Thursday, June 25, 2015

ဂျာမဏီနိုင်ငံမှ အသုံးဝင် သဘာဝဆေး

ပိတ်ဆို့နေသော သွေးလွတ်ကြောများ၊ သွေးအတွင်းရှိ အဆီများ၊ အသက်ရှုလမ်းကြောင်း ကူးစက်ရောဂါများနှင့် အအေးမိခြင်း တို့ကို ပျောက်ကင်းသက်သာစေရန်စေရန် အတွက် သဘာဝ အသီးအနှံများကို အသုံးပြု၍ သောက်သုံးခြင်း ဖြစ်ပါတယ်။
ယင်းနည်းကို ဂျာမဏီနိုင်ငံတွင် လက်ခံသုံးစွဲကြတယ်လို့ ဆိုပါတယ်။ မိမိ အနီးနားတွင်ရှိသော နေ့စဉ်ထိတွေ့နေရသည့် အစားအသောက် ၃မျိုးကို ရောစပ်လိုက်ခြင်းဖြင့် ကျန်းမာရေးအတွက် အလွန်တန်ဖိုးရှိတဲ့ အရာဖြစ်လာပါတယ်။
အဲဒီဖျော်ရည်မှာ လူအများသိထားပြီးဖြစ်တဲ့ သံပရိုသီး၊ ချင်း(ဂျင်း)၊ ကြက်သွန်ဖြူ နှင့် ရေ တို့ပဲဖြစ်ပါတယ်။ ဒီသဘာဝ ဆေးဖျော်ရည်ကို သောက်သုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကတော့ ထူးခြား စုံလင် များပြားလှပါတယ်။
အထူးအလေးပေး သုံးစွဲနိုင်တာကတော့ သွေးလွတ်ကြောများ ဆို့ပိတ်ခြင်းကို ကာကွယ်ခြင်းနှင့် ကုသခြင်း တို့မှာအသုံးပြုနိုင်သည်။ ထို့ပြင် အသက်ရှုလမ်းကြောင်း ဆိုင်ရာကူးဆက်မှု များနှင့် အအေးပတ်ခြင်းများကို ကုသခြင်းနှင့် ကာကွယ်ပေးနိုင်ခြင်း၊ ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်ကောင်းမွန်စေခြင်း၊
အသဲနှင့် အသဲအင်ဇိုင်းများ တိုးတက်ကောင်းမွန် သန့်ရှင်းအောင်ပြုလုပ်ပေးရာတွင် အခန်း၊ကဏ္ဍ တခုမှ ပါဝင်ဆောင်ရွက်ပေးခြင်း၊ သွေးလှည့်ပတ်မှု မြှင့်တင်ပေးနိုင်ခြင်းနှင့် အထွေထွေ ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါသည်။
သွေးလှည့်ပတ်မှု စနစ်နှင့် ပက်သက်သော ရောဂါများ၊ နှလုံးနှင့် ပက်သက်သော ရောဂါများ ဖြစ်ပွားနိုင်ခြင်းကိုလည်း လျှော့ချပေးနိုင်ပါသည်။
ပါဝင် ပစ္စည်းများကတော့
ရေသန့် ၂လီတာ
သံပရိုသီး ၄လုံး အခွံနွာရန် မလို။
ကြက်သွန်ဖြူ ၄လုံး (၄မွာ မဟုတ်ပါ၊)
ချင်းတက် ၄ဆင်တီမီတာခန့် တို့ လိုအပ်ပါတယ်။
သံပရိုသီးကို ရေဆေး၍ ထက်ခြမ်းခွဲပါ။ ကြက်သွန်ဖြူများကို အခွံနွာပါ။ ပြီးလျှင် ချင်း၊ ကြက်သွန်ဖြူနှင့် သံပရိုသီး အားလုံးကို မွှေစက်ထဲထဲ့၍ မွှေပါ။
ထိုမွေထားပြီးသား အရောအနှောကို ဒန်အိုးတခုခုတွင် ရေ ၂လီတာနှင့် အတူထဲ့၍ ဆူလာသည် အထိကျိုချက်ပါ။ ဆူလာသည်နှင့် တပြိုင်နက် ကျိုချက်ခြင်းကို ရပ်တန့်လိုက်ပြီး အအေးခံပါ။ ပြီးလျှင် အစိတ်အကျဲ အနေတော်ရှိသော စစ်စရာတခုခုနှင့် စစ်လိုက်ပြီး လေလုံဗူးများအတွင်း ထဲ့သွင်းထား၍ ရေခဲသေတ္တာတွင်း သိမ်းပြီး သောက်သုံးနိုင်ပါတယ်။
ယင်းကျိုချက်ထားသော ဖျော်ရည်ကို နေ့စဉ် ၁ဖန်ခွက်(250-300ML) အစာမစားမှီ အနည်းဆုံး ၂နာရီစော၍ သော်လည်းကောင်း အစာအိမ်တွင်း အစာမရှိသောအချိန် နံနက်စောစောတွင် သော်လည်းကောင်း သောက်သုံးနိုင်ပါသည်။
မသောက်မှီ ပုလင်း၊ ဗူးအောင်တွင် အနယ်ထိုင်နေသော သံပရိုနှင့် ကြက်သွန်ဖြူများပါ ပါဝင်စေရန်အတွက် သေချာစွာ လှုပ်ပြီးမှ သောက်သုံးပါ။
အလွယ်တကူနဲ့ ထိရောက်တဲ့ဆေးမို့ ကိုယ်တိုင်သောက်သုံး နေရာကနေ ပြန်လည် ဝေငှလိုက်ရပါတယ်။
credit: winnhlaingoo.wordpress.com

ဒိဋ္ဌိသစ်ငုတ်အမြစ်ဖြုတ်


ဒီကနေ့ဒိဋ္ဌိသတ်တရားဟောရမယ်။ ပေါ့ပေါ့တန်တန် မမှတ်ကြနဲ့လို့ ကြိုတင်သတိပေးလိုက်ပါတယ်။ ဒီနေ့ ပထမ ဒိဋ္ဌိပြုတ်အောင် ဟောရမယ်။ နောက်ဒိဋ္ဌိပြုတ် ပြီး သောတာပန်ဖြစ်အောင် ဟောမယ်။
ဘုရားရှင် ပွင့်တော်မမူခင်အခါက ဒိဋ္ဌိချည်းပဲများတယ်။ ဘုရားပွင့်တော့ ဒိဋ္ဌိတောရှင်းနေရတာက အကြာကြီးပဲ။ ဒိဋ္ဌိတောရှင်းနေရတာနဲ့ အချိန်တွေအများကြီးကုန်သွား တယ်လို့ ဆိုနိုင်တယ်။ အခုဒို့ဒကာတွေအတွက်လည်း ပထမ ဒိဋ္ဌိတောကိုရှင်းပစ်ရလိမ့်မယ်။ ဒုတိယတဏှာ တောကိုရှင်းရမယ်လို့မှတ်ကြ။
အခုနေမှာ ခင်ဗျားတို့တစ်တွေက ရှင်းချင်ရာရှင်းနေ ကြတော့ လိုရင်းမရောက်ကြဘူး။ ပထမရှင်းရမယ့် ဒိဋ္ဌိကို ဒုတိယ၊ ဒုတိယရှင်းရမယ့် တဏှာကိုပထမ လုပ်နေတော့ အရင်ဟာကနောက်၊ နောက်ဟာက အရင်ဖြစ်နေကြတယ်။ ဒီလိုပြောင်းပြန်ဖြစ်နေတော့ တရားမရကြဘူး။ တရားအရနိုင်တော့ပါရမီလှည့်ချ ကြတယ်။
သာဝကဉာဏ်အရာမှာ ပါရမီမဆိုနဲ့။ ပါရမီမလိုဘူး။ ပါရမီကရှိကြပြီးသား။ လူအဖြစ်ကိုလည်းရနေကြ ပြီ။ သာသနာနဲ့လည်းကြုံနေရပြီ။ ထောင်နိုင်တဲ့နား လည်းပါကြတယ်။ ဒါတွေပြည့်စုံရက်နဲ့တရားမရ တာဟာ ကျင့်စဉ်မမှန်လို့မရကြတာပဲလို့ဆုံးဖြတ် ချက်ချ။ ကျင့်စဉ်မမှန်ရင်ဘယ်အခါမှ နိဗ္ဗာန်မရ နိုင်ကြဘူး။ ကျင့်စဉ်မှန်မှနိဗ္ဗာန်ရကြမယ်။
သုံးဆယ့်နှစ်ကောဋ္ဌာသဆိုတဲ့အကျင့် တချို့ ကျင့်ကြတယ်။ သုံးဆယ့်နှစ်ကောဋ္ဌာသအကျင့် ကတဏှာသတ်တရား။ တဏှာသတ်ဖို့အချိန် မဟုတ်ဘဲ တဏှာသတ်နေတော့အကျင့်လွဲ နေတာပေါ့။ ဒါနဲ့ပဲသူများပါးစပ်ဖျားလမ်းဆုံး နေကြရတယ်။
ပထမသောတာပန်ဖြစ်ဖို့ ဒိဋ္ဌိသတ်ရမယ်။ ဒိဋ္ဌိသတ်ပြီးတဲ့နောက်မှ တဏှာသတ်ရမယ်။ အဲဒီဓမ္မသဘာဝအစဉ်ကို ဇောက်ထိုးမိုးမျှော် ထင်ရာလုပ်နေတော့ ခရီးမရောက်တော့ဘူး။
ဘုရားလက်ထက်က ယမကဆိုတဲ့ရဟန်း တစ်ပါးရှိတယ်။ အဲဒီယမကရဟန်းကရဟန္တာ သေရင် ပြတ်တယ်လို့ယူတဲ့ ဥစ္ဆေဒအယူရှိနေ တယ်တဲ့ ခန္ဓ၀ဂ္ဂသံယုတ်ပါဠိတော် ယမက သုတ်မှာပါတယ်။
တထာဟံ ဘဂ၀တော ဒေသိတံ ဓမ္မံ အာဇာနာမိ။
ဘုရားဟောတဲ့အတိုင်းငါသိပါတယ်တဲ့။
ယထာခီဏာသဝေါဘိက္ခု ကာယဿ
ဘေဒါဥစ္ဆိဇ္ဇတိန ယော တိပရံမရဏာ
ရဟန္တာသေရင်ပြတ်တယ်။ ပျောက်သွားတာပဲ။ သေပြီးတဲ့နောက်မဖြစ်တော့ဘူးတဲ့ အဲဒီလို မိစ္ဆာဒိဋ္ဌိအယူရှိပြီးဖြစ်နေတယ်။
သာဝတ္ထိပြည်ဇေတ၀န်ကျောင်းတော်မှာ အရှင်သာရိပုတ္တရာမထေရ်သီတင်းသုံးနေတဲ့ အခါဖြစ်တယ်။ အဲဒီအခါမှာ ယမကရဟန်းက သူ့အယူရှိတဲ့အတိုင်း သီတင်းသုံးဖက်ဖြစ်တဲ့ ရဟန်းများကို လှည့်ပြီးပြောဆိုနေတယ်တဲ့။ ဘုရားဟောတာငါသိပါတယ်။ ရဟန္တာသေရင့် ပြတ်တယ်။ နောက်မဖြစ်တော့ဘူး။ တစ်ခါ တည်းပျောက်သွားတာပဲတဲ့။ ဘုရားကဒီလို ဟောတယ်ဆိုပြီး ၀ါဒလည်ဖြန့်တယ်တဲ့။
ဒါနဲ့သီတင်းသုံးဖော်ရဟန်းတော်တွေက အဲဒီယမကရဟန်းတော်ကို ၀ိုင်းဝန်းတားမြစ် ဆုံးမကြပါတယ်။ ငါ့ရှင်ယမက ဒီလိုမပြော မဟောပါနဲ့တဲ့။ ဘုရားက ဒီလိုမဟောဘူး ဆိုပြီး အကြိမ်ကြိမ် ဆုံးမတားမြစ်ကြပေ မယ့်နားမထောင်ဘူးတဲ့ အဲဒီလိုပြောဆို ဆုံးမလို့မရနိုင်ကြတာနဲ့ အရှင်သာရိပုတ္တရာ မထေရ်ထံသွားရောက်လျှောက်ထားကြတယ်။ ဒီတော့ အရှင်သာရိပုတ္တရာမထေရ်က ငါ့ရှင် ယမက အသင်ဟာဒီလို မိစ္ဆာအယူရှိပြီး ဒီအတိုင်းလည်ပြောနေတယ်လို့ ရဟန်းများ ပြောပြလို့သိရတယ်။ ဒီကြားတဲ့အတိုင်း မှန်သလား။
မှန်လှပါ။ ရဟန်းများလျှောက်ထားသည့် အတိုင်းပင်အမှန်ဖြစ်ပါသည်ဘုရား။
ဒါဖြင့်ငါ့ရှင်ကိုမေးမယ်။ သေသေချာချာ စဉ်းစားပြီးသင့်ဉာဏ်မြင်တဲ့အတိုင်းဖြေ ဆိုစမ်းလော့။
မှန်လှပါ ဉာဏ်မှီသမျှဖြေဆိုပါ့မည်ဘုရား။
င့ါရှင်ယမက၊ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဏ်ဆိုတဲ့ ခန္ဓာငါးပါးရုပ်တရားနာမ် တရားတွေဟာ မြဲသလား မမြဲဘူးလား။
မမြဲတဲ့အနိစ္စ စင်စစ်အမှန်ပင်ဖြစ်ပါသည် ဘုရား။
ဒီမမြဲတဲ့အနိစ္စ ငါးပါးကိုသုခလို့ဆိုရမလား။ ဒုက္ခလို့ဆိုရမလား။
မှန်လှပါ။ မမြဲတဲ့သဘောဟာ ဒုက္ခစင်စစ် ပင်ဖြစ်ပါသည်ဘုရား။
ဒီမမြဲလို့ ဒုက္ခအမှန်ဖြစ်တဲ့ခန္ဓာငါးပါးကို ငါ့အတ္တပဲ ငါ့ကိုယ်ပဲလို့ စွဲယူသင့်ပါသလား။
မမြဲလို့ဆင်းရဲတဲ့သဘောဖြစ်တဲ့အတွက် ငါ့အတ္တ ငါ့ကိုယ်ပဲလို့ စွဲယူစရာမရှိပါဘုရား။
ဒီဒုက္ခစင်စစ်ဖြစ်တဲ့အတွက် ငါ့အတ္တပဲလို့ စွဲယူဖို့ရာမသင့်တဲ့ ခန္ဓာငါးပါးကိုပုဂ္ဂိုလ်ဆို ထိုက်ပါသလား။ သတ္တ၀ါဆိုထိုက်မလား။
ဒီခန္ဓာငါးပါးကို ပုဂ္ဂိုလ်သတ္တ၀ါမဟုတ်။ ပုဂ္ဂိုလ်သတ္တ၀ါကတစ်ခြား၊ ခန္ဓာငါးပါးက တစ်ခြားလို့ရောဆိုမလား။
အဲဒီလို မဆိုရပါဘုရား။
ဒါဖြင့်ခန္ဓာငါးပါးမှာ ပုဂ္ဂိုလ်သတ္တ၀ါတည်ရှိ နေတယ်လို့ရော ယူဆထိုက်သလား။
အဲဒီလိုမယူဆထိုက်ပါဘုရား။
ငါ့ရှင်ယမက ခန္ဓာငါးပါးဟာ ပုဂ္ဂိုလ်သတ္တ၀ါ မဟုတ်၊ ခန္ဓာငါးပါးက အလွတ်မှာ ပုဂ္ဂိုလ် သတ္တ၀ါလို့လည်းမရှိ၊ ဒီလိုပုဂ္ဂိုလ်သတ္တ၀ါ ဆိုစရာမရှိ၊ စင်စစ်မရှိရိုးမှန်ပါလျှင် ရဟန္တာ သေရင် ပြတ်တယ်လို့ အသင်ယူတဲ့အယူ ၀ါဒဟာ သင့်မြတ်မှန်ကန်ပါသလား။
မှန်လှပါဘုရား။ တပည့်တော်ရှေးကမလိမ္မာ လို့ ယူမိပါသည်။ သည်းခံတော်မူပါဘုရား။ ယခုအရှင်ဘုရားရဲ့ကျေးဇူးတော်ကြောင့် အရှင်ဘုရား၏တရားစကားကိုကြားနာရ သဖြင့် မိစ္ဆာအယူလည်းပျောက်ကင်းပါပြီ။ တရားအထူးကိုလည်းသိမြင်ရပါပြီဘုရား။
ကောင်းပါပြီ ဒါဖြင့် ရဟန္တာပုဂ္ဂိုလ်သေရင် ဘယ်လိုဖြစ်သလဲလို့ ငါ့ရှင်ကိုသူများတွေ က မေးခဲ့ကြရင် ဘယ်လိုပြောမလဲ။
ခန္ဓာငါးပါးသာပဲရှိလို့ ခန္ဓာငါးပါးမှာလည်း ရုပ်ခန္ဓာတစ်ပါး နာမ်ခန္ဓာလေးပါးပဲရှိတဲ့ ရုပ်နာမ်တရားဟာမမြဲတဲ့ အနိစ္စမျိုးသာ အမှန်ဖြစ်တယ်။ အနိစ္စမျိုးမှန်သမျှဒုက္ခမျိုး သာအမှန်ဖြစ်တယ်။ ပုဂ္ဂိုလ်သတ္တ၀ါရဟန္တာ ပုဂ္ဂိုလ်လို့ဆိုစရာမရှိ။ တကယ်ဆိုစရာ ရဟန္တာရယ်လို့မရှိတော့ ရဟန္တာသေတယ် လို့လည်းဆိုစရာမရှိ၊ သေပြီးတဲ့နောက်ပြတ် တယ် မပြတ်ဘူးလို့လည်း ဆိုစရာမရှိ၊ ဒုက္ခ မျိုးအမှန်ဖြစ်တဲ့ ခန္ဓာငါးပါးသာ ချုပ်ဆုံးသွား တာပဲ။ ခန္ဓာငါးပါးသာကွယ်ပျောက်သွားတဲ့ သဘောပဲလို့ ပြောကြားပါမည်ဘုရား။
သာဓု သာဓု ငါ့ရှင် ယမက ကောင်းလေစွ ကောင်းလေစွ ဒီလိုအရှင်သာရိပုတ္တရာက ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပြီးဇေတ၀န် ကျောင်းတော်သို့ပြန်ကြွတော်မူတယ်။
ရုပ် ဝေဒနာ သညာ၊ သင်္ခါရ ၀ိညာဏ်ဆိုတဲ့ ခန္ဓာငါးခု ရုပ်နာမ်အစုဟာ အမြဲတမ်းဖြစ်ပြီး ပျက် ဖြစ်ပြီးပျက်နဲ့ အမှန်အရှိက ဖြစ်ပျက် ပဲ ရှိနေတာ။ ဒီဖြစ်ပျက် အနိစ္စအချက်ကို ပိုင်နိုင်ရင် ဒုက္ခအချက်ပိုင်မယ်။ ဒုက္ခအချက် ပိုင်ရင် အနတ္တအချက်ပိုင်မယ်။ အနတ္တအချက် ပိုင်ရင် အတ္တဒိဋ္ဌိ၊ ပုဂ္ဂလဒိဋ္ဌိကွာရော၊ အတ္တ ဒိဋ္ဌိကွာတော့ ရဟန္တာရယ်လို့တကယ်မရှိတဲ့ အဖြစ်ကို သိမြင်လာမယ်။ ဒီလိုသိမြင်လာ ပြီးတော့ သေပြီးတဲ့နောက်ပြတ်တယ်ဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိလည်း ပြုတော့တာပဲ။ နဂိုကမှ ပုဂ္ဂိုလ် ရဟန္တာလို့ တကယ်မရှိတာမို့သေရင် ပြတ်တယ် မပြတ်ဘူးလို့ ဆိုစရာမရှိတော့ ဘူးပေါ့။
ဒီအခုပြောတဲ့ဆက်မှား ပြတ်မှားဆိုတဲ့ မိစ္ဆာအယူတွေ မိမိသန္တာန်မှာ ရှိနေသလား။ မရှိဘူးလား ကိုယ်တိုင်စမ်းစစ်ပြီး ကြည့်ကြ တကယ်လို့များရှိနေသေးရင် မကွာကွာ အောင် ခွါထုတ်ပစ်ကြ။ ဒီသဿတ၊ ဥစ္ဆေဒစတဲ့အယူမျိုးတွေရှိနေရင် မဂ်လမ်း ဖိုလ်လမ်းနဲ့ဖီလာဖြစ်သွားမယ်။
ဒိဋ္ဌိကွာအောင် ဘယ်လိုလုပ်ရမလဲ။ အကြောင်းကြောင့်အကျိုးဖြစ်တယ်။ အကြောင်းတရားကပြုပြင်လို့အကျိုးတရား ပေါ်လာတယ်။ နောက်ဘ၀က မသိလို့ အမျိုးမျိုးတွေ လုပ်ခဲ့ကြတယ်။ အဲဒီ အမျိုးမျိုးလုပ်ခဲ့တဲ့အကြောင်းကြောင့် ဒီဘ၀မှာဝိညာဏ်ပေါ်တယ်။ ဒီဝိညာဏ် ကြောင့်နာမ်ရုပ်ပေါ်၊ အဲဒီလိုသင်္ခါရ အဆက်ဆက်ဖြစ်ပြီး ချုပ်နေတာပဲရှိ တယ်။ ဒီလိုသိရင် ဥစ္ဆေဒဒိဋ္ဌိပြုတ်မယ်။
ယမကရဟန်းရဲ့ဒီနေရာမှာ သင်္ခါရဖြစ်ပြီး ချုပ်တာပဲရှိတယ်။ ရဟန္တာသေတာရယ်လို့ မရှိဘူး။ ရှေ့သင်္ခါရဖြစ်ပြီးချုပ်၊ နောက် သင်္ခါရ ဖြစ်ပြီးချုပ်၊ ဒီလိုရုပ်နာမ်သင်္ခါရ အဆက်ဆက်ဖြစ်ချုပ်တွေပဲရှိတယ်။ သင်္ခါရချုပ်ဆိုတာ ဒုက္ခအစုချုပ်တာရဟန္တာ သေတာမဟုတ်၊ ဒုက္ခအစုတွေချုပ်တာပဲ တကယ်ရှိတယ်လို့သိရင်ဒိဋ္ဌိစင်ပြီဆိုတာ မှတ်ကြ။
သင်္ခါရဒုက္ခအစုချုပ်တော့ အသင်္ခတသုခရ တယ်။ သင်္ခါရဒုက္ခအစုတွေကလွန်မြောက် သွားပြီး အသင်္ခတသုခဆိုတဲ့ ဒီဘက်ကူး သွားတယ်လို့မှတ်ထားကြ။
တို့ဒကာတွေ ပြောတတ်ရှာတယ်။ သိရင် ပြီးရော၊ သိရင်ပြီးတာပဲ။ ဘာမျှမလိုတော့ ဘူးတဲ့။ အသိဖြစ်ရုံနဲ့ အပါယ်စိတ်မချရဘူး လို့ မြဲမြဲမှတ်။ အသိကလေးနဲ့မရ။ အကျင့် နဲ့ဖြတ်နိုင်မှသာ သေချာမယ်။ ၀ါးလုံးခေါင်း ထဲလသာပြီး ကိုယ့်အသိကလေးနဲ့ကိုယ် တော်လေရဲ့အောက်မေ့ပြီး ကျေနပ်မနေ ကြနဲ့။
လောကထဲမှာ သင်္ခါရဒုက္ခနဲ့နေကြရလို့ သတ္တ၀ါမှန်သမျှ အားလုံးလူဆင်းရဲချည်း ဆိုတာ သိထားကြပါ။ သဘောပါကြပလား။ ကဲကြိုးစားကြ။
မိုးကုတ်ဆရာတော်ဘုရားကြီး
ဒိဋ္ဌိသစ်ငုတ်အမြစ်ဖြုတ်တရားတော်

အတုနှင့် အစစ် ခွဲခြားသိရန်

ခရီးသွား လူတစ်ယောက် ဟာ ဇရပ် တစ်ဆောင်ပေါ်မှာ တက်ပြီး အနားယူတယ်။
ညရောက်တော့ လူသေအလောင်း ကောင်ကို ထမ်းပြီး ဘီလူးတစ်ကောင် ဇရပ်ပေါ်ရောက်လာတယ်။
ခရီးသည်ကြီး သိပ်ကြောက်နေတာပေါ့။
ခဏနေတော့ နောက်ဘီလူးတစ်ကောင် ဝုန်းကနဲ ပေါ်လာပြန်တယ်။
ဘီလူးနှစ်ကောင်ဟာလူသေအလောင်းကို စားမလို့ လုကြတယ်။
သူ့ဟာ ငါ့ဟာ ဆိုပြီး အငြင်းအခုန် ဖြစ်ကြတယ် ။
ဒီတော့ ခရီးသည်ကြီးဆီက အဆုံးဖြတ်ခံ မယ်ဆိုပြီး ပြောကြတယ်။
ခရီးသည်ကြီးက မဆုံးဖြတ်ရဲဘူး။ တစ်ကောင်ကို အနိုင်ပေးရင် နောက်တစ်ကောင်က မကျေနပ်ပဲ သူ့ကို စားမှာကြောက်ရတယ်။
မဆုံးဖြတ်လို့ကလည်းမဖြစ်ဘူး။ဘီလူးတွေက ခိုင်းနေတော့ ကြောက်လို့ လုပ်ကိုလုပ်ရတော့မယ်။
ကြောက်ကြောက် နဲ့ ပထမဘီလူးသည်သာ အလောင်းကိုရထိုက်ကြောင်း အမှန်အတိုင်း ဆုံးဖြတ်ပေးလိုက်တယ်။
ဒီတော့ နောက်ရောက်လာတဲ့ဘီလူးက မကျေမနပ်ဖြစ်ပြီး သူ့ကို စားမလို့ လုပ်တော့တယ်။
ခရီးသည်ကြီးက ရဲ့ လက်တစ်ချောင်းကို ဆွဲဖြုတ်တယ်။
ပထဘီလူးက အမှန်အတိုင်းဆုံးဖြတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပြီး ပြုတ်သွားတဲ့ လက်နေရာမှာ အလောင်းကောင်က လက်ကို တပ်ပေးလိုက်တယ်။
ဒုတိယဘီလူးက နောက်လက် တစ်ဘက်ထပ်ဖြုတ်တယ်။ ပထမဘီဘူးက အလောင်းကလက်ကို ထပ်တပ်ပေးတယ်။
ဒီလိုနဲ့ ဒုတိယဘီလူးက အင်္ဂါအစိတ်ပိုင်းတစ်ခုဆီ ကိုဖြုတ်ပြီး စားလိုက် ၊ပထမဘီလူးက ပြန်တပ်ပေးလိုက်နဲ့ နောက်ဆုံး ဒုတိယဘီလူး အားလုံးကို စားလို့ ကုန်သွားပေမဲ့ ခရီးသည်ကြီးမှာတော့ အင်္ဂတစ်ခုမှ ချွတ်ယွင်းမှုမရှိတော့ဘူး။
ဘီလူနှစ်ကောင် ဇရပ်ပေါ်က ပြန်သွားတော့ သူ့ကိုယ်သူကြည့်လိုက်တယ်။ သူ တော့ သူ ပဲ ။ ဒါပေမဲ့ သူ မဟုတ်တော့တာကို သွားတွေ့တယ်။
အားလုံးဟာ အစားထိုးတားတဲ့ သူ ဖြစ်နေတယ်။
ဖတ်ခဲ့ဖူးတဲ့ ဂျပန်ပုံပြင်လား ကိုရီယား ပုံပြင်လားတော့ မမှတ်မိတော့ပါဘူး။
ပုံပြင်ရဲ့ ဆိုလိုချက်ကို သဘောပေါက်ကြမလားပဲ။
ကျွန်ုပ်တို့ဟာ ငါ မဟုတ် သော ငါ တွေ ပါ။
အချိန်တိုင်း အစားထိုးနေ တာကို သတိမထားတတ်ကြဘူး။ စောစောက ငါ နဲ့ အခု ငါ ကို အတူတူထင်နေကြတယ်။
မဟုတ်တော့ ဘူးနော်။ အသစ်ဖြစ်သော ငါ ဖြစ်နေပြီ။
စောစောက ငါ နဲ့ အခု ငါ ဟာ အတူတူမဟုတ်တော့ဘူး။ စောစောက ငါ ရဲ့အကြောင်း အထောက်ပံ့ကြောင့် အသစ်ဖြစ်လာတဲ့ ငါ ဖြစ်နေတာ။ ဒါကြောင့် အတူတူမဟုတ်ပေမဲ့ ပတ်သက်မှု တော့ရှိနေတယ်။
ဖယောင်းတိုင် မီးတောက်လေးတစ်ခု ဟာ မီးဇာစလေး တစ်ခုကို လောင်ပြီးတာနဲ့ အပြီးငြိမ်းသွားပြီ။ ဒါပေမဲ့ နောက်မီးဇာကို ဆက်လောင်ဖို့ ပထမမီးတောက်က အကြောင်းဆက်ပေးခဲ့ရတယ်။
ဒါကြောင့် မီးဇာတွေအဆက်မပြတ် လောင်ပြီး မီးတောက်အလျဉ်အဖြစ် ကျွန်ုပ်တို့ မြင်နေကြရတာဖြစ်တယ်။
ဖယောင်းတိုင်နှစ်တိုင် ကို ယှဉ်ကြည့်။ ပထမ ဖယောင်းတိုင်က မီး ကို ဒုတိယ ဖယောင်းတိုင်မှာ ကူးလိုက်။
ဒုတိယ ဖယောင်းတိုင်ရဲ့ မီးဟာ ပထမဖယောင်းတိုင်မီးတော့မဟုတ်ဘူး။ ဒုတိယဖယောင်းတိုင်က မီးဇာကိုစွဲပြီး လောင်နေတဲ့ မီးအသစ်သာဖြစ်တယ်။
အသစ်မီး ဆိုပေမဲ့ ပထမဖယောင်း တိုင်မီးရဲ့ အကြောင်းကြောင့်သာ ဒုတိယ ဖယောင်တိုင် မီးဇာလောင်နိုင်တာဖြစ်တယ်။
ဒါကြောင့် ပထမ နဲ့ ဒုတိယ သည် မတူပေမဲ့ အကြောင်းလည်း မကင်းကြပြန်ဘူး။
ဒါကိုပဲ တစ်ခုတည်းလည်းမဟုတ် ၊ သီးခြားလည်းမဟုတ် အကြောင်းကြောင့်အကျိုး လို့ ဗုဒ္ဓ ဟောကြားခဲ့တာဖြစ်တယ်။
ဖယောင်းတိုင် နှစ်တိုင်ကို ပူးထားလိုက်ရင် မီးတောက်တစ်ခုအဖြစ်ပဲ ရှိနေတယ်လို့ မြင်နေရတယ်။ အမှန်တော့ သူ့မီးဇာနဲ့ သူ သီခြားဆီ လောင်နေတာသာဖြစ်တယ်။
အမြဲလည်းရှိနေတာမဟုတ်ဘူး။မီးဇာအမှုန်မွှားလေးတွေကို လောင်လိုက် ၊ကုန်သွားလိုက်၊ နောက်မီးဇာလေးတွေကို လောင်လိုက်နဲ့ အရမ်းလျင်မြန်လို့ အမြဲရှိနေတဲ့မီးတောက်တစ်ခုအဖြစ် စိတ် ကို လှည့်စားသွားတာသာဖြစ်တယ်။
ဒါ ဝိပ္ပလ္လာသ ဆိုတဲ့ ဖောက်ပြန် မှားယွင်းစွာ မြင်မှုတွေဖြစ်တယ်။
ညအခါ ကောင်းကင်ကို ကြည့်လိုက်ရင် ကြယ်တွေကို တွေ့ရတယ်။
ဒီကြယ်တွေဟာ ကမ္ဘာနဲ့ မိုင်သန်းချီဝေးကြတယ်။
သူတို့ရဲ့အလင်းကမ္ဘာ ကိုရောက်ဖို့ နှစ်တွေအများကြီးဖြတ်လာရမှာပဲ။
ဒါဆိုရင် သူတို့ကိုကျွန်ုပ်တို့ မြင်နေရတာဟာ အလင်းသာဖြစ်လို့ အဲဒီအလင်းကျွန်ုပ်တို့ မျက်စိမှာ ထိခတ်ချိန်မှာ နဂိုမူလကြယ် မဟုတ်နိုင်တော့ဘူး။နှစ်နဲ့ချီပြီးကြာခဲ့ပြီ် ဖြစ်နေပြီပဲ။
အတိတ်က ကြယ်ကြီးဖြစ်နေပြီ။။အတော်အံ့ဖို့ကောင်းတဲ့ သဘာဝပဲ။
မိမိအရှေ့က မြင်နေရတဲ့ အရာကို သွားကိုင်ကြည့်လိုက်ရင် မူလမြင်ရတဲ့ အရာမဟုတ်တောပြန်ဘူး။ ထိမိ တဲ့ အချိန်မှာ အစားထိုးလာတဲ့ အသစ် ကြီးဖြစ်နေပြန်ပြီ။
ဒါဆို လောကဆိုတာ အတုတွေနဲ့ ကျင်လည်နေကြတာပေါ့။
သတ္တလောက ဆိုတဲ့ သတ္တဝါ တွေကိုကြည့်ရင် အစစ်ကို မတွေ့ရဘူး။
သြကာသလောက ဆိုတဲ့ သတ္တဝါ တွေရဲ့ ဖြစ်ရာဘုံကို ကြည့်ရင်လည်း အတုတွေပဲ။
သင်္ခာရလောက ဆိုတဲ့ရုပ်နာမ် သာလျင် အစစ်ဖြစ်တယ်။
အစစ်ဆိုတာက ကြာရှည်မခံဘူး။ တကယ့်ခဏတာလေးရယ်။ ဒါကိုမသိတော့ အတုကို အစစ်ထင်ပြီး အမြဲရှိနေတယ်လို့ ယူဆသွားသွားကြတယ်။
ကျွန်ုပ်တို့ ခရီးသွားတွေလည်း ငါ မဟုတ်သော အတု ငါ ဖြစ်နေတာကို သိမှ ဒီခန္ဓာကို မုန်းတော့မှာပေါ့။
အတု နဲ့ အစစ် ခွဲခြားသိကြပါစေ။
အရှင်ပညာသီရိ(ရမ္မာကျွန်း)

Wednesday, June 24, 2015

အင်းလေးကန် ပေါ်ပေါက်လာပုံ


ဘူမိဘေဒ ပညာရှင်များ၏ သင်ကြားချက် အရဆိုလျှင် ရှမ်းကုန်းမြေမြင့် ဒေသသည် (Lime stone) ခေါ် ထုံးကျာက်များ ပေါ်ကြွယ်ရာ ဒေသဖြစ်သည်။
မိုးများအဆက်မပြတ်ရွာသွန်းရာတွင် ထုံးကျောက်များ အရည်ပျော်
ရာမှ ဖြစ်ပေါ်လာသောပျော်ဝင်ကန် (solution lake) ဖြစ်သည်ဟု ဆိုကြ၏။ တစ်ချို့သော ဘူမိဗေဒ ပညာရှင်များကလည်း အင်းလေးကန်သည်
ထုံးကျောက်များကိုရေတိုက်စားခြင်းဖြင့် ရေတိုက်စား ခံရသော နေရာများ
တွင် ချိုင့်ဝှမ်း ဖြစ်ပေါ်လာ သောထုံးကျောက်အိုင် ဟူ၍ ဆိုကြ၏။
-
တဖန်တစ်ချို့သော ပညာရှင်များက အင်းလေးကန်၏ တဖက်တချက်ရှိ အက်ကြောင်းကြီး နှစ်ခု၏ အလယ်ထုအာက်သို့ လျှောကျမှုကြောင့်
(ထုပြတ်ရွေ့ Block Faulting) ဖြစ်ပေါ် လာသောရေအိုင်ဟူ၍ လည်းဆိုကြ၏။
-
မည်သို့ပင် ဆိုစေကာမူ အင်းလေးကန်ကြီးသည် လွန်ခဲ့သော နှစ် ၁၀သန်းခွဲ လောက်ကပင်ရှိနေပြီဖြစ်သည်။ထိုအချိန်ကာလ၏ ကန်ရေပြင်သည်
ယခုမြေမျက်နှာပြင်ထက် ပေပေါင်း၃၀၀ ခန့်မြင့်သည်ဟု ဆိုသည်။ မည်
မျှ ကျယ်သည် မည်မျှ နက်သည်ကိုကား ရေရေရာရာတိတိကျကျ မသိရှိရပေ။
သို့သော် သေချာခိုင်မာစွာ သိရသည်မှာ တဖြည်းဖြည်းနှင့်ကျမ်းမြောင်း
တိမ်ကော လာပြီ ဆိုသည့် အချက်ပင် ဖြစ်သည်။
-
အင်းလေးကန်၏ ထူးခြားချက်မှာ အမာခံ အောက်ကြမ်းပြင်မရှိခြင်း ဖြစ်သည်။စိမ်းညို့ညို့ အရောင်ရှိသော အမှုန်များ စုပေါင်း၍
နွံ အဖြစ်သို့ကူးပြောင်းသွားသော နှုန်းမြေများ ဖြစ်လာကြသည်။ ထိုအမှုန်များတွင် ထုံးဓါတ်အများအပြားပါဝင်သည်ကို တွေ့ရှိရသဖြင့်
အင်းလေးကန် ကြီးသည် ထုံးကျောက် အရေပျော်အိုင်ကြီး ဖြစ်လာ
သည်ဟူသော ယူဆချက်မှာ အတော်ပင် ခိုင်မာသည်ဟုဆိုနိုင်ပါသည်။
-
ဘ၀စုံလင် အင်းရေပြင်
-
အင်းလေးကန်ကြီးသည် နှစ်သန်းပေါင်းရာပေါင်းများစွာမှစတင်ဖြစ်ထွန်းပေါ်ပေါက်လာခဲ့သော ရေအိုင်ကြီးတ
ခုဖြစ်သဖြင့် ဖြတ်သန်းကျော်လွှားလာခဲ့သည့် အချိန်ကာလမှာ ကမ္ဘာနှင့်ချီ၍ ပင် ခိုင်းနှိုင်း လောက်သည်။အင်းရေပြင်သည် မာန်ဟုန်ပြင်းပြင်း ထုထည်ကြီးမားသည့်
အချိန်ကာလများကိုဖြတ်သန်း ခဲ့ရသလို ထုထည်သေးငယ်သည့် ရေပြင်
တိမ်တိမ်နှင့် လည်း နေခဲ့ ရဖူးဟန်ရှိသည်။ လက်ဝဲ လက်ယာ ကမ်းများနှင့် တောင်မြောက်အင်းရေပြင်သည် ဆုတ်လိုက်တက်လိုက်ဖြင့်
သံသရာ လည်နေခဲ့ဟန် လည်း တူပေသည်။
-
လွန်ခဲ့သော နှစ်၁၀၀၀ ကျော်ကလများတွင် ညောင်ရွှေမြို့သည် မပေါ်ထွန်းသေးပါ။ညောင်ရွှေမြို့၏ မြောက်ယွန်းယွန်း လေးမိုင်ခန့်ရှိ
ဗောရိဿတ် ဘုရား အနီးတွင်ရှေးဟောင်းမြို့ကြီး တစ်မြို့ ထွန်းကား ခဲ့သည်။
ဧက ၉၇၀ ကျော်ကျယ်ဝန်းကြီးမားသောထိုမြို့ကြီးကို မြို့ရိုးနှင့် ကျုံးတို့က ၀န်းရံထားပါသည်။ ထိုမြို့ကို ဒေသခံများက “မြို့တွင်းကြီး
ခေါ် ကောသမ္ဘီ (ကော့ဆမ်ပီ)” မြို့ကြီးဟုခေါ်ဆိုကြသည်။
ယခုတိုင် အချို့နေရာများတွင် အုတ်မြို့ရိုးများ ကျန်ရစ်တည်ရှိနေဆဲ ဖြစ်သည်။
အေဒီ ၁၀၀၀ ခန့်က ထိုကောသမ္ဘီ ခေါ် (ကမ္ဘောဇ တိုင်းနိုင်ငံ ကြီးသည်) ကြီးမားတန်
ခိုးထွားခဲ့လေသည်။ ထိုအချိန်၌ အင်းရေပြင်သည် ယခုလက်ရှိအလျား ၁၄ မှ ၁၂ မိုင် အနံ (၄ မှ ၅ ) မိုင်ထက်သေးငယ်သည်။
ရေမျက်နှာပြင် ကျဉ်းသော်လည်းပို၍နက်သည်။ ဤကောသမ္ဘီ မြို့ နိုင်ငံကြီးကို မြောက်ဘက်မှတရုတ်တို့က အေဒီ ၁၁၁၃အလောင်းစည်သူမင်း လက်ထက်တွင် လာရောက်တိုက်ခိုက်ကြရာ စစ်ရှုံး၍ ကောသမ္ဘီမှ ခွာ၍တိမ်းရှောင်သွားကြသည်။
တရုတ်တပ်များ ပြန်ဆုတ် သွားပြီးနောက် မြို့တစ်မြို့ကိုထပ်မံ တည် ပြန်သည်။
-
အလောင်းစည်သူမင်း တိုင်းခန် လှည့်လည်စဉ် ကရ၀ိတ်ဖောင်တော်ပါ လှေတော်သား ငထောင်နှင့် ငနောင်ကျန်ရစ်ပြီး ရွာများ တည်ထောင်နေထိုင် ကြသည်
ဆိုသော ဒဏ္ဍာရီ ဆန်ဆန်အဆိုနှင့် စရမည် ဖြစ်ပါသည်။
-
ခရစ်သက္ကရာဇ် ၁၃၅၉ တွင် ညောင်ရွှေမြို့တည် စော်ဘွားကြီး ဆီဆိုင်ဖထံသို့ ထားဝယ်မှ ညီအစ်ကို နှစ်ဦးလာရောက် ခစားရင်း ရေပြင်ကျယ် နှင့် သာယာလှပသော
တောင်တန်းကြီးများကို တွေ့မြင် နှစ်သက်သဘောကျ သဖြင့် နေထိုင်ခွင့် ပြုပါရန်
လျှောက်ထားပြီး နေထိုင်ခွင့် ရသဖြင့် ၄င်းတို့၏ နေရပ်ထားဝယ်သို့ ပြန်
ပြီး ဆွေမျိုးသားချင်းများမှ မိသားစု ၃၆ စုကို စုစည်း၍ ညောင်ရွှေသို့ ပြန်လည် ရောက်ရှိလာသဖြင့် စော်ဘွားနန်းသဲနေရာတွင် နေထိုင်ခွင့်ပြုတော်မူသည်။
နန်းသဲသည ရှမ်းအသံထွက်ဖြင့် နန့်ဆိုင်းဟုခေါ်ပြီး ရေကြည်
သော သဲချောင်းဟု အဓိပ္ပာယ်ရသည်။
ထိုမှ တဖြည်းဖြည်းနှင့် အင်းလေးကန် ဘေးဝဲယာသို့ ပျံ့နှံ့သွားသည်
ဟု အမတ်ချုပ် ဦးငြိမ်း၏ ညောင်ရွှေမြို့ရာဇ၀င်ချုပ်တွင် ဖော်ပြထားသည်။
-
မြို့တည်နေရာကား ယခု မိုင်းသောက်အင်းရွာနှင့် သလဲဦးရွာ အကြားရှိ
ပေပင်အင်းရွာ အနောက် ဘက်တွင်ရမ္မ၀တီမြို့သစ်ကို တည်ထောင်ခဲ့ကြသည်။
ဤဒုတိယ တည်ထောင်ခဲ့ သော ရမ္မ၀တီမြို့သည် သဘာဝဘေးဒဏ် ကြောင့်ပျက်ခဲ့ရသည်။
-
ဟဲဟိုးသီခေါင်ပုံးအင်း
-
ယနေ့ကန်ရေပြင်သည် ရှေးအင်းလေးကန်၏ အစိတ်အပိုင်းမျှသာ ဖြစ်ပေသည်။ အင်းလေးကန်ရေပြင်သည်ယခင်က ပထ၀ီ အနေထားမှာ ယခုအတိုင်းမဟုတ်ပဲ
ကျယ်ပြန့်ရာ အလျား ၃၈မိုင်အနံ ၈မိုင်ခန့်ထိ ရှိခဲ့သည်။
ရေဦးတိုက်ရွာများ အဖြစ် (၁) ပေါင်းပိန်း (၂) ရေဦး (၃) ဟိုနမ့် နှင့်
(၄) ထန့်အိမ်အထိ ရေများ ရောက်သည်ဟု ဆိုကြသည်။
ယခုညောင်ရွှေမြို့နေရာသည်ပင် တချိန်က အင်းရေပြင်ကျယ်ဖြစ်ခဲ့ဖူးသည်ဟု ဆိုကြသည်။ဤမျှမက ယခု ညောင်ရွှေမြို့မှ ၁၅ မိုင်ခန့်ကွာဝေးသော
တောင်နီ ကျေးရွာ (အင်းဦးစေတီ)အထိ တစ်ချိန်ကဦးတိုက်ခဲ့သည်ဟု ဆိုကြသည်။
ဟဲဟိုးသီခေါင် ချိုင့်ဝှမ်းကြီးသည်အရှေ့အင်းခေါင်း ရေထွက်မှ အနောက် ရေ
ဝေါ တောင်နှင့် လက်မောင်းကွေး တောင်တန်းများအထိ (၇)မိုင်(၈)မိုင်ခန့် ရှိသည်။ တောင်နှင့်မြောက်မှာ ၅မိုင် ၆မိုင်ကျောရှိပေမည် ထိုအချိန်က ဟဲဟိုးချိုင့်ဝှမ်းကြီးသည် ရေပြင်ကျယ်ကျယ်နှင့်တင့်တယ်လို့ နေပါသည်။
-
ရေဝေါတောင်ပေါက်ထွက်ရာမှ ရေများ အလုံးအရင်းနှင့်အင်းလေးအင်းကြီးထဲသို့ စီးဝင်သွားသည့်အတွက်အင်းလေးအင်းကြီးသည် အလျား ၃၆ မိုင်အနံ ၈မိုင် ထိ
ပထ၀ီ အနေအထားသို့ ရောက်ခဲ့ရသည်။ ရေဝေါတောင်သည် ၂ ပိုင်းနီးပါးကွဲအက်
ပေါက်သွားရခြင်းကို ဆန်းစစ်ကြည့်သော် သဘာဝ ဘေးဒဏ်ကြောင့်ဟု
ယူဆရပါမည်။မိုးအဆက်မပြတ် ရွာသွန်းသည့်အတွက် ဟဲဟိုးအင်းရေပြင်သည် အရှိန်အဟုန်ပြင်းစွာဖြင့်အဆမတန်မြင့်တက်ခဲ့ဟန်တူပါသည်။
ပြင်းထန်သော ရေအားကြောင့်ပေါက်ထွက်ခြင်း(သို့မဟုတ်) မြေငလျှင် လှုပ်ခါမှုကြောင့် ကွဲအက်ခြင်းများ ဖြစ်နိုင်ပါသည်။
မည်သို့ ဆိုစေကာမူ ဟဲဟိုးသီခေါင်နယ် ငုတ်တောင်ဘက်မှ တောင်ပြိုခြင်းကြောင့်
ယခုပုန်းအင်း (ဖုန်းအင်း) ဟု ခေါ်ကြသည့် ဘက်မှ အင်းရေများ ကျဆင်းလာ
ပြီးအရှေ့တောင်ဘက် ညောင်ရွှေအင်းထဲထိ စီးဝင်လာခဲ့သဖြင့် အင်းရေသည် အလျား ၃၆ မိုင်အနံ ၈မိုင် အထိ ပထ၀ီ အနေ အထားဖြစ်ပေါ်ခဲ့ရာ
ဒုတိယ ရမ္မာဝတီမြို့ရေအောက်သို့ရောက်ပြီး မြို့ပျက်ရခြင်းဖြစ်ပါသည်။
-
ဤဖြစ်ရပ်မှန် ကို သိနိုင်ရန်သိပ္ပံနည်းကျ အထောက်အကူ ပစ္စည်းကိရိယာများဖြင့် ဘူမိဘေဒ ကွင်းဆင်း လေ့လာပါက ဖြစ်ရပ်မှန်များ ဧကန်မုချ
ပေါ်ပေါက်လာမည်ဟု မျှော်လင့်ရပါသည်။
-
အင်းလေးအင်းကြီးသည် ရှေးယခင်က အင်း(၄)ရွာဟု ခေါ်ဆိုကြောင်း သက္ကရာဇ် ၁၆၃၇ တွင် သာလွန်မင်းတရားကြီး လက်ထက် ရှမ်းဒေသရှိမြို့
ပေါင်း ၁၇၅ မြို့ကို ဖော်ပြရာတွင် အင်း ၄ ရွာဟု ဖော်ပြထားပါသည်။
တဖန် ၁၈၅၂ အင်းလေးစစ်တမ်းပုရပိုက်တွင် အင်း ၄ ရွာ ငွေခွန်မှူးငစံတင် အုပ်ချုပ်စီရင်သည် ဟု ပါရှိသည်။ခေတ်များပြောင်း၍ နှစ်များကြာလာသောအခါ
အင်း ၄ ရွာ မှ အင်းလေး ဟု ဖြစ်ပေါ်ဆင်းသက် လာခဲ့သည်ဟုယူဆမိပါသည်။
-
မူလအင်း ၄ ရွာသည် (၁) ရွာကြီးဗန်းပုံ (၂) နန်းပန်ရွာ (၃) နောင်တောရွာ (၄) ဟဲယာရွာမ တို့ဖြစ်ပါသည်။နောင်သောအခါ လူဦးရေ
တိုးပွားလာပြီး အခြားရွာများပေါ်ထွန်း လာကြခြင်းဖြစ်ပါသည်။
ရွာကြီးဗန်းဗုံ ကိုရှမ်းအသံဖြင့် ၀မ့်လုံ ဟုခေါ်ဆိုပြီး ရွာကြီးဟု အဓိပ္ပာယ်ရပါသည်။
နန်းပန်ရွာ ကို ရှမ်းအသံထွက်ဖြင့် နမ့်ပန်ဟုခေါ်ဆိုပြီး
ရေ၀ဲများရှိ၍ ရေများဝဲကတော့ ထိုးသော နေရာဒေသ ဟု အဓိပ္ပာယ်ရပါသည်။ နောင်တောရွာကို ရှမ်းအသံထွက်ဖြင့် နောင်တောင်း ဟု ခေါ်ဆိုပြီး
ရေမှော်ရေညှိများရှိသော နေရာ ဒေသ ဟု အဓိပ္ပာယ်ပါသည်။
ဟဲယားရွာမကို ရှမ်းအသံထွက်ဖြင့် ဟိုင်းယ ဟုခေါ်ဆိုပြီး ဆေးဖက်ဝင်အပင်
များ ပေါများသော နေရာဒေသ ဟု အဓိပ္ပာယ် ရပါသည်။
-
တပေါင်းတန်ခူး ရေကျချိန်၌ အင်းလေးကန် အရှေ့ဘက် သလဲဦးရွာနှင့်မိုင်းသောက်ရွာကြား ပေပင်အင်းရွာ၏ အနောက်ယွန်းယွန်းတွင်
ယခုတိုင် ရမ္မ၀တီမြို့ဟောင်းကြီးအား တွေ့မြင်နိုင်ပါသည်။ ဒေသခံ လူများက
နန်းတော်ရာဟုခေါ်ဆိုကြသည်။ မြေအောက်သို့ သေချာစွာကြည့်ပါက လူတစ်ဖက်မျှ ကြီးမားလှသည့်တိုင်ကြီးများကို ရေမှော်ရေညှိ များ ဖုံးအုပ်လျှက် တွေ့နိုင်ပါသည်။
-
အင်းလေးအင်းကြီး သေးငယ်စဉ်က ဤမြေရာ သည် ကုန်းမြေ ရမ္မာဝတီမြို့နေရာပင်ဖြစ်ပါသည်။ရမ္မာဝတီမြို့သူ မြို့သား များလည်း ရေလွတ်ရာ
အရှေ့တောင်ခြေသို့ ရွေ့လာ ကြပြီး။
မိုင်းသောက် (ရှမ်း အခေါ် မိုင်းဆောက် ၊ မိုင်း = မြို့ ဆောက် = တစ်ထောင်မျှဖြစ်၍ အဓိပ္ပာယ်မှာ မြေနေရာလွန်စွာကျဉ်းမြောင်းလှ၍ နေ
ရာတစ်ထောင်မျှသာရှိသောမြို့ ဖြစ်သည ) တွင် နေထိုင်ကြပါသည်။
ထိုမှ တဖန်အင်းရေ အတော်အတန်ကျသွာသည့် အခါ၌ မြောက်ဘက်သို့
ရွေ့ပြောင်းပြီး မြို့ ၂ မြို့ကို မြို့ရိုးများ ကျုံးများဖြင့် တည်ဆောက် ကြပြန်သည်။
၎င်းမြို့ ၂မြို့မှာ ဖန်းဖယ်နှင့်မန်ကျည်းစင် ဖြစ်ပါသည်။ ဖန်းဖယ် (ဖာဖယ်) မှာ ရှမ်းဘာသာဖြင့် အမွှာနှစ်မြို့ဟု အဓိပ္ပာယ်ရပါသည်။
-
ထိုနေရာ သည်လည်း ကျဉ်းမြောင်းသေးငယ် လှ၍ သက္ကရာဇ် ၁၃၅၉ တွင်စော်ဘွားကြီး ဆီဆိုင်ဖ မှ ယခုညောင်ရွှေမြို့ကို မြို့ အင်္ဂါရပ်နှင့် အညီတည်ထောင်ခဲ့သည်။ကောသမ္ဘီ တိမ်ကော ပျက်သုဉ်းပြီး နှစ်ရာပေါင်း
များစွာကြာမြင့်လာသောအခါရေများလည်းကျသွားပြီးကုန်းမြေများပေါ်ထွန်းလာသည်။
ယခု အခါညောင်ရွှေမြို့သည်လည်း ကြီးမားသော ညောင်ရွှေ ချိုင့်ဝှမ်းကြီး၏
အလယ် ဗဟိုဘူမိနက်သန် နေရာမှန် ပြန်ရောက်ကာ တိုးတက်နေပြီဖြစ်ပါသည်။
ညောင်ရွှေသည်ရှမ်းဘာသာဖြင့် ယောင်ဟွေ့ဟုအသံထွက်ကာ တောင်နှစ်
လုံးကြားမှ ကုန်းမြေမို့မို့ဟု အဓိပ္ပာယ်ရပါသည်။ ရေကျသွားသဖြင့် ကုန်းမြေများ ပေါ်ထွန်းလာခြင်းကြောင့်ဲဖြစ်သည်။
-
အင်းလေး အင်းကြီးနှင့် အင်း၏ အရှေ့အနောက်တောင်မြောက် လွင်ပြင်များတွင်ရှေးဟောင်းမြို့ကြီးများ လွန်စွာပေါ်များလှသည်။
အချိုမှာ ကွယ်ပျောက်ကုန်ကြပေပြီ။မပျောက်ပျက်သေးသော မြို့ရိုး၊
အုတ်ရိုး နေရာ တော်တော်များများလည်းကျန်ရှိနေပေသေးသည်။
စေတီပုထိုးရှေးဟောင်း သမိုင်းဝင် အဆောက်အဦးများလည်းလွန်းစွာပေါများလှသည်။
အင်းတ၀ိုက်နှင့် အနီးအနား ဒေသများမှေ၇ှးဟောင်းပစ္စည်းမျးလည်း ပေါ်ကြွယ်လှ
ပေသည်။
-
ထိုညောင်ရွှေချိုင့်ဝှမ်းဒေသသည် ဤမျှ ရှေးဟောင်းအမွှေအနှစ်များ ပေါကြွယ်ချင်းမှာ သမိုင်းကြောင်ရှည်လျား၍ယဉ်ကျေးမှုနှစ်ပေါင်းထောင်ချီ၍ ရှိခဲ့သည်မှာ သေချာလှပေသည်။
-
သမိုင်းကြောင်း
-
လူများသည် မည်သည့်အချိန်က စတင်၍ အခြေချနေထိုင်ခဲ့ကြသည်ကို ရှာဖွေရာတွင်ရဌ၀တီခေါ် ရပ်စောက်မြို့သမိုင်း စစ်တမ်းအရ မြန်မာသက္ကရာဇ် ၁၀၁ ခရစ်သက္ကရာဇ် ရ၃၉တွင်သရေခေတ္တရာမှ ဒွတ္တပေါင်မင်းသည်
အင်းလေးရှိရေပေါ စံနန်း၌ ခေတ္တလာရောက်စံမြန်းသွားသည်ဟု အထက်မြန်မာနိုင်ငံနှင့် ရှမ်းပြည်နယ် မှတ်တမ်း အပိုင်း၂ အတွဲ ၂ စာမျက် နှာ ၂၆ တွင် “အင်းလေးမြန်မာစကား” စာတမ်းတွင် ဖော်ပြ ထားသည်။ ထိုကြောင့်မြန်မာနိုင်ငံတွင် အစောဆုံးလာရောက်အခြေချ နေထိုင်သောပျူလူမျိုးတို့နှင့် အဆက်သွယ် ရှိခဲ့ဟန်တူ
ပါသည်။ အင်းလေး ဒေသညောင်ရွှေချိုင့်ဝှမ်း လွင်ပြင်ကြီးသည် အေဒီ ၇၀၀ လောက်ကပင် ယဉ်ကျေးမှုထွန်းကားပြီး အခြား ဒေသမှ မင်းနှင့် လူသူ အရောက်ပေါက်ရှီသည်ကို ပြဆိုနေပါသည်။
-
ရွှေသန်းတောင်ဘုရားကျောက်စာတွင် သက္ကရာဇ် ၃၇၉ (၁၁၇ အေဒီ) တွင်အနော်ရထာမင်းကြီးသည် ရွှေသန်းတောင်ဘုရားကို တည်တော်မူသည်။ ဒုတိယစည်သူခေါ်နရပတေ့စည်သူမင်းကြီးက ထပ်မံ ပြုပြင် တည်
ဆောက်၍ ကျွန်သီးတော်များ ၀တ်မြေများကိုလှူပြန်သည်။ ရွှေအင်းတိန်ဘုရားကျောက်စာတွင်လည်း အနော်ရထာ မင်းမှ စ၍အလောင်းစည်သူ အင်းဝရွှေနန်းကျော့၇ှင် စသည့်မင်းများက စေတီပုထိုးများပြုပြင်ခြင်း ထပ်မံ
အသစ်တည်ထောင်ခြင်း ကျွန်သီးတော်များနှင့်ဝတ်မြေများလှူဒါန်းခြင်းတို့ကို ဖော်ပြထားပါသည်။
-
ညောင်ရွှေချိုင့်ဝှမ်းနှင့် အင်းလေးအင်းကြီး၏ ယဉ်ကျေးမှုသည်နှစ်ထောင်ချီရှိနေသည့် အစားထိုးမရသော သမိုင်းဝင် အဖိုးတန်ရတနာတစ်ခုဖြစ်၍နေပါသည်။
-
မည်သည့်လူမျိုးများမျိုးနွယ်စုများစတင်၍အခြေချနေထိုင်သည်ကို
ပြန်ဆန်းစစ်ကြည့်ပါက အလောင်းစည်သူမင်း တိုင်းခန် လှည့်လည်စဉ်
ကရ၀ိတ်ဖောင်တော်ပါလှေတော်သား ငထောင်နှင့် ငနောင် ကျန်ရစ်ပြီး ရွာများ
တည်ထောင်နေထိုင် ကြသည်ဆိုသော ဒဏ္ဍာရီ ဆန်ဆန်အဆိုနှင့် စရမည်ဖြစ်ပါသည်။
-
ခရစ်သက္ကရာဇ် ၁၃၅၉ တွင်ညောင်ရွှေမြို့တည် စော်ဘွားကြီး ဆီဆိုင်ဖထံ သို့ ထားဝယ်မှ ညီအစ်ကို နှစ်ဦးလာရောက် ခစားရင်း ရေပြင်ကျယ် နှင့် သာယာလှပသော တောင်တန်းကြီးများကို တွေ့မြင်နှစ်သက်သဘောကျ သဖြင့် နေထိုင်ခွင့် ပြုပါရန် လျှောက်ထားပြီးနေထိုင်ခွင့်ရသဖြင့် ၄င်းတို့၏ နေရပ်ထားဝယ်သို့ ပြန်
ပြီးဆွေမျိုးသားချင်းများမှ မိသားစု ၃၆ စုကို စုစည်း၍ ညောင်ရွှေသို့ ပြန်လည်ရောက်ရှိလာသဖြင့် စော်ဘွားနန်းသဲ နေရာတွင် နေထိုင်ခွင့်ပြုတော်မူသည်။
-
နန်းသဲသည်ရှမ်းအသံထွက်ဖြင့် နန့်ဆိုင်း ဟုခေါ်ပြီး ရေကြည်သော သဲချောင်း ဟု အဓိပ္ပာယ်ရသည်။ထိုမှတဖြည်းဖြည်းနှင့် အင်းလေးကန် ဘေးဝဲယာသို့ ပျံ့နှံ့သွားသည်ဟု အမတ်ချုပ်ဦးငြိမ်း၏ ညောင်ရွှေမြို့ရာဇ
ဝင်ချုပ်တွင် ဖော်ပြထားသည်။
-
အင်းလေးအင်းကြီးသည် ရှေးယခင်က အင်း(၄)ရွာဟု ခေါ်ဆိုကြောင်း သက္ကရာဇ် ၁၆၃၇ တွင်သာလွန်မင်းတရားကြီး လက်ထက် ရှမ်းဒေသရှိမြို့ ပေါင်း ၁၇၅ မြို့ကို ဖော်ပြရာတွင်အင်း ၄ ရွာဟု ဖော်ပြထားပါသည်။
တဖန် ၁၈၅၂ အင်းလေးစစ်တမ်းပုရပိုက်တွင် အင်း ၄ ရွာငွေခွန်မှူးငစံတင် အုပ်ချုပ်စီရင်သည် ဟု ပါရှိသည်။ခေတ်များပြောင်း၍နှစ်များကြာလာသောအခါ
အင်း ၄ ရွာ မှ အင်းလေး ဟု ဖြစ်ပေါ်ဆင်းသက် လာခဲ့သည်ဟုယူဆမိပါသည်။
-
မူလအင်း ၄ ရွာသည် (၁)ရွာကြီးဗန်းပုံ (၂)နန်းပန်ရွာ (၃)နောင်တောရွာ (၄)ဟဲယာရွာမတို့ဖြစ်ပါသည်။နောင်သောအခါ လူဦးရေ တိုးပွားလာပြီး အခြားရွာများပေါ်ထွန်းလာကြခြင်းဖြစ်ပါသည်။ ရွာကြီးဗန်းဗုံ ကို
ရှမ်းအသံဖြင့် ၀မ့်လုံ ဟုခေါ်ဆိုပြီးရွာကြီးဟု အဓိပ္ပာယ်ရပါသည်။ နန်းပန်ရွာ ကို ရှမ်းအသံထွက်ဖြင့် နမ့်ပန်ဟုခေါ်ဆိုပြီး ရေ၀ဲများရှိ၍ ရေများဝဲကတော့ ထိုးသော နေရာဒေသ ဟု အဓိပ္ပာယ်ရပါသည်။
-
နောင်တောရွာကို ရှမ်းအသံထွက်ဖြင့် နောင်တောင်း ဟု ခေါ်ဆိုပြီးရေမှော်ရေညှိများရှိသော နေရာ ဒေသ
ဟု အဓိပ္ပာယ်ပါသည်။ ဟဲယားရွာမကိုရှမ်းအသံထွက်ဖြင့် ဟိုင်းယ ဟုခေါ်ဆိုပြီး ဆေးဖက်ဝင်အပင် များပေါများသော နေရာဒေသဟု အဓိပ္ပာယ် ရပါသည်။
-
အင်းလေးဒေသသည် နောင်သားခေါ် အင်းသားများ နှင့် ရှမ်းများ ၊ ဓနုများ ၊ပအိုဝ်းများ စုပေါင်းညီညာစွာတည်ထောင်၍ စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်ဖြင့်ရှေးကာလမှပင် စတင် နေထိုင်ခဲ့ကြပါသည်။ ယဉ်ကျေးမှု ၊ အနုပညာ ၊ စာပေ ၊ လက်မှုပညာများကို တစ်ဦးနှင့် တစ်ဦး ဖလှယ်ရင်း အတူတကွ ကြိုးစားလာကြသည်မှာ ယခုတိုးတက်သော အင်းလေးဒေသ ဖြစ်ပေါ်လာသည်အထိ ဖြစ်ပါသည်။
-
အင်းသူအင်းသားတို့၏ဇွဲလုံ့လနှင့်ဥာဏ်ပညာမှာသူမတူထူးခြားစွမ်းရည်
မြင့်မားလှပေသည်။ ရေတွင်နေထိုင်၍ သီးနှံများကို ကျွန်းမျောများဖြင့် စိုက်ပျိုး၍ရှမ်းပြည်နယ် သာမက မြန်မာနိုင်ငံတစ်နိုင်ငံလုံး သို့
ရောင်းချနိုင်စွမ်းရှိပါသည်။ အင်းသီး ဟုပြောလိုက်လျင် ခရမ်းချဉ်သီးကို မသိုမရှိပေ။လက်မှု ပညာ အနေဖြင့်လည်း အင်းပိုးထည်မှသည် အင်းလေးလွယ်အိတ် ၊ အင်းလေးပင်နီဖျင်ထည်များသည် မြန်မာနိုင်ငံကို ကျော်ပြီး ကမ္ဘာတလွှား
တိုင်ကျော်ကြား လှပေသည်။စာပေလောကတွင်လည်း ရှေးမြန်မာမင်းများ
လက်ထက်မှ စတင်၍ စာဆိုတော်ထွက် ထင်ကြီးမှသည်ယခုတိုင် ညောင်ရွှေအင်းလေးဒေသမှ စာရေးဆရာ ကဗျာဆရာများ အလွန်ပေါများစွာ ရှိခဲ့ ၊ရှိနေဆဲ ဖြစ်ပါသည်။ ထိုသို့ ဘက်စုံအဘိုးထိုက် အဘိုးတန်သော နေရာဒေသအင်းလေးကန်ကြီး မကြာမီ ပျောက်ကွယ်သွားတော့မည် ၊
လူထုမနေနိုင် ၊စိုက်ပျိုးရေးမလုပ်နိုင်သည့် ရွှံနွံထူထပ်သောကိုင်းတောများ ဖုံးလွှမ်းနေသောနေရာကြီးတစ်ခု ဖြစ်သွားမည် ဆိုလျင်နောင်လာနောက်သား
မျိုးဆက်သစ် များအတွက်ရင်လေးဖွယ်ရာ အတိပင် ဖြစ်ပေတော့သည်။
-
အင်းလေး၏ ကံကြမ္မာ
-
လူသားနှင့် သဘာဝတောတောင်ရေမြေ တို့၏ ပဋိပက္ခကား ကမ္ဘာနှင့် အ၀ှမ်းကြုံတွေ့နေရသောအဆုံးမသတ်နိုင်သည့် အားပြိုင်မှုဖြစ်သည်။ အင်းလေးကန် နှင့် ၄င်း၏ပတ်ဝန်းကျင်သည်လည်း လူသားတို့ ဖန်တီးနေသော ဘေးအန္တရာယ် အောက်ရောက်နေသည်ဟုဆိုလျင်မမှားနိုင်ပေ။ ဟိုယခင်ရှေးခတ်၌ အင်း
လေးဒေသ ၀န်းကျင်တွင် လူနေအိမ်ခြေ နည်းပါးကာရေခြံများ ကျွန်းမျောစိုက်ခင်းများ မထွန်းကား သေးပေ။ ဘေးဘယ်ညာနှင့် မြောက်ဖက်မှစီးဝင်သော ရေချောင်းရေမြောင်းများသည် သစ်တော သစ်ပင် ထူထပ် ၍ရေစီးရေလာအားကောင်းသည်။ သစ်မြစ်များသစ်ပင်များကြောင့် နှုန်းပါဝင်မှုအားနည်းနည့်အတွက် ရေချောင်းများကြည်လင် ၍ အင်းလေးကန်ကြီး သို့ ရေစီးဝင်မှုအားကောင်းခဲ့သည်။
-
၁၉၁၅ ခုနှစ်ခန့်တွင် ညောင်ရွှေမြို့ မှ ကျီးဖြူကန် သို့ ကျီးဖြူချောင်းဖြင့်ရေလမ်းဖောက်ခဲ့သည်မှာ ကျီးဖြူကန်
မှ နမ့်ပန်ရွာ အထိဖြစ်သည်။ ကျီးဖြူကန်ကိုဆည်တည်ဆောက်၍ အပြီးတွင် ညောင်ရွှေစော်ဘွားကြီး ဆာစောမောင်သည် ညောင်ရွှေမှကျီးဖြူကန် ချောင်းအတိုင်း ဆွဲလှေများဖြင့် စော်ဘွားကြီး၏ စီးတော်လှေကိုဆွဲကာကန်ဖွင့်ပွဲ ကျင်းပခဲ့သည်။ ကျီးဖြူကန်၌ ပြိုင်လှေ ၂၄ စင်းပါဝင်သော လှေပြိုင်ပွဲကျင်းပခဲ့ကြောင်း
လည်း မှတ်သားရပါသည်။
-
အင်းလေးဒေသသည် နောင်သားခေါ် အင်းသားများ နှင့် ရှမ်းများ ၊ ဓနုများ ၊ ပအိုဝ်းများ စုပေါင်းညီညာစွာတည်ထောင်၍ စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်ဖြင့် ရှေးကာလမှပင် စတင် နေထိုင်ခဲ့ကြပါသည်။ ယဉ်ကျေးမှု ၊ အနုပညာ ၊ စာပေ ၊ လက်မှု ပညာများကို တစ်ဦးနှင့် တစ်ဦး ဖလှယ်ရင်း အတူတကွ ကြိုးစားလာကြ
သည်မှာ ယခု တိုးတက်သော အင်းလေးဒေသ ဖြစ်ပေါ်လာသည်အထိ ဖြစ်ပါသည်။
-
အင်းသူအင်းသားတို့၏ ဇွဲလုံ့လနှင့် ဥာဏ်ပညာမှာ သူမတူထူးခြားစွမ်းရည်မြင့်မား လှပေသည်။ ရေတွင်နေထိုင်၍ သီးနှံများကို ကျွန်းမျောများဖြင့် စိုက်ပျိုး၍ ရှမ်းပြည်နယ် သာမက မြန်မာနိုင်ငံတစ်နိုင်ငံလုံး သို့ရောင်းချ နိုင်စွမ်းရှိပါသည်။ အင်းသီး ဟုပြောလိုက်လျင် ခရမ်းချဉ်သီးကို မသိသူမရှိပေ။ လက်မှု ပညာ
အနေဖြင့်လည်း အင်းပိုးထည်မှသည် အင်းလေးလွယ်အိတ် ၊ အင်းလေးပင်နီ ဖျင်ထည်များသည် မြန်မာနိုင်ငံကို ကျော်ပြီး ကမ္ဘာတလွှားတိုင်ကျော်ကြား လှပေသည်။ စာပေလောကတွင်လည်း ရှေးမြန်မာမင်း
များလက်ထက်မှ စတင်၍ စာဆိုတော်ထွက် ထင်ကြီးမှသည် ယခုတိုင် ညောင်ရွှေအင်းလေးဒေသမှ စာရေးဆရာ ကဗျာဆရာများ အလွန်ပေါများစွာ ရှိခဲ့၊ ရှိနေဆဲ ဖြစ်ပါသည်။ ထိုသို့ဘက်စုံအဘိုးထိုက် အဘိုး
တန်သော နေရာ ဒေသအင်းလေးကန်ကြီး မကြာမီ ပျောက်ကွယ်သွားတော့မည် ၊ လူထုမနေနိုင် ၊ စိုက်ပျိုးရေး မလုပ်နိုင်သည့် ရွှံနွံထူထပ်သောကိုင်းတောများ ဖုံးလွှမ်းနေသော နေရာကြီးတစ်ခု ဖြစ်သွားမည်ဆိုလျင် နောင်လာနောက်သား မျိုးဆက်သစ် များအတွက် ရင်လေးဖွယ်ရာ အတိပင် ဖြစ်ပေတော့သည်။
-
အင်းလေးကန်၏ ကန်ဘောင်ရိုးသဖွယ် ညောင်ရွှေမြို့နယ် အရှေ့နှင့် အနောက်၊တောင်နှင့်မြောက် တောင်တန်းကြီးများက စီတန်းကာရံလျက် ရှိပါသည်။ ကန်ကြီးအတွင်းသို့ စီးဝင်သော ချောင်းမြောင်း များမှလည်း
အလွန်များပြားလှသည်။ထိုချောင်းမြောင်းများမှ ရေနှင့် နုန်းမြေနုများ ၊ မြေဆီမြေသြဇာများကိုပေးဝေခြင်းဖြင့် လူထုကို အကျိုးပြု၏။ သို့သော် တောင်တန်းများ၌ သစ်ပင်သစ်တောများနည်းပါးလာသည့်အတွက်
မြေဆီမြေသြဇာကင်းမဲ့သော မြေနီမြေစေးများသည် အင်းလေးကန်ကြီးနှင့် လူထု အကျိုးပြုခြင်းထက် တိမ်ကောပပျောက်ရန် အတွက်သာ ဖြစ်လာတော့သည်။
============
Ref: Shan News

"KAIZEN"ဆိုတာ.စစ်ပြာပုံအောက်ကဂျပန်ကို ကမ္ဘာ့ထိပ်တန်းနိုင်ငံရောက်စေခဲ့တဲ့စံနစ်။


လွန်ခဲ့တဲ့အနှစ်၂၀လောက်က.KAIZENဆိုတဲ့.စာအုပ်ကလေးကိုဖတ်ခဲ့ဖူးတယ်။
.ခိုင်ဇန်လို့အသံထွက်မှာပါ။.စာအုပ်ထဲမှာ.KAIZENဆိုတာဘာလဲ
.ဘယ်လိုပေါ်ပေါက်လာသလဲ.ဘယ်လိုအသုံးချသလဲဆိုတာရေးပြထားတာလေးတွေ.
စိတ်ဝင်စားစရာကောင်းလို့.မျှဝေပေးလိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်းတုံးက.အမေရိကန်နိုင်ငံက.ဂျပန်နိုင်ငံကို.အနုမြုဗုံးကြဲချခဲ့တာ.အားလံုးသိကြမှာပါ၊.-၁၉၄၅ခုနှစ်ဩဂုတ်လ၆ရက်နေ့မှာ.ဟီရိုရှီးမားမြို့ကိုပထမဆုံးအနုမြူဗုံးချခဲ့ပြီး.နောက်၃ရက်အကြာမှာနာဂါဆာကီမြို့ကို.ဒုတိယအနုမြူဗုံးထပ်ချလို့လူတွေသိန်းချီပြီးအသက်သေဆုံးခဲ့ကြရတယ်။.အဲဒါကြောင့်ဂျပန်အစိုးရဟာ.-၁၉၄၅ခုနှစ်စက်တင်ဘာ၂ရက်နေ့မှာ.အမေရိကန်နဲ့မဟာမိတ်တပ်တွေထံမှာ.လက်နက်ချအညံ့ခံလိုက်ကြပါတယ်။.မရှေးမနှောင်းမှာပဲ-၆နှစ်ကြာခဲ့တဲ့ဒုတိယကမ္ဘာစစ်ကြီးဟာပြီးဆုံးသွားတယ်။
စစ်ရှုံးသွားတဲ့ဂျပန်ဟာ.အမေရိကန်နိုင်ငံနဲ့သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ရပါတယ်။.စာချုပ်မှာပါတဲ့အဓိကအချက်တွေက.ဂျပန်နိုင်ငံဟာ.စစ်အင်အားကြီးနိုင်ငံအဖြစ်ထူထောင်ခွင့်မရှိဘူး၊.အမေရိကန်စစ်တပ်ဟာ.ဂျပန်နိုင်ငံမှာစခန်းချပြီး.ဂျပန်နိုင်ငံရဲ့လုံခြုံရေးကိုတာဝန်ယူမယ်ဆိုတဲ့အချက်တွေပါဝင်ပါတယ်။
ဂျပန်အစိုးရဟာ.မတတ်သာလို့ဒီအချက်တွေကိုသဘောတူလိုက်ရပေမဲ့.ဒီစာချုပ်ကိုအခွင့်အလမ်းတရပ်အဖြစ်အသုံးချလိုက်ပါတယ်။.သူတို့ဟာ.သဘောတူစာချုပ်အရ.ဂျပန်စစ်တပ်ကြီးလဲမထူထောင်ရဘူး၊.နိုင်ငံ့လုံခြုံရေးကိုလဲတာဝန်မယူရတော့ဘူး။.ဒါကြောင်.စစ်စရိတ်သုံးစရာမလိုတော့တဲ့အတွက်.စီးပွားရေးကိုပဲ.အာရုံစိုက်လုပ်လာကြတယ်။
မကြာခင်မှာပဲ.ဂျပန်တွေဟာ.KAIZENလို့ခေါ်တဲ့အတွေးအခေါ်တရပ်ကိုတီထွင်လိုက်ကြတယ်။."KAI"ဆိုတာက.Continuous,အဆက်မပြတ်လို့အဓိပ္ပါယ်ရပြီး၊"ZEN"ဆိုတာက.Improvementတိုးတက်ခြင်းလို့.အဓိပ္ပါယ်ရပါတယ်။.အပြည့်အစုံအနေနဲ့.စဉ်ဆက်မပြတ်တိုးတက်အောင်ဆောင်ရွက်ခြင်းလို့ခေါ်မှာပေါ့။.ကိုယ်လုပ်နေတဲ့အလုပ်ကို.တနေ့ထက်တနေ့နဲနဲချင်းပိုတိုးတက်အောင်လုပ်ရင်.အချိန်ကြာလာတဲ့အမျှ.ကိုယ့်အလုပ်မှာကြီးမားသောတိုးတက်ပြောင်းလဲမှုကြီးဖြစ်လာမယ်ဆိုတဲ့အယူအဆပါ။
အစိုးရက.ဒီအယူအဆလေးကိုလူတွေသိလာအောင်.သတင်းစာ.ရေဒီယို.တီဗွီတွေကနေ.နေ့စဉ်ကြေငြာပေးတယ်။.စက်ရုံအလုပ်ရုံတွေမှာလဲ.မန်နေဂျာကစပြီးအောက်ဆုံးအဆင့်သန့်ရှင်းရေးသမားအထိ.သူတို့ရဲ့ရင်ထဲမှာ.အဲဒီအယူအဆစွဲမြဲသွားအောင်လုပ်ဆောင်ခဲ့ကြတယ်။.ဂျပန်လုမျိုးဆိုတာကလဲ.ဂျေပန်လုမျိုးဆိုတာကလဲ..တသွေမသိမ်းလိုက်နာတတ်ကြတဲ့လူမျိုးလေ။
အစိုးရက.အဲဒါနဲ့တင်မရပ်သေးဘူး။.ကျောင်းတွေမှာလဲ.မူလတန်းကျောင်းသားလေးတွေကိKAIZEN,အယူအဆကိုလေ့ကျင့်ပေးတယ်။.ဆရာ.ဆရာမတွေက.နေ့တိုင်းကလေးတွေကိုမေးပါတယ်။.ဒီနေ့မှာ.မနေ့ကထက်သာတဲ့ဟာ.ဘာတွေလုပ်ခဲ့သလဲလို့။.တဖြေးဖြေးနဲ့ဒီကလေးတွေဟာ.မန့ကထက်ဒီနေ့သာအောင်လုပ်ရမယ်။.မန့ကထက်ဒီနေ့သာအောင်လုပ်ရမယ်။.ဒီနေ့၎ပုဒ်ပြီးရမယ်။.မနက်ဖြန်ကျရင်.-၅ပုဒ်ပြီးရမယ်စသဖြင့်.နေ့စဉ်ဘာတိုးတက်အောင်လုပ်ရမလဲဆိုတာစဉ်းစားတဲ့အကျင့်ဖြစ်လာကြတယ်။.နောက်ဆုံးတော့.တခုခုတိုးတက်အောင်မလုပ်မိတဲ့နေ့ဆိုရင်.သူတို့ညအိပ်မပျော်တော့ဘူး။.သူတို့လေးတွေရဲ့စိတ်ထဲမှာ.အချိန်တရက်ကိုအလာဟသဖြုန်းမိသလို.ခံစားမိလာကြတယ်။
ဟော...အဲဒီကလေးတွေကျောင်းပြီးလို့.လုပ်ငန်းခွင်လဲဝင်ရော.KAIZENအကျင့်ကစွဲနေပြီ။.လုပ်ငန်းခွင်ထဲမှာလဲ.နေ့စဉ်ဘာတိုးတက်အောင်ဆောင်ရွက်ရမလဲဆိုတာ.အမြဲရှာဖွေတတ်လာတယ်။.-ရှာတွေ့ရင်လဲ.တနေ့နဲနဲချင်းစီပိုပြီးတိုးတက်အောင်လုပ်ကြတယ်။.တဖြည်းဖြည်းနဲ့.ဂျပန်တနိုင်ငံလုံးကလူတွေဟာKAIZENအတွေးအခေါ်ကို.အားလုံးကျင့်သုံးနေကြပြီ။.သူတို့ဦးနှောက်တွေထဲကိုထဲ့ပေးလိုက်တဲ့ဒီအယူအဆလေးဟာ.သူတို့နှလုံးသားထဲထိစွဲဝင်သွားပြီ။
ဒုတိယကမ္ဘာစစ်ကြီးပြီးစက.ဂျပန်နိုင်ငံကထုတ်လုပ်တဲ့ပစ္စည်းတွေဟာဈေးပေါတယ်။.ဒါပေမဲ့အရည်အသွေးQualityညံ့ဖျင်းတယ်။.ကြာကြာအသုံးမခံဘူးလို့ကမ္ဘာမှာကျော်ကြားတယ်။.KAIZENကြောင့်.ဂျပန်ထုတ်ပစ္စည်းတွေဟာတဖြည်းဖြည်းအရည်အသွေးမြင့်တက်လာခဲ့တယ်။.အမေရိကန်.အင်္ဂလန်ကထုတ်တဲ့ပစ္စည်းတွေနဲ့တန်းတူလိုက်လာနိုင်ခဲ့တယ်။.ဈေးကျတော့လဲ.အနောက်နိုင်ငံထုတ်ပစ္စည်းတွေထက်သက်သာလို့.တကမ္ဘာလုံးကဂျပန်ပစ္စည်းတွေပဲ.ဝယ်သုံးလာကြတယ်။.နောက်ဆုံးမှာ.အမေရိကန်ဥရောပနိုင်ငံတွေကလူတွေကပါ.သူတို့နိုင်ငံကထုတ်တဲ့ပစ္စည်းတွေ.မော်တော်ကားတွေကိုမဝယ်တော့ပဲ.ဈေးသက်သာပြီး.အရည်အသွေးမြင့်တဲ့ဂျပန်ပစ္စည်းတွေ.ဂျပန်ကားတွေကိုသုံးလာကြတယ်။.နောက်ပိုင်းမှာဂျပန်ပစ္စည်းဆိုရင်.ကမ္ဘာမှာTop_Qualtyပဲလို့.တကမ္ဘာလုံးကလက်ခံလာကြတယ်။
ဂျပန်နိင်ငံဟာ.စစ်ရှုံးပြီးနောက်ပြာပုံကြားက.ကမ္ဘာကအံ့သြရလောက်အောင်ခေါင်းပြန်ထောင်နိုင်လာခဲ့တယ်။.အဲဒီKAIZENစာအုပ်ထဲမှာရေးထားတာတွေကအများကြီးပါ။.KAIZENကိုဘယ်လိုအသုံးချရမယ်၊.လုပ်ငန်းခွင်မှာဘယ်လိုစံနစ်တကျသုံးရမယ်ဆိုတာအများကြီးပါ။.ဒါပေမဲ့.ဂျပန်အစိုးရဟာ.KAIZENစိတ်ဓာတ်ကိုကလေးတွေရဲ့နှလုံးသားထဲကိုဘယ်လိုသွင်းပေးလိုက်တယ်ဆိုတာလေးကိုတော့.သဘောကျဆုံးပါပဲ။
အစိုးရကောင်းဆိုတာ.နိုင်ငံတကာရဲ့အကူအညီကို.ထိုင်မျှော်နေတတ်ကြသူတွေမဟုတ်ပါဘူး။.Investmentဘယ်တော့လာမလဲဆိုပြီး.ထိုင်စောင့်နေကြသူတွေလဲမဟုတ်ပါဘူး။.ကိုယ့်နိုင်ငံသားတွေရဲ့အရည်အချင်းကိုမြှင့်တင်ပေးရင်း.နိုင်ငံကိုတိုးတက်အောင်လုပ်နိုင်မှအစိုးရကောင်းဖြစ်မှာပါ။
မှတ်ချက်။.ကိုယ့်ကလေးတွေကို.KAIZENအကျင့်လေးကိုလေ့ကျင့်ပေးကြရင်.မကောင်ဘူးလား။
_________________________
ေ ရေးသားသူ.သိန်းဖေ(ခေတ္တ-စင်္ကာပူ)

"အီ ကြာ ကွေး နှင့် ပဲ မျိုး စုံ နှစ် ပြန် ကြော် ကြော် ရာ တွင် ရေ သန့်  ဘူး ခွံ၏ အံ့ မ ခန်း အ စွမ်း သ တ္တိ များ "


" " အီ ကြာ ကွေး ကြော် " "
မ နေ့  က ကြော် ထား ပြီး သား ညစ် ထပ် ထပ် ဆီ ကျန်
တစ် ပိ သာလောက် ကို အ ကြော် ဆ ရာ လေး
ကို သောင်း ( အ မည် လွှဲ ) က
ထင်း မီး ထိုး ပြီး အ ပူ ပေး နေ သည် ။

အ ချိန် က နံ နက် ၄ နာ ရီ ၃၀ ။
နေ ရာ က ရန် ကုန် မြို့  ။
ဆီ ကျန် တွေ ဘွမ်း ဘွမ်း ဆူ ပူ လာ တော့  မှ
ဆီ ပူ ဒယ် အိုး ကြီး ထဲ ကို
( တစ် လီ တာ ဆန့်  ရေ သန့်  ဘူး ခွန် ထဲ တွင် )
ဆီ အ ပြည့်  ထည့်  ထား သော
ဝါ တာ တာ ဖြူ တူ တူ စား အုံး ဆီ
ဆီ ဘူး နှစ် လုံး ကို ဘူး ခွန် ကော ဆီ ပါ
ဆီ ပူ အိုး ကြီး ထဲ အ ကြော် ဆ ရာ က
ခြေ မြန် လက် မြန် ပစ် ထည့်  လိုက် သည် ။
နောက် ပြီး ဂျွစ် ဂျွစ် ဂျွစ် အ သံ ၆ ချက် လောက်
အ ဆက် မ ပျက် မည် သံ ကြား သည် ။
လက် ဖက် ရည် ဆိုင် ပေါ် က သူ များ သောက် ပြီး
ထား ပစ် ခဲ့  သော ရေ သန့်  ဘူး ခွန် အ လွတ် ၆ ဘူး ကို
ဖိ နပ် စီး ထား တဲ့  ခြေ ထောက် နဲ့  ပြား သွား အောင်
ဖိ နင်း ပြီး ဆီ ပူ အိုး ကြီး ထဲ အ ကုန် ပစ် ချ လိုက် သည် ။
ဆီ အ ကျန် က တစ် ပိ သာ ။
တစ် လီ တာ ဘူး နှစ် လုံး ထဲ က ဆီ အ သစ် က တစ် ပိ သာ ။
ပေါင်း ဆီ နှစ် ပိ သာ ။
ရေ သန့်  ဘူး ခွန် နဲ့  ထည့်  ထား တဲ့ 
ဆီ ဘူး က နှစ် လုံး ။
ရေသန့်  ဘူး ခွန် တွေ ပြား ပြီး ထည့်  လိုက် တာ က
ခြောက် ဘူး ။ ပေါင်း ရေသန့်  ဘူး ရှစ် ဘူး ဖြစ် ၏ ။
ဆီ နှစ် ပိ သာ ကို ရေ သန့်  ဘူး ခွန် ရှစ် ဘူး က
ပျော် ကျ လာ သော ကော် ရည် ပူ တွေ နဲ့ 
တ သား ထဲ ပေါင်း သွား တယ် လို့ 
မှတ် ယူ လိုက် ပါ ။
ဒါ မှ နံ နက် ၄ နာ ရီ ကြော် ထာ တဲ့ 
အီ ကြာ ကွေး က ည နေ မိုး ချုပ် သည့်  အ ချိန် အ ထိ
လေ သ လပ် ခံ ထား သော် လည်း
မ ပျော့  သွား ပဲ ဆင် နှာ မောင်း လို
မာ တောင် နေ မှ
စား တဲ့  လူ က ကြိုက် မှာ ကိုး ဗျ ။
ဆီ ပူ အိုး ထဲ ဆီ တစ် ပိ သာ လျှင်
ရေ သန့်  ဘူး ခွန် ၅ ဘူး နှုန်း လောက်
ပစ် ထည့်  နိုင် မှ အီ ကြာ ကွေး က
ကြွပ် ရွှ သွား ပြီး လေ သ လပ် လျှင်
ပျော့  စိ မ သွား ပဲ နေ မှ
လူ ကြိုက် များ သ ကိုး ။
= =
နောက် ပြီး ဆက် ပြီး ပြော ရ အုံး မယ် ။
လက် ညှိုး အ ရွှယ် လောက် ဂျုံ အ ချောင်း လေး
နှစ် ချောင်း ပူး ကပ် ပြီး
ဆီ ပူ ဒယ် အိုး ပစ် ထည့်  လိုက် ပြီး
ပြန် ဆယ် လိုက် တော့ 
အ ရှည် ဆယ် လက် မ လုံး ပတ် နှစ် လက် မ
အ ရွှယ် မှာ အ လယ် မှာ အ ခေါင်း ပေါက် ကြီး နဲ့ 
ထွက် လာ တာ အံ့  မ ခ န်း လိ လိ ပါ ပဲ ဗျာ ။
ကြီး ထွား နှုန်း သိပ် များ အောင်
ဓာ တု ဗေ ဒ မှုန့်  ပွ ဆေး ဆော် ဒါ မှုန့်  တွေ
အ လွန် အ မင်း ဂျုံ နဲ့  ရော နယ် ထား တာ ကိုး ဗျ ။
= =
ဒါ နဲ့  ကိုယ့်  အိမ် မှာ ကိုယ် ဂျုံ နယ် ပြီး
အီ ကြာ ကွေး စမ်း ကြော် ကြ ည့်  တယ် ။
လက် ညှိုး အ ရွှယ် ဂျုံ အ တောင့် က လေး နှစ် တောင့် ပူး ပြီး
ဆီ ပူ အိုး ထဲ ထည့်  လိုက် တာ မူ လ အ ရွှ ယ် ပဲ ပြန် ထွက် တယ် ။
ကြီး ထွား မ လာ ဘူး ။ ထည့်  တုံး က အ ဖြူ ရောင်
ပြန် ထွက် လာ တော့  အ ဝါ ရောင် ။
စား လို့  တော့  အ ရ သာ ရှိ သား ။
ပြန် ရောင်း ရင် တော့  ဘယ် သူ မှ ကြိုက် မှာ မ ဟုတ် ဘူး ။ ။
= = = =
= = = =
နောက် တစ် ခု က
" " ပဲ မျိုး စုံ နှစ် ပြန် ကြော် " "
အ ချိန် က နေ့ လည် ၂ နာ ရီ ။
နေ ရာ က မ န္တ လေး မြို့  ။
ခ ရီး သွား ဟန် လွှဲ ခင် မင် တဲ့ 
သူ ငယ် ချင်း ရှိ ရာ အ လည် ဝင် ခဲ့  ၏ ။
သူ တို့  မိ သား စု က
မ န္တ လေး မြို့  ကြီး မှာ
လက် ဖက် ဂျင်း နဲ့ 
ပဲ မျိုး စုံ နှစ် ပြန် ကြော်
ကြော် ရောင်း ပြီး
အ လွန် စီး ပွါး တက် ၏ ။
သေး ပေါက် ချင် ( အ ပေါ့  သွား ) ချင် တာ နဲ့ 
အိမ် သာ ဘက် ရှိ ရာ အိမ် အ နောက် ဘက် ကို
ထွက် သွား ကြည့်  လို့  ပြန် အ ထွက်
ကျွန် တော် လည်း စပ် စပ် စု စု
သူ့  ခြံ ဝန်း အ ကျယ် ကြီး ထဲ က
အ ကြော် ဖို ဘက် ထွက် ကြ ည့်  မိ တဲ့  အ ခါ
အား ပါး ပါး … … … ထင်း ထား တဲ့  ဂုံ ဒေါင် ဘေး မှာ
တစ် တင်း ခွဲ အိပ် နဲ့  ထည့်  ထား တဲ့ 
ရေ သန့်  ဘူး ခွန် အ ဟောင်း တွေ
အိတ် နှစ် ဆယ် လောက် တွေ့  တယ် ။
ပဲ မျိုး စုံ နှစ် ပြန် ကြော် တွေ
ကြွပ် ရွှ ပြီး လေ သ လပ် ခံ နိုင် ပြီး
မ ပျော့  သွား အောင်
ဆီ ပူ မိုး ဗြဲ ဒယ် အိုး ကြီး ထဲ ကို
ရေ သန့်  ဘူး ခွန် တွေ ထည့်  ရ တာ လေ ။
ဒါ မှ နှစ် ပြန် ကြော် ကြွပ် ရွှ ပြီး
စား ကောင်း တာ ။ ။
= =
"" ဆီး အိမ် ထဲ ကျောက် တည် ၍ သေ ကုန် တော့  မည် ""
ပြည်ပ နိုင် ငံ များ က တင် သွင်း လာ သော
ဓာ တု နည်း စဉ် များ ဆန်း သစ် ထုပ် လုပ် ထား သော
ဖြူ ဆွတ် နေ သော သ ကြား တွေ ဝယ် မ စား ကြ နဲ့  ။
ဆီး အိမ် ထဲ ကျောက် တည် ပြီး သေ ကုန် လိမ့်  မည် ။
မြန် မာ ပြည် တွင်း ဖြစ် ဝါ ညစ် ညစ်
သ ဘာ ဝ ကြံ က ထုပ် လုပ် သော
သ ကြား အ စစ် အ မှန် ကို သာ ဝယ် စား ကြ ပါ ။ ။
====
====
" မြန် မာ နိုင် ငံ တွင် သုံး စွဲ သူ တွေ ဒုက္ခ အ တွေ့  ဆုံး
အ ရောင်း ရ အ သွက် ဆုံး ဆေး ဝါး အ တု ( သုံး ) မျိုး "
( 1 ) ပ ဋိ သ န္ဓေ တား ဆေး အ တု သောက် ဆေး / ထိုး ဆေး များ ။
ဝင် ငွေ မ ရှိ လို့  တား ဆေး သုံး ထား တဲ့  အိမ် ထောင် သည် များ
ဆေး တု မိ ပြီး ကိုယ် ဝန် ရ သ ဖြင့် လူ မှု ရေး ပ ဋိ ပ က္ခ တွေ မှာ
ရာ ဇ ဝတ် မှု ဖြစ် သည် အ ထိ နောက် ဆက် တွဲ
အ ကျိုး ဆက် မျိုး စုံ တွေ ရှု တ် ထွေး ဆိုး ဝါး နိုင် သည် ။
( 2 ) သွေး တိုး ရော ဂါ သောက် ဆေး အ တု များ ။
သွေး တိုး လို့  ဆေး သောက် ပါ တယ် တ ချို့  ဆေး တု တွေ က
သွေး ဖိ အား မ ကျ လာ ဘူး ။ လေ ဖြန်း သွား တယ် ။
တ ချို့  ဆေး တု များ က ငြိမ့်  ငြိမ့်  ညောင်း ညောင်း ဖြည်း ဖြည်း ခြင်း
သွေး ပေါင် ကျ တာ မျိုး မ ဟုတ် ပဲ နည်း နည်း သောက် ရုံ ဖြင့်
သွေး ပေါင် တွေ အ ထိန်း အ ကွက် မဲ့  ချက် ခြင်း ကျ ဆင်း သွား သည် ။
ရော ဂါ သည် က လည်း သွေး ပေါင် အ ကျ လွန် လို့ 
ခေါင်း မူး တာ ကို သွေး ပေါင် ထပ် တက် တယ် လို့ 
စိတ် ထင် ပြီး နောက် ထပ် တစ် ခွက် ထပ် သောက် မိ တဲ့  အ ခါ
အ သက် သေ ဆုံး တဲ့  အ ထိ ဖြစ် တယ် ။
တ ချို့  သွေး ပေါင် ကျ ဆေး တွေ ဟာ အ တု လို့  ပြော ရ ခြင်း ထက်
စံ ချိန် မ မှီ သော ဆေး ဝါး ဟု ပြော ရင် ပို မှန် တယ် ။
( 3 ) သွေး ချို ဆီး ချို ထိန်း ဆေး သောက် ဆေး နှင့်
အင် ဆူ လင် ထိုး ဆေး အ တု များ ။
သွေး ချို ဆီး ချို ရော ဂါ သည် တော် တော် များ များ က သွေး တိုး နှင့်
နှ လုံး ရော ဂါ ပါ ပူး တွဲ ကပ် ပါ ပြီး သား ဖြစ် တယ် ။
အ ရောင်း သွက် ဆေး ဝါး ဖြစ် လို့  အ တု အ လွန် ပေါ သည် ။
ဆေး ဝယ် ရင် တ ခွက် စာ အ ရင် ဝယ် သောက် ကြည့်  ။
OK ပြီ ဆို မှာ နောက် ထပ် ဆောင် ထား ဖို့  ထပ် ဝယ် ပါ ။
ဆေး တု မိ ကာ က တုန် က ရင် ဖြစ် ပြီး ချွေး စီး တွေ ပြန်
အ မော ဖေါက် ကာ သ တိ လစ် သေ ဆုံး ရ သူ အ များ ကြီး ပါ ။
= = =
ဒီ လို နဲ့  ပဲ ရပ် ကွက် ထဲ မှာ ခေတ် မျိုး စုံ ရှေ့  မှီ နောက် မှီ
စ ကား ပြော ဖေါ် လူ ကြီး တွေ တစ် ယောက် ပြီး တစ် ယောက်
နည်း နည်း လာ တယ် ။ ။
= = =
လူ တွေ တော် တော် များ များ က အ ထူး ကု ဆေး ခန်း / ဆေး ရုံ တွေ
ပြ သ ဖို့  ငွေ ကြေး အ ခက် အ ခဲ များ စွာ ရှိ တယ် ။
အ ထူး ကု တွေ ပြ လိုက် ရင် ဘာ စစ် ညာ စစ်
ဟို ဟာ ရိုက် ဒီ ဟာ ရိုက် နဲ့  ဆေး လုံး ဝ မ ကု ရ သေး ဘူး
စစ် ဆေး မှု တွေ တင် ပိုက် ဆံ ငါး သိန်း လောက် တော့ 
အ သာ က လေး ဟော က နဲ ထွက် သွား ပါ လေ ရော ။ ။
= = =
ဒီ လို နဲ့  ပဲ ဆေး ဆိုင် ငယ် လေး တွေ အား ကိုး ပြီး
အ သိ မိတ် ဆွေ တွေ ပြော တဲ့  ဆေး ညွှန်း လေး တွေ
ကောင်း နိုး နိုး ဝယ် သောက် ကြ ရ တယ် ။
သေ မှ သေ ရော ဝတ် ကျွတ် သွား တယ် လို့ 
ပြော ကြ တယ် ။ ။
= = =
မိတ် ဆွေ အား လုံး ကျန်း မာ ပါ စေ ။ ။
= = =
တော် ပြီ … … …
ဒီ အ ကြောင်း တွေ ဆက် မ ရေး ချင် တော့  ဘူး ။ ။
= = = =
= = = =
Kophyogyi Kophyo
စားသုံးသူများသာ အပြစ်တင်ပါ
ဝါးမြှစ်သဘာဝ အ၀ါရောင် လှအောင်အနီရောင်ဆိုးမှဝယ်တယ်
ပဲကြော်ဆိုလည်း ကြွပ်ရွနေမှ
အီကြာကွေ့ဆိုလည်း ပျော့ရင်မစားချင်ဘူး
အစားအစာကို သဘာဝအတိုင်း မစားချင်ကြဘူး
ထမင်းဆိုင်ဆိုလည်း အချိုမှုံ့နိုင်းချင်း
ချိုရဲအောင်ချက်တဲ့ဟင်းမှ အရသာရှိတယ်ထင်ကြတယ်
ဘေးဥပဒ်ဖြစ်ပြီပေါ့ အီကြာကွေ့ နံပြား စမူဆာ
ပလာတာ စသည့်မုန့်တွေဟာ
မြန်မာ့ရိုးရာအစားအစာမုန့်တွေ မဟုတ်ဘူး
ဒါကြောင့် ရိုးရာမပျက် ရိုးရာမပျောက်အောင်
မြန်မာမုန့်တွေကိုပဲအားပေးကြလို့
ရောဂါကင်းဝေး အဟာရဖြစ်စေပါတယ်
====
====
Thet Htut Aung
အပေါ်ကတယောက်ရေးထားတာတွေ့ ရတယ်။
ဆိုင်တိုင်းမဖြစ်နိုင်ဘူးတဲ့။ပြောပြပါ့မယ်။
အီကြာကွေးအကြီးကြီးတွေရောင်းနေတဲ့ဆိုင်တွေရဲ့ ၈၀%
အဲဒီလိုလုပ်ပါတယ်။
နာမည်ကြီးလဘက်ရည်ဆိုင်တချိုရောင်းတာကြည့်ပါ။
အီကြာကွေအတုံးသေးသေးလေးတွေပွဲနဲ
ရောင်းပါတယ်။အချောင်းဆိုလဲ
လက်ညှိုးသာသာအရှည်နဲ့ ဝဝတုတ်တုတ်ပုတိုလေးတွေပါ။
ကိုယ်စားနေတဲ့အီကြာကွေးနှစ်ထွာလောက်ရှည်ပြီး
မာဂလောက်ကြီးဖြစ်နေရင်သေချာပြီမစားနဲ့။
နှစ်ပြန်ကျော်ရယ်မုန့်ဟင်းခါးနဲ့ စားတဲ့ပဲကျော်ကို
ဗူးထဲမထည့်ဘဲသုံးရက်လောက်ထားကြည့်ပါ။
ဘယ်တော့မှမပြော့ပဲမာကြွပ်နေတာပါ။
မုန့်ဟင်းခါးဆိုင်တွေကပဲကျော်ကိုကိုယ်တိုင်မကျော်နိုင်ပါဘူး
ဖောက်သယ်ယူရတာပါ။
အဲဒီအကျော်ဖြန့်တဲ့သူကလုပ်တာပါ။
ဒါတွေဘာကြောင့်သိလဲဆိုတော့သူငယ်ချင်းက
နာမည်ကြီးလဘက်ရည်ဆိုင်လေး
ဆိုင်ရန်ကုန်မှာဖွင့်ထားပါတယ်။
သူတိုကနာမည်အပျက်မခံနိုင်တော့
ကိုယ်တိုင်ကျော်ရတော့
အလုပ်ပိုတွေလုပ်ရတယ်လိုငြီးရှာတယ်
====
====
စိုင်းနော်ခမ်း စိုင်းနော်ခမ်း
ပုဇွန်ခြောက်ဆိုရင် လူတော်တော်များများ
ရေမဆေးပဲ ပါစပ်ထဲကိုပစ်ထဲ့တတ်ကြတယ်။
ပုဇွန်ခြောက်ကို ဘယ်လိုနေလှန်းသလဲဆိုတော့ကာ
ပုဇွန်က ညှီတော့ ယင်ကောင်တွေ
မိသားစုလိုက်လာနားကြတာပေါ့မဟုတ်လား
အာ့ ယင်ကောင်မလာအောင်
တရုတ်ကလာတဲ့ ခြင်ဆေးဗူးတွေနဲ့
ပုဇွန်ကောင်တွေကို ဖြန်းထားတာမှ အားရပါးရပဲ
ဘယ်ယင်မိသားစုမပြောနဲ့
တကောင်မှကိုမလာတော့တာ
လာမိရင်လည်း တခါတည်း
ပက်လက်လှန်သွားမယ် အဟုတ်။
လက်ဖက်သုပ်ထဲဆိုလည်း ပုဇွန်ခြောက်တွေ
ရေမဆေးပဲ ထည့်တာတွေ့ရတယ်။
ကင်ဆာရဲ့ အခြေခံတွေပေါ့။
====
====
U Sis Mg
အဲ စပ်မိလို့ပါ
ပုဇွန်ခြောက် ငါးခြောက်တွေ
အရောင်းထိုင်းလို့ကြာလာယင်
အရောင်တွေမလှလို့ကတော့
ဆေးရွက်ကြီး[ဆေးလိပ်ထဲ
ထည့်လိပ်သောဆေး] ကိုရေစိမ်ပြီး
ဖျန်းပါသတဲ့ဗျား
အဲဒီတော့မွဲခြောက်နေတဲ့
ပုဇွန်ခြောက် ငါးခြောက်တွေက
ရဲတွတ်နေပြီး ခုမှအသစ်လတ်လတ်ဆပ်ဆပ်
ပုံစံတဲ့ဗျာ သူတို့အရောင်သာ
ပြောင်းတတ်တာ အနမ့်မပြောင်းတတ်ပါ နမ်းပြီးမှ
ဝယ်ကြပါ ဆေးရွက်ကြီးနမ့်တွေ
ထောင်းထနေတာပါဘဲ
ဒါကြောင့်အချို့ဆိုငါးခြောက်
ပုဇွန်ခြောက်စာပြီး
ခေါင်းမူး အော့အန်ကြတာပေါ့
Maung Maung Win
May 28 2015

နှင်းဆီပင်ကို အာလူး အသုံးပြု ၍ ပျိုးထောင်ခြင်း


အာလူးဟာ စား၍အရသာရှိရုံတင်မက တခြားနေရာတွေမှာလဲ အရမ်းအသုံးဝင်ပါတယ်။ အာလူးဟာ နှင်းဆီပင်ပျိုးဖို့  နှင်းဆီ ရိုးတံဖြတ်တွေအတွက် လုံလောက်တဲ့ အဟာရဓါတ်တွေ၊စိုထိုင်းဆ တွေနဲ့ ပြည့်စုံပြီး နှင်းဆီပျိုးတံကို ကျန်းမာသန်စွမ်းတဲ့ အမြစ်တွေထွက်ရှိ…ဖွံ့ ဖြိုးစေပါတယ်။
သင့်မှာနှင်းဆီပင်တွေရှိတယ်။မျိုးအတွက် ပျိုးပင်တွေ ထပ်ပျိုးချင်တယ်ဆိုရင်တော့အာလူးအသုံးပြု ပျိုးနည်းကို စဉ်းစားစေချင်ပါတယ်။ ဒီနည်းက အပင်စိုက်ပျိုးစ…သူတွေအတွက်ရိုးရှင်းလွယ်ကူတဲ့အပြင်…စိုက်ပျိုးကုန်ကျစရိတ် သက်သာချင်တဲ့သူတွေအတွက် အသုံးဝင်တဲ့နည်းတခု ဖြစ်ပါတယ်။
၁။ ပထမဦးဆုံးကျန်းမာသန်စွမ်းတဲ့ နှင်းဆီပင်တွေကနေ ၄၅ံ စောင်းပြီးထွက်နေတဲ့  နှင်းဆီ ရိုးတံ များကို ၈လက်မ အရှည် .. ဖြတ်ပါ။ ဖြတ်တဲ့ကတ်ကျေးဟာ ..ပိုးသတ်ပြီး .. သန့် ရှင်းစေရန် သတိပြုပါ။ အဲဒီဖြတ်ပြီးတဲ့ ရိုးတံများကို ချက်ချင်း.. စိုက်ပါ။( သို့ မဟုတ်) ချက်ချင်းမစိုက်နိုင်ပါက ရိုးတံဖြတ်များကို.. သန့် ရှင်းသောရေထဲသို့ အရင်းပိုင်းမှစိမ်ထားပါ။(သို့)ပလတ်စတစ် အိတ်ဖြင့်ထည့်ပြီး ရေခဲတုံးပေါ်တင်ပြီးသိမ်းပါ။ ရိုးတံများကို ဖြတ်ပြီးပြီးချင်း….ချက်ချင်းအသုံးပြုပါကပိုမိုကောင်းမွန်ပါသည်။
၂ ။ အပွင့်ညှိုး၊ အဖူးညှိုးနေတာတွေကို ဖယ်ရှားပစ်ပါ။ ရိုးတံအရင်းက အရွက်များကိုလည်းဖယ်ရှားပါ။ အဖျားပိုင်းမှ ကျန်းမာ သန်စွမ်းသော အရွက်များသာချန်ပါ။
၃။ အလယ်အလတ်ဆိုဒ်ပန်းအိုး၁ လုံး တွင် မြေသြဇာကောင်းမွန်သော မြေကို ထည့်ပါ။ စွတ်စိုစေရန် ..ရေ အနည်းငယ်ဖြန်းပါ။
၎။ မျက်စိများဖယ်ထားပြီးသောအာလူး(အရွယ်ခပ်ကြီးကြီး) ကို သန့် ရှင်းတဲ့  ၀က်အူလှည့်( Screw Driver) နဲ့  ၃လက်မလောက်အနက် အပေါက်ဖေါက်ပါ။ အပေါက်ရဲ့ အရွယ်အစားက ထည့်မဲ့ ရိုးတံရဲ့  အရွယ်အစားနဲ့ ညီအောင်ဖေါက်ပါ။ အပေါက်သေးနေပါက.. ရိုးတံထည့်လို့ ရသည်အထိ ချဲ့ ပါ။
၅။ ရိုးတံရဲ့အရင်းပိုင်းကို အမြစ်ထွက် ဟော်မုန်းအမှုန့် သုတ်လိမ်းပါ။ ပိုနေသည်များကိုခါချပစ်ပါ။ ဒီအဆင့်က မလုပ်လဲရပေမဲ့  အမြစ်ထွက်ဟော်မုန်းက အမြစ်ကြီးထွားသန်စွမ်းဖို့ အားပေးပြီးအပင်သန်စွမ်းစေပါတယ်။ အမြစ်ထွက် ဟော်မုန်းသုတ်လိမ်းထားသည့်ဘက်မှ..ရိုးတံအား… ကြိုတင်ဖေါက်ထားသည့် အာလူးအပေါက်ထဲသို့ထည့်ပါ။
၆။ ပန်းအိုးထဲမှမြေကြီးများကို အားလူးထည့်လို့ ရသည်အထိ သန့်ရှင်းသော မြေတူးဇွန်းဖြင့် တူးပါ။
၇။ တူးထားသောကျင်းထဲသို့အာလူးကိုထည့်ပါ။ အာလူးသာမြုပ်ပြီး ရိုးတံအရင်းပိုင်းကမြေပေါ် ..ပေါ်နေစေရန်သတိပြုပါ။
၈။ သန့် ရှင်းခြောက်သွေ့သော ဆိုဒါဗူးခွံ၊ ကိုလာဗူးခွံ၊ တို့ ကို ထိပ်၂ဖက် ဖြတ်ပြီး ပုံပါအတိုင်းပျိုးတံကိုစွပ်ပါ။ ဗူးခွံကိုမြေကြီးတွင်စွဲမြဲစေရန်…အောက်သို့လှည့်တွန်းပြီးထည့်ပါ။
၉။ ပျိုးအိုးကိုနေရောင်တိုက်ရိုက်မကျသော…. နွေး၍ အလင်းရသောနေရာမှာထားပါ။ ပျိုးပင် လေရှူ နိုင်အောင် ပလတ်စတစ်ဗူးခွံကိုနေ့ စဉ် မိနစ် အနည်းငယ်ခန့် ဖယ်ရှားပေးပါ။ ပျိုးပင်မှာအရွက်အတက် အသစ်များထွက်လာသည်ကို မတွေ့ မချင်းဘာမှမလုပ်ပါနှင့်။ မြေကြီးအားကောင်းမွန် စိုစွတ်အောင်ထားပါ။ (ရေလဲအရမ်းမများအောင်ဂရုစိုက်ပါ။ ရေများပြီးအရမ်းစိုစွတ်လွန်းရင်ပျိုးပင်နဲ့ အာလူးများပုပ်သွားနိုင်ပါတယ်။)
၁၀။ ၂ပတ်ခန့်အကြာ…. အပင်ရွှေ့ ပြောင်းဖို့ ခံနိုင်ရည်ရှိပြီလို့ သင်ထင်ပြီ ဆိုရင်တော့ ပျိုးပင်ကို အပေါ်သို့ အနည်းငယ်ဆွဲထုတ်ကြည့်ပါ။ အမြစ်သစ်များကောင်းမွန်စွာ ထွက်နေတာကိုတွေ့ ရပါမယ်။
၁၁။ ပလတ်စတစ်ဗူးခွံကိုဖယ်ပြီး၊ ပျိုးအိုးကို နေရောင်ပိုမိုရရှိပြီး အလင်းရောင်ကောင်းစွာရရှိတဲ့နေရာသို့ ပြောင်းရွှေ့ ပါ။ပျိုးပင်ကောင်းမွန်စွာ..သန်မာကြီးထွားလာသည်အထိ ထိုနေရာတွင် ထားပါ။ မြေကြီးစိုစွတ်နေပါစေ။
၁၂။ပြင်ပအပူချိန် ခံနိုင်ရည်ရှိတဲ့ အထိပျိုးပင် ..သန်မာကြံ့ခိုင် လာအောင်. .လုံလောက်တဲ့ အလင်းရောင်ရရှိပြီး… အကာအရံရှိ တဲ့နေရာမှာ ပျိုးအိုးကို နေ့ စဉ်နာရီ အနည်းငယ်ခန့် ထားပေးပါ။မြေကြီးများစိုစွတ်နေပါစေ။
၁၃။ ပျိုးပင်သန်မာကြံ့ခိုင်ပြီးတပတ်အကြာ… မိမိရဲ့  ဥယျာဉ်မြေကွက်လပ်သို့ ရွှေ့ ပြောင်းစိုက်နိုင်ပြီဖြစ်ပါတယ်။
Win Thaw Nyein
REF : SFGate (Home Guides)
Credit to> Aunglan Farmers