Saturday, March 22, 2014

တင်းတိပ်ကို ဘယ်လိုဖျောက်ရပါ့

အများအားဖြင့် အမျိုးသမီးတွေက အမျိုးသားများထက်ပို၍ တင်းတိပ်ပေါက် တတ်ကြပြီး၊ မျက်နှာ အလှအပကို ဖျက်ဆီးသည့် တင်းတိပ်ပေါက်မှာကို စိုး ထိတ်နေကြရပါတယ်။
တင်းတိပ်ဖြစ်ရတဲ့အကြောင်းရင်းတွေကတော့၊ မျက်နှာသန့် ရှင်းမှုမရှိခြင်း၊ မသန်ု့  ရှင်းသောမျက်နှာသုပ်ပုဝါ(သို့ မဟုတ်)တို့ ဖတ် ပုဝါ(သို့ မဟုတ်)ကရင်မ်ပပ်ဖ်ရေမြှုံ့ တို့  ကိုသုံးစွဲခြင်း၊ မသန့် ရှင်းသောလက်ဖြင့် ပွတ်သပ်ကိုင်တွယ်ခြင်း၊ မိမိနဲ့ ဓာတ်မတည့် သည့် ဓာတုပစ္စည်းများပါဝင်သော မိတ်ကပ်များလိမ်းကျံခြင်း၊ နေလောင်ခြင်း၊ ဓမ္မတာမ မှန်ဘဲ သွေးပုပ်သွေးညစ်များကြွင်းကျန်ခြင်း၊ နံ့  သာဖြူလိမ်းခြင်း စသည်တို့ ကြောင့် တင်း တိပ် စွဲနိုင်ပါတယ်။ ပင်ကိုယ်မျက်နှာအသားအရေခြောက်သွေ့ သူများမှာ တင်း တိပ်ပေါက် ဖို့  ရာနှုန်းပြည့်နီးပါးသေချာနေပါပြီ်။ ခန္ဓာကိုယ်အပူဓာတ်များသည့် အမျိုး သမီး များ သွေးမဆုံးခင် နှင့် သွေးဆုံးပြီးစအချိန်တွေမှာ တင်းတိပ်ပေါက်လေ့ ရှိပြီး၊ သွေးဆုံးပြီးနှစ် အတန်ငယ်ကြာတဲ့အခါမှာတော့ သူ့ အလိုလိုပျောက်သွားတတ် ပါတယ်။
တင်းတိပ်ဖျောက်နည်း။
လက်တကမ်းမှာ အလွယ်တကူရရှိနိုင်တဲ့ အောက်ဖော်ပြပါ သဘာဝကုထုံးလေးတွေက ဓာတုပစ္စည်းမပါရှိတာကြောင့် ဘေးထွက် ဆိုးကျိုးမရှိဘဲ တင်းတိပ်ပျောက်စေနိုင်ပါ တယ်။ သို့ သော် ဘယ်နည်းကိုဘဲသုံးသုံး ဇွဲရှိဖို့ တော့လိုအပ်ပါတယ်။
(၁) ဒန္တသုခအရွက်စိမ်းရည်(သတ္တုရည်)နှင့် သနပ်ခါးရောစပ်၍ အိပ်ရာဝင်တိုင်းလူးအိပ် ပါ။ ညစဉ်လိမ်းကျံခြင်းဖြင့် ရက်ပိုင်းအ တွင်း တင်းတိပ်ပျောက်ကင်းသွားပါလိမ့်မယ်။
(၂) သန့် ရှင်းစင်ကြယ်စွာ ဆေးကြောထားသော ကင်ပွန်းချဉ်ရွက် မနုမရင့် လက်ဆစ် ဆုပ် စာခန့် ကို ထန်းလျက် (၇)လုံးခန့် နှင့် သုံးခွက်တစ်ခွက်တင်ကျို၍၊ ဆူလာတဲ့အခါ အိုးထဲကိုဆားအနည်းငယ်ခပ်ထည့်ပါ။ ချိုချဉ်ချဉ်အရသာအရည်ကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်သောက်ပေးခြင်းဖြင့် တင်းတိပ်များပါးလွှာပြီး မကြာခင်ပျောက်သွားပါ လိမ့်မယ်။
(၃) မျက်နှာကို သန့် ရှင်းစွာဆေးကြော၍ ရေသုပ်ပြီးနောက်၊ သန့် ရှင်းသော အုန်းမှုတ် ခွက်အခွံကို ကျောက်ပျဉ်သန့် သန့် ပေါ် မှာ ရေအစား သံပုရာရည်ဖြင့်သွေး၍ သနပ်ခါး လိမ်း သကဲ့သို့ လိမ်းပါ။ တင်းတိပ် နှင့် ၄င်းဆေးရည်တို့ ထိတွေ့ တဲ့အခါ၊ အနည်း ငယ် စပ်ဖျဉ်းဖျဉ်းခံစားရပါလိမ့်မယ်။ အရောင်က၀ါလွန်းတာကြောင့် ညအိပ်ယာဝင်ခါနီးမှာ လိမ်း ၍အိပ်ပါ။ (စပ်ဖျဉ်းဖျဉ်း ခံစားမှုကို သီးခံ၍ တစ်လခန့် လိမ်းပေးခြင်းဖြင့် လက်တွေ့ ပျောက် ကင်းနိုင်ပါတယ်)
(၄) ကြက်သွန်နီကိုထောင်း၍ ရလာတဲ့အရည်ကို ရှာလကာရည် ရောစပ်ပြီး ညင်သာ စွာလိမ်းပါ။
(၅) ထောပတ်သီး အမှည့်ထဲက၊ အစေ့ဝိုင်းဝိုင်းကြီးကို အရိပ်ထဲမှာအခြောက်လှန်း ပါ(နေပူထဲမလှန်းရ)။ ခြောက်သွေ့ သွားတဲ့အခါ ညအိပ်ယာ ၀င်ခါနီးတိုင်းသွေး၍၊ မျက်နှာကိုစင်ကြယ်စွာ ဆေးကြောသုတ်သင်ပြီးနောက် သနပ်ခါးလိမ်းသကဲ့သို့ လိမ်း အိပ်ပါ။ တင်းတိပ်တွေ ပျောက်ရုံသာမက၊ မျက်နှာအသားအရည် နုချောလာပါလိမ့်မယ်။
(၆) မျက်နှာကိုသန့် စင်အောင် ဆေးကြောပြီးနောက် ဖရဲသီးအောက်ခံအဖြူသားကို ဓား(သို့ မဟုတ်)ဇွန်းဖြင့် ပါးပါးလှီး၍ မျက်နှာ ပေမှာ နာရီဝက်ခန့် ကြာအောင် တင် ထားပေးပါ။
(၇) သနပ်ခါးသွေးပြီးနောက် သိန္ဓောဆားကို စပါးစေ့တစ်စေ့ခန့်ရောစပ်ပြီး တင်းတိပ် ရှိသောနေရာကို တစ်နေ့တစ်ကြိမ် နေ့စဉ် လိမ်းပေးပါ။
(၈) သနပ်ခါးသွေးတဲ့အခါ၊ ပင်လယ်ရေမြှပ်ကို အနည်းငယ်ထည့်သွေး၍ ရရှိတဲ့သနပ်ခါး ရည်ဖြင့် တင်းတိပ်ရှိသော နေရာတဝိုက် ကို တစ်နေ့သုံးကြိမ် လိမ်းပေးပါ။ (ပင် လယ်ရေမြှပ် ကို ပရဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါတယ်)
(၉) မျက်နှာကို စင်ကြယ်အောင်ဆေးကြောပြီးနောက်၊ သနပ်ခါးသွေးတဲ့အ ခါ ကျောက် ချဉ် ကို မုန့်ညှင်းစေ့ တစ်စေ့ခန့်ထည့်သွေး ပြီး လိမ်းပေးပါ။ နံနက်တစ်ကြိမ်၊ ည တစ်ကြိမ် တစ်နေ့ ၂ ကြိမ်လိမ်းပေးနိုင်ပါတယ်။(မျက်နှာပေါ်ရှိ တင်းတိပ်များသာမက၊ အစက် အပြောက်များ နှင့် မျက်နှာအရေပြား ကြမ်းတမ်းမှုကိုပါ သက်သာပျောက် ကင်းစေနိုင်ပါတယ်)
(၁၀) သန့်စင်လတ်ဆတ်သော နနွင်းတစ်တက်ကို ရေအစား နွားနို့အနည်းငယ်နှင့်သွေး ၍၊ ရရှိသောဆေးရည်ကို တင်းတိပ်ရှိ သော နေရာတစ်ဝိုက်မှာ လိမ်းပေးပါ။ တစ်နေ့ သုံးကြိမ် လိမ်းပေးသင့်ပါတယ်။
(၁၁) ကွမ်းရွက်ကို ပါးပါးလှီးဖြတ်တောက်၍ ရေအနည်းငယ်နှင့်ပြုတ်ပါ။ အအေး ခံပြီးနောက် ကွမ်းရွက်ပြုတ်ရည် ၂-ဆ၊ ပျားရည် ၁-ဆ ရောစပ်၍ ပုလင်းနှင့်ထည့်ပါ။ ထိုကွမ်းရွက်ပေါင်းဆေးရည်ကို နံက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လိမ်းပေးပါ။ လိမ်းခါနီးတိုင်း၊ မျက်နှာကို သန့် စင်စွာ ဆေးကြော၍ ပုလင်းကိုလှုပ်ပြီးမှ လိမ်းပါ။
(၁၂) နံနံစေ့ကိုပြုတ်၍ ရလာတဲ့ဆေးရည်ကိုအအေးခံကာ ညအိပ်ယာဝင်တိုင်း မျက်နှာကိုလိမ်းပေးပါ။ (တင်းတိပ်သာမက၊ မှဲ့ ခြောက် နှင့် ဆားဝက်ခြံများကို သိသိသာသာ လျော့ပါးသွားစေပါတယ်)
(၁၃) နန်းလုံးကြိုင် အသီး ၁-ဆ၊ ဂုံမင်းသီး ၁-ဆတို့ကို ကျွမ်းအောင်မီးဖုတ်၍ အမှုန့်ပြုလုပ်ပါ။ ပြီးရင် ထိုအမှုန့် တွေ မြုပ်သွားတဲ့ အထိ၊ နှမ်းဆီစစ်စစ် နှင့် ရောစပ်၍ ပုလင်းထဲထည့်ထားပါ။ အသုံးပြုခါနီးတိုင်း ပုလင်းကိုလှုပ်ပြီး တင်းတိပ်ရှိသော နေရာတွေ ပေါ်လူးပေးပါ။
လူသားပီသစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်
 ပေါက်ပေါက်

Credit to > ကျန်းမာရေးသတင်းများ& ပေါက်ပေါက်

Friday, March 21, 2014

*ဗုဒ္ဓသည် အိန္ဒိယနိုင်ငံသား ဟုတ်၊ မဟုတ်*

မေး။ လွန်ခဲ့တဲ့ 'တစ်နှစ်ကျော်' လောက်ကတည်းက "ဆရာပါရဂူ" ရေးသည့် "ဗုဒ္ဓမြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံသား ဟုတ်မဟုတ်" ဆိုတဲ့ စာအုပ်ကြော်ငြာကို တွေ့၍ ၀ယ်ယူရန် 'လှည်းတန်း' သို့သွားရှာဖွေရာ မတွေ့၍မ၀ယ်ဖြစ်လိုက်ပါ။ ဒါကြောင့် ဆရာတော်ဘုရားအနေနဲ့ မြတ်စွာဘုရားဟာ ဘယ်နိုင်ငံသားဆိုတာကို ကရုဏာ ရှေ့ထား ဖြေကြားပေးပါ။

ဖြေ။ နိုင်ငံသားကတော့ "အိန္ဒိယနိုင်ငံသား" ပေါ့။ အိန္ဒိယနယ်ထဲ 'မွေး' တာကိုး။ ဒါပေမယ့် အဲဒီ အိန္ဒိယနိုင်ငံထဲမှာ လူမျိုးက အများကြီးလေ။ သူတို့ 'အမျိုး' ကို "သာကီဝင် အမျိုး" လို့ခေါ်တယ်။ အခုလို အမည်း၊ အသည်းမျိုးတွေလည်း အများကြီးပေါ့။ လူမျိုးစုံရှိတယ်။ တို့ 'မြန်မာပြည်' ထဲမှာလည်း အခု " မြန်မာ၊ ကုလား၊ တရုတ်၊ ရှမ်း၊ ကချင်" အဲဒီလိုရှိသလိုပေါ့။

အိန္ဒိယနိုင်ငံထဲမှာ လူမျိုးပေါင်းစုံရှိတယ်။ အဲဒီ လူမျိုးပေါင်းစုံထဲမှာ "ဘုရားအမျိုးက သာကီမျိုး" ပေါ့။ 'သကျသာကီ' မျိုးပေါ့။

သကျသာကီတွေကို "၀ိဋဋူဘမင်း" သတ်ခဲ့အခါမှာ တချို့'ထွက်ပြေး' ပြီးတော့ 'မြန်မာပြည်' ထဲ ရောက်လာတယ် "သမိုင်းကြောင်း" အယူအဆအရ...နောက်လူမျိုး နှစ်မျိုးသုံးမျိုးပေါင်းပြီးတော့ "မြန်မာ" တွေဖြစ်လာတယ်ပေါ့။ ဒါကြောင့် "မြန်မာအစ သာကီက" ပေါ့နော်။ အဲဒါကြောင့် "သာကီးမျိုးဟေ့ တို့ဗမာ" လို့ကြွေးကြော်ကြတာပါ။

ပြီးတော့ ထူးခြားတာကတော့ အဲဒီ "မြတ်စွာဘုရား" ရဲ့ "ကပိလ၀တ်ပြည်" ရှိတဲ့နေရာ။ အခု "နီပေါနိုင်ငံ" ထဲမှာဆို သာကီမျိုးတွေကျန်နေသေးတယ်။ အဲဒီ သာကီမျိုးတွေရဲ့ တချို့သော 'စကားလုံး' တွေကို "လေ့လာလို့ဆန်းစစ်" ကြည့်တဲ့အခါမှာ တို့မြန်မာတွေနဲ့ 'တစ်ထပ်တည်း' ဖြစ်နေတယ်။ အဲဒီ သာကီမျိုးတွေမှာလည်းပဲ သကျမျိုးတွေမှာလည်းပဲ "အဖေ" ကို 'အဓိက' ထားတယ်။ တို့မြန်မာတွေမှာ ကြည့်ပါလား။ အဖေပဲ အဓိကထားတာပဲ။ 'အမှုတစ်ခု' ဖြစ်ရင် အဘဘယ်သူ၊ အမိမထည့်ဘူး။ အဲဒီ အချက်ချင်းသွားတူတယ်။ နောက် 'တစ်၊ နှစ်၊ သုံး၊ လေး၊ ဂဏန်း' မှာ အတော်လေး သွားတူတာတွေ့ရတယ်။ နောက်တူတာတွေ အများကြီးပဲ။

အဲဒီတော့ အခုဝယ်လို့ ရနိုင်တဲ့စာအုပ်တစ်အုပ်ကို ညွှန်းလိုက်ပါ့မယ်။ "ဦးလှသိန်းထွဋ်" ရေးပါတယ်။ စာအုပ်နာမည်ကတော့ "ဗုဒ္ဓနှင့် မြန်မာလူမျိုး"။ ဗုဒ္ဓက မြန်မာလူမျိုးဖြစ်တဲ့အကြောင်း၊ မြန်မာဟာ ဘုရားအမျိုးဖြစ်တဲ့အကြောင်းကို "ကျမ်းဂန် အထောက်အထား သဘာဝ အထောက်အထားမျိုးစုံ" နဲ့ ရေးထားတဲ့စာအုပ်ဖြစ်တဲ့အတွက် မြန်မာတိုင်း *ဖတ်သင့်* ပါတယ်။ အရင်တုန်းကတော့ ဗုဒ္ဓသည် မြန်မာလူမျိုးလို့ကို ရေးတာ။ နောက်ပိုင်းကျမှ "ဗုဒ္ဓနှင့်" လို့ ဖြစ်သွားပါတယ်။

အဲဒါ ကိုယ့်ဟာကိုယ် စာအုပ်ဆိုင်မှာရှာပါ။
=====================================================

  'မေတ္တာရှင်(ရွှေပြည်သာ)' ရဲ့ 'အလုပ်ပေးဝိပဿနာ အမေးအဖြေများ' စာအုပ်မှ ထုတ်နှုတ်ရေးသားထားပါသည်။                                                                                           

Credit to > Dhamma Mingalar

Sunday, March 2, 2014

ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋက ဓမ္မနာဒ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ ဘာသာပြန် ဖွဲ့ဆိုထားသော မေတ္တသုတ်

လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ကြောက်တတ်၊မကြောက်တတ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
မြင်အပ်၊မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ဝေးနေ၊နီးနေ နှစ်ထွေများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ဘဝဇာတ်ဆုံး မဆုံးများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ကြီးငယ်အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ဆူကြုံအလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါေ
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ


Credit to> အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက်

Saturday, March 1, 2014

အရည်းကြီးဂိုဏ်း

ပုဂံခေတ် နောက်ပိုင်းမှ စ၍ မြန်မာပြည်တစ်ဝန်းတွင် ဂိုဏ်းကြီး ၂-ဂိုဏ်း ထွန်းကားခဲ့ သည်။ ထိုဂိုဏ်းကြီးများမှာ အရည်းကြီးဂိုဏ်း နှင့် ပွဲကျောင်းဂိုဏ်း တို့ ဖြစ်သည်။

ယခုဖော်ပြမည့် အရည်းကြီးဂိုဏ်းမှာ အနော်ရထာမတိုင်မီက ပေါ်ပေါက်ခဲ့သော အရည်းကြီးဂိုဏ်း မဟုတ်ပေ။ အနော်ရထာ မတိုင်မီက အရည်းကြီးဂိုဏ်းမှာ မဟာယာနဂိုဏ်းမှ ပဲ့ပွားလာသော တန္တရဂိုဏ်းကွဲတစ်ခု ဖြစ်သည်။ ထိုဂိုဏ်းမှာ အနော်ရထာမင်းက တိုက်ဖျက်လိုက် သဖြင့် ၁၁-ရာစုကပင် ကွယ်ပျောက်သွားခဲ့သည်။ ထိုဂိုဏ်းကို ပထမအရည်းကြီးဂိုဏ်းဟု ခေါ်နိုင်သည်။

ယခု ဖော်ပြမည့် အရည်းကြီးဂိုဏ်းမှာ နရပတိစည်သူမင်း လက်ထက်မှ စ၍ ပေါ်ပေါက် လာသော ဂိုဏ်းဖြစ်သည်။ ထိုဂိုဏ်းကို သာသနာဝင် ဆရာစဉ်တို့၌ ထည့်သွင်းထားခြင်း မရှိပေ။ သုတေသနပညာရှင်တို့က ကျောက်စာအကိုးအကားဖြင့် ရှာဖွေတွေ့ရှိထားသော ဂိုဏ်းဖြစ်သည်။

အရည်းဆိုသည်မှာ အရညဟူသော ပါဠိဝေါဟာရကို နာမသတ်ပြု၍ ခေါ်ဆိုထားခြင်း ဖြစ်သည်။ မြန်မာဘာသာဖြင့် တောကျောင်းဂိုဏ်း ဟု အဓိပ္ပာယ်ရသည်။

တောကျောင်းဂိုဏ်းဝင် အရည်းကြီးတို့သည် တောကျောင်း၌ နေကြသော်လည်း တရားဘာဝနာကို ပွားများနေကြသူများ မဟုတ်ပေ။ သူတို့သည် လောကီအယူဝါဒတို့ကို လိုက်စားကြသည်။ တန္တရဂိုဏ်း၏ လုပ်ဆောင်ချက်တို့ကို အမွေခံ၍ လုပ်ကိုင်ကြသည်။ ၀ိဇ္ဇာဖြစ် ရေး၊ သိဒ္ဓိပေါက်ရေးဆိုသော လုပ်ငန်းများကို ပြုလုပ်ကြသည်။

အရည်းကြီးဂိုဏ်းဝင်တို့မှာ အမဲအစာ စားခြင်း၊ သေရည်အရက် သောက်သုံးခြင်း၊ ညဘက်တွင် အမဲသေရည် စသည် အလှူခံ၍ သုံးဆောင်ကြကြောင်း ကျောက်စာဟောင်းများ ၌ တွေ့ကြရသည်။

ထိုဂိုဏ်းကို တည်ထောင်သူမှာ ရှင်ကဿပ ဖြစ်သည်။ ရှင်ကဿပသည် တောကျောင်း ၌ နေ၍ တန္တရဂိုဏ်း အလုပ်ကို တွင်ကျယ်အောင် ဖြန့်ဖြူးသည်။ မိမိကိုယ်တိုင်ကား ထေရ၀ါဒဗုဒ္ဓ ဘာသာ ရဟန်းတော်အဖြစ် ခံယူထားသည်။ ထေရ၀ါဒ လောင်းရိပ်ကို ခိုလှုံ၍ လောကီတန္တရ အလုပ်ကို ကြိုးကုတ် ဆောင်ရွက်နေသူ ဖြစ်သည်။

ထိုရှင်ကဿပ၏ အတ္ထုပ္ပတ္တိတွင် ကျားကို စီး၍ ခရီးသွားခြင်း၊ မိကျောင်းကို စီး၍ ပင်လယ်ပြင်ကို ဖြတ်ကျော်ခြင်းစသော အံ့ဘနန်းဇာတ်လမ်းများဖြင့် အဆန်းတကြယ် ဖော်ပြကြ၏။ ထိုပုဂ္ဂိုလ်ကြီးကို တန်ခိုးရှင်၊ သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင်ကြီးအဖြစ် ဥာဏ်အားချည့်နဲ့သူတို့က ယုံကြည်ခဲ့ ကြလေသည်။

ရှင်ကဿပသည် အနိမ့်တောကျောင်းဟုခေါ်သော အရပ်မှ နေ၍ ဂိုဏ်းကြီးပွားအောင် ချဲု့ဖြန့်ခဲ့သည်။ ရှေးခေတ်က ကြံတူ (ကန်တူ) ဟု ခေါ်သည်။ ယခုအခါ ရေစကြို ချင်းတွင်းမြစ်ကူး တံတားကြီး၏ အရှေ့ဘက်ကမ်း အနီး၌ ရှိသည်။ ရှင်ကဿပ၏ တောကျောင်းတိုက်ဟောင်းကြီးကို ယနေ့တိုင် တွေ့နိုင်ကြသေးသည်။

ထိုမထေရ်သည် နရပတိစည်သူမင်း လက်ထက်တွင် ပုဂံပြည်သို့ ရောက်ရှိသွားသည်။ ပုဂံပြည်သူတို့သည် မထေရ်ကြီးကို ကြည်ညိုကြ၏။ တန္တရဆန်သော လုပ်ရပ်တို့ကို သဘောကျ နှစ်ခြိုက်ကုန်ကြသည်။ မင်းမှူးမတ် အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်တို့သည် မထေရ်အတွက် ပုဂံပြည်၌ ကျောင်းကန်များကို တည်ဆောက်လှူဒါန်းကြသည်။ မြေယာများစွာကို လှူုဒါန်းကြသည်။

ပုဂံပြည်သူတို့သည် အရည်းကြီးတို့၏ လုပ်ရပ်များ ဖြစ်သော တန္တရဆန်သည့် အလုပ်တို့ကို စိတ်ဝင်စားလာကြသည်။ တန်ခိုးဣဒ္ဓိပါဒ် ရရှိရေး၊ ဒေ၀ါ ဒေ၀ီတို့၏ ကူညီမှု ရရှိရေး ကို မျှော်လင့်လာကြသည်။ ကိုယ့်အားကိုယ်ကိုး ၀ါဒထက် သူများအား ကိုယ်ကိုး ၀ါဒကို ခံယူမျှော်လင့်နေကြသည်။
အရှင်ဧသိက


Credit to > အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက်

(အရှင်ဧသိက ရေစကြို၏ ထေရဝါဒဗုဒ္ဓဘာသာ အပိုင်း(၁၈)ထေရ၀ါဒ ဂိုဏ်းကွဲများ

ပုဂံခေတ် ဂိုဏ်းကွဲများ

အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့တွင် ဗုဒ္ဓသာသနာ ဂိုဏ်းကွဲများ ပေါ်ပေါက်လာ သကဲ့သို့ မြန်မာနိုင်ငံ၌ လည်း သာသနာ ဂိုဏ်းကွဲမျာ ပေါ်ပေါက်ခဲ့၏။ သို့ရာတွင် အိန္ဒိယဂိုဏ်းကွဲ များမှာ အ၀တ်အဆင်၊ အကျင့် အကြံ၊ စာပေမှ စ၍ အလွန်ကွဲပြားကြသည်။

မြန်မာနိုင်ငံ၌ ကွဲပြားသော ဂိုဏ်းများမှာမူ ဤမျှ ခြားနားခြင်း မရှိပေ။ ထေရ၀ါဒ လောင်းရိပ်မှပင် ကွဲပြားခဲ့ ကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ သာသနာဂိုဏ်းကွဲများကို လေ့လာလျှင် အချို့မှာ မာနကို အခြေခံ၍ ကွဲပြား ကြသည်။ အချို့မှာ အနည်းငယ်သော အယူအဆကို အခြေခံ၍ ကွဲပြားကြသည်။

အနည်းငယ်သော ကျင့်ကြံမှုကို အခြေခံ၍ ကွဲပြားကြသည်။ ကိုးကွယ်သူ ဘုရင်အားကိုးဖြင့် ကွဲပြားကြသည်။ ဆရာစွဲ အတ္တစွဲကို အခြေခံ၍ ကွဲပြားကြသည်။ ပုဂံခေတ်တွင် မူလက သထုံမှလာသော အရှင်အရဟံ ဦးဆောင် ပြုစုခဲ့သည့် သံဃာ့ အဖွဲ့အစည်း တစ်ခုတည်းသာ ရှိသည်။

နရပတိစည်သူမင်းလက်ထက် ရောက်သောအခါ သီဟိုဠ်ပြန် သံဃာ့အဖွဲ့က ဆရာစွဲဖြင့် သံဃာ့ကံကို သီးခြားပြုကြရာမှ ဂိုဏ်းတစ်ဂိုဏ်း ထပ်ပွားလာသည်။

ထိုအချိန်မှ စ၍ ပုဂံပြည်၌ သံဃာဂိုဏ်း ၂-ဂိုဏ်း ဖြစ်လာသည်။ ယင်းတို့မှာ-
(၁) ပုရိမသံဃာဂိုဏ်း ၊
(၂) ပစ္ဆာသံဃာဂိုဏ်း-တို့ ဖြစ်ပေသည်။

(၁) ပုရိမသံဃာဂိုဏ်းမှာ အရှင်အရဟံ ထူထောင်ခဲ့သည့် ရှေးဦးသံဃာဂိုဏ်း ဖြစ်သည်။
(၂) ပစ္ဆာသံဃာဂိုဏ်းမှာ အရှင်ဆပဒမထေရ် ထူထောင်သောဂိုဏ်း ဖြစ်သည်။

ဆပဒသည်သီဟိုဠ်သို့ သွား၍ စာပေသင်ကြားရာမှ အပြန်တွင် အရှင်သီဝလိ၊ အရှင်တာမလိန္ဒ၊ အရှင်အာနန္ဒာနှင့် အရှင်ရာဟုလာတို့ကို ပင့်လာခဲ့သည်။ မြန်မာပြည် ရောက်သောအခါ ၎င်းင်းတို့က မိမိတို့ဘာသာ သံဃာ့ကံကို ပြုလုပ်ကြသည်။ နရပတိစည်သူမင်းကလည်း ထိုရဟန်းအဖွဲ့ကို အားပေးသည်။ ထိုဂိုဏ်းမှာ နောက်မှ ပေါ်ပေါက်လာသောကြောင့် ပစ္ဆာသံဃာဂိုဏ်း ဟု ခေါ်ကြသည်။

ထိုဂိုဏ်းထဲမှ အရှင်ရာဟုလာမှာ လူထွက်ပြီး မာလာယုသို့ ထွက်သွားသည်။ မကြာမီ အရှင်ဆပဒလည်း ပျံလွန်တော်မူသည်။ ခေါင်းဆောင်မထေရ် ၃-ပါးသာ ကျန်တော့သည်။

ထိုမထေရ် ၃-ပါးတို့လည်း နောက်ပိုင်းတွင် လာဘ်လာဘနှင့် စပ်၍ သဘောထား မညီညွတ်သဖြင့် ကွဲပြားကုန်ကြသည်။ ဂိုဏ်းတစ်ခုစီ ထူထောင်ကြသည်။ ထိုအချိန်တွင် ပုဂံပြည်၌-
(၁) ပုရိမသံဃာဂိုဏ်း ၊
......ပစ္ဆာသံဃာဂိုဏ်းမှ-

(၂) အရှင်သီဝလိ အနွယ်ဂိုဏ်း ၊
(၃) အရှင်တာမလိန္ဒ အနွယ်ဂိုဏ်း ၊
(၄) အရှင်အာနန္ဒာဂို်ဏ်း-
ဟူ၍ ၄-ဂိုဏ်း ပေါ်ပေါက်ခဲ့လေသည်။

ရာမညသံဃာဂိုဏ်းများ

ပုဂံခေတ် နောက်ပိုင်းတွင် အောက်ပိုင်းဒေသ၌လည်း ရာမညဂိုဏ်းခေါ် သံဃာဂိုဏ်းကွဲ များ ပေါ်ပေါက်ခဲ့၏။ ထိုဂိုဏ်းထဲမှ အချို့ဂိုဏ်းများမှာ ပုဂံသာသနာဂိုဏ်းကွဲများမှ ပြန့်ပွားနေသော ဂိုဏ်းများ ဖြစ်သည်။

ရာမညတိုင်း ဟံသာဝတီကို အုပ်စိုးသော ဓမ္မစေတီမင်း လက်ထက်၌ သံဃာဂိုဏ်းကြီး ၆-ဂိုဏ်းမျှ ရှိနေသည်။

(၁) ကမ္ဗောဇဂိုဏ်း။ ။ အသောကမင်း လက်ထက်က အရှင်သောဏနှင့် အရှင်ဥတ္တရမထေရ်တို့ အဆက်အနွယ်ဂိုဏ်း ဖြစ်သည်။ ယင်းဂိုဏ်းကို အရိယာသံဃာဂိုဏ်း ဟုလည်း ခေါ်သည်။ ထိုဂိုဏ်းမှ မထေရ်တစ်ပါးသည် စာပေပရိယတ် ပြည့်စုံသောကြောင့် ထင်ရှားသည်။ ထိုမထေရ်သည် လက္ခိယမြို့၊ ပင်္ဂါချောင်းအနီး၌ သီတင်းသုံးသည်။ ထိုကျောင်း နှင့် မနီးမဝေး၌ အိမ်ဈေးကြီးလည်း ရှိသည်။ ထိုအိမ်ဈေး ပတ်ဝန်းကျင်တွင် ကမ္ဗောဇတိုင်း သား သုံ့ပန်းတို့ကို နေစေသည်။ ထိုဈေးကိုလည်း ကမ္ဗောဇဈေးဟု ခေါ်သည်။ နောက် ပိုင်းတွင်ကား ကျောင်းကိုလည်း ကမ္ဗောဇဈေးကျောင်းဟု ခေါ်သည်။

တစ်ရံသောအခါ ဒလမြို့မှ သီရိစည်သူ အမည်ရှိသော ဒါယကာက ကမ္ဗောဇဈေးကျောင်း မထေရ်အား ကျောင်းကြီး ဆောက်၍ တင်လှူကိုးကွယ်သည်။ ထိုမထေရ်မှ ဆင်းသက်လာသော သံဃာတို့ကို ကမ္ဗောဇဂိုဏ်း သံဃာဟု ခေါ်ဆိုကြသည်။

(၂) ရှင်သီဝလိဂိုဏ်း။ ။ ထိုဂို်ဏ်းမှာ ပုဂံပြည် အရှင်သီဝလိ မထေရ်ဂိုဏ်းမှ ဆက်ပွားလာသော
ဂိုဏ်း ဖြစ်သည်။

(၃) ရှင်တာမလိန္ဒဂိုဏ်း။ ။ ပုဂံမှပင် ရောက်လာသည်။

(၄) ရှင်အာနန္ဒာဂိုဏ်း။ ။ ပုဂံမှပင် ရောက်လာသည်။

(၅) ရှင်ဗုဒ္ဓ၀ံသဂိုဏ်း။ ။ မုတ္တမမြို့သား အရှင်ဗုဒ္ဓ၀ံသသည် သီဟိုဠ်သို့ သွား၍ ပဉ္စင်းခံပြီး ပြန်လာသည်။ မိဖုရားက ကိုးကွယ်သဖြင့် မိဖုရားဆရာတော်ဟု ခေါ်သည်။ ထိုဆရာတော်ကလည်း ဂို်ဏ်းတည်ထောင်၍ သံဃာ့ကံကို သီးခြား ပြုလေသည်။

(၆) ရှင်မဟာနာဂဂိုဏ်း။ ။ ထိုမထေရ်မှာလည်း မုတ္တမမြို့သားပင် ဖြစ်သည်။ သီဟိုဠ်သွား၍ ပဉ္စင်းခံသည်။ ပြန်လာသောအခါ သီးခြား သံဃာ့ကံ ပြု၍ ဂိုဏ်းထောင်နေသူ ဖြစ်သည်။

အထက်ပါ ဂိုဏ်းကြီး ၆-ဂိုဏ်းတို့သည် တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း ပေါင်းသင်းခြင်း မပြုကြ။ မိမိတို့ ဂိုဏ်း အချင်းချင်းသာ သံဃာ့ကံ ပြုနေကြသည်။ ဓမ္မစေတီမင်း နန်းတက်ချိန်အထိ ထိုအတိုင်းပင် ဆောင်ရွက် ပြုကျင့်နေကြသည်။

ဓမ္မစေတီမင်းသည် သာသနာတော် ထွန်းကား ပြန့်ပွားရေးကို အထူးဆောင်ရွက်နေ သည်။ သာသနိက အဆောက်အအုံ များစွာကို ဆောက်လုပ်သည်။ သံဃာတော်တို့အား ပစ္စည်း လေးပါးဖြင့် ထောက်ပံ့ ပူဇော် သည်။ သို့သော်လည်း သံဃာတို့မှာ ဂိုဏ်းအချင်းချင်း ပေါင်းသင်းခြင်း မပြုကြသဖြင့် စိတ်ကျေနပ်ဟန် မတူပေ။ သံဃာချင်း စည်းလုံးညီညွတ်စေချင်သည်။ သို့သော်လည်း ရှေးအထက်ကပင် ကွဲပြားလာခဲ့ ကြသဖြင့် စည်းလုံးပေးရန် မလွယ်လှချေ။

ဓမ္မစေတီမင်းသည် သံဃာဂိုဏ်းများကို စည်းရုံးရန် မဖြစ်နိုင်သောကြောင့် သီးခြား သာသနာကို ထူထောင် ရန် ဆုံးဖြတ်လိုက်သည်။ ဤကိစ္စကို ဆောင်ရွက်နိုင်ရန်အတွက် သိမ်သံသယ ကိုအကြောင်းပြ သည်။

ဓမ္မစေတီမင်းသည် လက်ရှိသိမ်များမှာ သံသယဖြစ်ဖွယ် ရှိသည်ဟု ဆိုကာ ရဟန်းတော် များကို သီဟိုဠ် သို့ စေလွှတ်၍ သိက္ခာသစ် တင်စေသည်။ ပြန်ရောက်လျှင် သီဟိုဠ်ပြန် ဆရာတော် များဖြင့် ကလျာဏီ သိမ်တော်ကြီးကို သမုတ်သည်။ ထိုသိမ်တော်ကြီး၌ ပဉ္စင်းသစ် အမြောက်အမြားကို ခံယူစေသည်။ အခြား ရဟန်းတော်များကိုလည်း သိက္ခာသစ် တင်ယူစေသည်။ ဓမ္မစေတီ မင်းသည် ကလျာဏီသိမ်ထွက် ရဟန်း တို့ကို ဦးစားပေးသည်။ အခြားသိမ်များမှ ရဟန်းပြုသူတို့ကို အလေးမထားတော့ပေ။

ဓမ္မစေတီမင်း၏ ဆောင်ရွက်ချက်သည် အောင်မြင်သည်ဟု ဆိုရပါမည်။ နောက်ပိုင်း တွင် အထက်ပါ ဂိုဏ်း ၆-ဂိုဏ်းမှ ရဟန်းတို့လည်း ကလျာဏီသိမ်တော်၌ သိက္ခာသစ်ကို တင်ယူကြသည်။ ပူးပေါင်း ညီညွတ်သွား ကြသည်။

ဓမ္မစေတီခေတ် နောက်ပိုင်းတွင် သံဃာဂိုဏ်းကွဲများလည်း မှေးမှိန်သွား၏။ ပျောက် ကွယ်သွားတော့၏။ ဓမ္မစေတီမင်း၏ ဂိုဏ်းပေါင်းစည်းရေး ဆောင်ရွက်ချက်မှာ ချီးကျူးဖွယ် ကောင်းလှ၏။


Credit to > အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက်

"ယောဂီပုဂ္ဂိုလ်ရှိရမည့် အရည်အချင်းများ တရားတော်(၂)"

"သမထ ယောဂ"

အဲဒီတော့ သမထ ဆိုတဲ့ အလုပ်က ပညတ် အာရုံတစ်ခုခုအပေါ်မှာ စိတ်ကို ငြိမ်အောင် ကြိုးစားအားထုတ်ခြင်း ဖြစ်တယ်။

သမထအလုပ် လုပ်ပြီဆိုရင် စိတ်က ငြိမ်သွားတယ်။

အခုခေတ်မှာ စိတ်မငြိမ်ဖြစ်နေတဲ့ ပုဂ္ဂိုလ်ကို စိတ်ငြိမ်ဆေး တိုက်ကြတယ်။
အဲဒီ စိတ်ငြိမ်ဆေးနဲ့တော့ မတူဘူး။
အဲဒီ စိတ်ငြိမ်ဆေးက ထိုင်းမှိုင်းပြီး အိပ်ချင်သွားတာ ဖြစ်လိမ့်မယ်။ စိတ်ငြိမ်တယ် ဆိုတာနဲ့ အတူတူပဲလို့ အောက်မေ့မနေနဲ့။

ဒီနေရာမှာ သမထနဲ့ စိတ်ငြိမ်တယ်ဆိုတာ ဘာပြောတာတုန်းဆိုတော့ စိတ်ထဲမှာ အာရုံခံစားချင်တဲ့ လောဘအတွေးတွေ ကာမစ္ဆန္ဒတွေ ငြိမ်သွားတယ်။

မကျေမနပ်ဖြစ်နေတဲ့ ဗျာပါဒ (ဒေါသ) အတွေးတွေ ငြိမ်သွားတယ်။

ထိနမိဒ္ဓဆိုတဲ့ စိတ်အားပျော့ကျပြီး ထိုင်းမှိုင်းအိပ်ချင်လာတာတွေ ပျောက်သွားတယ်။

ဥဒ္ဓစ္စ ကုက္ကုစ္စဆိုတဲ့ စိတ်ပျံ့လွင့်နေတာတွေ ပူပန်နေတာတွေ မဖြစ်တော့ဘူး။

ဝိစိကိစ္ဆာခေါ်တဲ့ ကိုယ်လုပ်နေတဲ့ လုပ်ငန်းပေါ်မှာ 'သို့လောသို့လော' တွေးတောယုံမှားနေတဲ့ သဘာဝ မဖြစ်တော့ဘူး။

အဲဒီ နီဝရဏလို့ခေါ်တဲ့ အဟန့်အတားတွေ၊ ကုသိုလ်တရားတွေ မဖြစ်အောင် ဟန့်တားဆို့ပိတ်တတ်တဲ့ သဘာဝတရားတွေ ငြိမ်းသွားတာ။

အဲဒါကို စိတ်ငြိမ်တယ်လို့ ပြောတာနော်။
ဒါကြောင့်မို့ မြတ်စွာဘုရားသုံးထားတဲ့ စကားလုံးက
"ပညာယ ဒုဗ္ဗ လီကရဏေ အသိဉာဏ်တွေ အားမဲ့သွားအောင် ပညာတွေ စွမ်းအားလျော့ကျသွားအောင် လုပ်နိုင်တယ်" လို့ ပြောတာ။

အဲဒီ နီဝရဏတရားတွေကို ငြိမ်ဝပ်သွားအောင် လုပ်တဲ့အကျင့်ကို သမထ အကျင့်လို့ ခေါ်တယ်။

သမထအကျင့်ဆိုတာ သာမန်မဟုတ်ဘူး။

အင်မတန် လုပ်သင့်လုပ်ထိုက်တဲ့ အကျင့်တစ်ခုပဲ။

သမထအကြောင်းကို ကောင်းကောင်းမသိဘဲနဲ့ သမထလုပ်တာ မကောင်းဘူးလို့ပြောရင် မှားလိမ့်မယ်။

သမထဆိုတာ အခုပြောခဲ့တဲ့ နီဝရဏတရားတွေကို ငြိမ်အေးစေတာ။

ဒါကြောင့်မို့ ပါဠိစာပေမှာ
"နီဝရဏာဒိဓမ္မေ သမေတီတိ သမထော နီဝရဏ စသော တရားတွေကို ငြှိမ်းသတ်ပေးတာ ငြိမ်းအေးသွားအောင်လုပ်တာ၊ ငြိမ်ဝပ်သွားအောင် လုပ်တာ သမထ" ဒီလိုဆိုလိုတယ်။

အကြွင်းမဲ့ ဖယ်ရှားနိုင်တဲ့ စွမ်းအားတော့ မရှိဘူး။
သမာဓိ ဖြစ်နေတဲ့အချိန်မှာ ဟောဒီ နီဝရဏတရားတွေဟာ ထကြွပြီးမလာနိုင်ဘူး။ ငြိမ်ကျသွားအောင် ဖိထားပေးတယ်။ အဲဒါကို ၀ိက္ခမ္ဘန ပဟာန လို့ ခေါ်တယ်။

အဲဒီလို သမထကျင့်စဉ် ကျင့်ပြီဆိုရင် သမာဓိစွမ်းအားတွေ ရလာတယ်။

အဲဒီလို သမာဓိစွမ်းအားတွေရလို့ စိတ်ငြိမ်သွားအောင်ကျင့်တဲ့ အကျင့်ကိုလည်း "ယောဂအကျင့်" လို့ခေါ်တယ်။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D)


Credit to > အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက် 

ခရမ်းလွန် မဟာသင်္ကြန် ၂၀၁၄ မောင်ထွန်းလွင် (မိုးလေ၀သ)

ခရမ်းလွန်ရောင်ခြည်ဆိုတာ ခရမ်းလွန် UV ဆိုတာ Ultra Violet Radiation ရဲ့အတိုကောက် အခေါ်အဝေါ်ဖြစ်ပါတယ်။ အမှန်တော့
နေရောင် မှာ ပါလာတဲ့ အလင်းတန်းလျပ်စစ်သံလိုက် လှို်င်းတွေ ရဲ့ တစ်စိတ်တစ်ပိုင်းပါဘဲ။ လိုရင်း ပြောရရင်တော့ UV ဆိုတာ စွမ်းအားမြင့်တဲ့ စွမ်းအင်ဖြာထွက်မှုဘဲ ဆိုပါတော့။ တကယ်တော့ ကမ္ဘာပေါ်မှာ ဘယ်နေရာ ဘယ်ဒေသမှာ ဘဲ နေနေ၊ နေရောင်ခြည်ကိုသာ ခံစားရတယ်ဆိုရင် UV ရောင်ခြည်ရဲ့ ပြင်းအား အဆင့် တစ်ခုခု ကိုတော့ ခံစားကြမှာ အမှန်ဖြစ်ပါတယ်။ ဒါပေမယ့် ခံစားကြရမယ့် ခရမ်းလွန်ရောင်ခြည်ရဲ့ ပြင်းအား နဲ့ အန္တရာယ်ရှိမှု အတိုင်းအတာတွေကတော့ မိမိရဲ့ နေထိုင်ရာဒေသရဲ့လတ္တီတွဒ်အနိမ့်အမြင့်၊ တစ်နှစ်တာရဲ့ အချိန်ရာသီ၊ တစ်နေ့ တာရဲ့အချိန်နာရီ၊ နေထိုင်ရာဒေသရဲ့ ပင်လယ်ပြင်အထက် အမြင့်၊ ဖြစ်ပေါ်နေတဲ့ တိမ်ထူထပ်မှု အခြေအနေ၊ အထက်လေထုလွှာရှိ အိုဇုံးလွှာရဲ့အထူအပါး စတဲ့ အခြားခြားသာ အချက်အလက်အများအပြားမှာ အမှီပြုပြီး မတူညီဘဲ ကွာပြားနိုင်ကြပါ တယ်။ ယေဘုယျအနေနဲ့ တော့ ခံစားရတဲ့ခရမ်းလွန်ရောင်ခြည်ရဲ့ ပြင်းအားနဲ့ မိမိရဲ့ ကျန်းမားရေးဆိုင်ရာအန္တရာယ်ရှိနိုင်မှု အခြေအနေတွေကို ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း များနဲ့ ကိုယ်စားပြု ဖေါ်ပြနိုင်ကြပါတယ်။ အာကာသ နည်းပညာ နဲ့ သင်္ချာပုံစံတွက်ချက်နည်း ပညာများ ဖွံ့ဖြိုးတိုးတက်လာတဲ့ ယနေ့ကာလမှာတော့ မိမိနေထိုင်ရာဒေသရဲ့ နာရီအလိုက်
ဖြစ်ပေါ်နေတဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း များကို အလွယ်တကူ သိရှိနေနိုင်ကြပြီဖြစ် ပါတယ်။ လူ့ခန္ဓာကိုယ်အပေါ် အညွှန်းကိန်း မြင့်မားတဲ့ ခရမ်းလွန်ရောင်ခြည်များ လွန်ကဲစွာ ကျရောက်မိပါက အရေပြားကင်ဆာ (non-malignant နဲ့ malignant malenom နှစ်မျိုးလုံး)၊ အရွယ် မတိုင်မီ အရေပြားများ ရင့်ရော်ခြင်း၊ မျက်စိတိမ်စွဲခြင်၊ မျက်စိကင်ဆာ၊ snow blindness နဲ့ မျိုးပွား ဗီဇပျက်စီးခြင်း (သားသမီးမရနိုင်တော့ခြင်း) စတဲ့ ကျန်းမာရေး ဆိုင်ရာပြဿနာတွေ ကို ကြုံတွေ့နိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်ဖြာထွက်မှု။
ခရမ်းလွန်ရောင်ခြည်ဆိုတာဟာ လူသာမာန်တို့ မျက်စိနဲ့မမြင်နိုင်တဲ့ အလင်းပုံစံ တစ်မျိုးဘဲ ဖြစ်ပါ တယ်။ ဒါကြောင့် အမြင်အာရုံကိုပေးနိုင်တဲ့ မြင်နိုင်တဲ့အာရုံခွင်ရဲ့ အစွန်းဆုံးတစ်ဖက်ဖြစ်တဲ့ ခရမ်းရောင်ခြည် ကို ကျော်လွန်ပြီး မြင်နိုင်ခွင်အပြင်ကို ကျရောက်သွားတဲ့ ခရမ်း(အ)လွန်ရောင်ခြည် လို့ ခေါ်ခြင်းဖြစ်ပါတယ်။ အမှန်မှာတော့ လူသားများရဲ့ အမြင်အာရုံနဲ့ ခရမ်းလွန်ရောင်ခြည်ကို မမြင်နိုင်ပေမယ့် ပျားတို့၊ လိပ်ပြာတို့ အနေနဲ့တော့ ခရမ်းလွန်ရောင်ခြည်ကို မြင်နိုင်ကြတဲ့အတွက် အမျိုးအမည် ခွဲခြားတဲ့ နေရာတွေနဲ့ ခရီးလမ်းညွှန်ပြုတဲ့နေရာတွေမှာ အသုံးပြုကြပါတယ်။ ခရမ်းလွန်ရောင်ခြည် UV ကို UVA၊ UVB နဲ့ UVC ဆိုပြီး လှိုင်းအလျားတန်ဖိုး ကွာခြားမှုအလိုက် ခွဲခြားထားနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ(၃)မျိုး စလုံးဟာ လူတွေရဲ့ ကျန်းမာရေးကို သူ့နည်း သူ့ဟန်နဲ့သူတော့ ထိခိုက်စေလေ့ ရှိပါ တယ်။

UVA
ကမ္ဘာ့မျက်နှာပြင်တွင် UV ရောင်ခြည်များရဲ့ ၉၅% ဟာ UVA ရောင်ခြည်များနဲ့ ဖွဲ့စည်းထား ပြီး လှိုင်းအလျားအနေနဲ့ 315-400 nm ရှိပါတယ်။ UVA ရောင်ခြည်တွေ ဟာ UVB ရောင်ခြည်များ ထက် အရေပြားအတွင်း ပိုမိုနက်အောင်စိမ့်ဝင်နိုင်စွမ်းရှိပြီး လူသားများရဲ့ဗီဇကလပ်စည်း DNA များကို သွယ်ဝိုက် ထိခိုက်ပျက်စီးစေတတ်ပါတယ်။ အသားအရည်ကို ပျက်စီးရင့်ရော်စေတတ်ပြီး၊ အရေပြားကင်ဆာကို ရရှိစေတတ်တဲ့ အပြင် မျက်စိကိုလည်းထိခိုက်ပျက်စီးစေတတ်ပါတယ်။ UVA တွေဟာ အသားအရည် ကို နေလောင်မှုမဖြစ်စေတတ်ပါ။ အများအားဖြင့် နေရောင်ခံ လိမ်းဆေးများ လိမ်းခြင်း အားဖြင့် UVA နဲ့ UVB နှစ်မျိုးလုံးကို အကာအကွယ်ပေးနိုင်ပါတယ်။

UVB
UVB ရောင်ခြည်တွေဟာ UVA တွေလောက် အရေပြားအတွင်းထိုးဖေါက် ၀င်နိုင်စွမ်း မရှိကြပါဘူး။ နောက်ပြီး UVB တွေကို အရေပြားရဲ့အပေါ်ယံအလွှာတွေက အများဆုံး စုပ်ယူထားလိုက်ကြပါတယ်။ တကယ်တော့ UVB တွေဟာ အရေပြားနေလောင်ခြင်း (sunburns or skinburns) နဲ့ အရေပြားကင်ဆာ (skin cancer) ရော ဂါ ကို အဓိကဖြစ်စေတဲ့ တရားခံတွေဖြစ်ပါတယ်။ အဲဒါ့အပြင် UVB ရောင်ခြည် တွေဟာ malignant maleno- ma ရောဂါကိုပါ ဖြစ်တတ်ပြီး၊ ဂရုမစိုက် ကာကွယ်ကုသမှုမပြုပါက အသက်အန္တရာယ် ဆုံးရှုံးမှုအထိ ဖြစ်စေနိုင်ပါတယ်။ ခန့်မှန်းခြေအားဖြင့် UVB ရောင်ခြည်များရဲ့ ၉၀% ကို အိုဇုံး၊ ရေငွေ့၊အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် စတဲ့ ဓါတ်ငွေ့များက စုပ်ယူထားလေ့ ရှိပါတယ်။ အထူးသဖြင် အိုဇုံးဓါတ်ငွေ့များက UVB မျာကို အဓိကစုပ်ယူလေ့ရှိပါတယ်။ ဒါကြောင့် UVB ရောင်ခြည် များရဲ့ ကမ္ဘာ့မျက်နှာပြင်အနီး သိပ်သည်းမှုအနည်းအများဟာ လေထုအတွင်းရှိ အိုဇုံးဓါတ်ငွေ့များ အနည်းအများအပေါ်တွင် မူတည်နေပါ တယ်။ တစ်နည်းပြောရရင် အိုဇု့းလွှာရဲ့အထူအပါးအပေါ်မှာမူတည်နေပါတယ်။ UVB ရောင်ခြည်ရဲ့ လှိုင်းအလျား ဟာ 280-315 nm အတွင်း ရှိပါတယ်။

UVC
တကယ်တော့ UVC ရောင်ခြည်ဟာ UV ရောင်ခြည်(၃)မျိုးထဲမှာ ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်စေနိုင်တဲ့ ရောင်ခြည်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရောင်ခြည်တွေကို ကမ္ဘာမြေပြင်ဆီကို ရောက်မလာ ရလေအောင် လေထုလွှာအတွင်းက အိုဇုံးအလွှာက အကာအကွယ်ပေးထားပါတယ်။ သို့သော်ငြား လည်းဘဲ စက်မှုလုပ်ငန်းများက ထုတ်လွှတ်နေတဲ့ CFC(chlorofluorocarbons) များနဲ့ halon ဓါတ်ငွေ့များ ကြောင့် အိုဇုံးလွှာဟာ ကနေ့အချိန်မှာတော့ ပေါက်ပြဲပျက်စီးခဲ့ရပြဲဖစ်တဲ့အတွက် အချို့ UVC ရောင်ခြည် တွေ ကမ္ဘာမြေပြင်ဆီကို ရောက်လာဖို့ ခွင့်ပြုလိုက်ရြဲပီဖြစ်ပါတယ်။ ကနေ့အချိန်မှာတော့ သြစတြေလျ တိုက်မှာ ဒီပြဿနာဟာ ကြီးမားနေပြီဖြစ်ပါတယ်။ အကြောင်းကတော့ သြစတြေလျတိုက်အပေါ်မှာ ရှိနေတဲ့ အိုဇုံးလွှာဟာ ပါးလွှာ လာနေ
ပြီဖြစ်လို့ဖြစ်ပါတယ်။ UVC ရဲ့ လှိုင်းအလျားဟာ 100-280 nm အထိ ရှိပါတယ်။

ခရမ်းလွန်ရောင်အညွှန်းကိန်း (UV Index)
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းဆိုတာဟာ ကပမ္ဘာပေါ်ရှိနေရာတစ်ခုအတွက် အချိန် တစ်ချိန်မှာ ရှိနေတဲ့ ခရမ်းလွန်ရောင်ခြည်ဖြာထွက်မှုတွေရဲ့ပြင်းအားပမာဏကို လူသားများ အပေါ် ကျန်းမာရေး ဆိုင်ရာ အန္တရာယ်ရှိနိုင်မှု အတိုင်းအတာနဲ့ ဖေါ်ပြထား တဲ့ စကေးတစ်ခုဖြစ်ပြီး ယေဘုယျအားဖြင့် စကေးတန်ဖိုး များကို 0 မှ 11+ အထိ ၁၂ ဆင့်ခွဲခြားထားပါတယ်။

ခရမ်းလွန်ရောင်ခြည် နဲ့ နေရောင်ခြည်မှ အကာအကွယ်ပြုခြင်း။ (UV Index and Sun Protection)
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း 8 နဲ့အထက်ကို ကျော်လွန်လာပါက ကျန်းမာရေး အတွက်အန္တရာယ်ရှိလာနိုင်လို့ ပြည်သူလူထုအတွက်သတိပေးချက်တွေထုတ်ပြန်ရပါတယ်။ အညွှန်းကိန်း 8-10 အထိ အဆင့်ကို အလွန်မြင့်မားတဲ့အဆင့်(Very High) လို့ သတ်မှတ်ပါတယ်။ ကာကွယ်မှုအနေနဲ့ နေပူထဲတွင် ရှိနေပါက အနားကျယ်ပြန့်တဲ့ ဦးထုပ်(မက်ဆီကန်ဦးထုပ်မျိုးတွေ၊မြန်မာလိုဆိုရင်တော့ ခမောက်လိုမျိုးပေါ့) ကိုဆောင်း ထားခြင်းဖြင့် ဦးခေါင်း၊ မျက်နှာ၊ မျက်စိ၊ လည်ပင်း၊ ပခုံး စတာတွေကို ခရမ်းလွန်ရောင်
ခြည်ဘေးမှ အကာအကွယ် ပေးနိုင်ပါတယ်။ ခြေ၊လက်စတဲ့အပိုင်းတွေကိုတော့ လုံခြုံတဲ့ အ၀တ်အစား(အင်္ကျီ၊ ပုဆိုး၊ ဘောင်းဘီ) စတာတွေ ၀တ်ဆင်ခြင်းဖြင့် ကာကွယ်နိုင်ပါ တယ်။ ရောင်ခြည်ကို အကာအကွယ်ပေးတဲ့ SPF 30+ မျက်မှန်ကိုလည်း တပ်ဆင်ထား သင့်ပါတယ်။
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း 11+ နဲ့အထက်အဆင့်ကိုတော့ အမြင့်ဆုံးအဆင့်
ဖြစ်တဲ့ လွန်ကဲအဆင့်(Extreme) ဖြစ်ပါတယ်။ နေရောင်ခြည်ထဲ ကြာမြင့်စွာရှိနေပါက အန္တရာယ်အလွန်ကြီးမား (serious risk)နိုင်ပါတယ်။ ကာကွယ်မှုအနေနဲ့တော့
နေရောင်ြ ခည် ထဲမှာ တိုက်ရိုက်မထိတွေ့မိဖို့ ရှောင်ရှားခြင်းဟာ အကောင်းဆုံးနည်း လမ်းဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း အချိန်အကြာကြီးမနေမိဖို့ လိုအပ်ပါတယ်။ အဲဒါကို မနက်(၁၁)နာရီမှ ညနေ(၁)နာရီအတွင်း အထူးရှောင်ရှားသင့်ပါတယ်။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတွေ ပြန်လည်ကျဆင်းလာတဲ့အထိ နေပူထဲထွက်ခြင်းကို သတိထားသင့် ပါတယ်။ မလွဲမရှောင်သာနေပူထဲထွက်ကြရရင်လည်း ကာကွယ်မှု အနေနဲ့ နေပူထဲတွင်ရှိနေပါက အနားကျယ်ပြန့်တဲ့ ဦးထုပ်(မက်ဆီကန်ဦးထုပ်မျိးတွေ) ကိုဆောင်းထားခြင်းဖြင့် ဦးခေါင်း၊ မျက်နှာ၊ မျက်စိ၊ လည်ပင်း၊ ပခုံး စတာတွေကို ခရမ်း လွန်ရောင်ခြည်ဘေးမှ အကာအကွယ် ပေးနိုင်ပါတယ်။ ခြေ၊လက်စတဲ့ အပိုင်းတွေ ကိုတော့ လုံခြုံတဲ့ အ၀တ်အစား(အင်္ကျ ၊ ပုဆိုး၊ ဘောင်းဘီ) စတာတွေ ၀တ်ဆင်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ရောင်ခြည်ကိုအကာအကွယ်ပေးတဲ့ SPF 30+ မျက်မှန်ကိုလည်း တပ်ဆင်ထား သင့်ပါတယ်။
အထက်ပါကာကွယ်မှုနည်းလမ်းအကြံပြုချက်များမှာ အသားအရေဖျော့တော့သော အထူးသဖြင့် အသားလတ်သော အသက်အရွယ်ကြီးသူများအတွက် အလေးထားဆောင်ရွက် ဖို့ လိုအပ် ပါ တယ်။ ကျန်းမာရေးအရ အကာအကွယ်ပြုဖို့လိုသူများအတွက် လည်း လိုက်နာဖို့လိုအပ် ပါတယ်။.

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများရဲ့မူလအစ။ (Origins of the UV Index)
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း(UVI)စကေကးကို World Health Organisation (WHO) က United Nations Environment Programme (UNEP), World Meteorological Organisation (WMO), International Commission on Non-Ionizing Radiation Protection (ICNIRP) နဲ့ German Federal Office for Radiation Protection (Bundesamt fur Strahlenschutz) စတဲ့ အဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ တီထွင်ထားခဲ့ခြင်း
ဖြစ်ပါတယ်။

ခရမ်းလွန်ရောင်ခြည်ပြင်းအား(UV Strength)
ခရမ်းလွန်ရောင်ခြည်အင်အား(Strength) ပမာဏကို တည်နေရာလတ္တီတွဒ်၊ တစ်နှစ် တာ ရဲ့ ရာသီကာလ နဲ့ တစ်နေ့တာရဲ့အချိန်ကာလတို့က အဆုံးအဖြတ်ပေးလေ့ရှိ ပါတယ်။ အီကွေတာနဲ့ ဝေးကွာတဲ့ ဒေသတွေမှာတော့ ခရမ်းလွန်ရာင်ခြည် အင်အား ပမာဏတွေ ဟာ နွေကာလတွေမှာ အင်အား များပြားတတ်ကြပြီး ဆောင်းကာလတွေမှာ နည်းပါးတတ်ကြ တဲ့အတွက် နွေဆောင်း အပြောင်းအလဲများ တတ်ကြလေ့ရှိပါတယ်။ အီကွေတာနဲကနီးတဲ့ဒေသတွေမှာတော့ ခရမ်းလွန်ရောင်ခြည် အင်အားပမာဏ စတွေဟာ တစ်နှစ်တာပတ်လုံး မြင့်မားတဲ့အဆင့်မှ လွန်ကဲတဲ့အဆင့်မှာ ရှိနေတတ်ကြ ပါတယ်။ ခရမ်းလွန် ရောင်ခြည် ပြင်းအားမြင့်မားမှုအန္တရာယ်ကို နေ့အချိန်မှာသာ ဂရုစိုက်ရန်လိုအပ်ပြီး၊ ညအခါမှာ ဂရုစိုက်ရန် မလိုအပ်ပါ။ နေ့အခါတွင်လည်း မွန်းတည့်ချိန် ကာလတွေဟာ အပြင်းထန်ဆုံးဖြစ်ပါတယ်။

လတ္တီတွဒ်နဲ့ ရာသီကာလအပေါ်အမှီပြုပြောင်းလဲခြင်း။(Latitude and Time of Year)
ခရမ်းလွန်ရောင်ခြည်တွေဟာ ယေဘုယျအနေနဲ့ အီကွေတာနဲ့နီးလေ အင်အားများလေ ဖြစ် ပါတယ်။ အကြောင်းကတော့ အီကွေတာရပ်ဝန်းဒေသတွေ မှာ နေရောင်ခြည်ဟာ များးသော အားဖြင့် ခေါင်းပေါ်ကို တည့်တည့်ကျရောက်လေ့ ရှိတဲ့အတွက် ခရမ်းလွန်ရောင်ခြည်တွေ ကို လေထုအတွင်းက စုပ်ယူပေးနေတဲ့ အိုဇုံး အလွှာဟာ အီကွေတာဒေသတွေအပေါ်မှာ ပါးလွှာနေခြင်းကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် မိမိနေထိုင်တဲ့ဒေသကို လိုက်ပြီးတော့လည်း ခရမ်းလွန်ရောင်ခြည် အင်အား ပမာဏတွေဟာ တစ်နှစ်တာအတွင်း အပြောင်း အလဲ အနည်း အများ ကွာခြားလေ့ ရှိပါတယ်။
အချို့သောဒေသတွေဖြစ်တဲ့ ဥပမာအနေနဲ့ သြစတြေလျနိုင်ငံမြောက်ပိုင်း သုံးပုံတစ်ပုံ ခန့် (Brisbane ရဲ့မြောက်ဖက်ဒေသများ) နဲ့ အမေရိကတ်ပြည်ထောင်စု တောင် ပိုင်းဒေသများ (Southern California, Arizona, New Mexico, Texas, Louisiana, Mississippi, Alabama, Georgia and Florida) တွေဟာ ခရမ်းလွန်ရောင်ခြည် အင်အားအမြဲမြင့်မားနေလေ့ရှိ တဲ့ဒေသတွေ ဖြစ်ပါတယ်။
ယေဘုယျအားဖြင့် ကမ္ဘာ့အပူပိုင်းဒေသဖြစ်တဲ့ မြောက်ယဉ်စွန်းတန်း(Tropic of Cancer) နဲ့ တောင်ယဉ်စွန်းတန်း (Tropic of Capricorn) ကြားဒေသများ (မြန်မာနိုင်ငံ အပါအ၀င်)ဟာ ခရမ်းလွန် ရောင်ခြည်အင်အားအကောင်းဆုံး ဒေသ များဖြစ်ကြပါတယ်။ မြောက်ယဉ်စွန်းတန်း ရဲ့ မြောက်ဖက်ဒေသ များနဲ့ တောင်ယဉ်စွန်း တန်းရဲ့တောင်ဖက်ဒေသတွေဟာ တစ်နှစ်တာ အတွင်း အင်အားအပြောင်းအလဲ အများဆုံးဖြစ်ပေးလေံရှိပြီး၊များသော အားဖြင့် နွေဦးပေါက် ကာလ၊ နွေကာလနဲ့ ဆောင်းဦးပေါက်ကာလ များမှာ အင်အားကောင်းလေ့ရှိကာ မိုးရာသီ နဲ့ ဆောင်းရာသီကာလ များ တွင် အင်အားလျော့နည်းလေ့ ရှိပါတယ်။

တစ်နေ့တာအတွင်းနာရီအလိုက်အင်အားပြောင်းလဲပုံ။(Time of Day) ခရမ်းလွန်ရောင်ခြည်တွေဟာ နေမွန်းတည့်ချိန်(solar noon)ကာလမှာ အင်အား အကောင်းဆုံး ဖြစ်လေ့ရှိပါတယ်။ ပျမ်းမျှတန်ဖိုးအနေနဲကတော့ နံနက်(၁၀)နာရီမှ ညနေ(၄) နာရီအတွင်း တန်ဖိုး တွေကို ပျမ်းမျှယူလေ့ရှိပါတယ်။ တကယ်တော့ solar noon ဟာ (၁၂)နာရီ မွန်းတည့်ချိန် နဲ့ မတူဘဲ များသော အားဖြင့် (၁)နာရီ(၂)နာရီ ခန့် ကွာခြားတတ်ပါတယ်။ အမှန်တော့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေ ဟာ တစ်နာရီနဲ့တစ်နာရီ၊ တစ်နေ့နဲ့ တစ်နေ့၊ တစ်နေရာနဲ့တစ်နေရာ ကွာခြား နေတတ် ပါတယ်။ တစ်နေ့လုံး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေ နည်းနေရာမှ နောက် တစ်နေ့ မှာတော့ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း
တွေဟာ လွန်ကဲတဲ့အဆင့် ကို ရောက်နေတတ်ပြန်ပါတယ်။ အဲဒါကြောင့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများဟာ အရေးကြီးလှပါတယ်။ ကလေးငယ်တွေ၊ အရွယ်မရောက်သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းဖြစ်နေသူတွေအတွက် အန္တရာယ်အလွန်ကြီး လှပါတယ်။

အိုဇုံးဓါတ်ငွေ့အဆင့်။ (ozone level) ကမ္ဘာပေါ်ရှိနေရာတစ်နေရာရဲ့ ခရမ်းလွန်ရောင်ခြည်အင်အားအဆင့်ဟာ အဲဒီနေရာရဲ့ အထက်လေထုထဲမှာရှိနေတဲ့ အိုဇုံးလွှာရဲ့အထူအပါးအပေါ်မှာတည်နေပါတယ်။ ဥပမာအနေနဲ့ သြစတြေလျနိုင်ငံရဲ့ အထက် လေထုလွှာထဲမှာရှိတဲ့ အိုဇုံးအလွှာဟာ ပါးနေတာကြောင့် နေရောင်ထဲမှာ ပါလာကြတဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ လေထု ကို ဖေါက်ထွင်းပြီး သြစတြေလျမြေပေါ်ကို ပိုမိုရောက်ရှိ လာနိုင်ကြပါတယ်။ အဲဒါ့အပြင် အိုဇုံးလွှာပါးနေမှုဟာ လူတွေကိုအန္တရာယ်ပြုနိုင်တဲ့ UVB ရောင်ခြည် အမျိုးအစားတွေ ကို မြေပြင်ကို ပိုမိုရောက်ရှိ လာစေနိုင်ပါသေးတယ်။ အိုဇုံးလွှာ ပါးလွှာနေပြီဖြစ်တဲ့ဒေသ တစ်ခုမှာ နေထိုင်နေသူတစ်ဦးအဖို့ အိုဇုံးဓါတ်ငွေ့အညွှန်းကိန်း တန်ဖိုးတွေကို တစ်နေ့ ချင်း စီစစ်နေထိုင် ကြဖို့ လိုအပ်နေမှာဖြစ်ပါတယ်။ အမှန်တော့ ကမ္ဘာကြီးပေါ်မှာ သြစတြေလျနိုင်ငံတစ်နိုင်ငံသာ အိုဇုံးလွှာပါးလွှာမှုကို ကြုံတွေ့နေရတာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ အိုဇုံးလွှာယာယီလျော့ပါးနေတဲ့ နေရာတွေ၊ အမြဲလိုလို လျော့ပါးနေ တတ် တဲ့နေရာတွေ အများကြီးရှိနေပါတယ်။ (သစ်တောပြုန်းတီးမှု အများဆုံးနိုင်ငံတွေရှိနေတဲ့ အာရှဒေသလည်း ပါဝင်နိုင်ပါတယ်)။ အဲဒီလို အိုဇုံးလွှာ အပေါက်ငယ်လေးတွေ ဖြစ်နေ ကြတဲ့ နေရာတွေမှာနေထိုင်ကြရတဲ့သူတွေအဖို့ အိုဇုံးလွှာရဲ့အခြေအနေကို အရေးတယူ ဂရုတစိုက် မရှိကြဘဲ၊ ကြိုတင်ကာကွယ်မှုတွေမပြုကြဘူးဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေ မယ့်အန္တရာယ်အလွန်ကြီးမားလှပါတယ်

ရောင်ပြန်ဟပ်ခြင်း(Reflection)
ခရမ်းလွန်ရောင်ခြည်တွေဟာ အမျိုးမျိုးသော မျပ်နှာပြင်များမှတစ်ဆင့် အတိုင်းအတာ အသီးသီးနဲ့ ရောင်ပြန်(အလင်းပြန်)ဟပ်ခြင်းနဲ့ ရောင်ခြည်လွင့်စင်ခြင်းတွေ ဖြစ်စေ တတ်လေ့ရှိပါတယ်။ ဥပမာ မြေပြင်ပေါ်ရှိ ရေမျက်နှာပြင်၊ ရေခဲမျက်နှာပြင်၊ နှင်းထုမျက်နှာပြင်နဲ့ အခြားရောင်ပြန်စေတတ်တဲ့ မျက်နှာပြင် အမျိုးမျိုးတွေဖြစ်ကြ ပါတယ်။

ရေမျက်နှာပြင်မှရောင်ပြန်ခြင်း။(Water Reflection)
ရေကူးခြင်း၊ လေလှော်ခြင်း၊ ရွက်လွှင့်ခြင်း၊ လှိုင်းစီးခြင်း၊ ငါးမျှားခြင်း စတဲ့ ရေမျက်နှာပြင် အပေါ် အခြေခံပြုလုပ်ကြတဲ့ ဆောင်ရွက်မှုများအပြင် ရေကူးကန်ဘေး မှာ နေစာလှုံတဲ့ ကိစ္စအပါအ၀င် လုပ်ငန်းရပ် တွေဟာ ခရမ်းလါန်ရောင်ခြည်သင့်မှုကို တိုးပွားစေလေ့ရှိ ပါတယ်။ လေ့လာမှုများ အရ ပင်လယ်ရေ မျက်နှာပြင် တစ်ခုဟာ ခရမ်းလွန်ရောင်ခြည် သင့်မှုကို ၂၅% အထိတိုးစေပြီး၊ သဲသောင်ပြင်တစ်ခုကတော့ ၁၅% အထိ တိုးစေ တတ်ကြောင်းသိရပါတယ်။ တစ်ခါ တစ်ရန် ရေများ နဲ့ရေငွေ့များ၊ ချွေးများကြောင့် အကာအကွယ်အဖြစ် လိမ်းကျံထား တဲ့ နေရောင်ခံလိမ်းဆေးများဟာ ပျက်ပြယ်သွား ကြလေ့ရှိတတ်ပါတယ်။

ဆီးနှင်းများကြောင့်ရောင်ပြန်ဟပ်ခံရခြင်း။(Snow Reflection)
ဆီးနှင်းမျက်နှာပြင်များမှတစ်ဆင့် ခရမ်းလွန်ရောင်ခြည် ရောင်ပြန်ဟပ်ခံရခြင်း ဟာလည်း အရေးကြီး တဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ အထူးသဖြင့် ဆီးနှင်းအသစ်များဟာ ပိုဆိုးဝါးလေ့ရှိကြ ပါတယ်။ နောက်ထပ် ဖြစ်ပေါ်လာတဲ့ ဆီးနှင်းအသစ်များရဲ့ မျက်နှာပြင်များဟာ ခရမ်းလွန် ရောင်ခြည်များကို ၈၀% အထိ အရောင်ပြန်စေပါတယ်။ Photokeratitis လို့ခေါ်ဆိုတဲ့ ဆီးနှင်းကွယ်ရောဂါ (Snow blindness) ရောဂါရရှိမှုမှာ မျက်နှာပြင်ရောင်ပြန် ဟပ်မှုများရဲ့ အရေးပါပုံကို ဖေါ်ပြနေပါတယ်။ အဲဒါတွေ အပြင် တောင်ထိပ်အမြင့်များမှာရှိတဲ့ ဆီးနှင်းများဆိုရင် ဆီးနှင်းရောင်ပြန်ဟပ်မှု ကိုဖြစ်စေတဲ့အပြင်၊ တောင်ထိပ် အမြင့်ကြောင့် အိုဇုံးလွှာပါးလာမှုကိုဖြစ်စေပြီး။ ခရမ်းလွန်ရောင်ခြည်ပိုမိုရောက်ရှိလာမှုတို့ကိုပါ နှစ်ရပ်ပေါင်း ဖြစ်နိုင်တဲ့အတွက် ခရမ်းလွန်ရောင်ခြည်သင့်မှုကို ပိုမိုဆိုးဝါးစေတတ်ပါတယ်။

အမြင့်ကြောင့်ခရမ်းလွန်ရောင်ခြည်သင့်မှုကိုတိုးပွားစေခြင်း။(Altitude) မြေပြင်အထက်အမြင့်ပိုင်းကိုရောက်လာလေ၊ အိုဇု့းဓါတ်ငွေ့အလွှာဟာ ပိုမို ပါးလွှာ လာလေ ဖြစ်တဲ့အတွက် ခရမ်းလွန်ရောင်ခြည်သင့်မှုဘေးဟာ ပိုမိုတိုး လာလေဖြစ်ပါ တယ်။ လေ့လာမှုများအရ အထက်အမြင့် ပေ ၁၀၀၀ တိုးလာတိုင်း ခရမ်းလွန်
ရောင်ခြည် သင့်မှုပမာဏကို ၁၀% မှ ၁၂% အထိ တိုးလာ စေနိုင်ကြောင်းသိရပါတယ်။ ဥပမာ ဧ၀ရက်တောင်ထိပ်ကိုတက်သူတိုင်းအတွက် ခရမ်းလွန် ရောင်ခြည် ပြင်းအားဟာ ၁၀၀% အထိ တိုးလာစေနိုင်ပါတယ်။

တိမ်ကင်းစင်မှု နဲ့ တိမ်ထူထပ်မှု။(Clear Skies & Clouds) အများအားဖြင့် တိမ်ကင်းစင်နေတဲ့နေ့အချိန်တွေမှာ ခရမ်းလွန်ရောင်ခြည်အဆင့်
တွေဟာ မြင့်မား နေလေ့ ရှိပါတယ်။ အမှန်တော့ တိမ်အနည်းငယ် ဖြစ်ထွန်းနေ တဲ့နေ့တွေမှာလည်း ခရမ်းလွန်ရောင်ခြည် အဆင့်တွေဟာ မြင့်မားနေနိုင်ပါတယ်။ တိမ်များကြောင့် ခရမ်းလွန်ရောင်ခြည်တွေ လွင့်စင်ခြင်း (scattering)ကို ဖြစ်စေ တတ်ခြင်းဟာလည်း မျက်နှာပြင်ကြောင့် ဖြစ်ပေါ်တတ်တဲ့ ရောင်ခြည်ပြန်ခြင်းလိုဘဲ ခရမ်းလွန်ရောင်ခြည်သင့်မှုအန္တရာယ်ကို ကြီးမားစေလေ့ရှိပါတယ်။ တစ်ခါတစ်ရန် လေထုအတွင်း ဖြစ်ပေါ်နေတဲ့ မင်းလွင်(လေထုလွှာအတွင်း ဖုံမှုန့်များ ပါဝင်နေမှု)ဟာလည်း ခရမ်းလွန်ရောင်ခြည်သင့်မှု အန္တရာယ်ကို တိုးပွားစေတတ် ပါတယ်။ တိမ်များ ရှိနေပါက ခရမ်းလွန်ရောင်ခြည်သင့်မှုကို လျော့ပါး စေတတ်တယ်လို့ လူအများဟာ အထင်ရှိတတ် ကြပါတယ်။ ဒါဟာ မှားယွင်းတဲ့ အယူတစ်ခုသာဖြစ်ပြီး အမှန်တော့ ခရမ်းလွန်ရောင်ခြည်တွေရဲ့ ၈၀% ခန့်ဟာ ပါးလွှာတဲ့ တိမ်ထုတွေ ကို ဖေါက်ထွင်း ၀င်ရောက်လာနိုင်ကြပါတယ်။
မဟာသင်္ကြန် နဲ့ ခရမ်းလွန်ရောင်ခြည်သင့်မှု အန္တရာယ်။ လက်ရှိအချိန်ဟာ မြန်မာနိုင်ငံမှာ ခရမ်းလွန်ရောင်ခြည်ကျရောက် မှုတွေ မြင့်မားနေ ဆဲဖြစ်ပါတယ်။ ဒါကြောင့် ရောင်ခြည်သင့်မှု အန္တရာယ်ရှိနေဆဲပါတယ်။ ဒီအခြေအနေ ဟာ လာမယ့် မဟာသင်္ကြန်ကာလမှာ ပိုမိုမြင့်မား လာစရာ အကြောင်းတွေရှိနေပါ တယ်။ ပထမအချက်ကတော့ သင်္ကြန်ကာလမှာ နေပူထဲ မှာ ရေကစားကြမှာဖြစ်လို့ ခရမ်းလွန်ရောင်ခြည်ကျရောက်မှု မြင့်မားတဲ့ မွန်းတည့်ချိန်ကာလ
တွေ မှာ ရေကစားသူ အများအပြားဟာ နေပူထဲမှာရှိနေဖို့ အခွင့်အလမ်းများနေပါတယ်။ ဒုတိယအချက်ကတော့ ရေကစားမဏ္ဍပ်တွေမှာ ကားကြပ်ပိတ်ဆို့မှုတွေများနေတာ
ကြောင့် နေပူထဲမှာ နေချိန်ကာလ ပိုမိုရှည်လျား လာနိုင်ပါတယ်။ ရန်ကုန်မှာ လက်ရှိ ရိုးရိုးအချိန်တွေမှာတောင် မီးပွိုင့်တွေမှာ ကားပိတ်ဆို့မှုကြောင့် အချိန်အကြာကြီး ကားတွေ တန်းစီရပ်နေကြရတာဟာ လက်တွေ့ပါဘဲ။ တတိယအချက်ကတော့ သင်္ကြန်ကာလမှာ အ၀တ်အစားလုံလုံခြုံခြုံ မ၀တ်ကြတဲ့လူတွေက ပိုများပါတယ်။ ဒ်ါဟာ ခရမ်းလွန် ရောင်ခြည်
ဘေးသင့် မှုတွေအတွက် အကာအကွယ် ပိုမိုမဲ့သွားစေနိုင်ပါ တယ်။ နောက်ဆုံးအချက်ကတော့ တစ်ချိန်လုံး ရေတွေနဲ့ကစားနေကြတဲ့ သင်္ကြန်ရဲ့ သဘာဝကြောင့် ခန္ဓာကိုယ်တွေ ဟာရေစို
နေကြမှာ ဖြစ်တဲ့အပြင် ရေတွေ နဲ့နီးကပ် နီးစပ်နေကြမှာ ဖြစ်တဲ့အတွက် ရေရဲ့ရောင်ပြန် ဟပ်မှုကြောင့် ခရမ်းလွန် ရောင်ခြည် သင့်မှုကို ၂၅% ပိုမိုမြင့်တက်လာစေ နိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါ တယ်။
ရိုးရာသင်္ကြန်ပွဲဆိုတာ မြန်မာတို့ရဲ့နှစ်သစ်မင်္ဂလာပွဲဖြစ်တဲ့အားလျော်စွာ အစဉ်အလာ မပျက် တစ်နှစ်တစ်ကြိမ် မြန်မာလူမျိုးတိုင်း ပါဝင်ဆင်နွဲကြစမြဲဖြစ်ပါတယ်။ တစ်ချိန်တည်း မှာဘဲ အန္တရာယ်ရှိနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်ရဲ့ သဘာဝဘေးကိုလည်း သတိထားကြပြီး အန္တရာယ်ဘေးအနည်းဆုံး ဖြစ်ရလေ အောင် သတိဆောင်ပြီး ဆင်ဆင်ခြင်ခြင် ပါဝင် ဆင်နွဲကြခြင်းဖြင့် မင်္ဂလာနှစ်သစ်ကို မင်္ဂလာအပြည့်နဲ့ ကြိုဆိုနိုင်ကြပါစေလို့ ဆန္ဒပြု လိုက်ပါတယ်။


Credit to > ဒေါက်တာထွန်းလွင်