အဝင်ဘဲရှိပြီး အထွက်မရှိတော့..ယနေ့  သိန်းဂဏန်း အထိရောက်လာတော့တာပါ။ ဒါတောင်မှတ်ပုံတင် (ကဒ် ) သက်တမ်းသွားမတိုးတာ့လို့  စာရင်းပျက်သွားသူတွေ တပုံကြီး။
(၅) ဥပဒေစိုးမိုးမှု ကင်းမဲ့ရာကနေ လူကုန်ကူးသူများ၏ ဈေးကွက်ကို မွေးထားမှု။
မလေးရှားမှာ လဘ်ျပးလျင် အကုန်နီးပါးလုပ်ပေးပါတယ်။ လူ ၁ယောက် ဗီဇာလွန်ကာ နေထိုင်လျင်လည်း ထိုလူက မလေးရှားကနေ မထွက်ဘဲ၊ သူ့ ပတ်စ်ပို့ မှာ အထွက်တုံး၊ အဝင်တုံး အကုန်ထုပေးပါတယ်။ လူဝင်မှတ်တမ်းမှာပါ အဝင်အထွက်ပြပေးတဲ့အထိ လုပ်ပေးတဲ့နိုင်ငံပါ။ ဒါလောက်ဆို သဘောပေါက်တော့။
အဲဒါကြောင့် လူမှောင်ခိုဂိုဏ်းတွေကိစ္စ လူအခွင့်အရေးအဖွဲ့ တွေက တင်ပြနေတာ ၂၀၀၄ ခုနစ်ကတည်းကပါ။ အခု ထိုင်းမှာမိတော့မှ..။ အင်ဒိုနီးရှားမှာ ပေါ်ကုန်တော့မှ လူကြားကောင်းအောင် လုပ်နေတာပါ။
အဓိက အကြောင်းရင်းက မလေးရှား၊ ထိုင်းတို့ ကဒုစရိုက်ဂိုဏ်းတွေရပ်တည်ခွင့်ပေးထားတော့ လူမှောင်ခိုဂိုဏ်းတွေက လူကောင်းတွေကိုပါ အတင်းအကြပ်လူကုန်ကကူးနေတော့ ဘဂါင်္လီတွေကို ခေါ်တော့တာပါ ။
ဒါလဲ အင်မတန်အားကောင်းတဲ့ PULL factor ပါ။
မြန်မာအစိုးရ၏ တန်ပြန်လုပ်ဆောင်ရမည့် အရွှေ့ကွက်။
(၆) ရိုဟင်ဂျာလို့ လိမ်ညာနေတာကို ပါးစပ်ပိတ်ပစ်ရန် စီမံချက်။
အခု မြန်မာအစိုးရက ရိုဟင်ဂျာဆိုသူတွေကို ကုလသမဂ္ဂစားရိတ်နင့် DNA စစ်ပေးရန် တောင်းဆိုရပါမည်။ ဒါဟာ့  အလွန်ထိရောက်ပြီး အရေးကြိးတယ်ဆိုတာကို စစ်ရေးအမြင်ရှိတဲ့ သမ္မတကြီးနဲ့ နိုင်ငံရေးအကြံပေးများ သိပါလေရဲ့ လားမသိဘူး။
ရိုဟင်ဂျာဆိုသူတွေ အစကတည်းက သမိုင်းမရှိတော့ ရိုဟင်ဂျာဆိုတာ အာရပ်သဘောင်္ပျက်လို့  အာရပ်လူမျိုးက ဆင်းသက်လာသူတွေဆိုထားတော့...သဘောင်္က ရခိုင်ကမ်းကို လာတင်တယ်။ ရခိုင်ဘုရင်က နေထိုင်ခွင့်ပေးတယ်။ လာတင်တာက အထီးတွေချည်းဘဲ။ အိမ်ထောင်ကျတယ်ဆိုလျင် ဒေသခံရခိုင်မိန်းမနဲ့ ဘဲ ကျရမှာ။ တစတစ ရခိုင်သွေးက ပိုပိုများလာရမှာပါ။ တစတစ အာရပ်သွေးလျှော့ နည်းသွားရာကနေ ပပျောက်သွားရမှာပါ။
ကနေ့  တခြားမကြည့်ပါနှင့်။
အာရပ်သဘောင်္ပျက်က လာတင်တာက ဆယ်ဂဏန်းပေါ့။ သူတို့ဆိုတဲ့ အချိန်ကလည်း လွန်ခဲ့တဲ့ နစ်တထောင်ဝန်းကျင်။ သူတို့ နောက် အုံနဲ့ကျင်းနဲ့  ရောက်လာတဲ့ အင်္ဂလိပ်နယ်ချဲ့။ မြန်မာအမျိုးသမီးတွေနဲ့  အိမ်ထောင်ကျတာ အများကြိး။ အထက်စီးကနေ နေတယ်။ သူတို့ယဉ်ကျေးမှုကို မြန်မာပြည်မှာ ကောင်းစွာသွတ်သွင်းနိုင်ခဲ့တယ်။
ဘိုကျောင်းတွေ ၊ ဘိုစကားတွေ ထားရစ်နိုင်ခဲ့တယ်။ တိုင်းရင်းသားစာပေမှာ အင်္ဂလိပ်အက္ခရာ တီထွင်မွေးစားနိုင်ခဲ့တယ်။ လူတွေက ဘိုတွေကို အားကျခဲ့ရတယ်။ နှစ်တရာကျော်အုပ်ချုပ်သွားတယ်။ ကပြားတွေ အများကြီး ထွန်းကားခဲ့တယ်။
ကျနော်အဖေလည်း ကပြား၊ အင်္ဂလိပ်သွေး ၅၀% တဝက်ပါသူပါ။ အဖေကိုမွေးတာ ဒီနှစ်မှာ အနစ် (၁၀၀)တိတိပြည့်တယ်။ အဖေ့မျိုးဆက် ယခုအဖေကနေစတွက်လျင် ၄ -ဆက်မြောက် ရောက်ပြီ။ မြစ်တွေရပြီ။ အဖေကတော့ ဘိုရုပ်။ ကျနော်တို့ ကျတာ့ ဗမာမစစ်တာလောက်ဘဲ ပေါ်တော့တယ်။ ကျနော့်သား သမီးတွေ ဗမာမစစ်တာပေါ်သေးတယ်။ ကျနော့်မြေးတွေကျတော့ ဘိုရုပ် တစက်မှမရှိတော့။ အပြီးဗမာဘဲ။
ညီမောင် ဂျိုးရဲ့ မြေးတွေကျတော့ ဘိုသွေးပါတယ်တောင် မပြောရဲတော့ဘူး။ တူမတွေကမွေးတာတွေ ဘိုသွေးပါပါတယ်ပြောလျင် ဘယ်သူမှ လက်မခံနိုင်တော့တဲ့ ရုပ်ဖြစ်သွားပြီ။ ဘိုသွေးပြောလျင် ကောင်းကောင်းအဟားခံရပါမည်။
ဒါတောင် သင်္ချာနည်းအရ ထိုအဖေ၏မြစ်ဖြစ်သူတွေမှာ အင်္ဂလိပ်သွေးက ၆ % ( 6.0% ) ပါနေသေးသည်။
အဲဒီတော့ အနှစ် ၁၀၀ အရောက်မှာ ကျနော်တို့ က ဘိုမျိုးဆက်ပါ မပြောရဲတော့တာ..ကို အနှစ် ၁၀၀၀ လူတွေက အာရပ်မျိုးဆက်တွေပါ အော်နေတာ ပြောနေတာ..ချင့်ချိန်ကြည့်ကြပါ။ သူတို့ သွေးထဲ အာရပ်သွေးပါလှ. .. ( 0.0001 %)ပဲ ကျန်တော့မည်။ သူတို့ က အသက် ၉ နစ်ဆို လင်ယူကြရပြီဆိုတော့ အနစ် ၁၀၀ မှာ မျိုးဆက် ၈ ၊ ၁၀-ဆက် ဆက်လောက်ရောက်နေတာနော်။ မျိုးဆက် ၈-ဆက်နင့်တွက်လျင်ပင် အနစ်၁၀၀ မှာတင် အာရပ်သွေးက ..( 0.75 % )။ 1-% ပင်မရှိတော့ပါ။
အခု အဲဒီရိုဟင်ဂျာလို့ ကြွေးကျော်နေသူတွေကိုသာ DNA စစ်ဖို့ ခေါ်လိုက်ပါ။ အာရပ်သွေးမပေါလျင်၊ ရခိုင်သွေးမပါလျင် ဘင်္ဂလားပြန်ပို့ မည်ကိုလက်ခံပါမည်ဟု သဘောတူပါ သည်ဟုသာ လက်မှတ်ထိုးခိုင်းပါ။ သွေးစစ်မယ်ခေါ်လိုက်လျင်.. ဘယ်အကောင်မှ ထွက်လာရဲမည် မဟုတ်တာကို ရဲရဲင်္ကြီး ကျနော်အာမခံပါတယ်။ သွေးစစ်လဲ ပြန်မပို့ လျှင်တော့ ..မတွေ့ လဲ ဘာအရှုံးရှိတာမှတ်လို့  ငါးမရ ရေချိုးပြန်မည့်သူတွေ ထွက်လာပါဦးမည်။
အာရပ်သွေးနှင့် ရခိုင်သွေး များများမပါလျင် ဘင်္ဂလာဒေရှ့် ပြန်ပို့ မည်ကို သဘောတူကြောင်းသာ လက်မှတ်ထိုးခိုင်းလိုက်ပါ။ လာရဲသူမရှိစေရပါဘူး။
ရခိုင်ရှိ နိုင်ငံသားအဆက်များနင့် DNA တိုက်ဆိုင်စစ်ဆေးနိုင်ပါသည်။ ကျနော်တို့ က အထက်စီးရမည့် အချက်ကို သမတအကြံပေးများ မမြင်ကြတာလား။ ပညာရှင်များနင့် တိုင်ပင်ကြစေလိုပါသည်။
DNA စစ်ရေးစကားဟလိုက်လျင် ထိုကုလသမ္မဂ မစ္စတာဘန် ပါးစပ်ပိတ် သွားပါမည်ဖြစ်ကြောင်း။ သူက ပညာရှင်ဘဲ၊ ဒီစကားဟလိုက်လျင် သူတို့ ကစားကွက်ကုန်သွားပြီဆိုတာ တန်းသိတာပေါ့။
(၂) ဒုတိယအချက်အနေနင့် ထိုရိုဟင်ဂျာတွေကို နိုင်ငံရေး
ဒုက္ခသည် အသိအမှတ်ပြုနေတာကို ရပ်တန့် ထားပေးရန် တောင်းဆိုရပါမည်။
ဒုက္ခသည်အဖြစ်အသိအမှတ်ပြုလျင် ထိုအသိအမှတ်ပြုသူများ အဆုံးအထိ တာဝန်ယူရန်တောင်းဆိုရပါမည်။ ပါးစပ်ဖျားလှုပ်ရုံလေး သက်သက်ကိုရပ်တန့် ရန်တောင်းဆိုရပါမည်။
( ၃) ရိုဟင်ဂျာဆိုသူတွေ၏ အဖိုးအဖွားများ၏ မျိုးဆက်ကို DNA ဖြင့်ခြေရာကောက်ရန် စစ်ဆေးနိုင်ပါသည်။ မျိုးဆက်ကို ထောက်ပြရန် မတောင်းဆိုနေသမျှ ဒီကုလိမ်တွေက ဆက်လိမ်နေဦးမည်သာ။
ဒုက္ခသည်မင်းကြိးရုံးက ရိုဟင်ဂျာများ၏ မြန်မာနိုင်ငံမှ ဇစ်မြစ်ကို စီစစ်ရန်တောင်းဆိုရပါမည်။ အများစုဟာ ဗြောင်လိမ် ၊ တွေ့ ကရာ..တခြားသူသင်ပေးတာတွေ အကုန် ထွက်ဆိုထားတာပါ။ ယူအင်ရုံးမှာကို သူကိုယ်တိုင်ပထမ ထွက်ဆိုချက်ကို မေ့နေသူ မှားပြောနေသူတွေ ထုနဲ့ဒေးပါ။
ယူအန်ရုံးက စီစစ်လျှင် ပထမ လူတွေ့ တွေမှာသူတို့ ဘာတွေလိမ်ထားမိတယ်တောင် မမှတ်မိသူတွေ တဝက်ကျော်ရှိနေပါမယ် ဒါကိုရဲရဲကြီး ဆုပ်ကိုင်ထားလို့ ရပါတယ်။
ကျနော်မြင်သလောက်ပါ၊ ဆက်လက်စဉ်းစားပြီး ဆက်လက်တင်ပြနိုင်ရန် ကြိုးစားပါဦးမည်။
ရိုဟင်ဂျာလို့ လိမ်နေသူတွေကို လိမ်နေမှန်းသိသိကြိးနင့် ရပ်တည်ပေးမှုဟာ လူကြိးလူကောင်းများ မလုပ်သင့်ကြောင်း အစိုးရမှ ခပ်မာမာသတိပေးရန်။ ရိုဟင်ဂျာအလိမ်ပေါ် လာလျင် လူကြီးလူကောင်းပီပီ တာဝန်ရှိရှိ မှားကြောင်း ဝန်ခံပေးရန် တောင်းဆိုပြီး ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ကိုပါ စိန်ခေါ်လိုက်ပါရန်။
အားလုံးကို လေးစားလျှက်
လှိုင်မြင့်

Credit to> Demo Wai Yan

အပူပိုင်းဒေသနှင့် ဧရာဝတီကို တစ္ဆေဖြူ များလက်မှ ကယ်တင်ပေးပါ။ အပိုင်း၂

အပူပိုင်းဒေသနှင့် ဧရာဝတီကို တစ္ဆဖြူများလက်မှ ကယ်တင်ပေးပါဆိုတဲ့ ဆောင်းပါး အပိုင်း ၁ မှာ ယူကလစ်ပင်များသည် စက်မှုထွန်းကားသည့် နိုင်ငံများအတွက် အရေးကြီးပြီး အလွန်အသုံးဝင်သည့် စက်မှုကုန်ကြမ်းများ ဖြစ်ကြောင်း၊ထိုအပင်များ အလုံးအရင်း စိုက်ပျိုးပြီး ယူကလစ်တောများဖော်ဆောင်ခြင်းခံရသည့် မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းရေရှား ရပ်ဝန်းအပေါ် ထိခိုက်နစ်နာစေသည့် ဆိုးကျိုးများ၊မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် လူနေမှုဘဝတွေအပေါ်ဆိုးကျိုးရှိစေရုံမျှမကဘဲ သံယံဇာတ ထုတ်ယူသူများက နိုင်ငံတော်အတွက်လှူဒါန်းထည့်ဝင်ရသည့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ရန်ပုံငွေများကိုပါNGOs များက ယူကလစ်စိုက်ရာမှာ ထည့်သွင်းအသုံးပြုခဲ့လျှင်သော်လည်းကောင်း ဖြစ်ပေါ်ခံစားရမည့် နစ်နာချက်များအပါအဝင် အချက်၁၀ချက်ကို ဖော်ပြရေးသားခဲ့ပါတယ်။
ယခုဒီဆောင်းပါးဟာ ယူကလစ်တောများ အလုံးအရင်း စိုက်ပျိုးထုတ်လုပ်ရန် ကြိုးစားမှုများနှင့် ယူကလစ်စိုက်ပျိုးရန်အတွက် နေရာအခင်းအကျင်း ရွေးချယ်မှုတွေအပေါ် နိုင်ငံရေး ပထဝီဝင် Political Geography ရှူ့ထောင့်အရ နိုင်ငံတော်ကို စောင့်ရှောက်နိုင်ရေး အမြင်ဖြင့် လက်မခံသင့်သည့် အချက်များကို အနည်းငယ်ထည့်သွင်း ရေးသားထားပါတယ်။ လူအများထင်သာမြင်သာ နားလည်နိုင်စွမ်းမရှိအောင်နှင့် မူလရည်ရွယ်ချက်နှင့် လမ်းကြောင်းကို အလွယ်တကူ ကြည့်မြင်မရအောင် ဖုံးကွယ်ဆောင်ရွက်ရသော ရှုပ်ထွေးနက်ရှိုင်းသည့် မဟာဗျူဟာများကို စစ်ရေးတင်သာမကပဲ ကဏ္ဍစုံ နေရာစုံမှာပါသုံးချပြီး မိမိတို့နိုင်ငံ၏ တန်ခိုးသြဇာ ကြီးမားရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များ အလုံးအရင်းရယူရန် အားထုတ်ခြင်းဆိုင်ရာ နေရာများတွင်ပါ အသုံးချခြင်းများကို လုပ်ကိုင်ဆောင်ရွက်နေကြပါသည်။ထိုသို့ ဆောင်ရွက်နေကြသည့် သက်ဆိုင်ရာနိုင်ငံကြီးများ၏ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်ချက်များအပေါ် သာမာန်အမြင်ငယ်လေးဖြင့် မကြည့်မြင်ကြဘဲ ချဲ့ထွင်တွေးတော ထွင်းဖောက်မြင်သာအောင် ကြည့်မြင်ရင်းဖြင့် ယခုဆောင်းပါးကို ဖတ်ရှုပေးကြပါလို့ တိုက်တွန်းပါတယ်။
ယူကလစ်ပင်မှာလည်း သူ့အားသာချက်နှင့်ကောင်းကွက်တွေ ရှိပါတယ်။ယူကလစ်ပင်ရဲ့ မူလအစဒေသဟာ သြစတေးလျတိုက် ဖြစ်ပါတယ်။Wallace Line of Flora Diversity ၏Endemic Fauna ကွားလားဝက်ဝံတွေအတွက် အမှီပြုအားထားရာ အပင်လည်း ဖြစ်ပါတယ်။ Biodiversity Conservation အရ ကြည့်လျှင် Wallace of Fauna and Flora အတွက် ယူကလစ်ပင်ဟာ အရေးကြီးတဲ့အပင်လည်း ဖြစ်ပါတယ်။အဲ့ဒီလို ယူကလစ်ပင်၏ အားသာချက် ကောင်းကွက်နှင့် အချက်အလက်တွေဟာ မြန်မာ့ရေမြေ ရာသီဥတုနှင့် ဂေဟစနစ်တွေအတွက် မသင့်တော်တဲ့အပြင် ပျက်စီးထိခိုက်မှုတွေကိုပါ ဖြစ်စေပါတယ်။ယခုလို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းဒေသနှင့် ဧရာဝတီမြစ်၏ ရေဝေရေလဲ ဒေသတွေမှာအဖိုးတန်မူရင်း ဓမ္မတာတောတွေကို ခုတ်ထွင်ရှင်းလင်းပြီး ယူကလစ်ပင်တွေချည်း အလုံးအရင်းစိုက်ပျိုးကာ တောအုပ်ထူထောင် စိုက်ပျိုးနေခြင်းဟာမြန်မာ့သဘာဝပတ်ဝန်းကျင်နှင့်တကွ မှီတင်းနေထိုင်ကြသူတွေအတွက် ကြောက်မက်ဖွယ်ကောင်းတဲ့ ပျက်စီးထိခိုက်မှုတွေကို ဖြစ်ပွားလာစေမှာမို့ ဒီအပင်ကို တစ္ဆေဖြူလို့ နာမည်ပေးပြီး ကန့်ကွက်ရတာပါ။
အစ္စရေးတွေက ယူကလစ်စိုက်တယ်ဆိုတာ သဲကန္တာရမှာ သစ်တောပြန်လည်ထူထောင်ဖို့ စိုက်ပျိုးတာပါ။ယူကလစ်ပင်တွေ ဖြစ်ထွန်းလာတော့ သူ့အရိပ်အောက်မှာတခြားသော သစ်ပင်တွေကို စိုက်တာပါ။ သစ်ပင်တွေကို ရေနှင့်တကွ တခြားသော ထိန်းသိမ်းစောင့်ရှောက်မှု အပြည့်ပေးပါတယ်။သစ်ပင်တွေ ကောင်းစွာရှင်သန်နိုင်တဲ့ အခါမှာ ယူကလစ်ပင်ကို ခုတ်ပစ်ပါတယ်။ဒီနည်းလမ်းနှင့် သဲကန္တာရကို ပြောင်းလဲပစ်ပါတယ်။အစ္စရေးနိုင်ငံ ထူထောင်ခါစမှာပါလက်စတိုင်းတွေဆီက စိုက်ပျိုးလို့၊နေထိုင်လို့ မရတဲ့ ရွှံ့နွံတောတွေကို ဈေးပေါပေါနှင့် ဝယ်ယူပြီးယူကလစ်ပင်တွေ စိုက်ပါတယ်။ ရေတွေစုပ်လို့ ကုန်သွားတော့ ခုတ်ပစ်ခဲ့ပါတယ်။ ဒီနမူနာကို ကြည့်တတ်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ မြေအောက်ရေများနှင့် စိုက်ပျိုးမြေများ ပျက်သုန်းပြီး စိုက်ပျိုးလုပ်ကိုင် စားသောက်လို့ မရဖြစ်ကာ ပေးတဲ့ဈေးနှင့်ထိုးရောင်းရတော့မည့် အဖြစ်အပျက်ကို ဦးတည်ရည်ရွယ်နေတာ ထင်ရှားပါတယ်။ဒါ့ကြောင့် သဘာဝတောတွေခုတ်ပစ်ပြီး ယူကလစ်တွေကို အလုံးအရင်း စိုက်ပျိုးနေမှုနှင့် အညာမြေက လယ်ယာမြေတွေဘေးမှာ ၊ရှိသမျှ မြေလွတ်မြေရိုင်းတွေမှာ ယူကလစ်တောအုပ်လိုက် ပျိုးထောင်နေမှုကို ကန့်ကွက်ရတာပါ။ ရှေ့ကနမူနာပေါင်း မြောက်များစွာကို ကြည့်ပြီးမှ မြန်မာနိုင်ငံအလယ်ပိုင်းက အပူပိုင်းဇုံအတွက် ဘယ်လိုအပင်အမျိုးအစားတွေသာ စိုက်ပျိုးသင့်ကြောင်း ဆုံးဖြတ်ရမှာပါ။ ကျောက်ဖြူ-ကူမင်း မီးရထားလမ်းဖောက်ပြီးနောက်မှာ မီးရထားလမ်းတစ်လျှောက်မှာရှိတဲ့ မြန်မာပြည် အလယ်ပိုင်း မြို့ရွာတွေကို တရုတ်လူမျိုးတွေ အလုံးအရင်းနဲ့ အခြေချနေထိုင် လုပ်ကိုင်နိုင်အောင် ရေရှည်စီမံကိန်းချပြီး လုပ်ဆောင်ချက် မဟာဗျူဟာအတွက် ယူကလစ်စိုက်ပျိုးခြင်းဟာ အရေးပါတဲ့ နည်းဗျူဟာခွဲတစ်ခု မဖြစ်နိုင်ဘူးလားးး????
ပုပ္ပါးတောင်မကြီးဟာ ပူပြင်းတဲ့ အလယ်ပိုင်းချိုင့်ဝှမ်းဒေသကြီးရဲ့ အိုအေစစ်ကြီးတစ်ခုပါပဲ။ဂရိနိုင်ငံက အစဉ်အလာကြီးမားတဲ့ ကမ္ဘာကျော် အိုလံပီယာတောင်နဲ့ နှိုင်းယှဉ်လို့လည်း ရတဲ့ အလွန်ဒဏ္ဍာရီဆန်တဲ့ သမိုင်းအစဉ်အလာတွေ ရှိတဲ့တောင်တော်မြတ်လည်း ဖြစ်ပါတယ်။ဒီပုပ္ပါးတောင်မကြီးပေါ်မှာ ထင်းရှူးတောတွေရှိပြီး ဆောင်းရာသီမှာလည်း တောင်ပေါ်အအေးပိုင်းတွေမှာ ပေါက်ရောက်တဲ့ တောင်နေကြာတွေ ဝါထိန်နေအောင် ပွင့်ပြီး စတော်ဘယ်ရီတွေလည်း စိုက်ပျိုး ဖြစ်ထွန်းပါတယ်။တောင်မကြီးရဲ့ အမြင့်ပေနဲ့ သစ်တောတွေကြောင့် အအေးပိုင်းဆန်တဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားတဲ့အတွက် သစ်တောအမျိုးအစား စုံစုံလင်လင်ကို တွေ့ရှိရပြီး တကယ့်ကိုထူးမြတ်တဲ့ နေရာဒေသကြီးလည်း ဖြစ်ပါတယ်။ ဒီပုပ္ပါးတောင်မကြီးနှင့် မြေအောက်ရေတွေ မရှိတော့ဘူးဆိုလျှင် မြန်မာပြည် အလယ်ပိုင်း မိုးနည်းဒေသကြီးဟာ သဲကန္တာရတွေ ဖြစ်ကုန်မှာပဲ။ အပူပိုင်းဇုန်တစ်ခုလုံးရဲ့ ရာသီဥတုနဲ့ မြေအနေအထားတွေ....။မိုးရွာနှုန်းတွေ မြင့်လာအောင် ...စတာတွေကို ဒီတောင်တန်း ကြီးတွေက တတ်နိုင်သလောက် ထိန်းပေးထားတာပါ။ သိပ်ကိုရင်သပ်ရှုမောဖွယ်အလှအပတွေနဲ့ သဘာဝတွေ... စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ ဒဏ္ဍာရီတွေနဲ့ ပြည့်နေတဲ့ ဒီတောင်တန်းကြီးရှိနေတာဟာ ကျွန်မတို့နိုင်ငံအတွက် အဖက်ဖက်ကနေ ကံကောင်းပြီး ကျက်သရေမင်္ဂလာရှိစေတယ်လေ။ ဒီလိုမြေအောက်ရေပေါတဲ့ ဒေသမှာ ယူကလစ် စိုက်ပျိုးမှုကြောင့် မြေအောက်ရေတွေခမ်းသွားခဲ့လျှင် မြန်မာနိုင်ငံအလယ်ပိုင်းဟာ သဲကန္တာရ ဖြစ်သွားမှာ သေချာပါတယ်။
ကသာမြို့အထက် ဗန်းမော်ကစပြီး ဓမ္မတာမျိုးဆက် သစ်တောကြီးတွေ ဧက၇၀၀၀ ကို ခုတ်ထွင်ရှင်းလင်းပြီး ယူကလစ် စိုက်ပျိုးခွင့် ရယူထားတဲ့ ဂရိတ်ဝေါကုမ္ပဏီ(ဟွန်ဒါ-မြန်မာ စိုက်ပျိုးရေးကုမ္ပဏီ)နှင့် သစ်တောဝန်ကြီးဌာနတွေရဲ့ စာရင်းဇယားတွေနှင့်တကွ ကြိုးဝိုင်းကာကွယ်သစ်တော ဧက၅၆၀၀၀၀ကျော်ကို စာရင်းမှပယ်ဖျက်မည့် သတင်းထုတ်ပြန်ချက် တွေကို မြန်မာနိုင်ငံဆိုင်ရာ FLEG-T နှင့် MATA အဖွဲ့အစည်းတွေမှ ဦးဆောင်ပြီး တောင်းယူစစ်ဆေးသင့်နေပါပြီ။ ကာကွယ်တောစာရင်းမှ ပယ်ဖျက်မည့် သစ်တောဧက၅၆၀၀၀၀ အတွက် ဒေသခံများအတွက်၊နိုင်ငံတော်နှင့် ပြည်သူတွေအတွက် ဘယ်လိုအကျိုးပြုမှုတွေ ဖြစ်လာမှာလဲ???? အဲ့ဒီမြေနေရာတွေကို ဘယ်ကုမ္ပဏီတွေ၊ဘယ်အဖွဲ့အစည်းတွေ၊ဘယ်လိုတစ်သီးပုဂ္ဂလတွေက ရရှိသွားမှာလဲ??? ဘယ်သူ့လက် ဝကွက်အပ်ပြီး ဘာလုပ်မှာလဲ??? ဂရိတ်ဝေါကုမ္ပဏီက ရရှိထားတဲ့ ဓမ္မတာမျိုးဆက် သစ်တော ဧက၇၀၀၀ ကျော်မှာ ဧက ၁၀၀၀ ကို ခုတ်ထွင်ပြီး ယူကလစ်ပင်များ စိုက်ပျိုးပြီး ဖြစ်တယ်လို့လည်း စိမ်းရောင်စိုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဟိန်း ထံမှ ဒေတာအတိအကျနှင့် သိခဲ့ရပါတယ်။ ဒီဒေသတွေဟာ ဧရာဝတီမြစ်မင်းရဲ့ ရေဝေရေလဲ ဒေသတွေပါ။
ဧရာဝတီရဲ့ ရေဝေရေလဲ ဒေသက သစ်တောတွေကို ခုတ်ထွင်ပြီး ယူကလစ်စိုက်ပျိုးခြင်းဟာ သာမန်စီမံကိန်းတစ်ခုလို့ ရိုးရိုးလေး ရှုမြင်လို့ မရပါဘူး။ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လက်လုပ်ကိုင်ခွင့်ရအောင်အတွက် သွယ်ဝိုက်ကြိုးစားမှုဆိုင်ရာ ဧရာဝတီကို အလဲထိုး အရယူဖို့ ကြံစည်ခြင်း နှစ်ရှည်မဟာဗျူဟာတစ်ရပ်ရဲ့ အစိတ်အပိုင်းတစ်ရပ် လို့သာ ရှုမြင်သုံးသပ်ရမှာပါ။ ဧရာဝတီရဲ့ ရေဝေရေလဲဒေသတွေ တဖြည်းဖြည်း လက်သည်မပေါ်ဘဲပျက်စီးပြီး ဧရာဝတီမြစ်ကြီးကောမသွားအောင် ရေကာတာဆောက်လုပ်ပြီး ထိန်းသိမ်းရတော့မည့် အခြေအနေတစ်ရပ် ဖြစ်ပေါ်လာအောင် ဖန်တီးယူမယ့် အနေအထားတစ်ရပ်ကို လှမ်းမြင်နေရပါတယ်။
တရုတ်နိုင်ငံဟာ ဧရာဝတီမြစ်ဆုံ စီမံကိန်း၊ ကူမင်း-ကျောက်ဖြူ ရထားလမ်းဖောက်မည့် စီမံကိန်းနှင့် တရုတ်နိုင်ငံတွင်း လေထုညစ်ညမ်းမှုကို အလွန်အမင်း ဖြစ်ပွားစေသည့်အတွက် ပိတ်သိမ်းတော့မည့် ကျောက်မီးသွေးစက်ရုံများ မြန်မာနိုင်ငံဘက်သို့ ရွှေ့ပြောင်းဖွင့်လှစ်ရေး စီမံကိန်းတွေကို မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ဖို့ စိတ်ရှည်ရှည်ထားပြီး ရေရှည်စီမံကိန်းများဖြင့် ကြိုးစားနေမည်မှာ မလွဲဧကန် ဖြစ်ပါသည်။
မော့ဆက်က သေချာလေ့ကျင့် ပျိုးထောင်ပေးထားတဲ့ အလီကိုဟင် ဆိုတဲ့ သူလျှိုတစ်ဦးဟာ ဆီရီးယားနိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင်တစ်ဦးလို့ ရှုမြင်သုံးသပ်ခံရပြီး ဆီးရီးယားရဲ့ တကယ့်စစ်ရေးမဟာဗျူဟာတွေကို ကြည့်ရှုလေ့လာခွင့် ရယူနိုင်အောင်ထိ အောင်မြင်မှုရခဲ့ဖူးပါတယ်။ ဒီတော့ ဆီးရီးယားတွေရဲ့ မဟာဗျူဟာတွေဟာ အလွန်ပြောင်မြောက်ပြီး ရှုပ်ထွေးနက်ရှိုင်းလွန်းတော့ မော့ဆက်ရဲ့ လက်ရွေးစင် အလီကိုဟင်က နားမလည်နိုင်အောင် ဖြစ်ရလို့ ဆီးရီးယား စစ်ခေါင်းဆောင်တွေကို အကြိမ်ကြိမ် ပြန်ရှင်းပြခိုင်းရပါတယ်တဲ့။ ဒါကြောင့် ယူကလစ်တွေ အလုံးအရင်းနဲ့ တစ်ရှူးမျိုးပွားခြင်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေရဲ့ နည်းပညာပံ့ပိုးရရှိမှု၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေနှင့် နောက်ကွယ်က ပံ့ပိုးနေတဲ့ ကြိုးကိုင်စီမံမှုတွေ ရှိမရှိ၊ငွေမည်းခဝါချမှုတွေ ရှိမရှိကိုပါ စနစ်တကျစစ်ဆေးသင့်ပြီလို့ ထင်ပါတယ်။
ညောင်ဦးမြို့နယ်ထဲက ဒေသခံ ကျေးရွာသားတွေကို ကျပန်းကောက်ယူ မေးမြန်းကြည့်တော့။ ယူကလစ်ပင် တွေကို ဘာလို့စိုက်ပျိုးတာလဲလို့ မေးတဲ့အခါမှာ သစ်တောစိမ်း/စို ကစိုက်ခိုင်းလို့ပါလို့ ဖြေဆိုပါတယ်။ ဒီအပင်တွေရဲ့ ဆိုးကျိုးကို သိပါသလားဆိုတော့လည်း မသိပါဘူးတဲ့။ သိလည်း မစိုက်ဘဲမနေရဲဘူးတဲ့။ အာဏာနဲ့ ခြိမ်းခြောက်စိုက်ခိုင်းတာလား ဆိုတော့ မဟုတ်ပါဘူးတဲ့။ စိုက်ပျိုးခ ပိုက်ဆံရပါသလားဆိုတော့ မရရှိပါဘူးတဲ့။ ကိုရီးယားအမျိုးသမီးတစ်ဦးက ရွာမှာကျောင်းဆောင်လေး တစ်ဆောင် ဆောက်လုပ်လှူဒါန်းထားပါတယ်တဲ့။ ဒီတော့ အားနာလို့ စိုက်ပျိုးပေးရတာပါတဲ့။ အဲ့ဒီကိုရီးယားလူမျိုး အမျိုးသမီးက စကားပြန်နှင့်အတူ မကြာခဏလည်း ရွာကိုလာပြီး ယူကလစ်ပင်တွေရဲ့ အခြေအနေကို ကြည့်ရှုလေ့ရှိပြီး ရွာသူရွာသားတွေနှင့်လည်း ရင်းနှီးနေတော့ သူမကို ကျေးဇူးလည်းတင် အားလည်းနာလို့ စိုက်ပေးတာပါတဲ့။ ဒါဟာ လူမှုရေးအာဏာပါဝါ(Social Power) ကို အသုံးချပြီး သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် လုပ်အားတွေကို အခမဲ့ ယူငင်သုံးစွဲမှုလည်း ဖြစ်ပါတယ်။
ညောင်ဦးမြို့နယ် ချောင်းရှည်ရွာနားဝန်းကျင်မှာရှိတဲ့ လှည်းလမ်းကြောင်းတစ်လျှောက်၊လယ်ယာမြေများ နဘေးတစ်လျှောက်၊ သဲချောင်းအလယ်ခေါင် ခေါက်ချိုး တစ်လျှောက်၊ မြေကွက်လပ် ကွင်းပြင်များအပြည့်နှင့် ငလင်းပုတ်တောင် နှင့် ငလလင်းပုတ်ကွင်း တွေထဲမှာပါ ယူကလစ်ပင်တွေ အလုံးအရင်းနဲ့ စိုက်ပျိုးထားတာ ဟက်တာရာဂဏန်း ရှိပါတယ်။ ဒီလိုကိုယ်ကျိုးစီးပွားအတွက် စီးပွားဖြစ် စိုက်ပျိုးမှုတွေကို "Project For Greening Of The Dry Zone Of Central Myanmar " Contributed by The Republic of Korea For The Friendship and Cooperation Between Korean and Myanmar. လို့ ဆိုင်းဘုတ်ထူပြီး မင်္ဂလာယူထားပါတယ်။ ၂၀၀၄-၂၀၀၅ ပရောဂျက် ကာလအတွက် ၃၃၀ ဟက်တာ စိုက်ပျိုးပြီးစီးခဲ့ပြီး ၂၀၁၄ - ၂၀၁၅ ကာလအတွက် ဟက်တာ ၂၄၀ စိုက်ပျိုးပေးပါမည်တဲ့။(၁ဟက်တာ=၂.၄၇ ဧက)
ကျောက်ပန်းတောင်မြို့ဝန်းကျင်က ယူကလစ်ပင်တွေကို တစ်သားခုတ်ယူထုတ်လုပ် ပြီးဖြစ်ပါတယ်။ အဲ့ဒီယူကလစ်ပင်တွေဟာ ခုတ်လည်း ပြန်လည်ရှင်သန်ပေါက်ရောက်လာပြီး သူ့ဘာသာ ဆက်လက်ကြီးထွားလာနေတာကို တွေ့ခဲ့ရပါတယ်။ ကျောက်ပန်းတောင်းနယ်တစ်ကျောက တစ်သားထုတ်လုပ် ခုတ်ယူခဲ့သော ယူကလစ်ပင်တွေကို ဘယ်အဖွဲ့အစည်းတွေ၊ဘယ်နိုင်ငံတွေကို ရောင်းချခဲ့သလဲ??? ဝင်ငွေဘယ်လောက်ရခဲ့သလဲ??? ဒေသခံတွေရော ငွေကြေးဆိုင်ရာ အမြတ်အစွန်းဘယ်လောက်ဆီ (သို့မဟုတ်) ဒေသခံတွေရဲ့ အကျိုးစီးပွား၊တိုးတက်ဖွံ့ဖြိုးမှု တစ်စုံတစ်ရာ ဘာတွေရခဲ့သလဲ??? ဆိုတာလည်း မေးခွန်းထုတ်ရပါလိမ့်မယ်။ ဒီတော့အပူပိုင်းဒေသမှာ သစ်ပင်စိုက်တာလောက်ကတော့ နိုင်ငံခြားအကူအညီနဲ့ နည်းပညာတွေ မလိုအပ်ပါဘူး။ စိုက်ပျိုးခွင့်ပဲပေးပါ။ မြန်မာလူမျိုးတွေဟာ သစ်ပင်စိုက်ပျိုးခြင်းကို ဇရပ်ဆောက်လုပ်လှူတန်းတယ်လို့ သဘောထားတဲ့ လူမျိုးပါ။ မြန်မာပြည်အလယ်ပိုင်း စိမ်းလန်းစိုပြေရေးအတွက် အပူထုတ်ပြီး မြေဆီသြဇာ အလွန်စုပ်ယူ ဖျက်ဆီးတဲ့ ယူကလစ်ပင်တွေ စိုက်ပျိုးတာထက် သာလွန်ကောင်းမွန်အောင်တော့မြန်မာ့ပရဟိတ အဖွဲ့တွေက ကိုယ့်ငွေနဲ့ကိုယ် စောင့်ရှောက်ပေးနိုင်ပါတယ်။
ဒီယူကလစ်ပင်တွေဟာ ဘာဆိုးကျိုးမှ မရှိတဲ့၊ အလွန်သန့်စင်ကောင်းမွန်ပြီး အရွက်ကနေတောင် ရွှေထွက်နိုင်တဲ့ မျိုးဆက်သစ် GW-29 တွေပါလို့ တစ်ရှူးမျိုးပွား ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီရဲ့ ဝဘ်ဆိုက်မှာ တင်ထားတာကို ဖတ်ခဲ့ဖူးပါတယ်။ Ref; လိုချင်လို့ ပြန်လိုက်ရှာတော့ မတွေ့တော့ပါဘူး။ဒါပေမယ့် CSIRO အဖွဲ့ရဲ့ သုတေသနပြုချက်အရ ယူကလစ်ပင်ရဲ့ အမြစ်ဟာ မြေအောက်အတော်နက်နက်ထိဆင်းပြီး မြေသယံဇာတထဲမှာရှိတဲ့ ရွှေနှင့်တကွ သတ္တုမှုန်တွေကို စုပ်ယူပြီး အရွက်ထိရောက်အောင် ပို့ဆောင်ပေးနိုင်ပါတယ်တဲ့။ဒါဆိုရင် ယူကလစ်ရွက်တွေထဲ ရောက်ရှိနေတဲ့ ရွှေနှင့်သတ္ထုတွေကို ထုတ်ယူနိုင်တဲ့ နည်းပညာရှိရင် ရွှေနှင့်သတ္ထုတွေကိုပါ တရားမဝင်ထုတ်ယူသွားနိုင်မည့် သဘောပါပဲ။ ယူကလစ်ပင်တွေဟာ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက်၊ ချမ်းသာကြွယ်ဝရေးအတွက်နှင့် သစ်တောသယံဇာတအတွက် သိပ်ကိုကောင်းကျိုးပွားစေမည့် အသင့်တော်ဆုံး သစ်ပင်လေးတွေပါလို့ ပြောချင်တယ်ဆိုရင် မေခွန်းတစ်ချို့ မေးချင်ပါတယ်။
အဲ့လိုမျိုးကောင်းရိုးကောင်း ယူကလစ်ပင်တွေကို သူတို့နိုင်ငံတွေမှာတင် ကြိတ်ပြီး မစိုက်ပျိုးမထုတ်လုပ်ဘဲနဲ့ မြန်မာပြည်မှာဘာ့ကြောင့် လာစိုက်ကြတာလဲ????? တစ်ရှူးမျိုးပွားပြီး ထုတ်လုပ်ထားတဲ့ အဲ့ဒီနှစ်ရှည်ပင် ယူကလစ်မျိုးတွေကို ဘယ်နှစ်နှစ်ကြာ သုတေသန ပြုလုပ်ထားပါသလဲ??? ဘယ်လိုမျိုးရီုးဗီဇတွေ ပြုပြင်ထားလို့ ဆိုးကျိုးလုံးဝမရှိပါဘူးလို့ ပြောနေတာလဲ???? ကုမ္ပဏီနှင့် ဋ္ဌာနဆိုင်ရာတွေရဲ့ လခစားဝန်ထမ်းလည်းမဟုတ်သလို သြဇာလွှမ်းမိုးမှု မခံရတဲ့ နိုင်ငံတကာနှင့် ပြည်တွင်းမှ ရုက္ခဗေဒ ပညာရှင်တွေ၏ စစ်ဆေးမေးမြန်းမှု၊စမ်းသပ်မှုတွေကိုရော GW-29 မျိုး ယူကလစ်တွေက ခံနိုင်ရည်ရှိမှာလား??? တရုတ်နိုင်ငံက ကင်ဆာမျိုးစုံကို ကုသနိုင်လို့ ကမ္ဘာမှာ မှတ်ပုံတင်ထားတဲ့ ၊ (မြန်မာနိုင်ငံက ရှမ်းနဲ့ ကချင်ပြည်နေတွေမှာ သဘာဝအလျှောက် ပေါက်ရောက်နိုင်တဲ့) ယူစ်းဆိုတဲ့ ထင်ရှူးပင်မျိုးတွေနှင့် တစ်ရှူးကာချာနဲ့ ပိုမိုအဆင့်မြှင့်တင်ထားတဲ့ ယူးစ်မျိုးတွေကို မြန်မာ့မြေမှာ လာစိုက်မပေးဘဲ တရုတ်နိုင်ငံထဲတင် ကြိတ်ပြီး စိုက်ပျိုးနေတာကရော ဘာလို့လဲ???? တရုတ်ပြည်ရဲ့ ပြည်ပကို ယူးစ်ဆိုတဲ့ ထင်းရှူးပင်လေး ခိုးထုတ်ရင် ပြစ်ဒဏ်က သေဒဏ်ဖြစ်တယ်လို့ သတင်းကြားဖူးထားပါတယ်။
ကိုရီးယားအဖွဲ့အစည်းတွေကရော ရှမ်းမြောက်ပိုင်း၊ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ဘာလို့ အဖိုးတန်ဂျင်ဆင်းမျိုးတွေ ယူလာစိုက်မပေးတာလဲ????(ကချင်ပြည်နယ်မှာ ဆေးဘက်ဝင် ဂျင်ဆင်းဟာ သဘာဝအလျောက် ပေါက်ရောက်ပါတယ်။) ဆိုတဲ့ မေးခွန်းကို အရင်ဆုံးမေးခွန်းထုတ်ကြည့်ချင်ပါတယ်။ ဈေးကောင်းရတဲ့ ကော်ဖီမျိုးတွေကို ပြင်ဦးလွင်မှာ မြန်မာနိုင်ငံသား ဝန်ထမ်းတွေရဲ့ နာမည်ခံခိုင်းပြီး မြေတွေဝယ်ပြီး ဘာလို့လာစိုက်တာလဲ။ ကိုရီးယားလူမျိုးတွေ စိုက်ပျိုးအခြေချပြီးစီးလို့ ထုတ်လုပ်နိုင်တဲ့ အနေအထားရောက်လာတော့မှ မြန်မာကော်ဖီစေ့တွေ နိုင်ငံခြားက အဝယ်လိုက်လာပြီး ဈေးကောင်းတွေရနေတာကရော ဘယ်လိုစေတနာ မေတ္တာမျိုးတွေနဲ့ လုပ်ဆောင်မှုတွေလဲ???? ကော်ဖီမျိုးကောင်းတွေကို မြန်မာတောင်သူတွေ စိုက်ပျိုးထုတ်လုပ် ရောင်းချနိုင်ပြီး ဆင်းရဲတွင်းက လွတ်မြောက်အောင် အကူအညီပေးခြင်းတွေမလုပ်ဘဲ လက်ကုန်လာနှိုက်တာ ဘာလို့လဲ???
LDCs နိုင်ငံများ လို့ အတိုကောက် အမည်တွင်တဲ့ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံး နိုင်ငံတွေက ခေါင်းဆောင်တွေရဲ့ ၂၀၁၀ ခုနှစ် ညီလာခံမှာ ကိုင်ဆောင်တောင်းဆိုခဲ့တဲ့ ခေါင်းစဉ်က "Trade,No Aid. " ဆိုတာပါပဲ။ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံတွေဟာ ဖွံ့ဖြိုးမှု နိမ့်ကျကျန်နေခဲ့တဲ့ LDCs နိုင်ငံတွေကို အကူအညီတွေပေး၊ကျေးဇူးရှင်နေရာဝင်ယူ၊ ငွေကြေးမဟုတ်တဲ့ အခွင့်အရေးတွေ အများကြီးတောင်း၊သက်ဆိုင်ရာအာဏာပိုင်တွေကို လာဘ်ပေးပြီး အခွင့်အလမ်းမှန်သမျှကို လက်ကုန်နှိုက်ယူလေ့ရှိပြီး၊ ဒေသခံ နိုင်ငံသားတွေ ဖွံဖြိုးတိုးတက် ကြီးပွားသွားစေမယ့် Trade ဆိုတဲ့ ကုန်သည်ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းစဉ်တွေကို လုပ်ကိုင်ဖို့အတွက် အခွင့်အရေး ပေးလေ့မရှိကြဘူး ဆိုတာကို အဓိက ဆွေးနွေးသွားခဲ့တဲ့ ခေါင်းစဉ်တစ်ခုပဲ ဖြစ်ပါတယ်။
အာဖရိကတိုက်က ဆင်းရဲတဲ့ နိုင်ငံတွေမှာလည်း ယူကလစ်တွေကို စမ်းသပ်စိုက်ပျိုးတယ်လို့ အမည်ခံပြီး စက်မှုဖွံ့ဖြိုးပြီး အနောက်နိုင်ငံတွေက ဟက်တာထောင်ချီ စိုက်ပျိုးထုတ်လုပ် ယူဆောင်သွားပြီး ကြပါပြီ။ အရင်တုန်းကရော အခုရော အနောက်နိုင်ငံတွေက ဆင်းရဲတဲ့ အာဖရိကနိုင်ငံတွေကို ကူညီခြင်းအမည်ခံပြီး ကိုယ်ကျိုးရှာခဲ့ကြတဲ့ နမူနာလုပ်ရပ်တွေအတိုင်း အာရှကျားလို့ အမည်တွင်နေတဲ့ နိုင်ငံတွေက မြန်မာနဲ့ တကွ အာဆီယံထဲက ဆင်းရဲတဲ့ နိုင်ငံတွေဆီကို လာပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်နေကြပါတယ်။ သက်ဆိုင်ရာ အာဏာနှင့် လုပ်ပိုင်ခွင့်ရှိနေတဲ့ ပုဂ္ဂိုလ်များအနေဖြင့်လည်း ယူကလစ် စိုက်ပျိုးမှုနှင့် ပတ်သတ်ပြီး မိမိနိုင်ငံကိုတန်ဖိုးထားတဲ့ National Value System နှင့် အဆုံးအဖြတ်ပြုမလား မိမိနှင့် မိမိ မိသားစု တစ်ကွက်စာကို ကြည့်တဲ့ Family Value System နှင့် အဆုံးအဖြတ် ပြုကြမှာလားဆိုတာကိုလည်း ပြန်လည်စမ်းစစ်ကြစေချင်ပါတယ်။
နေထက်ထက်အောင်
(ဆောင်းပါးဖြစ်မြှောက်ရေးအတွက် အကူအညီပေးခဲ့ကြသော Dr.ငြိမ်းမြ၊ Dr. ကလျာ၊ကိုခန့်ဇော်ထက်(စိုက်ပျိုးရေးအကြံပေးအဖွဲ့)
တို့ကို ကျေးဇူးအထူးတင်ရှိပါသည်။)
Ref;
1.Effects Of Eucalyptus Plantations On Soil Arthropod Communities In A Brazilian Atantic Forest Conservation Unit.By Rodrigo CAMARA;Maria Elizabeth Fernandes CORREIA;Dora Maria VILLELA.
2.Impact Of Eucalyptus Globulus and Eucalyptus Camaldulensis Small Scale Plantations On Chemical And Physical Soil Properties And On Soil Hydrological Parameter In The Highland Of Ethiopia A Comparision With Other Land-Use System. BY Zerfu Hailu; Monika Sieghatdt;Helmuth Schume;Franz Ottner;GethardHlatzel;Biruktayet Assefa And Tenaw TedelaHailu
3. Impact Of Eucalyptus Globulus Plantations On Physiology And Population Densities Of Invetebrates Inhabitiong Iberian Atlantic Streams.
4. Impact Of Pine And Eucalyptus Forest Plantations On Soil Organic Matter Content In SwaZiLand-Case Of Shisel Weni Forests.
5.Water Use,Water Limitation And Water Use Efficiency In A Eucalyptus Plantation.
BY JOSE LUIZ STAPE;DAN BINKLEY; MICHAEL G. RYAN;ANTONIO DO NASCIMENTO GOMES
6.Short-Rotation Eucalypt Plantations In Brazil: Envirinmental Issue.
7.Effect Of Exotic Tree Plantationson Plant Diversity And Biological Soil Fertility In The Congo Savanna. With Special Reference To Eucalypts.
8.Forest Stewardship Series5.Tree Growth And Competition. University of California And Natural Resources. http://anrcatalog.ucdavis.edu.
9.ပြင်ဦးလွင်ကို ဒုက္ခပေးလာမည့် ယူကလစ်တော။ ဒေါက်တာကျော်ထွန်းသန်း (ဧရာဝတီ ဘလော့ဂ် July1;2014 )
10. ကြီးမြန်ယူကလစ်ကုန်ကြမ်း ဂရိတ်ဝေါ ဝယ်ယူမည်။(The Myanmar Times Oct25;2014 )
11.မြန်မာ့စိုက်ပျိုးရေးမှတ်တိုင်အဖြစ် သစ်ပင်များအား တစ်ရှူးမျိုးပွားခြင်း။ သံလျှက်(Dec16;2010)
12.စိမ်းရောင်စိုအဖွဲ့ ဧရာဝတီမြစ်ဝှမ်းဒေသအား လေ့လာစမ်းစစ်သုတေသနပြု ခြင်းစာတမ်uး

Credit to> Nay Htet Htet Aung

ဒေါ်အောင်ဆန်းစုကြည်၏ ဆင်းဟတ် တော်ဝင်စစ်တက္ကသိုလ် မိန့်ခွန်း

ကျမ ဒီကိုလာတာ သင်ပေးဖို့ဆိုတာထက် သင်ယူဖို့ လာတာပါ ။ ပြည်သူတွေက လေးစားချစ်ခင်ပြီး အရည်အသွေးပြည့်ဝကျွမ်းကျင်တဲ့ စစ်တပ်တစ်ခု ဖြစ်ဖို့ ဘာတွေလိုအပ်သလဲဆိုတာကို ကျမ လေ့လာချင်လို့ပါ ။ ကျမတို့ မြန်မာ့တပ်မတော်ကို အဲဒီလို ( professional army ) မျိုး ဖြစ်စေချင်ပါတယ် ။ ( ၁၉၄၀ ) နှစ်များ အစောပိုင်းကာလမှာ ကျမရဲ့ ဖေဖေ တည်ထောင်ခဲ့တုန်းက ရည်ရွယ်ခဲ့တဲ့ army မျိုး ဖြစ်စေချင်ပါတယ် ။ တည်ထောင်တုန်းကတော့ အင်္ဂလိပ်တွေကို တော်လှန်ဖို့ ပေါ့လေ ( ရယ်သံများ ) ။ အင်္ဂလိပ်တွေကို သဘောမကျလို့တော့ မဟုတ်ပါဘူး ။ လွတ်လပ်ရေးကို ပိုပြီး သဘောကျ နှစ်သက်လို့ပါ ( ရယ်သံများ ) ။
 လူတိုင်းမှာ လွတ်လပ်ခွင့်ရှိရမယ်လို့ ကျမယုံကြည်ပါတယ်...... ဒါကဘဲ လူသား ဆိုတဲ့အဓိပ္ပါယ် ပါဘဲ ။ ကိုယ်ဘယ်သူဆိုတဲ့ Identity ကို ပြဖို့ လွတ်လပ်ချင်ကြပါတယ် ။ ကိုယ်ယုံကြည်ရာကို လုပ်ဖို့ ကျမတို့ လွတ်လပ်ချင်ကြပါတယ် ။ ဥပဒေရှေ့မှောက်မှာ အားလုံး သာတူညီမျှရှိတဲ့ ကမ္ဘာကြီးတစ်ခုထဲမှာ နေနိုင်ဖို့ ကျမတို့ လွတ်လပ်ချင်ကြပါတယ် ။ ကျမဒီ Sandhurst တက္ကသိုလ်ကိုလာရဲ့အကြောင်းက စစ်ရေးသဘောအားဖြင့်ရော လူသားဆန်ဆန်ကြည့်ရင်ပါ '' ခေါင်းဆောင်မှု Leadership '' ဆိုတာ ဘာလဲဆိုတာကို သိချင်လို့ပါ ။
ဘာလို့လည်းဆိုတော့ စစ်သား ဆိုတာလည်း လူသားတွေဘဲ ဆိုတဲ့ အချက်ကို ငြင်းလို့မှ မရတာလေ ။ စစ်သားတွေထဲမှာ ကျမ ပထမဆုံး သိကျွမ်းခဲ့ရသူက ဗိုလ်ချုပ် စလင်း ( General William Slim ) ပါဘဲ ။ ဘာလို့လည်းဆိုတော့ ကျမ ငယ်ငယ်လေးတုန်းက သူ့ရဲ့ ကိုယ်တိုင်ရေးအထုပတ္တိကို ဖတ်မိပါတယ် ။ မြန်မာပြည်အကြောင်း ထဲထဲဝင်ဝင် သိချင်လို့ ကျမ ဖတ်ဖြစ်တာပါ ။ ကျမ သူ့ကို သဘောကျခဲ့ပါတယ် .....ဘာလို့လည်းဆိုတော့ သူက ကျမ ဖေဖေ ကို သဘောကျသူ ဖြစ်နေတာကိုး ( ရယ်သံများ ) ။ လူတစ်ယောက်ကို သဘောကျဖို့ ခိုင်လုံတဲ့အကြောင်းပြချက်ဆိုပါတော့ရှင် ။
အဲဒီမှာ Slim က သေသေချာချာထောက်ပြပါတယ်......သူ ဖေဖေ့ကို သဘောကျရတာက ဖေဖေဟာ အလုပ်တွဲ လုပ်လို့ ရမယ်သူ ဖြစ်လို့ပါ တဲ့ ။ ဒီအချက်ကိုလည်း ကျမ သဘောကျပါတယ် ။ စစ်တပ်ဆိုတာ တာဝန်ကျေတဲ့အလုပ်ကို လုပ်နေတာဘဲ ဖြစ်သင့်ပါတယ် ။ စစ်တပ်ရဲ့တာဝန်ဟာ ဘာတွေလဲ ၊ စစ်တပ်ရဲ့ ၀တ္တရားတွေဟာ ဘာလဲ ၊ စစ်တပ်ဟာ ဘာတွေကို မလုပ်ရဘူးလဲ ဆိုတာကို တိုင်းပြည်တစ်ပြည်ရဲ့ အဖွဲ့အစည်းတိုင်းဟာ သိကို သိနေရပါမယ် ။ ဒါသိပ်ကို အရေးကြီးပါတယ် ။
ကုန်ခဲ့တဲ့ ဆယ်စုနှစ်တွေ ....တိတိကျကျပြောရရင် ကုန်ခဲ့တဲ့ အနှစ်ငါးဆယ်ကာလဆိုတာ တကယ်တော့ အလွန်ရှည်ကြာတဲ့ ကာလတစ်ခုပါဘဲ ။ လူကြီးမင်းတို့ဗိုလ်လောင်းတွေထဲက ဘယ်သူမှ အသက်ငါးဆယ်အရွယ် ရှိမယ်မထင်ပါဘူး ။ ဒီအနှစ်ငါးဆယ်ကာလမှာ ကျမတို့ စစ်တပ်ဟာ နိုင်ငံရေးထဲ ပါလာခဲ့တယ် ။ ဒါဟာ တိုးတက်မှု တစ်ခုမဟုတ်ပါဘူး ။ စစ်တပ်ကို ဖွဲ့စည်းထားခြင်းဟာ နိုင်ငံရေးထဲကို ၀င်ပါဖို့ ဖွဲ့စည်းခဲ့တာ မဟုတ်ပါဘူး ။
အသစ်ဖွဲ့စည်းလိုက်တဲ့ ဗမာလွတ်လပ်ရေးတပ်မတော် ( BIA ) ရဲ့ အစပိုင်းကာလတွေမှာ ကျမ အဖေက ပြောခဲ့ပါတယ် ။ '' တိုင်းပြည်သည် တပ်ရဲ့ ကျေးကျွန်မဖြစ်ရဘူး ။ တပ်ဟာ တိုင်းပြည်ရဲ့ အခြေခံအဆောက်အဦးဖြစ်ရမယ် '' လို့ပါ ။ ဒါကဘဲ ဒီ ဆင်းဟပ်စ် စစ်တက္ကသိုလ်မှာ သင်ကြားပေးနေတာ မဟုတ်လား ။ လူကြီးမင်းတို့ဟာ ခေါင်းဆောင်ဖို့ရာအတွက် အလုပ်လုပ်ပေးဆပ်နေကြတာပါ ။
ဒီနေ့မနက်က ကျမတို့ နည်းနည်းဆွေးနွေးဖြစ်ပါသေးတယ်...... ခေါင်းဆောင်ဖို့အတွက် အလုပ်အကျွေးပြုတယ် ( serve to lead ) ဆိုတာ အလုပ်အကျွေးပြုဖို့အတွက် ခေါင်းဆောင်တယ် ( lead to serve ) ဆိုတာနဲ့ တူသလား ဆိုတဲ့အကြောင်းကိုပါ ။ နောက်ဆုံးတော့ မတူဘူးဆိုတာ ကျမတို့အားလုံး လက်ခံလိုက်ကြပါတယ် ။ '' အလုပ်အကျွေးပြုတယ် '' ဆိုတာကို '' ခေါင်းဆောင်တယ် '' ဆိုတာရဲ့ ရှေ့က ထားတာ ပိုကောင်းပါတယ် ။ ဘာလို့လည်းဆိုတော့ အဓိကအရေးပါတာက အလုပ်အကျွေးပြုမှုပါဘဲ ။ မှန်မှန်ကန်ကန် အလုပ်အကျွေးပြုဖို့ရာအတွက် အလုပ်အကျွေးပြုခြင်းဆိုတာ ဘာလဲဆိုတာကို သိဖို့လိုပါတယ် ။
အစောပိုင်းက ပြောခဲ့သလိုဘဲ ကျမဘ၀မှာ ပထမဆုံး သိကျွမ်းရင်းနှီးခဲ့တဲ့ အင်္ဂလိပ် စစ်သားဟာ ဗိုလ်ချုပ် Slim ပါ ။ သူ့အကြောင်းကို နည်းနည်း ပြောပြချင်ပါတယ် ။ ဘာလို့လဲဆိုတော့ အိန္ဒိယစစ်တပ်အကြောင်းကို ရေးထားတဲ့ စာအုပ်တစ်အုပ်မှာ ဖိလစ်မေဆင်က သူ့ကို ပြည့်ဝတဲ့ လူတစ်ယောက်လို့ ရေးထားတယ် ။ ပြည့်ဝတဲ့လူ လို့ အပြောခံရတာ လူတစ်ယောက်အတွက် အကြီးကျယ်ဆုံး ချီးကျူးခံရမှုဘဲ လို့ ကျမထင်ပါတယ် ။
ဖိလစ်မေဆင်က Slim အကြောင်းကို ဒီလို ရေးပါတယ် '' စစ်ဗိုလ်ချုပ်တစ်ယောက်အနေနဲ့ကတော့ Slim ရဲ့ အောင်မြင်မှုက သိပ်ပြီး ပြောမစရာ မရှိပါဘူး ။ ဘာလို့လည်းဆိုတော့ သူ့က သိပ်ကျွမ်းကျင်တဲ့ ဗျူဟာသမားတစ်ယောက်သာပါ ။ စီမံခန့်ခွဲတဲ့ နေရာမှာ သိပ်တော်ပါတယ် ။ သူ့ရဲ့ သီလသမာဓိနဲ့ လူသားဆန်တဲ့နည်းလမ်းတွေကြောင့် သူ့ဟာ ပြည့်ဝတဲ့လူ တစ်ယောက်ဖြစ်ပါတယ် .။ သမာဓိရှိတယ် ။ ပွင့်လင်းဖြောင့်မတ်တဲ့ လမ်းစဉ်ကို ရိုးရိုးသားသား ၊ သတ္တိ ၊ အင်အား ၊ စွမ်းဆောင်ရည်တွေနဲ့ လိုက်ခဲ့သူ ပါ '' တဲ့ ။
အဲဒီ ပြည့်ဝတဲ့လူတစ်ယောက်လို့ ချီးကျူးမှုကို ကျမ သဘောတူပါတယ် ။ လူတစ်ယောက်ဟာ စစ်သားဖြစ်ဖြစ် ၊ အရပ်သားဖြစ်ဖြစ် ပြည့်ဝတဲ့လူတစ်ယောက် ဖြစ်နိုင်ပါတယ် ။ ကျမတို့တိုင်းပြည်မှာ လိုနေတာက ပြည်သူတွေရဲ့ တန်ဖိုးကို အသိအမှတ်ပြုတဲ့ စစ်တပ် တစ်ခုပါ ။ '' စစ်တပ်အပေါ်မှာ ပြည်သူ့အာဏာရဲ့ အရေးပါပုံ '' ကို အသိအမှတ်ပြုတဲ့ စစ်တပ်တစ်ခုပါဘဲ ။
လူကြီးမင်းတို့အားလုံးဟာ ခေါင်းဆောင်ဖို့ လေ့ကျင့်ပေးထားခြင်း ခံရသူတွေပါ ။ စိတ်ဝင်စားစရာကောင်းတာက လူကြီးမင်းတို့ အားလုံးဟာ ပြည်သူ့အာဏာအောက်မှာ ခေါင်းဆောင်မှုကို လုပ်ကြဖို့ လေ့ကျင့်ပေးထားခြင်း ခံရတာပါဘဲ ။ ဒီအချက်ဟာ သိပ်ပြီး သိသာနေသာမျိုး ဖြစ်မနေတာလည်း ဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် ဒီနည်းနဲ့ သင်ကြားလ့ကျင့်ပေးတာကို လူကြီးမင်းတို့ နေ့တိုင်း ကြုံရပါတယ် ။ ခေါင်းဆောင်ဖြစ်ဖို့ လေ့ကျင့်သင်ကြားပေးတာပေမယ့် လူကြီးမင်းတို့ဟာ နောက်လိုက်ကောင်းတွေလည်း ဖြစ်ကို ဖြစ်ရပါဦးမယ် ။
ခေါင်းဆောင်ကောင်းဖြစ်ဖို့ရာအတွက် နောက်လိုက်ကောင်း ဖြစ်ဖို့ လိုသလား ဆိုတာကိုလည်း ကျမတို့ ဒီနေ့ မနက်က ဆွေးနွေးခဲ့ကြပါသေးတယ် ။ အဖြေက '' လိုပါတယ် '' တဲ့ ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကို ခေါင်းဆောင်နေသူတစ်ယောက်ဆီမှာ ဘယ်လိုအရည်အသွေးမျိုးတွေဟာ လိုလားအပ်သလဲဆိုတာကို မသိဘဲ ကိုယ့်ဆီမှာ ဒီလို အရည်အသွေးမျိုးတွေ ရှိလာအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး ။ နောက်ဆုံးတော့ ခေါင်းဆောင်မှုဆိုတာ သင့်တော်မှန်ကန်တဲ့အချိန်မှာ သင့်တော်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်တာကို ပြောတာပါဘဲ ။ တခါတလေမှာ ဒီဆုံးဖြတ်ချက်တွေဟာ သိပ်ကို ကြီးလေးတဲ့ ဖိအားပေးမှုတွေအောက်မှာ ချရတာမျိုး ရှိပါတယ် ။
လူတွေက မေးကောင်း မေးချင်ကြပါလိမ့်မယ်......တကယ်လို့ ခန္ဒာကိုယ်ပင်ပန်းဆင်းရဲမှုဟာ ခေါင်းဆောင်မှု အရည်အသွေးတွေကို တိုးတက်စေဖို့ရာ လိုအပ်သလား ဆိုတာပါ ။ ကျမကတော့ လိုတယ် လို့ ထင်ပါတယ် ။ ကိုယ်ခန္ဒာပင်ပန်းဆင်းရဲခြင်းဆိုတဲ့ အချက်က အရမ်းကောင်းမွန်နေလို့ သဘောကျစရာကောင်းနေလို့ မဟုတ်ပါဘူး ၊ အကြောင်းကတော့ ဖိအားရဲ့အောက်မှာ အမူအရာမပျက် တည်တည်ငြိမ်ငြိမ်နေနိုင်ခြင်း ( Grace under pressure ) ဆိုတာကို ရဖို့ လေ့ကျင့်ရလို့ပါဘဲ ။ အလွန်တရာဖိအားကြီးမားတဲ့ အခြေအနေတွေမှာတောင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချဖို့ အေးဆေးတည်ငြိမ်တဲ့ စိတ်တစ်ခုကို ထိန်းထားနိုင်ရပါမယ် ။
ခေါင်းဆောင်နေရာကို ရောက်နေသူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ဟာ နောက်လိုက်တွေအားလုံးအတွက် သိပ်ကို အရေးကြီးပါတယ် ။ သေရေးရှင်ရေးလည်း ဖြစ်သွားနိုင်ပါတယ် ။ ဒီလို သေရေးရှင်ရေး ဖြစ်သွားနိုင်တာဟာ ဆုံးဖြတ်ချက်ချသူ တစ်ယောက်တည်းအတွက် မဟုတ်ဘဲ သူ့ဆုံးဖြတ်ရဲ့ လွှမ်းမိုးမှုကို ခံရတဲ့လူတိုင်းအတွက် ဖြစ်သွားနိုင်တာပါ ။
ဒီတော့ ခေါင်းဆောင်မှု ဆိုတာ စိတ်ပါဘဲ ။ ဒါကြောင့်ဘဲ ဖိလစ်မေဆင်က Slim ဟာ သူ့ရဲ့ သမာဓိရှိပြီး လူသားဆန်တဲ့ အရည်အသွေးတွေကြောင့် စစ်ဗိုလ်ချုပ်ကောင်း တစ်ယောက်ဖြစ်တယ်လို့ ပြောတာကို ကျမ သဘောတူမိတာပါ ။ တနည်းအားဖြင့်ဆိုရင် သူဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ပါဘဲ ၊ လူသားတွေရဲ့ ခေါင်းဆောင်ပါ ၊ စိတ်ချယုံကြည်ရခြင်း ကို ဖြစ်စေတဲ့ လူတစ်ယောက်ပါ ။
Slim ရဲ့စာအုပ်နာမည်က ကျရှုံးခြင်းမှသည် အောင်မြင်ခြင်းဆီသို့ Defeat into Victory လို့ အမည်ရပါတယ် ။ ဖတ်ဖူးတဲ့လူများ သိကြမှာပါ .... Slim ဟာ တပ်မ ၁၄ ( Fourteenth Army ) ကို ခေါင်းဆောင်လက်လွှဲယူလိုက်ရချိန်မှာ မြန်မာပြည်ထဲမှာ တိုက်ပွဲတွေ အရမ်းကို ဆိုးဝါး ပြင်းထန်နေချိန်ပါဘဲ ။ ဒါပေမယ့် နောက်ဆုံးတော့ သူတို့ အနိုင်ရခဲ့ပါတယ် ။
ရှုံးနိမ့်နေတာကို အောင်နိုင်အောင် ကမ္ဘာအရပ်ရပ်မှာ ကြိုးစားနေကြတာပါဘဲ ...။ ရှုံးနိမ့်ခြင်းဆိုတာ နိုင်ငံရေးမျက်နှာဖုံး ၊ စီးပွားရေး မျက်နှာဖုံး ၊ စစ်မျက်နှာဖုံး စသည်ဖြင့် မျက်နှာဖုံး အမျိုးမျိုးစွပ်ပြီး လာတတ်ပါတယ် ။ ရှုံးနိမ့်ခြင်းဆိုတာ ကျမတို့အားလုံး တနည်းနည်းနဲ့ ရင်ဆိုင်ဖြေရှင်းရတဲ့အရာပါဘဲ ။ ရှုံးနိမ့်ခြင်းကို ကျမတို့ အောင်နိုင်ခြင်း အဖြစ်သို့ ပြောင်းလဲပစ်ရပါမယ် ။
ဒါပေမယ့် အဲလိုပြောင်းလဲတဲ့နေရာမှာ ကျမတို့ရဲ့ ရိုးသားဖြောင့်မတ်ခြင်းကို လုံးဝ အထိခိုက်ခံလို့ မဖြစ်ပါဘူး ။ ဘယ်လိုဘဲရရ အောင်မြင်မှုရရင်ပြီးရော ဆိုတာ ခေါင်းဆောင်းကောင်းတစ်ယောက် လုပ်ရမယ့်အရာမဟုတ်ပါဘူး ။ ခေါင်းဆောင်ကောင်းဆိုတာ သူလည်း သိက္ခာရှိ ၊ သူ့ကို ယုံကြည်ခဲ့သူများလည်း သိက္ခာရှိမယ့် အောင်မြင်မှုမျိုးကိုသာ ရဖို့ ကြိုးစားတတ်ကြပါတယ် ။
ကျမအတွက်တော့ ခေါင်းဆောင်မှုဆိုတာ အလုပ်အကျွေးပြုခြင်းပါဘဲ.......အလုပ်အကျွေးပြုတယ်ဆိုတဲ့နေရာမှာလည်း ကိုယ့်ကို ယုံကြည်ခဲ့သူများကို အမြဲတမ်းရှေ့တင်စဉ်းစားတာကို ဆိုလိုတာပါ ။ သူတို့ကသာလျှင် တကယ်အရေးပါသူများပါ .....။ ခေါင်းဆောင်နေရာမှာ ရောက်နေတဲ့ ကိုယ်သာလျှင် အရေးပါနေတာမဟုတ်ပါဘူး ....။
ဒါပေမယ့် ကိုယ့်ရဲ့ တန်ဖိုးဆိုတာကိုတော့ကိုယ့်ခေါင်းဆောင်မှုကို လက်ခံခဲ့သူများအတွက် ဘယ်လောက်အောင်မြင်အောင် လုပ်နိုင်ခဲ့တယ် ဆိုတာကဘဲ ဆုံးဖြတ်တာပါ ။ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိအပ်တဲ့ အရည်အသွေးတွေနဲ့ပတ်သက်ပြီး ကျမလက်ခံယုံကြည်သလို လူကြီးမင်းတို့အားလုံးလက်ခံယုံကြည်သလားဆိုတာတော့ ကျမ မသိဘူးပေါ့လေ ။
ကျမတို့ကမ္ဘာကြီးမှာ စစ်တပ်ဟာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ပါတယ် ။ ဒါပေမယ့် ကမ္ဘာကြီးတစ်ခုလုံးဟာ စစ်တပ်တွေနဲ့ချည်း ဖွဲ့စည်းထားတာတော့ မဟုတ်ပါဘူး ။ စစ်သားတွေနဲ့ချည်းဘဲလည်း ဖွဲ့စည်းထားတာ မဟုတ်ပါဘူး ။ စစ်တပ်တို့ ၊ စစ်သားတို့ဆိုတာ ကမ္ဘာကြီးရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါတယ် ။
ဒါပေမယ့် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ် စစ်တပ်ဟာ ကမ္ဘာကြီးရဲ့ အရေးပါတဲ့အစိတ်အပိုင်းတော့ ဖြစ်ပါတယ် ။ ကျမကိုယ်တိုင် စစ်တပ်အပေါ်မှာ ကြီးမားတဲ့ မေတ္တာရှိပါတယ် ။ ဒါကဘဲ ကျမကို အကြီးအကျယ် ဝေဖန်ခံရမှုတွေ ဖြစ်စေခဲ့ပါတယ် ။ အထူးသဖြင့် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် အာဏာရှင်လက်အောက်မှာ ဒုက္ခခံလာရပြီးတဲ့နောက်မှာ ကျမတို့ ပြည်သူတွေနဲ့ ကျမကို ဒီမိုကရေစီလှုပ်ရှားမှုမှာ ထောက်ခံအားပေးခဲ့သူများဟာ ကျမက စစ်တပ်အပေါ် ကြီးမားတဲ့ မေတ္တာရှိတယ် ၊ ကြီးမားတဲ့ မျှော်လင့်ချက်လည်း ရှိတယ်လို့ ပြောရင် တခါတလေ စိတ်ဆိုးကြပါတယ် ။
ဒါပေမယ့် ကိုယ်ကျိုးမဖက်အများအကျိုးအတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုအပေါ် ချစ်ခင်မှုရှိတာ ၊ လေးစားမှု ရှိတာဟာ မှန်ကန်တဲ့ လုပ်ရပ်ပါ ။ '' ကိုယ်ကျိုးမကြည့်ဘူး '' ဆိုတဲ့ စကားဟာ စစ်တပ်ရယ် ၊ ခေါင်းဆောင်လုပ်သူတွေရယ်အတွက် အဓိက စကားလုံးပါဘဲ ။ ဆိုလိုတာက '' ငါ '' ဆိုတဲ့ အတ္တအရင်မလာဘဲ သူများကို ကိုယ့်ရှေ့မှာ ဦးစားပေးတာတာကို ဆိုလိုတာပါ ။ မိမိအကျိုးအတွက် ခေါင်းဆောင်လုပ်ချင်တာမျိုး မဖြစ်သင့်ပါဘူး ။ ဒါကြောင့်ဘဲ ခေါင်းဆောင်ဖို့အတွက် အလုပ်အကျွေးပြုတယ် ( serve to lead ) လို့ ကျမတို့ ပြောကြတာပါ ။
ဗိုလ်ချုပ် ဒေးဗစ်ရစ်ချက် ( General David Richards ) လွန်ခဲ့တဲ့ နှစ်လသုံးလလောက်က မြန်မာပြည် လာတုန်း ကျမတို့သူ့ကို လွှတ်တော်မှာ လက်ခံတွေ့ခဲ့ကြပါတယ် ။ ဒါနဲ့ သူကို မေးကြည့်မိကြပါတယ် '' အင်္ဂလိပ်လူမျိုးတွေဟာ သူတို့စစ်တပ်ကို ချစ်ခင်ကြသလား '' လို့ပါ ။
သူက သိပ်ကို ဂုဏ်ယူဝင့်ကြွားစွာ ပြန်ပြောပါတယ် '' စစ်တမ်းတွေအရ အင်္ဂလိပ်တွေဟာ စစ်တပ်ကို ဆရာဝန်တွေထက် ပိုပြီး လေးစားကြပါတယ် '' တဲ့ ။ ဘာကြောင့်လဲ လို့ ပြန်မေးကြည့်တော့ သူက '' ငါတို့ကို ပြည်သူတွေက ကိုယ်ကျိုးမဖက်သူ ( selfless ) တွေလို့ မြင်ကြတယ် ။ ငါတို့ဟာ တိုင်းပြည်အတွက် ပေးဆပ်ထားကြသူတွေလေ "' တဲ့ ။
သူက ထပ်ပြောသေးတယ် '' ငါတို့ပြည်သူတွေအတွက်သာ မဟုတ်ဘူး ၊ ကမ္ဘာအရပ်ရပ်က ကာကွယ်မှုလိုအပ်နေသူတွေ အားလုံးအတွက် ငါတို့ ပေးဆပ်ထားလို့ပါ ။ သူတို့ဘ၀အတွက် ပိုပြီး စိတ်ချလုံခြုံမှုကို ပေးဖို့ စစ်ရေးနဲ့အကာအကွယ်ပေးတာမျိုးပေါ့ '' တဲ့ ။
ဒီတော့ ကိုယ်ကျိုးမဖက် ( selfless ) ဆိုတဲ့စကားဟာ လေးစားအပ်တဲ့ ဂုဏ်ရှိတဲ့ စစ်တပ်တစ်ခုအတွက် အဓိကပါဘဲ ။ မြန်မာစစ်တပ်ကို ကျမ အဲဒီလိုမျိုး ဖြစ်စေချင်ပါတယ် ။ ကျမ ဒီကို ရောက်လာတာရတဲ့ အဓိက အကြောင်းရင်းက ဒါပါဘဲ ... ..... ခေါင်းဆောင်တွေဖြစ်ဖို့ အလုပ်အကျွေးပြုခြင်းကို သင်ယူနေကြတဲ့ လူကြီးမင်းတို့ဆီက လာလေ့လာတာပါ ။
နိုင်ငံရေးအာဏာကို ဆယ်စုနှစ်များစွာ ယူထားတဲ့ စစ်တပ်တစ်ခုကို နိုင်ငံရေးအာဏာစိတ်မ၀င်စားဘဲ ပြည်သူ့ဆန္ဒကို ဒီမိုကရေစီနည်းလမ်းအတိုင်း မြှင့်တင်ဖော်ဆောင်ပေးတဲ့ စစ်တပ် ၊ ကျွမ်းကျင်ပြီး အရည်အသွေး ပြည့်ဝတဲ့ စစ်တပ်ဆိုတာထက် ပိုဂုဏ်ရှိတာ ဘာမှ မရှိပါဘူး ဆိုတာ နားလည်အောင် လုပ်ဖို့ ဘာများ လိုအပ်တယ်လို့ လူကြိးမင်းတို့ ထင်ပါသလဲ ။
မြန်မာပြည်ဟာ ဒီမိုကရေစီလမ်းပေါ်ကို ရောက်ဖို့ စတင်နေပါပြီ ။ ဒါပေမယ့် အခုမှ စတာပါ ။ ပန်းတိုင်ကို လုံးဝ မနီးသေးပါဘူး ။ အပြောင်းအလဲတွေ အများကြီးလုပ်ဖို့ လိုသေးပါတယ် ။ ကျမတို့ဟာ ကျမတို့ရဲ့ စစ်တပ်ကို အပြုသဘောဆောင်တဲ့နည်းနဲ့ ဒီပြောင်းလဲမှုတွေ ဖြစ်အောင် လုပ်ရာမှာ တက်ကြွစွာ ပါဝင်စေချင်ပါတယ် ။ ကျမတို့အားလုံး စိတ်ချလုံခြုံမှုရှိတဲ့ နိုင်ငံတစ်ခု ဖြစ်အောင် လုပ်ရာမှာ ပါဝင်စေချင်ပါတယ် ။
မြန်မာပြည်ဆိုတာ တိုင်းရင်းသားပေါင်းစုံရှိတဲ့ နိုင်ငံပါ ။ UK ကတော့ Welsh လူမျိုးတွေ ၊ အိုင်းရစ်စ်လူမျိုးတွေ ၊ စကော့လူမျိုးတွေလောက်သာ ရှိတာပါ ။ ကျမတို့မှာ အဲဒီထက် အများကြီး ပိုရှိပါတယ် ( ရယ်သံများ ) ။ ဒါကဘဲ ပြသာနာပါ ။ တိုင်းရင်းသားတချို့ဟာ ဆယ်စုနှစ်ပေါင်းများစွာအကြာကတည်းက လက်နက်ကိုင်လာကြတာ အခုထိ ကျမတို့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရး လုပ်ဖို့ လိုနေပါသေးတယ် ။ အပစ်အခတ်ရပ်စဲတယ်ဆိုတာ ကြာရှည်ငြိမ်းချမ်းရေးရနိုင်မယ့် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အတွက် ပထမအဆင့်ဘဲ ရှိသေးတာပါ ။
ဒီတော့ အခု ကျမ ဒီကို ရောက်လာတာဟာ ကျမဆန္ဒအရ လူကြီးမင်းတို့ဆီက လေ့လာဖို့ ရောက်လာတာပါ ။ သင်ပေးဖို့ မဟုတ်ပါဘူး ။ လူကြီးမင်းတို့ကို သင်ပေးစရာ ကျမမှာ သိပ်လည်း မရှိဘူး ထင်လို့ပါ ။ ဒါပေမယ့် စိတ်ချလုံခြုံအေးချမ်းတဲ့ ကမ္ဘာတစ်ခု တည်ဆောက်ဖို့ ဘာတွေလိုမလဲဆိုတဲ့အပေါ် အမြင်တွေ ဖလှယ်ပြီး အိုင်ဒီယာတွေ ဝေငှတာတော့ လုပ်လို့ရမယ်လို့ ကျမ လုံးဝ မျှော်လင့်ပါတယ် ။
တစ်နည်းအားဖြင့်ပြောရရင် စစ်ရေးဗျူဟာအသစ်တစ်ရပ်ဆိုတာဟာ စစ်မတိုက်ရအောင် လုပ်တာပါဘဲ ။ ပဋိပက္ခ တွေကို ဖြေရှင်းဖို့အတွက် ပြသနာရဲ့အရင်းအမြစ်ကို သွားရမှာပါ ။ ပဋိပက္ခတွေကို ဖြေရှင်းဖို့ လူကြီးမင်းတို့ ဘယ်လောက်တောင် ကြိုးစားနေတယ်ဆိုတာ သိရတာ ကျမသိပ်ကို အားတက်မိပါတယ် ။ ဂုဏ်သိက္ခာရှိတဲ့ စစ်တပ်ဆိုတာ ဒီလိုဘဲ လုပ်သင့်ပါတယ် ။ စစ်တပ်ဆိုတာ ပဋိပက္ခဖြစ်တဲ့နေရာမှာ ပြည်သူကို ကြားဝင်ကာကွယ်ပေးဖို့ သွားတာဘဲ ဖြစ်သင့်ပါတယ် ။ ပဋိပက္ခကို ပိုဆိုးအောင် လုပ်ဖို့ ၊ ပြသနာကို တစ်နည်းနည်းနဲ့ အားပေးဖို့ သွားတာ မဖြစ်သင့်ပါဘူး ။ ပြေလည်အောင် ဖြေရှင်းဖို့သွားတာမျိုးဘဲ ဖြစ်သင့်ပါတယ် ။
ကျမအမြဲလိုလို စိတ်ဝင်စားမိခဲ့တာက ရှေးခေတ် ဂရိတွေဟာ သူတို့ သူရဲကောင်းတွေကို သူတို့နတ်ဘုရားတွေထက် ပိုပြီး လေးစားရိုသေကြတာကိုပါဘဲ ။ ဒါဟာ ဘာကြောင့်လည်းဆိုတော့ ဟီးရိုးတွေဟာ လူသားတွေလိုဘဲ သေမျိုးတွေ ဖြစ်ကြလို့ လို့ ကျမထင်ပါတယ် ။ သင်္ခါရသဘောရှိတဲ့အတွက် သူတို့ ယုံကြည်ရာကို လုပ်တဲ့အခါ ၊ သို့မဟုတ် သူတို့ ကာကွယ်စောင့်ချင်သူတွေကို ကာကွယ်မှု ပေးကြတဲ့အခါ နတ်ဘုရားတွေထက် ပိုပြီး ပေးဆပ်စွန့်လွှတ်ရပါတယ် ။ သေမျိုးလည်း မဟုတ် ၊ ထိခိုက်ခံစားလွယ်တာမျိုးလည်း မရှိတဲ့ နတ်ဘုရားတွေထက် ပိုပြီး ပေးဆပ်ရပါတယ် ။
ယူလစ်ဆီ ( Ulysses ) ကို နတ်ဘုရားမရဲ့ အကျဉ်းစံအနေနဲ့ နေမလား ၊ သူ့တိုင်းပြည်ကို ပြန်မလားလို့ ရွေးခိုင်းတော့ သူ့တိုင်းပြည်ကို ပြန်ဖို့ရွေးလိုက်ပါတယ် ။ ဘာလို့လည်းဆိုတော့ လူသားတစ်ယောက်ရဲ့ ဘ၀ကို အပြည့်အ၀နေချင်လို့ပါဘဲ တဲ့ ။ ဒီအတွက် သူဟာ သေခြင်းတရားကို လက်ခံဖို့ ပြင်ဆင်ထားခဲ့တယ် ။ မသေဘဲနေဖို့ ၊ သတ္တိရှိတဲ့ လူသားတစ်ယောက်ရင်ဆိုင်ရမယ့် စိန်ခေါ်ချက်တွေကို ရင်မဆိုင်ဘဲ နေဖို့ထက် စာရင် သေခြင်းသဘောသဘာဝရှိတဲ့ လူသားအဖြစ်ကို ရွေးခဲ့တယ် ။
ယူလစ်ဆီလိုဘဲ ကျမတို့ဟာ ဘ၀ခရီးကို သေမျိုးတွေအဖြစ် ဖြတ်သန်းနေသူတွေပါ ။ တနေ့သေရမယ့်လူတွေအဖြစ် ကျမတို့ အကောင်းဆုံး ကျင့်ကြံနေထိုင်ကြရပါမယ် ။ တနေ့သေရမယ်ဆိုတာကို သိရှိလက်ခံထားပြီး ကိုယ့်ရဲ့ မွေးရာပါ စွမ်းရည်တွေကို အကောင်းဆုံး အသုံးချတတ်ရပါမယ် ။ ဒါကဘဲ ဆင်းဟပ်က ကျမကို ဖြည်းဖြည်းချင်း မိတ်ဆက်သင်ကြားပေးလိုက်တဲ့ skill တွေထဲက တစ်ခုလို့ ကျမထင်ပါတယ် ။
ဒီတော့ ဆက်ပြောရရင် ဘ၀ကို ရှေ့ဆက်ရင်းနဲ့ လူကြီးမင်းတို့ဟာ ဘ၀ဆိုတာ ဘာလဲဆိုတာ မေးခွန်းထုတ်စေချင်ပါတယ် ။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ ကျမတို့ အားလုံး သေရမှာပါ ။
-ပြန်လှည့်ကြည့်ချင်စရာ ဘာတွေများ ရှိချင်ပါသလဲ ။
-ဘယ်လို ဘ၀မျိုးကို ငါ နေခဲ့တယ်လို့ ပြောချင်ပါသလဲ ။
-ကိုယ့်မျိုးဆက်တွေကို ဘယ်လို အမွေအနှစ်မျိုး ထားခဲ့ချင်ပါသလဲ ။
-လူသားတစ်ယောက်အဖြစ် အဓိပ္ပါယ်ရှိ ၊ တန်ဖိုးရှိစေတဲ့ အရာကရော ဘာလဲ ။
ဒါဟာ ခေါင်းဆောင်ဖို့ အလုပ်အကျွေးပြုကြတဲ့ ကျမတို့အားလုံး ဖြေဖို့လိုတဲ့ မေးခွန်းတွေထဲက တစ်ခုပါဘဲ ။ လူသားတစ်ယောက်အနေနဲ့ ကိုယ်ဘာလိုချင်တယ်ဆိုတာကို သိမှ ၊ ကိုယ့်ရဲ့ မျှော်မှန်းချက်တွေဟာ ဘာလဲဆိုတာကို သိမှ တခြားလူတွေရဲ့ မျှော်မှန်းချက်ကို ဖြည်ပေးလို့ ရမှာပါ ။
ခေါင်ဆောင်ကောင်းဆိုတာ နောက်လိုက်တွေရဲ့ အကောင်းဆုံးအရည်အချင်းတွေကို ပြုစုပျိုးထောင်ပေးတတ်ရပါတယ် ။ တစ်ဦးချင်းစီရဲ့ အကောင်းဆုံးအရည်အသွေးတွေကို ပြုစုပျိုးထောင်ပေးဖို့ အဲ့ဒီတစ်ဦးတစ်ယောက်ဟာ ဘာကိုများ စွမ်းဆောင်နိုင်မလဲဆိုတာကိုလည်း နားလည်ထားရပါမယ် ။ ဒါကို လေးစားတတ်ရပါမယ် ။ ပျိုးထောင်ပေးတတ်ရပါမယ် ။ ခေါင်းဆောင်ကောင်းဆိုတာ ပျိုးထောင်ပေးခြင်း အမှုကိုလည်း ပြုတတ်ရပါမယ် ။ ပျိုးထောင်ပေးခြင်း ( nurturing ) ဆိုတာ အရမ်းအရေးကြီးပါတယ် ။
လူတွေကို ( ၄၄ ) ပတ်အတွင်းမှာ ခေါင်းဆောင်တွေ အဖြစ်ပြောင်းလဲ ပေးဖို့ ဖြစ်နိုင်ပါသလား လို့ ကျမ စဉ်းစားနေမိတယ် ။ လူကြီးမင်းတို့က ကျမထက်ပိုပြီး ပြည့်စုံတဲ့ အဖြေကို ပေးနိုင်မယ်ဆိုတာ ကျမ ယုံပါတယ် ။ ကျမကတော့ လူကြီးမင်းတို့လို ( ၄၄ ) ပတ် လေ့ကျင့်ရေးတွေကို လုပ်ဖို့ဆန္ဒ လုံးဝ မရှိပါဘူး...... ကျမအထင်တော့ အိမ်အကျယ်ချုပ် ( ၁၅ ) နှစ်ကမှ ပိုလွယ်ဦးမလားဘဲ ( ရယ်သံများ ) ။ ဒါတွေလုပ်ဖို့ ဘယ်လို အရည်အချင်းမျိုး ခံနိုင်ရည်မျိုးတွေများ လိုမလဲ ဆိုတာ လူကြီးမင်းတို့ အမြင်ကို သိချင်လှပါဘိ ။
ဗိုလ်လောင်းရွေးချယ်ရေး သင်တန်းတွေမှာ ကျမ၀င်ပြီး ဆွေးနွေးဖြစ်ပါတယ် ။ ဒီရွေးချယ်ေ၇းသင်တန်းတွေဟာ သိပ်ကို အရေးကြီးတယ်လို့ ကျမသိထားပါတယ် ။ ဒီမှာရောက်လာတဲ့ သင်တန်းသားတွေဟာ တခြားလူတွေထက် ပိုပြီး ခေါင်းဆောင်နိုင်စွမ်း မြင့်မားတယ်လို့ ပြောလို့ရပါတယ် ။ ဒီတော့ ဒီခေါင်းဆောင်မှု အရည်အသွေးတွေဆိုတာ ဘာလဲ ဆိုတာကို ရွေးချယ်ရေးအဖွဲ့က လူတွေရဲ့ အမြင်ထက် လူကြီးမင်းကိုယ်တိုင်ရဲ့ အမြင်ကို ကျမ ပိုပြီး သိချင်မိပါတယ် ။
ခေါင်းဆောင်ဆိုတာ မိမိကိုယ်ကို ယုံကြည်မှုတော့ ရှိရပါတယ် ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဆိုတာက ဘ၀င်မြင့်ခြင်းနဲ့တော့ ကွဲပါတယ် ။ အတ္တကြီးခြင်းနဲ့လည်း မတူပါဘူး ။ ကိုယ်ကိုယ်ကိုမှ ယုံကြည်မှုမရှိရင် ဘယ်သူကမှ လာရှိပေးမှာ မဟုတ်ဘူး ။ ကိုယ့်ကိုယ် ကို မဦးဆောင်နိုင်ဘဲနဲ့ တခြားလူတွေကိုလည်း ဦးဆောင်နိုင်မှာ မဟုတ်ပါဘူး ။
ထိန်းချုပ်နိုင်စွမ်းဆိုတာလည်း ဒီလို ပါဘဲ ။ တခြားလူတွေကို မထိန်းနိုင်ခင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိရပါတယ် ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဗိုလ်မှူးတစ်ယောက်ပြောတာကို ကျမဖတ်ဖူးပါတယ်......စစ်ဖြစ်လို့ အရပ်သားတွေ စစ်ထဲဝင်ရတဲ့အခါ သူထင်တာက စစ်သားကောင်းဖြစ်မယ့်သူဆိုတာ ဆောက်လုပ်ရေးတတ်သူတွေ သို့မဟုတ် အလုပ်ကြမ်းကြမ်းနဲ့အကျွမ်းဝင်သူတွေဖြစ်မယ်လို့ ထင်ခဲ့မိသတဲ့ ။ ဒါပေမယ့် တကယ်လည်းကျရော ကဗျာဆရာတွေက အားကစားသမားတွေ အင်ဂျင်နီယာတွေထက်ပိုပြီး စစ်သားကောင်းဖြစ်နေတာကို တွေ့ရတယ်လို့ ဆိုတယ် ။ အန္တရာယ်အများဆုံး တာဝန် တွေအတွင်းမှာ သူသိပ်ကို အားထားယုံကြည်ခဲ့ရသူတွေဟာ ကဗျာဆရာတွေပါဘဲတဲ့ ။
ဒီလိုနဲ့သူက နောက်ဆုံးမှာ အတော်ဆုံးစစ်သားမှာ အရည်အချင်းသုံးရပ်ရှိတယ်လို့ လက်ခံလိုက်ပါတယ် ။
-လေ့ကျင့်ထားတဲ့ စိတ်ဓါတ်တစ်ခုရယ် ၊
-ဆင်းရဲပင်ပန်းမှုဒုက္ခကို သည်းခံနိုင်စွမ်းရယ် ၊
-ဟာသဥာဏ်ရယ် ရှိရမယ်လို့ပါဘဲ ။ ဟာသဥာဏ်ရှိဖို့က သိပ်အရေးကြီးတယ်နော် ။ (ရယ်သံများ )
လေ့ကျင့်ထားတဲ့ စိတ်ဓါတ်ဆိုတာ စောစောက ကျမပြောခဲ့တဲ့ ဆုံးဖြတ်ချက်ချခြင်း အပိုင်းကို ပြန်ပြောရမှာပါ ။ အလွန်တရာ ဖိအားများပင်ပန်းတဲ့ အခြေအနေမျိုးတွေမှာ သူများအတွက်ရော ကိုယ့်အတွက်ပါ ဆုံးဖြတ်ချက်မှန်ကို ချနိုင်ဖို့ ကိုယ့်စိတ်ကိုကိုယ် တည်ငြိမ်အောင် ထိန်းချုပ်နိုင်စွမ်း ရှိရပါမယ် ။ ဒါဟာ ခေါင်းဆောင်ကောင်းတစ်ယောက်လုပ်ကို လုပ်ရမယ့်ကိစ္စပါ ....ဒါကဘဲ ကိုယ်ကျိုးမဖက်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါဘဲ ။
ကျမတို့အားလုံးဟာ လူသားတွေပါ ။ ဘယ်လူသားမှ ရာနှုန်းပြည့်ကိုယ်ကျိုးမဖက်တာကို မလုပ်နိုင်ကြပါဘူး ။ အတ္တ ဆိုတာ အမြဲရှိပြီးသားပါ ။ ကိုယ့်အတ္တကို အခြေခံပြီးတော့ဘဲ သူများတွေနဲ့ ဆက်ဆံကြတာပါ ။ ဒီတော့ ကိုယ်ကျိုးမဖက်ဘူးဆိုတာ ပုံသေကားကျ ရာနှုန်းပြည့်သဘောမဟုတ်ပါဘူး ။ ကိုယ်ကျိုးမဖက်ဘူးဆိုတာ '' အတ္တရှိတာကို အသိအမှတ်ပြုတယ် ၊ ဒါပေမယ့် အတ္တကို ကိုယ်နောက်လိုက်တွေရဲ့ အကျိုးနဲ့ ယှဉ်ရင် နောက်မှာ ထားရတာ '' ကို ပြောတာပါ ။
ဒီတော့ တာဝန်ယူလိုစိတ်ရှိခြင်းဟာ ဦးဆောင်အလုပ်အကျွေးပြုဖို့အတွက် ( serve to lead ) အကြီးကျယ်ဆုံး လိုအပ်ချက်တွေထဲက တစ်ခုပါဘဲ ။ ဒါကို စံတစ်ခုအနေနဲ့ကို ထားရပါမယ် ။ ဒါပေမယ့် ဒီတာဝန်ယူလိုစိတ်ရှိခြင်းကို အလုပ်အဖြစ်ပြောင်းလဲဖို့အတွက် ကိုယ်ရောစိတ်ပါ ကျွမ်းကျင်မှုတွေ လိုအပ်ပါသေးတယ် ။
ရိုးရိုးစင်းစင်း ဗုဒ္ဓဘာသာအဆိုတစ်ခု ရှိပါတယ် ။ အထူးသဖြင့် မဟာယာနတွေ ပြောလေ့ရှိတာပါ ။ ဗောဒိသတ္တ ဖြစ်ဖို့အတွက် အရည်အချင်း နှစ်ခု လိုအပ်ပါတယ် တဲ့ ။ ဗောဓိသတ္တဆိုတာ ( မဟာယာနမှာ ) ကယ်တင်ရှင်ဘုရားလောင်းကို ပြောတာပါ ။ အဲဒီအရည်အချင်းနှစ်ခုကတော့ ဥာဏ်ပညာနဲ့ မေတ္တာပါဘဲ တဲ့ ။ ဒါကို သိပ်ကို ရိုးရိုးစင်းစင်း ရှင်းပြထားပါတယ် ။ ''လူတစ်ယောက်ဟာ တစ်လောကလုံးမှာ မေတ္တာအကြီးမားဆုံးလူ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ၊ ဒါပေမယ့် မှန်ကန်တဲ့ ဥာဏ်ပညာသာမရှိရင် ကယ်တင်ချင်တဲ့လူကို မကယ်တင်နိုင်ပါဘူးတဲ့ ။ တစ်ဖက်ကလည်း အဲဒီလူဟာ ဥာဏ်ပညာအကြီးဆုံးလူ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ် ။ ဒါပေမယ့် မေတ္တာမရှိပြန်ရင်လည်း မကယ်တင်နိုင်ပါဘူး '' တဲ့ ။
တစ်နည်းအားဖြင့် စစ်သားအနေနဲ့ အသက်မွေးဝမ်းကျောင်းမှုမှာလည်း ဒီလိုပါဘဲ ။ စောင့်ရှောက်ပေးလိုစိတ် ၊ ကာကွယ်ပေးလိုစိတ် ၊ ပြည်သူအတွက်အကောင်းဆုံးလုပ်ပေးလိုစိတ် ရှိရပါမယ် ။ ဒီလိုလုပ်ဖို့လည်း ကျွမ်းကျင်မှုနဲ့ အရည်အချင်း ရှိရပါမယ် ။ ပေးဆပ်ချင်တယ် ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး ။ ဘယ်လိုနည်းနဲ့အကောင်းဆုံး ပေးဆပ်အလုပ်လုပ်နိုင်မလဲဆိုတာကိုလည်း သိမှ ဖြစ်မှာပါ ။
လူကြီးမင်းတို့ကို ဆင်းဟပ်မှာ ဒါတွေကို သင်ပေးတယ်လို့ ကျမ ထင်ပါတယ် ။ ကျမလည်း လူကြီးမင်းတို့ဆီက ဒါတွေကို ပြန်ကြားချင်ပါတယ် ။ ပြည်သူကို အလုပ်အကျွေးပြုဖို့ ဆင်းဟပ်မှာ သင်တာကို လူကြီးမင်းတို့အနေနဲ့ ဘယ်လို ထင်ပါသလဲ ။ ပြည်သူကို အလုပ်အကျွေးပြုဖို့ ကိုယ့်အရည်အသွေးကို အကောင်းဆုံး အသုံးပြုတတ်အောင် ဆင်းဟပ်က သင်ပေးတဲ့အပေါ် လူကြီးမင်းတို့ရဲ့ အမြင်ကို ပြောပြပါ ။
နိဂုံးချုပ်အနေနဲ့ ယူလစ်ဆီ အကြောင်းကို ဆက်ပြောရင်း ကဗျာဆရာ တင်နစ်ဆင် ( Tennyson ) ရဲ့ နာမည်ကြီးကဗျာ '' ယူလစ်ဆီ '' ထဲက တစ်ပိုဒ်ကို ဖတ်ပြချင်ပါတယ် ။ ငယ်ငယ်တုန်းက ယူလစ်ဆီအကြောင်းကို ဖတ်တိုင်း ကျမတစ်ခါမှ သူ့ကို သဘောမကျခဲ့ဖူးပါဘူး ။ သိပ်ပြီး မောက်မာတယ် ၊ ရဲတင်းလွန်းတယ်လို့ ထင်ခဲ့လို့ပါ ။ ဒါပေမယ့် တင်နစ်ဆင်ရဲ့ '' ယူလစ်ဆီ '' ကဗျာကို ဖတ်တော့ စိတ်ပြောင်းသွားခဲ့တယ် ။ ယူလစ်ဆီကို အမြင်သစ်တစ်မျိုးနဲ့ ကြည့်တတ်လာခဲ့တယ် ။ ဒီအပိုဒ်က ယူလစ်ဆီ အိုမင်းမစွမ်း ဖြစ်လာချိန်မှာ ကိုယ်တိုင်းရေးထားတဲ့ပုံစံနဲ့ ရေးထားတာပါ ။ အဆုံးသတ်က သိပ်ကို နာမည်ကြီးတော့ လူကြီးမင်းတို့ထဲက အများစုလည်း သိပြီးသား ဖြစ်မှာပါ ။ ဖတ်ပြပါရစေ ။
We are not now that strength which in old days
Moved earth and heaven; that which we are, we are;
One equal temper of heroic hearts,Made weak by time and fate, but strong in will
To strive, to seek, to find, and not to yield.
ယခင်ကလို ၊ တောင်မြင်းမိုရ်နဲ့
ကမ္ဘာမြေပြင် ၊ ရွှေ့ပစ်ချင်ရဲ့
ထိုသည့်အင်အား ၊ ယခုများဝယ်
ပျောက်ဆုံးခဲ့ပြီ ၊ ခန်းခဲ့ပြီလေ ။
အချိန် ကြမ္မာ ထိုနှစ်ဖြာကြောင့်
ငါတို့သည်ကား ၊ ချည့်နဲ့အားအင်
မှေးကာမှိန်ငြား ၊ သတ္တိအားမူ
မပျက်မူခဲ့ ၊ စည်းလုံးလျက်ပင်
အားထုတ်ကြိုးပမ်း ၊ ဖွေရှာစွမ်းလျက်
မပေးအရှုံး ၊ စိတ်နှလုံးသည်
သက်ဆုံးထိတိုင်ရှိမည်တည်း ။
ကျမအတွက်တော့ ခေါင်းဆောင်ကောင်းတို့ရဲ့ ကြာရှည်ခံမယ့်အရည်အချင်းတွေဟာ ဒါတွေပါဘဲ ။ ယူလစ်ဆီဟာ အချိန်ရဲ့ တိုက်စားမှုကြောင့် နွမ်းနယ်ကောင်း နွမ်းနယ်ခဲ့ပါလိမ့်မယ် ။ တခါတလေမှာ လူတွေဟာ အခြေအနေတွေကြောင့် မီးဇာကုန် ဆီခမ်းဖြစ်ရတာတွေလည်း ရှိတာပါဘဲ ။ ဒါပေမယ့် စိတ်ဆန္ဒ ( will ) ကတော့ ရှိနေရပါမယ် ။ အားထုတ်ချင် ၊ ရှာဖွေချင် ၊ ကြိုးစားချင်တဲ့ စိတ် ၊ အရှုံးမပေးချင်တဲ့ စိတ်ကတော့ ရှိနေရပါမယ် ။
အားထုတ်ကြိုးပမ်းတယ် ( strive ) ဆိုတဲ့ စကားကို ရှေ့တင်ထားတာကို ကျမ ၀မ်းသာမိတယ် ။ ဘယ်လောက်ဘဲ အားနည်းနေပါစေ ..... ပိုကောင်းမွန်တဲ့အရာတစ်ခုကို ရဖို့ အားထုတ်ကြိုးပမ်းလိုတဲ့စိတ်ဆန္ဒနဲ့ အရည်အချင်း ရှိဖို့လိုပါတယ် ။ ကိုယ်လိုချင်တာကို တွေ့ဖို့ရာအတွက် ကြိုးပမ်းအားထုတ်ရပါတယ် ။ ရည်ရွယ်ချက်မဲ့စွာလုပ်နေတာမျိုး မဖြစ်ရပါဘူး ။ ပန်းတိုင်တော့ရှိရပါတယ် ။ မူတွေ စံတွေလည်း ရှိရပါမယ် ။ ဒီကမ္ဘာကြီးဆီက ကိုယ်ဘာကို လိုချင်တာလဲ ၊ သူများဆီကရော ဘာလိုချင်သလဲ ၊ မိမိကိုယ်တိုင်ဆီကရော ဘာကို လိုချင်တာလဲ ဆိုတာ သိရပါမယ် ။ ကိုယ့်အသိုင်းအ၀ိုင်းဆီကရော ဘာကို လိုချင်တာလဲ ။ ဒါတွေကို သိရပါမယ် ။
ကျမအတွက်တော့ Leader ဆိုတာ အလုပ်အကြွေးပြုချင်တဲ့စိတ်တစ်ခုတည်းနဲ့ မရပါဘူး ။ ဘာကြောင့် serve လုပ်နေတာလဲဆိုတာလည်း သိရပါမယ် ။ ကိုယ်ဘာအတွက် serve လုပ်နေသလဲဆိုတဲ့ စံတွေလည်း ရှိရပါမယ် ။ နောက်ဆုံးပန်းတိုင်ကိုလည်း သိရပါမယ် ။ ကိုယ်ဘယ်ကို ဦးတည်သွားနေသလဲဆိုတာလည်း သိရပါမယ် ။ ကိုယ်ဘယ်သွားနေမှန်းမသိရင် နောက်က လိုက်တဲ့သူတွေက ဘယ်လိုလုပ်သိမှာပါလဲ ။ သိတယ်ဆိုတဲ့နေရာမှာလည်း တစ်နှစ်အတွက်သာ ၊ နောက်တစ်နှစ်အတွက် ၊ အခု serve လုပ်နေရတဲ့အချိန်ကလေးအတွက်သာ မဟုတ်ဘဲ အနာဂတ်ရေရှည်မြင်တတ်ရပါမယ် ။ ပန်းတိုင်ရဲ့အလွန်အထိ မြင်တတ်ရပါမယ် ။
ဒီတော့ ကျမအတွက် အဆုံးစွန်သော ပန်းတိုင်ဟာ အလုပ်အကျွေးပြုခြင်းပါဘဲ ...တစ်နည်းအားဖြင့် လူသားမျိုးနွယ်ကို အကျိုးပြုစေမယ့် တက်မြက်စူးရှတဲ့အမျှော်အမြင် ( vision ) ပါဘဲ ။ ဘာလို့လည်းဆိုတော့ ကျမတို့တစ်ဦးချင်းစီဟာ ဒီကမ္ဘာကြီးကို ဖွဲ့စည်းထားတဲ့ လူသားမျိုးနွယ်ထဲမှာ ပါနေတယ်လေ ။
ေေ ကျေးဇူးတင်ပါတယ် ။
ဘာသာပြန်မှူရင်းလိပ်စာ http://goo.gl/jLbfK0
အသံဖိုင်
ြ ပြန်လည်မျှဝေပေးပါတယ်။
1.110.2013
ကိုထွန်းဝေ