နေရောင် မှာ ပါလာတဲ့ အလင်းတန်းလျပ်စစ်သံလိုက် လှို်င်းတွေ ရဲ့ တစ်စိတ်တစ်ပိုင်းပါဘဲ။ လိုရင်း ပြောရရင်တော့ UV ဆိုတာ စွမ်းအားမြင့်တဲ့ စွမ်းအင်ဖြာထွက်မှုဘဲ ဆိုပါတော့။ တကယ်တော့ ကမ္ဘာပေါ်မှာ ဘယ်နေရာ ဘယ်ဒေသမှာ ဘဲ နေနေ၊ နေရောင်ခြည်ကိုသာ ခံစားရတယ်ဆိုရင် UV ရောင်ခြည်ရဲ့ ပြင်းအား အဆင့် တစ်ခုခု ကိုတော့ ခံစားကြမှာ အမှန်ဖြစ်ပါတယ်။ ဒါပေမယ့် ခံစားကြရမယ့် ခရမ်းလွန်ရောင်ခြည်ရဲ့ ပြင်းအား နဲ့ အန္တရာယ်ရှိမှု အတိုင်းအတာတွေကတော့ မိမိရဲ့ နေထိုင်ရာဒေသရဲ့လတ္တီတွဒ်အနိမ့်အ
ဖြစ်ပေါ်နေတဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း များကို အလွယ်တကူ သိရှိနေနိုင်ကြပြီဖြစ် ပါတယ်။ လူ့ခန္ဓာကိုယ်အပေါ် အညွှန်းကိန်း မြင့်မားတဲ့ ခရမ်းလွန်ရောင်ခြည်များ လွန်ကဲစွာ ကျရောက်မိပါက အရေပြားကင်ဆာ (non-malignant နဲ့ malignant malenom နှစ်မျိုးလုံး)၊ အရွယ် မတိုင်မီ အရေပြားများ ရင့်ရော်ခြင်း၊ မျက်စိတိမ်စွဲခြင်၊ မျက်စိကင်ဆာ၊ snow blindness နဲ့ မျိုးပွား ဗီဇပျက်စီးခြင်း (သားသမီးမရနိုင်တော့ခြင်း) စတဲ့ ကျန်းမာရေး ဆိုင်ရာပြဿနာတွေ ကို ကြုံတွေ့နိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည်ဖြာထွက်မှု။
ခရမ်းလွန်ရောင်ခြည်ဆိုတာဟာ လူသာမာန်တို့ မျက်စိနဲ့မမြင်နိုင်တဲ့ အလင်းပုံစံ တစ်မျိုးဘဲ ဖြစ်ပါ တယ်။ ဒါကြောင့် အမြင်အာရုံကိုပေးနိုင်တဲ့ မြင်နိုင်တဲ့အာရုံခွင်ရဲ့ အစွန်းဆုံးတစ်ဖက်ဖြစ်တဲ့ ခရမ်းရောင်ခြည် ကို ကျော်လွန်ပြီး မြင်နိုင်ခွင်အပြင်ကို ကျရောက်သွားတဲ့ ခရမ်း(အ)လွန်ရောင်ခြည် လို့ ခေါ်ခြင်းဖြစ်ပါတယ်။ အမှန်မှာတော့ လူသားများရဲ့ အမြင်အာရုံနဲ့ ခရမ်းလွန်ရောင်ခြည်ကို မမြင်နိုင်ပေမယ့် ပျားတို့၊ လိပ်ပြာတို့ အနေနဲ့တော့ ခရမ်းလွန်ရောင်ခြည်ကို မြင်နိုင်ကြတဲ့အတွက် အမျိုးအမည် ခွဲခြားတဲ့ နေရာတွေနဲ့ ခရီးလမ်းညွှန်ပြုတဲ့နေရာတွေမှာ အသုံးပြုကြပါတယ်။ ခရမ်းလွန်ရောင်ခြည် UV ကို UVA၊ UVB နဲ့ UVC ဆိုပြီး လှိုင်းအလျားတန်ဖိုး ကွာခြားမှုအလိုက် ခွဲခြားထားနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ(၃)မျိုး စလုံးဟာ လူတွေရဲ့ ကျန်းမာရေးကို သူ့နည်း သူ့ဟန်နဲ့သူတော့ ထိခိုက်စေလေ့ ရှိပါ တယ်။
UVA
ကမ္ဘာ့မျက်နှာပြင်တွင် UV ရောင်ခြည်များရဲ့ ၉၅% ဟာ UVA ရောင်ခြည်များနဲ့ ဖွဲ့စည်းထား ပြီး လှိုင်းအလျားအနေနဲ့ 315-400 nm ရှိပါတယ်။ UVA ရောင်ခြည်တွေ ဟာ UVB ရောင်ခြည်များ ထက် အရေပြားအတွင်း ပိုမိုနက်အောင်စိမ့်ဝင်နိုင်စွ
UVB
UVB ရောင်ခြည်တွေဟာ UVA တွေလောက် အရေပြားအတွင်းထိုးဖေါက် ၀င်နိုင်စွမ်း မရှိကြပါဘူး။ နောက်ပြီး UVB တွေကို အရေပြားရဲ့အပေါ်ယံအလွှာတွေက အများဆုံး စုပ်ယူထားလိုက်ကြပါတယ်။ တကယ်တော့ UVB တွေဟာ အရေပြားနေလောင်ခြင်း (sunburns or skinburns) နဲ့ အရေပြားကင်ဆာ (skin cancer) ရော ဂါ ကို အဓိကဖြစ်စေတဲ့ တရားခံတွေဖြစ်ပါတယ်။ အဲဒါ့အပြင် UVB ရောင်ခြည် တွေဟာ malignant maleno- ma ရောဂါကိုပါ ဖြစ်တတ်ပြီး၊ ဂရုမစိုက် ကာကွယ်ကုသမှုမပြုပါက အသက်အန္တရာယ် ဆုံးရှုံးမှုအထိ ဖြစ်စေနိုင်ပါတယ်။ ခန့်မှန်းခြေအားဖြင့် UVB ရောင်ခြည်များရဲ့ ၉၀% ကို အိုဇုံး၊ ရေငွေ့၊အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် စတဲ့ ဓါတ်ငွေ့များက စုပ်ယူထားလေ့ ရှိပါတယ်။ အထူးသဖြင် အိုဇုံးဓါတ်ငွေ့များက UVB မျာကို အဓိကစုပ်ယူလေ့ရှိပါတယ်။ ဒါကြောင့် UVB ရောင်ခြည် များရဲ့ ကမ္ဘာ့မျက်နှာပြင်အနီး သိပ်သည်းမှုအနည်းအများဟာ လေထုအတွင်းရှိ အိုဇုံးဓါတ်ငွေ့များ အနည်းအများအပေါ်တွင် မူတည်နေပါ တယ်။ တစ်နည်းပြောရရင် အိုဇု့းလွှာရဲ့အထူအပါးအပေါ်မှာမူတ
UVC
တကယ်တော့ UVC ရောင်ခြည်ဟာ UV ရောင်ခြည်(၃)မျိုးထဲမှာ ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်စေနိုင်တဲ့ ရောင်ခြည်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရောင်ခြည်တွေကို ကမ္ဘာမြေပြင်ဆီကို ရောက်မလာ ရလေအောင် လေထုလွှာအတွင်းက အိုဇုံးအလွှာက အကာအကွယ်ပေးထားပါတယ်။ သို့သော်ငြား လည်းဘဲ စက်မှုလုပ်ငန်းများက ထုတ်လွှတ်နေတဲ့ CFC(chlorofluorocarbons) များနဲ့ halon ဓါတ်ငွေ့များ ကြောင့် အိုဇုံးလွှာဟာ ကနေ့အချိန်မှာတော့ ပေါက်ပြဲပျက်စီးခဲ့ရပြဲဖစ်တဲ့အတ
ပြီဖြစ်လို့ဖြစ်ပါတယ်။ UVC ရဲ့ လှိုင်းအလျားဟာ 100-280 nm အထိ ရှိပါတယ်။
ခရမ်းလွန်ရောင်အညွှန်းကိန်း (UV Index)
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းဆ
ခရမ်းလွန်ရောင်ခြည် နဲ့ နေရောင်ခြည်မှ အကာအကွယ်ပြုခြင်း။ (UV Index and Sun Protection)
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း 8 နဲ့အထက်ကို ကျော်လွန်လာပါက ကျန်းမာရေး အတွက်အန္တရာယ်ရှိလာနိုင်လို့ ပြည်သူလူထုအတွက်သတိပေးချက်တွေထု
ခြည်ဘေးမှ အကာအကွယ် ပေးနိုင်ပါတယ်။ ခြေ၊လက်စတဲ့အပိုင်းတွေကိုတော့ လုံခြုံတဲ့ အ၀တ်အစား(အင်္ကျီ၊ ပုဆိုး၊ ဘောင်းဘီ) စတာတွေ ၀တ်ဆင်ခြင်းဖြင့် ကာကွယ်နိုင်ပါ တယ်။ ရောင်ခြည်ကို အကာအကွယ်ပေးတဲ့ SPF 30+ မျက်မှန်ကိုလည်း တပ်ဆင်ထား သင့်ပါတယ်။
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း 11+ နဲ့အထက်အဆင့်ကိုတော့ အမြင့်ဆုံးအဆင့်
ဖြစ်တဲ့ လွန်ကဲအဆင့်(Extreme) ဖြစ်ပါတယ်။ နေရောင်ခြည်ထဲ ကြာမြင့်စွာရှိနေပါက အန္တရာယ်အလွန်ကြီးမား (serious risk)နိုင်ပါတယ်။ ကာကွယ်မှုအနေနဲ့တော့
နေရောင်ြ ခည် ထဲမှာ တိုက်ရိုက်မထိတွေ့မိဖို့ ရှောင်ရှားခြင်းဟာ အကောင်းဆုံးနည်း လမ်းဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း အချိန်အကြာကြီးမနေမိဖို့ လိုအပ်ပါတယ်။ အဲဒါကို မနက်(၁၁)နာရီမှ ညနေ(၁)နာရီအတွင်း အထူးရှောင်ရှားသင့်ပါတယ်။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းေ
အထက်ပါကာကွယ်မှုနည်းလမ်းအကြံပြုခ
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းမ
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း(
ဖြစ်ပါတယ်။
ခရမ်းလွန်ရောင်ခြည်ပြင်းအား(UV Strength)
ခရမ်းလွန်ရောင်ခြည်အင်အား(Stren
လတ္တီတွဒ်နဲ့ ရာသီကာလအပေါ်အမှီပြုပြောင်းလဲခြင
ခရမ်းလွန်ရောင်ခြည်တွေဟာ ယေဘုယျအနေနဲ့ အီကွေတာနဲ့နီးလေ အင်အားများလေ ဖြစ် ပါတယ်။ အကြောင်းကတော့ အီကွေတာရပ်ဝန်းဒေသတွေ မှာ နေရောင်ခြည်ဟာ များးသော အားဖြင့် ခေါင်းပေါ်ကို တည့်တည့်ကျရောက်လေ့ ရှိတဲ့အတွက် ခရမ်းလွန်ရောင်ခြည်တွေ ကို လေထုအတွင်းက စုပ်ယူပေးနေတဲ့ အိုဇုံး အလွှာဟာ အီကွေတာဒေသတွေအပေါ်မှာ ပါးလွှာနေခြင်းကြောင့်ဖြစ်ပါတယ်။
အချို့သောဒေသတွေဖြစ်တဲ့ ဥပမာအနေနဲ့ သြစတြေလျနိုင်ငံမြောက်ပိုင်း သုံးပုံတစ်ပုံ ခန့် (Brisbane ရဲ့မြောက်ဖက်ဒေသများ) နဲ့ အမေရိကတ်ပြည်ထောင်စု တောင် ပိုင်းဒေသများ (Southern California, Arizona, New Mexico, Texas, Louisiana, Mississippi, Alabama, Georgia and Florida) တွေဟာ ခရမ်းလွန်ရောင်ခြည် အင်အားအမြဲမြင့်မားနေလေ့ရှိ တဲ့ဒေသတွေ ဖြစ်ပါတယ်။
ယေဘုယျအားဖြင့် ကမ္ဘာ့အပူပိုင်းဒေသဖြစ်တဲ့ မြောက်ယဉ်စွန်းတန်း(Tropic of Cancer) နဲ့ တောင်ယဉ်စွန်းတန်း (Tropic of Capricorn) ကြားဒေသများ (မြန်မာနိုင်ငံ အပါအ၀င်)ဟာ ခရမ်းလွန် ရောင်ခြည်အင်အားအကောင်းဆုံး ဒေသ များဖြစ်ကြပါတယ်။ မြောက်ယဉ်စွန်းတန်း ရဲ့ မြောက်ဖက်ဒေသ များနဲ့ တောင်ယဉ်စွန်း တန်းရဲ့တောင်ဖက်ဒေသတွေဟာ တစ်နှစ်တာ အတွင်း အင်အားအပြောင်းအလဲ အများဆုံးဖြစ်ပေးလေံရှိပြီး၊မျာ
တစ်နေ့တာအတွင်းနာရီအလိုက်အင်အား
တွေဟာ လွန်ကဲတဲ့အဆင့် ကို ရောက်နေတတ်ပြန်ပါတယ်။ အဲဒါကြောင့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများဟာ အရေးကြီးလှပါတယ်။ ကလေးငယ်တွေ၊ အရွယ်မရောက်သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းဖြစ်နေသူတွေအတွက် အန္တရာယ်အလွန်ကြီး လှပါတယ်။
အိုဇုံးဓါတ်ငွေ့အဆင့်။ (ozone level) ကမ္ဘာပေါ်ရှိနေရာတစ်နေရာရဲ့ ခရမ်းလွန်ရောင်ခြည်အင်အားအဆင့်ဟ
ရောင်ပြန်ဟပ်ခြင်း(Reflection)
ခရမ်းလွန်ရောင်ခြည်တွေဟာ အမျိုးမျိုးသော မျပ်နှာပြင်များမှတစ်ဆင့် အတိုင်းအတာ အသီးသီးနဲ့ ရောင်ပြန်(အလင်းပြန်)ဟပ်ခြင်းနဲ
ရေမျက်နှာပြင်မှရောင်ပြန်ခြင်း။
ရေကူးခြင်း၊ လေလှော်ခြင်း၊ ရွက်လွှင့်ခြင်း၊ လှိုင်းစီးခြင်း၊ ငါးမျှားခြင်း စတဲ့ ရေမျက်နှာပြင် အပေါ် အခြေခံပြုလုပ်ကြတဲ့ ဆောင်ရွက်မှုများအပြင် ရေကူးကန်ဘေး မှာ နေစာလှုံတဲ့ ကိစ္စအပါအ၀င် လုပ်ငန်းရပ် တွေဟာ ခရမ်းလါန်ရောင်ခြည်သင့်မှုကို တိုးပွားစေလေ့ရှိ ပါတယ်။ လေ့လာမှုများ အရ ပင်လယ်ရေ မျက်နှာပြင် တစ်ခုဟာ ခရမ်းလွန်ရောင်ခြည် သင့်မှုကို ၂၅% အထိတိုးစေပြီး၊ သဲသောင်ပြင်တစ်ခုကတော့ ၁၅% အထိ တိုးစေ တတ်ကြောင်းသိရပါတယ်။ တစ်ခါ တစ်ရန် ရေများ နဲ့ရေငွေ့များ၊ ချွေးများကြောင့် အကာအကွယ်အဖြစ် လိမ်းကျံထား တဲ့ နေရောင်ခံလိမ်းဆေးများဟာ ပျက်ပြယ်သွား ကြလေ့ရှိတတ်ပါတယ်။
ဆီးနှင်းများကြောင့်ရောင်ပြန်ဟပ
ဆီးနှင်းမျက်နှာပြင်များမှတစ်ဆင
အမြင့်ကြောင့်ခရမ်းလွန်ရောင်ခြည
ရောင်ခြည် သင့်မှုပမာဏကို ၁၀% မှ ၁၂% အထိ တိုးလာ စေနိုင်ကြောင်းသိရပါတယ်။ ဥပမာ ဧ၀ရက်တောင်ထိပ်ကိုတက်သူတိုင်းအတ
တိမ်ကင်းစင်မှု နဲ့ တိမ်ထူထပ်မှု။(Clear Skies & Clouds) အများအားဖြင့် တိမ်ကင်းစင်နေတဲ့နေ့အချိန်တွေမှ
တွေဟာ မြင့်မား နေလေ့ ရှိပါတယ်။ အမှန်တော့ တိမ်အနည်းငယ် ဖြစ်ထွန်းနေ တဲ့နေ့တွေမှာလည်း ခရမ်းလွန်ရောင်ခြည် အဆင့်တွေဟာ မြင့်မားနေနိုင်ပါတယ်။ တိမ်များကြောင့် ခရမ်းလွန်ရောင်ခြည်တွေ လွင့်စင်ခြင်း (scattering)ကို ဖြစ်စေ တတ်ခြင်းဟာလည်း မျက်နှာပြင်ကြောင့် ဖြစ်ပေါ်တတ်တဲ့ ရောင်ခြည်ပြန်ခြင်းလိုဘဲ ခရမ်းလွန်ရောင်ခြည်သင့်မှုအန္တရာယ
မဟာသင်္ကြန် နဲ့ ခရမ်းလွန်ရောင်ခြည်သင့်မှု အန္တရာယ်။ လက်ရှိအချိန်ဟာ မြန်မာနိုင်ငံမှာ ခရမ်းလွန်ရောင်ခြည်ကျရောက် မှုတွေ မြင့်မားနေ ဆဲဖြစ်ပါတယ်။ ဒါကြောင့် ရောင်ခြည်သင့်မှု အန္တရာယ်ရှိနေဆဲပါတယ်။ ဒီအခြေအနေ ဟာ လာမယ့် မဟာသင်္ကြန်ကာလမှာ ပိုမိုမြင့်မား လာစရာ အကြောင်းတွေရှိနေပါ တယ်။ ပထမအချက်ကတော့ သင်္ကြန်ကာလမှာ နေပူထဲ မှာ ရေကစားကြမှာဖြစ်လို့ ခရမ်းလွန်ရောင်ခြည်ကျရောက်မှု မြင့်မားတဲ့ မွန်းတည့်ချိန်ကာလ
တွေ မှာ ရေကစားသူ အများအပြားဟာ နေပူထဲမှာရှိနေဖို့ အခွင့်အလမ်းများနေပါတယ်။ ဒုတိယအချက်ကတော့ ရေကစားမဏ္ဍပ်တွေမှာ ကားကြပ်ပိတ်ဆို့မှုတွေများနေတာ
ကြောင့် နေပူထဲမှာ နေချိန်ကာလ ပိုမိုရှည်လျား လာနိုင်ပါတယ်။ ရန်ကုန်မှာ လက်ရှိ ရိုးရိုးအချိန်တွေမှာတောင် မီးပွိုင့်တွေမှာ ကားပိတ်ဆို့မှုကြောင့် အချိန်အကြာကြီး ကားတွေ တန်းစီရပ်နေကြရတာဟာ လက်တွေ့ပါဘဲ။ တတိယအချက်ကတော့ သင်္ကြန်ကာလမှာ အ၀တ်အစားလုံလုံခြုံခြုံ မ၀တ်ကြတဲ့လူတွေက ပိုများပါတယ်။ ဒ်ါဟာ ခရမ်းလွန် ရောင်ခြည်
ဘေးသင့် မှုတွေအတွက် အကာအကွယ် ပိုမိုမဲ့သွားစေနိုင်ပါ တယ်။ နောက်ဆုံးအချက်ကတော့ တစ်ချိန်လုံး ရေတွေနဲ့ကစားနေကြတဲ့ သင်္ကြန်ရဲ့ သဘာဝကြောင့် ခန္ဓာကိုယ်တွေ ဟာရေစို
နေကြမှာ ဖြစ်တဲ့အပြင် ရေတွေ နဲ့နီးကပ် နီးစပ်နေကြမှာ ဖြစ်တဲ့အတွက် ရေရဲ့ရောင်ပြန် ဟပ်မှုကြောင့် ခရမ်းလွန် ရောင်ခြည် သင့်မှုကို ၂၅% ပိုမိုမြင့်တက်လာစေ နိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါ တယ်။
ရိုးရာသင်္ကြန်ပွဲဆိုတာ မြန်မာတို့ရဲ့နှစ်သစ်မင်္ဂလာပွဲဖြ
Credit to > ဒေါက်တာထွန်းလွင်
No comments:
Post a Comment