Thursday, November 19, 2015
" ကွမ်းယာကို ရွှေအဖြစ်ဖန်တီးခဲ့သူ ( သို့မဟုတ် ) အောင်သမာဓိ - ဦးအောင်ဆန်းဝင်း "
လွန်ခဲ့သော ( ၂၅ ) နှစ်ခန့် စဉ်းကူးမြို့နယ် ဇရပ်ကွင်း ဆိုတဲ့ ရွာငယ်လေး၏ ဖုန်တစ်လိမ့်လိမ့် ထနေတဲ့ မြေသားလမ်းကလေးဘေးတွင် ကွမ်းယာရောင်းနေသောကောင်လေးတစ်ယောက်က...
ယခု ရန်ကုန်နှင့် မန္တလေးမြို့ကြီးတွေမှာ ရွေဆိုင်(၅)ဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းများကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့တယ်... ဆိုရင် စာဖတ်သူအံ့အားသင့်သွားစရာ အကြောင်းရှိပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေကြားမှာ ယနေ့အထိ တွင်တွင်ကျယ်ကျယ် အသုံးပြု့ပြောဆိုနေတဲ့ စကားပုံတစ်ခု ရှိပါတယ်။
" စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်နေတုန်း ကွမ်းယာသည်က ကလန့်ကလန့်နဲ့ " ။
စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်နေတဲ့ကြားတဲ့ ကွမ်းယာသည်က ကလန့်လန့်လုပ်ခဲ့ခြင်းကြောင့် ကောင်လေးတစ်ယောက်ဟာ ကွမ်းယာသည်မှ စိန်ကောင်းကျောက်ကောင်း ကုန်သည်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ စိန်နှင့် ရွှေတို့သည် ကမ္ဘာ့အဆင့်မီထုတ်လုပ်နိုင်ခြင်းကြောင့်လည်း ISO 9001. 2008 ဆုကို ချီးမြင့်ခြင်းခံခဲရပြန်ပါတယ်။
ထိုသူဟာ " အောင်သမာဓိ " စိန်ရွှေရတနာရောင်းဝယ်ရေးနှင့် ရွှေသန့်စင်လုပ်ငန်းပိုင်ရှင် "ဦးအောင်ဆန်းဝင်း" ဖြစ်ပါသည်။ သူဟာ မန္တလေးဓာတ်သတ္တုတူးဖော်ရေး အသင်းရဲ့ ဒုဥက္ကဌ အဖြစ်လည်း တာဝန်ယူထားပါသည်။
◑◑◑
၁၉၆၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် အဖဦးထွန်းရွှေ နှင့် အမိဒေါ်ကြည်မြိုင်တို့မှ မန္တလေးတိုင်း မတ္တရာမြို့နယ် "ရေနံ့သာကျေးရွာ" တွင် မွေးဖွားခဲ့ပြီး စဥ့်ကူးမြို့နယ် "လက်ပံလှရွာ" မှာ ကြီးပြင်းခဲ့ပြီး မွေးချင်းခြောက်အနက် ဒုတိယမြောက်သား ဖြစ်သည်။ ၁၉၈၃တွင် ဇနီးဖြစ်သူ ဒေါ်မော်စီ နှင့် အိမ်ထောင်ကျပြီး သားတစ်ယောက်နှင့် သမီးသုံးယောက် ထွန်းကားခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် "အောင်သမာဓိ" ရွှေသန့်စင်လုပ်ငန်းကို မန္တလေးမြို့၌ စတင်လုပ်ကိုင်ခဲ့ပြီး ယခုအခါ အောင်သမာဓိရွှေဆိုင်ကို မန္တလေးမြို့တွင် ၃ ဆိုင်နှင့် ရန်ကုန်မြို့တွင် ၂ ဆိုင် ဖွင့်လှစ်ထားရှိသည်။ ထို့အပြင် အခမဲ့ရွှေသင်တန်းကိုလည်း သင်ကြားပို့ချပေးလျက်ရှိပေသည်။
◑◑◑
‪#‎_ငယ်ဘဝဖြတ်သန်းမှု_‬
ငယ်စဉ်က အင်မတန်ချို့တဲ့သော သူဆင်းရဲသား ဘဝတစ်ခုကို ဖြတ်သန်းခဲ့ပါတယ်။ သူကျောင်းနေစဉ်အရွယ်မှာပင် အိမ်အလုပ်တွေကို မနားမနေကူလုပ်ပေးခဲ့ရပါတယ်။ ညဘက်ဆိုရင် ဓားသွေး၊ မနက် ၄ နာရီ အိပ်ရာမှထပြီး ရွာအနီးရှိ တောထဲသို့ ထင်ခုတ်ထွက်ရတယ်။ ညနေ ၅ နာရီအချိန်လောက်မှသာ အိမ်ပြန်ရောက်ပါတယ်။ ည ၁၀ နာရီကျော် ၁၂ နာရီမှာ အိပ်ရာထပြီး မိခင်ဖြစ်သူ မိုးကုတ်သို့သွားရောင်းမယ့် မျှစ်နဲ့ ခရမ်းချဉ်သီးသေတ္တာများကို ကားပေါ်သို့ ထမ်းတင်ပေးရပြန်ပါတယ်။
◑◑◑
‪#‎လက်ဦးဆရာ‬
အသက် ၄ နှစ်ခွဲ ၅ နှစ်အရွယ်တွင် မိဘများက ရွာဦးကျောင်းဆရာတော် ဥုးလက္ခဏ ထံတွင် အပ်နှံခဲ့ကြပါတယ်။ မူလတန်းကျောင်းသားဘဝကို ဘုန်းကြီးကျောင်းတွင် ပညာသင်ခဲ့ရပါတယ်။ ဆရာတော်၏ စည်းကမ်းကြီးမှုနှင့် ဆိုဆုံးမမှုတို့ကိုလည်း ယနေ့အထိ မမေ့သေးကြောင်း သူက ယခုလိုဆိုပါတယ်...
ဆရာတော်၏ စည်းကမ်းကြီးမှုနှင့် ဆိုဆုံးမမှုတို့ကို ယခုအချိန်ထိပင် ကျွန်တော် မှတ်မိနေသေးသည်။ ဘုန်းကြီးကျောင်းမှာ မနက်လင်းသောအခါ ဆွမ်းခံထွက်ကြရတယ်။ ဆွမ်းခံထွက်ရာတွင် အိမ်က ဆွမ်းချိုင့်လည်း ဝင်ယူရသေးသည်။ နေ့ခင်းနေ့လည်တွင် ကျောင်းစာနှင့် တရားစာများသင်ရပြီး နေ့ခင် တစ်ရေးအိပ်ကြရသည်။ ညနေဘုရားဝတ်မတက်မီ ကျောင်းသားအားလုံး လက်အုပ်ချီ မတ်တပ်ရပ်ပြီး တန်းစီကာ အိမ်စာလုပ် မလုပ် စစ်ဆေးပြီး မလုပ်တဲ့သူများက ဆရာတော်ရိုက်တာ ခံကြရသည်။
ညပိုင်း ဘုရားဝတ်တက်ရင်လည်း ဘေးအိမ်က သူငယ်ချင်းကြားအောင် အသံကျယ်ကျယ်ဖြင့် ဝတ်တက်ရသေးသည်။ နောက်နေ့တွင် ဆရာတော်က ဘုရားဝတ်မတက်သည့် သူများကို ကြိမ်လုံးဖြင့် ရိုက်လေ့ရှိသည်။ တစ်နေ့တွင် ကျွန်တော်ဘုရား ဝတ်မတက်ဘူးဟု တိုင်သောကြောင့် ဆရာတော့်ကြိမ်းလုံးဖြင့် အစင်းရာထင်အောင် အရိုက်ခံလိုက်ရသည်။ တိုင်သည့် ကျောင်းသားကို ကျွန်တော်မသိလိုက်ရပေ။
ဆရာတော်ထံတွင် ၆ လမျှသာနေခဲ့ရသော်လည်း ဆရာတော်ကို ကြောက်ရွံ့လေးစားခဲ့ရသည်မှာ ကျွန်တော့်အတွက် ယနေ့တိုင် အရိုးထိတိုင် စွဲနေသေးသည်။ ဆရာတော်က ငှက်ပျောသီးဆိုရင်လည်း သုံးပိုင်း ပိုင်းပြီး တစ်ပိုင်းစားရသည်။
ငှက်ပျောသီးတစ်ပိုင်း စားရသည့် အရသာ...
ကျောကော့အောင် အရိုက်ခံရသည့် ခံစားမှုနှင့် ဆရာတော်၏ စည်းကမ်းကြပ်မတ်မှုများ၏ ကျေးဇူးတို့က ကျွန်တော့်ဘဝအတွက် အမှတ်ရစေမည့် အရာများပင်ဖြစ်သည်။
ဆရာတော်ကို တစ်ရွာလုံးက လေးစားကြည်ညိုကြသည်။ ရိုက်နှက်ဆုံမသည့်အတွက်လည်း မိဘများက ယခုခေတ်လိုမျိုး စောဒကမတက်ရဲပေ။
◑◑◑
‪#‎_ကျောင်းဆရာရှားပါးမှုနှင့်_သူ့ရဲ့ပညာရေးအခြေနေ_‬
ဆယ်တန်းမအောင်သည်မှာ ကျွန်တော့်ဘဝအတွက် အခက်အခဲတစ်ခု ဖြစ်ခဲ့သည်။ လက်ပံလှကျောင်းတွင် အလယ်တန်းအထိ သင်နိုင်သော်လည်း ငါးတန်းနှင့် ခြောက်တန်းအထိသာ ဆရာပြည့်စုံမှုနှင့် သင်နိုင်သည်။ ခုနှစ်တန်းရောက်သည့် အချိန်တွင် ကျောင်းဆရာ မပြည့်စုံပေ။ တစ်ကျောင်းလုံးတွင် ကျောင်းဆရာ ( ၂ ) ယောက် သာရှိသည်။ သချာင်္နှင့် ကျန်ဘာသာ အားလုံးကိုသင်ခဲ့ရပြီး အင်္ဂလိပ်စာသင်ပေးမည့် ဆရာမှာ မရှိပေ။ ကံကောင်းစွာဖြင့် ( ၈ ) တန်း ဖြေခါနီး နှစ်လလောက်အလိုတွင်းမှ နောက်ထပ်ဆရာနှစ်ယောက် ထပ်ရောက်လာသည်။ ကျောင်းအုပ်ကြီးက ကျန်ဘာသာအားလုံးကို သင်ပေးပြီး စာမေးပွဲဖြေခါနီး တစ်လလောက် အလိုတွင်မှ အင်္ဂလိပ်စာအတွက် အဓိကပုံသေနည်းများကိုသာ သင်ခဲ့ရသည်။ ကံကောင်းစွာဖြင့် (၈) တန်းကို အစိုးရစစ်ဖြင့် ခက်ခက်ခဲခဲအောင်သွားခဲ့သည်။ အဲဒီအချိန်တုန်းက အလယ်တန်းပညာရေး ရှားပါးသည့်အချိန်ဖြစ်သည့်အတွက် (၈)တန်း ကို အောင်သွားခဲ့သော်လည်း ပွင့်ပွင့်လင်းလင်း ပြောရရင် အခြေခံ မရှိခဲ့ပေ။
◑◑◑
‪#‎_ဆုံးခန်းမတိုင်မီရပ်နားလိုက်ခဲ့ရသော_ကျောင်းပညာရေး_‬
အလယ်တန်းကနေ အထက်တန်းကို ရောက်သွားသော အခါတွင် အထက်တန်းကို လက်ပံလှရွာမှ ၅ မိုင်းဝေးသော စဥ့်ကူးမြို့သို့ ခက်ခက်ခဲခဲ ကျောင်းတက်ခဲ့ရသည်။ အများနည်းတူ စက်ဘီးမစီးနိုင်လို့ ငါးမိုင်ခရီးကို နှစ်နာရီလောက် လမ်းလျှောက်ပြီး ကျောင်းတက်ခဲ့ရသည်။ ဆယ်တန်းကျောင်းသာဘဝတွင် တစ်ခါတစ်ရံ ထမင်းချိုင့် မပါသွားခဲ့သည်လည်း ရှိခဲ့ဖူးသည်။
(၈)တန်းကို ခက်ခက်ခဲခဲအောင်ပြီး
(၉)တန်း ရောက်သောအခါ Physics, Chemistry တို့ကို သင်ရသည့်အခါတွင် အင်္ဂလိပ်စာအခြေခံ မပါသည့်အတွက် ဆယ်တန်းအောင်ရန် ခဲယဉ်းသွားခဲ့သည်။ အင်္ဂလိပ်စာကို မပိုင်ခဲ့တာတွေ၊ ကျူရှင်ရှိလည်း တက်ရန် မတက်နိုင်ခဲ့သောကြောင့် ဆယ်တန်းရောက်သောအခါ ကမောက်ကမဖြစ်ပြီး နောက်ဆုံးတွင် ဆယ်တန်းမအောင်ခဲ့ပေ။ (၉)တန်းကတည်းက စာမလိုက်နိုင်ခဲ့သောကြောင့် မဖြေခင် ဆယ်တန်းကျမည်ကို ကြိုသိနေခဲ့သည်။ ဆယ်တန်းပြန်ဖြေရမည့် စရိတ်ကလည်း အကုန်အကျများသောကြောင့် ပြန်မဖြေတော့ဘဲ အလုပ် လုပ်ရန် စဉ်းစားခဲ့သည်။
◑◑◑
‪#‎_ဖြစ်ချင်တာမဖြစ်တော့_ဖြစ်သင့်တာလုပ်တယ်_‬
(၁၀)တန်းနှင့် (၁၀)တန်းအောင် အဆင့်ကို ဦးစားပေးခေါ်ယူနေသည့် စပါးတာလီစာရေးကို သွားဖြေခဲ့ပါသေးတယ်။ သို့သော်လည်း သူဟာ တာလီစာရေး စာမေးပွဲလည်း မအောင်မြင်ခဲ့ပေ။ သူ့အတွက် အဲဒီ့အချိန်ဟာ ဆောက်တည်ရာရှာမရအောင် စိတ်ဓာတ်အကျခဲ့ဆုံးကာလ အခိုက်အတန့် ပါပဲ။
ဘာလုပ်စရာ ရှိသေးလဲ...
သူဘာလုပ်မလဲ...။
၁၉၈၃ ခုနှစ်လောက်မှာ သူနေထိုင်တဲ့ စဥ့်ကူးမြို့နယ်နှင့် ကပ်လျက်ရှိသည့် သပိတ်ကျင်းမြို့နယ်တွင် ရွှေတောများ ခေတ်စားနေသည့် ကာလ...
နွယ်ရုံ၊ ကျည်တောက်ပေါက်၊ ဇရပ်ကွင်း၊ ကွင်း(၃၀) စတဲ့ နေရာတွေမှာတော့ ရွှေကျင်ကြတဲ့ ရွှေတောတွေဟာ အင်မတန်နာမည်ကြီးပါတယ်။ လူတွေအများကြီး ရွှေတောတက် ရွှေကျင်ကြ၊ ရွှေရှာဖွေကြပါတယ်။ သူလည်း အများနည်းတူ လုပ်ကိုင်ချင်စိတ်တယ်။ သို့သော်...သူ့ပုံစံက ဗလမရှိ၊ ပိန်သေးသေးနဲ့ လူ့ဖလံလေးရယ်။
တူးဟယ်...ဆွဟယ်...ပိုးဟယ်...ထမ်းဟယ်... သူဘယ်လို လုပ်နိုင်မလဲ။ ဒီတော့ သူ့တစ်ပိုင်တစ်နိုင် ငွေစကလေးနဲ့ ရွှေတောဝန်းကျင်မှာ ဆိုင်ကလေးတစ်ဆိုင် ထဖွင့်လိုက်တယ်။
" အောင်အောင် "
ကွမ်းယာ...။
◑◑◑
‪#‎လူကြီးတစ်ယောက်ကဘယ်တော့မှ_ကလေးအလုပ်မလုပ်ဘူး‬
ရွှေတောဟု ဆိုသည်နှင့် ငွေတွေဒလဟောဝင်ပြီး ဒလဟောသုံးဖြုံးကြတဲ့ လူတွေရှိမယ်၊ အပျော်အပါး၊ မိန်းမ၊ အသောက်အစား၊ လောင်းကစား၊ မူးယစ်၊ အဲ့ဒီလို လူငယ်တစ်ယောက်ရဲ့ ဘဝကို ပျက်စီးစေမည့် နေရာမျိုးမှာ ဆိုဆုံးမမည့်သူမပါဘဲ သူ ဘယ်လိုနေထိုင် ကျော်လွှားခဲ့သလဲဆိုတာကို အင်တာဗျူးတစ်ခုမှာ ဖြေသွားတာကို ဖတ်ကြည့်ပါဦး...
" ရွှေတောမှာ တစ်ယောက်တည်းနေရတဲ့ အဲဒီ့ကာလက ဘယ်လောက်အရေးကြီးလဲ ကိုမီသာဇင်၊ ဖင်စီဒိုင်း၊ ဘိန်းဖြူ၊ ဘိန်းမည်းက လက်တစ်ကမ်းမှာ၊ လောင်းကစားတွေကလည်း တံခါးမရှိ၊ ဓားမရှိပေါ့၊
(ဦးအောင်က ကိုယ်အမူအရာ လက်ဟန်နဲ့ ဆက်ပြောပြတယ်)
ဒီနေရာက ဂျင်ဝိုင်း၊ ဟိုဘက်က ဖဲဝိုင်း၊ ဒီဘက်က အရက်ဆိုင်၊ အရက်ဆိုင်နားမှာ အပျော်အပါးမိန်းကလေးတွေ ဒီပတ်ဝန်းကျင်မျိုးထဲ ကျွန်တော်ရောက်ပါတယ်၊ ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်ရင် ဘာဖြစ်သွားမလဲ လူတစ်ယောက်ပျက်စီးဖို့ အလွယ်ကလေး၊ ကျွန်တော်က ကွမ်းယာသည်တစ်ယောက်အနေနဲ့ ရွှေတောမှာ အလုပ်သွားလုပ်နေရတာ၊ ကိုယ့်ကိုကိုယ်ပဲ Manager(တာဝန်ယူစီမံထိန်းကြောင်း) လုပ်နေရတာလေ၊ မနက်လင်းရင် ဘယ်နှစ်နာရီးကို ဆိုင်ဖွင့်ရမယ်၊ ညဘယ်အချိန် ဆိုင်ပိတ်ရမယ်၊ နောက်နေ့အတွက် လိုအပ်မည့် ကွမ်းရွက်၊ ကွမ်းသီးဘယ်လောက် ဖြည့်ရမယ်၊ မှာရမယ် ဆိုတာတွေပဲ စိတ်ထဲမှာရှိတော့ အပျော်အပါးတွေ၊ အညံ့
တွေဘက်ရောက်သွားဖို့ အချိန်သိပ်မရှိဘူး၊ လူကြီးလို တာဝန်ယူနေရတဲ့ လူတစ်ယောက်က ဘယ်တော့မှ ကလေးအလုပ် မလုပ်ဘူး "
◑◑◑
‪#‎အမြဲဆန်းသစ်နေအောင်_အာရုံစိုက်လေ့လာ‬
သူဟာ ရွှေတောမှာ ကွမ်းယာရောင်းရင်း အိမ်ထောင်ကျခဲ့ပြီး အမျိုးသမီး(အန်တီမော်စီ) ကိုပါ ရွှေတောသို့ ခေါ်လာပြီး ကွမ်းယာဆက်ရောင်းခဲ့ပါတယ်။ ကွမ်းယာဖို့ ပညာရရန် ကွမ်းယာဆိုင်တွင် ကွမ်းဘယ်လိုယာ၊ ကွမ်းသီးဘယ်လိုထည့်၊
အာမွှေးဘယ်လိုထည့်သည် ဆိုတာကို အမြင်ဖြင့် ၁၅ ရက်လောက် သင်ယူခဲ့ရပါတယ်။ ပတ်ဝန်ဟးကျင်၌ နာမည်ကြီးသည့်ဆိုင် ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ သူ့ဟာ ကြီးပွားတာ မကြီးပွားတာထက် နာမည်ပိုကြီးချင်နေတာပါ။ ထိုသို့ ဖြစ်လာအောင်လည်း သူကိုယ်တိုင် လေ့လာခဲ့ပါတယ်။ ရွှေတောတွင်းရှိ ရွှေဆိုင်ကြီးများ၊ ကုန်စုံဆိုင်ကြီးများ ကြားမှာ သူ့ကွမ်းယာဆိုင်ကလေးက ခနော်ခနဲ့။
◑◑◑
‪#‎ပိုကောင်းသည့်အရသာစမ်းသပ်‬
" မန္တလေးရောက်ရင် နာမည်းကြီးကွမ်းယာဆိုင်များတွင် ဝယ်စားပြီး၊ သူတို့ဘယ်လိုလုပ်သည်ကို လေ့လားခဲ့သည်၊ ကိုယ့်ကွမ်းယာကိုလည်း အမြဲဆန်းသစ်နေအောင်လည်း ကွမ်းသီးကို အဆင်သင့်စိတ်ထားတာက သတ်သတ်၊ ကွမ်းသီးအလုံးကြီးတွေကိုဝယ်ပြီး ကိုယ်တိုင်စိတ်ထားတာက သတ်သတ်လုပ်ပြီး ပိုကောင်းသည့် အရသာကို စမ်းသပ်ခဲ့သည်။ ကွမ်းယာလာဝယ်သူများက ကိုယ်တိုင် စိတ်ထားသည့် ကွမ်းသီးဖြင့်ယာထားသည့် ကွမ်းယာက ပိုကောင်းကြောင်းသိလာခဲ့သည်။ အိန္ဒိယမှလည်း အာမွှေးဆေးမျိုးစုံ ဝင်လာသည့်အတွက် ဘယ်ဆိုင်က ဘယ်ဆေးထည့်တာကအစ လေ့လာခဲ့သည်။ ကိုယ်လုပ်သည့်အလုပ်ကို အမြဲဆန်းသစ်နေအောင် အာရုံစိုက်လေ့လာခဲ့သောကြောင့် ရွှေတောတွင် ...
" အောင်အောင် " ကွမ်းယာ ဟု နာမည်ကြီးလာသည်။
◑◑◑
‪#‎ရွှေကုန်သည်တွေကြီးပွားတာကိုမြင်ပြီး‬
ရွှေတောမှာ ၅ နှစ်ကျော်ထိ နေထိုင်ခဲ့ရသော်လည်း ရွှေအကြောင်း ဘာမှနားမလည်ခဲ့ပါဘူး။ ကွမ်းယာရောင်းရင်း ဘာအလုပ်လုပ်ရင် ကြီးပွားနိုင်မလဲ ဆိုသည်ကိုလည်း အမြဲတွေးနေခဲ့ပါတယ်။ ဆိုင်ကို ငွေအကြွေလာလဲ သည့် ရွှေကုန်သည်များနှင့် ရင်းနှီးခင်မင်ခဲ့ရပြီး ရွှေတော ငွေလွှဲပုံ၊ ရွှေသည်ပုံများကို မြင်ပါများလာသောအခါ ရွှေကုန်သည်လောကထဲ ဝင်ချင်သည့်စိတ် ဖြစ်လာပါတော့တယ်။ ရွှေကုန်သည်တွေ ကြီးပွားတာကိုမြင်ပြီး အားကျလာတယ်။ ရွှေကုန်သည် ဖြစ်ချင်သောကြောင့် တစ်ဖက်တွင်လည်း ကွမ်းယာရောင်းရင်း ရွှေကုန်သည်များထံတွင် လုပ်ခ မယူဘဲ ရွှေအဝယ်ဆိုင်တွင် ကူလုပ်ပေးခဲ့တယ်။
◑◑◑
‪#‎ဝါးကျည်ထောက်စုဗူးကလေး‬
လုပ်ငန်းတိုးတက်အောင်မြင်ရန် ကြိုးစားရန်အတွေးများဖြင့် ကွမ်းယာရောင်နေသည့် အချိန်တွင် မျှော်လင့်တကြီးစုထားခဲ့ရတဲ့ စုဗူးကလေးကို အခိုးခံလိုက်ရတာဟာ သူ့ဘဝအတွက် အခက်အခဲ အကြီးအကျယ် ကြုံတွေ့ခဲ့ရပြန်ပါတော့တယ်။ ထိုခေတ်က ဝါးပိုးဝါးဖြင့် ပြု့လုပ်ထားသော ဝါးကျည်ထောက်စုဗူးကလေးပါ။ ထိုကိစ္စကြောင့်ပင် သူက...
" ကျွန်တော်ကလည်း မြင်လွယ်သည့်နေရာတွင် ထားခဲ့တာကြောင့် အိပ်နေသည့် အချိန်တွင် ကိုယ့်အလုပ်သမားကပင် အလွယ်တကူ ခိုးယူသွားတာပါ၊ ကျွန်တော့်ဘဝတွင် အခက်အခဲကြုံတိုင်း အခက်အခဲကို အခွင့်အရေး လုပ်ခဲ့တာပါ၊ အခက်အခဲတွေပေါ်လာတိုင်း ငါ့ဘဝအတွက် အခွင့်အရေးတစ်ခု ပေါ်လာပြီလို့သာ သဘောထားလိုက်တယ်၊ ဂိမ်းတစ်ခုပေါ်လာပြီလို့ သဘောထားပြီး ထိုဂိမ်းကိုကျော်နိုင်ရင် ပြဿနာတစ်ခု ဖြေရှင်းသွားနိုင်မယ်လို့ ကျွန်တော် ခံယူထားတယ်"
◑◑◑
‪#‎ကွမ်းယာအောင်အောင်မှ_ရွှေသမားအောင်အောင်‬
လူတစ်ယောက် ကြီးပွားရန်အတွက် ပတ်ဝန်းကျင်ကောင်း၊ မိတ်ဆွေကောင်း၊ ဆရာကောင်းများရှိပြီး ကြီးပွားနိုင်မည့်အချိန်ကို စောင့်နိုင်ရမှာ ဖြစ်တယ်၊ ကျွန်တော့်ဘဝ၏ အလှည့်အပြောင်းတစ်ခုဖြစ်သည့် အချိန်သို့ ရောက်လာခဲ့တယ်၊ ကွမ်းရောင်းရင်း တစ်ဖက်တွင်လည်း ရွှေအဝယ်ဆိုင်များတွင် ကူညီလုပ်ကိုင်ရင်းဖြင့် ကျွန်တော့်ဆရာဖြစ်လာမည့် ရွှေကုန်သည်နှင့် တွေ့ဆုံခဲ့သည်။ ဆရာတွေက မန္တလေးသွားတဲ့အခါ အောင်အောင် လိုက်ခဲ့ကွာလို့ ခေါ်ရင် ရွှေထုပ်ကိုင်ပြီး ကျွန်တော်က နောက်က လိုက်ရတာ၊ ရွှေတောထဲ ရွှေဝယ်သွားပြီ ဆိုရင် ကျွန်တော်က ပိုက်ဆံထုပ်ထမ်းပြီး လိုက်ရတာ၊ ကိုဖိုးကွန့်၊ ကိုကုလား၊ ကိုမန်းရီ တို့သုံးယောက်က ကျွန်တော့် အဓိက ဆရာတွေပါ၊
ဆရာ့ကျေးဇူးကြောင့်လည်း မန္တလေးရောက်သောအခါ ရွှေလှော်သည့်အလုပ်၊ ရွှေသန့်စင်သည့် အလုပ်၊ နောက်ဆုံးရွှေရောင်းသည်ကိုလည်း ကိုယ်တိုင်တွေ့မြင်လိုက်ရသောကြောင့် ကျွန်တော့်အတွက် ပညာရခဲ့ပါတယ်၊
ရွှေတောပြန်ရောက်တော့ ကွမ်းယာရောင်းရင်း တစ်မတ်သား၊ ငါးမူးသားဝယ်ပြီး ရွှေတောတွင် "ကွမ်းယာအောင်အောင်" မှ "ရွှေအောင်အောင်" ဖြစ်လာတယ်၊ ထိုအချိန်မှ စပြီး ကျွန်တော် ရွှေကုန်သည်အဖြစ် ခြေလှမ်းစခဲ့ပါတယ်၊
ရွှေတို ရွှေစရောင်းဝယ်ရင်း ငွေနည်းနည်းစုမိလာသောအခါတွင် ကျွန်တော့်ဘဝတွင် ဒုတိယအကြိမ် အလိမ်ခံလိုက်ရပြန်တယ်၊ ယခုတစ်ကြိမ်တွင်မူ ကိုယ်မကျွမ်းကျင်သည့် အလုပ်တွင် ရှယ်ယာထည့်ရင်း နောက်ဆုံးတွင် အလိမ်ခံလိုက်ရသောကြောင့် ရှိသမျှစည်းစိမ် အားလုံးဆုံးရှုံးခဲ့ရတော့တယ်၊
◑◑◑
‪#‎အားလုံးကိုလေးစားတယ်_သို့သော်__‬
ကျောက်ကုန်သည်တစ်ယောက်နှင့် ရင်းနှီးပြီး ရှိသမျှစည်းစိမ်ကို ပုံအောလိုက်ခြင်းဖြစ်သည်။ ကွမ်းယာလာဝယ်စားရင်း ထိုသူနှင့် စတင်ရင်းနှီးခဲ့တယ်။ ထိုသူကလည်း ကျောက်တစ်ကွင်းကို ငွေ ၁၀၀ ဖြင့် ဝယ်လာပြီး ကျွန်တော့်မျက်စိရှေ့မှာပင် ၂၀၀ ဖြင့် ပြန်ရောင်းလိုက်သည်ကို တွေ့ထားရသောကြောင့် အမြတ်များသည်ကို သိလိုက်ရတယ်။ လုပ်ချင်စိတ်လည်း ဖြစ်ခဲ့သောကြောင့် မင်္ဂလာလက်ဖွဲ့ရသော ပိုက်ဆံများ၊ မိန်းမဆွဲကြိုးနဲ့ နာကပ်များပါ အကုန်ရောင်းပြီး စုစုပေါင်း ပိုက်ဆံ လေးသောင်းကို ယိုးဒယားသို့ ကျောက်ရောင်းရန် ယုံယုံကြည်ကြည်ဖြင့် ရှယ်ယာထည့်ခဲ့သည်မှာ ကျွန်တော့်ဘဝအတွက် ဘဝသင်ခန်းစာ ရရှိစေခဲ့တယ်။ ယိုးဒယားကို မရောက်ဖူးသည့်အပြင် လုပ်ငန်းအကြောင်းကိုလည်း ဘာမှ နားမလည်ဘဲ သူ့အပေါ် ယုံကြည်စိတ်တစ်ခုဖြင့်သာ ရင်းနှီးမြုပ်နှံခဲ့တယ်။ ထိုသူက အခုထိ ပြန်မလာခဲ့ပေ။ ထို ကျောက်ကုန်သည်က ကျွန်တော့်ဘဝအတွက် "ဘယ်သူ့ကိုမှ မယုံကြည်ရန်" ဘဝသင်ခန်းစာ ပေးခဲ့သည်။ ယခု အချိန်ထိ ကျွန်တော် ဘယ်သူ့ကိုမှ အလွယ်တကူမယုံတော့ပေ။ အားလုံးကို လေးစားတယ်။ သို့သော် ဘယ်သူ့ကိုမှ အလွယ်တကူ မယုံတက်ပေ။ မယုံကြည်တက်သည့် အကျင့် ရှိသည့်အတွက် ဘယ်အရာကိုမဆို ကိုယ်တိုင်လေ့လာလေ့ရှိတယ်။ အခုခေတ်ကာလအရ Facebook ကနေ သတင်းမျိုးစုံ၊ နေရာ ပေါင်းစုံကနေ လူမျိုးစုံတို့က အမျိုးမျိုးရေးသားလာကြသည်ကို တွေ့ရသည်။ နားထောင်ပါ။ သို့သော်...
(၁) ဆင်ခြင် သုံးသပ်ရမည်။
(၂) ဟုတ်မဟုတ် စုံစမ်းရမည်။
(၃) ကိုယ်ကိုယ်တိုင် ဆင်ခြင်ပြီး ဖြစ်နိုင်ခြေရှိလျှင် စုံစမ်းပါ။
အကယ်၍ ဟုတ်ခဲ့လျှင် မယုံဘဲ၊ လက်တွေ့အတည်ပြု့ပြီးမှ သာလျှင် ယုံကြည်သင့်ပေသည်။ အလွယ်တကူ မယုံတက်သည့် အကျင့်က ကျွန်တော့်အတွက် ဘဝပေးသော သင်ခန်းစာပင်ဖြစ်သည်။
ထိုအပြင် မကျွမ်းကျင်သည့် အလုပ်ကို ရှိသမျှစီးပွားရေး ဟုပြုံပြီးထည့်လျှင် ဒုက္ခရောက်မည် ဆိုသည်ကိုလည်း တစ်သက်လုံးသင်ခန်းစာပေးခဲ့သည်။
" အောင်အောင် - ကွမ်းယာ " ကနေ
" အောင်သမာဓိ - ရွှေဆိုင် " တစ်ခါတည်း ဖြစ်လာခဲ့တာ မဟုတ်ပေ။ "အောင်အောင် - ရတနာရွှေဆိုင်" ဖွင့်ခဲ့သော်လည်း မအောင်မြင်ခဲ့သောကြောင့် နောက်ထပ် "စိန်ရတု - ရတနာရွှေဆိုင်" ဖွင့်တော့ နောက်ထပ် အရှုံးပေါ်ခဲ့သည်။ ထပ်ပြီး နာမည်မပါတဲ့ ရွှေဆိုင် ဖွင့်ခဲ့သော်လည်း သုံးကြိမ်စလုံး အရှုံးပေါ်ခဲ့သည်။
◑◑◑
‪#‎ကျွဲးခြေရာခွက်ထဲကရေကို_ပင်လယ်မထင်ပါနဲ့_‬
ဒီလိုနဲ့ နှစ်နှစ်လောက် ကြာသောအခါတွင် စီးပွားရေးနည်းနည်း အဆင်ပြေလာတဲ့အချိန် ရွှေတောများ ခန်းခြောက်လာခဲ့ပါတော့တယ်။ ထိုအချိန်မှာတော့ သူလည်း ရွှေကုန်သည်အဖြစ် တစ်စခန်း ရပ်နားခဲ့ရပါတယ်။ တစ်နေ့တွင် စဥ့်ကူးမြို့နယ်နွယ်ရုံရွှေတော၌ ကျောက်ခဲကနေ ရွှေများထွက်သည့် ရွှေရပ်ကွက်ပေါ်ကြောင်း သိရပြီး ရွှေတောသုံးပစ္စည်းများကို ဝယ်ယူပြီး သွားရောက်လုပ်ကိုင်ပါတယ်။
အဲ့ဒီမှာ "သိန်းတစ်ရာ" အမည်ရှိ ကျောက်ခွဲစက်တွင် အသုံးမပြု့ဘဲ ရှိနေသည့် ဆိုင်းဘုတ်ကလေးတစ်ခုကို သူတွေ့ရတယ်။
" အောင်သမာဓိ - ရွှေဆိုင် " ဆိုပဲ။
ဆိုင်ဘုတ်အပြင် ရွှေကောင်တာ၊ ရွှေချိန်ခွင်များကို ခွင့်တောင်းကာ ဝယ်ယူလာပါတော့တယ်။ ဒီလိုဖြင့် "အောင်သမာဓိ" ဆိုသော နာမည်ဖြင့် ရွှေဆိုင်ကလေး ပြန်ဖွင့်တယ်။ တရားဝင် ရွှေလိုင်စင်လျှောက်ကာ ရွှေဝယ်ယူခဲ့ပြန်ပါတယ်။ အကြိမ်ကြိမ်လဲကျမှုတွေထဲမှ ဇွဲရှိရှိဖြင့် ကြိုးစားရုန်းကန်လာခဲ့ရခြင်းကြောင့်သာ " အောင်သမာဓိ - ရွှေဆိုင် " ဟု ပေါ်ပေါက်လားခဲ့ရခြင်း ဖြစ်ပါတယ်။ လုပ်ငန်းအောင်မြင်မှုနဲ့ ပတ်သက်၍ သူက...
" ကျွန်တော် လုပ်ငန်းတွင် အဆင်ပြေလာသည်မှာ ကိုယ့်လုပ်ငန်းကို အမြဲမမပြက် လေ့လာနေရမှုကြောင့် ဖြစ်တယ်။ ဒီလို လေ့လာနေမှသာလျှင်လည်း တိုးတက်မှာ ဖြစ်တယ်၊ ကိုယ့်ကိုကိုယ် "ကျွဲးခြေရာ ခွက်ထဲကရေကို ပင်လယ်လို့ ထင်နေရင်တော့ ထိုကျွဲးခြေရာခွက်ထဲမှာပဲ ရှိနေလိမ့်မယ် "
◑◑◑
‪#‎_အခမဲ့ရွှေသင်တန်းများ_‬
သူဟာ ယခုလက်ရှိတွင် ရွှေဝယ်လုပ်ငန်းအပြင် ရွှေလှော်ဖို ထောင်ထားပြီး ရွှေသန့်စင်လုပ်ငန်း၊ ရွှေပန်းတိမ်လုပ်ငန်းနှင့် ရွှေအရောင်းဆိုင်တို့ကိုပါ တွဲဖွင့်ထားသည်။
" ရွှေရည်ပြည့်မှန်..အာမခံသည့်..အောင်သမာဓိ "
ဆိုသော စကားအတိုင်း ရွှေရည်ပြည့်ရန်အတွက်ကိုယ်ပိုင်ရွှေသန့်စင်လုပ်ငန်းမှ ထုတ်လုပ်လျှက် ရှိသည်။ (၅)ရက် အတွင်း ဝယ်ယူသွားသော ရွှေအား ပြန်ရောင်းလျှင်လည်း အလျော့အတွက်အပြည့်ပြန်ပေးသည်။ ထိုအပြင် "အောင်သမာဓိ"၏ ထူးခြားချက်မှာ ရွှေလုပ်ငန်းပြန့်ပွားရေးအတွက် အခမဲ့ရွှေသင်တန်းများ ဖွင့်လှစ်ပေးထားခြင်းပါပဲ။ အခမဲ့ ရွှေသင်တန်းနှင့် ပတ်သက်ပြီး...
" မြန်မာတွေက အင်မတန်မြတ်နိုးကြတယ်၊ ဒါပေမယ့် ရွှေအကြောင်းကိုတော့ ကောင်းကောင်းမသိဘူး၊ ဒါကြောင့် သာမန်လူတွေ ရွှေအကြောင်းကို ထဲထဲဝင်ဝင်သိဖို့ ရွှေလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ချင်သူတွေ အတွက် ရွှေဆိုင်၊ ရွှေလှော်ဖို၊ ရွှေပန်းတိမ်လုပ်ငန်းတွေ လုပ်ကိုင်နိုင်သည် အထိ အခမဲ့ ရွှေသင်တန်းတွေ ဖွင့်လှစ်ပေးပါတယ်၊ အခမဲ့ ဆိုတဲ့အတိုင်း သင်တန်းတက်ရောက်သူက တစ်ပြားတစ်ကျပ်မှ ပေးစရာမလိုဘူး၊ ထမင်း၊ ကော်ဖီ မုန့်များဖြင့် အခမဲ့ ဧည့်ခံကျွေးမွေးတယ်၊ ရပ်ဝေးက လာရောက်သူတွေအတွက်ဆိုရင် နေရေးထိုင်ရေး စားရေးသောက်ရေးကအစ အခမဲ့တာဝန်ယူပေးတယ်၊ ရွှေအကြောင်းသာမကပဲ လူမှုရေး၊ စီးပွားရေး၊ အကြောင်းအရာ ပေါင်းစုံကိုပါ ရွှေသင်တန်းမှာ မျှဝေပါတယ်၊ မြန်မာ့စီးပွားရေး လုပ်ငန်းတွေ နိုင်ငံတကာအဆင့်မီစေဖို့ အောင်သမာဓိရွှေသင်တန်းသားတွေကို အိန္ဒိယ၊ တရုတ်နိုင်ငံတွေမှာ လေ့လာရေးခရီးစဉ်အဖြစ် သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးချုပ် တွေနဲ့ပူးပေါင်းပြီး စီစဉ်ပေးတယ်၊ စိန်၊ရွှေ၊ရတနာ လုပ်ငန်းကြီးတွေကို သူတို့တွေ ထဲထဲဝင်ဝင် လေ့လာခွင့် ရကြတယ် "
◑◑◑
‪#‎အလျော့အတွက်နှင့်လက်ခ‬
သူ့ရဲ့ ရွှေသင်တန်းသားများကိုလည်း ရွှေတောနှင့် ပန်းတိမ်လုပ်ငန်းသို့လည်း လက်တွေ့လေ့လာခွင့်ရအောင် လက်တွေ့ခေါ်ပြသေးတယ်။ ဒါအပြင် တွက်ချက်နည်းကိုပါ သင်ကြားပေးတယ်။ ရွှေတွင် အလျော့အတွက်နှင့် လက်ခနှစ်မျိုးရှိရာ ရွှေဆိုင်အများစုတွင် အလျော့အတွက်နှင့် လက်ခ နှစ်မျိုးစလုံးယူကြပါတယ်။ သူ့ဆိုင်တွင် ရွှေဝယ်သူများကို လက်ခမယူပဲ အလျော့အတွက်သာ ယူသော စနစ်ဖြင့် Customers များကို ဝန်ဆောင်မှု ပေးလျှက်ရှိပါတယ်။ သူ၏ (အခမဲ့)ရွှေသင်တန်းသားများကိုလည်း သူ့ဘဝအကြောင်း ပြောပြပါတယ်။
ဆရာကြီးရွှေဥဒေါင်း၊ ဆရာဖေမြင့် တို့၏ စာအုပ်များကလည်း သူ့ဘဝရဲ့ စိတ်ဓာတ်ခွန်းအား ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ ယခုအောင်မြင်ခဲ့ပြီးနောက် ယခင်က သူဖြတ်သန်းခဲ့ရတဲ့ ဘဝကို ပြန်ပြောင်း သုံးသပ်ပြောပြထားပုံကို ကျွန်တော်တို့ နားထောင်ကြည့်ရအောင်...
◑◑◑
" ကျွန်တော့်ဘဝတွင် စီးပွားရေးသုံးကြိမ်တိုင်တိုင် ကျရှုံးခဲ့ဖူးသည်။ အဘယ်ကြောင့် စီးပွားရေးကျလဲ ဆိုသည်မှာ မကျွမ်းကျင် မသိနားမလည်သည့် အရာများကို လုပ်ခြဲ့ခင်းကြောင့် ကျရှုံးခဲ့ခြင်း ဖြစ်တယ်၊ ကျရှုံးပြီး ပြန်တက်လာသည့် အချိန်တွင် နောက်ထပ်ကျရန် မရှိတော့ပေ၊ ဆိုလိုသည်မှာ ကိုယ်တက်နိုင်တာ ကိုယ်လုပ်လျှင် မှားစရာ အကြောင်းမရှိပေ၊ ထိုကြောင့် မကျွမ်းကျင်ပဲ မသိနားမလည်ပဲ လုပ်လျှင် ဒုက္ခရောက်တက်သည်ကို သတိထားရန် လိုအပ်တယ်၊ ကျွန်တော့် ဘဝသင်ခန်းစာအရ ကိုယ်မကျွမ်းကျင်သည့် အလုပ်တွင် မည့်သည့်အခါမျှ ရင်းနှီးမြုပ်နှံခြင်း မရှိတော့ပဲ လက်ရှိတွင်လည်း ရွှေလုပ်ငန်းကလွဲပြီး အခြား ဘယ်လုပ်ငန်းမှ မလုပ်တော့ပေ၊ သို့သော် ရွှေနဲ့ ဆက်စပ်သည့် လုပ်ငန်းများကိုသာ တိုးချဲ့လုပ်ကိုင်လျှက် ရှိပါတယ်၊ "အောင်သမာဓိရွှေဆိုင်" ဖြစ်လာစေရန် ဘဝတွင် အခက်အခဲ အချိုးအကွေ့ များစွာဖြင့် ရင်ဆိုင်ခဲ့ရပါတယ်၊ စီးပွားရေးလုပ်ငန်းတွင်သာမက လူမှုရေးကိစ္စများတွင်လည်း အခက်အခဲများကို ရင်ဆိုင်ကျော်လွှား ခဲ့ရပြန်တယ်၊ ကျွန်တော် ငယ်စဉ်ဘဝတွင် အမေက သားတွေအားလုံးကို စည်းကမ်းတင်းကြပ်စွာဖြင့် ထိန်းကြောင်းခဲ့တယ်၊ အမေ့ကျေးဇူးကြောင့် ယနေ့အချိန်ထိ ညီအစ်ကိုအချင်းချင်း ဆဲဆိုခြင်း မရှိခဲ့ပေ၊ ဆေးလိပ် ကွမ်းမစားရပေ၊ ကျွန်တော် ကွမ်းယာရောင်းသည့် အချိန်တုန်းက အမေက... "ကွမ်းစားရင်းနဲ့ ငါ့ဆီမလာခဲ့နဲ့" ပြောထားသည့်အတွက် အမေ့ဆီသွားရင် သွားတိုက်ပြီးမှ သွားရတယ်၊ အမေ့ကို ကြောက်ရွံ့ရိုသေရတယ်၊ သားချည်း ၆ ယောက် မွေးထားသည့် အမေက သားအားလုံးကို ချစ်သည့်အတွက် ဘယ်သူ့ကိုမှ အိမ်ထောင်ချမပေးသည့်အပြင် ပထမဆုံး အိမ်ထောင်ကျသောသူကို ဘယ်သူနဲ့မှ သဘောမတူပေ၊ ထိုနည်းတူစွာ ကျွန်တော် အိမ်ထောင်ပြု့ရန် ဖြစ်လာသော အခါတွင် ကိုယ့်ဘက်
Credit to > Up to Date
"ဆန်တစ်အိတ်ကပေးသောအတွေး.."
သားကမနက်ကျောင်းမသွားခင်အိမ်ကအထွက်မှာပြောသွားတယ်..။
"ညနေကျရင်ဆန်ယူလာမယ်.."
အဲဒါပဲပြောသွားတော့..ဟင်..ဘာပါလိမ့်...ကျောင်းသွားတာဘယ်ကဆန်ကရမှာမို့လို့လဲပေါ့လေ..။
ညနေကျတော့ကျောင်းသွားတဲ့အိတ်ထဲကဆန်အိတ်ကလေးတစ်အိတ်ကိုထုတ်ပေးတယ်..။
"ရော့..မားမာ..ခိုရှိဟီကာရီဆန်သစ်.."
"အံမယ်..ရှင်ကဒါဘယ်ကယူလာရပြန်တာတုံး..??"
"ဘယ်ကမှယူမလာဘူး..ကျောင်းသားတွေတစ်ယောက်တစ်အိတ်ရတာလေ..ဇွန်လတုံးကနီအိဂါတာမြို့မှာလယ်ကွင်းဆင်းလေ့လာရေးလုပ်တုံးကသားတို့စိုက်ခဲ့တဲ့စပါးကရတဲ့..ဆန်.."
ကြည့်စမ်း..ကြည့်စမ်း..ကောင်းလိုက်တဲ့စနစ်ပါလားကွယ်တို့...မြို့ကကလေးတွေကိုလယ်ယာလုပ်ငန်းနားလည်အောင်လက်တွေ့ကွင်းဆင်းခိုင်း..ပညာလည်းရ..ဗဟုသုတလည်းရ..အလုပ်ရဲ့တန်ဖိုးကိုလည်းနားလည်..လယ်သမားတွေရဲ့ဘဝကိုလည်းနားလည်...။
ကလေးတွေကိုပညာရအောင်သာလယ်ကွင်းထဲဆင်းခိုင်းတာ..အလုပ်ဒီလောက်တွင်တွင်ကျယ်ကျယ်လုပ်နိုင်ခဲ့ကြမယ်မထင်ပါဘူး..။ ဒါပေမယ့်လည်းကလေးတွေကူညီခဲ့ကြလို့ပြန်ကျေးဇူးတင်ပါတယ်ဆိုတဲ့အနေနဲ့ရော..အမှတ်တရအတွက်ပါကျောင်းသားလူစေ့တက်စေ့ကိုပြန်လက်ဆောင်ပေးတာ..။ တစ်ယောက်ချင်းစီ..တစ်အိတ်ချင်းသပ်သပ်ရပ်ရပ်လေး..။ကောင်းလိုက်တဲ့ပညာရေးစနစ်..။
ဆန်တစ်ကီလိုအိတ်ကလေးကချက်စားရင်သုံးခါလောက်ချက်စားရင်ကုန်မှာပေမယ့်..ကလေးတွေအပေါ်မှာထားတဲ့စေတနာနဲ့လုပ်ရပ်ကိုနွေးထွေးစွာခံစားမိတယ်..။ အဲဒီလိုမသိမသာလုပ်ရပ်ကလေးတွေကပဲ..ကလေးတွေရဲ့moralityကိုပိုမိုပြီးကောင်းမွန်လာစေတယ်လို့ထင်တယ်..။
ကိုယ်တစ်ယောက်တည်းရယူလိုစိတ်ကိုကင်းဝေးစေတယ်..။
အများနဲ့ဝိုင်းဝန်းလုပ်ဆောင်ကြရင်းကရလာတဲ့အသီးအပွင့်ကိုအများကဝေမျှစားကြတယ်ဆိုတဲ့..ဘာမှမထူးဆန်းသောအကြောင်းအရာတစ်ခုကိုအချိန်တွေပေး..နေရာတွေပေးပြီးကလေးတွေဦးနှောက်ထဲကိုရောက်အောင်ထည့်တယ်..။
စာရွက်မှာရေးထားတာကိုသဘောလောက်ဖတ်..အလွတ်ပြန်ရေးရတဲ့ပညာရေးမဟုတ်ဘူး..။ စေ့စေ့စပ်စပ်လမ်းကြောင်းချထားတဲ့ပညာရေး..။
ထိုပညာရေးကိုအလွန်ပင်သဘောကျမိပါတယ်..။
新潟の皆様、誠にありがとうございました。
*ယုမိကို*
Credit to > Phyu San
iPhone သုံးစွဲသူအများစု သတိမထားမိနိုင်သော မှော်ဆန်သည့် လုပ်ဆောင်ချက်များ
(၁) iPhone ကို လှုပ်ယမ်းပြီး undo လုပ်ခြင်း
စာရိုက်သည့်အခါ သို့မဟုတ် ဓာတ်ပုံတစ်ပုံကို ပြင်ဆင်မှုပြုလုပ်သည့်အခါ အမှားအယွင်း တစ်စုံတစ်ရာ ပြုလုပ်မိပါက ဖုန်းကို အနည်းငယ် လှုပ်ယမ်းပြီး undo ပြုလုပ်နိုင်သည်။
(၂) Airplane mode သို့ပြောင်းပြီး ဘက်ထရီကို လျင်မြန်စွာ အားသွင်းခြင်း
Airplane mode သို့ပြောင်းလဲခြင်းသည် ကြိုးမဲ့စနစ်နှင့် ဆယ်လူလာ အသုံးပြုမှုကို ပိတ်ပေးသောကြောင့် ဖုန်း ဘက်ထရီကို ယခင်ထက် နှစ်ဆပိုမြန်သောနှုန်းဖြင့် အားသွင်းပေးနိုင်သည်။
(၃) Email များကို အသံထွက်ဖတ်ရန် Siri ကို စေခိုင်းခြင်း
“Read my email” ဟု ပြောလိုက်ရုံဖြင့် Siri က message အားလုံးကို ကျယ်လောင်သော အသံဖြင့် ဖတ်ပေးနိုင်သည်။ မကြာသေးမီက ဝင်ရောက်ထားသော email များကို ဖတ်ခိုင်းလိုပါက “Read my latest email” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။ ထို့အပြင် Maung Maung ၏ email ကို ဖတ်ရှုလိုပါက “Do I have email from Maung Maung?” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။
(၄) ကောင်းကင်တွင် ပျံသန်းနေသည့် လေယာဉ်များကို ရှာဖွေခြင်း
“What flights are above me?” သို့မဟုတ် “Planes overhead” ဟု ပြောလိုက်ရုံဖြင့် Siri က ပျံသန်းနေသည့် လေကြောင်း ခရီးစဉ်များကို ဖော်ပြပေးမည် ဖြစ်သည်။
(၅) စာလုံးအသံထွက် အတွက် Siri ကို သင်ကြားပေးခြင်း
Siri က မှားယွင်းသည့် အသံထွက်ဖြင့် ပြောကြားသည့်အခါ “That’s not how you pronounce [BLANK]” ဟု ပြောကြားပြီး အသံထွက်အမှန်ကို သင်ကြားပေးနိုင်သည်။
(၆) Timer ဖြင့် သီချင်းကို အလိုအလျောက် ပိတ်ခြင်း
ညဘက်တွင် သီချင်းနားထောင်သည့်အခါ သီချင်းကို အလိုအလျောက် ပိတ်ပေးနိုင်ရန်အတွက် Timer ဖြင့် အသုံးပြုနိုင်သည်။ Clock app ရှိ Timer တွင် “When Timer Ends” ၌ “Stop Playing” ကို ရွေးချယ်ပြီး သတ်မှတ်ထားသည့် အချိန်တွင် ဖွင့်ထားသည့် သီချင်းကို ပိတ်ပေးနိုင်သည်။
(၇) ဗီဒီယိုများနှင့် သီချင်းများကို မြန်နှုန်း (၃) မျိုးဖြင့် ကျော်ခြင်း
ဒီနည်းလမ်းက အလွန်ကို အသုံးတည့်သည့် နည်းလမ်းဖြစ်သည်။ သီချင်း နားထောင်ခြင်း သို့မဟုတ် ရုပ်ရှင်ကြည့်ရှုရာတွင် မိမိလိုချင်သည့် နေရာသို့ ရောက်အောင် ကျော်ခြင်းကို Apple က scrub လုပ်သည်ဟု သုံးနှုန်းထားသည်။ Default mode က high-speed scrolling ဖြစ်သည်။ ၎င်းသည် လိုချင်သည့် နေရာကို အတိအကျ ရရှိစေရန် ခက်ခဲနိုင်သည်။ သို့သော်လည်း scroll လုပ်သည့် အမြန်နှုန်းကို ထိန်းချုပ်နိုင်သည်။ Video screen ၏ ထိပ်ဘက်ပိုင်းရှိ slider ကို ဖိထားပြီး အောက်သို့ ဆွဲချခြင်းဖြင့် ချိန်ညှိနိုင်သည်။ Scrubbing speed ကို half-speed, quarter-speed, eighth-speed (fine scrbbing) ဟူ၍ ပြောင်းလဲ ချိန်ညှိနိုင်သည်။
(၈) Volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်ခြင်း
တစ်ခါတစ်ရံတွင် capture ခလုတ်ကို နှိပ်ဖို့ အခက်အခဲ ရှိနေချိန် ဓာတ်ပုံရိုက်လိုသည့်အခါ အသံအတိုးအကျယ် ပြုလုပ်နိုင်သည့် volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်နိုင်သည်။ နားကြပ်မှ အသံအတိုးအကျယ် ခလုတ်များဖြင့်လည်း ဓာတ်ပုံရိုက်နိုင်သည်။
(၉) ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ဓာတ်ပုံအများပြား ရိုက်ကူးခြင်း
ဓာတ်ပုံရိုက်ကူးသည့် captre ခလုတ်ကို ဖိထားခြင်းဖြင့် ဓာတ်ပုံအများအပြားကို အလျင်အမြန် ရိုက်ကူးပေးနိုင်သည်။ ၎င်းသည့် ရွေ့လျားနေသည့် အရာဝတ္ထုတစ်ခုကို ဓာတ်ပုံရိုက်ကူးရာတွင် အလွန်အသုံးတည့်စေသည်။
(၁၀) Text message များတွင် ပေးပို့ချိန်ကို ကြည့်ရှုခြင်း
Text bubble ကို ဘယ်ဘက်သို့ ဆွဲလိုက်သည့်အခါ text message တိုင်း၏ ပေးပို့ချိန်များကို သိရှိနိုင်သည်။
(၁၁) iPhone ကို ရေချိန်တိုင်း ကိရိယာအဖြစ် အသုံးပြုခြင်း
အိမ်နံရံမှာ ဓာတ်ပုံတစ်ပုံကို ချိတ်ဆွဲလိုသည့်အခါ သီးခြား ရေချိန်တိုင်းကိရိယာကို သုံးစရာမလိုပါဘူး။ Compass app ကို ဖွင့်ပြီး ဘယ်ဘက်ကို swipe ကာ ပြီးပြည်စုံသော ရေချိန်တိုင်း ကိရိယာအနေဖြင့် အသုံးပြုနိုင်သည်။
(၁၂) Select လုပ်ထားသည့် စာသားများကို အသံထွက်ဖတ်နိုင်ခြင်း
Settings > General > Accessibility > Speak Selection ကို ON ခြင်းဖြင့် စာသားများကို select လုပ်သည့်အခါ ပေါ်လာသည့် Speak ခလုတ်ကို နှိပ်ပြီး select လုပ်ထားသည့် စာသားများကို အသံထွက်ဖတ်စေနိုင်သည်။
(၁၃) Spacebar ကို နှစ်ချက်နှိပ်ပြီး ဝါကျအသစ်တစ်ကြောင်း စတင်ခြင်း
စာရေးသားရာတွင် ဝါကျအသစ်တစ်ကြောင်းဖြင့် စတင်လိုသည့်အခါ spacebar ကို နှိပ်ချက်နှိပ်ရုံဖြင့် ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်သည့်အခါ စာကြောင်းအဆုံးတွင် full stop တစ်ခုနှစ် space တစ်ခု အလိုအလျောက် ထည့်သွင်းပေးမည် ဖြစ်သည်။
(၁၄) Calendar app ကို အသေးစိတ် ကြည့်ရှုအသုံးပြုခြင်း
Calendar app ကို အသုံးပြုသည့်အခါ ဖုန်းကို landscape အနေအထားသို့ ပြောင်းလဲပြီး အသေးစိတ် ကြည့်ရှုနိုင်သည်။
(၁၅) ဓာတ်ပုံရိုက်ရာတွင် lock autofocus နှင့် exposure ဖြင့် အသုံးပြုခြင်း
ဓာတ်ပုံတစ်ပုံ ရိုက်ကူးသည့်အခါ iPhone ကင်မရာက focus နှင့် exposure ကို အမြဲချိန်ညှိပေးသည်။ သို့သော်လည်း screen ပေါ်တွင် အဝါရောင် စတုရန်းကို နှစ်ချက် မှိတ်တုတ်မှိတ် ပေါ်သည့်အထိ ဖိထားပြီး focus နှင့် exposure ကို lock ပြုလုပ်ထားနိုင်သည်။ Autofocus နှင့် exposure lock ဖြစ်သည့်အခါ AE/AF Lock ဆိုသည့် အဝါရောင် icon ပေါ်လာမည် ဖြစ်သည်။
(၁၆) Tap တစ်ချက်လုပ်ရုံဖြင့် web suffix များ ထည့်သွင်းခြင်း
Safari တွင် ဝက်ဘ်လိပ်စာတစ်ခု ရိုက်ထည့်သည့်အခါ keyboard အောက်ဘက်ရှိ “.” ကို ဖိထားပြီး ပေါ်လာသည့် web suffix များ (.com, .net, .edu စသည်များ) ကို ရွေးချယ်ထည့်သွင်းနိုင်သည်။
(၁၇) Email draft များကို အလျင်အမြန် အသုံးပြုခြင်း
Mail app တွင် screen ညာဘက် အောက်ထောင့်ရှိ Compose icon ကို ဖိထားပြီး အကြမ်းရေးထားသည့် email များကို အလျင်အမြန် အသုံးပြုနိုင်သည်။
(၁၈) တုန်ခါမှုကို စိတ်ကြိုက်ပြင်ဆင်ခြင်း
Settings > Sounds > Ringtone > Vibration > Create New Vibration လုပ်ပြီး သက်ဆိုင်ရာ contact များအတွက် vibration pattern ကို စိတ်ကြိုက်ပြင်ဆင်နိုင်သည်။ ထိုသို့ vibration သတ်မှတ်ထားသည့်အခါ message သို့မဟုတ် ဖုန်းခေါ်ဆိုမှု ဝင်ရောက်လာသည့်အခါ တုန်ခါမှုအပေါ်မူတည်ပြီး contact ကို ခွဲခြားသိရှိနိုင်သည်။
(၁၉) Keyboard shortcut များ စိတ်ကြိုက်ဖန်တီးခြင်း
Settings > General > Keyboard > Shortcuts > Add New Shortcut ကိုသွားပြီး စကားလုံး တစ်လုံး သို့မဟုတ် စကားရပ်တစ်ခု ဖန်တီးပြီး သက်ဆိုင်ရာ shortcut ကို ဖန်တီးနိုင်သည်။ ထို့နောက် shortcut ကို ရိုက်လိုက်သည့်အခါ သက်ဆိုင်ရာ စကားလုံး သို့မဟုတ် စကားရပ်တစ်ခု ပေါ်လာမည်ဖြစ်သည်။ Emoji အတွက်လည်း shortcut များ ဖန်တီးနိုင်သည်။
(၂၀) Passcode တစ်ခုကို စာလုံးများဖြင့် ဖန်တီးခြင်း
Settings > General > Passcode Lock တွင် Simple Passcode ကို OFF လုပ်ပြီးနောက် passcode ကို စာလုံးများဖြင့် ဖန်တီးနိုင်သည်။ ထို့နောက်တွင် ဖုန်းကို unlock ပြုလုပ်ရာ၌ သတ်မှတ်ထားသည့် passcode စာလုံးများ ထည့်သွင်းရန် keyboard ပေါ်လာမည် ဖြစ်သည်။
(၂၁) သတိပေးချက်များကို LED flash ဖြင့် ဖော်ပြခြင်း
ဖုန်းခေါ်ဆိုမှု သို့မဟုတ် message တစ်စောင် ဝင်ရောက်လာသည့်အခါတွင် ဖုန်းမြည်သံ သို့မဟုတ် တုန်ခါမှုစနစ်ဖြင့် မဟုတ်ဘဲ LED flash ဖြင့် ဖော်ပြနိုင်သည်။ Settings > General > Accessibility တွင် “LED Flash for Alerts” ကို ON ပြီး အသုံးပြုနိုင်သည်။
သရုပ်ပြပုံနှင့်တကွကြည့်ရှုရန် http://www.myanmarinternetjournal.com/content/13679
Credit to > U Than Win
မင်းကွန်းဆရာတော်ကြီး မိခင်ကြီးကို ဂရုစိုက်ပုံ
ဆရာတော်သည် အနယ်နယ် အရပ်ရပ်သို့ လှည့်လည် တရားဟောစဉ် တရားနာပရိသတ်ထဲ၌ မိမိ၏မိခင်ကြီး ဒေါ်ဆင်နှင့် သက်တူရွယ်တူ အမျိုးသမီးများ ပါ၍ သူတို့ ဝတ်ထားသော အဝတ်အစားကလည်း မိခင်ကြီးနှင့် လိုက်ဖက်မည် ထင်လျှင် `သည်အဝတ်အစားနာမည် ဘယ်လိုခေါ်ကြောင်း၊ ဘယ်နေရာတွင် ဝယ်၍ ရနိုင်ကြောင်း´ စသည်ကို အခြားသူများ မသိစေဘဲ မိမိတပည့်များကို ထိုအမျိုးသမီးများထံ တိုးတိုးတိတ်တိတ် သွားရောက် မေးမြန်းစေသည်။ ထို့နောက် ကျောင်းပြန်ရောက်သည့်အခါ တပည့်များကို ထိုအဝတ်အထည်မျိုး အဝယ်ခိုင်းပြီး မိခင်ကြီးအား ပေးတော်မူသည်။
မိခင်ကြီးနှစ်သက်သည့် အစားအစာ စသည်ကိုလည်း ဂရုတစိုက် ပေးကာ ကျွေးကာ၊ နေစရာ နေအိမ် ဆောက်လုပ်ပေးကာ၊ သင့်တော်မည့်တရားများလည်း ဟောကြား ပြသပေးကာဖြင့် အလောင်းတော်မြတ် ဗောဓိသတ်ပမာ မာတုပေါသကလုပ်ငန်းကို ဝမ်းမြောက်စွာ ဆောင်ရွက်တော်မူလေသည်။
မိခင်ကြီးကို ပြုစုလုပ်ကျွေးပုံနှင့် ပတ်သက်၍ ဆရာတော်ဘုရား၏ မိန့်ကြားချက်တစ်ခုမှာ -
`ဘုန်းကြီးများ ရဟန်း ၄-ဝါလောက်အရ သကျသီဟ စာသင်တန်း စာချတန်း အောင်တဲ့နှစ်မှာ မှတ်မှတ်ရရ မန္တလေး မင်းကြီးတိုက် သီရိဝေပုလ္လဆရာတော် (ဦးဇာဂရ)က `မင်း ကံကောင်းလို့ မွေးသမိခင်ကို ပြုစု စောင့်ရှောက်ခွင့် ရတယ်၊ ကြိုးစားပြီး ပြုစုကွယ်´လို့ ဆုံးမတယ်။
ဆုံးမတဲ့အချိန်က စပြီးတော့ မွေးသမိခင်ကို ပြုစုခဲ့တာ ... ဖြူတာကို မည်းတယ်လို့ သူက ပြောလဲပဲ ဆန့်ကျင်ဘက် မပြောခဲ့ဘူး၊ ရယ်ပြီးတော့ နေခဲ့တယ်၊ မည်းတာကို ဖြူတယ်လို့ ပြောရင်လဲပဲ သူ့ကို ဆန့်ကျင်ဘက် မပြောဘူး၊ ရယ်ပြီးတော့ နေခဲ့တယ်။
ပြီးတော့ ဘုန်းကြီးများရဲ့ မိခင်က အင်မတန် လောဘ နည်းတယ်။ သူ့ကို ဘုန်းကြီးများက တစ်လ တစ်ဆယ်လောက် ထောက်ရင် သူ ပြုံးပြုံး ပြုံးပြုံးနဲ့ သဘောကျနေတယ်။ တခါတလေတော့ အကြောင်းညီညွတ်လို့ နှစ်ဆယ်လောက် သုံးဆယ်လောက် ထောက်လိုက်ရင် ဘာပြောတယ် မှတ်လဲ?၊ `လူကို ဒမြတိုက်ခံရအောင် လုပ်တာလား´တဲ့။ နှစ်ဆယ်သုံးဆယ်လောက်ဆိုရင် အင်မတန်များပြီး ဒမြတိုက်ခံရမှာ ကြောက်တဲ့သဘောက ဒီလို ဖြစ်နေတယ်။ (ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဟု ဆိုရပါမည်။ ယခုခေတ် ငွေကြေးတန်ဖိုးနှင့်ဆိုလျှင်ကား တကယ့်ကို ရယ်စရာ ဖြစ်နေပေလိမ့်မည်။)
ထို့အတူ ဘုန်းကြီးများ ရန်ကုန်မြို့ လာတဲ့အခါ ဒိပြင် ဘယ်မှ မဝင်ပေမယ်လို့ စာပေဝါသနာပါတော့ စာရွက်စက္ကူရောင်းတဲ့ဆိုင်တော့ ဝင်တယ်။ အဲ သိမ်ကြီးဈေးဘက် အထည်ဆိုင်နားရောက်ရင် ကြည့်ပြီးတော့ ... သြော် ဒီအဆင်တော့ ငါ့အမေနဲ့ သင့်တော်တဲ့ အဆင်ပဲ´ဆိုပြီးတော့ ခါးဝတ်တစ်ထည် အင်္ကျီလေးတစ်စုံ ဒီလိုယူပြီး ကပ္ပိပြီးတော့ သူ့ကို ပေးရင် သူ့စိတ်ထဲမှာ ကျေနပ်တယ်။ တခါတလေ မိမိစိတ်ထဲမှာ ... သြော် ဒီအဆင်ဟာဖြင့် ငါ့မိခင်နဲ့ သိပ်တော်တဲ့အဆင်ပဲ ဆိုပြီးတော့ ခါးဝတ်နှစ်ထည် အင်္ကျီနှစ်ထည် နှစ်စုံယူသွားရင် ဘာပြောသလဲ၊ `ဒီလောက် များများကြီး ဒကာမကြီး ဘယ့်နှယ်လုပ် ဝတ်နိုင်မှာတုန်း´ သူက ပြောတယ်။
မိခင်ကို မသေခင် လုပ်ကျွေး
ဆရာတော်သည် ၁၃၁၇-ခုနှစ်ခန့်တွင် မိခင်ကြီး ဒေါ်ဆင်အတွက် သဲဖြူဝရွာ၌ အိမ်ကြီးတစ်လုံး ဆောက်ပေးရာ ၁၃၂၅-ကျပ် ကုန်ကျခဲ့သည်။ တစ်ရပ်တစ်ရွာတွင် နေထိုင်သူ ညီ-ဦးဘသင်ကိုလည်း ထိုအိမ်အတွက် ကုသိုလ်ပါဝင်စေလိုသည်။ (ဆရာတော်၏ညီ ဦးဘသင်သည် ပဲခူးတိုင်း ကဝမြို့နယ် သပြေကန်ရွာ၌ နေထိုင်သည့် လယ်ပိုင်ရှင်တစ်ဦး ဖြစ်သည်။) သို့ဖြစ်၍ ညီဖြစ်သူအား ပြောပြရာ ဦးဘသင်က အိမ်ဆောက်သည့်အထဲ ကုသိုလ်မပါဝင်ဘဲ မိခင်ကြီးအား ငွေ ၁၀၀-ကျပ် သီးသန့် ပေးပို့သည်။
၁၃၂၃-ခုနှစ် မိခင်ကြီး ဒေါ်ဆင် ကွယ်လွန်သွားချိန်တွင် ဦးဘသင် ရောက်လာပြီး မိခင်ကြီး၏ ရုပ်ကလာပ်ကို ကြည့်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေရာ ဆရာတော်သည် ညီဖြစ်သူ ဦးဘသင်အား -
`ငိုရမှာပေါ့ကွာ၊ အေး .. မင်းက အခုမှ နောင်တရပြီး ငိုကြွေးနေတာ၊ အမေ အသက်ရှိစဉ်က မင်းဟာ အမေ့ကို ထောက်ပံ့ရမှန်း ကျွေးမွေးရမှန်း မသိဘူး။ မင်းရဲ့ ပူဆွေးသောကဟာ နောက်ကျသွားပြီ။ ငါကတော့ တစ်သက်လုံး မငိုရအောင် လုပ်ခဲ့တယ်။ မင်းလို ငိုကြွေးစရာ ပူပင်သောကရောက်စရာ မလိုတော့ဘူး။ ငါကတော့ မငိုပါဘူး၊ မိခင်အပေါ် လိုသည်ထက် ပိုပြီး ပြုစုထားတာဖြစ်လို့ ငါ ငိုဖို့ မလိုဘူး။ မင်းကတော့ နဝကမ္မ ၁၀၀ ဆိုပြီး ပို့တဲ့လူဆိုတော့ ငိုပေတော့ပေါ့ကွာ။ ငိုကွ ငိုကွ´ဟု ကရုဏာဒေါသောဖြင့် မိန့်ကြားတော်မူသည်။ (ညီအရင်းဖြစ်၍ ဤသို့ အားမလို အားမရ မိန့်ကြားခြင်း ဖြစ်သည်။ အခြားသူများကိုကား ယခုလို တစ်ကြိမ်မှ ရင့်ရင့်သီးသီး မပြောကြားခဲ့ဖူးပေ။)
ဦးဘသင်ကို အကြောင်းပြုပြီး သိကျွမ်းရသည့် ဒေါက်တာနေလင်းဆိုသူ လူငယ်ဆရာဝန်လေးအား မိန့်ကြားသည့် သြဝါဒတစ်ခုမှာ -
`ကိုရင် ... မိဘကို လုပ်ကျွေးဗျား၊ ဘုန်းကြီးအသက် ၂၄-နှစ်အရွယ်တုန်းက ဘုန်းကြီးအကျိုးလိုလားတဲ့ ဆရာတော်တစ်ပါးက ဆုံးမဖူးတယ်။ ဦးဇင်း မိဘကို ရိုရိုသေသေ လုပ်ကျွေး၊ မိဘက ဖြူတယ်ဆိုရင် ဖြူလိုက်၊ မည်းတယ်ဆိုရင် မည်းလိုက်၊ ကိုယ်က ဝါးလုံးလို့ သိရက်သားနဲ့ မိဘက ဝါးခြမ်းဆိုရင် ခြမ်းလိုက်ဗျာလို့ သြဝါဒပေးခဲ့တယ်။ ဘုန်းကြီးလဲ အသက် ၂၄-နှစ်ကတည်းက မယ်တော်ကြီး ကွယ်လွန်သည်အထိ ဒီအဆုံးအမအတိုင်း လိုက်နာခဲ့တယ်။ ယခုလဲ ကိုရင် မိဘကို လုပ်ကျွေးဗျာ။ ကိုရင် အသက်ရှည်မှာပါ´ဟူ၍ ဖြစ်ပေသည်။
+++++
ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ ရေးဖွဲ့ ပူဇော်သည့် မင်းကွန်းဆရာတော်ဘုရားကြီး သက်တော်ရာပြည့်အထိမ်းအမှတ် (၁၂၇၃-၁၃၇၃)၊ `တိပိဋကဓရအရှင်မြတ်များ၏ ဖခင် ကမ္ဘာကျော် မင်းကွန်းထေရှင်´ မှ
Posted by LokaChantha
Wednesday, September 30, 2015
(Zawgyi)
၃. ကိုယ်ခံပညာသင်တာ
၎.ဒီဇိုင်းပိုင်းကို သင်ယူတာ
စုပြည့်စုံ
Ref. Lifehacker
(Unicode.)
သင်တန်းမတက်ဘဲ အွန်လိုင်းကနေ တတ်မြောက်နိုင်တဲ့ အဆင့်မြင့်ကျွမ်းကျင်မှုများ . ၁ + ၂
======
ဘဝမှာ တခါတလေ `အဲဒါလေး ငါတတ်ရင် ကောင်းမှာပဲ´လို့ စိတ်ကူးမိတဲ့ အခါတွေ ရှိပါတယ်။ သင်တန်းတက်ဖို့ အချိန်မရှိ၊ အဆက်အသွယ် မရှိတဲ့သူတွေအတွက် အွန်လိုင်းပေါ်မှာ သင်နိုင်တဲ့ ပညာတွေ အများကြီးရှိပါတယ်။ အဲသည်အထဲက ၁၀ မျိုးကို ဖော်ပြလိုက်ပါတယ်။
၁. ပစ္စည်းတွေ ပျက်ရင် ပြင်တာ
အိမ်ပြင်တာ၊ ကားပြင်တာ၊ ရေပိုက်ပြင်တာ၊ ပစ္စည်းအတိုအထွာ ပြင်တာ..ဘာမဆို youtube ပေါ်မှာ ရှာကြည့်နိုင်ပါတယ်။ လက်တော့ပ်ကြိုးလိုမျိုး အသေးစားပြင်ဆင်မှုတွေကို ကိုယ့်ဘာသာလုပ်နိုင်အောင် ဒီဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
http://lifehacker.com/…/top-10-repair-projects-you-should-n…
၂. ကွန်ပျူတာပန်းချီဆွဲတာ၊ photoshop သုံးတာ
ကွန်ပျူတာထဲက အခြေခံ tool တွေကို အရင် သုံးကြည့်ပါ။ ဘာက ဘာအတွက်သုံးတယ်ဆိုတဲ့ လမ်းညွှန်လေးတွေ ပရိုဂရမ်တိုင်းမှာ ထည့်ပြီးသားပါ။ Tool တွေကို ရင်းနှီးပြီဆို ပုံပေါ်လာအောင် ဆွဲတဲ့နည်းကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။
http://lifehacker.com/…/digital-painting-101-the-complete-g…
ဒီဆိုက်အပြင် www.photoshopstar.com ဟာလည်း လေ့ကျင့်ခန်းတွေကို အခြေခံကစ သင်ပေးတဲ့ ဆိုက်ကောင်းတစ်ခုပါ။
၃. ကိုယ်ခံပညာသင်တာ
လူတိုင်းကို ယုံကြည်လို့မရတဲ့ ခေတ်ကြီးမှာ ကျားမ မရွေး ကိုယ်ခံပညာတတ်ထားသင့်ပါတယ်။ ငြိမ်ခံနေတာထက် တန်ပြန်တိုက်ခိုက်တတ်သူကို မသမာသူတွေ ပိုဖြုံကြတာလည်း အသေအချာပါပဲ။ လေ့လာချင်ရင် http://lifehacker.com/…/digital-painting-101-the-complete-g… မှာ ကြည့်ပါ။ ကိုယ့်ကိုယ်ကို ကာကွယ်နည်း၊ ရန်သူရဲ့ ဟာကွက်ကို ရှာဖွေတိုက်ခိုက်နည်းတွေ တွေ့ရမှာပါ။
၄.ဒီဇိုင်းပိုင်းကို သင်ယူတာ
ဝက်ဘ်ဒီဇိုင်း၊ အိမ်အတွင်းပိုင်းဒီဇိုင်း စတာတွေကို အွန်လိုင်းကနေ လေ့လာသင်ယူနိုင်ပါတယ်။ ဒီဇိုင်းပိုင်းကို နားလည်ထားတဲ့လူဟာ သူများထက်တော့ ခြေတစ်လှမ်းသာနေမှာပါပဲ။ ပရော်ဖက်ရှင်နယ်အဆင့် မရောက်ရင်တောင် ကိုယ့်စိတ်ကူးလေးနဲ့ဖန်တီးထားတဲ့ ဒီဇိုင်းက စိတ်ကျေနပ်မှု ပေးနိုင်မှာပါ။ အိမ်အတွင်းပိုင်းအတွက် http://lifehacker.com/…/how-can-i-turn-my-boring-home-into-… မှာ လေ့လာနိုင်ပြီး ဝက်ဘ်ဒီဇိုင်းအတွက် http://lifehacker.com/…/basics-of-photoshop-designing-a-web… မှာ ကြည့်နိုင်ပါတယ်။
၅. ကောလိပ်တုန်းက မသင်လိုက်ရတဲ့ ဘာသာရပ်တွေကို လေ့လာတာ
သိပ္ပံ၊ စီးပွားရေး၊ သင်္ချာ၊ ဥပဒေ ဘယ်ဘာသာရပ်ဖြစ်ဖြစ် ကောလိပ်တုန်းက မသင်လိုက်ရတာတွေကို ပြန်လေ့လာချင်တယ်ဆိုပါစို့။ အခမဲ့တက္ကသီလာကျောင်းတော်ကြီးဖြစ်တဲ့ အင်တာနက်ကြီး ရှိပါတယ်။ အွန်လိုင်းဆိုပြီး အထင်မသေးလိုက်ပါနဲ့။ ကိုယ်အားထုတ်ရင် အားထုတ်သလောက် ပညာရနိုင်တဲ့ ဆိုက်တွေ အများကြီးရှိပါတယ်။ အွန်လိုင်း အားသာချက်တွေဖြစ်တဲ့ ပိုက်ဆံမကုန်တာ၊ ကိုယ်ကြိုက်တဲ့အချိန် ကြိုက်သလောက် လေ့လာနိုင်တာတွေကိုတော့ ထည့်ပြောဖို့ မလိုတော့ပါဘူးနော်။ ကျွန်မကိုယ်တိုင် တက်ဖူးပြီး တိုက်တွန်းချင်တဲ့ ဆိုက်တစ်ခုက www.alison.com ပါ။http://lifehacker.com/tag/lifehacker-u မှာလည်း ကြည့်နိုင်ပါတယ်။
၆. အီလက်ထရောနစ်ပစ္စည်းတွေကို တည်ဆောက်တာ၊ ဟက်တာ
နည်းပညာက ကျွန်မတို့ဘဝရဲ့ အစိတ်အပိုင်းဖြစ်လာပြီး သူ့ကို စိတ်ကြိုက် ပြင်ဆင်လို့ရရင် ပိုပျော်ဖို့ ကောင်းမှာပါ။ အီလက်ထရောနစ်ပစ္စည်းတစ်ခုကို ဟက်ဖို့ဆို ပစ္စည်းတွေအကြောင်း ထဲထဲဝင်ဝင်သိဖို့ လိုပါတယ်။ ကွန်ပျူတာဆင်တာကို စလေ့လာကြရင် မကောင်းဘူးလား။
http://lifehacker.com/…/how-to-build-a-computer-from-scratc… မှာ တစ်စစီဖြစ်နေတဲ့ ပစ္စည်းတွေကနေ ကွန်ပျူတာဖြစ်အောင် တပ်ဆင်နည်းကို လေ့လာနိုင်မှာပါ။ ကြည့်ပြီး တပ်ဆင်နိုင်ပါတယ်။ http://lifehacker.com/tag/arduino မှာလည်း ရှိပါတယ်။
၇. တူရိယာတီးခတ်တတ်အောင် သင်တာ
တူရိယာ အသစ်တစ်မျိုးကို တီးခတ်ချင်ရင် အွန်လိုင်းမှာ သင်နိုင်တဲ့ နေရာအများကြီးပါပဲ။ ဂစ်တာတီးသင်မလား
http://www.justinguitar.com မှာ ဂစ်တာသင်ခန်းစာ ၈၀၀ ကျော်ရှ်ိပါတယ်။ http://lifehacker.com/39…/learn-to-play-an-instrument-online မှာလည်း ကြည့်နိုင်ပါတယ်။ စန္ဒယားတီးသင်ဖို့https://m.youtube.com/watch?v=vphWgqbF-AM မှာရှိတယ်။ ဒရမ်တီးဖို့ https://m.youtube.com/watch?v=k_gsp5KwM-k မှာ ကြည့်နိုင်တယ်။ ဒါတင်မက ပလွေမှုတ်တာအတွက်https://m.youtube.com/watch?v=SAvA5E1Ttek ၊ တယောအတွက်
https://m.youtube.com/watch?v=GbuJ3qnmBmQ ရှိတယ်။ Youtube နဲ့ Videojug မှာလည်း တူရိယာပေါင်းစုံတီးခတ်နည်းတွေကို ကြည့်ရှုလေ့လာနိုင်ပါတယ်။
၈. စားဖိုမှူးတစ်ယောက်လို ချက်တာ
ဟင်းချက်နည်းတွေ၊ ချက်ပြတဲ့အစီအစဉ်တွေ ဘယ်လောက်များများ လူတိုင်းက ပရော်ဖက်ရှင်နယ် စားဖ်ိုမှူးဖြစ်မလာကြပါဘူး။ စားဖိုမှူးလုပ်တော့မယ်ဆို သိသင့်သိထိုက်တဲ့ ကြည့်နိုင်ပါတယ်။ မြန်မာဟင်း၊ တရုတ်ဟင်း စတဲ့ ဟင်းအမျိုးမျိုးအတွက် www.wutyeefoodhouse၊ ဖေ့့စ်ဘုတ်ပေါ်မှာ
https://m.facebook.com/KaeKaeFoodPalace?_rdr တို့ဟာ ထင်ရှားပြီး မှာ ကြည့်နိုင်ပါတယ်။ ဖေ့စ်ဘုတ်ပေါ်မှာလည်း မြန်မာဟင်းချက်နည်းတွေ အများအပြားရှာတွေ့နိုင်ပါတယ်။
၉. ဘာသာစကားအသစ်ကို လေ့လာတာ
လူတွေကို ဘာကို လေ့လာချင်သလဲလို့ မေးတဲ့အခါ အင်္ဂင်္လိပ်စကားအပါအဝင် ဘာသာစကားတစ်ခုကို လေ့လာဖို့ လူတော်တော်များများက စိတ်အဝင်စားဆုံးဖြစ်နေပါတယ်။ တချို့က သင်တန်းသာ တက်တယ်၊ သင်တန်းပြီးတော့ ဘာမှ မကျန်ခဲ့ဘူးဆိုပြီး ပြောတတ်ပါတယ်။ ဘယ်စကါးကို လေ့လာတာဖြစ်ဖြစ် ဘာသာစကားလေ့လာရာမှာ နည်းစနစ်တော့ ရှိရပါမယ်။ အဲသည်နည်းစနစ်ကို http://lifehacker.com/…/i-learned-to-speak-four-languages-i… မှာ ကြည့်နိုင်ပါတယ်။ ဒါဆို သင်တန်းပဲ တက်တက်၊ အပြင်ကပဲ လေ့လာလေ့လာ ထိရောက်ပါပြီ။ တစ်ခုရှိတာက ဘာသာစကားဆိုတာ ပြောနေမှ ထွက်တာဖြစ်လို့ အမြဲသုံးနေဖို့တော့ လိုပါတယ်။
၁၀. ဝက်ဘ်ဆိုက်ဆွဲတာ၊ အက်ပ်ရေးတာ၊ ပရိုဂရမ်ရေးတာ
ကုတ်ဒ်ရေးတတ်အောင် သင်ယူတာဟာ ဝက်ဘ်ဆိုက်ဆွဲဖို့၊ အက်ပ်ရေးဖို့ရဲ့ အခြေခံဖြစ်ပါတယ်။ Beginner တွေအတွက် learn ___ the hard way ဆိုတဲ့ စကားစုကိုသုံးပြီး ရှာဖွေတာ အကောင်းဆုံးပါပဲ။ ကွက်လပ်မှာ ကိုယ်လေ့လာချင်တဲ့ code ကို ထည့်ပေါ့။ ဥပမာ python ကို လေ့လာချင်ရင် learn python the hard way လို့ရှာနိုင်ပါတယ်။
တကယ်လို့ အပြန်အလှန်တုံ့ပြန်နိုင်တဲ့ ဆိုက်ကိုမှ ကြိုက်ရင်www.codecademy.com မှာ အခမဲ့ လေ့လာနိုင်ပါတယ်။ Coding ကို ဒီအတိုင်း လေ့လာရင် ပျင်းစရာကောင်းတာမို့ ပရောဂျက်တစ်ခုလုပ်ပြီး လေ့လာဖို့လည်း အကြံပြုပါရစေ။
ဒါကတော့ သင်တန်းမတက်ဘဲ အွန်လိုင်းကနေ တတ်မြောက်နိုင်တဲ့ အဆင့်မြင့်ကျွမ်းကျင်မှု ၁၀ မျိုးပါပဲ။ အွန်လိုင်းဆိုတာ ဂိမ်းဆော့ဖို့၊ ဖေ့စ်ဘုတ်သုံးဖို့၊ ချက်ဖို့ပဲ အသုံးဝင်တာမဟုတ်ကြောင်း တဖြည်းဖြည်း မြင့်တက်လာတဲ့ ကိုယ့်အရည်အသွေးတွေက သက်သေပြပါလိမ့်မယ်။
စုပြည့်စုံ
Ref. Lifehacker
Crdit to > စုပြည့်စုံ
Tuesday, September 29, 2015
Lock ကျနေသော facebook Account အားပြန်ယူနည်း...
လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ ကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။
ဒါကြောင့် အကောင့်သစ်သုံးနေပြီး မူလအကောင့် ကိုပြန်လိုချင်သူ များ အောက်ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။
-
အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ်ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူးအကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။
(မြန်မာဖုံးထဲမှာ telenor ကိုဘဲ code number ပြန်ပို့ပါတယ်။)
-
၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။
-
ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့်
-
ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်အောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။
-
ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။ အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။
-
သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။
-
ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။
-
ဒီနေရာမှ တစ်ခုထပ်ဖြည့်စွက်ပြီးပြောချင်ပါတယ်..friend ဖြည့်တဲ့နည်းဟာ လွယ်တယ်ထင်ပေမဲ့ သိပ်လွယ်ကူတာတော့မဟုတ်ပါဘူး..သူမေးထားတဲ့ ပုံနဲ့ လူငါးယောက်ကို မှန်အောင် ဖြည့်ရပါတယ်…အချိန်အကြာကြီးယူဖြည့်လို့မရပါဘူး..အချိန်ကြာသွားရင် မှန်ပေမဲ့လဲ အကောင့် log ပွင့်မှာမဟုတ်ပါဘူး။
========================
Credit to > ko.seinthan
မေမေတစ်ယောက်တည်းပဲ
မူကြို
ပထမဆုံးအကြိမ် ဆရာမိဘ အစည်းအဝေးမှာ အတန်းပိုင်ဆရာက “အစ်မရဲ့ကလေးက ရောဂါထူတယ်။ ခုံပေါ်မှာတောင် သုံးမိနစ်ကြာအောင် မထိုင်နိုင်ဘူး။ ဆရာဝန်နဲ့ ပြကြည့်ရင် ကောင်းမယ်”
အိမ်အပြန်လမ်းမှာ ဆရာမ ဘာပြောသလဲလို့ သားကမေးတော့ သူမျက်ရည်ဝဲမိတယ်။ အတန်းသား ၃ဝထဲမှာ သားက အညံ့ဆုံး၊ ဆရာမတွေကို စိတ်ဒုက္ခအပေးဆုံး… ဒါပေမယ့် သားအမေးကို သူပြန်ဖြေလိုက်ပါတယ်။
“ဆရာမက သားကိုချီးကျူးသွားတယ်။ အရင်တုန်းက ခုံပေါ်မှာ သားတစ်မိနစ်ပဲထိုင်နိုင်တယ်။ အခုဆို သုံးမိနစ်တောင် ထိုင်နိုင်ပြီတဲ့။ တစ်ခြားကလေးတွေရဲ့ မေမေတွေက မေမေ့ကို အားကျကြတယ်။ တစ်တန်းလုံးမှာ သားက စာအကြိုးစားဆုံးတဲ့”
အဲဒီညမှာ သူခွံ့စရာမလိုဘဲ သားက ထမင်းနှစ်ပန်းကန် ကုန်အောင်စားလိုက်တယ်။
၂)
မူလတန်း
ဆရာမိဘအစည်းအဝေးမှာ ဆရာမက “ကျောင်းသား ၅ဝမှာ အစ်မရဲ့သားက အဆင့်၎ဝ၊ သူ့အသိဥာဏ် ဖွံ့ဖြိုးမှုကို ကျွန်မတို့ သံသယဖြစ်တယ်။ ဆရာဝန်နဲ့တွေ့ပြီး စစ်ဆေးကြည့်ပါဦး”
အိမ်အပြန်လမ်းမှာ သူမျက်ရည်ကျမိပြန်ပေမယ့် ကားရှေ့ခုံမှာ ထိုင်နေတဲ့သားကို “ဆရာမက သားကို စိတ်ချယုံကြည်တယ်တဲ့။ သားက မတုံး၊ မအပေမယ့် စာထဲစိတ်ပါပါနဲ့ နည်းနည်း ထပ်ကြိုးစားလိုက်ရင် သားဘေးမှာထိုင်တဲ့ အဆင့်၂၁ရတဲ့ ကျောင်းသားကိုတောင် ကျော်နိုင်တယ်တဲ့” လို့ ပြောလိုက်တယ်။
သူ့စကားကို ကြားတော့ ငေးမှိန်နေတဲ့ သားမျက်လုံးက အရောင်လက်သွားခဲ့တယ်။ ညှိုးငယ်နေတဲ့မျက်နှာလည်း ရွှင်လန်းလို့လာတယ်။ သားတဖြေးဖြေး သိတတ်နားလည် ကြီးပြင်းလာမှန်း သူသတိထားလိုက်မိတယ်။
နောက်တစ်နေ့ ကျောင်းတက်ဖို့ ခါတိုင်းထနေကျအချိန်ထက် သားအစောကြီး နိုးနေခဲ့တယ်။
၃)
အလယ်တန်း
ဆရာမိဘအစည်းအဝေးမှာ သားရဲ့ ထိုင်ခုံနေရာမှာ သူသွားထိုင်နေခဲ့ပြီး သားနာမည် အခေါ်ခံရဖို့ကို သူစောင့်နေခဲ့တယ်။ အစည်းအဝေးတိုင်းမှာ သားနာမည်ဟာ မပါမဖြစ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် အစည်းအဝေးပြီးတဲ့အထိ သားနာမည် မပါခဲ့ဘူး။ တစ်ခုခုမှားတယ် အထင်နဲ့ တာဝန်ကျဆရာမကို သူမေးလိုက်တယ်။
“အခုရမှတ်နဲ့ဆိုရင် အစ်မရဲ့သားက နာမည်ကြီးကျောင်းရဖို့ သိပ်မလွယ်ဘူး”
စိတ်ထဲမှာ သူဝမ်းသာသွားမိတယ်။ အခန်းဝမှာ စောင့်နေတဲ့ သားရဲ့ပုခုံးကို သိုင်းဖက်ပြီး ဝမ်းသာအားရတဲ့ အသံနဲ့ ” သား… သားရဲ့အတန်းပိုင် ဆရာမက ပြောတယ်။ သားဒီ့ထက် နည်းနည်းထပ်ကြိုးစားရင် နာမည်ကြီးတဲ့ အထက်တန်းကျောင်းကို ဝင်နိုင်တယ်တဲ့”
၎)
သား အထက်တန်းအောင်ခဲ့ပါပြီ။
တက္ကသိုလ်ဝင်ခွင့် အကြောင်းကြားစာ လာယူဖို့ ကျောင်းကဖုန်းဆက်တော့ သားကို သူလွတ်လိုက်တယ်။
သူ့အသိစိတ်ထဲမှာ နာမည်ကြီးတက္ကသိုလ်တစ်ခုကို သားရမယ်လို့ ကြိုသိနေခဲ့တယ်။ စာမေးပွဲ မဖြေခင်တုန်းက ဒီတက္ကသိုလ်အတွက် သားအမှတ်မီနိုင်တယ်လို့ သားကို သူပြောခဲ့လို့ဖြစ်တယ်။
အိမ်တံခါးဝမှာ ဆီးကြိုနေတဲ့ သူ့လက်ထဲ သူမှန်းထားတဲ့ တက္ကသိုလ်က အကြောင်းကြားစာကို သားက ကမ်းပေးလိုက်တယ်။ သားအမိနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး ငိုခဲ့ကြတယ်။
“မေမေ… သားဟာ ဥာဏ်ကောင်းတဲ့ ကလေးတစ်ယောက် မဟုတ်မှန်း သားကိုယ်သား သိတယ်။ ဒါပေမယ့် ဒီလောကမှာ သားကို အလေးအနက်ထား နှစ်သက်ခဲ့တာ မေမေတစ်ယောက်တည်းပဲ ရှိခဲ့တယ်။ ကျေးဇူးပါ မေမေ”
သားစကားကြောင့် ၁ဝနှစ်ကျော်ကြာ ရင်ထဲ တိတ်တခိုးသိမ်းဆည်းထားတဲ့ မိခင်ဖြစ်သူ၏ ပူဆွေးသောကတွေက သူ့ပါးပြင်ပေါ် ဝမ်းသာကြည်နူးတဲ့ မျက်ရည်အသွင်ဖြင့် စီးကျလာခဲ့လေသည်
ထိုကလေးသည် နောင်တစ်ချိန် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး အမေရိကန်နိုင်ငံ၏ ၂၄ ဆက်မြောက်သမ္မတ ဘီလ်ကလင်တန်ဟူသောအမည်ဖြင့် ထင်ရှားလာခဲ့လေသည်
Credit – Original Writer
The Express Times