Friday, January 22, 2016

ရာသီချိန်မဟုတ် သရက်သီး၊ သီးစေရန်


မြန်မာနိုင်ငံ တွင် သရက် စိုက် ဧက ၁ ဒသမ ၅၅ သန်း ကျော်ခန့် ရှိပြီး တစ်နှစ်လျှင် သရက်သီး အလုံးပေါင်း ၁,၆၅၀ သန်းကျော်
ထွက်ရှိ နေသည်။ သရက် သီးသည် ရာသီချိန် တွင် တစ်ပြိုင်တည်း ပေါ်တတ် သဖြင့် ဈေးကောင်း မရရှိဘဲ သရက်သီး များပုပ်ပြီး
အလေ အလွင့် ဖြစ်ခြင်း များနှင့် ကြုံရ သည်။

သို့အတွက် နိုင်ငံတ ကာတွင် သရက် သီးကို ရာသီချိန် မဟုတ်ဘဲ ပေါ်အောင် နည်းပညာ အသုံးချလာ ကြသည်။ ရာသီချိန် မဟုတ်
ဘဲ ရာသီ ထက် စော၍ သီးခြင်း၊ ရာသီထက် နောက်ကျ သီးခြင်း နှစ်မျိုး ဖြစ်ပေါ် နိုင်သည်။ ပုံမှန် ရာသီ ထက်စော ၍ သရက်သီး
ပေါ်ခြင်း ကြောင့် ဈေးကောင်း ရသည်။
ပေါ်ဦးပေါ်ဖျားဖြစ်သဖြင့် ဈေးကွက်တွင် မျက်နှာရသည်။ ရာသီချိန်ထက်နောက်ကျ၍ သရက်သီးပေါ်ခြင်းသည် ပိုးမွှားရောဂါ ကျပြီး အရည်အသွေးပါ ထိခိုက်စေနိုင် သည်။ သို့အတွက် သရက်သီးကို ပုံမှန်ရာသီ ထက်စော၍ သီးအောင်သာ အလေးပေး ဆောင်ရွက်
လာကြသည်။
ပုံမုန် ရာသီထက် သရက်သီး စောပေါ် ရန်မှာ သရက်သီး ဆွတ်ခူးပြီး သရက်တုံး သွားသော အပင် ရပ်နား ချိန်တွင် ပိုးကျ ရောဂါ
ရကိုင်း များအား ဖြတ်တောက် ခြင်း၊ ပိုနေသော ကိုင်း များအား သုတ်သင် ခြင်းဖြင့် အပင်ကို သန့်ရှင်းရေး ပြုလုပ်ရမည်။ လာမည့်
ရာသီတွင် ပန်းပွင့်ပြီး အသီးသီးပေး နိုင်သော သန်စွမ်းကိုင်းများသာ ကျန်ရှိရန် လိုအပ်သည်။
သရက်အပင်အို၊ အပင်ပျိုများ ကိုင်းဖြတ်တောက်ရှင်းလင်းပြီးပါက ဓာတ်မြေ သြဇာကျွေးရသည်။ လာမည့်ရာသီ သရက် သီးစော
ရန် အတွက် အားဖြည့် ပေးခြင်း ဖြစ်သည်။ ပေါင်းမြက် ရှင်းလင်း ပြီးပါက သက်တမ်း လေးငါး နှစ်သား အပင် အတွက် နိုက်ထရို
ဂျင်၊ ဖော့စ ဖရပ်နှင့် ပိုတက် ဆီယမ် ၃း၁း၁ မြေသြဇာ ကို တစ်ပင်လျှင် နှစ်ကီလို၊ သုံးကီလိုနှုန်း ထည့်ပေးရန်လိုအပ်သည်။ သဘာဝမြေသြဇာအဖြစ် ကြက်ချေး၊ နွား ချေး၊ ၀က်ချေး၊ လင်းနို့ချေး၊ ထုံး၊ ဒိုလိုမိုဒ် များကို ရောနှောကျွေးလျှင် ပိုကောင်းသည်။
ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများ ကျွေးရာတွင် အပင်၏ အရွက်အုံးဆိုင်းမှု အောက်တည့်တည့်တွင် လေးငါးနေရာ ကျင်း
တူး၍ ထည့်ကျွေးရသည်။ မြေသြဇာ ကျွေးပြီးပါက အပင်ခြေကို ကောက်ရိုး၊ မြက်ခြောက်များ ဖုံးပေးရန်လိုအပ်သည်။
သရက်ပင်ကို ကိုင်းဖြတ်၊ မြေသြဇာ ကျွေး ပြုလုပ်ပြီးပါက ရေသွင်းပေးရန် လို အပ်သည်။ ရေသွင်းပြီး ငါးရက်မှ ခုနစ်ရက် အတွင်း
ရွက်နုများ တိုးလာမည်ဖြစ်သည်။ ပုံမုန်ရာသီ၌ ဇူလိုင်လတွင် ဒုတိယအကြိမ် ရွက်နုထွက်သည်။ ၎င်းင်းအရွက်များသည် မိုးရာသီ
မကုန်မီ အရွက်ရင့်များ ဖြစ် သွားပြီး ကြီးထွားမှု ရပ်ဆိုင် သွားသည်။
ရွက်နု ထွက်ချိန် သည် သရက်သီး ချိန်အတွက် အဓိက အချက် ဖြစ်သည်။ ရွက်နုများ မရင့် ခင်အဆင့်တွင် အရွက်များ ကြေးနီ
ရောင် ဖြစ်လာသည်။ အရွက်နုများ အဆင့်ဆင့် ကြီးထွားလာသည်။ ၎င်းင်းအချိန်တွင် လှေး ပိုး၊ ရွက်စားပိုး၊ ကျိုင်း၊ ဒက်ပိုးတုနှင့် မှည့် ပျောက်စွန်းရောဂါများ ကျရောက်တတ် သဖြင့် သတိပြုကြိုတင်ဆောင်ရွက်ရန် လို အပ်သည်။ ပုံမှန်မဟုတ်သော ရာသီတွင်
သရက် သီးပေါ်စေရန်မှာ ပထမအကြိမ်ထွက်သော ရွက်နုများမရင့်မှီအချိန်တွင် ဆောင်ရွက်ရ သည်။ သရက်ဖူးများ နိုးကြားလာ
စေရန်နှင့် အဖူးထွက် ပန်းပွင့်လာစေရန်အတွက် အရွက်ရင့်များအပေါ်တွင် ယမ်းစိမ်းဖျော် ရည်ကို ပက်ဖျန်းပေးရသည်။
တချို့ သရက်မျိုး များသည် သရက်ဖူး များ နိုးကြား စေရန် ယမ်းစိမ်းဖြင့် အကျိုး သက်ရောက်မှု မရှိသဖြင့် Paclobutrazol ကို
ကြိုတင် အသုံး ပြု၍ အပင်ပိုင်းကြီးထွားမှုကို ဟန့်တား ထားရန် လိုအပ်သည်။ ဈေးကွက်တွင် Cultar, Runner-p, prediet
ဟူ၍ ၀ယ်ယူနိုင်သည်။ Paclobutrazol သူသည် အရွက်ထက် အမြစ်က ပို၍ ထိရောက်မှု ရှိသည်။
ဆေးကို အသုံးပြုရာတွင် အညွှန်းပါအတိုင်း တိတိ ကျကျ အသုံးပြုရန်လိုသည်။ သရက်ရွက် များသည် အစိမ်းရင့်ရောင်ဖြစ်ပြီး
တောင့် တင်းနေပါက သရက်ဖူးများဖြစ်ပေါ်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ အကယ်၍ သရက် ရွက်များပါပြီး နူးညံ့ပျော့ပြောင်း
နေခြင်း၊ သေးငယ်လွန်းခြင်း၊ အဆစ်များရှည် ခြင်း၊ ကိုင်းများသေးသွယ်ခြင်း၊ အရေ အတွက်နည်းလွန်းခြင်းဖြစ်နေပါက နိုက် ထရိုဂျင်၊ ဖော့စဖရပ်နှင့် ပိုတက်စီယမ် ၉း၂၄း၂၄ ဓာတ်မြေသြဇာကို တစ်ပင်လျှင် တစ်ကီလိုမှ နှစ်ကီလို ထည့်သွင်းပေးရန်
လိုအပ်သည်။ ထည့်သွင်းရမည့် ဓာတ်မြေ သြဇာနှုန်းထားမှာ အပင်သက်တမ်းအလိုက် ကွာခြားသည်။
အထက်ပါနှုန်းထားသည် အပင်သက် ၁၇ နှစ်သားအရွယ်အတွက် ဖြစ်သည်။ နောက်ဆုံးထွက်သော အရွက်နုများ ထွက်ပြီး ရင့်
သွားသည့်အချိန်တွင် အချိန် အခါမဟုတ်သော မိုးကြောင့်လည်းကောင်း၊ ရေပေးသွင်းခြင်းဖြင့်လည်းကောင်း၊ နောက် ထပ်ရွက်နု
များကို ဟန့်တားရန် လိုအပ် သည်။ မိုးသည်ထန်စွာ ရွာသွန်းပါက သုညး၅၂း၂၄ အချိုး၊ ဓာတ်မြေသြဇာ ၅၀ မှ ၆၀ ဂရမ်ကို ရေ ၂၀ လီတာနှင့်ဖျော်၍ အရွက်များကို ဖျန်းပေးရန် လိုအပ်သည်။ မိုးမရွာပါက သုညး၂၅း၄၀ အချိုးဓာတ်မြေ သြဇာ ၅၀ မှ ၆၀ ဂရမ်ကို
ရေ ၂၀ လီတာ နှင့် ဖျာ်၍ ၁၅ ရက်၊ သို့မဟုတ် ၂၀ ရက်၊ သို့မဟုတ် ၃၀ ခြား ဖျန်းပေးရန် လိုအပ်သည်။
သရက်ရွက်များ ရင့်လာချိန်တွင် ပန်းပွင့်ရန် ဆောင်ရွက်ချိန်ဖြစ်သည်။ အကိုင်း ကြီးများ ကျွတ်ဆတ်နေခြင်း၊ အရွက်များ အစိမ်း
ရင့်ရောင်ရှိ၍ ချေကြည့်လျှင် <ကတ် ဆတ်နေပြီး ရွက်နုများကို မတွေ့ရတော့ သည့်အချိန်တွင် ပန်းပွင်လာစေရန် ဆောင်ရွက်သင့်
သည့် အချိန်ဖြစ်သည်။ ၎င်း အချိန် သည် Paclobutrazol ဖျန်းပြီးနောက် ရက် ၁၂၀ မှ ရက် ၁၃၀ အကြာတွင် ဖြစ်သည်။
ဆောင်ရွက်သင့်သည့်အချိန်သည် မြေအစို ဓာတ်ခြောက်သွေ့နေခြင်း၊ ရာသီဥတုသည် တိမ်ကင်းစင်သာယာနေခြင်း၊ မိုးမရွာသော ကာလဖြစ်ခြင်းများ ဖြစ်သည်။ မြန်မာနိုင်ငံ အောက်ပိုင်း တွင် မိုးရာသီ ကုန်ဆုံး ကာလ သည် အသင့် တော်ဆုံး ဖြစ်သည်။ ၎င်းအ
ချိန်တွင် အညွန့်သစ်များထိန်းချုပ်ရန် သုညး ၂၅း၂၄ ဓာတ်မြေသြဇာ ၅၀ ဂရမ်မှ ၆၀ ဂရမ်ကို ရေ ၁၂၀ လီတာနှင့်ဖျော်၍ ဖျန်းပေး
ရန် လိုအပ်သည်။
သရက် ပန်းပွင့် စေရန် အတွက် Thiourea ၇၅ ဂရမ်မှ ၈၀ ဂရမ်ကို ရေလီတာ ၂၀ တွင် ဖျော်၍၊ သို့မဟုတ်ရောစပ်၍ အပင်ပေါ်ဖျန်း
ပေးရန် လိုအပ်သည်။ ပက်ဖျန်းပြီး တစ်ပတ်အတွင်း မိုးမရွာလျှင် ပို၍အကျိုး သက်ရောက်မှုရှိစေသည်။ ယမ်းစိမ်းကို အသုံးပြုပါက အရွက်များ လောင်ကျွမ်းနိုင် သဖြင့် နှုန်းထားမှန်ကန်ရန်နှင့် ညနေပိုင်း တွင်သာ ဆေးဖျန်းရန် သတိပြုသင့်သည်။
Thiourea ၊ သို့မဟုတ်KNO3 ဖျန်းပြီး ခုနစ်ရက်မှ ၁၀ ရက်ကြာပါက ပထမဦးဆုံး ပန်းခိုင်စထွက်ပန်းပွင့်လာသည်။ အနည်းလို
အာဟာရဓာတ် ဃယေြါယဇညယသြ ပါဝင် သည့် ၁၅း၃၀း၁၅ ဓာတ်မြေသြဇာကို ကပ် ဆေးနှင့်ရောပြီး ညနေပိုင်းတွင် ပက်ဖျန်း
ပေးပါ။ ပန်းမပွင့်မီ ခုနစ်ရက်အလိုတွင် ၀တ် မှုန်ကူးရန် အထောက်အကူဖြစ်စေသော ယင်ကောင်၊ ပျားများလာရောက်စေရန် အပင်ပတ်ဝန်းကျင်တွင် ကြက်ချေးများ ဖြန့်ခင်းပေးခြင်း၊ ငါးအူများကို အပင်ပေါ် တွင် ချိတ်ဆွဲပေးခြင်းများကို ဆောင်ရွက်ရန်
လိုအပ်သည်။
ပန်းခိုင်ထွက်ပြီး ၁၄ ရက်အကြာတွင် ပန်းဖြိုင်ဖြိုင်ပွင့်သည်။ ၂၁ ရက်အကြာတွင် ပန်းဖူး၏ ၅၀ ရာခိုင်နှုန်း ပန်းပွင့်လာသည်။ ပန်း
ဖြိုင်ဖြိုင်ပွင့်ချိန်တွင် အသီးပြည့်စုံစွာ သန္ဓေအောင်စေရန်အတွက် ယင်နှင့်ပျား များ၏ အကူအညီများစွာ လိုအပ်သည်။ ၀တ်မှုန်ကူး
ရန် သင့်တင့်သော အပူချိန်နှင့် စိုထိုင်း ဆသည် အရေးကြီးသည်။ အပူချိန် ၁၆ ဒီဂရီစင်တီဂရိတ်မှ ၄၄ ဒီဂရီ စင်တီ ဂရိတ် သည် ၀တ်မှုန်ကူး သန္ဓေအောင် စေရန် သင့်တော်သော အခြေအနေဖြစ်သည်။
ပန်းပွင့်သန္ဓေအောင်ပြီး ခုနစ်ရက် အကြာတွင် အသီးငယ်ငရုတ်ကောင်းစေ့ အရွယ် အဆင့်ရောက်ရှိလာသည်။ အသီး ငယ်များ ကြီးထွားရန် အပင်ရှိအာဟာရ များကို မျှဝေသုံးစွဲစပြုလာသည်။ သရက်သီး ပဲပုပ်စေ့အရွယ် အဆင့်ရောက်လာပါ က ကြီးထွားမှု
လျင်မြန်လာသည်။ အသီး ငယ်ကြာစေ့ရွယ် အဆင့်သို့ ပန်းပွင့်ပြီး တစ်လအကြာတွင် ရောက်ရှိသည်။ ကိုင်း ငယ်၊ ကိုင်းကြီး၊ ပင်
မပင်စည်မှ အစာများ ကို အသီးကြီးထွားဖွံ့ဖြိုးမှုအတွက် စုပ်ယူ အသုံးချသည်။ ပန်းခိုင်တစ်ခုလုံးတွင် အသီး ၁၀ လုံးမှ ၁၅ လုံး
သာထား၍ သီး ညှပ်၊ သီးကျပ်များကို ဖယ်ရှားပစ်ရန် အထူး အရေးကြီးသည်။
ပန်းပွင့်ပြီး ၄၅ ရက်သားအရွယ်တွင် အသီးခါဥအရွယ်သို့ ရောက်ရှိသည်။ ဤ အဆင့်တွင် အာဟာရ မလုံလောက်ပါကကြွေကျ
တတ်သည်။ ၁၅း၃၀း၁၅ ဓာတ်မြေ သြဇာကို အနည်းလိုအာဟာရဓာတ်များနှင့် ရော၍ ဓာတ်မြေသြဇာအရည် ၁၀ မီလီမီတာ
ကို ရေလီတာ ၂၀ နှင့်ရော၍ ပက်ဖျန်းပေး ရန် လိုအပ်သည်။
ပန်းပွင့်ပြီး ရက် ၆၀ သား၌ အသီး တွင် ကြက်ဥအရွယ်အဆင့်သို့ ရောက်ရှိ သည်။ ဤအဆင့်တွင် အစိုဓာတ်ပြတ်ခြင်း၊ အာဟာ
ရမလုံလောက်ခြင်းဖြစ်ပါကေ<က ကျတတ်သည်။ အပူချိန်နိမ့်လွန်းခြင်း၊ မြင့် လွန်းခြင်းဖြစ်ပါကလည်း ကြွေကျတတ်သည်။ ဤအဆင့်တွင် ပုံမှန်မဟုတ်သော အသီးများကိုေ>ခပေးရန် လိုအပ်သည်။ အသီးကြီးထွားမှု ကောင်းစေရန် ၉း၂၄း၂၄ ဓာတ်မြေ
သြဇာကို တစ်ပင်လျှင် တစ်ကီလို မှ နှစ်ကီလိုနှုန်း ထည့်ပေးရန် လိုအပ်သည်။
ပန်းပွင့်ပြီး ရက် ၉၀ တွင် အသီးများ ရင့်ရန် နီးကပ်လာချိန်ဖြစ်သည်။ ဤ အဆင့်တွင် ကြီးထွားမှုပိုမိုလာသည်။ ရေ သွင်းရက်ပို၍
ခြားပေးပြီး ရေသွင်းချိန်တွင် ၉း၂၄း၂၄ ဓာတ်မြေသြဇာကျွေးပေးရန် လို အပ်သည်။ ၁၀ ရက်ကြာလျှင် သရက်သီး ပေါ်၌ ခပ်ပါးပါး
ဖယောင်းလွှာပေါ်လာ သည်။ ဖယောင်းလွှာပေါ်လာစေရန် ၉း၂၄း ၂၄ ဓာတ်မြေသြဇာအရည် ၂၀ မီလီမီတာ နှင့် ၃၀ မီလီမီတာ
ကို ရေလီတာ ၂၀ နှင့် ရော၍ ပက်ဖျန်းပေးရန် လိုအပ်သည်။ ဤနည်းဖြင့် ရာသီချိန်မဟုတ် ပန်း ပွင့်ပြီး ရက် ၁၁၀၊ ရက် ၁၁၅ ရက်
ကြာတွင် ကောင်းစွာကြီးထွားဖွံ့ဖြိုးသော သရက်သီး များကို စနစ်တကျ ဆွတ်ခူးနိုင်ပြီ ဖြစ်သည်။
- အောင်ဆန်း (စိုက်ပျိုးရေး)
Ref; The Farmer Media
Credit to > Aunglan Farmer

ခါးနာပျောက်စေသော ဆေးနည်း

ခါးနာဝေဒနာဖြစ်နေသော နှစ်ရှည်လများခံစားနေရသူများအား ဤအစွမ်းထက်ဆေးနည်းလေးကို ကုသိုလ်ပြုလမ်းညွှန်ပါ၏- ဆင်တုံးမနွယ် အစို နှစ်ကျပ်သား နှမ်းဆီစစ်စစ် တစ်ဆယ်သား သတ္တုအိုးတစ်လုံး ပုလင်းတစ်လုံး တို့ကိုယူပါ။ ဆင်တုံးမနွယ်ကို ကွမ်းညှပ်နှင့် ပုလင်းအတွင်းသို့ထည့်၍ ဝင်စေရန် သေးငယ်စွာညှပ်ပါ ညှပ်ပြီးလျှင် ပုလင်းတွင်းထည့်ပါ နှမ်းဆီပါရောထည့်ပါ အိုးအတွင်း ရေကိုထည့်ပါ ရေထည့်ထားသော အိုးထဲကို ပုလင်းထည့်၍ ရေဆူလာအောင် မီးဖြင့်ချက်ပါ ရေခမ်းလျှင်ထပ်ထည့်ပါ ၃နာရီခန့်ချက်ပြီးပါက ဆေးအဆီရပါလိမ့်မယ် ထိုနှမ်းဆီရလာပါက အအေးခံပြီး ဗုဒ္ဓဂုဏ်တော် ၃၇ ခေါက်ရွတ်ပြီး ရတနာမြတ်သုံးပါးနှင့် သင်ဆရာမြင်ဆရာနှင့် ဆေးဆရာများအား ကန့်တော့ပူဇော်ပြီး ခါးနာသည့်နေရာကို စိမ့်ဝင်အောင် မနက်တစ်ကြိမ် ညတစ်ကြိမ် လိမ်းပေးခြင်းဖြင့် လက်တွေ့ပျောက်ကင်းချမ်းသာပါလိမ့်မည်။ အမှန်တကယ် ခံစားနေရပါက အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်ပါ။ ငါကဲ့သို့ခါးနာသူရှိက သိပါစေပျောက်ပါစေ စေတနာဖြင့် ဤ ဆေးနည်းအား သင်ကြားမျှဝေပါ။ ဘဝပေါင်းများစွာ အနာရောဂါ ကင်းစင်ပါလိမ့်မည်။ စေတနာသည် မိမိ၏ တန်ခိုးရှင်ပင်ဖြစ်သည်။အားလုံး ကျန်းမာရွှင်လမ်းကြပါစေ-----နဝင်းမောင်(ဂမ္ဘီရလောကီပညာ)

Credit to > န၀င်းမောင်
 

Thursday, January 21, 2016

ဘိုကာရှီ လုပ်ကြမယ် (အပိုင်း ၂) ဘိုကာရှီပုံးပြုလုပ်ပုံ


ဘိုကာရှီဆိုတာ ဂျပန်စကားဖြစ်ပြီး အချည်ဖေါက်တဲ့နည်းနဲ့ Organic ဇီဝပစ္စည်းတွေကို အမြန်ဆွေးမြေ့စေပြီး မြေသြဇာအဖြစ်ပြောင်းလဲပေးတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဇီဝပစ္စည်းဆိုတာ သက်ရှိတဲ့ သတ္တဝါ၊ သစ်ပင်နှင့် ၎င်းတို့နှင့် ပြုလုပ်ထားတဲ့ အရာတွေဖြစ်ပါတယ်။ ပလပ်စတစ်၊ သံသတ္တုတွေက Organic မဟုတ်ပါ။ ဒါကြောင့် ၎င်းတို့ကို ဘိုကာရှီနည်းနဲ့ ဆွေးမြေ့အောင် လုပ်လို့်မရပါဘူး။ ဇီဝပစ္စည်းများသည် မြေကြီးထဲတွင် သဘာဝအတိုင်း ဆွေးမြေ့ကြသော်လည်း လနှင့် နှစ်နှင့်ချီကာ ကြာမြင့်ပါသည်။ ဘိုကာရှီနည်းဖြင့် ပြုလုပ်ပါက ၁ လခွဲ ၂ လအတွင်းမှာ ဆွေးမြေ့သွားခြင်းဖြစ်ပါသည်။
ဘိုကာရှီမြေဆွေး ပြုလုပ်ရသည့် ရည်ရွယ်ချက်က ၅ဝ% က အမှိုက်ပမာဏ လျှော့ချရန်နှင့် ၅ဝ% သည် မြေသြဇာအဖြစ် အသုံးပြုရန် ဖြစ်သောကြောင့် လူတိုင်းလုပ်သင့်သော အလုပ်ဖြစ်ပါသည်။
ဘိုကာရှီဖွဲကြမ်းလုပ်နည်းမှာ သုံးတဲ့ EM (Effective Micro-organism) အရည်ဆိုတာ အကျိုးပြု အနုဇီဝပိုးတွေပါဝင်တဲ့ အရည်ဖြစ်ပါတယ်။ ( အခုအပိုင်းက ဘိုကာရှီပုံးအကြောင်း ရေးတာဖြစ်ခြင်းကြောင့် EM အကြောင်း နောက်မှ သိသလောက် ရှင်းပြပါ့မယ်။)
၂။ ဘိုကာရှီပုံးဆိုတာ ဘာလဲ၊ ဘယ်လိုလုပ်မလဲ
ဘိုကာရှီပုံးသည် လေလုံသည့်ပုံး ဖြစ်ရမည်။ ပုံးအတွင်း အချဉ်ဖေါက်သည့်လုပ်ငန်းစဉ် Fermentation Process ဖြစ်ပွားနေစဉ်အတွင်း Bokashi Juice ဘိုကာရှီဖျော်ရည်ဟု အမည်ပေးထားသောအရည် ထွက်သည့်အတွက် ဖွင့်ထုတ်နိုင်ရန် အောက်တွင် ဘုံဘိုင်ခေါင်းတစ်ခုပါရမည်။ ထည့်ထားသော အမှိုက်များအောက်ကျပြီး အရည်နှင့်မရောစေရန် ထိမ်းထားမည့် ဇကာလည်းပါရှိရမည်။ မိမိကိုယ်တိုင်ပြုလုပ်ရန် မခက်သော အရာဖြစ်ပါသည်။ ပုံမှာကြည့်ပါက အောက်ခြေမှာ ဘုံဘိုင်ခေါင်းတပ်ထားတယ်။ ဇကာအောက်မှာ တစ်ခုခုတပ်ထားပြီး ဇကာကို ဘုံဘိုင်အပေါက်အထက်မှာ ရှိနေအောင် စီမံထားတာဖြစ်ပါတယ်။
၅ ဂါလံဝင် သုတ်ဆေးပုံးအဟောင်းတစ်ခုနှင့် လွယ်ကူစွာ ပြုလုပ်နိုင်ပါတယ်။ ဇကာကိုလည်း အခုလို အလူမီနီယံနဲ့ လုပ်စရာမလိုပါ။ ပလပ်စတစ်ပြားအထူ တစ်ခုနှင့်လည်း ပြုလုပ်နိုင်ပါတယ်။ ဇကာကို အပေါက်အထက်မှာ ရှိနေအောင် အောက်မှာ ကျောက်စရစ်ခဲလေး ၄ - ၅ ခုခံထားလိုက်လို့ ရပါတယ်။ အကယ်၍ အဖုံးက တင်းကြပ်စွာ ဖုံးလို့မရသည့် အဖုံးဆိုပါကလည်း ပုံးအဝကို ကျွတ်ကျွတ်အိတ် ၂ ထပ်လောက်ဖြင့် အုပ်ပြီးမှ အဖုံးဖုံး၊ အပေါ်က အုတ်နီခဲလို အလေးတစ်ခုခုဖြင့် ဖုံးပြီး လေလုံအောင် စီမံနိုင်သည်။
နောက်တစ်နည်းက ပုံး၂ပုံး သုံးသောနည်းဖြစ်သည်။ ပုံးအကြီးအောက်ခြေမှာ ဘုံဘိုင်တပ်၊ အသေးအောက်ခြေမှာ ဘိုကာရှီဖျော်ရည်ထွက်နိုင်အောင် အပေါက်ဖေါက်၊ ပုံးအကြီးထဲ ကျောက်စရစ်ခဲ တွေထည့်၊ ပြီးတော့ အောက်ခြေအပေါက်ဖေါက်ထားတဲ့ ပုံးအသေးကို အကြီးထဲထည့်၊ အမှိုက်နဲ့ ဘိုကာရှီဖွဲကြမ်းကို ပုံးအသေးထဲထည့်၊ အဖုံးဖုံး၊ ပြီးယင်ပုံးကြီးအဝကို ကျွတ်ကျွတ်အိတ် ၂ ထပ် ၃ ထပ်ဖြင့်အုပ်၊ အဖုံးဖုံး၊ အပေါ်မှာ အလွယ်တကူမပွင့်နိုင်အောင် အုတ်နီခဲလို အလေးတစ်ခုခုတင်ထား။
ဘိုကာရှီပုံးကို တစ်နေ့ ၂ ခါ ၃ ခါခန့်ဖွင့်ကာ အမှိုက်ထည့်နိုင်သည်။ ပြဿနာမရှိပါ။ ပုံးပြည့်သည်အထိ နေ့စဉ်ထည့်ပြီး၊ ပြည့်သောအခါ မဖွင့်ပဲ ၂ ပါတ်ထားရမှာ ဖြစ်ပါတယ်။ အတွင်းက ဖိအားများလာပြီး ပွင့်ထွက်လာခြင်းမျိုး မရှိပါ။ လေလုံသည့်အတွက် အနံ့မထွက်ပဲ ပါတ်ဝန်းကျင်ကို အနှောက်အယှက်မဖြစ်ပါ။
အိမ်သုံးအတွက် ပုံးသည် ၅ ရက် - တစ်ပါတ်ခန့်ထည့်ပြီး ပြည့်သည့်အရွယ်ဖြစ်သင့်သည်။ ပြည့်လျှင် ၂ ပါတ်ထားရမည့်ဖြစ်သောကြောင့် ပထမပုံး ပြည့်ပြီး စောင့်နေစဉ်အတွင်း ဒုတိယ၊ တတိယပုံး စသည်ဖြင့် သုံးရမည်ဖြစ်သောကြောင့် ၄ ပုံးခန့် ရှိသင့်ပါသည်။
စားသောက်ဆိုင်လို အမှိုက်ထွက်များသော နေရာများအတွက် ဂါလံ ၅ဝ ဆန့်သော အပြာရောင် ပလပ်စတစ် ပီပါကြီးများဖြင့်ပြုလုပ်သင့်ပါသည်။ မိမိတစ်နေ့တာ ပစ်သောအမှိုက်နှင့် ၂ ပါတ်စောင့်ရမည့် အချိန်ပေါ်မူတည်ပြီး ပုံးအရေအတွက် မည်မျှရှိရမည်နည်း ဆုံးဖြတ်နိုင်ပါသည်။
၅ ဂါလံ သုတ်ဆေးပုံးဟောင်းဖြင့်ပြုလုပ်ထားသော ဘိုကာရှီပုံး တစ်ပုံးလျှင် ကျပ် ၇,ဝဝဝ ဖြင့် ပြုလုပ်ရောင်းချပေးနိုင်ပါသည်။ ရန်ကုန်မြို့တွင်း အရောက်ပို့ပေးမည်။ နယ်ကိုပို့ခပေါင်းပေးရမည်ဖြစ်သည်။
မိမိသည် ဘိုကာရှီနည်းပညာ တတ်နိုင်သမျှ ဝေငှခြင်းသာဖြစ်သည်။ ပစ္စည်းရောင်းတာမဟုတ်ပါ။ သုံးစွဲလိုသူများ အလွယ်တကူ အဆင်သင့် သုံးနိုင်ရန်ရည်ရွယ်၍သာ ဈေးနှုန်းများ ပြောပြရခြင်း ဖြစ်ပါသည်။
အပိုင်း (၃) တွင် အမှိုက်ထည့်ပုံ ထည့်နည်း အပိုင်း (၄) တွင် မြေကြီးတွင်းထည့်နည်း စသည်ဖြင့် ဆက်လက်တင်ပြသွားပါမည်။ အလုပ်မအားသောကြောင့် တခါတည်း အပြီးမတင်နိုင်သည်ကို နားလည်ပေးကြပါရန်။
လေးစားလျက်
ကိုအေးကျော်ကျော်

ဘိုကာရှီ လုပ်ကြမယ် (အပိုင်း ၁)


အင်တာနက်မှာလည်း အများကြီးရှိပါတယ်။ အခု မြန်မာပြည်မှာဘယ်လိုလုပ်မလဲ ရေးပြတာဖြစ်တယ်။ သိကြတဲ့အတိုင်း ဘိုကာရှီဆိုတာ စားကျွင်းစားကျန်တွေကို ဘိုကာရှီဖွဲကြမ်းဖြူးပြီး လေလုံတဲ့ ဗုံးထဲထည့်ရတာ ဖြစ်ပါတယ်။ အဲဒီတော့ ပထမမေးခွန်းက ဘိုကာရှီဖွဲကြမ်း ဘယ်လိုလုပ်မလဲ (သို့) ဘယ်မှာ ဝယ်မလဲ။
၁။ ဘိုကာရှီဖွဲကြမ်း Bokashi Bran ဘယ်ကရမလဲ
ဘုရင့်နောင်ဈေးမှာ ဂျုံစက်တွေက ထွက်တဲ့ ဂျုံဖွဲကြမ်းတွေကို လက်ကားရောင်းတဲ့နေရာ ရှိပါတယ်။ (ဦးဌေးအောင် ဖုန်း ဝ၁-၆၈ဝ ၄၇ဝ )။ ဖွဲကြမ်းပါ။ ဖွဲနုမဟုတ်ပါ။ ဖွဲကြမ်းက အဖတ်အဖတ်လေးတွေ၊ အနုက အမှုန်လေးတွေ။
၁၁ ပိဿာတစ်ထုပ်ကို ၄,၅ဝဝ ကျပ် ပေးရတယ်။ ကီလိုနဲ့ဆို ၁၈ ကီလိုရှိတယ်။ ငါးဂါလံ ဆေးပုံးဟောင်းတစ်ခုထဲမှာ ဂျုံဖွဲကြမ်း ၅ ကီလို ဆန့်တယ်။ ဖွဲကြမ်း ၅ ကီလိုကို ရေသန့် ၃ ပုလင်း၊ အသင့်သုံး EM အရည် တစ်လီတာရဲ့ သုံးပုံတစ်ပုံ နှုန်းနဲ့ ရောရမယ်။ (ရေက အသင့်သုံး EM ရဲ့ ဆယ်ဆနှုန်း) ရေသန့်လို့ပြောရတာက စည်ပင်က လာတဲ့ရေမှာ ကလိုရင်းခတ်ထားတတ်လို့ EM အရည်ထဲမှာရှိတဲ့ Micro-organism အကျိုးပြု အနုဇီဝပိုးတွေကို သေစေနိုင်တဲ့အတွက် ရေသန့်သုံးခိုင်းတာ။ ကိုယ်အိမ်ဝင်းအတွင်းက အဝီစိတွင်း၊ ရေတွင်းက ဆေးမခတ်ထားဘူးဆိုယင် သုံးလို့ရပါတယ်။
အသင့်သုံး EM အရည်ကို တစ်လီတာ ၁,ဝဝဝ ကျပ် နဲ့ မြေပဒေသာကျွန်းက စိုက်ပျိုးရေးဘွဲ့ရများ အသင်းအရောင်းဆိုင်မှာ ဝယ်လို့ရတယ်။ မာလာမြိုင် စိုက်ပျိုးပစ္စည်းအရောင်းဆိုင်မှာလည်းရမယ်ထင်ပါတယ်။ ပုံမှာပြထားသလို ကိုယ့်အိမ်သူအိမ်သားတွေ၊ တပည့်တပန်းတွေနဲ့ တပျော်တပါးကြီး ဖွဲကြမ်းတွေ နယ်ကြပေါ့။ ပြီးယင် ငါးဂါလံ ဆေးပုံးဟောင်းထဲထည့်၊ လေလုံအောင်လုပ်ပြီး ၂ ပါတ်ထား၊ ဖွင့်လိုက်ယင် အချဉ်ပေါက်နေတဲ့ အနံ့၊ ရှာလကာရည်အနံ့၊ ပအုန်းရည် အနံ့လိုမျိုး ရမယ်။ ဂျုံနံ့နဲ့ ပေါင်းပြီး မုန့်နံ့မွှေးမွှေးလေး ထွက်နေမယ်။ ပြီးယင် အခြောက်လှန်း။ ဖွဲကြမ်းထဲ အရည်တွေ စိမ့်ဝင်နေလို့ ၂ ရက်လောက် အထက်အောက် မကြာခဏ မွှေပေးပြီးလှန်းရမယ်။ ခြောက်မှ ကြာကြာအထားခံမယ်။
ဒါက ကိုယ်တိုင်လုပ်မယ့်သူတွေ။ စားသောက်ဆိုင်လို များများစားစား သုံးမယ့်သူတွေ သည်နည်းကို သုံးသင့်တယ်။ ဂျုံဖွဲကြမ်းကို နယ်ကဝယ်မယ်ဆိုယင် အဲဒီမြို့က ဘယ်ဆိုင်မှာ ဝယ်လို့ရမလဲ ဘုရင့်နောင် ဒိုင်ကို ဖုန်းဆက်မေးကြည့်နိုင်တယ်။ ဒါတွေက တိရိစ္ဆာန်အစာအနေနဲ့ ရောင်းကြတာဆိုတော့ မြို့တကာ ရှိနိုင်တယ်။ တကယ်လို့ မရှိယင်ပြောပါ။ ဝယ်ပြီး ပို့ပေးမယ်။ EM လဲ ဝယ်ပို့ပေးလို့ ရပါတယ်။
အိမ်သုံးအတွက်ကတော့ အသင့်လုပ်ပြီးသားကိုပဲသုံးပါ။ ၂၅ဝ ဂရမ် (ဝ.၂၅ ကီလို) ပလပ်စတစ်အိတ်နဲ့ ထည့်ပြီး ၅ဝဝ နဲ့ ရောင်းပေးမယ်။ ဒီတစ်ထုပ်က ငါးဂါလံ ဆေးပုံးဟောင်းတစ်ခုအတွက် လောက်တယ်။ လိုနဲနဲ ပိုနဲနဲပဲ။ လောလောဆယ်ဆယ်တော့ ၁၅ ထုပ်လောက်ပဲရှိတယ်။ ရောင်းဖို့ မဟုတ်ပဲ ကိုယ့်ဖါသာကိုယ်သုံးဖို့ လုပ်ထားတာမို့။ ထပ်လုပ်ထားမယ်။ နောက် ၂ ပါတ်ကျော်ယင် များများစားစား ရပါပြီ။ နယ်လဲ ပို့ပေးမယ်။ ရန်ကုန်ကဆို အိမ်ကိုလာပို့ပေးမယ်။ နဲနဲတော့ စောင့်ပါ။
အပိုင်း (၂) မှာ ဘိုကာရှီပုံး Bokashi Bin လုပ်နည်းကိုပြောပြပါ့မယ်။ ကိုယ့်ဖါသာကိုယ် လုပ်နိုင်သလို လုပ်ပြီးသားလည်း ရောင်းပေးမယ်။ ပုံးထဲ ဘယ်လိုထည့်ရမလဲ၊ ဆောင်ရန် ရှောင်ရန်တွေ၊ မြေကြီးထဲ ဘယ်လိုမြှုပ်ရမလဲ စတာတွေ အပိုင်း (၃) (၄) ဖြင့် ဆက်လက်တင်ပြသွားပါ့မယ်။
လေးစားလျက်
ကိုအေးကျော်ကျော်

'မဖြေရှင်းနိုင်သေးသော ကမ္ဘာပေါ်မှအဖြစ်များ'


Voynish Manuscript(Voynish ၏စာမူ)'
ရှေးဟောင်းစာအုပ်စုဆောင်းသူ ရောင်းချသူပိုလန်-အမေရိကန်ကပြား Wilfriend.M.Voynish ရရှိခဲ့၍Voynish Manuscript ဟု အမည်ပေးထားသော ထိုစာအုပ်သည်စာမျက်နှာ၂၄၀ ပါဝင်ပြီး မည်သည့်ဘာသာဖြင့်ရေးသားထားမှန်းမသိရသောစာတစ်လုံးမှအဓိပ္ပာယ်မဖော်နိုင်သော မည်သူမျှနားမလည်သော ထူးဆန်းသည့်စာအုပ်ဖြစ်သည်။အရောင်စုံစွာရေးချယ်ထားသော ထူးဆန်းသည့်ပုံများ ဖြစ်ရပ်များ ကမ္ဘာပေါ် ရှိမည်သည့်မျိုးစိတ်နဲ့မှမကိုက်ညီသော အပင်ပုံများ လျို့ဝှက်သောအစီအစဉ်များဖြင့်ပြည့်နေသောထိုစာအုပ်၏စာမျက်နှာများကို အဓိပ္ပာယ် ဖော်နိုင်ရန်လွန်စွာခက်ခဲနေသည်။ထိုစာအုပ်(စာမူ)၏မူလရေးသူ ကိုမည်သူမှန်းလဲမသိရပေ။သို့သော်လည်း Carbon dating ကာဗွန်ဓာတ်ခွဲနည်းဖြင့်စာမျက်နှာများကိုစစ်ဆေးကြည့်သောအခါ ထိုစာအုပ်သည်၁၄၀၄ ခုနှစ် နှင့် ၁၄၃၈ ကြားအချိန်တစ်ခုခုဖြစ်မည်ဟု ခန့်မှန်းရသည်။ထို့ကြောင့် ကမ္ဘာ့အထူးဆန်းဆုံး လက်ရေးစာမူဟုသတ်မှတ်ထားခြင်းဖြစ်သည်။မူလအစနှင့်သဘာဝအကြောင်း သီအိုရီများစွာပါရှိနေသည်။တချို့ပညာရှင်များက ထိုစာအုပ်သည် ဆေးပင်များအကြောင်း ဆေးပညာစာအုပ်ဟုယူဆထားသည်။အဂ္ဂိရိတ်ဆရာများ၏စာအုပ်ဟုလည်းယူဆကြသည်။အာကာသမူလရင်းမြစ်များဟုယူဆရသောပုံများ မခန့်မှန်းနိုင်သောဇီဝဗေဒဆိုင်ရာပုံစံများလည်းပါရှိသောကြောင့်တချို့ပညာရှင်များက တခြားကမ္ဘာမှဂြိုလ်သားများ၏စာအုပ်လား ဟူ၍တွေးတောကြသည်။အားလုံးလက်ခံထားသောအချက်တစ်ခုမှာ ထိုစာအုပ်သည် 'အတုအယောင်' လုံးဝမဟုတ်ကြောင်းဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ထိုစာအုပ် ကိုပြုလုပ်ရန် မရေတွက်နိုင်သောအချိန် ငွေ အသေးစိတ်ပြုလုပ်ရမည့်အရာများကိုလူတစ်ယောက်မလုပ်နိုင်သောကြောင့်ဖြစ်သည်။
ထိုစာမူသည်ယခုချိန်တွင် Yale University စာကြည့်တိုက် တွင် သိမ်းဆည်းထားသည်။
'Beale Cipher(Beale ၏စကားဝှက်)'
Beale Cipher သည်အပိုဒ်သုံးခု ဖြင့်တည်ဆောက်ထားသောစကားလိမ်တစ်ခုဖြစ်ပြီး U.S သမိုင်းတွင်အကြီးကြယ်ဆုံးတစ်ခုဟုယူဆရသော ရတနာသိုက်ကိုညွှန်ပြထားသည်ဟုယူဆကြသည်။ထိုရတနာများ၏မူလပိုင်ရှင်ကို ၁၈၁၈ ခုနှစ်ခန့်က Colorado တွင်နေထိုင်သူ Thomas Jefferson Beale ပိုင်ဆိုင်သည်ဟု ခန့်မှန်းထားသည်။Beale သည် ထိုရတနာများကိုမြှပ်နှံကာ တည်နေရာကိုစကားလိမ်၃ခုဖြင့်ဝှက်ထားခဲ့သည်။ထိုစကားလိမ်သုံးခုထဲမှ ဒုတိယတစ်ခုကိုသာ အဖြေရှာနိုင်ပြီးပထမနှင့်နောက်ဆုံးတစ်ခုကို အဖြေရှာမတွေ့ပေ။ရှာတွေ့သော အဖြေမှာထိုရတနာများကိုမြှပ်နှံထားသည့်နေရာမှာ Virginia ရှိBedfod County VA ဖြစ်ပြီး မည်သည့်နေရာတွင်ရှိသလဲကို ယခုထိမသိပေ။ဒုတိယနှင့်တတိယစကားလိမ်နှစ်ခုဖြည်နိုင်မှသာ ရှာတွေ့မည်ဖြစ်သည်။ယနေ့အချိန်ထိ ရတနာသိုက်ရှာဖွေသူများ U.S တာဝန်ရှိသူများရှာဖွေနေသော်လဲ အဖြေမတွေ့ပေ။
'The Immortal Count(မသေသောသူ)'
လူတစ်ယောက် ထာဝရမသေပဲ အသက်ရှင်နိုင်သည်မှာ ဖြစ်နိုင်ပါသလား?အဓိပ္ပာယ်မရှိသောအရာဖြစ်သည်။သို့သော်Count De Saint Germain ဆိုသောသူမှလွဲ၍။သူသည် ပဟေဠိများဖြင့်ပြည့်နေသော သူတယောက်ဖြစ်သည်။အဘယ့်ကြောင့်ဆိုသော်သမိုင်းတစ်လျှောက်တွင် သူသည်နာမည်ကြီးဘုရင်များ မြို့စားများနှင့် ပတ်သက်ခဲ့သောသဲလွန်စများတွေ့ရှိရသောကြောင့်ဖြစ်သည်။Casanova,Madame De Pompadour,Voltaire,King Louis XV,Catherine the Great,George Washington နှင့်တခြားသူများနှင့် ပတ်သက်ခဲ့ပြီး သဲလွန်စများစွာချန်ထားခဲ့သည်။သူ့ကိုဘယ်အချိန်မွေးသည် ဘယ်ကလာသည်ဟူ၍မည်သူမျှမသိပေ။Transylvania မှဘုရင်၏သားတော်ဟုလည်းပြောဆိုကြသည်။သူနှင့်ပတ်သက်၍ သေချာသိသောအရာတစ်ခုမှာ သူသည် အဂ္ဂိရိတ်ဆရာ တစ်ယောက်ဖြစ်ခြင်းပင်။အများစုက သူ့ကို သာမန်သတ္တုမှ ရွှေစင်ရွှေသားအစစ်သို့ ပြောင်းလဲနိုင်သောအတက်ပိုင်ဆိုင်သည်ဟုပြောဆိုကြသည်။ဘာသာစကားများစွာပြောဆိုနိုင်ပြီး အတက်ပညာများစွာကျွမ်းကျင်သည်။၁၇၄၀ နှင့် ၁၇၈၀ ကြားကာလတွင်သူသည်မသေဆေးကို ရှာဖွေ တွေ့ရှိသည်ဟုကြေညာခဲ့ပြီး ဥရောပတစ်ခွင် ကြော်ကြားခဲ့သည်။သို့သော် ထိုကာလအတွင်းသူ၏ရုပ်ရည်မှာ အို မသွားခဲ့ပေ။၁၇၈၄ တွင် သူသေဆုံးသွားသည်။ထို့ကြောင့်သူ့ကို'မသေသောသူ'ဟုခေါ်စရာအကြောင်းမရှိတော့ပေ။သို့သော်လည်း ၁၉ရာစုတလျှောက်လုံးနှင့်၂၀ရာစုအထိသူ့ကိုတွေ့နေရဆဲဖြစ်သည်။၁၇၈၅ ခုနှစ်တွင်သူ့ကို ဂျာမနီတွင်Anton Mesmer နှင့်တွေ့ရသည်။၁၇၈၅ ခုနှစ် Freemasonary ဂိုဏ်းက သူ့ကိုrepresentative အဖြစ်တရားဝင်ဖော်ပြသည်။၁၇၈၉တွင် Comtesse d' Adhemar က သူမနှင့် Count De Saint Germain တွေ့ဆုံခဲ့ကြောင်းတရားဝင်ပြောကြားသည်။၁၈ရာစုနှစ်က ဖီလော်ဆိုဖာ Voltaire ကလည်း သူနှင့်တွေ့ခဲ့ကြောင်း ပြောကြားခဲ့သည်။အဖြစ်မှန်အရာအာလုံးကို သမိုင်းကသာ သိပေလိမ့်မည်။'Green Children(အစိမ်းရောင်မောင်နှစ်မ)'
King Stephenလက်ထက် England ပြည်(1135-1154)ကနေ့တစ်နေ့တွင် Woolpit ရွာသူရွာသားများသည် သူတို့ရွာ၏ဘေးနားတွင် လမ်းပျောက်နေသော မောင်နှမနှစ်ယောက်ကို တွေ့လိုက်ရသည်။ထူးဆန်းသည်မှာ နှစ်ယောက်လုံး၏အသားအရေသည် အစိမ်းရောင်ဖြစ်နေပြီး ဘာသာစကားမှာလည်းနားမလည်သောစကားများပြောကြသည်။အဝတ်အစားများမှာလည်း ထူးဆန်းစွာဝတ်ဆင်ထားကြသည်။ထိုမောင်နှမနှစ်ယောက်သည် ပဲ မှလွဲ၍တခြားအစားအစာအားလုံး စားသုံးရန်ငြင်းဆန်ကြသည်။ကာလအတော်ကြာEnglish စကားလေ့လာပြီး အစားအစာများစတင်စားသောက်လာသောအခါ သူတို့အသားအရေသည် အစိမ်းရောင်မှမူလအရောင်သို့ ပြောင်းလဲသွားသည်။ထိုမောင်နှစ်မနှစ်ယောက်ပြောပြချက်အရ သူတို့နှစ်ယောက်လာခဲ့သော နေရာမှာ နေရောင်သည် ဘယ်တော့မှမှိန်မသွားပဲ ညနေဆည်းဆာပုံစံဖြင့်အမြဲတမ်းလင်းနေကာ သူတို့နေရာမှလူများသည်လည်း အစိမ်းရောင်ပင်ဖြစ်ကြောင်း ပြောပြလေသည်။သူတို့မောင်နှစ်မနှစ်ယောက်သည် ဂူတစ်ခုအတွင်းမှ ခေါင်းလောင်းသံကြားသဖြင့်ထိုအသံနောက်လိုက်ရာမှရောက်လာခဲ့ကြောင်းရှင်းပြသည်။မောင်ငယ်ဖြစ်သူသည် အဖျားရောဂါကြောင့်သေဆုံးသွားသော်လည်း အစ်မဖြစ်သူသည် သင့်တင့်မျှတအောင်နေထိုင်သွားခဲ့လေသည်။ပညာရှင်များတွေးခေါ်သူများက ထိုမောင်နှစ်မနှစ်ယောက်သည်မြေအောက်ကမ္ဘာ (Hallow Earth)မှလာသောသူများဖြစ်နိုင်ကြောင်း သို့မဟုတ် ET များကခေါ်ဆောင်သွားသူများ ဖြစ်နိုင်ကြောင်းထောက်ပြခဲ့သည်။လက်မခံသူများရှိသော်လည်း ထိုမောင်နှစ်မနှစ်ယောက်သည် ယခုထိမဖြေရှင်းနိုင်သော အရာတစ်ခုဖြစ်သည်။

'China's dwarf village(တရုပ်ပြည်မှလူပုကျေးရွာ)'
ရွာ ဆိုသည်မှာမထူးဆန်းပေ။တရုတ်ပြည်မှရွာသည်လည်းပဲ မထူးဆန်းပေ။သို့သော် စီချွန် စီရင်စု ရှိ ယန်စီ ကျေးရွာမှ လူများကိုမူ သိပ္ပံပညာရှင်များ ကျွမ်းကျင်သူများကလွန်စွာစိတ်ဝင်စားကြသည်။မည်သို့ကြောင့်စိတ်ဝင်စားကြသနည်း။ရွာသူရွာသားစုစုပေါင်း၈၀ခန့်သာရှိပြီး တစ်ဝက်ခန့်မှာ လူပုများ ဖြစ်နေခြင်းကြောင့်ပင်။ကောလဟာလတစ်ခုအရ လွန်ခဲ့သော နှစ်ပေါင်း၆၀ခန့်က ထူးဆန်းသောရောဂါတစ်မျိုး ထိုရွာလေးတွင်ပေါ်ပေါက်လာသည်။၅နှစ်နှင့်၇နှစ်အတွင်းကလေးငယ်များထိုရောဂါကိုအများဆုံးခံစားခဲ့ရပြီး အကျိုးဆက်အဖြစ်ခန္ဓာကိုယ် ဖွံ့ဖြိုးမှုရပ်တန့်သွားခဲ့သည်။ပညာရှင်များက ခန္ဓာကိုယ် ဖွံ့ဖြိုးနှုန်း ရပ်တန့်မှု မှာလူ ၂၀၀၀၀ တွင် ၁ယောက်သာဖြစ်နိုင်ခြေရှိရာ ယန်စီရွာလေးတွင်ဖြစ်ပေါ်နေသောအရာသည်လွန်စွာထူးဆန်းနေပေသည်။ထို့ပြင် ထို လူပုလေးများမှမွေးဖွားသောကလေးငယ်များသည်လည်း ၃ပေထက်ပိုမကြီးတော့ပေ။တရုတ်အစိုးရသည် ထိုရွာလေးထံသို့ အလည်မလာနိုင်ရန်ပိတ်ပင်ထားသည်။ရွာသားများကမူသူတို့၏ဘိုးဘေးဘီဘင်များ၏ဒေါသကိုခံစားနေရကြောင်းယုံကြည်ကြသည်။တချို့ကမူ ပြသနာ က လိပ် တစ်ကောင်ကြောင့်ဟုပြောကြသည်။ရွာသားတချို့က အနက်ရောင်လိပ်တစ်ကောင်ကို ဖမ်းဆီးကာ ချက်ပြုတ်စားသောက်ကြပြီးနောက်တွင် ထိုရောဂါစတင်ဖြစ်ပေါ်လာသည်ဟုပြောကြားကြသည်။မည်သို့ပင်ဖြစ်စေထိုရွာလေးသည်ယခုထိလူပုကလေးများဖြစ်နေရသောအကြောင်းကိုအဖြေရှာမရသေးပေ။
 
ဒါတွေက ကျွန်တော် လျှောက်ကြည့်ရင်းနဲ့တွေ့မိတဲ့အရာလေးတွေကို ဘာသာပြန်ရေးထားတာပါ အမှားပါသွားရင်ခွင့်လွှတ်ပါ

Credit to> Arkar Nyein

အသဲရောဂါ ပျောက်ဆေး


မဟာဗောဓိရိပ်သာမှာ
ဒကာမကြီး တစ်ယောက်
အသဲရောဂါ ဖြစ်တာ
ဆေးရုံ က
၆လ ခံမယ်ပြောတာ
ဆေး တစ်မျိုးနဲ့တည့်ပြီး
ခုဆို
ခြောက်နှစ်တောင် ကျော်ပြီ
သွားသွားလာလာ ပဲ ၊

တောင်ကြီးက
အမျိုးထဲက
တစ်ယောက်ကလဲ
ရေဖျဉ်းဆွဲ
နေတယ်ပြောလို့
အဲဒီ
ဆေးပေးလိုက်တာ
ဗိုက်ကို ရေဖောက်မထုတ်ပဲ
ထပ်မကြီးအောင်
ဆရာဝန်က ဆေးသွင်းပေးပြီး
ပေးလိုက်တဲ့ဆေးပဲ သောက်တာ
ဗိုက်ကြီး ပိန်ပြီး
နေကောင်းလို့ ခုဆို
သွားသွားလာလာ ဖြစ်နေပြီ ၊
ဆေးနည်းက
အိန္ဒိယ ဆောင်းမေခါး ၂ဆ
ကွက္ကရာ၁ဆ
နှမ်းဆီ နဲ့ ပြစ်ပြစ်ဖျော်
မနက် တစ်ကြိမ်
ည တစ်ကြိမ်
အစာစားအပြီး
လဘက်စားဇွန်းနဲ့
တစ်ဇွန်း သောက်ရပါတယ် ၊
အသဲရောဂါ အမျိုးမျိုး
အသဲကင်ဆာ
အသဲခြောက်
ဘီပိုး စီပိုးလဲ
ပျောက်တယ်လို့
ပြောကြပါတယ် ၊
ရေဖျဉ်းဆွဲ တာ
ပျောက်တာတော့
လက်တွေ့ ပါပဲ ။
[မန္တလေး မှာတော့ ပရဆေး ဆိုင်မှာ
တစ်ဖုံကို သုံးသောင်းကျော် ပေးဝယ်
ရပါတယ် ]
----- ------ ------ ------ ------
Comment မှာ
မေးတာတွေများတော့
ပြန်ဖြေရင်း
နောက် ဖတ်သူတွေက
အသစ်မေးပြန်ရင်းနဲ့
ထပ်ဖြည့်ရေးမှဖြစ်မယ်လို့
တွေးမိပါတယ် ၊
ဆေးက
ဆောင်းမေခါး
နှစ်ဆယ်သား
ကွက္ကရာ
တစ်ဆယ်သား ကို
ပရဆေးဆိုင် က
ရောပေးလိုက်တာပါ၊
နှမ်းဆီ ဘယ်အချိုးအစား
ထည့်ရမလဲ
မေးကြပါတယ်
ခတ်ပြစ်ပြစ်လေးပါ
ခဲခဲကြီးလဲမဟုတ်
ကျဲကျဲလဲမဟုတ်ပါ ၊
ပရဆေးဆိုင် တိုင်းမှာ
မှာပြီး ၀ယ်လို့ရပါတယ် ၊
မန္တလေး မှာ
အဲ့ဒီ တစ်ဖုံကို
၃၂၅၀၀ကျပ်ပေးရပါတယ်
ရေဖြင်း ဆွဲတဲ့
အမျိုးကို
ဆေးတစ်ဖုံပေးလိုက်တာ
အကုန်သောက်တာ
ဗိုက်ချပ်သွားပါတယ်
ဗိုက်ထပ်မဖောင်းအောင်
အင်္ဂလိပ်ဆရာဝန်က
ဆေးသွင်းပေးတယ်ပြောပါတယ်
ဗိုက်ဖောက်ပြီး ရေမထုတ်ပဲ
ဆေးသောက် တာနဲ့တင်
ပျောက်ပါတယ် ၊
ကင်ဆာရောဂါ ပျောက်တဲ့
ဒကာမကြီး ကို
ပြန်မေးကြည့်တော့
ဒေါက်တာ သံစစ်က
ကင်ဆာရောဂါ စနေပြီ
၆လပဲခံမယ်ပြောတော့
တစ်နှစ်လောက်
ဆေးကို
လဖက်စားဇွန်း နှစ်ဇွန်း
နံက်, ည
သောက်ခဲ့ပါတယ်တဲ့
တစ်နှစ်ကျော်တော့
တစ်ဇွန်း ပဲသောက်ခဲ့တာ
ခုထိပဲတဲ့
ဆေးသောက်တာ
၆နှစ်ကျော်ပြီ ဆိုတော့
တစ်ဇွန်းသောက်တာ
၅နှစ်ကျော်ပြီပေါ့၊
ဘေးထွက်ဆိုးကျိုး
မရှိလို့
ဆက်သောက်နေပါတယ်တဲ့၊
ဆရာလေးရဲ့
အမေလဲ
အသဲအဆီဖုန်းလို့
တစ်လ ကျော်
တိုက်ကြည့်တာ
သက်သာတယ်လို့
ပြောပါတယ် ၊
ဥာဏ်ရှိသလို
ကံရှိသလို
အသုံးပြုပြီး
ကျန်းမာ
ချမ်းသာ
သီလသမာဓိပညာ တွေလဲ
ကျင့်သုံးနိုင်ကြပါစေသော်။

Credit to > Sayar Lay

''ရှေးဟောင်း ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းပေါ်က တနင်္သာရီ''


တနင်္သာရီမြို့သည် ရှေးဟောင်း ကမ္ဘာ့ ရေကြောင်း ဆိပ်ကမ်းမြို့တမြို့ မှန်နန်းရာဇဝင်၊ ရှေးဟောင်းတရုပ်မှတ်တမ်းများနှင့် အနောက်ဥရောပမှတ်တမ်းများက အကြိမ်ကြိမ်
မှတ်တမ်း တင်ခံရသော ရှေးဟောင်းမြို့တမြို့ဖြစ်ပါသည်။
၁၅၀၅-၁၅၀၆ ခုနှစ်တွင် တနသာင်္ရီမြိုက သို့ရောက်ရှိခဲ့သော အီတလီ စာရေးဆရာ ဝါသေးမာ သည်တနင်္သာရီ ဒေသ၏ ဒေသံသယတွေ့ရှိချက်များနှင် တင်္သာရီ
အိန္ဒိယဆက်ဆံရေးကိုပါ မှတ်တမ်းတင်ခဲ့ရာ လွန်စွာစိတ်ဝင်စားဘွယ်ရာကောင်းသော ပထဝီဝင်၊ သမိုင်း၊ စီးပွါးရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို
တစေ့တစောင်း လေ့လာမှတ်သားနိုင်ရန် ကူးယူ ဘာသာပြန်ထားပါသည်။
''အေဒီ ၁၅ ရာစုအတွင်းတနသာင်္ရီဟာ အရှေ့တောင်အာရှဒေသ မြန်မာနိုင်ငံရဲ့အရေးပါတဲ့ကုန်သွယ်ရေးဆိပ်ကမ်းမြို့တမြို့ဖြစ်ခဲ့တယ်လို့ ဒီကွန်တီ ကရေးခဲ့တယ်။ အေဒီ ၁၆
ရာစုနှစ်အစမှာလည်း အီတလီစာရေးဆရာ ဝါသေးမာ ကလည်း ခရီးသွားမှတ်တမ်း ရေးခဲ့တယ်။ ဒါတွေကတော့......
'' ဒီဒေသဟာ ပင်လယ်ကမ်းအနီးတွင်ရှိသည်။ တနသာင်္ရီဘုရင်ကြီးသည် စာရေးဆရာ၏ ဘာသာနှင့်မတူသော ဘာသာခြားဘုရင်တပါးဖြစ်သည်။
တနသာင်္ရီမှ လာသော ငြုပ်ကောင်း၊သစ်ကြပိုး၊လေးညှင်း၊ဇာတိပ္ဖိုလ်သီး-ပွင့်၊ galangal (ပတဲကောကြီး) ၊ တို့ကိုစားသုံးကုန်အဖြစ်အသုံးပြုတယ်။ဒါပေမဲ့ ပရုပ်ကိုမသုံးကြပါ။ဒီနေရာက
အိန္ဒိယရဲ့ ဟင်းခတ်အမွေးကြိုင် ပထမဈေးကွက် တကယ်ဖြစ်ခဲ့တယ်။ A.D 1505-1506 ခုနှစ်လောက်မှာ မြန်မာတပြည်လုံးရဲ့ မှတ်တမ်းကို ရေးသားသည့်အထဲမှာ
သီးခြား လာရောက်လည်ပတ်တဲ့ အီတလီနိုင်ငံသား Bologna ဇာတိဖြစ်တဲ့ လူဒိုဗိကို ဒီ ဝါသေးမ က တနသာင်္ရီအကြောင်းကို အထူးတလည် ထုတ်ဖေါ်ပြောဆိုခဲ့တယ်။ အိန္ဒိယတောင်ဘက်ပိုင်းရှိ ကိုလိုမင်ဒယ် လို့ခေါ်တဲ့ ဆိပ်ကမ်းတခုမှာ တသာင်္ရီအကြောင်းကို ကြားခဲ့ရပါတယ်။ တနင်္သာရီဘုရင်နှင့် ပြည်သူတွေကို စစ်ပွဲတခုမှာ တွေ့ခဲ့ရတယ်၊ အိန္ဒိယတောင်ပိုင်းမှာရှိတဲ့ ပူလီကပ် ကိုတိုက်ခိုက်အောင်မြင်ခဲ့ပါတယ်။ တိုက်ပွဲရဲ့ရလဒ်ကတော့ စီလွန် နှင့် ပဲခူးမှ လာကြတဲ့သူတွေက ရောင်းကုန်တွေအတွက် အကန့်အသတ်မရှိ
ကုန်ကူးသန်းရောင်းဝယ်မှု အခွင့်လမ်းနှင့်အတူ အထူး ရတနာရောင်းဝယ်ရေးကုန်းသွယ်မှုကို ရခဲ့တယ်။
စာရေးသူက ပူရီကတ်မှ မိုင်တထောင်ဝေးတဲ့ တနသာင်္ရီမြို့ကို ရေလမ်းဖြင့်သွားခဲ့တယ်၊ ၁၄ ရက်ကြာတဲ့အခါမှာ တနသာင်္ရီမြို့ကိုရောက်ခဲ့တယ်။
တနသာင်္ရီမြို့ဟာ ပင်လယ်ပြင်အနီးတွင်ရှိတယ်၊ ရေမြေခံကောင်းတယ်၊ သဘောင်္ဆိပ်ကမ်းကောင်းရှိတယ်၊ မြောက်ဖက်သို့စီးနေသော မြစ်တစင်းရှိတယ်၊ ဘုရင်ကြီးသည်
ရုပ်တုကိုးကွယ်သူဖြစ်တယ်၊ အလွန် တန်းခိုးအင်အားနှင့် ပြည်စုံသူဖြစ်တယ်၊ သူသည် အိန္ဒိယတောင်ပိုင်း ဘုရင်ခံ ဘာစီယာနာဂါ ၏လက်အောင်ခံဖြစ်သော ပူလီကပ်ဘုရင်
နာဆင်းဂါး နှင့် အမြဲစစ်ဖြစ်နေလေ့ရှိတယ်၊ထို့အပြင် ဘင်္ဂလားဘုရင် ဘင်ဟာလာနှင့်လည်း စစ်ဖြစ်နေတယ်။ သူ့တွင်လက်နက်များ တပ်ဆင်ထားသော စစ် ဆင် ပေါင်း တစ်ရာ
ရှိတယ်၊ ဤမျှ ကြီးမားသောဆင်ကိုမမြင်ဖူးသေးပါ၊ တနသာင်္ရီဘုရင်ကြီးသည် မြင်းတပ်နှင့် ခြေလျင်တပ်သားများ အပါအဝင် စစ်အင်အား တသိန်းကို အမြဲတမ်းဖွဲ့ထားတယ်၊ သူတို့၏
လက်နက်များမှာ ဓါးနှင့် ကာဖြစ်တယ်၊ အချို့ ကာများမှာ လိပ်ခွံနှင့် လုပ်ထားတယ်၊ လှံများ လေးမြားများလည်း သုံးသည်၊ သစ်သား၊ ကြိမ်ဝါးများနှင့်လုပ်တယ်၊ စစ်ချီသောအခါ
ဂွမ်းများနှင့် လုပ်ထားသော စစ်ဝတ်စုံကို ဝတ်ကြသည်။ သစ်ကောင်း ဝါးကောင်းများ အလျှံပယ် ရှိတယ်၊ အလွန်လှပသော ဥယျာဉ်ခြံများကို တွေ့ရပြီး၊ လှပသော ပန်းမာလ်များကို
တွေ့ရတယ်။
တနသာင်္ရီတွင် နွား၊ သိုး၊ ဆိတ်၊ အမြောက်အများ မွေးမြူကြတယ်၊ ဝက်၊ ဆတ်၊ သမင်၊ ဒရယ်၊ ဝံပုလွေ၊ ချေငယ်၊ စိုင်၊ ဆတ်၊ တောကြောင်၊ ကြောင်နံ့သာ၊ ခြသေ့င်္၊ ဒေါင်း၊ စွန်ရဲ၊
သိမ်း၊ ကြက်တူရွေးဖြူ ၊ တခြား အရောင် ခုနှစ်မျိုးပါသော အလွန်လှပသော ကြက်တူရွေးများလည်းရှိတယ်၊ ဒီနေရာမှာ ယုန်များ နှင့် ခါငှက်များရှိတယ်၊ ဒါပေမဲ့ ကျွန်တော်တို့အီတလီနှင့် မတူဘူး၊ တခြားမျိုးကွဲငှက် ဖြစ်တဲ့ သိမ်းငှက်များက ကျွန်တော်တို့နေရာက သိမ်းငှက်ထက်ပိုကြီးတာ ရှိသေးတယ်၊ ဒီငှက်ရဲ့ အပေါ်ပိုင်းနူတ်သီးက
ဒါးရှည်တချောင်းကဲ့သို့ အသုံးဝင်ပါတယ်၊ သူတို့ရဲ့နူတ်သီးက အဝါရောင်နှင့် အနီရောင်တွေအဖြစ် အလွန်လှပစွာ တွေ့မြင်နိုင်ပါတယ်၊ အထက်ကပြောခဲ့သလို ငှက်တွေရဲ့အရောင်တွေက အမဲရောင်၊ အနီရောင်၊ နှင့် အချို့အမွေးတွေက အဖြူရောင်တွေဖြစ်တယ်၊ ကြက်မတွေက ကျွန်တော်တို့မြင်ဘူးတာထက် သုံးဆလောက်
ပိုကြီးမားလှတယ်၊
မြို့တော်တွင်း နေထိုင်စားသောက်ကြပုံကို ပြောရလျှင် သူတို့သည်အမဲသားမှ အပ၊ ကျန်သားငါး အားလုံးကိုစားသည်၊ အလွန်လှပသော သစ်သား၊ ယွန်းခွက်၊ ပန်းကန်များနှင့်
ကြမ်းပြင်တွင် ထိုင်စားကြသည်။သူတို့သည် အချိုရည် ဆမ်းထားသော အရည်ကို သောက်သည်၊ မြေပြင်မှ အမြင့် အိပ်ရာတွင် ချည်ပိုး အဝတ်များနှင့် ခင်ထားသော အိပ်ရာတွင် အိပ်ကြသည်၊ အချို့ကုန်သည်များသည် အလွန်လှပသော ချည်ထည်၊ ပိုးထည်များဖြင့် ပြုလုပ်သော ရှပ်အင်္ကျီကို ဝတ်ကြသည်၊ များသောအားဖြင့် ဖိနပ်မစီးကြပါ၊ နားတွင် ရတနာ အပြည်အစုံ ပန်ဆင်ကြသည်။ တစ်စုံတစ်ယောက်မျှ လက်စွပ်အဖြစ် ရတနာတွေဝတ်တာ မမြင်ရပါဘူး၊ တနသာင်္ရီသားတို့သည် အသားလတ်သည်၊ ကာလီကပ်ထက်
ရာသီဥတုအေးသောကြောင့် အသားလတ်ကြခြင်းဖြစ်သည်။
သူတို့၏စာ ရေးသာပုံမှာ ကျွန်ုပ်တို့ကဲ့သို့စက္ကူပေါ်တွင်ရေးသည်၊ ကာလီကပ်မှာကဲ့သို့ သစ်ပင်ကသစ်ရွက်တွေနှင့် ရေးတာမဟုတ်ပါဘူး ၊ သူတို့သည် အမှုအခင်းဖြစ်လာလျှင် ဘုရင်ခံထံ သွားကြသည်၊ ဘုရင်ခံက အမှုအခင်းကို လျင်စွာ ဖြေရှင်းပေးသည်။ သူတို့သည် သဘောင်္အမျိုးမျိုးကိုသုံးကြသည် အလွန်ကြီးသော သဘောင်္များလည်းရှိသည်၊ ဝမ်းကျယ်ပြီး ပြားသောသဘောင်္များကိုလည်းသုံးသည်၊ ရေငယ်ရေတိမ် ပိုင်းတွင် သွားလာနိုင်စေရန်ဖြစ်သည်၊ တခြားအမျိုးစားမှာ လှေဦးခေါင်းပိုင်းနှင့် လှေပဲ့ပိုင်းကို ပုံစံတူ
တည်ဆောက်ထားပြီး တက်မ နှစ်ခုနှင့် ရွတ်တိုင် နှစ်တိုင်ပါရှိတယ်၊ ကုန်းပတ် အဖုံးမပါရှိပါ။

Old Burma by U Myo Min,Hanthawaddy Publication 1947, Page 15,16,17 မှ ကူးယူ ဘာသာပြန်ထားပါသည်။
ဝန်ခံချက်။ ။ ဘာသာပြန်ရာတွင် ဒေါက်တာ ခင်မောင်ညွန့်၏ ခရီးသွားစာပေ စာအုပ်ထဲမှ တချို့ကိုမှီငြမ်းထားပါသည်။ ၊ ၎င်းဘာသာပြန်မှုတွင် လိုအပ်နေပါက Tanantharyi Page ဝိုင်းတော်သားများ၏အားနည်းချက်သာဖြစ်ကြောင်းနှင့် tanintharyi2012@gmail.com မေးသို့စာပို့ပြီး ထပ်ဆင့် ဖြည့်စွက် အကြံပေးနိုင်ပါသည်။
အောက်တွင် အင်္ဂလိပ် မူရင်းအတိုင်းဖေါ်ပြထားပါသည်။
Old Burma
TENASSERIM AND PEGU
Tenasserim seems to have grown in importance during the 15th century as a sea port of south-east Burma, as it is mentioned by a Muslim contemporary of di Conti, as well as by an Italian writer, who wrote at the beginning of the 16th century that
"this place, though on the coast, is on the mainland. The king is a Gentile, and from there come pepper, cinnamon, cloves, macenutmeg, galanga, camphor that is eaten and camphor that is not eaten... This is indeed the first mart of spices in India.
Another Italian visitor, a native of Bologna called Ludovico di Varthema, also makes special mention of Tenasserim. He seems to have been in Burma round about 1505-1506. He heard of Tenasserim while still in India. At "Coromandel", a port in southern India, he found the people "at war with the King of
Tanasserim." When he got to Pulicat (in southern India), he found "an immense traffice in merchandise, and especially in jewels, for they come here from Zailon (Ceylon) and from Pego (Pegu)"
He went to "the city of Tarnassary" which was "distant a thousand miles from Pulicat." He arrived at Tenasserim after fourteen days, at sea, and this is what he says of the city:
"The city of Tarnassari is situated near to the sea: it is a level place and well watered, and has a good port, that is, a river on the side towards the north.
The king of the city is a pagan, and is a very powerful lord. He is constantly fighting with the king of Narsingha (the southern Indian kingdom of Vizianagar, of Banghella (Bengal;. He has a hundred armed elephants, which are larger then any I ever saw. He always maintains 100,000 men for war, part infantry and part cavalry. Their arms consist of small swords and some sort of shields, some of which are made of tortoiseshell. They have a great quantity of bows, and lances of cane, and some also of wood. When they go to war they wear a dress stuffed very full of cotton.
The houses of the city are well surrounded by walls.Good grain and cotton also grow there. Silk is also made there in large quantities. A great deal of brazil-wood is found there, fruits in great abundance. And here are seen very beautiful gardens, with many delicate things in them.
In this country of Tarnassari there are oxen, cows, sheep, and goats in great quantities, wild hogs, stags, roebucks, wolves, cats which produce the civet, lions, peacocks in great multitudes, falcons, goss-hawks, white parrots, and also other kinds which are of seven very beautiful colours. Here there are hares and partridges, but not like ours. There is also here another kind, of bird, a bird of prey, much larger than an eagle, of the beak of which, that is, of the upper part, they make sword-hilts, which beak is yellow and red, a thing very beautiful to behold.The colour of the said bird is black, red, and some feathers are white. There are produced here hens and cocks, the largest I ever saw, so much that one of these hens is larger than three of ours.
With respect to the manner of living in this city, the pagans eat all kinds of flesh except that of oxen, and they eat on the ground,without a cloth, in some very beautiful vessels of wood. Their drink is water, sweetened where possible. They sleep high from the ground, in good beds of cotton, and covered with silk or
cotton.Some merchants wear very beautiful shirts of silk or cotton. In general they do not wear anything on their feet. They wear their ears full of jewels, and none on their fingers. The colour of the said race is semi-white because the air here is cooler than it is in Calicut.
Their writing is on paper like ours, not on the leaves of a tree like that of Culicut. They go to a governor of the city, who administers justice for them summarily. These people make use of very large ships and of various kinds,some of which are flat bottomed, because such can enter into places where there is not much water. Another kind are made with prows before and behind, and they carry two helms and two masts and are uncovered."From Tenassrim Varthema went to Bengal which he says, "Is distant from Tarnasseri seven hundred miles, at which we arrived in eleven days by sea." Here
he met with some Christians who were subjects of the great Khan of Cathay. They told him that in Pegu he and his companion would find a good market for some coral that the latter had , and also that he would be able to buy rubies which fetched very good prices in Turkey. On this advice, he says,
"We embarked together with the Christians and some Persian merchants, and went towards a city which is called Pego, distant from Banghella about a thousand miles; on which voyage we passed a gulf towards the south, and so arrived at the city of Pego.
Old Burma by U Myo Min Hanthawaddy Publication
. 1947, Page 15, 16, 17
Credit ~ တနသာၤရီ