Monday, September 16, 2013
မြန်မာ နိုင်ငံတွင် ဟိန္ဒူ ၊ ဂေါ်ရခါး ပထမဆုံး ၀ါဆိုသင်္ကန်းကပ်ပွဲ ကျင်းပ
Monday, September 16, 2013
ကသာ မြို့နယ်တွင် စက်တင်ဘာ၁၅ရက် နံနက်၈နာရီခွဲက ဟိန္ဒူ-ဂေါ်ရခါး ဗုဒ္ဓဘာသာအသင်းနှင့် ဟိန္ဒူဗုဒ္ဓ ဘာသာ မြို့ပေါ်ဘုရားကျောင်း များဂေါပကအဖွဲ့တို့ ကြီးမှူးသည့် ဝါဆိုသင်္ကန်း လှည့်လည် ကပ်လှူ ပူဇော်ပွဲတစ်ခု ကျင်းပခဲ့ကြောင်း သိရသည်။ ယခင်က ဟိန္ဒူ-ဂေါ်ရခါး အနွယ်ဝင် ဗုဒ္ဓဘာသာသက်ဝင် ယုံကြည်သူများ၏ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းအနေနှင့် ဝါဆိုသင်္ကန်း ကပ်လှူမှုများရှိခဲ့သော်လည်း ယခု လို ဟိန္ဒူ-ဂေါ်ရခါးလူ မျိုးများ စု ပေါင်း၍ မြို့ပေါ်သို့လှည့်လည် ပြသပြီးမှ ဝါဆိုသင်္ကန်းကပ်လှူ မှုမှာ မြန်မာနိုင်ငံတွင် ပထမဆုံး ဖြစ်ကြောင်း ဟိန္ဒူမြို့ပေါ်ဘုရား ကျောင်းများ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ဌေးက ယခုလို ပြောသည်။
''အရင်ကတည်းက ဗုဒ္ဓဘာ သာကိုကိုးကွယ်တဲ့ ကျွန်တော်တို့ ဟိန္ဒူလူမျိုးတွေဟာ ဝါဆိုသင်္ကန်း ကပ်လှူခဲ့တာ မဆန်းပါဘူး။ အခု လိုမြို့ထဲကိုအလှူလှည့်သလို လှည့် လည်တာမျိုးကတော့ မြန်မာနိုင်ငံ မှာ အရင်က မကြားခဲ့ဖူး ပါဘူး။ ကသာမြို့မှာ ပထမဦးဆုံးစလုပ် တယ်လို့ ပြောရမှာပါ။ ဒီအတွက်လဲ ဒီမြို့ က ကျွန်တော်တို့ဟိန္ဒူလူမျိုးတွေ အားလုံးဝမ်းသာကြပါတယ်။ ဒီလို ဖြစ်မြောက်အောင် ဦးဆောင်စီ စဉ်ပေးတဲ့ ဦးပဉ္ဇင်းကုလား(ဦးစန္ဒာ ဝရ)ကို လဲ အထူး ကျေးဇူး တင်မိ ပါတယ်'' ဟုပြောသည်။
ထိုနည်းတူစွာ ဟိန္ဒူ-ဂေါ် ရခါး ဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌ ဦးဒူရ်သေးက ''တကယ်ကို ဝမ်း သာကြပါတယ်။ ကျွန်တော်တင် မကပါဘူး။ ဟိန္ဒူဗုဒ္ဓဘာသာတွေ၊ ဂေါ်ရခါးဗုဒ္ဓဘာသာတွေ အား လုံးဝမ်းသာကြပါတယ်။ ဒီပွဲလေး ဖြစ်သွားတာ ကတော့ ဦးပဉ္ဇင်း ကုလား(ဦးစန္ဒာဝရ) ရဲ့ ဦးဆောင် အကြံပေးမှုကြောင့် ဖြစ်လာတာ ပါ။ ဒါ့ကြောင့် အခုလို ထူးထူးခြား ခြားဦးဦးဖျားဖျားဖြစ်အောင် ကူ ညီပေးတဲ့ အကြံဉာဏ်ပေးဦးဆောင် တဲ့ ဆရာတော်ဦးပဉ္ဇင်းကုလား (ဦးစန္ဒာဝရ) ကို အားလုံး ကိုယ်စား ကျေးဇူးတင်ပါတယ်''ဟု ပြောသည်။
ထိုသို့ ကျေးဇူးတင်ကြောင်း ပြောကြားခံရသည့် ဦးစန္ဒာဝရ မှာ ကသာမြို့လေးထပ်ကျောင်း အတွင်း သီတင်းသုံးနေထိုင်တော် မူသည့် ငယ်ဖြူရဟန်းဖြစ်ပြီး ၈၈ အရေးအခင်းကာလတွင်လည်း ကသာမြို့ သပိတ်ကော်မတီဥက္ကဋ္ဌ အဖြစ် ဦးဆောင်ခဲ့ သူဖြစ်သည်။ ဦးစန္ဒာဝရအား ကသာမြို့နယ် တစ်ခုလုံးမှ ဦးပဉ္ဇင်းကုလားအ မည်ကိုသာသိကြပြီး မူရင်းဘွဲ့အ မည်သိသူမှာပင် အင်မတန်နည်း ပါးသည်။ ဦးပဉ္ဇင်းကုလား(ဦးစန္ဒာ ဝရ)အား ထိုပွဲဖြစ်လာပုံနှင့်ပတ် သက်ပြီး လျှောက်ထား မေးမြန်း ခဲ့ရာ ဦးပဉ္ဇင်းကုလား(ဦးစန္ဒာဝရ) မှ ''ဒါမျိုးလေးမြို့ပေါ်လှည့်မယ် ဆိုတော့ သူတို့တစ်တွေ(ဟိန္ဒူ-ဂေါ်ရခါးဗုဒ္ဓ
ထိုအလှူပွဲ နှင့်ပတ်သက်၍ မြို့လူထုကလည်း သဘောကျနှစ် ခြိုက်ကြပြီး မြို့ပေါ်တွင် ဘာသာ ပေါင်းစုံပါဝင်သည့် ဘာသာပေါင်း စုံ ငြိမ်းချမ်းရေးအဖွဲ့ဖြစ်မြောက် စေလိုကြောင်း ပြောဆိုမှုများရှိ နေကြသည်။
ဟာဂျူလီ
Yangon Media Group
နိုင်ငံတကာ ရခိုင်အမျိုးသား အသင်း (အမေရိကန်)တွင် အမျိုးသမီး တစ်ဦးကို ဥက္ကဌ အဖြစ် တင်မြှောက်
WAO-USAWAO ဟု လူသိများသော နိုင်ငံ တကာ ရခိုင်အမျိုးသား အသင်း (အမေရိကန်
ပြည်ထောင်စု) တွင် ပထမဆုံး အကြိမ် အဖြစ် အမျိုးသမီး တစ်ဦးကို ဥက္ကဌ အဖြစ်
ရွှေးချယ် တင်မြှောက်လိုက်သည်ဟု သတင်း ရရှိသည်။၎င်းတင်းမြှောက်ခြင်း ခံရသူ
အမျိုးသမီးမှာ ရခိုင် လူမူရေး လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်နေသူ
ဒေါ်လှသန်းဝေ ဖြစ်ကြောင်း သိရှိရသည်။ထိုသို့ ရွှေးချယ်
တင်မြှောက်ခဲ့ကြောင်းကို ၂၀၁၃ ခုနှစ် စက်တင်္ဘာလ (၉) ရက်နေ့ နေ့စွဲဖြင့်
ထုတ်ပြန်သော နိုင်ငံတကာ ရခိုင်အမျိုးသား အသင်း ( အမေရိကန် ပြည်ထောင်စု)
World Arakanse Organization (USA) ၏ ကျေညာချက်တွင်
ဖေါ်ပြသည်။အမျိုးသားများသာ ကြီးစိုးလေ့ရှိသော ရခိုင် လူမူ
အဖွဲ့အစည်းများတွင် ယခုကဲ့သို့ အမျိုးသမီး တစ်ဦးအား ဥက္ကဌ အဖြစ် ရွှေးချယ်
တင်မြှောက်ခြင်းမှာ အလွန်ဝမ်းသာစရာ ဖြစ်ကြောင်း RFA ( ရခိုင်အစီအစဉ်)မှ
သတင်း တင်ဆက်သူ မနှင်းသန္တာက ပြောသည်။“ ရခိုင်အမျိုးသမီး တစ်ယောက် ခုလို
ဥက္ကဌ ဖြစ်လာတာကို ကြားရတော့ ၀မ်းသာပါတယ်။ ကျွန်မတို့ ရခိုင်အမျိုးသမီးတွေ
အနေနဲ့ ဒီထက်မက ထူးချွန်
ပြောင်မြောက်တဲ့ အမျိုးသမီးတွေ ဖြစ်အောင် ကြိုးစားကြဖို့လည်း
တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ဆိုသည်။၎င်း အဖွဲ့၏ ထုတ်ပြန်ကျေညာချက်အရ
ရခိုင်အမျိုးသား အသင်း ( အမေရိကန် ပြည်ထောင်စု) မှ ပြုလုပ်ခဲ့သော သတ္တမ
အကြိမ်မြောက် ညီလာခံမှ ၂၀၁၃- ၂၀၁၄ ခုနှစ် သက်တမ်း အတွက် ဒေါ်လှသန်းဝေ (
ဥက္ကဌ) အပါအ၀င် နာယက ၄ ဦး၊ အလုပ်အမူဆောင် ကော်မီတီ (၁၅) ဦးကို ရွှေးချယ်
တင်မြှောက်ခဲ့သည်ဟု ဆိုသည်။နာယကများထဲတွင် ဒေါက်တာ အေးချမ်း၊ ဦးထွန်းဝင်း၊
ဦးထွန်းရွှေနှင့် ဦးစိန်ထွန်းတို့ ဖြစ်ကြသည်။အလုပ်အမူဆောင်များထဲတွင်
ဦးစောဝေဇံက ဒုဥက္ကဌ၊ ဦးသိန်းထွန်းဇံ- အတွင်းရေးမှူး၊ ဦးခိုင်မြင့်သိန်း-
တွဲဘက် အတွင်းရေးမှူး၊ ဒေါ်စန်းစန်း – ဘဏ္ဍာရေးမှူး၊ ဒေါ်ကြာဇံလှ- တွဲဘက်
ဘဏ္ဍာရေးမှူး၊ ဦးဇော်ဇော်ထွန်း- ပြန်ကြားရေးမှူး၊ ဦးခိုင်မိုးနိုင်- တွဲဘက်
ပြန်ကြားရေးမှူး၊ ဦးအောင်လွှင်- စည်းရုံးရေးမှူး၊ ဒေါ်နွယ်ဦး- တွဲဘက်
စည်းရုံးရေးမှူး၊ ဒေါ်ကျူကျူ – စာရင်း စစ်မှူးတို့ ဖြစ်ကြသည်။အလုပ်အမှုဆောင်
ကော်မီတီဝင်များ အဖြစ် ဦးခိုင်ကျော်ခိုင်၊ ဦးသိန်းအောင်ကျော်၊
ဒေါ်ဖြူဖြူသိန်းနှင့် ဦးအောင်မိုးဇော်တို့ကို ရွှေးချယ် တင်မြှောက်ခဲ့သည်ဟု
သိရသည်။နိုင်ငံတကာ ရခိုင်အမျိုးသား အသင်း ( အမေရိကန် ပြည်ထောင်စု)၏
ဆောင်ရွက်များ အောင်မြင်စွာ အကောင်အထည် ဖေါ်နိုင်ရန် အတွက် အသင်းသူ
အသင်းသားများနှင့် ရခိုင်အမျိုးသားများက ၀ိုင်းဝန်း ကူညီကြရန်
မေတ္တာရပ်ခံကြောင်း ကျေညာချက်ထဲတွင် ဖေါ်ပြထားသည်။
(နိရဉ္စရာ- ၁၆ စက်တင်္ဘာ ၂၀၁၃)
Sunday, September 15, 2013
Honda Fit GE6 ဆိုသည်မှာ
အရင်က ကျွန်တော်တို့ တိုင်းပြည်မှာ ကားဆိုရင် Toyota မှ လက်ခံကြတယ်၊ ကြိုက်ကြတယ်၊ ရောင်းတန်းဈေးကွက်ဝင်ကြပါတယ်။
များသောအားဖြင့် တခြားအမျိုးအစားနဲ့ Toyota နဲ့ ယှဉ်ရင် Toyota က အသာရလေ့ရှိပါတယ်။ အခု ၁၃၀၀ စီစီ ကားလေးတွေမှာတော့ Toyota Belta, Vitz တို့နဲ့အပြိုင် လူကြိုက်များလာတာကတော့ Honda Fit ပါပဲ။
Honda Fit မှာဆို ရွေးချယ်စရာ (၂)မျိုး ထပ်ရှိပါသေးတယ်။ GD1 နဲ့ GE6 ပါ။
Honda Fit ကားလေးတွေကို ၂၀၀၁ ခုနှစ်က စတင် ထုတ်လုပ်ခဲ့ပြီး အရှေ့ပိုင်း ထုတ်လုပ်တဲ့ 1st generation ပုံစံဟောင်းကို သူ့ chassis code GD1 ကို အစွဲပြုပြီး Honda Fit GD1 လို့ ခေါ်ဝေါ်ကြသလို
၂၀၀၇ ခုနှစ် ၁၀ လပိုင်းမှ စတင်ထုတ်လုပ်ခဲ့တဲ့ 2nd generation ပုံပြောင်းလေးတွေကိုလည်း သူ့ chassis အတိုင်း GE6 လို့ လူသိများကြပါတယ်။
GE6 အကို အကြမ်းအားဖြင့် Modification / Grade ခွဲချင်တယ်ဆို G, G F package, L package ဆိုပြီး (၃)မျိုးခွဲခြားလို့ ရပါတယ်။
ရိုးရိုး G ဆိုရင် မှန်ကာလာ မပါဘူး၊ side mirror ဘေးမှန်မှာ မီးတန်းမပါသလို မှန်ချိုး၊ မှန်ခေါက် မရပါဘူး။
G F package ဆိုရင် G မှာ မရတာ၊ မပါတာတွေ ပါလာမယ်၊ ရလာပါမယ်။
L package ဆိုရင်တော့ aircon မှာ button type နဲ့ digital ဖြစ်သွားပါမယ်။
Smart key (turn start), Original TV & Audio controller စတဲ့ အချက်တွေကတော့ optional တွေမို့ package နဲ့ ခွဲခြားဖို့ ခက်ခဲစေပါတယ်။
ဒါ့အပြင် G 10th anniversary, Sporty Edition, She S, Smart Edition စတဲ့ အခွဲလေးတွေလည်း အများကြီး ထပ်ရှိသေးပေမယ့် အကြမ်းအားဖြင့်တော့ G, G F, L လို့ပဲ မှတ်ထားလိုက်ရင် မှတ်ရ ပိုလွယ်မှာပါ။
GE6 မှာ နောက်ထပ် ထူးခြားတာ တစ်ခုက ၂၀၁၀ ခုနှစ် ၁၀လပိုင်း နောက်ပိုင်းထုတ်တဲ့ ကားတွေဆို ရှေ့ဘန်ဘာနဲ့ အနောက်မီးခွက်ပုံစံ ကွဲပြားသွားပါတယ်။
(ပုံမှာကြည့်လိုက်ပါ၊ နောက်မီးခွက် အဖြူ တစ်တန်းတည်းနဲ့ အနီရောင်ကားလေးက မော်ဒယ်အမြင့်ပါ။)
ဒီတော့ ရှေ့ရုပ်နဲ့ နောက်မီးကိုကြည့်လိုက်တာနဲ့ ဒီကားဟာ မော်ဒယ်အနိမ့်လား အမြင့်လား ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်ပါတယ်။
ပုံစံတူပြီး ကွဲပြားနေတဲ့ Chassis အလိုက် ခွဲခြားပြရင်ဖြင့် ....
GE6 ဆိုရင် 1300cc, 2 wheel-drive
GE7 ဆိုရင် 1300cc, 4 wheel-drive
GE8 ဆိုရင် 1500cc, 2 wheel-drive
GE9 ဆိုရင် 1500cc, 4 wheel-drive ပါ။
ဈေးကွက်အရတော့ အခွန်နှုန်းသက်သာတဲ့ ၁၃၀၀ စီစီတွေသာ သွင်းကြပြီး အဲ့ထဲမှာမှ GE6 ကိုသာ ရွေးချယ်ကြပါတယ်။ 4WD တွေကိုတော့ ဆီအုပ်မှာ စိုးလို့ အများစုက မကြိုက်ကြပါဘူး။
Honda Fit မှာပဲ ၂၀၁၁ ခုနှစ်မှ စလို့ Hybrid နဲ့ ထုတ်လုပ်သလို အရွယ်အစား ပိုကြီးတဲ့ Fit Shuttle တွေလည်း ရှိပါသေးတယ်။ ဒါပေမယ့် သူတို့က မြန်မာပြည်မှာ သိပ်မပေါက်တာမို့ ထည့်မရေးတော့ပါဘူး။ ရောကုန်မှာ စိုးလို့ပါ။
=====================
တခြားကားအကြောင်းတွေကိုလည်း အလျင်းသင့်သလို ရေးသွားပါဦးမယ်။ ကျွန်တော် သိထားသလောက်လေးတွေကို အားလုံးသိအောင် ဝေမျှပေးတာမို့ လိုအပ်တာတွေ၊ နားလည်မှု လွဲမှားနိုင်တာတွေလည်း ရှိနိုင်ပါတယ်။
ပြည့်ပြည့်စုံစုံ မဟုတ်တောင် ကားတွေကို အကြမ်းဖျင်း ခွဲခြားနိုင်ရုံလောက်တော့ အဆင်ပြေကြမှာပါ။
ကိုထွဋ်ထိပ်
ဥပဒေပညာဘွဲ့သင်တန်းကို အွန်လိုင်းစနစ်ဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ်၌ ပထမဆုံးအကြိမ် ဖွင့်လှစ်မည်
ရန်ကုန် စက်တင်ဘာ ၁၅
ခေတ်မီဖွံ့ဖြိုးတိုးတက်လာသော နည်းပညာရပ်များကို အခြေခံ၍ ပညာ ရေးစနစ်
ပိုမိုတိုး တက်မြင့်မား လာစေရန် ရည်ရွယ်ကာ ရန်ကုန်အဝေးသင် တက္ကသိုလ်
လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးမှုဌာန အစီအစဉ်ဖြင့် ဥပဒေ ပညာဘွဲ့ (LLB)
ပထမနှစ် သင်တန်းကို Online System ဖြင့်ရန်ကုန်အဝေးသင်တက္ကသိုလ်၌ ၂၀၁၃
ခုနှစ် ဒီဇင်ဘာလမှစ၍ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါသင်တန်းသို့ ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး
သူများအနက် အဝေးသင် ဥပဒေပညာဘွဲ့ကြိုဝင်ခွင့် အမှတ်မီသူများ၊ တက္ကသိုလ်
တစ်ခုခုတွင် သင်တန်း တက်ရောက်နေ သူ များနှင့် တက္ကသိုလ်တစ်ခုခုမှ
ဘွဲ့ရရှိပြီး သူများလည်း လျှောက်ထားနိုင်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ်
တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာလှတင့်က ပြောကြားသည်။
Online
Learning System ဖြင့် သင်ကြားပို့ချရာတွင် သင်ယူလိုစိတ်ရှိ သူများအတွက်
သင်ယူမှု အခွင့်အလမ်းရရှိစေပြီး Convenient ဖြစ်စေရန်၊ Flexible
ဖြစ်စေရန်ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြား သည့်အတွက် လူကြီးလူငယ် မရွေး
တက်ရောက်နိုင်ကြောင်း၊ Online System တွင် စာသင်ချိန် သည် အတိ အကျ
သတ်မှတ်ထားခြင်းမရှိသည့်အတွက် မိမိတို့အဆင်ပြေသည့်အချိန်တွင် ရန်ကုန်
အဝေးသင်ဝက်ဘ်ဆိုက် ''www.yude.ac.mm'' မှတစ်ဆင့် သက်ဆိုင်ရာ ဘာသာရပ်ကို Download လုပ်၍ လေ့လာနိုင်ကြောင်း သိရသည်။
သင်တန်း၌ ပို့ချမည့် သင်ရိုးညွှန်းတမ်းနှင့်သင်ရိုးမာ တိကာများမှာ
ပုံမှန် တက္ကသိုလ်များတွင် သင်ကြား ပို့ချပေးလျက်ရှိသည့် ဥပဒေပညာဘွဲ့ကြို
ပထမနှစ် သင်တန်းများမှ သင်ရိုးများ အတိုင်းဖြစ်ပြီး သင်တန်းကာလမှာလည်း
ပုံမှန်ဒီဂရီ ဘွဲ့သင်တန်းများကဲ့သို့ ငါးနှစ်သတ်မှတ် ထားသည်။
အွန်လိုင်းမှတစ်ဆင့် သင်ခန်းစာပို့ချချက်၊ Video,Audio
ပို့ချချက်ဖိုင်များ၊ ရည်ညွှန်းစာအုပ်များ၊ Assignment မေးခွန်းများ၊
Tutorial မေးခွန်းများကို ရယူနိုင်ပြီး အဖြေလွှာများကို အွန်လိုင်းမှ ပင်
ပြန်လည်ပေးပို့နိုင်သည့်အတွက် အချိန်ကုန်သက်သာသည့် ခေတ်မီပညာ သင်ကြားရေး
နည်းစနစ်ဖြစ်သည်။ ဖြေဆိုထားသော စာစဉ်ရမှတ်များကို အွန်လိုင်းမှပင်
ပြန်လည်ပေးပို့ပေး မည် ဖြစ်သည်။ သင်တန်းသားသင်တန်းသူများ၏ အားနည်းချက်၊
အားသာချက်များကို Two-Way Communication System ဖြင့်အင်တာနက်မှတစ်ဆင့်
ကျောင်း သားနှင့်ဆရာ အနီးကပ် တွေ့ထိဆွေးနွေးနိုင်ရန် ဥညူငညန ဃူass
များကိုလည်း စီစဉ်ထားကြောင်းသိရသည်။
သင်ခန်းစာ
ပို့ချချက်များကိုလည်း အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့်
ရှင်းလင်းပို့ချထားသဖြင့် သင်တန်းသားများအနေဖြင့် လွယ်ကူစွာနားလည်
သဘောပေါက်နိုင်မည်ဖြစ်သည်။ စာမေးပွဲဖြေဆိုရာတွင် လူစားထိုးဖြေဆိုခြင်း
မရှိစေရန် Team Viewer Software စနစ်၊ Learning Management System Software
စနစ်တို့ဖြင့် စောင့်ကြည့်စစ်ဆေးနိုင်ရန် စီစဉ်ထားပြီးဖြစ် သည်။
အွန်လိုင်းသင်ကြားရေးစနစ်ဖြစ်သည့်အတွက်
f Internet Access ရရှိသည့် မည်သည့်နေရာေ ဒသ မဆို သင်တန်းသားများအနေဖြင့်
အချိန်မရွေး သင်ကြား နိုင်သည်။ သင်တန်းတက်ရောက်နိုင် ရန်
သင်တန်းသားများအနေဖြင့် အခြေခံ ကွန်ပျူတာစနစ်ကို တတ်ကျွမ်းပြီး
စည်းကမ်းရှိ၍ လေ့လာ ချင်စိတ်ရှိကာ ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင်နိုင်ရန်
လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
(ခင်ချိုဝင်း-သတင်းစဉ်)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
ရခိုင်ပြည်နယ်စပ်ပြန်ဘင်္ဂလီအကြမ်းဖက်စစ်သွေးကြွတယောက်ကိုလက်နက်များနှင့်အတူ ဘင်္ဂလားတွင်ခတ္တ နားခိုနေစဉ် ဖမ်းဆီးရမိ
Maung Aung Mra Tun
7 hours ago
ပါကီစတန်သိမ်းပိုက် ကတ်ဆစ္စမီးယား ဒေသတွင်အကြမ်းဖက်ဗုံးခွဲရေးစစ်သ င်တန်းတက်ပြီး
၍ရခိုင်ပြည်နယ်စပ်ကိုပြန်လာသူမွ တ်ဆိုးဘင်္ဂလီတချို့ မှတယောက်ကိုဘင်္ဂလားဒေခ်ျ့ တွင်ခတ္တခဏခရီးရပ်နား
နေစဉ်သတင်းများအရ ရဲများက ဤကနေ့ တနင်္ဂနွေ (၁၅.၉.၂၀၁၃)မနက် (၈)နာရီ ခန့်တွင်အိန္ဒိယလုပ်မောင်းပြန်တိုက်ခိုက်ရေးသေနတ်သုံးလက်နှင့်အတူ
ဖမ်းဆီးရမိကြောင်းသိရှိရပါသည်။
အဆိုပါ ကတ်ဆစ္စမီးယား ဒေသတွင်မွတ်ဆိုးဘင်္ဂလီအကြမ်းဖက်သ မား(၅၀)ကျော်ခန့်တို့ သည်
ပါကီစတန်အခြေစိုက်စစ်သွေးကြွအဖွဲ့ များနှင့်အတူစစ်ရေးအတွေ့ အကြုံရရှိရန်အတွက်အိန္ဒိယနှင့်တိုက်ပွဲများတွင်ပါဝင်တိုက်ခိုက် လျက်ရှိကြကြောင်း၊ယင်းအပြင်ဘင်္ဂလီအမျိုးသ္မီးတချို့ မှာလည်းထိုဒေသတွင်မိသားစုများနှင့်အတူရောက်ရှိအခြေချနေထိုင်လျ က်ရှိကြကြောင်း
သိရှိရပါသည်။
Friday, September 13, 2013
ကျွဲ၊နွားများအား ဘင်္ဂလီများက ဓါးပြတိုက်လုယူနေခြင်းများ မြို့နယ်အချို့တွင်ဖြစ်ပေါ်နေပြီး လုံခြုံရေး အပိုင်းအားနည်းချက်ကိုဖော်ပြနေ
-ပေါက်တော၊ စင်တင်ဘာ-၁၅
ကျွဲ၊နွားများအား ဘင်္ဂလီများက ဓါးပြတိုက်လုယူနေခြင်းများ မြို့နယ်အချို့တွင်ဖြစ်ပေါ်နေပြီး လုံခြုံရေး အပိုင်းအားနည်းချက်ကိုဖော်ပြနေေ ကြာင်းသိရသည်။
ထိုသို့အားနည်းချက်များကြောင့် ရခိုင်တိုင်းရင်းများ၏ ဘ၀လုံခြုံရေးအတွက်
စိုးရိမ်နေကြကြောင်းနှင့် လယ်ယာလုပ်ငန်းခွင် အသုံးချ ကျွဲ၊နွားများ
ထိုသို့ပျောက်ဆုံး နေခြင်းအပေါ် စုံစမ်းဖော်ထုတ်ခြင်း၊ အရေးယူခြင်း၊
တစ်စုံတစ်ရာမရှိသေးကြောင်းလည်းသိရသည်။
ယင်းနှင့်ပတ်သက်ပြီးအောက်တိုဘာလ ၂ ရက်နေ့က ပေါက်တောမြို့နယ်၊ ဇီးချိုမော်ရွာနေ ဦးဦးထွန်းသိန်း၏ ကျွဲ ခြံမှ ကျွဲ ၁၃ ကောင်အား လုယူသွားခဲ့မှုတစ်ရပ်ဖြစ်ပေါ်ခဲ့သ ည်။ တဲတွင်အစောင့် ချထားသူအား ဘင်္ဂလီဓါးပြများက သတ်ပုတ်ရိုက်နှက်ကာ တိုင်တွင်ကြိုးဖြင့်ချည်နှောင်ထားခဲ့ပြီး ကျွဲများအားလုယူသွားခဲသည်။သို့ေ သ်ာလည်း လမ်းခုလပ်တွင် ကျွဲခုနစ်ကောင်မှာ ပြေးသွားသဖြင့် ကျွဲထီး(၂)ကောင် နှင့် ကျွဲမ (၄)ကောင် တို့မှာဘင်္ဂလီများနှင့်အတူ ပါသွားခဲ့သည်။ ယင်းအမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာရဲဌာနမှ စုံစမ်းဖော်ထုတ်ခြင်း၊ တရားခံများအားဖမ်းဆီးခြင်းမပြုလုပ်နိုင်သေးသည့်အပြင်
စက်တင်ဘာ ၅ ရက်နေ့ကလည်း စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ နွား ၁၄ ကောင်အား
ဒွင်းမြောင်မှ ဘင်္ဂလီများက လာရောက်လုယူသွားခဲ့ရာ ယင်းကိစ္စကိုလည်း
ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်းနှင့် ရခိုင်ပြည်အတွင်းယင်းသို့ဖြစ်ပေါ်နေသော ဓါးပြမှုများကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်နေသူများ အနေဖြင့် လွန်စွာစိုးရိမ်နေကြကြောင်းသိရသ ည်။
အလားတူကျွဲ ၄ ကောင်ခိုးမှုတစ်ရပ် ကိုလည်း ပေါက်တောမြို့နယ် အတွင်းက
စက်လှေတစ်စီးပေါ်တွင်ဖမ်းဆီး နိုင်ခဲ့ရာ ရခိုင်ပြည်နယ်အတွင်းရှိ
ပေါက်တောမြို့နယ်၊စစ်တွေမြို့န ယ်နှင့် ကျောက်တော်မြို့နယ်၊မြောက်ဦးမြို့ နယ်တို့အတွင် ထိုသို့ကျွဲနွားပျောက်ဆုံးမှုအများဆုံးဖြစ်ပေါ်နေကြောင်းနှင့် ၂၀၁၃ ခုနှစ်အတွင်း ကျွဲ၊နွား အကောင်ရေ ရာနှင့်ချီပြီးပျောက်ဆုံးနေပြီ ဖစ်ကြောင်းလည်းသိရသည်။
“ပြည်နယ်အစိုးရအဖွဲ့ကတော့ လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ပြောပေမယ့် ကျွဲ၊နွား ပျောက်တာဟာ လုံခြုံရေးနဲ့မဆိုင်သလိုဖြစ်နေတ ယ်။ အခုက ကိုယ်လယ်မြေတွေကို ကိုယ်မလုပ်နိုင်တဲ့အဆင့်ရောက်နေ ပြီ။
ခိုး ဆိုးတိုက်ခိုက်မှုတွေ နေရာတိုင်းမှာဖြစ်တယ်။ ဖြစ်လာရင် ဘင်္ဂလီတွေကပဲ
လုပ်တာကိုတွေ့ရတယ်။ ဒီပြဿ နာကို ထိန်းနိုင်ဖို့လိုမယ်။ မဟုတ်ရင်
ငြိမ်းအေးဖို့ဆိုတာ မလွယ်ဘူး။ ပြည်တွင်းမီဒီယာတွေမှာလည်း ဒီသတင်း မျိုးတွေ
ဘယ်တော့မှာ မတွေ့ရဘူး။ ဘင်္ဂလီတွေ လုပ်ရပ်ကို ဖော်ထုတ်ပေးဖို့လည်းလိုပါတယ်”ဟု ပေါက်တော မြို့နယ်မှ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါသည်။
RSV
Subscribe to:
Posts (Atom)




