Thursday, August 15, 2013
" ဗုဒ္ဓအလိုတော်ကျ ဓမ္မယတြာ "
လောကလူသားတို့သည် မိမိတို့ဘ၀တွင် အလိုမရှိ၊ မမြတ်နိုး၊ မနှစ်သက်၊ မတောင့်တ အပ်သော ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုး၊ ရောဂါဆိုးအမျိုးမျိုးတို့နှင့် ကြုံတွေ့လာရသောအခါ ဆင်းရဲဒုက္ခ ရောက်ကြရ၏။ ယူကြုံးမရ ဖြစ်ကြရ၏။ ဆောက်တည်ရာမရ ငိုကြွေးကြရ၏။ စိုးရိမ်ပူဆွေးကြရ၏။ ဘာလုပ်၍ ဘာကိုင်ရမှန်းမသိအောင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တတ်ကြ၏။ ဤသို့ဆင်းရဲဒုက္ခ တွေ့ကြုံရ၍ မိမိကိုယ်တိုင် ကံနိမ့်နေခြင်းကို သိကားသိ၏။ သို့သော် ထိုနိမ့်နေသောကံကို မြင့်လာအောင် မည်သို့သောနည်းလမ်းဖြင့် ပြုလုပ်ရမည်ကို မသိ။ ကျော်လွှားရမည်ကို နားမလည်။ ပြုပြင်ရမည်ကို သဘောမပေါက်ကြချေ။
ထိုကြောင့် အားကိုးရာကို ရှာကြ၏။ ထိုသို့ရှာရာတွင် မိမိတို့ အမြဲကိုးကွယ်သော လောကုတ္တရာ ဗုဒ္ဓတရားတော်များကို မေ့လျော့ကာ လောကီ ဗေဒင်ဆရာကို အားကိုးကြ၏။ ဆည်းကပ်ကြ၏။ ယတြာချေကြ၏။ ယတြာဟူသည် အဘယ်နည်း?။ ယကြာဟူသည် ကောင်းဆိုး နှစ်တန်ကို ဖြစ်စေ ပျက်စေတတ်သည်ဟု အဓိပ္ပါယ် ရှိပါ၏်။ ကောင်းကျိုးများကို ဖြစ်စေနိုင်သလို ပျက်စေနိုင် အောင်လည်း ဖန်တီးနိုင်သည်သာ။ ဆိုးကျိုးများကို ဖြစ်စေနိုင်သလို ပျက်စေနိုင်အောင်လည်း ဖန်တီးနိုင်ပါသည်။ သို့သော် ရာနှုန်းပြည့် ပြုလုပ်နိုင်စွမ်းမည်ကား မဟုတ်ပါပေ။
ထိုသို့ယတြာချေရာတွင် အပြစ်ကင်းသော ယတြာချေနည်းဖြစ်လျှင် မထောင်းသာ၊ တော်သေး၏။ အကုသိုလ်အပြစ်ပြုလုပ်၍ ချေရသော ယတြာဖြစ်လျှင် “ပေါ့စေလို၍ ကြောင်ရုပ်ထိုး ဆေးအတွက်ကြောင့်ပို၍လေး” ဆိုသလို ယတြာချေကာမှ ယတြာမကျေ၊ မပေါ့ဘဲ၊ မကင်းပျောက်ဘဲ၊ ပိုဆိုးသောအဖြစ်မျိုး၊ ကြမ္မာဆိုးနှင့် ကြုံရကိန်းဆိုက်ပေတော့မည်။
♦ ထာဝရ အေးငြိမ်းချမ်းသာရေးသို့ ♦
-----------------------------------
ဤနေရာ၌ ရေးပြလိုသော ယတြာသည် လောကီယတြာဖြစ်သော ဓာတ်ယတြာ၊ နတ်ယတြာ မဟုတ်။ မြတ်ဗုဒ္ဓဟောတော်မူခဲ့သော ဓမ္မယတြာပင် ဖြစ်ပါ၏။ ဓမ္မယတြာသည် တစ်ကြိမ်မျှသာ ဘေးအန္တရာယ် ကင်းငြိမ်းခြင်းကို မရည်ရွယ်။ တစ်ဘ၀လုံး ဘေးအန္တရာယ် ကင်းငြိမ်းခြင်းမှသည် ထိုဘေအန္တရာယ်အပေါင်းမှ ထာဝရ ကင်းပျောက်၍ အေငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့တိုင် ဦးတည်သည်။ ထိုရည်ရွယ်ချက် ဦးတည်ချက်တို့ ထမြောက် အောင်မြင်ရန်အတွက် ဖော်ပြထားသော အချက်အလတ်တို့မှာ…..
“အဒွေစ္စ ၀စနာ ဗုဒ္ဓါ” “ဘုရားစကား အမှားမရှိ”
ဟူသည်နှင့်အညီ တကယ်လိုက်နာကျင့်သုံးလျှင် လက်တွေ့အကျိုးရှိသည့် ဘုရားပေးသော အချက်အလတ်များ ဖြစ်သောကြောင့် စိတ်ချယုံကြည်ထိုက်ကြောင်း အထူးဖော်ပြရန် မလိုပါချေ။ တစ်နည်းအားဖြင့် ဗုဒ္ဓဘုရားအပေါ် ယုံကြည်မှု အားနည်းသူ ဖြစ်လျှင်သော်မှ ပြောသူ၊ ရေးသူကို ဖယ်ထားပြီး၊ တင်ပြထားသော အချက်အလတ်များကို အကဲဖြတ်၍ လက်တွေ့ အသုံးချ ကြည့်အားဖြင့် ဦးတည်ချက်မှန်ကန်ကြောင်း တွေ့မြင် သိရှိနိုင်ပါသည်။
ဘေးအန္တရာယ်များ ကျရောက်လာခြင်းသည် အကျိုးတရားသာ ဖြစ်၏။ ဘေးအန္တရာယ် အဘယ့်ကြောင့် ဖြစ်ရသနည်း? ဟု အဖြေရှာရာတွင် အကြောင်းတရားကို တွေ့ရ၏။ ထိုဘေးအန္တရာယ် ဖြစ်ရသည့် အကြောင်းဟူရာ၌ အနီးကပ်အကြောင်း (သန္တိကေနိဒါန်း) နှင့် အခြေခံအကြောင်း၊ သို့မဟုတ် ဝေးသောအကြောင်း (ဒူရေနိဒါန်း) ဟူ၍ရှိ၏။ ဘေးအန္တရာယ် ဟူသော အကျိုးတစ်ခု ဖြစ်ပေါ်လာရန်အတွက် အဖြစ်အပျက်၊ သတ၊္တိ ကိစ္စအမျိုးမျိုးတို့ ပါဝင်လျက်ရှိသည်။ ဘေးအန္တရာယ်တစ်ခုခုနှင့် တွေ့ကြုံလာရသောအခါ ထိုဘေးအန္တရာယ် ဖြစ်ရသည့် အခြေခံအကြောင်းကိုသာ စူးစမ်း၍ ပျောက်ငြိမ်းအောင် လုပ်နိုင်မှသာလျှင် ဘေးအန္တရာယမျာ်း အမြစ်ပျက်နိုင်မည် ဖြစ်ပါသည်။ အကြောင်းမငြိမ်း၊ အမြစ်မပျက်ပါက တစ်မျိုးပြီးတစ်မျိုး လှည့်ပတ်ကာ ဖြစ်ပေါ်နေမည်သာ ဖြစ်သည်။ ဘေးအန္တရာယ်ကင်းရေး အသိဉာဏ်သည် ဘေးအန္တရာယ် ကင်းရှင်းရုံသာမက၊ အသက်ရှည်၊ ကျန်းမာ၊ ချမ်းသာရေး အတွက်ပါ အသုံးကျသဖြင့် ထိုသို့သောအသိဉာဏ် ရင့်သန်အောင် အားထုတ်သင့်ပါ၏။ ဤသို့အားထုတ်ခြင်းသည် ဘေးအန္တရာယ်ဖြစ်၍ ဆင်းရဲ ဒုက္ခ ကြုံတွေ့ ခံစားရသလောက် ပင်ပန်းမည် မဟုတ်ပေ။
♦ အန္တရာယ် ♦
----------------
မိမိတို့ဘ၀၀ယ် ကြုံတွေ့လာရသည့် ဘေးအန္တရာယ်ဟူသော စကားလုံးကို ရှင်းပြပါဦးမည်။ “ဘေး”ဟူသည် “ဘယ”ဟူသော ပါဠိမှဆင်းသက်လာသော မြန်မာစကားဖြစ်၏။ မလိုလားအပ်သောအရာ၊ မချစ် မနှစ်သက်အပ်သောအရာ၊ ကြောက်စရာ၊ မုန်းစရာဖြစ်သော ဆင်းရဲဒုက္ခဟူ၍ အဓိပ္ပါယ်ရပါသည်။ “အန္တရာယ်” ဟူသည် “အန္တရာယ” ဟူသောပါဠိစကားလုံးမှ ဆင်းသက်လာခြင်း ဖြစ်၏။ “အန္တရာယ” ဟူသည် “အန္တရာယ=အကြားကာလ”ဟု တိုက်ရိုက် သဒ္ဒါအနက်ရ၏။ “အကြားကာလ၌ ၀င်ရောက်လာကာ အကျိုးပေးတတ်သောအရာ” ဟူ၍ အဓိပ္ပါယ်ရ၏။
မည်သည့်အကြား ကာလနည်းဟူမူ မိမိတို့ဘ၀တွင် ယခင်ဘ၀က ပြုလုပ်ခဲ့ကြသော ကုသိုလ်၊ အကုသိုလ်ကံများလည်း ပါရှိကြမြဲတည်း။ ယခုဘ၀၌လည်း အသစ်ထပ်မံ ပြုလုပ်သော ကုသိုလ်၊ အကုသိုလ်ကံများလည်း ရှိကြသည်သာ။ ထိုတွင် မိမိတို့ဘ၀၀ယ် ရှိပြီးသော ကုသိုလ်ကံတို့ နည်းလာ၊ ပါးလာသောအခါ အပေါက်အကြား ဖြစ်လာ၏။ ကြားကာလ ပေါ်လာ၏။ ထိုကုသိုလ်ကံတို့၏ ကြားကာလ၌ အကုသိုလ်ကံတို့က ၀င်ရောက်ကာ အကျိုးပေးတတ်၏။ ထိုသို့ကုသိုလ်ကံတို့၏ အကြား၌ ၀င်ရောက်ကာ အကျိုးပေးတတ်သော အကုသိုလ်ကံတို့၏ အကျိုးပေးဖြစ်သည့် မကောင်းသော ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုး၊ ရောဂါဆိုးများကို ဘေးနှင့် အန္တရာယ်ပေါင်းကာ “ဘေးအန္တရာယ်” ဟု ခေါ်ဆိုခြင်း ဖြစ်ပါ၏။ ဆိုလိုခြင်းမှာ ကုသိုလ်ကံများ နည်းလာသောအခါတွင် အကုသိုလ်ကံက ၀င်ရောက်ကာ အကျိုးပေးတတ်၏။ ထိုအကုသိုလ်ကံတို့၏ အကျိုးပေးကို “ဘေးအန္တရာယ်” ဟုခေါ်ဆိုပါသည်။ ထိုအကုသိုလ်တို့၏ အကျိုးဟူသည် ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုး၊ ရောဂါဆိုး အမျိုးမျိုးတို့ပင် ဖြစ်ပါသည်။
♦ အာပါတ်ဖြေနည်း/ အပြစ်ဖြေဖျောက်နည်း ♦
-------------------------------------------------
ဝိနည်းပိဋကတ်၌ အာပါတ်သင့်လျှင် အာပတ်ဖြေနည်းရှိသကဲ့သို့ သဘာဝတရား၌လည်း ၀င်ပေါက်ရှိသလို ထွက်ပေါက်လည်း ရှိသည်သာတည်း။ ၀ိနည်း၌ ပါရာဇိကလို အာပတ်ကြီးများအတွက် အာပတ်ဖြေ၍မရ။ သို့သော် အပေါ့စား ပါစိတ်၊ ဒုက္ကဋ် စသော အာပတ်ငယ်လေးများ အတွက်မူ အာပတ်ဖြေ၍ရ၏။ ရဟန်းတော်များအတွက် အာပတ်ဖြေနည်း(ဒေသနာကြားနည်း)ကို ၀ိနည်းပိဋကတ် ပါဠိတော်တွင် ဗုဒ္ဓက အတိအကျ ဟောတော်မူခဲ့၏။ သဘာဝတရား၌လည်း နိယတမိစ္ဆာဒိဋ္ဌိကံ၊ ပဉ္စာန န္တရိယကံ ကြီးမျိုးတို့ကဲ့သို့ ကြီးလေးသောကံဝင်ပေါက်သို့ ၀င်မိလျှင် ထွက်ပေါက်မရှိချေ။ သို့သော် အကျိုးပေးမမြဲသော အပယိက သာမန်အကုသိုလ်အပေါက်သို့ ၀င်မိရာ၌မူ ထွက်ပေါက်ရှိပေသည်။ သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ သူတစ်ပါးသားမယား ပြစ်မှားခြင်း၊ လိမ်ညာပြောခြင်း၊ သေရည် အရက် သောက်ခြင်း စသောမကောင်းမှုတို့သည် အကုသိုလ်ဖြစ်၏။ အပြစ်ရှိ၏။ ဆိုးပြစ်များကို ဖြစ်စေနိုင်၏။ ဤကား အမှန်တရားတည်း။ ဤကား သဘာဝ၏ ၀င်ပေါက်တည်း။ သို့သော် သဘာဝ၏ ထွက်ပေါက်လည်း ရှိပေသည်။ ယင်းသဘာဝတရား၏ ၀င်ပေါက်ထွက်ပေါက်ကို မြတ်စွာဘုရားက အထင်အရှား ပြခဲ့ပြီး ဖြစ်ပါ၏။ ယင်းသဘာဝ၏ ထွက်ပေါက်ကား အခြားမဟုတ်။
၁။ ကံတို့၏ အကျိုးပေးသဘောကို သိရမည်။
၂။ သမ္မပ္ပဓါန် ဖြစ်အောင် လုပ်ရမည်။ ဤကား ထွက်ပေါက်တည်း။
ဤနည်းကို “လူအာပါတ်ဖြေနည်း”ဟုဆိုသော် ဖြစ်နိုင်သည်သာ။ လူတို့အတွက် အာပါတ်ဖြေနည်း (အပြစ်ဖြေနည်း)ဟူသော နာမည်ဖြင့် ဗုဒ္ဓက သီးခြား ဟောတော်မမူခဲ့သော်လည်း ဤသမ္မပ္ပဓါန်နည်းကို “လူအာပါတ်ဖြေနည်း” ဟု အမည်ပေးသော် ရနိုင်သည်သာတည်း။ ဤသမ္မပ္ပဓါန်နည်းသည်လည်း ဗုဒ္ဓဟောတော်မူခဲ့သော တရားပင် မဟုတ်ပါလော။ သို့သော်လည်း
သေးငယ်သော အပြစ်များဆိုလျှင် အာပတ်ဖြေနည်းဖြင့် ဖြေဖျောက်နိုင်ပါ၏။ ကြီးမားသော ပဉ္စာန န္တရိယကံ အပြစ်များကိုကား မည်သည့်နည်းနှင့်မျှ ဖြေဖျောက်၍ ရနိုင်မည် မဟုတ်ပေ။
♦ ကံတို့၏ အကျိုးပေးခြင်း သဘော ♦
---------------------------------------
ကံတို့၏သဘောသည် အကုသိုလ်ကံဖြစ်စေ၊ ကုသိုလ်ကံဖြစ်စေ တစ်ခုတည်းနှင့် အကျိုးမပေးနိုင်ပေ။ တစ်ခုတည်းဟူသည် အရှိန်အဟုန် အင်အားမရှိခြင်းကို ဆိုလိုလိုပါ၏။ (ပြုလုပ်ဆဲခဏ၌ ဖြစ်သောစိတ်သည် စိတ္တက္ခဏ တစ်ချက်သာဖြစ်၍ ချုပ်ပျောက်၏။ ဆက်ကာဆက်ကာ သတိရနေသောအခါ ထိုစိတ်သည် ဆက်ကာဆက်ကာဖြစ်၍ တိုးပွါး၏။)
(က) အထပ်ထပ်အပြန်ပြန် အထုံရ၍ (သတိရ၍) အားရှိရင့်ကျက်သောအချိန်၊
(ခ) မိမိထက် အားကောင်းသော အခြားသောကံတစ်ခုခုက မဖြတ်၊ မသတ်၊ မနှိပ်ကွက်နိုင်သောအချိန်၊
ဤ(၂)မျိုးသော အချိန်အခါတို့၌သာ အကျိုးပေးနိုင်လေသည်။
ဥပမာ။ ။လူတစ်ယောက်သည် အကုသိုလ်မှုအပြစ်ကို မပြတ်ပြလုပ်ခြင်း၊ မပြတ်သတိရခြင်း၊ မပြတ်သာယာခြင်းတို့ ရှိနေလျှင်သော်လည်းကောင်း၊ အခြားသော ကုသိုလ်ကံ တစ်ခုခုမျှ မရှိလျှင် သော်လည်းကောင်း၊ ထိုအခြအနေမျိုးတွင် ကိုယ်လုပ်ခဲ့သော အကုသိုလ်ကံက အကျိုးပေးတော့၏။ အကယ်၍ လူတစ်ယောက်သည် အကုသိုလ်မှုအပြစ်ကို ပြုလုပ်ပြီး မပြတ်အထုံပြုခြင်း၊ သတိရခြင်း မရှိလျှင်သော်လည်းကောင်း၊ ကုသိုလ်ကံက ထိုမိမိပြုလုပ်ခဲ့သော အကုသိုလ်ကံကို ပယ်သတ်လိုက်လျှင်သော်လည်းကောင်း၊ အကျိုးပေးရမည့်အချိန် လွန်သွားလျှင် သော်လည်းကောင်း၊ ထိုမိမိ၏ အကုသိုလ်ကံသည် အဟောသိကံ (အချည်းနှီး) ဖြစ်သွားလေတော့သည်။ အကျိုးမပေးနိုင်သည့်ကံ ဖြစ်သွားသည်ဟု ဆိုလိုပါသည်။
ထို့ကြောင့် ကံတို့၏ အကျိုးပေးခြင်းသဘောကို “ရေများရေနိုင်၊ မီးများမီးနိုင်” ကဲ့သို့ မှတ်ယူရပါမည်။ မိမိဘ၀၀ယ် ကုသိုလ်ကံက များနေလျှင် ထိုများသောကုသိုလ်ကံက အရင်အကျိုးပေး၏။ အကုသိုလ်ကံက များနေလျှင် ထိုများသော အကုသိုလ်ကံက အရင်အကျိုးပေး၏။ ထို့ကြောင့် မိမိတို့ဘ၀တွင် မည်သည့်ကံက များနေသနည်း ပြန်လည် စဉ်းစားသင့်၏။ လူအများစု ထင်နေကြသည်ကား “မကောင်းသော အတွေးအကြံ၊ အပြော၊ အလုပ်တို့ကို မကြံ၊ မပြော၊ မလုပ်လျှင် မိမိဘ၀မှာ အကုသိုလ် မဖြစ်” ဟူ၍ ယေဘုယျ ထင်နေကြ၏။ သို့သော် ဤသည်လည်း တထစ်ကျ မှန်သည်ဟု မဆိုနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓအလို ပိဋကတ်တော်အရ မွေးချိန်၊ သေချိန်၊ အိပ်ချိန်၌ ဖြစ်သောစိတ်ကို ၀ိပါက်စိတ် (၀ိပါက စိတ်)ဟုခေါ်၏။ ထိုဝိပါတ်စိတ်မှ လွဲ၍ ကျန်အချိန်များတွင် ကုသိုလ်၊ သို့မဟုတ် အကုသိုလ် တစ်ခုခုဖြစ်မြဲပင်တည်း။
အထက်မှာဆိုခဲ့သလို စိတ်ဆိုးခြင်း၊ ရန်ဖြစ်ခြင်းစသည်ဖြစ်လျှင် ဒေါသဖြစ်၏။ သူတစ်ပါးပစ္စည်းကို မတရားလိုချင်ခြင်း စသည်ဖြစ်လျှင် လောဘတည်း။ မိမိတို့မှာ ထိုသို့သော လောဘ၊ ဒေါသတို့ မရှိကြ။ စိတ်ဆိုး စိတ်ယုတ်မာတို့ မရှိကြ။ ထို့ကြောင့် မကောင်းမှု အကုသိုလ်ကံတို့ မဖြစ်ဟူ၍ ထင်ကြ၏။ လောဘ၊ ဒေါသတို့သည်သာ အကုသိုလ်ကံများ မဟုတ်ကြ။ မသိခြင်း=မောဟ သည်လည်း အကုသိုလ်ကံပင်တည်း။ သို့ဖြစ်၍ မိမိမှာ လောဘ၊ ဒေါသ တရားတို့လို သိသာထင်ရှားစွာ မဖြစ်ဘဲ၊ ကျန်သော အချိန်၊ ဘယ်အရာဟု အတိအကျ မရှိသော ဝေလေလေ အချိန်များတွင်လည်း မောဟ အကုသိုလ်ကံ ဖြစ်နေသည်ဟု မှတ်ရပေမည်။ အတိအကျ ဆိုရသော် မိမိမှာ ကုသိုလ်ဖြစ်နေသလား၊ မဖြစ်သလားကိုသာ အဓိက ကြည့်ရပေမည်။ တစ်နေ့လုံးတွင် မိမိမှာ ကုသိုလ်မဖြစ်ဘူးဆိုလျှင် သေချာပေါက် အဲဒီအချိန်တွင် အကုသိုလ် ဖြစ်နေသည်ဟု တထစ်ကျ နားလည် သဘောပေါက်ရမည်။ ဤသို့ဆိုလျှင် လောကလူတို့တွင် ကုသိုလ်၊ အကုသိုလ် (၂)မျိုးတွင် အကုသိုလ်ဖြစ်သူများနေကြောင်း တွေ့မြင် သဘောပေါက် ကြပါလိမ့်မည်။
♦ ဓမ္မယတြာ ♦
-------------------------
အကယ်၍ မိမိမှာ မလိုလားအပ်သော ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုး၊ ရောဂါဆိုး တစ်မျိုးမျိုးကျရောက်လာလျှင် ကံနိမ့်နေပေပြီဟုကား လူတိုင်း သိကြပါ၏။ သို့သော် ထိုသို့သော အခြေအနေကို မည်သို့သောနည်းဖြင့် ကျော်လွှား လွန်မြောက်ရန် ပြုလုပ်ရမည်ကို နားမလည်ကြပေ။ ထို့ကြောင့် အားကိုးရှာမှားကာ ဗေဒင်ယတြာကို အားကိုးကြရခြင်း ဖြစ်ပါ၏။ ထိုယတြာသည် ဓမ္မနည်းကျကျဆိုလျှင် တော်ပါသေး၏။ ဓမ္မနည်းလမ်းမကျ၍ အပြစ်ရှိသော ယတြာချေနည်း ဖြစ်လျှင် ခက်ရချည်ရဲ့။
ဆိုလိုသည်မှာ မူလကမှ ကုသိုလ်ကံကနည်း၊ အကုသိုလ်ကံက များနေ၍ ကံနိမ့်ပြီး၊ မကောင်းသောအကျိုးပေးများ ကျရောက်နေရချိန်၊ ယတြာအချေမတတ်၍ အပြစ်ရှိသော ယတြာကိုသာ ထပ်မံပြုလုပ်မိပါက “ဗူးလေးရာ ဖရုံဆင့်” သလို ဖြစ်နေ၍ “ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ” ကိန်းဆိုက်ရောက်ပေတော့မည်။ မကောင်းသောကံကြမ္မာဆိုးများကို လက်ယက်ခေါ်သလို ဖြစ်နေပေတော့မည်သာတည်း။
ဗုဒ္ဓနည်းကျ ဓမ္မယတြာ ဟူသည် အခြားမဟုတ်ပေ။ ကံနိမ့်လျှင် ကံမြင့်အောင် ကံဆင့်ပေးရမည် ဖြစ်ပါ၏။ ကံဆင့်ခြင်းဟူသည် နိမ့်နေသော၊ နည်းနေသော ကုသိုလ်ကံတို့ မြင့်မားလာအောင်၊ တိုးပွါးလာအောင်၊ များပြားလာအောင် ထပ်မံပြုလုပ်ပေးခြင်းပင် ဖြစ်၏။ ဒါနမှု၊ သီလမှု၊ ဘာဝနာမှုကို ကြီးကြီးကျယ်ကျယ် ပြုလုပ်နိုင်လျှင် အကောင်းဆုံးတည်း။ အကြောင်းမညီညွတ်၍ ကြီးကြီးကျယ်ကျယ် မပြုလုပ်နိုင်လျှင်လည်း ကိစ္စမရှိ။ ဥပမာ.. အဓိဋ္ဌာန်ဖြင့် ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်း၊ ပရိတ်တရားတော် ရွတ်ဖတ်ခြင်း၊ ဘုရားရှိခိုးခြင်း စသည်တို့ကို မိမိတတ်နိုင်သမျှ ပြုလုပ်နိုင်၏။ ထိုသို့သော အခြေအနေဆိုး တစ်မျိုးမျိုးနှင့် ကြုံတွေ့လာရပြီဆိုလျှင်၊ ကံနိမ့်သော အနေအထားမျိုး တွေ့မြင်လာရပြီဆိုလျှင် မိမိမှာ ကုသိုလ်ကံတို့ နည်းနေပြီ။ ရှိနှင့်ပြီးသော ကုသိုလ်တို့ဖြင့် လုံလောက်မှု မရှိတော့။ အခါတိုင်းထက်ပိုပြီး ကုသိုလ်ကောင်းမှုကို ပြုလုပ်ပေးဖို့လိုနေပြီ ဆိုသည်ကို သဘောပေါက်နားလည်ရပေမည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ကုသိုလ်ကံအရှိန်အ၀ါ ကြီးမားလာလျှင် အကုသိုလ်ကံတို့သည် ရှောင်ခွါအဝေး ပြေးရမြဲ ဓမ္မတာပင်တည်း။
♦ အဘိဓမ္မာအမြင် ♦
------------------------
အဘိဓမ္မာအမြင်ဖြင့် သုံးသပ်ရသော် ကုသိုလ်ကံနှင့် အကုသိုလ်ကံတို့၏ အကျိုးပေးသည် အင်းအားကြီးသောကံက အရင်အကျိုးပေးမြဲဓမ္မတာတည်း။ ကောင်းပြီ၊ ‘ကံ(၂)မျိုးလုံးသည် သူမသာ ကိုယ်မသာ အင်းအားညီမျှနေလျှင်ကော’ ဟု မေးစရာရှိ၏။ ထိုသို့သော အခြေအနေမျိုးဆိုလျှင် ကုသိုလ်ကံက သာမြဲ၊ အင်းအားကြီးမြဲ၊ အရင်အကျိုးပေးမြဲတည်း။
အဘယ့်ကြောင့်ဤသို့ဆိုရသနည်းဟူမူ..ကုသိုလ်ကံ၏သဘောတရားကို အဘိဓမ္မာ(၇)ကျမ်း၌ ပါဝင်သော ဓမ္မသင်္ဂဏီ ပါဠိတော်တွင် ဘုရားရှင်က “ကုသလံ အန၀ဇ္ဇသုခ၀ိပါက လက္ခဏာ၊ အကုသလ ၀ိဒ္ဓံသန ရသာ။” စသည်ဖြင့် ဟောထားပါသည်။ ကုသိုလ်ကံ(ကုသိုလ်) ဟူသည် အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကို ပေးတတ်ခြင်း လက္ခဏာရှိ၏။ အကုသိုလ်၏ အကျိုးပေးဖြစ်သော မကောင်းသော ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုး၊ ရောဂါဆိုးများ ကျရောက်ခြင်းတို့ကို တားဆီးခြင်း၊ ပယ်မြစ်ခြင်း၊ ဖျောက်ဖျက်နိုင်ခြင်း အစွမ်းသတ္တိရှိ၏ ဟူ၍ အဓိပ္ပါယ်ရပါသည်။
ဆိုလိုသည်မှာ ကုသိုလ်သည် ကောင်းသောအလုပ်ဖြစ်၏။ ထိုသို့ ကောင်းသောအလုပ်ဖြစ်၍ အပြစ်မရှိ။ မည်သူ့ကိုမျှ မထိခိုက်ပေ။ ကောင်းသောအလုပ်ဖြစ်၍ ကောင်းသောအကျိုးဖြစ်သည့် ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ အန္တရာယ်ကင်း ဘေးကင်းခြင်း၊ လိုအင်ဆန္ဒ ပြည့်ဝခြင်း စသောအကျိုးတို့ကို ရရှိစေနိုင်ပါ၏။ မိမိမှာ ကုသိုလ်ကံအားကြီးနေလျှင် အကုသိုလ်ကံများ ရှိနေဦးတော့ အကျိုးပေးနိုင်စွမ်း မရှိတော့ပေ။ ကုသိုလ်ကံ၏ တားဆီး ပယ်သတ်မှုကြောင့် သေးငယ်သော အကုသိုလ်ကံများဖြစ်လျှင် လုံးဝကွယ်ပျောက်၍ အကျိုးမပေးနိုင်တော့သော “အဟောသိကံ” ဖြစ်သွားလေ၏။ ကြီးမားသောအကုသိုလ်ကံများဖြစ်လျှင် ချက်ချင်း အကျိုးမပေးနိုင်အောင်၊ ကြီးသည့်အမှု သေးအောင်၊ သေးသည့်အမှု ပပျောက်အောင် ကုသိုလ်ကံက ပြုလုပ်နိုင်စွမ်း ရှိကြောင်း ယုံကြည်ကြပါကုန်။
သို့သော်လည်း ပဉ္စာန န္တရိယကံ (၁။အမိသတ်ခြင်း။ ၂။အဖသတ်ခြင်း။ ၃။ရဟန္တာသတ်ခြင်း။ ၄။ဘုရားရှင်ကို သွေးထွက်သံယိုဖြစ်အောင် ပြုလုပ်ခြင်း။ ၅။သံဃာဂိုဏ်းကွဲအောင် ပြုလုပ်ခြင်။) ဟူသော ကြီးလေးသောကံများကို ကျူးလွန်မိသောသူသည်ကား ထိုအကုသိုလ်ကံတို့ကို ကုသိုလ်ကံတို့ဖြင့် ပယ်သတ်ခြင်း၊ တားမြစ်ခြင်းငှါ မတတ်စွမ်းနိုင်တော့ကြောင်းလည်း နားလည်ကြရပေမည်။
♦ သမ္မပ္ပဓါန် ဖြစ်အောင်လုပ်နည်း ♦
-----------------------------------
ပိဋကတ်(၃)ပုံကို အနှစ်ချုပ်လျှင် ဗောဓိပက္ခိယတရား (၃၇)ပါးသာရှိကြောင်း ဗုဒ္ဓစာပေ လေ့လာသူတိုင်း နားလည်သဘောပေါက်ပြီး ဖြစ်ပါလိမ့်မည်။ ဗောဓိပက္ခိယတရားဟူသည် ဗောဓိဉာဏ်၏ အသင်းဝင်တရား၊ ဗောဓိဟူသော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို ရရှိစေနိုင်သော တရား(၃၇)ပါးဟု အဓိပ္ပါယ်ရ၏။ ထိုတွင် ပထမကား သတိပဋ္ဌာန်တရား(၄)ပါး၊ နှစ်ခုမြောက်ကား ယခုဆိုလတံ့သော သမ္မပ္ပဓါန်တရား (၄)ပါးပင်တည်း။ သမ္မပ္ပဓါန=သမ္မပ္ပဓါန်ဟူသည် ကြိုးစားအားထုတ်ကြောင်းတရား ဟုဆိုလိုပါ၏။ အရကောက်ယူသော် လုံ့လ ကြိုးကုတ် အားထုတ်မှု ၀ီရိယပင်တည်း။
ထို(၄)ပါးကား…
၁။ မပြုလုပ်ရသေးသော မကောင်းမှု အကုသိုလ်တရားတို့ကို မပြုလုပ်မိစေရန် ကြိုးစား ရှောင်ကြဉ်ရမည်။
၂။ မပြုလုပ်ရသေးသော ကောင်းမှု ကုသိုလ်တရားတို့ကို ကြိုးစားပြုလုပ်ရမည်။
၃။ ပြုလုပ်ပြီးသော မကောင်းမှု အကုသိုလ်တရားတို့ကို မေ့ဖျောက်ပစ်ရမည်။
၎။ ပြုလုပ်ပြီးသော ကောင်းမှု ကုသိုလ်တရားတို့ကို တိုးပွါးအောင် ကြိုးစား၍ မပြတ်သတိရ အောက်မေ့နေရမည်။ ဤကား သမ္မပ္ပဓါန်တရား (၄)ပါး၏ သရုပ်ပင် ဖြစ်ပါသည်။ (သမ္မပ္ပဓါန၀ိဘင်း၊ အဘိ၊၂။ ပါ၊ ၂၁၆။)
ဤနေရာ၌ ဗုဒ္ဓဆိုလိုသော အဓိပ္ပါယကို အလွယ်မှတ်ရန်မှာ ကုသိုလ်နှင့်ပါတ်သက်၍ (၂)ချက်၊ အကုသိုလ်နှင့် ပါတ်သက်၍ (၂)ချက် မှတ်ရပါမည်။ အကုသိုလ်(၂)ချက်တွင်လည်း အတိတ်က ပြုခဲ့ပြီးသော အကုသိုလ်နှင့် မပြုလုပ်ရသေားသော အနာဂတ် အကုသိုလ်ဟူ၍ ခွဲခြားမှတ်သားပါလေ။ ထို့အတူ ကုသိုလ်သည်လည်း အတိတ်က ပြုခဲ့ပြီးသော ကုသိုလ်နှင့် မပြုလုပ်ရသေားသော အနာဂတ် ကုသိုလ်ဟူ၍ ရှိကြသည်သာတည်း။ ထိုတွင် အနာဂတ်တွင် မပြုလုပ်ရသေးသည့် အကုသိုလ်နှင့် ကုသိုလ်များသည် မကြုံတွေ့ရသေး။ မပြုလုပ်ရသေး၍ ကြုံလာလျှင် အကုသိုလ်ဖြစ်လျှင် ရှောင်ကြဉ်နိုင်အောင် ကြိုးစားရမည်။ ကုသိုလ်ဖြစ်လျှင် ပြုလုပ်ဖြစ်အောင် ကြိုးစားရမည်။ ထို့ကြောင့် အနာဂတ် အကြောင်းအရာနှင့် ပါတ်သက်၍ အထူးရှင်းပြဖွယ် လိုမည်မထင်ပေ။
အတိတ်အကြောင်းဖြစ်သည့် ပြုလုပ်ခဲ့ပြီးသော အကုသိုလ်ဖြစ်လျှင် ကြိုးစား မေ့ဖျောက်ပစ်ရမည်။ ကုသိုလ်ဖြစ်လျှင် အမြဲသတိရနေအောင် ကြိုးစားရမည်။ အဘယ့်ကြောင့် ဤသို့ဆိုသနည်းဟူမူ ကုသိုလ်ဖြစ်စေ၊ အကုသိုလ်ဖြစ်စေ အမြဲသတိရနေလျှင် ထိုကုသိုလ်ကံ၊ အကုသိုလ်ကံတို့သည် တိုပွါးလာမြဲ ဓမ္မတာပင်တည်း။ သတိမရလျှင် မတိုးပွါးတော့ပေ။ ထို့ကြောင့် ‘အကုသိုလ်ဖြစ်လျှင် မေ့ပစ်၊ ကုသိုလ်ဖြစ်လျှင် အမြဲသတိရနေ’ ဟုဆိုခြင်း ဖြစ်ပါသည်။
မိမိပြုလုပ်ခဲ့ပြီးသော ကံပျက်ပျယ်စေရန်၊ သို့မဟုတ် လျော့ပါးစေရန်အတွက် သမ္မပ္ပဓါန်ဖြစ်အောင် ပြုလုပ်ရမည်မှာ……
၁။ လုပ်မိသည့်၊ သတ်မိသည့်ကိစ္စ၊ အကုသိုလ် အပြစ်များကို မေ့ပျောက်ပစ်ရန် ကြိုးစားရမည်။ မေ့ပစ်ရမည်။ စိတ်ထဲမှာ လုံးဝသတိမရလျှင် အကုသိုလ်ထပ်မပွါးပေ။ သတိရလျှင် သတိရတိုင်း ကိုယ်လုပ်ခဲ့သော အပြစ်များ၊ အကုသိုလ်များ ပို၍ပို၍ တိုးပွါးလာလေသည်။ သတိမရလျှင် တစ်ခါထဲပြတ်လေ၏။
၂။ ကုသိုလ်ကောင်းမှုကို မျာများပြုလုပ်ပေးရမည်။ ထိုမိမိပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုကို ထပ်ခါထပ်ခါ သတိရနေရမည်။ အထုံများလျှင် ကုသိုလ်များ တိုးပွါးလာ၍ “ရေများ ရေနိုင်၊ မီးများမီးနိုင်” ဆိုသကဲ့သို့ အကုသိုလ်များ ခေါင်းမထောင်နိုင်ပါချေ။
ဤနေရာ၌ ပိုမို ရှင်းလင်းစွာ နားလည်စေရန် သက်သေ သာဓကများနှင့်တကွ ရှင်းလင်းပြပါမည်။
♦ သာဓက(၁) ♦
-----------------------
အနှစ်(၆၀)ကြာတရားအားထုတ်ခဲ့သော တောနေရဟန်း။ ။
တစ်ချိန်က တောထွက်ကာ တရားအားထုတ်နေသော ရဟန်းကြီး တစ်ပါးရှိခဲ့ပါ၏။ သူသည် တောထွက်ကာ တရားအားထုတ်လာသည်မှာ နှစ်ပေါင်း(၆၀)ပင် ကြာလာခဲ့ပေပြီ။ သို့သော် ပါရမီမရင့်ကျတ်သေး၍ တရားထူးကား မရရှိခဲ့ပေ။ တစ်နေ့သောအခါ အစားအစာအတွက် သစ်သီးသစ်ဥ ရှာဖွေထွက်ရာမှ အပြန်တွင် မိုးကြီးစွာ ရွာချခဲ့၏။ တောင်ကျချောင်းရေ ထိုးဆင်းလာသောအခါ ရဟန်းကြီးလည်း ထိုတောင်ကျရေနှင့် မျှောပါသွား၍ ကြောက်လန့်တကြား ဆွဲမိဆွဲရာ ဆွဲကိုင်လိုက်ရာ သစ်ကိုင်းတစ်ခုကို ဆွဲမိပြီး၊ အသက်ဘေးမကာှး လွတ်မြောက်ခဲ့ပါ၏။ သို့သော် သူဆွဲကိုင်မိသော သစ်ကိုင်းမှာ ကျိုးပဲ့သွားခဲ့သောကြာင့် ရဟန်းကြီးမှာ အာပတ် အပြစ်သင့်ခဲ့လေသည်။
သူ၏ဘ၀၀ယ် တစ်စုံတစ်ခုသော အပြစ်မျှ မကျူးလွန်ခဲ့ဘူးသောကြောင့် ထိုသေးငယ်သော အပြစ်လေးသည် သူ့အတွက်မူ ကြီးလေးသော အပြစ်ကြီးအဖြစ် သူ၏စိတ်ဝယ် ထင်နေ၏။ ထို့ကြောင့် နေ့စဉ်နေ့တိုင်းပင် ထိုအပြစ်ကို တွေးမြင်ကာ စိတ်မချမ်းမသာ ဖြစ်နေ၏။ ထိုအပြစ်လေးသည် ၀ိနည်းအပြစ်ဖြစ်သော်လည်း ကြီးမားသောအပြစ်ကား မဟုတ်ပေ။ အခြားသော ရဟန်းတစ်ပါးပါး ရှိပါလျှင် ဒေသနာကြားခြင်းဟူသော အာပတ်ဖြေခြင်းကို ပြုလုပ်ကာ ပြေပျောက်နိုင်သော အပြစ်ဖြစ်ပါ၏။ သို့သော် သူ၏အနားဝယ် ဒေသနာကြားရန်အတွက် ရဟန်းတစ်ပါးတလေမျှ မရှိခြင်းပင်တည်း။ ဤသို့အားဖြင့် ထိုရဟန်းကြီးသည် ထိုအာပတ်ဖြင့် စုတေသေလွန်သောအခါ တိရစ္ဆာန်မြွေဘ၀၀ယ် (၇)ရက်တာမျှ ဖြစ်ခဲ့ရလေ၏။
ဤဇာတ်တော်ကို ပြန်လည်သုံးသပ်ရလျှင် ထိုရဟန်းကြီးသည် သူကျူးလွန်ခဲ့သော အပြစ်သက်သက်ကြောင့် တိရစ္ဆာန်ဘ၀ ရောက်ခဲ့ရခြင်းကား မဟုတ်ပါပေ။ ထိုသေးငယ်သော အပြစ်လေးကို မကုစား မပယ်ဖျောက်နိုင်ခြင်း၊ ထိုအပြစ်လေးကို အမြဲသတိရကာ နှလုံးမသာမယာ (၀ိပ္ပဋိသာရ၊ ကုက္ကုစ္စ) ဖြစ်နေခြင်းတို့ကြောင့် ထိုသေးငယ်သော အပြစ်လေးသည် ကြီးမားအစွမ်းထက်လာကာ အကျိုးပေးနိုင်သောကံအဖြစ်သို့ ရောက်ရှိုလာခြင်း ဖြစ်ပါသည်။
♦ သာဓက(၂) ဘာသာခြား ကိုးကွယ်သော ဗေဒင်တတ် ပုဏ္ဏားကြီး ♦
---------------------------------------------------------------------
ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က ဗေဒင်အရာတွင် တစ်ဖက်ကမ်းခတ် တတ်ကျွမ်းသော ပုဏ္ဏားးလင်မယား(၂)ယောက်ရှိ၏။ အသက်အရွယ်ရလာသော တစ်နေ့တွင် ပုဏ္ဏားကြီးသည် သူ၏ကံဇာတာကို သူကိုယ်တိုင် ပြန်လည် စစ်ဆေးကြည့်ခဲ့၏။ သူမကြာခင် အချိန်ကာလတွင် သေရမည်ကို တွေ့ရှိသိမြင်ခဲ့လေ၏။ ပုဏ္ဏေးးမကို ပြော၍ သူ၏ဇာတာ ကံကြမ္မာကို ကူညီစစ်ဆေး ကြည့်ခိုင်းသောအခါတွင်လည်း အဖြေကား အတူတူသာတည်း။ သူတို့တတ်သော ဗေဒင်ပညာဖြင့် ပုဏ္ဏားးကြီး မကြာခင် သေမည်ကိုကား သိ၏။ သို့သော် သေပြီးနောက် ဘာဆက်ဖြစ်မည်ကို မသိပေ။ ထိုမသိသောအရာကို သိချင်သောကြောင့် မြတ်စွာဘုရားထံသို့ ရောက်လာကာ လျှောက်ထားမေးမြန်းလေ၏။
ဘုရားရှင်ကလည်း “ပုဏ္ဏားကြီးသည် မကြာခင် သေလိမ့်မည်၏ သေပြီးနောက် မျောက်ဖြစ်လိမ့်မည်”ဟု ဟောတော်မူလိုက်၏။ ပုဏ္ဏားလင်မယားသည် အိမ်သို့ပြန်လာကာ တိုင်ပင်ကြ၏။ ပုဏ္ဏားကြီး သေပြီးနောက် မျောက်ဘ၀ရောက်သောအခါ နေစရာ၊ စားစရာစသည်တို့ အဆင်ပြေစေရန် တောအုပ်တစ်ခုတွင် ဥယျာဉ်ကြီး ပြုလုပ်ခဲ့လေသည်။ ထိုဥယျာဉ်တွင် နေစရာဇရပ်၊ စားစရာ ငှက်ပျောစသော စားပင်များ၊ သောက်စရာ ရေတွင်း ရေကန်များပါ ပြုလပ်ခဲ့လေသည်။ ထိုသို့ဖြင့် ပုဏ္ဏားကြီး သေမည်ဆိုသောအချိန်သို့ ရောက်လာ၏။ သို့သော် ပုဏ္ဏားကြီးကား မသေခဲ့ပေ။
ထို့သို့ဖြစ်လာသောအခါ မိမိတို့ဗေဒင် မှားယွင်းကြောင်းကိုတော့ သတိမရနိုင်။ ‘မြတ်စွာဘုရားဟောတာ မှားတယ်။ တို့မြတ်စွာဘုရားကို မုသာဝါဒ(လိမ်ပြောမှု)နှင့် စွပ်စွဲကြစို့’ဟု တိုင်ပင်ပြီး ကျောင်းတော်သို့ သွားကာ စွပ်စွဲတော့၏။ မြတ်စွာဘုရားရှင်က “ပုဏ္ဏားကြီး၊ အမှန်စင်စစ် အဲဒီအချိန်တွင် သင်သေရမည်ပင်။ သို့သော် သင်မသေခဲ့ခြင်း အကြောင်းကား သင်သည် တစ်ခုခုသော ကုသိုလ်ကံ (ကောင်းသော အလုပ်)ကို ပြုလုပ်ခဲ့ပါလိမ့်မည်။ သင် ဘာလုပ်ခဲ့ပါသနည်း” ဟု မေးမြန်းခဲ့၏။ ထိုအခါ ပုဏ္ဏားကြီး ပြန်ဖြေသည်ကား “မည်သည့် ကုသိုလ်ကောင်းမှုကိုမျှ မလုပ်ခဲ့ပါ။ သို့သော် သူလုပ်ခဲ့တာ တစ်ခုကား မျောက်ဘ၀ရောက်လျှင် စားဖို့ နေဖို့အတွက် ဥယျာဉ်တည်ခြင်း၊ ဇရပ်ဆောက်ခြင်း၊ ရေတွင်းရေကန်တူးခြင်း စသည်တို့ကိုကား ပြုလုပ်ခဲ့ပါ၏” ဟု ပြန်လည် လျှောက်ထားခဲ့လေသည်။
ထိုအခါ မြတ်စွာဘုရားက ပြန်လည်ရှင်းပြခဲ့လေသည် “ပုဏ္ဏားကြီး၊ သင်ကတော့ မျောက်ဘ၀ရောက်လျှင် စားသောက်နေထိုင်ရန်အတွက် ပြုလုပ်ခြင်းဖြစ်သော်လည်း ထိုအလုပ်သည် ကောင်းသောအလုပ်( ကုသိုလ်ကံ) ဖြစ်၏။ ထိုသင်ပြုလုပ်ခဲ့သော ဥယျာဉ်တွင် ခရီးသွားများအတွက် တည်းခိုစရာ၊ နားနေစရာ၊ စားသောက် အပန်းဖြေစရာ ဖြစ်ခဲ့၏။ ထိုကုသိုလ်ကံ၏ အကျိုးကြောင့် သင်ပုဏ္ဏားကြီးသည် မသေဘဲ အသက်ရှည်ရခြင်းဖြစ်ကြောင်း” ရှင်းပြခဲ့လေသည်။
ဤသာဓကတွင် ပုဏ္ဏားကြီးပြုလုပ်ခဲ့သောကံသည် ကုသိုလ်ကံ အမည်ရရုံသာတည်း။ အဘယ့်ကြောင့်ဆိုသော် ယုံကြည်မှု (သဒ္ဓါတရား)၊ ကမ္မဿကတာဉာဏ် (ကံ ကံ၏အကျိုးကို သိနားလည်ခြင်း) မပါဘဲ ပြုလုပ်ခဲ့သောကြာင့်ပင် ဖြစ်ပါသည်။ ထိုကဲ့သို့ ကုသိုလ်မည်ကာမျှသာ ဖြစ်သော ကုသိုလ်ကောင်းမှုသည်ပင် အသက်မသေအောင် အကျိုးပေးနိုင်သည်ဆိုလျှင် ယုံကြည်မှု (သဒ္ဓါတရား)၊ ကမ္မဿကတာဉာဏ် (ကံ ကံ၏အကျိုးကို သိနားလည်ခြင်း) တို့နှင့် အတူတကွ ပြုလုပ်သော ဗုဒ္ဓဘာသာဝင်တို့၏ ကုသိုလ်ကောင်မှုသည် မည်မျှအထိ အကျိုးပိုများမည်ကို တွေးကြည့်ရုံနှင့် နားလည်သဘောပေါက်နိုင်ပါသည်။
♦ သာဓက(၃) အင်္ဂုလိမာလ၏ အကုသိုလ်ကံတို့ အဟောသိကံ ဖြစ်ပုံ♦
----------------------------------------------------------------------------
လူပေါင်းများစွာကို သတ်၊ လက်ညိုးများကို ဖြတ်ယူပြီး၊ ပန်းကုံးပြုလုပ်လျက် စုဆောင်း၍ လက်ညိုးပေါင်း တစ်ထောင်ပြည့်လျှင် ဆရာကို ကန်တော့မည့် လူဆိုးလူမိုက်ကြီး အင်္ဂုလိမာလ အကြောင်းကို လူတိုင်းကြားဖူးကြမည် ထင်ပါသည်။ သို့ဖြစ်၍ ဤဇာတ်တော်ကို အကျယ်မပြတော့ပြီ။
ဤဇာတ်တော်ကိုကြည့်လျှင် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သော အင်္ဂုလိမာလသည် အဆုံးတွင် ဘုရားနှင့်တွေ့ပြီး၊ တရားထူးရကာ ရဟန္တာဖြစ်ခဲ့လေသည်။
သူပြုလုပ်ခဲ့သော (လူသတ်မှု) အကုသိုလ်အပြစ်တို့သည် ဘယ်သို့ရောက်သွားသနည်း။ အဘယ်ကြောင့် အကျိုးမပေးတော့ဘဲ၊ အဘယ်သို့သောနည်းဖြင့် အဟာသိကံ (အကျိုးပေးနိုင်စွမ်း မရှိတော့ဘဲ အချည်းနှီးဖြစ်သွားသောကံ) ဖြစ်သွားရသနည်း။ စဉ်းစားသင့်သောအချက် ဖြစ်ပါ၏။
အကြောင်းကား အင်္ဂုလိမာလသည် ပါရမီပြည့်ပြီးသော ပစ္ဆိမဘ၀ိကပုဂ္ဂိလ် (ဤဘ၀သည် သူ၏ နောက်ဆုံးဘ၀ဖြစ်ကာ ရဟန္တာဖြစ်မည့်ပုဂ္ဂိုလ်) ဖြစ်၏။ ထို့ကြောင့် သူသည် ဘုရားရှင်၏ တရားတော်ကို နာယူပြီးသည်နှင့် တပြိုင်နက် ရဟန္တာဖြစ်ခဲ့လေသည်။ သူရရှိခဲ့သော တရားထူး အရဟတ္တမဂ်က သူပြုလုပ်ခဲ့သော (လူသတ်မှု) အကုသိုလ်အပြစ်တို့ကို အကြွင်းမဲ့ ပယ်သတ်လိုက်သောကြောင့် ထိုအကုသိုလ်ကံတို့သည် အဟာသိကံ ဖြစ်သွားခဲ့ခြင်း ဖြစ်ပါသည်။
စာပေစကားဖြင့်ပြောရလျှင် သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်လိုက်ခြင်းကြောင့်ပင်တည်း။
♦ ပယ်သတ်နည်း(၃)မျိုး ♦
----------------------------
ဤနေရာတွင် ကုသိုလ်ကံတို့၏ ပယ်သတ်နည်း(၃)မျိုးကို နားလည်ရန် လိုမည်ထင်ပါ၏။
၎င်းတို့မှာ..
၁။ တဒင်္ဂပဟာန်ဖြင့် ပယ်သတ်ခြင်း။
၂။ ၀ိက္ခ မ္ဘနပဟာန်ဖြင့် ပယ်သတ်ခြင်း။
၃။ သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်ခြင်းဟူ၍ ပယ်သတ်နည်း(၃)မျိုးရှိပါသည်။
၁။ တဒင်္ဂပဟာန်ဖြင့် ပယ်သတ်ခြင်း။ ။
ဥပမာ။ ။တရားထိုင်နေသောသူသည် တရားထိုင်နေစဉ် သမာဓိရ၍တည်ငြိမ်နေလျှင် ထိုသမာဓိရနေသမျှကာလပတ်လုံး လောဘ၊ ဒေါသ၊ မောဟ စသောအကုသိုလ်တရားတို့ မရှိ။ မလာတော့ပေ။ ပယ်သတ်ပြီး ဖြစ်တော့၏။ ထိုနည်းတူ ဘုရားရှိခိုးခြင်း၊ တရားနာခြင်း၊ ပုတီးစိပ်ခြင်း စသည်တို့ကို ပြုလုပ်ရာတွင် မိမိစိတ်သည် ဘုရားအပေါ် ကြည်ညိုသောစိတ်၊ တရားအပေါ် ၀ပ်းမြောက်မှု ပီတိစိတ် စသော ကုသိုလ်စိတ်ဖြစ်နေသမျှ အကုသိုလ်အပြစ်များကို ကာမာဝစရကုသိုလ်ကံက တဒင်္ဂ ပယ်သတ်ပြီးဖြစ်ကြောင်း မှတ်ယူနိုင်ပါ၏။ ဤနည်းဖြင့် ပယ်သတ်ခြင်းကို တဒင်္ဂပဟာန်ဖြင့် ပယ်သတ်ခြင်းဟု ခေါ်ပါသည်။
၂။ ၀ိက္ခ မ္ဘနပဟာန်ဖြင့် ပယ်သတ်ခြင်း။
တရားအားထုတ်၍ ဈာန်တရားများရရှိသောသူသည် ထိုဈာန်တရားဖြစ်နေသမျှ
ကာလပတ်လုံး လောဘ၊ ဒေါသ၊ မောဟ စသော
အကုသိုလ်တရားတို့ မရှိ။ မလာတော့ပေ။ ပယ်သတ်ပြီး ဖြစ်တော့၏။ ဈာန်တရားဟူသော မဟဂ္ဂုတ်ကုသိုလ်ကံက ထိုအကုသိုလ်အပြစ်တို့ကို ၀ိက္ခ မ္ဘန ပဟာန်ဖြင့် ပယ်သတ်လိုက်သောကြောင့် ဖြစ်ပါသည်။ ဤနည်းဖြင့် ပယ်သတ်ခြင်းကို ၀ိက္ခ မ္ဘန ပဟာန်ဖြင့် ပယ်သတ်ခြင်းဟု ခေါ်ပါသည်။
၃။ သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်ခြင်း။
အင်္ဂုလိမာလ ကဲ့သို့ ရဟန္တာအားလုံးသည် သူတို့မှာရှိသော လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာ အကုသိုလ်တရားတို့ကို အရဟတ္တမဂ် (လောကုတ္တရာကုသိုလ်ကံ)က သမုစ္ဆေဒပဟာန်ဖြင့် အကြွင်းမဲ့ ပယ်သတ်လိုက်သောကြာင့် ဖြစ်ပါ၏။ ဤနည်းဖြင့် ပယ်သတ်ခြင်းကို သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်ခြင်းဟု ခေါ်ပါသည်။
မိမိတို့သည် ပုထုဇဉ်များဖြစ်ကြ၍ မိမိတို့လုပ်နိုင်စွမ်းသော ကာမာဝစရ ကုသိုလ်ကံကို ပြုလုပ်ကာ တဒင်္ဂပဟာန်နည်းဖြင့်သာ မကောင်းမှု အကုသိုလ်ကို ပယ်သတ်နိုင်ကြပါ၏။ ဈာန်ရသူတို့လို ၀ိက္ခ မ္ဘနပဟာန်ဖြင့် ပယ်သတ်ခြင်း၊ ရဟန္တာတို့လို သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်ခြင်းကိုကား ဤဘ၀တွင် ပြုလုပ်နိုင်စွမ်းမည် မဟုတ်ပါ။ (အချို့ပါရမီရင့်သန်သူ ဖြစ်လျှင် ပြုလုပ်နိုင်စွမ်းသည်သာ။) သို့သော် ထိုသို့ဖြစ်သည့်အတွက် ၀မ်းနည်းဖွယ် မရှိပါပေ။ မိမိတို့ ပယ်သတ်ခဲ့သော ထိုတဒင်္ဂလေးများသည် စုပေါင်းကာ များပြားလာလျှင် ကျန်းမာ ချမ်းသာ ဘေးရန်ကွာမှု၊ ချမ်းသာငြိမ်းအေးမှုတို့သည်လည်း များပြားလာမည်သာတည်း။
ပျားကောင်းလေးများ၊ ခြကောင်လေးများကို အတုယူကာ
ထိုသို့သော တဒင်္ဂလေးမှသည် ထာဝရအဆင့်သို့ရောက်အောင် မိမိ၏ပါရမီကုသိုလ်ကို အဆင့်မြှင့်၍ ရင့်သထက်ရင့်စေရန် ပါရမီဖြည့်ကျင့်ပြီး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကာ ထာဝရအေးငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့ ဧကန်မသွေ ရောက်ရှိစေနိုင်သော နည်းမှန်လမ်းမှန် ဖြစ်၍ ဘေးအန္တရာယ် ကင်းဝေးစေသည့် ဗုဒဒ္ဓအလိုကျ ဓမ္မယတြာမှန်ကို ကိုယ်စီကိုယ်ငှ ကြိုးစားပြုလုပ်နိုင်ကြပါစေဟု ဆန္ဒပြုရင်း
နိဂုံးချုပ်လိုက်ပါသည်။ ။
[စာရေးသူ - အရှင်ဥက္ကံသ သာသနတက္ကသီလ
မဟာဓမ္မာစရိယ M.A.(Buddhism)]
ကျမ်းကိုး ။ ။နှစ်ဖက်လှ ဦးကျော်လွင် “ကျန်းမာရေးအတွက် မြတ်ဗုဒ္ဓဟောကြားချက်များ”
တောင်တန်းသာသနာပြုဆရာတော် ဦးဥတ္တမသာရ “အာပတ်နှင့် စုတေလျှင်”
အရှင်ဇနကာဘိဝံသ “အဘိဓမ္မတ္ထသင်္ဂဟ ဘာသာဋီကာ”
အဘိဓမ္မာ၊ ဓမ္မသင်္ဂဏီ အဋ္ဌကထာ၊ ဋီကာ။ ၀ိဘင်းအဋ္ဌကထာ၊ ဋီကာ။ ၀ိသုဒ္ဓိမဂ်။
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
Credit to >Young Buddhist Association> Thanks
Wednesday, August 14, 2013
"၂၀၁၂ ခုနှစ်၊ဇွန်လအတွင်းရခိုင်ပြည်နယ်၌ အင်္ဂလီဆူပူမှုကြောင့်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအပေါ် ဆင်ခြင်သုံးသပ်ပြီး နိုင်ငံတော်၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် နယ်စပ်လုံခြုံရေး၊ နယ်မြေအုပ်ချုပ်ရေးနှင့် လူဝင်လူထွက် စီမံခန့်ခွဲရေးဆိုင်ရာ မဟာဗျူဟာမြောက်ရေတို၊ ရေရှည်အထူးအစီအမံတို့ဖြင့် ဦးစားပေးဆောင်ရွက်ရန်ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်၏ ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း အဆို"
ဒီအဆိုနဲ့ပါက်သက်လို့ဥက္ကဌကြီးခင
သိတဲ့အခါမှာ ရေတိုနေရှည်နဲ့ပက်သက်လို့ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာက သုံးသပ်တဲ့အခါမှထည့်သွင်းစဉ်းစာ
အဲဒီတော့ ပထမ ကျွန်တော် ဒီဖြစ်ပွားရတာနဲ ပါက်သက်လို့အခြေခံပင်မ အကြောင်းရင်းတွေ ကိုကျွန်တော်(၇)ချက်လောက် သုံးသပ်ထားတာကိုတင်ပြချင်ပါတယ်။
အဲဒီတော့ ကျွန်တော်တွေ့ရှိတဲ့Root Cause ခုနှစ်ချက်က(၁)ကျွန်တော်တို့ဆီမ
နောက်သိတဲ့အတိုင်းပါ နယ်စပ် ဒေသဆိုတာ ကျွန်တော်တို့ရဲ့ပြည်ထောင် စု တစ်နံ့တလျားမှာ အင်မတန်ကျယ်ပြန့်တဲ့အခါ လူဝင်လူထွက်က အစ လုံခြုံရေးအဆုံး အကုန်လုံးကိုစီမံခန့်ခွဲနိုင်မှု
အဲဒီသုံးသပ်ချက်ဟာ ဒုတိယအကြောင်းရင်းတစ်ခုလို့ကျွန်တော်တို့ သုံးသပ်ပါတယ်။ ကျွန်တော်တို့ပြီးခဲ့တဲ့အစိုးရဆ
နောက်သိကြတဲ့အတိုင်းပါပဲ၁၉၉၀ ပြည့်လွန်ကာလတွေမှာ စီးဆင်းမှု၊ ခိုးဝင်မှုတွေကို စိစစ်မှုရှိတဲ့အခါမှာ အစုလိုက်အပြုံလိုက်ပြည်ပဘက်ကို ထွက်ပြေးခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်းဒုက္ခသည်ပြသနာ၊ နိုင်ငံတွင်းကိုပြန်လည်နေရာချထာ
အထူးသဖြင့်UNHCR တို့WFD တို့၊ နောက်ပွင့်ပွင့်လင်းလင်းပြောရရင
ဒီအချက်တွေကို စတုတ္ထအချက်အနေနဲ ကျွန်တော်မြင်မိပါတယ်။
ပဉ္စမအချက်အနေနဲ့ပြန်ကြည့်တဲ့ အခါမှာ ကျွန်တော်တို့ဆင်ခြေ ဖို့ကောင်းတဲ့ ယခင်အစိုးရအဆက်ဆက်ရဲ့အမှားတွေကိ
နောက်တစ်ချက်ကအဲဒီပုဂိုလ်တွေက ပါတီတည်ထောင်ခွင့်တို့၊ပါတီမှာ ပါဝင်ခွင့်တို့က ဒီယာယီဆိုတဲ့ဆန္ဒမဲပေးခွင့်တို့ ဒီယာယီဆိုတဲ့ ၁၉၈၂ ဥပဒေမှာ မပါတဲ့ဥစ္စာလေးနဲ နိုင်ငံသားစိစစ်ရေးကဒ်ပြားပေးခဲ
နောက်တစ်ခုနံပါတ် (၆)ထဲမှာ ပါတဲ့ ဒီဘင်္ဂလီတွေဟာ ကျွန်တော်တို့ရဲ ဒီမိုကရက်တစ်ခေတ်မီတဲ့နိုင်ငံတေ
နောက်နံပါက်(၇) အချက်နဲ့ပြန်ကြည့်တဲ့အခါမှာ ဒါဟာ သမားရိုးကျ မဟာဗျူဟာမြောက်ရည်မှန်းချက်ဖြစ်ပါတယ်။ဘာသာရေးယူအရ လူအများစု ဖြစ်ရန်ရည်ရွယ်ချက်ဖြစ်ပါတယ်။ ဘာသာရေးကို အကြောင်းပြပြီးခါမှ ဇနီးမယား များစွာ ယူခြင်း၊အလွန်အကျွံကလေးမွေးဖွား
နောက် ဘာသာရေးတက္ကသိုလ်၊ ဘာသာရေးကျောင်းတွေအလွန်အကျွံ၊ ကျွန်တော်တို့ရဲ့ဥပဒေပြင်ပကနေ တည်ထောင်ပြီးကာမှခွင့်ပြုချက်မဲ
အဲဒီက ထွက်တဲ့ပုဂိုလ်တွေဟာလည်း တာလီဘန်ပုံစံမျိုးနဲ့လူငယ်လူရွယ
အဲဒီလိုဘဲ ဒုတိယတစ်ကြိမ်ဖြစ်တဲ့ second way မှာဖြစ်တဲ့ဖြစ်စဉ်ကိုပြန်ကြည့်ရ
ဦးဆုံးကျွန်တော်တို့ရဲ့ လူမှုရေးအားနည်းတဲက နယ်စပ်ဒေသေအ၀ါအ၀င်ကုန်းလမ်းရေလမ
၂အချက်က လယ်ယာလုပ်ငန်းခွင်၊ သစ်ဝါးခုတ်တဲ့လုပ်ငန်းခွင်နောက်
နံပါက်(၃)အချက်ကတော့ဘင်္ဂလီတွေဟာ ရိုဟင်ဂျာတိုင်းရင်းသားဖြစ်ရေးဆ
အားလုံးလည်းသိကြပြီးတဲ့အတိုင်းမ
ဒါဟာသတိပြုဖို့လိုပါတယ်။ ပြည်ထောင်စု ခိုင်မြဲဖို့အတွက်အင်မတန်အရေးကြ
တကယ်လိုများအစ္စလာမ်တိုက်ဇေးရှင်းစကြာဝဌာဟာ အောင်မြင်သွားမယ်ဆိုရင် ခုနကဘင်္ဂလီဆိုတဲ့ တိုင်းရင်းသားတစ်တွေဟာ ရိုဟင်ဂျာဆိုတဲ့တိုင်းရင်းတစ်ခ
နောက် ရေတိုရေရှည်အစီအမံအတွင်းမှာ ထည့်သွင်းစဉ်းစားပေးဖို့အစီအမံအ
၂အချက်ကတော့ရေတိုနဲ့ပါက်သက်တဲ့
ဒီလက်ရှိအခြေအနေကိုသုံးသပ်ကြည့်
အဲလိုရှိမှပဲနောက်ရေရှည်ဖြတ် သန်းသွားလာတဲ့ကာလတစ်ခုမှာ ဒီ ကွန်မြူနတီနှစ်ခုကိုဘယ်လို ညှိညှိနိုင်းနိုင်း တိုင်တိုင်ပင်ပင်နဲ့ဘယ်လိုပူးပေ
ဒီတည်ရှိနေတဲ့ကျေးရွာတွေ တည်တံ့ခိုင်မြဲဖို့အတွက်ဘယ်လိုလုပ်ရမလဲ။ ရခိုင်အပါအ၀င် တိုင်းရင်းသားကျေးရွာများမှာ နယ်စပ်တလျောက်မှာ ရှိကြ ပါတယ်။ ဒီကျေးရွာတွေတည်တံ့ခိုင်မြဲမှပ
အနောက်ဘက်ခြမ်းမှာ နှစ်မိုင်ကွာဝေးရှိတဲ့ နေရာတိုင်းမှာ လက်ရှိတည်ဆောက်ပေးတဲ့ေ ကျးရွာတွေအပြင်ကျွန်တော်တို့ ပထ၀ီဆက်ကြောင်းအရ နိုင်ငံရေးအားသာ ချက်အရ တိုင်းရင်းသားကျေးရွာကြီးတွေကို
မေယုရိုးမရဲ့အရှေ့ဘက်ခြမ်းမှာ အငူပေါ်ဒေသတွေအကျော်က ဘူးသီးတောင်၊ မောင်တော လမ်းကြောင်းနှစ်ခုမှာ ဆယ်နှစ်ရာသီ ကားသွားလို့ ရတဲ့၊ကြီးမားတဲ့ ကားတွေဝန်နဲ့အားနဲ့ သွားလို့ရတဲ့လမ်းတွေ တံတားတွေဖြစ်နေပြီးလုပ်ခြုံမှုရှ
ဒီလိုရွာကြီးတွေတည်ထောင်တဲ့နေရာ
ကျွန်တော်တို့ရဲ့လူဦးရေ ပေါက်ဖွားမှုရှိပါတယ်။ အဲဒါကိုဘယ်လိုထိန်းချုပ်မလဲဆို
၂၀၁၄ မှာလည်းကောက်ဖို့ရှိပါတယ်။
ဒီကာလပိုင်းခြားတစ်ခုမှာ ဒီအိမ်ရာတွေပေါ်လာတယ်၊ဒါတွေကဘယ် လိုပေါ်လာတာလဲ။ ဥပဒေနဲ့ညီသလားမညီဘူးလားဆိုတာက ဒါတွေကိုဆယ်စုနှစ်နောက်ပိုင်းဖြ
ဒါဟာ အင်မတန်သိမ်မွေ့တဲ့ပြသနာပါ။ ရေရှည်ပြုစုပျိုးထောင်ပြီးကာမှ လူမျိုးရေးအရဆက်နွယ်နေတဲ့ နိုင်ငံရေးပြသနာ ပါ။ အဲဒီမှာ လူ့အဖွဲ့ အစည်းနှစ်ခုမှာ ပညာရေး၊ ကျန်းမာရေး၊လူမှုရေးနဲ့ပါက်သက်လိ
နောက်တစ်ခုကရခိုင်သမိုင်းဆိုင်ရ
ဘာသာခြားအစွန်းရောက်အယူဝါဒတွေကိ
အချင်းချင်းညှိနိုင်းပြီးကာမှ ဘာသာရေးအစွန်းရောက်မှုမပါတဲ့လူအဖ
ဒါကြောင့်ဒီအဆိုကိုတကယ့်မြေပြင်
ဒေါက်တာအေးမောင်
________________
(ဓါတ်ပုံ - ခိုင်မြတ်ထံမှ ကူးယူဖော်ပြသည်)
Tuesday, August 13, 2013
Old Membership၊ Young Government
နိုင်ငံရေး ကိစ္စရပ်များတွင် လူသုံးများသည့် ခပ်ထေ့ထေ့ စကားရပ် တစ်ခုရှိသည်။ ဤလို ဥပမာမျိုးကို အထူးသဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အင်ဒိုနီးရှား၏ ဆူဟာတိုခေတ်နှင့် တစ်ပါတီအာဏာရှင် နိုင်ငံရေးစနစ် အလေ့အထရှိသည့် နိုင်ငံများမှ အပြောင်းအလဲများနှင့် ပတ်သက်ပြီး ရည်ညွန်းလိုသည့် အခါမှာ နိုင်ငံရေး သိပ္ပံပညာရှင်များစွာ စွဲစွဲမြဲမြဲ သုံးလေ့ သုံးထ ရှိသည်။ ၎င်းမှာ ..Old wine in the new bottle, New wine in the old bottle ဆိုသည့် စကားရပ် ဖြစ်သည်။
ဆိုလိုသည်မှာ နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်နှင့် လူဟောင်းများ (သို့မဟုတ်) လူသစ်များနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အဟောင်းဆိုပြီး အလွယ် သတ်မှတ်နိုင်သည်။ လူဟောင်းများ၏ အပေါင်းအပါနှင့် အာဏာ၊ လုပ်ပိုင်ခွင့်၊ လူသစ်များ၏ အပေါင်းအပါနှင့် ဖွဲ့စည်းပုံ အဟောင်းကို ဆိုလိုရင်း ဖြစ်သည်။
သဘောမှာ ပြည်သူကို နှစ်ခုစလုံး မျက်လှည့် ပြလိုက်သော အကွက်များသာ ဖြစ်ပါသည်။ နားလည့် ပါးရိုက် လုပ်ခြင်းဟု ဆိုရမည်။ နိုင်ငံရေး အာဏာနှင့် လုပ်ပိုင်ခွင့်ကို လက်မလွှတ်လိုသည့် အခါမှာ အဆိုပါ ဥပမာကဲ့သို့ တစ်ပတ်ရိုက် သုံးတတ်ကြခြင်း ဖြစ်သည်။
ယခုမြန်မာ့အရေးသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အသစ်နှင့် လူဟောင်းများ ဖြစ်သည်။ ဖွဲ့စည်းပုံက အသစ်ဟုတ် မဟုတ် ဆိုသည်ထက် လူဟောင်းများ ဖြစ်သည်ကို ၁၀၀ ရာခိုင်နှုန်း ငြင်းဆိုနိုင်မည် မထင်ပါ။ ပြောလိုသည်မှာ ဖွဲ့စည်း အုပ်ချုပ်ပုံအသစ် မဟုတ်ပါ။ လူဟောင်းများ ပြဿနာများကို တင်ပြလိုရင်း ဖြစ်သည်။
Young Government
Young Government ကို လုံးစေ့ပတ်စေ့ မြန်မာမှု ပြုရာတွင် ငယ်ရွယ် တက်ကြွသော လူလတ်တန်း အရွယ် ရှိသူများ ဦးဆောင်သည့် အစိုးရမျိုး၊ ဒေသဆိုင်ရာ အဖွဲ့အစည်းမျိုး၊ အင်စတီကျူးရှင်းမျိုးကို ဆိုလိုရင်း ဖြစ်သည်။
သတင်း နည်းပညာကြောင့် လူတို့၏ နေထိုင်မှု ဘဝ၌ Space ကျဉ်းသောခေတ်၊ ငယ်ရွယ် တက်ကြွနေသူများက အစိုးရကို ဦးဆောင်ရမည့်၊ အဖွဲ့အစည်းကို ဦးဆောင်ရမည့် ခေတ် ဖြစ်နေခြင်းက ယနေ့ ကမ္ဘာအဝန်း နိုင်ငံ့ ခေါင်းဆောင်များ၊ စီးပွားရေး ထိပ်သီး ခေါင်းဆောင်များက လက်ခံထားကြသည်မှာ အနှံ့အပြား ဖြစ်သည်။
ငယ်ရွယ် တက်ကြွသူ လူလတ်တန်း အရွယ် ဆိုသည်မှာ အသက်အားဖြင့် ၄၅-၆၀ နှစ် ဝန်းကျင်များက တိုင်းပြည်အား ဦးဆောင်ဦးရွက် ပြုခြင်းကို Young Government ဟု သုံးနှုန်းကြခြင်း ဖြစ်သည်။ ပျမ်းမျှအားဖြင့် အသက် ၆၀ နှစ် မကျော်သူများ ကို ဆိုလိုပေသည်။
ကမ္ဘာတစ်ဝန်း ယခုကဲ့သို့ Young Government ကို တွင်တွင်ကျယ်ကျယ် သုံးနေခြင်းမှာ ဒီမိုကရေစီ နိုင်ငံများ၊ ကွန်မြူနစ် နိုင်ငံများ၊ အာဏာပိုင် စနစ်နှင့် တစ်ပါတီ ကြီးစိုးသည့် နိုင်ငံတိုင်းတွင် ခေါင်းဆောင် အစဉ်အလာ၊ ဓလေ့ကဲ့သို့ ဖြစ်လာသည်။
နည်းပညာ ဖွံ့ဖြိုး ကြီးထွားလာမှုနှင့် ယခုလို Space ကျဉ်းသော ကမ္ဘာတွင် ထိုငယ်ရွယ်သူများသာ နိုင်ငံကို ဦးဆောင်ဦးရွက် ပြုမှသာ ဖြစ်မည်ကို မည်သည့်စနစ် ကျင့်သုံးသည်ဖြစ်စေ အဆိုပါ နိုင်ငံများရှိ နိုင်ငံရေး Conservatives များ ကိုယ်တိုင် လက်ခံလာခြင်း ဖြစ်သည်မှာလည်း တိုင်ပင်ထားသကဲ့သို့ ဖြစ်နေသည်။
ဥပမာ ဆိုရလျှင် ကွန်မြူနစ် တရုတ်နိုင်ငံက လိုလိုလားလား ကျင့်သုံးနေခြင်းသည် အထူး အံအားသင့်ဖွယ် ဖြစ်သည်။ တရုတ်တွင် သမ္မတ ကျန်စီမင်း နောက်ပိုင်း ငယ်ရွယ်သူများကို နိုင်ငံ၏ ထိပ်သီးနေရာများကို ပေးလာခြင်းမှာ အာဏာပိုင် ဝါဒ၊ အာဏာ မက်မက်မောမောရှိသည့် နိုင်ငံတွင် ထူးဆန်းသည်ဟု ဆိုရမည် ဖြစ်သည်။
တရုတ် နိုင်ငံရေးစနစ်မှာ အတိုက်အခံ လစ်ဘရယ် နိုင်ငံရေး စနစ် မဟုတ်သော်လည်း Young Government ထုတ်သုံးခြင်းသည် အခြား နိုင်ငံများ၏ နိုင်ငံရေး ဓလေ့လား၊ နိုင်ငံရေး ရိုက်ခတ်ချက်လား၊ ကမ္ဘာကြီးက Space ကျဉ်းလာခြင်းကြောင့်လား ဆိုသည်ကို တပ်အပ် ပြောဆိုရန် ခက်ပေသည်။
အာရှတွင် ငယ်ရွယ်သူ နိုင်ငံ့ ခေါင်းဆောင်များ ပေါ်ထွန်းလာသလို၊ အနောက်တွင်လည်း နိုင်ငံ့ ခေါင်းဆောင် များစွာ ရှိလာသည်။ ခေါင်းဆောင်သစ်များ ထိပ်ပိုင်း ရာထူးများ ဖြစ်သည့် သမ္မတ၊ ဝန်ကြီးချုပ်၊ ဝန်ကြီးများ စီးပွားရေး လုပ်ငန်းများတွင် CEO အဆင့် ရှိသူများကို ဆိုလိုရင်း ဖြစ်သည်။
၎င်းတို့၏ နိုင်ငံ့ခေါင်းဆောင် ရာထူး ဆက်ခံသည့် နှစ်မှစပြီး အသက်အရွယ်အား ဖော်ပြမည်ဆိုလျှင် ထိုင်းနိုင်ငံတွင် လက်ရှိ ဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ် (အသက် ၄၄ နှစ်) နှင့် ယခင်က ဝန်ကြီးချုပ်ဟောင်း အဘီဆစ် (အသက် ၄၄ နှစ်) ဖြစ်သည်။ စင်ကာပူတွင် ဝန်ကြီးချုပ် လီရှန်လွန်း (အသက် ၅၃ နှစ်) ၊ မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇတ် (အသက် ၅၂ နှစ်) တို့ ဖြစ်သည်။
ဗီယက်နမ် ဝန်ကြီးချုပ် ငုယင် တန်ဒေါင်း (အသက် ၅၇ နှစ်) တို့ ဖြစ်သည်။ တောင်ကိုရီးယား သမ္မတ ပတ်ဂျင်းဟီး (အသက် ၆၁ နှစ်) နှင့် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (အသက် ၅၈ နှစ်) ဖြစ်သည်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် (အသက် ၂၉ နှစ်) ဖြစ်သည်။ တရုတ်နိုင်ငံတွင် ယခင် သမ္မတ ဟူကျင်းတောင် (အသက် ၆၁ နှစ်)၊ ဝန်ကြီးချုပ် ဝမ်ကျားပေါင် (အသက် ၆၁ နှစ်)၊ လက်ရှိ သမ္မတ ရှီကျင့်ဖျင် (အသက် ၆၀ နှစ်) တို့ ဖြစ်သည်။
အနောက် နိုင်ငံများ၌ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း (အသက် ၄၇ နှစ်)၊ အမေရိကန် သမ္မတ ဘားရက်ခ် အိုဘားမား (အသက် ၅၁ နှစ်)၊ သမ္မတဟောင်း ဘီလ် ကလင်တန် (အသက် ၅၅ နှစ်)၊ ဂျာမနီ ဝန်ကြီးချုပ် အင်ဂျလာ မာကယ် (အသက် ၅၈ နှစ်)၊ ပြင်သစ် လက်ရှိ သမ္မတ ဖရန်စစ် ဟိုလန်ဒီ (အသက် ၅၈ နှစ်) သမ္မတဟောင်း ဆာကိုဇီ (အသက် ၅၂ နှစ်) တို့ ဖြစ်သည်။
ဖော်ပြပါ သမ္မတများ၏ အသက်အရွယ် စာရင်းများအရ ဖော်ပြနေသည်မှာ ၆၀ နှစ် နောက်ပိုင်း အရွယ် ရှိသူများကို နိုင်ငံခေါင်းဆောင် နေရာ မပေးသည့် အစဉ်အလာကို တွေ့ရှိနိုင်မည် ဖြစ်ပေသည်။ ထိုမှ ကောက်ချက် ချရလျှင် မိမိတို့နိုင်ငံ၏ Young Government မရှိခြင်းနှင့် Young Generation များ နေရာမရ ဖြစ်နေခြင်းကို ထင်ဟပ်စေပါသည်။
Old Membership
Old Membership ဆိုသည်မှာ အဖွဲ့အစည်းအတွင်း အသက်အရွယ် ကြီးရင့်သူများ ပါဝင်နေခြင်းဖြင့် အဓိပ္ပာယ် ဖွင့်ဆိုရမည် ဖြစ်သည်။ မိမိတို့နိုင်ငံတွင် Young Government ယဉ်ကျေးမှု မရှိခြင်းကြောင့် Old Membership များ ရှိနေခြင်းလား ဆိုသည်မှာ မေးခွန်းတစ်ရပ် ဖြစ်နေသည်။
အစိုးရ၏ ပြုပြင်ပြောင်းလဲရေးတွင် ပေါ်လစီအရသော် လည်းကောင်း၊ အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် ထိတွေ့ဆက်ဆံရာတွင် လည်းကောင်း၊ ပြည်သူများ၏ လိုလား တောင်းဆိုချက် ပဋိပက္ခများဖြေရှင်းရန် ဖွဲ့စည်းထားသည့် ယာယီ ကော်မတီများတွင် လည်းကောင်း၊ အစိုးရကို အကြံပေးရန် ဖွဲ့စည်း ထားသော အကြံပေး အဖွဲ့များတွင် လည်းကောင်း ထိုကဲ့သို့ Old Membership များ များစွာ ပါဝင်နေခြင်းကို Old Membership ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းနေခြင်း ဆိုရမည် ဖြစ်သည်။
ပြောလိုသည့် အကြောင်းအရာ ဆိုသည်မှာ Old Membership များ၏ လုပ်ရည်ကိုင်ရည် (Effenciency)၊ အလုပ်လုပ်နိုင်စွမ်း(Strong
ကာလအားဖြင့် မိမိတို့ နိုင်ငံ၏ နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ်၊ စီးပွားရေး စနစ်၊ ပညာရေးစနစ်၊ လူမှုရေး စနစ်များသည် စီမံ ခန့်ခွဲမှု ပညာရှင် ပီတာဒရက်ကား ပြောသည့် AGE OF DISCONNECT ဟု တင်စား ပြောရမည့် ကမ္ဘာကြီးနှင့် အဆက်ပြတ်ခဲ့သည် ကာလများစွာ ရင်ဆိုင် ကြုံတွေခဲ့ရပြီး ဖြစ်သည်။
မိမိတို့လည်း AGE OF DISCONNECT ခေတ်ကြီးတွင် ဆယ်စုနှစ်များစွာ ရှင်သန်ခဲ့ရဖူးပြီး လွန်ခဲ့သော ထို AGE OF DISCONNECT ခေတ်ကာလကြီးအတွင်း မွေးဖွားလာကြပြီး နိုင်ငံ၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည်ဖြင့် စနစ်အား ခေါင်းကိုင်ခဲ့သူများမှာ ယခုတစ်ဖန် ကော်မတီ၊ ကော်မရှင်များ၊ အဖွဲ့အစည်း အသီးသီး၏ ခေါင်းကိုင်များအဖြစ် နေရာယူထားသော Old Membership များဖြစ်နေသည်ကို တွေ့ရပြန်သည်။
အဆိုပါ ကော်မတီ၊ ကော်မရှင်များတွင် ပါဝင် ဖွဲ့စည်းထားသူများမှာ ယခင်လူဟောင်းများသာ ဖြစ်နေ သည်။ ယခင် ဆိုရှယ်လစ်ခေတ်၊ တပ်မတော် အစိုးရခေတ်က တည်ဆဲ အစိုးရကို သစ္စာခံခဲ့သူများသာ ဖြစ်သည်။
အစိုးရမှ ကမကထ ပြုထားသည့် အဖွဲ့အစည်းပေါင်း ငါးခုခန့် ရှိပြီး လွှတ်တော် နှစ်ရပ်မှ ဖွဲ့စည်းထားသော အဖွဲ့အစည်းမှာ ၂၅ ခုကျော်သည့် အထိပင် ဖြစ်သည်။ ဥပမာအားဖြင့် အစိုးရက ကမကထပြု ဖွဲ့စည်းထားသည့် လူ့အခွင့်အရေး ကော်မရှင်၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ဘဏ္ဍာရေး အကြံပေး ကော်မရှင်၊ ဗဟိုဘဏ် အကြံပေး အဖွဲ့၊ သမ္မတ၏ စီးပွားရေး လူမှုရေး အကြံပေးအဖွဲ့ စသည်တို့ ဖြစ်သည်။
လွှတ်တော် နှစ်ရပ်မှ ဖွဲ့စည်းထားသည့် ကော်မရှင် ကော်မတီများ မှာ ပြည်သူ့ ငွေစာရင်း ကော်မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ လယ်ယာမြေ စုံစမ်းရေး ကော်မရှင် စသည်တို့ ဖြစ်သည်။
အစိုးရ အဖွဲ့ဝင်များတွင်ပင် အသက် (၆၀) ကျော်သူများ များပြားစွာ ပါရှိနေသည်။ ထိုကဲ့သို့ Old Membership များ ပြည့်ကြပ်နေခြင်းကြောင့် ယခုမူ အစိုးရတွင် အကျပ်အတည်းများ ဖြေရှင်းရာတွင် နည်းလမ်းကောင်း ရှာမတွေ့ခြင်း ဖြစ်တန်ရာ၏။ ရှေးရိုးစွဲ ရှိသူများ၊ ယခင် ကာလများက စီးပွားရေး၊ အုပ်ချုပ်ရေးများတွင် ယှက်နွှယ် ပတ်သက်ဖူးသူများ၊
အထက်ပိုင်း လူကြီးအပေါ် သစ္စာခံခြင်းသည် ဘေးကင်းသည်ဆိုသည့် ရှုထောင့်များကြောင့် ၎င်းတို့၏ လုပ်ငန်းဆောင်တာများသည် ရှေ့မရောက် ခြင်း၊ ပြည်သူလူထု၏ အကျပ်အတည်းများကို ယတိပြတ် မဖြေရှင်းနိုင်ခြင်း၊ ဆန်းသစ် တီထွင်မှု မရှိခြင်းများနှင့် ကြုံတွေ့ရသည်။
ပြင်ပတွင် ပြန်လည် ကြားသိရသည်မှာ ယခင်ကာလများက ပြည်ပ နိုင်ငံများသို့ အလည်အပတ် ခရီး၊ အစိုးရ ခရီးစဉ်များ မသွားခဲ့ရသည့် ကျပ်တည်းမှုမှ အစိုးရ တံခါးသစ် ဖွင့်လှစ်မှုကြောင့် ပြည်ပသို့ အစိုးရ ခရီးစဉ်များ တင်းကျမ်း သွားရခြင်းအပေါ်တွင် အာရုံကျလျက်ရှိ ကြောင်း သိရှိရသည်။
ထိုကဲ့သို့ နိုင်ငံခြား ခရီးစဉ်များအပေါ် အပြိုင်အဆိုင် နေရာ လုကြသည့် အခြေအနေများကိုလည်း အဖွဲ့အစည်းတိုင်း၌ ကြားသိနေရခြင်း ဖြစ်သည်။ ထိုပြင် Young Generationများနှင့် Old Membership များအတွင်း စီမံခန့်ခွဲမှုဆိုင်ရာ ပဋိပက္ခများပင် ဖြစ်ပေါ်လာနိုင် သည့် အရိပ် လဏ္ခဏာများကို တွေ့မြင်နေရပြီ ဖြစ်သည်။
မျိုးဆက်သစ် လူသစ်တန်းများနှင့် လူဟောင်းများအကြား ပဋိပက္ခ တစ်ခုကို ဥပမာ ပြရလျှင် မကြာသေးမီက သမ္မတ မတက်ရောက်ခဲ့သည့် ပြည်ထောင် စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ (၂၂) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသား စုံညီ အစည်းအဝေး ကျင်းပခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ဇူလိုင်လ ၁၃ ရက်နေ့ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပသည့် အဆိုပါပွဲသည် အသင်းသားများ၊ CEC များ စသည်ဖြင့် မှတ်တမ်းတင် ဓာတ်ပုံ မရိုက်နိုင်လောက်အောင် ဝရုန်းသုန်းကားနှင့် ပြီးဆုံးခဲ့သည်ဟု သိရပါသည်။
ထိုနေ့မတိုင်မီ တုန်းက လူငယ် လူသစ်များ ဖြစ်ကြသော ဒေါက်တာ စိုးထွန်း၊ သမ္မတ သင်္ကန်းတိုက်မှ ဦးခင်လှိုင်တို့ ဦးစီးပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သေးသည်။ အဆိုပါ မျက်နှာစုံညီ အစည်းအဝေးတွင် တက်ရောက်လာသော ပြည်ထောင်စု ဝန်ကြီးများ ဖြစ်သည့် ဦးဝင်းမြင့်နှင့် ဦးတင်နိုင်သိန်းတို့က နှစ်ဖက် ငြင်းခုံမှုများကို ဖြေရှင်းခဲ့ရသည်ဟု သိရှိထားပါသည်။
ထိုအဖြစ်အပျက်သည် လွန်ခဲ့သောနှစ် ၂၀ ခန့် တပ်မတော် အစိုးရ ခေတ်ကတည်းက ယခုအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင် အပါအဝင် ဒု ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများသည် အဆိုပါ အသင်းကြီး၏ ထိပ်သီး နေရာများကို တစ်ဆက်တည်း နေရာယူထားကြသူများ ဖြစ်သည်။
ယခုပင် သြဂုတ်လ ၁ ရက်နေ့ထုတ် သတင်းစာများတွင် ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ စာရင်းများ ထွက်လာပြီ ဖြစ်သည်။ အသက်အရွယ်အားဖြင့် ၇၀ ကျော်နေပြီ ဖြစ်ကြောင်း ရိုက်တာသတင်းမှ ဖော်ပြချက်အရ သိရှိရသည်။
ယခုကဲ့သို့ ထိပ်သီး ရာထူးများ ရယူထားခြင်းသည် Organization Structure အရဆိုလျှင် လူဟောင်း များက ထိပ်၌ ပိတ်ဆို့ခြင်း သို့မဟုတ် မျိုးဆက်သစ် လူသစ်တန်းများ နေရာ မရသည့် သဘောတရား ပင် ဖြစ်သည်။ ထိုကဲ့သို့ လူငယ် လူသစ်များက ယခုအခါ အဆိုပါ အခွင့်အရေးများ၊
ရာထူး နေရာများ၊ လက်ဆင့်ကမ်း ပြောင်းလဲ ပေးရမည့် အချိန်ကာလသို့ ကျရောက်နေပြီ ဖြစ်သော်လည်း ထိုကဲ့သို့ ဖြစ်မလာခြင်းကြောင့် ပဋိပက္ခ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု သုံးသပ်ရမည် ဖြစ်ပေသည်။
ထိုလူဟောင်းများက နေရာ မပေးလိုခြင်း၊ နေရာ ယူလိုခြင်းမှ အဆိုပါ အဖွဲ့အစည်း တစ်ခုတည်းတွင် မဟုတ်ပါ။ မြန်မာနိုင်ငံရှိ နေရာ တော်တော်များများတွင် ဖြစ်သော အစည်းအဝေးပွဲများ၊ မျက်နှာစုံညီ ပွဲများ၊ အဖွဲ့အစည်းများ၊ ရွေးချယ် တင်မြှောက်သည့် အခမ်းအနားများတွင်
ထိုလူအို၊ လူဟောင်းများ က ထိပ်ဆုံးတန်းများတွင် နေရာ ယူထားကြသည်ကို လူတိုင်း တွေ့ဖူးမည်ဟု ထင်မြင်မိပါသည်။ ထိုကဲ့သို့သော အဖွဲ့အစည်းဆိုင်ရာ သဘောတရား Organization Structure ကို ပြင်ဆင်ရန် လိုအပ်သော အချိန်ကာလသို့ ယခုအခါ ဆိုက်ရောက်နေပြီ ဖြစ်ပါသည်။
နိဂုံးချုပ်ရလျှင် အထက်က ပြောခဲ့သည့် နိုင်ငံရေး ဥပမာဖြစ်သည့် Old wine in the new bottle, New wine in the old bottle ဖြစ်နေခြင်းကို ဖြေရှင်းရန် မည်သို့ပင် အခွင့်အရေး မရှိစေကာမှု Old Membership များ ပြည့်ကျပ်နေမှုနှင့် Young Government မဖွံ့ဖြိုးသော တိုင်းပြည်အတွက် ရင်လေးဖွယ် တွေ့ကြုံရမည့် အချက်ကို ပြင်ဆင် စဉ်းစားကြရန် ဆော်သြလိုခြင်းသာ ဖြစ်သည်။
သန်းစိုး (ဘောဂဗေဒ)
The Voice Weekly
စစ်တွေမြို့မိမြို့ဖအဖွဲ့ က ကင်တားနားနှင့် မဆွေးနွေးလိုတော့ကြောင်း အကြောင်းကြားစာ"To Mr. Tomas Ojea Quintana Human Rights Envoy of United Nations"
Date: 8/13/2013
From
Town Elders Group
Sittwe , Rakhine .
To
Mr. tomas Ojea Quintana
Human Rights Envoy of United Nations
1. We had presented two times to you why and how did this crisis was erupted on
our land. We presumed you will thoroughly understand the situation and
concept of ethnic Rakhine people ( Arakanese ) upon this crisis.
2. But you are repeatedly demanding to pay citizenship to all
immigrated Bengalis neglecting the Human Rights Declaration article
13(2) and never care our Rakhines’ interest . And you have demand to
release one of the key terrorists , Dr Tun Aung with you one sided view .
3. When you declare to come our land , those aggressive intruders,
Bengalis , always make some problem .This time they made hostile act
even to the authorities concerned . If we lived with them interlacely we
would be beheaded and our houses would be burnt down . So we presumed
your trip were , if although you have no intents , inciting those
intruders , Bengalis . And when everytimes you used the word “ Rohingya “
, which we cannot absolutely accepted ,this calling is amounts to
instigation to Bengalis and provokes our Arakaneses’ fury . we want to
pay you an example : If a group of English or German Or France Have come
to Argentina and settled there , they might probably become citizens of
Argentina , but they would never become Argentines or any other new
race , because they are still English or German Or France .
4.We have felt that your acts and declaration were always beyond your
mandate as a Human Rights envoy , insulting our natives and infringing
sovereignty of our country .
5.Abovesaid facts , we , Town Elders of
Sittwe , do not need to make more fruitless and useless meeting with
you . And we don’t want to answer your bias interrogatories like accused
persons, even we are living in our own ancestral land .
Town Elders Group
Sittwe , Rakhine state ,
Myanmar .
ကင်တားနားနှင့် မဆွေးနွေးလိုတော့ကြောင်း အကြောင်းကြားစာကို
စစ်တွေမြို့မိမြို့ဖအဖွဲ့ ကိုယ်စား ဦးသာပွင့် နှင့် ဦးသန်းထွန်း တို့က
၎င်း၏လက်ထဲသို့ စစ်တွေဟိုတယ်၌ ၁၃-၈-၂၀၁၃ နေ့လည် ၁၂း၀၀ နာရီက ပေအပ်ခဲ့သည် ။
Than Tun Than
လျှို့ဝှက်သော နိုင်ငံတော်နှင့် လုပ်ကြံသတ်ဖြတ်ခြင်း ယဉ်ကျေးမှု
- 15 July 2013 |
- By 7Day News
ကမ္ဘာကျော် Terminator ရုပ်ရှင် ဇာတ်ကားထဲက လူသား မျိုးနွယ်နှင့် အနာဂတ် စက်ရုပ်များ အကြား စစ်ပွဲဇာတ်လမ်း ထဲမှာ “လုပ်ကြံသတ် ဖြတ်မှု” ကို အခြေတည်ထားသည်။ သက္ကရာဇ် ၂၀၂၉ ခုနှစ်မှာ လူသားမျိုးဆက်နှင့် စက်ရုပ်တို့၏ နောက်ဆုံးစစ်ပွဲကြီး ဆင်နွှဲကြသည်။ နောက် ဆုံးတိုက်ပွဲမှာ သူတို့ရှုံးနိမ့်မည်ကို စက်ရုပ်တို့ ကြိုသိထားကြသည်။ သူတို့ ရှုံးနိမ့်မည့် အကြောင်းရင်းကတော့ လူသားတို့ဘက်က ထက်မြက်ရဲ ရင့်သော “ဂျွန်ကော်နာ” ဆိုသည့် ခေါင်းဆောင်၏ ဦးဆောင် မှုကြောင့်ပါ။ ရည်မှန်းချက်ကြီးသည့် စက်ရုပ်တို့က အာဂစစ်ဆင်ရေး တစ်ခုကို ပြု လုပ်ကြသည်။ သူတို့ မဟာဗျူဟာက Kill the Leadership! ဆိုသည့် ခေါင်းဆောင်ကို ချေမှုန်းရေးဖြစ်သည်။
စက်ရုပ်တို့က Terminator ဆိုသည့် စက်ရုပ်လူသတ်သမားတစ်ဦးကို ၁၉၈၄ ခုနှစ်ကို ပြန်သွားခိုင်းပြီး ဂျွန်ကော်နာ၏ မိခင်ဆာရာကွန်နာကို လုပ်ကြံသတ်ဖြတ်ဖို့ စေလွှတ် လိုက်သည်။ ဂျွန်ကော်နာကို မမွေးခင်မှာပင် အပျိုစင်ဆာရာကော်နာကို သတ်ဖြတ်ဖို့ ကြိုးစားခြင်းဖြစ်သည်။ အနာဂတ်လူသားတို့ကလည်း သူတို့ခေါင်းဆောင်ကို ကာကွယ်ဖို့အတွက် “ကိုင်းလ်ရီးစ်” ဆိုသည့် စစ်သည်တစ်ဦးကို လွှတ်ပြီး ဆာရာကော်နာကို ကာကွယ်စေသည်။ Terminator ဇာတ်ကားသည် “ခေါင်းဆောင်မှု” ၏ အရေးပါပုံကို သရုပ်ဖော်ထားသော ဇာတ်ကားဖြစ်သည်။ “လုပ်ကြံသတ်ဖြတ်မှု” Assassination သည် အာဏာလွန်ဆွဲမှုများ၏ ကမ္ဘာ့ရှေးအကျဆုံးဗျူဟာတစ်ခုဖြစ်သည်။ အာရှတိုက်၏ ရှေး အကျဆုံးမှတ်တမ်းများမှာ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၃၀၀ ခန့်ကတည်းက “ချာနာယာ” ဆိုသည့် အိန္ဒိယတွေးခေါ်ပညာရှင်က “ Artha- shastra ” ဆိုသည့် နိုင်ငံရေးကျမ်းမှာ “လုပ်ကြံသတ်ဖြတ်မှု” ဗျူဟာကို ရေးသားခဲ့ဖူးသည်။
နောက်ပိုင်းမှာ “ချာနာယာ” ၏ တပည့် ချန္ဒရာဂုပ္ပတား မောရုယက ထိုနည်းလမ်းများကို အသုံးပြုပြီး စစ်ဘုရင် မဟာအလက်ဇန္ဒရား၏ ဗိုလ်ချုပ်နှစ်ဦးဖြစ်သည့် နီကေနာနှင့် ဖိလစ်တို့အပါအ၀င် သူ့ရန်သူများကို သုတ်သင်ခဲ့သည်။ “ချာနာယာ” ထက် နှစ် ၂၀၀ လောက်စောပြီး တရုတ်တွေးခေါ် ပညာရှင်ဆွန်ဇူးက “စစ်တိုက်ခိုက် ခြင်းအနုပညာ” The Art of War ဆိုသည့်ကျမ်းမှာ လုပ်ကြံရေးဗျူဟာ ကို ရေးသားခဲ့သည်။ နောင်အခါ “အာဏာရှင် လက်စွဲကျမ်း” ဟု ညွှန်းဆိုကြသည့် The Prince ကျမ်းမှာလည်း လုပ်ကြံရေးကို ဗျူဟာတစ်ခုအဖြစ် အီတလီအတွေးအခေါ်ပညာရှင် မက်ခီဟာဗယ်လီက ၁၅ ရာစုက ရေးသား ခဲ့ပြန်သည်။
မည်သည့်အ ခါမှ မရိုးနိုင်သော အာဏာနိုင်ငံရေး ၏ တိုက်ကွက်တစ်ခု။ ၂၀၀၄ စက်တင်ဘာလ ၇ ရက်။ အင်ဒိုနီးရှား အစိုးရပိုင်လေကြောင်း လိုင်းဖြစ်သည့် Garuda လေယာဉ် ကြီးပေါ်မှာ လူ့အခွင့်အရေးသူရဲ ကောင်း “မူနီယာဆဒ်သာလစ်” လိုက်ပါလာခဲ့သည်။ အင်ဒိုနီးရှားပြည်သူများက သူ့ကို “မူနီယာ” ဟု ချစ်စနိုးအဖျားဆွတ်ခေါ်ကြသည်။ မူနီယာက အင်ဒိုနီးရှားစစ်တပ်နှင့် ခရိုနီအဖွဲ့ကြီးများ၏ လူ့အခွင့် အရေးချိုးဖောက်မှုများကို ဖော်ထုတ်တိုက်ပွဲဝင်ခြင်းကြောင့် ထင်ရှား သည့်ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။ သူနှင့် သူ့မိသားစုက အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုများကို မကြာခဏကြုံတွေ့ကြရသည်။ အိမ် ကိုဗုံးခွဲခံခဲ့ရဖူးသည်။ မူနီယာ့မိဘ အိမ်မှာ စနက်တံဖြုတ်ထားသည့် ဗုံးတစ်လုံးကို လာထားသွားကြသည်။ မူနီယာ့ရုံးကို လူတစ်စုဝင်ရောက် ဖျက်ဆီး ခဲ့ကြသည်။ မူနီယာ့ကို သူတို့အသက်ရှင်ခွင့်ပေးမည့်အချိန်သည် မကျန်တော့။ မိတ်ဆွေနှင့် ရဲ ဘော်ရဲဘက်များက မူနီယာ့ကို နိုင်ငံပြင်ပမှာ ခဏရှောင်နေဖို့ ဖျောင်းဖျကြသည်။
နယ်သာလန်နိုင်ငံ Utrecht တက္ကသိုလ်က အသက်ကို ကယ်ဖို့ စကောလားရှစ်ပေးလိုက်သည်။ နယ်သာလန်ကိုသွားဖို့ လေယာဉ်မတက် ခင်မှာ မိတ်ဆွေများက မူနီယာကို တစ်ခုပဲ တွင်တွင်မှာကြသည်။ “နယ် သာလန်နိုင်ငံ အမ်စတာဒမ်မြို့ကို ရောက်သည်အထိ လေယာဉ်ပေါ် မှာ ဘာကိုမှမစားပါနှင့်”။ မူနီယာ Gaurda လေယာဉ်ပေါ်ကကျွေးတာဘာကိုမှမစားခဲ့ပါ။ လေယာဉ်စင်ကာပူခရီးတစ်ထောက်မဆင်းခင်မှာတော့ အထူးတန်း ခရီးသည်တစ်ယောက်က ခုံလဲပြီး အထူးတန်းမှာ လာထိုင်ဖို့သူ့ကိုဖိတ်ခေါ်ခဲ့သည်။ မူနီယာက လက်ခံလိုက်ပြီး အထူးတန်းမှာ အ ချိုရည်တစ်ခွက် သောက်ခဲ့သည်။
မကြာခင်မှာ မူနီယာအော့အန်ပြီး နေမကောင်းဖြစ်လာတော့သည်။ အမ်စတာဒမ်မြို့ကို လေယာဉ်မဆင်း သက်ခင် နှစ်နာရီအလိုမှာတော့ သူသေဆုံးသွားခဲ့သည်။ သူ့အသက်မထွက်ခင် မိနစ်ပိုင်းအလိုမှာ တယ်လီဖုန်းမက်ဆေ့ခ်ျနှင့် သူ့ဇနီးသည်ကို နှုတ်ဆက်သွားခဲ့သည်။ မူနီယာကွယ်လွန်ပြီး နှစ်ရက်အကြာမှာ သူ့ဇနီးသည် ဆူချီဝတီထံကို အထုပ်တစ်ထုပ်ရောက်လာခဲ့သည်။ အထုပ်ထဲမှာတော့ ကြက် ခေါင်းပြတ်တစ်လုံးနှင့် စာတစ်စောင်။ “မူနီယာသေတဲ့ကိစ္စမှာ စစ်တပ်ကို ဆွဲမထည့်နဲ့”။ “မူနီယာကို ဘယ်သူသတ်သ လဲ” ဆိုသည့် မေးခွန်းသည် ယခုထိ ဖြေသူမဲ့နေဆဲ။
ကျွန်တော်တို့ နေထိုင်သော အရှေ့တောင်အာရှသည် ဖြေသူမဲ့မေးခွန်းများ၏ တည်နေရာ၊ ကျွန်တော်တို့သမိုင်းသည် ဖြေသူမဲ့ မေးခွန်းများ၏ ရာဇ၀င်။ မြန်မာ့ လွတ်လပ်ရေးခေါင်း ဆောင်တစ်ဦးဖြစ်သူ အိုင်စီအက်စ် ဦးတင်ထွဋ်၏ ကားထဲကို ဗုံးပစ်ထည့်တာ ဘယ်သူလဲ။ သီပေါစော်ဘွား စပ်ကြာဆိုင်ကို သတ်တာ ဘယ်သူလဲ။
ကရင်ခေါင်းဆောင် ဖဒိုမန်းရှာလာဖန်းကို လုပ်ကြံတာဘယ်သူလဲ။ ခေါင်းဆောင်တစ်ဦးကို လုပ်ကြံသတ်ဖြတ်ခြင်းဖြင့် နိုင်ငံရေးဒီရေကို ပြောင်းလဲဖို့ကြိုးစားခြင်းသည် လူ့အဖွဲ့အစည်းနှင့် အနာဂတ်ကို သတ်ဖြတ်ခြင်းဖြစ်ပါသည်။ လူ့အဖွဲ့အစည်းအနေဖြင့် အာဃာတကို ချေဖျက်ပြီး ခွင့်လွှတ်ခြင်းဖြင့် ပြန်လည် သင့်မြတ်ရေးကို တည်ဆောက်သင့် သည့်တိုင် အမှန်တရားပေါ်ထွက်ရေး ကတော့ လုပ်ကို လုပ်မှဖြစ်မည့် တာဝန်တစ်ခုဖြစ်ပါသည်။ လုပ်ကြံ သတ်ဖြတ်မှု များကို ဆိတ်ဆိတ် နေခြင်းသည် အနာဂတ်လုပ်ကြံ သတ်ဖြတ်မှုများကို တိတ်ဆိတ်စွာ အားပေးခြင်း ဖြစ်ပါသည်။ အာဇာနည်နေ့ကို ကျွန်တော်တို့ နှလုံးသားထဲမှာ မမေ့မလျော့ ထိန်းသိမ်း ထားသလို အနာဂတ်အာဇာနည်နေ့တွေ ထပ်မပေါ်ပေါက်အောင် တားဆီးကာကွယ်ကြဖို့ လိုအပ်သည်။ ဒီပဲယင်း၏ လူသတ်တရားခံများကတော့ ကျန်းမာချမ်းသာစွာနှင့် တိုင်းပြည်တာဝန်များကို ဆက်လက်ထမ်းဆောင်နေဆဲပါ။ သတိထား။ တံခါးအပြင်မှာ လူသတ်သမား ရှိနေသည်။
Dr . ဦးသန်းထွန်း ၏ လူမျိုးခြား ရာဇဝင်ဆရာများ အပေါ်သုံးသပ်ချက်အကျဉ်း(၂)
August 11, 2013 at 6:37am

မြန်မာ ရာဇဝင်ကို ကုလားကလည်း ရေး၏ ။ ရေးပြန်တော့ -
" ဒီသူငယ် အလွန်တော်တယ် " ကျုပ် " တပည့်ပေါ့ " ဟူသော လေလုံးမျိုးကို မည်သည့် ကုလား ရာဇ
ဝင်ဆရာကမျှ မရှောင်နိုင် ၊ ဟုပင် ဆိုချင်ပါသည် ။ "သည်အယူကို ကုလားအား ဆရာတင်ရသည် "
" သည်နည်းကို ကုလားထံတွင် တပည့်ခံ ရသည် " " သည် စကားကို ကုလားထံမှ ရသည် " ဟု တစ်
မိုးလုံး ဖျောက်ဆိပ် ဖြစ်၍ လာပါသည် ။ အရှေ့တိုင်း ယဉ်ကျေးမှု မှန်သမျှ ကုလားတွင် ရေသောက်မြစ်ခံ
သည်ဟု ထင်ရှားအောင် သုတေသန ပြုရန် သူတို့တွင်မဟာအိန္ဒိယ Greater India Society ဟုပင်ရှိ
သည် ။ ပါမောက္ခ နီလာကန္တာသျှပ်ထရီ တို့ ခေါင်းဆောင်၏ ။ ရန်ကုန်တက္ကသိုလ်ရာဇဝင်ပါမောက္ခ ဖြစ်ဖူး
သော မြန်မာနိုင်ငံတွင် ၂၅ နှစ်မျှ နေသွားသည့် ဒဗလျူအက်စဒေဆိုင်း ပင် ထိုဂိုဏ်းဝင် ဖြစ်ပါသည် ။သူရေးသော မြန်မာရာဇဝင်စာအုပ်တစ်အုပ် မကြာမီကထွက်ပေါ်လာပါသည်။ ယင်းစာအုပ် A Pageant
Of Burmease History ကို အစအဆုံးဖတ်လျှင် အချက်ကြီး နှစ်ချက်တွေ့ ရပေမည် ။ ပထမ အားဖြင့်
ကုလား သာလျှင် ဆရာ ဖြစ်ချေ၏ ဟူသော အချက်ကို အခါ အခွင့်သင့်တိုင်း ဝါဒဖြန့်၏ ။ ရာဇဝင် သင့် -
မသင့် ၊ ရာ - မရာ ပင်မချင့်ချိန် နိုင်ရှာပေ။ ဒုတိယအားဖြင့် မြန်မာစာ မတတ် ၊ မြန်မာရာဇဝင် အထောက်
အထား နှင့် မညှိဘဲ မြန်မာရာဇဝင်ကို အင်္ဂလိပ်မှတ်တမ်း စာအုပ်များ ဖတ်၍ ရေးပြန်ချေသည်။
အင်္ဂလိပ် ရာဇဝင်ဆရာတို့က မြန်မာမင်း တို့သည် သက်ဦးဆံပိုင် ဖြစ်သော ကြောင့် မင်း ကို လွန်ဆန် ၍
ဘာမျှ မလုပ်ရဲ ကြရကာ မင်း အပါးတွင် မင်း အလို လိုက်၍ မြှောက်တတ် ညာတတ် သူသာ ရှိလေ ဟန်
မကြာခဏ ရေးတတ်သည်။ စွတ်စွဲကြသည် ။ သူတို့ရေးသော စာကို အဖတ်များ သဖြင့် သူတို့ အပြောကို
ယုံကြည် လက်ခံ သူများလျက် ရှိချေပြီ ။ တစ်ဖက်မှာ မြန်မာမင်း သည် အမြဲ တရား လက် လွတ် မလုပ်၊
လုပ်လျှင်လည်း အနီးအနားတွင် ရှိသော အမတ်တို့က ဝင်ရောက် သတိပေးဟန်ကို ပြန်လှန် ဖော်ပြ ရချေ
မည် ။ ယင်းသို့ ဖော်ပြရာ၌ ဦးပေါ်ဦး လျှောက်ထုံး ကို ရေးသားသော ဦးအောင် နှင့် ပစပ်ရာဇဝင် ကို ရေး
သောမှော်ဘီ ဆရာသိန်း တို့ များစွာ အောင်မြင်၏ ။ ပြဿနာ အခက်အခဲ ပေါ်လျှင် ပညာရှိ ရဟန်း ကို
မင်း မေးသဖြင့် ဖြေပုံများ ကိုလည်း အမေးတော် ဖြေကျမ်း များ ကျန်ရစ် သဖြင့် မေးပုံ ဖြေပုံနှင့်တကွ မင်း
ဟူသောပုဂ္ဂိုလ်သည် မစူးမစမ်း စိတ်ထင်ရာမလုပ်ကြောင်း သက်သေပြလျက် ရှိပါသည်။ မင်းကိုအမတ်က
ထိန်းရာတွင် (၁ ) မင်း လိုက်လျောခြင်း ။ (၂ ) အမတ် အရည်အချင်း ကောင်းခြင်း နှင့် (၃) အချိန်ကာလ
လျှောက်ပတ်ခြင်း တို့ကို လိုက်၍ အောင်မြင်သည်။ ဤတွင် သာဓက တချို့ကို ပြလိုပါသည်။
ပုခန်းမင်းကြီး ဦးရန်ဝေး သည် ပွင့်လင်းပြတ်သား၏ ။ ပရိယာယ်မရှိ ။ ရိုးရိုးစင်းစင်းပင် မင်း မှားလျှင်
မှားကြောင်း ညွှန်ပြ၍ ကန့်ကွက်မြဲဖြစ်သည် ။ မင်း ၏ အမိန့်တော် စာချွန်ကိုယူ၍ ချိုးဝံ့သည်။ မင်းက
သာသနာအမှုကိစ္စတွင် သုံးရန် တစ်အိမ်ထောင်လျှင် ပေးမြဲ အခွန်ထက် တစ်မတ် ပိုပေးရန် စီမံလျှင်
ပုခန်းကြီး ဦးရန်ဝေး က အပြင်းအထန် ကန့်ကွက်၏ ။ ဧကနိပါတ် ၊ (အာရမဒူသက )ဇာတ် အမှတ်
၄၆ တွင် ဥယျာဉ် ကို ရေလောင်းသော မျောက်သည် သစ်ပင်ကို နှုတ်၍ အမြစ်ကို ကြည့် ပြီးမှအမြစ်
အရှည်အတို အလိုက် ရေလောင်းသဖြင့် ဥယျာဉ် ပျက်စီး ရဖူးကြောင်း ပုံဆောင်၍ သာသနာ ကို
အကြောင်းပြ လျက် အခွန်တိုးလျှင် မင်းကြီး သည် ဥယျာဉ်ကို ဖျက်သော မျောက်နှင့် တူ ချေတော့
မည်ဟု ဆုံးမ၏ ။ မင်း က နားထောင်သည်။ကယားပြည်နယ်ကို ချီတက်သိမ်းယူရန် မင်းထုတ်သော
အမိန့်ကို ပုခန်းကြီးက ဖျက်၏ ။ မင်းက မေးလျှင်သိမ်းယူသောကြောင့် အကျိုးထက်အပြစ်များမည်။
သိမ်းမိလျှင် ယိုးဒယား နှင့်၎င်း ၊ အင်္ဂလိပ် နှင့်၎င်း ၊နယ်စပ် အချင်းများဖွယ်မြင်သည် ။ ယင်း ကိစ္စမျိုး
ကို လုပ် လျှင် လွှတ်တော် ကို အသိပေး တိုင်ပင်ရာသည် ။ ယခုလို မင်း တစ်ဦး တည်း လုပ်လိုလျှင်
လွှတ်တော်ကို အလျင် ဖျက်ပါဟု ဆက်၍ပင် လျှောက်တင်သေးသည် ။ သတ္တိရှိပါဘိ။ အခါ တစ်ပါး
လည်း အမှုထမ်း တို့ မယားများ သဖြင့် လစာနှင့် မလောက်ငှ ၍ တံစိုး လက်ဆောင် ယူသည် ။
ထို့ကြောင့် မယား အရေ အတွက်ကို ကန့်သတ်သည့် ဥပဒေ လုပ်စေဟု မင်းတုန်းမင်းက ဆိုလျှင် ပု
ခန်းဝန်ကြီးက နိုင်ငံတော်၌မယား အများဆုံး ယူသော မင်း လည်းအဆိုပါ ဥပဒေတွင်ပါဝင်စေရမည်
ဟုပြောဆို ကန့်ကွက်ရဲသည်။ ထို ဥပဒေရပ်ဆိုင်းလိုက်ရပြန်သည်။ အဝေးမြို့ဝန်တစ်နေရာလစ်လပ်
နေသဖြင့် ထုံးစံ အလျောက် လွှတ်တော်ကလူရွေးချယ်ခန့်ထားရမြဲ ဖြစ်ပါလျက် မင်း ကမိဖုရား တစ်
ပါး၏ မောင် ကို ခန့်ထားကြောင်း ပုခန်းဝန်ကြီး သိလျှင် ထိုအမိန့်ကို ရုပ်သိမ်း၍ လွှတ်တော်က စိတ်
ကြိုက်ရွေးထားသူကိုသာ မြို့ဝန်ခန့်၍ စေလွှတ်လိုက်သည်။ မင်းက မေးသောအခါတွင် လွှတ်တော်
သည် နိုင်ငံဝန်ကို ထမ်း၏ ။ မိဖုရား၏ ဝန်ကို မထမ်းဟု ပြန်ပြောဝံ့သည် ။ ဤ တစ်ကြိမ် လည်း မင်း
လျှော့ရ ပြန်သည်။ ထို့ပြင် မင်းတံဆိပ် ခပ်နှိပ်ထား၍ ငါးကျပ်တန် ဖြစ်စေ ရမည်ဟု သွန်း လုပ်သော
ရွှေဒင်္ဂါး သည်စင်စစ် သုံးကျပ်သာ တန်သောကြောင့် ပုခန်းဝန်ကြီးက ရွှေတိုက်မှ ငွေ ငါးကျပ်ပေး၍
ပြန်လဲယူရာ မင်းကအဘယ်ကြောင့် ထိုသို့လုပ်ရသနည်းဟု မေးလျှင် မင်းဖြစ်လျှက် အမြတ်မယူရ။
အမြတ်ယူလိုသော် မင်းအလုပ်ဘဲကုန်သည် လုပ်ချေတော့ဟု ပြတ်ပြတ်တောင်းတောင်း ပြောသည်
ဟူ၏ ။ ယင်းပုခန်းဝန်းကြီးကား မည်သည့်အခါမျှ မင်းလိုလိုက်၍ မလုပ်ဟု ကျော်ကြား သူဖြစ်သည်။
မင်းကလည်း အလွန်လေးစားလျက် ဆရာကြီးဟု ခေါ်သည့်အခါခေါ်သည်။ ပုခန်း ရှင် ဘုရင်ကြီး ဟု
ခေါ်သည့်အခါ ခေါ်သည်။ ကွယ်လွန်သောအခါတွင်များစွာ နှမြောတသ ဖြစ်တော်မူ၏ ။ပုခန်းဝန်ကြီး
တပည့် ဖြစ်ဖူးသော ယောအတွင်းဝန် ဦးဖိုးလှိုင် မှာလည်း ဆရာကြီး၏ တပည့် ပီသသည်။ဘုရင့် အ
လိုကို ဆန့်ကျင်၍ပြောမိသဖြင့် သုံးခါထက်မနည်း ရာထူးချထားခံရဖူး၏ ။ မင်း မကြိုက်မှန်းသိလျက်
နှင့် ဘီယာ လောက်သောက် လျှင် အပြစ်မရှိ ဆေး သဘောထား၍ မိမိပင် သောက်ကြောင်း ပြောမိ
သဖြင့် ပြည်နှင် ခံရဖူး၏ ။ သမီးပေး၍ မျက်နှာသာ ရသော ဘုရင့် ယောက္ခမ ဝန်ကြီး များကို အမြင်
ကပ်သဖြင့် - " အစ်မ နှမ ၊ သမီးသကို ၊ စ၍ဆက်နှင့်း ၊ လက်ဆောင် သွင်း၍ ၊ စိုးမင် ချစ်မြတ် ၊ ထို
အမတ်သည်၊အတတ်မရှိ ၊ သတ္တိကင်းကွာ ၊ ဘုန်းကြီးလာမူ ၊ ပြည်ရွာ ပျက်ကြောင်း တစ်ပါး တည်း”
ဟုစပ်ရာ မင်းတုန်းမင်း စိတ်ဆိုး လှ၍ လှံနှင့်ထိုးမည် ရွယ်လျှင် ရင်ကိုလှပ်ကာ ထိုးတော်မူပါ ဟုရဲဝံ့
စွာဆို၏ ။ ထိုအခါ ဘုရင်ကရှောင်သွားရသည်။ ဖိုးလှိုင်ကိုမင်းသတ်၍ အပြုံးမပျက် သေလိုပါသည်။
မင်းလိုလိုက်၍ နေသဖြင့် နိုင်ငံပျက်ရသည်ဟု နောင် အပြောမခံရပါစေနှင့် ဟု ပြောလေ့ရှိသည်။
သီပေါမင်း ငွေသုံး လွန်းသောကြောင့် - ဘုရင် မင်းမြတ်သည် လွန်စွာ အသုံးအဖြုန်း ကြီးကြောင်း
ဘဏ္ဍာတော် ဆိုသည်မှာ ဆင်းရဲသော ကျေးတော်မျိုး ၊ ကျွန် တော်မျိုး များ၏ ချွေး နည်းစာမှ ညှစ်
ထုတ် ယူထားသည် ဖြစ်၍ ကျောက်ခဲ သလဲ ကဲ့သို့ သဘော မထားသင့်ကြောင်း - ပြောသဖြင့် အ
ကျဉ်းချခံရဖူးသည်။ သို့သော် ဝန်မင်းသည်အပြောမလျော့ မှားသည်ကို မြင်မိတိုင်း ရဲဝံ့စွာကန့်ကွက်
ပြောဆိုမြဲ ဖြစ်သည်။ နောက်ဆုံး၌ ဥရောပတွင်ထွန်းကားသော ဒီမိုကရေစီ ဆိုသည်မှာ အပရိဟာ
နိယ တရားပင် ဖြစ်ကြောင်း ဖော်ပြလျက် မြန်မာနိုင်ငံတွင် ယင်းတရားမှာ အဆန်း မဟုတ် သဖြင့်
ရှေ့သို့တစ်ဆင့်တိုးလျက် ဥပဒေမင်း Constitutional Monarchy ဖြစ်နိုင်သည်ဟု ရာဇဓမ္မသင်္ဂဟ
ကျမ်း ကို ရေးသားခဲ့၏ ။ ထိုကျမ်းကား မြန်မာ့ရိုးရာနိုင်ငံရေး အတွေးအခေါ်ကိုလည်းဖော်ပြသည်။
တိုးတက်ပြုပြင်ရေး ကိုလည်း ညွှန်ပြသည် ။ ဦးဖိုးလှိုင်လို ပုဂ္ဂိုလ် မျိုးကို ရာဇဝင်ရေးလျှင် မှတ်သား
ဖွယ်ရာများ ပါချေမည်ဟု မှန်းဆနိုင်ပါသည် ။ ပြင်းထန်သော မျိုးချစ်စိတ် မပါစေရဘဲ မြန်မာ့ ရှေးရိုး
လုပ်ထုံး တို့ကိုဖော်ထုတ်၍ ခေတ်နှင့် ထင်ဟပ် မိအောင် ပြုပြင် ပေးစွမ်း နိုင်မည်ဟု ယုံကြည်နိုင်ပါ
သည်။
အင်္ဂလိပ် ကျေးဇူးကို ထင်ရှား စေလျက် မြန်မာတို့ ညံ့ဖျင်း ပုံကို ပေါ်လွင်အောင် ရေးသော မြန်မာရာဇဝင်
ကျောင်းသုံးဖြစ် လာပြီးနောက် ၁၉၂၀ - တက္ကသိုလ် သပိတ် လွန်လျှင် မြန်မာ မျိုးချစ်စိတ်ကို အစွမ်းကုန်
ဖော်ထုတ်သော ကျောင်းသုံး မြန်မာရာဇဝင်များ ပေါ်လာပါသည် ။ ယင်းတို့နှင့် တစ်ပါတည်း ကျောင်းသုံး
ဖြစ်လျှင် ပြီးသည်ဟူ၍ စီးပွားရေး မျက်စိ သက်သက်ဖြင့် ရေးသား ပုံနှိပ်သော စာအုပ်များ လည်း တန်းစီ
ပေါ်လာပါသည် ။ ထို့ကြောင့်စာအုပ်ရေးသူနှင့် ပုံနှိပ်ရောင်းချသူကား မည်သူတို့ ဖြစ် သနည်းဟု စစ်တန်း
ထုတ်ရန် လိုအပ်ပါသည်။
သုတေသနတွင်စာအုပ်ကို အကဲဖြတ်နည်းလည်း အရေးပါသောစိစစ်ခြင်းတစ်ခု အဖြစ်ဖြင့် ပါဝင် ပါသည်။
ဦးစွာ ပထမ စာရေးသူကို မည်သည့် ပုဂ္ဂိုလ်မျိုး ဖြစ်သည်ဟု သိရန် လိုအပ်လှသည် ။ အသက်အရွယ်နှင့်
အံကိုက်ဖြစ်အောင်စကားလုံးက အစ သတိထားရသဖြင့် ကျောင်းသုံး စာအုပ်ရေးရန် အလွန်ခက်သည်ဟု
ယူဆ သူများက စာရေးသူ၏ အရည်အချင်းကို ပို၍ သိလိုပေသည်။ ဘီအေ မျှအောင်လျှင် ဆယ်တန်း စာ
အုပ်မျိုးရေး၍ ဖြစ်နိုင်ပါသည် ဟူသော အယူအဆမျိုးကား များစွာ များပါသည် ။ အထူးသဖြင့် ရာဇဝင်ကို
ရေးလျှင် ဝိဇ္ဇာ ဘွဲ့ ထက် ထို ဘာသာ ကို မည်မျှ လေ့လာဖူး သည် ဟူသော အရည်အချင်း က ပို၍ လိုပါ
သည် ။ နှစ်ပေါင်း များစွာ လက်တွေ့အားဖြင့် တပည့်များကို ရာဇဝင်သင် ခဲ့ရာမှ ပေါ်လာသော ဦးဘသန်း
၏ ရာဇဝင်စာအုပ် မျိုးကား အသင့်အတင့် အားကိုးရသော စာမျိုးဖြစ်သည် ။ ထို့ကြောင့်လဲယခုတိုင် သုံးစွဲ
လျက်ရှိ ကြသေးကြောင်း တွေ့ရသည် ။ သို့သော်သည် စာအုပ်မျိုး ကား ယခု အခါတွင်ကျယ် သဖြင့် ပေါ်
ပင်လိုက်၍ ရေးကြ သည်ကို တွေ့ရရာ စာရေးသောသူ မည်သူနည်း ဟု စိစစ်ရန် လိုကြောင်း ၊ ရေးသားရ
ပါသည် ။
အချုပ်အားဖြင့် မျိုးချစ် စိတ်ဓါတ် အကဲပိုနှင့် မိမိရာဇဝင် ကိုဖြစ်စေ ၊ သူ တစ်ပါး ရာဇဝင်ကို ဖြစ်စေ မရေး
သင့်ဟု ဆိုပါသည်။ ဒုတိယနိဂုံး အနေဖြင့် လည်း မြန်မာရာဇဝင်ကို မြန်မာများ ကပင် အကဲ အပို မပါစေ
ဘဲရေးသား၍ ကမ္ဘာကိုတင်ပြချိန် ရောက်ပြီဟုဆိုချင်ပါသည်။ တတိယ နိဂုံး အနေဖြင့် အင်္ဂလိပ် ၊ ကုလား
စသည် တို့က မဟုတ်မမှန် လီဆည်၍ မြန်မာ အဆိုး ဟု ရေးလေသည် တို့ကိုလည်း ဖော်ထုတ်ပြင်ဆင်၍
ဟုတ် သလောက်မူ ဝန်ခံပါဟု တိုက်တွန်းလိုပါသည် ။
သန်းထွန်း - M.A. , B . L . , Ph. D. , D. Lit. , (London)
မြန်မာရာဇဝင်စာတန်း အမှာစာ၂၁ သြဂုတ် ၂၀၀၁
Credit to > ဦးယဉ်ကျေး > Thanks
Dr . ဦးသန်းထွန်း ၏ လူမျိုးခြား ရာဇဝင်ဆရာများ အပေါ်သုံးသပ်ချက်အကျဉ်း(၁)
August 11, 2013 at 6:33am

မြန်မာရာဇဝင်ကို ရေးရာ၌ မျိုးချစ်စိတ်က ဆွဲဆောင်သဖြင့် မိမိ အမျိုးကို အမွှန်းတင် ၍ ရေးသား တတ်ကြ
သဖြင့် ယထာဘူတ ကျအောင်ရေးလိုသော ရာဇဝင်ဆရာသည် ထိုအစွဲကို ဖျောက်သင့်ကြောင်း(၂၁ နိုဝင်
ဘာ ၁၉၆၂ ) ထွန်းနေ့စဉ်၌ တစ်ခါရေး ဖူးပါသည် ။ ထိုသို့ရေးသားစဉ် မြန်မာရာဇဝင်ကျမ်း များစွာ၏ ချွတ်
ယွင်းချက် များနှင့်ထူးခြား ကောင်းမွန်ချက်တို့ကို နှစ်မျိုး စလုံးပေါ်အောင် ဖော်ပြခဲ့သည်။ ထို့ပြင် အမျိုးသား
စိတ် (သို့ ) မျိုးချစ်စိတ်ကြောင့် ရာဇဝင် ဆရာများ မှားတတ်ပုံကိုလည်း ဖော်ထုတ် ခဲ့သည်။ နေရှင်နယ်ဒေး
ဟု အခေါ်များသော အမျိုးသားနေ့ စတင်ပေါ်ပေါက်လာသည့် ၁၂၈၂ (၁၉၂၀)နှစ်ကစ၍ မြန်မာ အမျိုးသား
စိတ်နိုးကြား လာခဲ့ကြခြင်း ကိုအများ သိပြီး ဖြစ်ပါသည် ။ ထိုနိုးကြားလာသော အမျိုးသား စိတ်ကြောင့် မြန်
မာ တို့၏ ရာဇဝင် အရေးအသား တွင် မည်သို့ ပြုပြင် တိုးတက်လာ သည်ကို ယခု စာတန်းတွင် စိစစ် လိုပါ
သည် ။ မိမိ တို့၏ အမျိုးသား ရာဇဝင်ကို နိုင်ငံခြားသား ကရေးလျှင် မနှစ်သက် ကြောင်း တွေ့ရ၏ ။ မနှစ်
သက်စရာလည်း အကြောင်းခိုင်လုံအောင် ရှိပါသည် ။ မြန်မာရာဇဝင်ကို အင်္ဂလိပ် ၊ ပြင်သစ် ၊ အမေရိကန်၊
ရုရှား ၊ ကုလား နှင့် တရုတ်တို့ ရေးသားကြသည် ။ ထင်ရှားသည်ကား ဆာအာသာပါဗီဖယ်ယာ ဆိုသူက
၁၈၈၃ ခုနှစ်တွင် အင်္ဂလိပ် ဘာသာဖြင့် မြန်မာရာဇဝင် တစ်အုပ် ရေးသားခဲ့သည် ။ ထို စာအုပ်ကို မြင်ဖူးသူ
မြန်မာများပင် ရှားချေမည်။ ငါတို့ အမျိုး ကို နှိမ်၍ ရေးလေသည်ဟု စိတ်ဆိုး စရာလည်း မပါလှပါဟု ဆိုနိုင်
ပါသည် ။ အဘယ်ကြောင့် ဆိုသော် မြန်မာရာဇဝင် ကို လေ့လာ ၍ ဖယ်ရာ ဆိုသူက အင်္ဂလိပ် အရာရှိများ၊
မြန်မာနိုင်ငံသို့ လာ၍ အုပ်ချုပ်လျှင် ရာဇဝင်နှင့်ယဉ်ကျေးမှု အတိမ်အနက်ကို သိကြပါစေဟု ရေးသားခြင်း
ဖြစ်၏ ။ အလွယ်အားဖြင့်မြန်မာတို့ ပြောသမျှကို အင်္ဂလိပ်တို့ သိရှိစေရန် တစ်ဆင့် ပြန်ပြောခြင်းသာ ဖြစ်၍
ဝေဖန် ကဲ့ရဲ့ ချီးမွန်းခြင်းနည်းကာ ဇာတ်ကြောင်းပြန် သက်သက်ဖြစ် သောကြောင့်တည်း ။ ထိုမှတဖန် မစ္စ
တာအိခ်ျပါကာ ဆိုသူက တရုတ် မှတ်တမ်းကို ဖတ်၍ ရေးသား ထားသော မြန်မာရာဇဝင် နှင့် ညှိနှိုင်း ရေး
သားပြန် သည်ကို မြန်မာတို့ သတိမထား လိုက်ကြချေ ။ ထို့နောက် အင်္ဂလိပ်အစိုးရက နိုင်ငံတော်ဝါဒ ခေါ်
အင်ပီရီရယ်လစ်ဇမ်း ကို စာသင်ကျောင်းများ၌ တစ်နည်း မဟုတ် တစ်နည်း ထည့်သွင်း သင်ကြား ရမည်
ဟု ညွှန်ကြားလျှင် အင်္ဂလိပ် ဖတ် စာအုပ်၌ အင်္ဂလိပ် ဘုရင် ၏ ဘုန်း ကျက်သရေ ကြီးပုံ ၊ မြန်မာဖတ်စာ ၌
ဂျော့ဘုရင် ဘွဲ့ရတု ၊ ပထဝီဝင် ၌ ဗြိတိသျှ အင်ပါယာ ကြီးကျယ်ပုံ နှင့် ဗြိတိသျှ ရာဇဝင်၌ အင်္ဂလိပ် တို့၏
အစွမ်းကို အားပါးတရ ပြောလာသည် ။ မြန်မာရာဇဝင် ကိုပင် ပညာဝန် မစ္စတာစီ ဗလူကောက် က အင်္ဂ-
လိပ် လို ရေး၍ ကျောင်းများ ၌ သင်လာသည် ။ ယင်းသို့  မြန်မာရာဇဝင်ကို ကျောင်းသုံး ရေးရာ၌ ထင်ရှား
အောင်ရေးသည့် အထူး အချက်ကား (၁) မြန်မာမင်းများ ရက်စက်ပုံနှင့် (၂) အင်္ဂလိပ် တို့က တရားသဖြင့်
အုပ်ချုပ် သဖြင့် မြန်မာ တို့ ကြီးပွား တိုးတက် အေးချမ်း သာယာ ရှိပုံတို့ ဖြစ်ပါသည် ။ သဘောမှာ- မြန်မာ
ကလေးများ မိမိ အမျိုးသား အုပ်ချုပ်ရေးကိုမုန်းကာ အင်္ဂလိပ်ကိုအားကိုးအောင် သွန်သင်ခြင်းဖြစ်ပါသည်။
ထိုသို့ သွင်းပေးသော အဆိပ် ယခုတိုင် မပြေသေးကြောင်းက အသက်လေးဆယ်ကျော်နှင့် ခြောက်ဆယ်
ကျော် လူရွယ် လူကြီး တို့နှင့် စကားပြောလျှင် အမှတ်တမဲ့ ပါလာကြောင်း တွေ့ရပါသည် ။
ဇာတ်လောက၌ ဇာတ်ခင်းလျှင် ရှင်ဘုရင်က လူစွမ်းကောင်း ကို သတ်ပုံ ၊ ရှင်ဘုရင်က သူများ သား မယား
ကို အတင်း သိမ်းယူ ပုံဖြင့် လွမ်းကွက် ဖော်ကြသဖြင့် အင်ပီရီရယ်လစ်ဇမ်း ကို ဝိုင်း၍ ထောက်ခံ ကူညီကြ
သည်ဟု ထင်စရာ ရှိပါသည် ။ ထိုဇာတ်အိမ် ဇာတ်လမ်းမျိုး ယနေ့တိုင် ကပြဆဲ ဖြစ်ပါသည် ။ မြန်မာ - အုပ်
ချုပ်ရေး စနစ်ကို မုန်း၍ အင်္ဂလိပ် အုပ်ချုပ်ရေး စနစ်ကိုသာ ယုံကြည် အားကိုး ကာ အထင်ကြီး လေအောင်
နောက်ဆက်တွဲ အားဖြင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခဒီဂျီအီး ဟော က ၁၉၂၂ - ခု ၌ ကမ္ဘာ တွင် ပေါ်
လာသမျှ အင်ပီရီရယ်လစ်ဇမ်း အမျိုးမျိုးကို နှိုင်းယှဉ်လျက် ခြောက်ကြိမ်မျှ ဟောပြောကာ စုပေါင်း ၍ စာ
တစ်အုပ်ရိုက်ထုတ်သည် ။ ထိုစာအုပ်၌ သူ တစ်ပါး နိုင်ငံတွင် သွား ၍ အုပ်ချုပ်ပြီး နောက် စီးပွား ဥစ္စာ ရသ
လောက်ညှစ်ယူသော အင်ပီရီရယ်လစ်ဇမ်း ကား လက်အောက်ခံ ကို အစွမ်းကုန် ညှာတာ လျက် ကိုယ်ပိုင်
အုပ်ချုပ်ရေး အတွက် ပြင်ဆင်ပေးနေပါပြီဟု ဆိုလိုက်၏ ။
ယင်းနောက် မစ္စတာဂျီအီ ဟာဗေး က ၁၉၂၆ -ခုတွင် မြန်မာရာဇဝင် စာအုပ် တစ်အုပ် ရေး၏ ။ မြန်မာ အ
မျိုး၏ ညံ့ဖျင်း သမျှကို ထင်ရှားစေလျက် သတိပေး သလိုလို ကဲ့ရဲ့သလိုလို နှင့် မြန်မာ့ ဂုဏ်သိက္ခာ ကို တ
နည်းအားဖြင့် မှတ်ကျောက်တင်၍ ကြည့်ပါသည်။ မှန်သလိုလိုနှင့် အထက်စီး အဆုံးအဖြတ် ပေးပုံမျိုးတွေ့
ရ၏ ။ တစ်ဖက်တွင် အမျိုးသားစိတ် နိုးကြားနေပြီ ဖြစ်၍ မြန်မာတို့ အလွန်စိတ်ဆိုးကြသည် ။ ဟာဗေး ၏
စာအုပ်ကို အကျဉ်းရေး၍ ကျောင်းသုံး ဖြစ်လာသောအခါ ပိုစိတ်ဆိုးကြ ပြန်သည် ။ ထိုအခါ ယခု ထွန်း နေ့
စဉ် အယ်ဒီတာ ဦးထွန်းဖေ က မြန်မာရာဇဝင် မှ ဇာတိသွေး ဇာတိမာန် ကို မြှင့်တင် ပေးနိုင် သည့် ဇာတ်
ကွက် တို့ကို အသားပေးလျက် ရာဇဝင် စာအုပ် ဖြစ်စေ ၊ ရာဇဝင် နောက်ခံထားသည့် ဝတ္ထုစာအုပ် ဖြစ်စေ၊
စာရေး ဆရာများက ရေးသားကြ ရန် လှုံ့ဆော်သည် ။ ဆရာဖီ ၊ ဆရာသိန်း ( မှော်ဘီ ဆရာသိန်း ) ဆရာ
ဘကျော် တို့က နိဒါန်း စကားတွင် မြန်မာရာဇဝင် ရေးသားသော အင်္ဂလိပ် တို့ကို မကျေနပ် ကြောင်းဖော်
ပြလျက် သုသောဓိတရာဇဝင် ကို ပြုစုကြ၏ ။ ခြောက်တွဲ ဖြစ်၍ ကျောင်းသုံး ဖြစ်ရန် ခက်ခဲ သောကြောင့်
ဦးဘသန်း က ကျောင်းသုံး ရာဇဝင် ကိုရေးသားသည် ။ ဦးဖိုးကျား က ခေတ်မှီ ရာဇဝင် အကျဉ်း နှင့် မြန်
မာ့ဂုဏ်ရည် တို့ကို သီကုံးသည် ။ ဦးအုန်းမောင်က ကျောင်းသုံး မြန်မာ ရာဇဝင်သစ် သုံးတွဲကို ပြုစုသည်။
သခင်ကိုယ်တော်မှိုင်း က မှန်နန်း ရာဇဝင်သစ် ကို တင်ပြသည် ။ ဦးဖေ က ပုဂံရာဇဝင် ကိုရေးသည် ။
ရာဇဝင် နောက်ခံ ထား၍ မြန်မာ့ ယဉ်ကျေးမှုကို ဖော်လျက် လယ်တီပဏ္ဍိတဦးမောင်ကြီး က တပင်ရွှေထီး
ဝတ္ထု လေးတွဲကို ဖွဲ့နွဲ့သည် ။ သတင်းစာ ဆရာ ဦးသိမ်းမောင်က မင်းရဲကျော်စွာ၊ ဘုရင့်နောင် ၊ ဗန္ဓုလနှင့်
အလောင်းဘုရား ဟူ၍ မြန်မာ သူရဲကောင်း လေးဦး အကြောင်းကို ထုတ်ဖော်သည် ။ ယနေ့တိုင် နှစ်သက်
စွာ ဖတ်လျက် ရှိသော ရဲမြန်မာ ၊ ရန်ကြီးအောင် ၊ နာခံတော် ၊ ကုန်းဘောင် ပြင်သစ် ၊ စစ်ထွက်သူ စသော
ဦးသိမ်းမောင် ၊ ရွှေဥဒေါင်း ၊ ရွှေစကြာ ၊ မဟာဆွေ တို့၏ ရာဇဝင်ဝတ္ထုများ ပေါ်လောပါသည် ။ ယင်းသို့ရေး
သားကြ ရာ၌ အချုပ် သဘောမှာ အင်္ဂလိပ် က အင်ပီရီရယ် လစ်ဇမ်း ကို လက်ခံ အောင် စာသင် ကျောင်း
တွင် အင်္ဂလိပ် အုပ်ချုပ်ရေးကို အမွှန်းတင်၍ မြန်မာ ဘုရင် စနစ်ကို တစ်စက် ကလေး မျှ မကောင်း အောင်
သရုပ်ဖော် သည်ကို တန်ပြန် သဘောဖြင့် မြန်မာလူစွမ်းကောင်း တို့ကို တန်းစီ၍ ပြခြင်း ဖြစ်ပါသည် ။ တန်
ပြန်လက်နက်ဖြစ်၏ ။ မြန်မာကလေးများ မျိုးချစ်စိတ် ပို၍ ထန်သန် လာသည်ကို တွေ့ရ၏ ။ ကျွန်တော်တို့
ပင် မြန်မာ့ဂုဏ်ရည် ဖတ်၍ ကြီးပြင်းခဲ့သည် ။ ရဲမြန်မာ ဖတ်၍ လက်သီးဆန့်ခဲ့သည် ။ သို့သော်လည်း အင်္ဂ
လိပ် လက်နက်ကို ယင်း စာအုပ် မျှဖြင့် မဖြို နိုင်ကြောင်း တွေ့ ရသည် ။ မြန်မာ ဘုရင် စနစ် ၏ အပြစ် ကို
အင်္ဂလိပ် ကပြလျှင် မြန်မာ့ အုပ်ချုပ်ရေး စနစ်ကား မည်မျှ အခြေခံ ကြီးမား ၍ မည်သည့် အချက်များ ကား
ပဓာန ဖြစ်သည် ။ မည်သည့် အချက်များ ကား ချီးမွန်းဖွယ် ဖြစ်သည် ဟု လက်ဆုပ် လက်ကိုင် ဖော်နိုင်သူ
မပေါ်ခဲ့ချေ ။ ကံဆိုးသည်မှာ ပုဂံ ဦးတင် ပြုစုသော မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်း ငါးတွဲ ပင်လျှင် အင်္ဂလိပ်
က အင်ပီရီရယ် လစ်ဇမ်း ကို လက်ခံအောင် ဆွယ်စပ်၍ ရေးခိုင်းသော စီမံကိန်းဝင် စာတန်းကြီး ဖြစ်ရခြင်း
ပင်။ စာအုပ် ငါးတွဲ စလုံးကို ဖတ်လျှင် မြန်မာ မင်း အုပ်ချုပ်ပုံ နှင့် အင်္ဂလိပ် မင်း အုပ်ချုပ်ပုံ နှိုင်းယှဉ် လျက်
အင်္ဂလိပ်က သာကြောင်းကို သိသိသာသာ တစ် မျိုး ၊ မသိမသာ တစ်ဖုံ ရေးသားထားသည်ကို မကြာခဏ
တွေ့ရချေမည် ။ ထို့ကြောင့် မြန်မာဘက်မှ ဦးဖိုးကျား လို ရှေ့နေ မလိုက်လိုက နေပါ ။ သို့သော် သရုပ်မှန် ကို မြင်သာအောင် ဖော်ထုတ်၍ မြန်မာ့ အုပ်ချုပ်ရေး ကို လေ့လာသော ကျမ်းမျိုး အထင်အရှား မပေါ် ခဲ့ဖူး
သည်မှာ မြန်မာ့ တို့အတွက် အထူး ဝမ်းနည်း ဖွယ်ပင်ဖြစ်သည် ။ ဒေါ်မြစိန် က မြန်မာ့ အုပ်ချုပ်ရေးကို အင်္ဂ
လိပ် ဘာသာဖြင့် စာအုပ် တစ်အုပ် ပြုစု ဖူး၏ ။ မြင်ဖူး လိုက်သူ ပင် ရှားမည် ထင်၏ ။ သရုပ်မှန်ကို မြင်သာ
အောင် ဖြည့်စွက်ရန် လိုနေ ပါသေး သဖြင့် ပြင်ဆင်ပါဟု ဆရာမကြီး ကို ကျွန်တော် တောင်းပန်နှိုးဆော်ဖူး
ပါသည်။ တစ်နေ့လုပ် ဖြစ်လိမ့်မည်ဟု မျှော်လင့်ဆဲပင် ဖြစ်ပါသည်။
ဤတွင် ဦးဖိုးကျား တို့က မြန်မာ့ဟေ့ ဟု လက်သီး လက်မောင်း တန်းကာ ဟစ်ကြွေး စရာတွေ သာ ရွေး၍
ဖော်ထုတ် ခဲ့သည်ကို ကျွန်တော် အပြင်တင် နေခြင်းမဟုတ် ။ သူတို့ နည်းနှင့် သူတို့ မြန်မာ့ လွတ်လပ်ရေး
စစ်ပွဲ တွင် ပြောင်မြောက်အောင် ပါဝင် ဆင်နွှဲ သူများ ဖြစ်၍ မလစ်ရ အောင် အမှုထမ်း သည် ဟူ၍သာ ချီး
မွမ်းရချေမည် ။ သူတို့ ခြေရာ နင်း၍ တစ်ခေတ် ပြောင်း လျှင် တစ်ခါ ဆို သလို ရည်ရွယ်ချက် တစ်ခု ကို မူ
တည်လျက် ရာဇဝင်စာအုပ်များ ရေးသားခဲ့ကြသည် ။ ရှေ့ကိုလည်း ရေးကြ ပေဦးမည် ။ ရည်ရွယ်ချက် ကို
ဖြစ်အောင် ပို့နိုင်လျှင် သူတို့ တာဝန်ကျေ၏ ။ ဦးဖိုးကျား တို့ ရည်ရွယ်ချက် ကား မျိုးချစ်စိတ်ကို အခေါင်အ
ထွဋ်သို့ ပို့ခြင်း ဖြစ်သည် ။ ရည်ရွယ်ချက် အောင်မြင် ပါ၏ ။ရောင်ခြည်ဖြာ နေသော ပြသာဒ် စုလစ်မွန်းချွန်
ရှေ့ တွင် မြန်မာ ၊ ရှမ်း ၊ ကရင် ၊ ချင်းစသော လူမျိုး တို့ လက်သီး ဆန့် ၍ အော်နေပုံ နှင့် အောက်မှ "တစ်
သွေး တစ်သံ တစ်မိန့် " ဟူသော စာတန်းရေး လျက် ပါမောက္ခ ဦးဘညွန့် ၏ မြန်မာနိုင်ငံသမိုင်း အခြေပြ
ဂျပန်ခေတ် က ပေါ်လာသည် ။ ခေတ် ကြေးမုံ ဟု ဆိုရလောက်အောင် ဂျပန်ကြိုက် အာဏာရှင် သဘော
ကို ကျောင်းသားများ လက်ခံလာအောင် ကြိုးစားခြင်းပင် ဖြစ်ပါသည် ။ ဒုတိယ ကမ္ဘာစစ် ပြီး စက ဗိုလ်ဘ
ရှင်၏ ( မြန်မာ နိုင်ငံတော်သမိုင်း ) ထွက် လာသည် ။ ရာဇဝင် ဟူသော စကားလုံးသည် နယ်ကျဉ်း သဖြင့်
သမိုင်း ဟူသော စကားလုံး ကို အစားထည့် ၍ သုံးခဲ့ သည်မှာ ဦးဘညွန့်က စ ခဲ့ပေသည် ။ ဗိုလ်ဘရှင် က
လည်း ဦးဘညွန့် နှင့် တစ်သဘောတည်း ဖြစ်ချေ၏ ။ စင်စစ် ဦးဖေမောင်တင် ၏ မြန်မာ စာပေသမိုင်း က
ရာဇဝင်ကို ရာဇဝင် မခေါ်ပဲ သမိုင်း ဟုခေါ်ရန် တော်လှန် သည်ဟု ထင်မိပါသည် ။ သို့သော် သမိုင်းဟု အ
ခေါ် အပြော ကိုကြားလျှင် ရွှေနတ်တောင် သမိုင်း ၊ ကျိုးထီးရိုး သမိုင်း စသောနတ် သမိုင်း ၊ သိုက် သမိုင်း၊
ဘုရား သမိုင်း များ ကို ဆက်စပ် ၍ သတိရ မိသဖြင့် ကျွန်တော် တို့ မကြိုက် ဟု ပြောသူ လည်း ရှိသည်။
ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ၊ မြန်မာရာဇဝင် အခေါ်မှ ဗမာနိုင်ငံသမိုင်း ၊ ယင်းမှ မြန်မာနိုင်ငံ
သမိုင်း ဟု အခေါ် အပြော ပြောင်းခဲ့ ၏ ။ အခေါ် အဝေါ် ပြောင်း သည် သာမက ယခင်က ပုဂံ မင်းဆက်၊
ကုန်းဘောင် မင်းဆက် ဟု အခန်းဖွဲ့ ရေးရာမှ ဗမာနိုင်ငံသမိုင်း တွင် သွေးနှော ခေတ်ဟု အခန်းတစ်ခု အ
ဆန်း ပါလာပါသည် ။ ရှမ်း - ဗမာ ရော၍ အားသစ် အင်သစ် လူမျိုးသစ် ဖြစ်လာလျက် ပေါင်းစပ် ရောနှော
ခြင်း၏ အားကို ဖော်ထုတ်သည် ။ ထိုမှ တစ်ဖန် မြန်မာနိုင်ငံသမိုင်း တွင် - (၁) ရှေးဟောင်းခေတ် ၊ (၂) မြို့
စားရွာစား ဘုရင်ခေတ် (၃) အရင်းရှင် စနစ်ခေတ်နှင့် (၄) ပြည်ထောင်စုခေတ်ဟု တွေ့ရ၏ ။
ယင်း တို့ကို မြင်ရ သဖြင့် ဆိုဗီယက်ယူနီယံ က ရေးသော ရာဇဝင် စာအုပ်မျိုး ဖြစ်လေမည့်ဟန် ရှိပါသည်။
ဗန်းမော်တင်အောင် က မြန်မာနိုင်ငံတော်သမိုင်း ဟူ၍ ဗိုလ်ဘရှင် နှင့် အမည်တူ စာအုပ် တစ်အုပ် မကြာမီ
က ရေးပါ သည် ။ သူ လည်း ကွန်မြူနစ် အမြင် နှင့် ရေးလေ မည်လားဟု စောင့်၍ ဖတ်မိသည် ။ မျှော်လင့်
သလို ရုပ် ဝါဒ ရာဇဝင် အကြောင်း နှင့် မဟပ်လှ ။ လွတ်လပ်ရေး ရပြီး နောက် ပြည်ထောင်စု ခေတ် တွင်
အိမ်နီးချင်းများ နှင့် ဆက်ဆံ လာ ရပြီး ဖြစ်သည့် အတိုင်း တရုတ် - မြန်မာ ချစ်ကြည်ရေး အတွက် ဟံသာ
ဝတီ ဦးဘရင်က တရုတ် - မြန်မာ အရေးတော်ပုံကို ရေးသား၏ ။ ရည်ရွယ်ချက်နှင့် အမည်မျှဖြင့် ကျေနပ်ရ
သော စာအုပ်မျိုး ဟု ဆိုချင် ပါသည် ။ ပြင်းထန်သော မျိုးချစ်စိတ် ၏ ပေါက်ကွဲခြင်း ဖြစ်သည် ဟု ယူဆ ရန်
ဖြစ်သော ငါးသိုင်းချောင်း မောင်မောင် ၏ နယ်ချဲ့ မြန်မာ အရေးတော်ပုံ ကို လည်းဖတ် လိုက် ရသည် ။ ထို့
နောက် စာသင်သား နှင့် ကျောင်းသားသူငယ် ကို တိုက်ရိုက် ပညာ ပေးရန် ပြည်ထောင်စုကို ချစ်သောစိတ်
ကို လှုံ့ဆော် သည့် ရာဇဝင် စာအုပ်များ ပေါ်လာ ပါသည် ။ သုတေသန လက်ရာ ပါသည် ။ ပြည်ထောင်စု
နိုင်ငံ ချစ် စိတ်ဓါတ် ကို ရည်ရွယ်သည့် အတိုင်းပေးနိုင် လိမ့်မည်ဟု ယုံကြည် သည် ။ ယင်း တို့ကား ဦးသိန်း
ဟန် ( ဆရာဇော်ဂျီ ) ၏ တို့ ပြည်ထောင်စု သမိုင်း ပုံပြင်များ ၂ တွဲ နှင့် ပြည်ထောင်စု သမိုင်း မှတ်တိုင် များ
ဖြစ်ပါသည် ။ အားလုံး မူလတန်း အတွက် ဖြစ်သောကြောင့် အလယ်တန်းကျောင်းသုံး အလို့ငှာ ဦးဘဖေက
အလယ်တန်း မြန်မာ့သမိုင်း အကျဉ်းချုပ်ဟူ၍ တွေ့ရပြန်ပါသည် ။ အထက်တန်းအတွက် ဦးကွန်း ၏ ခေတ်
မီ အထက်တန်း မြန်မာရာဇဝင်နှင့် ဒေါက်တာကျော်သက် ၏ အထက်တန်း ပြည်ထောင်စု မြန်မာနိုင်ငံတော်
သမိုင်း တို့ ဆင့်ကဲ ဆင့်ကဲ ထွက်လာ ကြ၏ ။ အင်္ဂလိပ် ဘာသာဖြင့် ဂျွန် ခရစ်စယန် ၊ ဟော ၊ ကေဒီ ၊ ဒေ
ဆိုင်း တို့၏ မြန်မာရာဇဝင် များကို တွေ့ရပါသည် ။ အားလုံးခြုံ ၍ ပြောရလျှင် ပြင်းထန်သော မျိုးချစ်စိတ်နှင့်
ရေးသည့် စာအုပ် မျိုးကား သိသိ သာသာ လျော့နည်း သွား ၍ ပညာ ကို ပဓာန ထားလျက် ပြည်ထောင်စု
စိတ်ကို သွင်း ပေးရန် ရေးသော စာအုပ်များ ပေါ်ပေါက် လာခြင်း ကား ကောင်းသော တိုးတက်မှု ပင် ဖြစ် ပါ
သည်။ ရုပ်ဝါဒဖြင့် အကဲဖြတ်သော စာအုပ်ကား မပေါ်သေးဟု ဆိုရ ချေမည် ။ ဤတွင် အင်ပီရီရယ်လစ်ဇမ်း
ကို လက်ခံ ရေးသားသော ရာဇဝင် စာအုပ် ၊ မြန်မာ့မျိုး ချစ်စိတ် ကို လှုံ့ဆော်ရန် ရေးသော ရာဇဝင် စာအုပ်၊
တစ်သွေး တစ်သံ တစ်မိန့်ကို လက်ခံအောင် ရေးသော ရာဇဝင် စာအုပ် ၊ အမျိုးမျိုး ရှိသည် ။
ထို့ထက် ကျောင်းသုံးဖြစ် ရန်သာ အဓိကထား၍ ရေးလိုက်သော စာအုပ်များလည်း ရှိနေပါသည် ။ ခေတ်အ
ခါ လိုက်၍ တွင်ကျယ် ကြပါသည် ။ သို့သော် လူတစ်မျိုး ၏ ကောင်းသော အရည်အချင်း ကို အကဲခတ်ကာ
အပိုမပါဘဲ အမှန်ကို မြင် လာအောင် သုတေသနပြု ၍ တင်ဆက် နိုင်လျှင် ပင် ထို လူမျိုး ကို အမွှန်းတင်ရာ
ဂုဏ်ပြုရာ ရောက်သဖြင့် ထိုနည်း ကိုသာလျှင် ကျွန်တော် ကြိုက်ပါသည် ။ တစ်ခါက ရိုင်းစိုင်း ခဲ့သည်။ ယခု
ယဉ်လာသည် ။ အောင်မြင် သည့် အခါလည်း ရှိသည် ။ မအောင်မြင် သည့် အခါလည်း ရှိသည် ။ မရှု မလှ
နိမ့်ကျ သည့် အခါ လည်း ရှိသည် ။ အောင်မြင်ပုံ ကို ကြည့် ၍ ရှေ့တွင် ထို့ထက် အောင်မြင် လာအောင် ၊
တစ်ဆင့် လှမ်း ရပေ မည် ။ နိမ့်ကျ ပုံကို ကြည့်၍ လည်း တစ်ကြိမ် တစ်ဖန် ပြန် မနိမ့်ကျ သွားအောင် သင်
ခန်းစာ ယူနိုင် ကြလျှင် ရာဇဝင် တန်ဖိုး ပြီး ၏ ဟု ထင် ပါသည် ။ အပို စကားဖြင့် အနိမ့် ကို ပို၍ နိမ့်အောင်
သို့မဟုတ် အမြင့် ကို ပို၍ မြင့်အောင် မလှည့်စား သင့် ဟု ဆိုလိုသည် ။
မြန်မာ ရာဇဝင် ကိုရေးသော အင်္ဂလိပ် ရာဇဝင်ဆရာ တို့သည် (၁) မြန်မာဘုရင် ရက်စက် ပုံကို အကျယ်ချဲ့
၍ ရွံ့မုန်းအောင် တစ်ဖက်က ရေးသလို ၊ (၂) အင်္ဂလိပ် အုပ်ချုပ်ရေး ကောင်းပုံ ကို ရှေ့နေ လိုက်ကြသည်။
ယထာဘူတ ကျအောင် အမှန်ကို ရသလောက် ရှာဖွေ၍ တင်ပြ ရမည် ဟူသော ရာဇဝင် ဆရာတို့ လိုက်နာ
ရမည့် ဥပဒေကို လိုက်နာ ပါသည်ဟု တစ်ဖက်က ပြောသော်လည်း မကောင်း သမျှ ကို ရှာ၍ ပုံကြီးချဲ့ လာ
သောအခါ၌ သူတို့၏ စိတ်စေတနာကို မသင်္ကာစရာဖြစ်မိသည်။ ထင်ရှားသော ပုံစံတစ်ခုကို ပြပါမည်။
သံအမတ် အဖြစ်ဖြင့် ၁၈၂၆ - ခု စက်တင်ဘာလ ၁ - ရက် မှစ၍ ၁၈၂၇ - ခု ၊ ဇန်နဝါရီလ ၅ - ရက်နေ့
အထိ မြန်မာနိုင်ငံ၌ ရောက်ရှိ နေသော ဂျွန်ခရောဖို့က ယင်း၏ နေ့စဉ် မှတ်တမ်းတွင် နိုဝင်ဘာလ၂၇
ရက်နေ့ အဖို့ မှတ်တမ်း တင်ရာ၌ မြန်မာများ လက်ရုံးချင်း ပြိုင်၍ ပထမ စစ်ပွဲကို ရှုံးသော်လည်း မာန်
မလျော့ချေ ဟု ရယ်ဖွယ် ပျက်လုံး တစ်ခု ကို ထွင်ထည့် သည် ။ ယင်းကို မှန် - မမှန် ၊ ယုတ္တိ ရှိ - မရှိ
စစ်ဆေးခြင်း မရှိဘဲ ပါမောက္ခ ဒီဂျီအီးဟော က ဥရောပ - မြန်မာ အမည်ရှိ ရာဇဝင်ကျမ်း တွင် ယူ၍
ရေးပြန်သည် ။ ခရောဖို့ က မြန်မာ့ အသရေ ညှိုးအောင် ထွင်သည်ကို ဆရာ ဟော က မစစ် မဆေး
ဘဲ သုံးသော စာပိုဒ် မြန်မာပြန် မှာ ဤသို့တည်း ။
သက္ကရာဇ် ( ၁၁၈၆ - ၈၇ )ခုနှစ်များက တိုင်းတစ်ပါးသား အနောက်နိုင်ငံနေ ကုလားဖြူတို့က ဘုန်း
တော် အလွန်တရာ ကြီးမြတ် တော်မူ လှသော ဘဝ အရှင် ရွှေနန်း သခင် ၏ နိုင်ငံတော် ကို ထိပါး
ရိုင်းပြ လာသည် ။ ရန်ကုန်တွင်သင်္ဘောဆိုက်၍ ရန်ကုန် ကို၎င်း ၊ ပြည်မြို့ ကို၎င်း သိမ်းယူကြသည်။
ရန္တပိုအထိ လက်နက် လူသူ အများနှင့် ကျူးကျော်မိ သည့် တိုင်အောင် စော်ကားခွင့် ရကြ သည်မှာ
သတ္တဝါတို့ အသက်ကို မင်းတရားကြီး ၏ နှမြော စုံမက်ခြင်း နှင့် ကြင်နာ သနားခြင်းတို့ကြောင့်ဖြစ်
ချေမည် ။ လူမျိုးခြား ကုလားတို့ ထိုမျှ ချီတက် လာမိသဖြင့် ငွေကြေး ကြီးစွာ ကုန်ဆုံး လျှက် ရန္တပို
အရောက် တွင် မျိုး ရိက္ခာ ပြတ်လပ် ၍ ဒုက္ခ လှလှကြီး တွေ့ ကြရကား ဘဝ ရှင် မင်းတရားကြီး ထံ
အသနားတော်မြတ် ခံကြသည့် အလျောက် သည်းခံတော်မူလျက် အပြစ်မယူ ၊ ငွေတော်အမြောက်
အမြားပေး၍ လိုရာ အရပ်သို့ ထွက်ခွာ ပြန်သွားခွင့် ပြုလိုက်သည် ။
ယင်းသို့ ဆရာ ဟော က တိုက်ရိုက် ယူ၍ သူရေးသော ကျမ်း တွင် ထည့် လိုက်သည့် အပြင် ထို ကျမ်း
ကိုရေးသား ပုံနှိပ်သော ၁၉၄၅ - ခုနှစ်က တစ် ကမ္ဘာလုံး နာဇီ ဖက်ဆစ် ကို မုန်းတီး ကြလျက် ဟစ်တ
လာ ၏ လက်ရုံးတစ်ဆူ ဖြစ်သော နာဇီဝါဒ ဖြန့်ရာတွင် ပါရဂူ ဖြစ်သည့် ဂိုးဘဲ ၏ အမည်ကိုပင် ဆွဲယူ၍
ဒေါက်တာ ဂိုးဘဲ ပင် ယခု ထက်ပို၍ ပြောင်မြောက်အောင် လိမ် နိုင်မည် မဟုတ်ချေ ဟု မှတ်ချက် ပင်
ထည့်လိုက်သေး၏ ။
မမှန် သတင်း ရေးသူ အင်္ဂလိပ် ဖြစ်ကာ ၊ ခုံသမာဓိ အင်္ဂလိပ်က ယင်းကိုပင် အမှန်ယူ၍ မြန်မာကို ဖက်ဆစ်လူ
လိမ် ဂိုးဘဲ နှင့် နှိုင်းလိုက် သေးသည် ။ တတ်နိုင် ကြပါဘိ ။ ထို့ကြောင့် ၁၉၅၆ - ခု ဘိလပ် ရွှေ မြို့တော် တွင်
ကျင်းပသော အာရှ ရာဇဝင် ဆရာများ ညီလာခံ တွင် မြန်မာ ဟူ၍ မုံရွာသား ဦးတက်ထွတ် နှင့် ရန်ကုန် တက္က
သိုလ် ရာဇဝင်ဋ္ဌာန မှ ဆရာဦးတင်အုန်း တို့တက်ခွင့် ရလျှင် ဦးတက်ထွတ် က ယင်းအမှား ကို အချက် ကျကျ
ချေပပြင်ဆင်ခဲ့ပါသည်။ ဦးတက်ထွတ် ချေပချက်ကား ဤသို့ ဖြစ်၏ ။
မင်း မိန့်နှင့် ရေးသော ရာဇဝင်ကား မှန်နန်းရာဇဝင် ဖြစ်သည် ။ ခရောဖို့ အဆိုအရ မြန်မာ ရာဇဝင်
ဆရာက ပထမ စစ်တွင် မြန်မာတို့ ရှုံး၍ စစ်လျော်ကြေး ပေးရသည်ကိုပင် မဟုတ်မမှန် ပြောင်းပြန်
ဖြစ်အောင် ရေးချေသည် ဟုဆိုလျှင် ထိုအချက် မှန်နန်း တွင်ပါရမည် ။ ခရောဖို့ မှတ်တမ်း၌ ရက်စွဲ
အားဖြင့် ၁၈၂၆ - ခုနှစ်နိုဝင်ဘာလ ၂ - ရက်နေ့တွင် ဤသို့ မြန်မာရာဇဝင်ဆရာက မှတ်တမ်းတင်
သည်ဟု ဆိုသည် ။ စင်စစ် -မှန်နန်း ကို ၁၈၂၉ - ခုနှစ်တွင် မှ ရေးကြသည် ။ ရေးကြသော အခါ၌
ကမ္ဘာ တည် သည်မှ ၁၈၂၀ - ခု အထိသာ ရေး သဖြင့် အင်္ဂလိပ် - မြန်မာ စစ် အကြောင်း တစ်လုံး
တစ်ပါဒ မျှ မပါချေ ။ နောင် မင်းတုန်းမင်း ၏ လက်ထက် ၁၈၆၇ - ခုနှစ် တွင်မှ ဒုတိယမှန်နန်း အ
မည်ဖြင့် ၁၈၂၀ - မှ ၁၈၆၀ ထိ အဖြစ် အပျက်များကို မှတ်တမ်း တင်သော အခါ၌ အင်္ဂလိပ် - မြန်
မာ ပထမ စစ်တွင် မြန်မာ ရှုံး၍ စစ်လျှော်ကြေး ပေးရသည် ဟု မကွယ်မဝှက် မကြွားမဝါ အမှန်အ
တိုင်း ရေးခဲ့သည်။
ဤ အချက်ကို ဦးတင်ထွတ်က တင်ပြခဲ့၏ ။ ဤကဲ့သို့ ဦးတက်ထွတ်က ဖော်ထုတ်လိုက်ရာ ထင်ရှားကြီးကျယ်
သာ အချက် တစ်ချက် ပေါ်လာ၏ ။ ထို အချက်ကို အရှေ့တိုင်း ရာဇဝင် တို့၏ ရာဇဝင်တွင် အလွန် အရေးကြီး
သော အချက် တစ်ချက် ဖြစ်သည်ဟု မှတ်တမ်းတင် ကြရသည် ။ ယင်းအချက်ကား မြန်မာ ရာဇဝင်ကို မြန်မာ
စာမတတ် ၊ မြန်မာ ရာဇဝင် အထောက် အထား နှင့် မညှိ ၊ တစ်ဖက် စကား တစ်ဖက် နား နှင့် ရေးသား ပြော
ဆိုသည်မှာ ရှက်ဖွယ် ဖြစ် ၍ ယင်း သို့ ရေးသားချက် များကို ပြန်လှန် စစ်ဆေးချိန် တန်ပြီဟု မီးနီပြ လိုက်ခြင်း
ပင် ဖြစ်ပါသည် ။ တစ်ဖက် စကား ၊ တစ်ဖက် နားသာ အရေး ယူသည် ကို သုတေသန မခေါ် ၊ ပြင်းစွာ သော
မျိုးချစ်စိတ် ကို ဦးစားပေး ၍ တစ်ဖက်သတ် ရေးသည် ကို ရာဇဝင် မခေါ် ဟူ၍ ပါမောက္ခ ဒီဂျီအီး ဟော ပင်
ကျွန်တော့်ကို အလီလီ သင်ကြား လိုက်ဖူးပါသည် ။ သို့သော် ရာဇဝင် ဆွေးနွေးပွဲတွင် ဆယ်မင်နာ များ၌ အင်္ဂ
လိပ် ဂုဏ်သိက္ခာကို ထိလာလျှင် ပြေပျောက်အောင် ဆရာဟော ရှေ့နေ လိုက်ဟန်ကို ယခုတိုင် မြင်ယောင်မိ
သေးသည် ။ ကျွန်တော်တို့ ဝိဇ္ဇာတန်း မှာ ရာဇဝင် သင်ကြရ စဉ်က ၁၇၇၆ ခုနှစ်တွင် အမေရိကန် နိုင်ငံတော်
ကြီး ကို အင်္ဂလိပ် လက်လွှတ်ရခြင်း ကား စင်စစ် ဝမ်းနည်း စရာ နှမြောစရာ မဟုတ် ။ ယင်းသို့ တစ်ဖက် တွင်
တာဝန် ပေါ့သွား သဖြင့်သာ အရှေ့ဘက်တွင် လာ၍ အိန္ဒိယ လက်နက် နိုင်ငံကြီးကို စနစ်တကျ ထူထောင်နိုင်
ပါသည်ဟု အရှက်ပြေ ထည့်သွင်း ရေးသား လေ့ရှိပုံ အတော် များများ တွေ့ရသည် ကို အမှတ်ပြု မိပါသည်။
ဒုတိယ ကမ္ဘာစစ် အစက မြန်မာနိုင်ငံ ကို ထားရစ် ၍ အင်္ဂလိပ်တို့ အသက် လုကာ ကုလား နိုင်ငံသို့ အရောက်
ပြေးကြ ရစဉ်က အောင်မြင်စွာ ဆုတ်ခွာခြင်း ( Glorious Retreat ) ဟု မှတ်တမ်း တင်၏ ။ မြန်မာ စကား
တွင် ထိုးမည့် ဆင် နောက်ဆုတ်သည် ဟူသော အပြော မျိုးဖြင့် ဂျင်နရယ်-စလင်း ကရှုံးလို့ သာနိုင်သည် -
( Defeat into Victory ) ဟူသော စာအုပ် တစ်အုပ် ရေးပါသေးသည် ။ ဂျင်နရယ် -စလင်း ကိုခြေလွတ်
လက်လွတ် ကြွား သည်ဟု မဆို သာချေ ။ အဘယ်ကြောင့် ဆိုသော် သူတို့ ဂျပန်ကို နောက်ဆုံး နိုင်ခဲ့ သော
ကြောင့်ပင် ဖြစ်ပါသည်။ သို့သော် သူရေးသော ကျမ်းကို အမည် မှည့်ခေါ် ရာ၌ ရှုံး၍သာ နိုင်သည် ဟု အရှုံးကို
ပင် လက်ခမောင်း ခတ် နေသောကြောင့် ကြွားစရာ ရှား သလားဟု မေးချင် စိတ်ပင် ပေါက်မိ ပါသည်။ သူရေး
သော စာအုပ်ကား စင်စစ် အလွန်မှန်ကန်တိကျ ကောင်းမွန်အောင် ရေးသား ထားကြောင်း သက်သေခံလျက်
ရှိပါသည် ။
ဒုတိယ ပိုင်းသို့ - ဆက်ရန် ။
https://www.facebook.com/notes/%E1%80%A6%E1%80%B8-%E1%80%9A%E1%80%A5%E1%80%B9%E1%80%B1%E1%80%80%E1%80%BA%E1%80%B8/dr-%E1%80%A5%E1%80%AE%E1%80%B8%E1%80%9E%E1%80%94%E1%80%B9%E1%80%B8%E1%80%91%E1%80%BC%E1%80%94%E1%80%B9%E1%80%B8-%E1%80%9C%E1%80%B0%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%BB%E1%80%81%E1%80%AC%E1%80%B8-%E1%80%9B%E1%80%AC%E1%80%87%E1%80%9D%E1%80%84%E1%80%B9%E1%80%86%E1%80%9B%E1%80%AC%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%B1%E1%80%95%E1%81%9A%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%9E%E1%80%95%E1%80%B9%E1%80%81%E1%80%BA%E1%80%80%E1%80%B9%E1%80%A1%E1%80%80%E1%80%BA%E1%80%A5%E1%80%B9%E1%80%B8%E1%81%82/226869277467380
Credit to >ဦးယဉ်ကျေး> Thanks
Subscribe to:
Posts (Atom)



