Sunday, January 24, 2016

EM ဘိုကာရှီ သဘာဝမြေသြဇာ ပြုလုပ်နည်း

ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းဧ။်Face book ပရိသာတ်များrequest လုပ်သည့်အတွက် ဘိုကာရှီသဘာဝမြေသြဇာလုပ်နည်းအဆင့်ဆင့်ကို ပိုမိုရှင်းလင်း
အောင်ေ၇းသားတင်ပြအပ်ပါသည်။ ယခုလုပ်နည်းအဆင့်ဆင့်ကိုလည်း
ကော့မှူးးလယ်သမားများနှင့်တွေ့ဆုံစဉ်ကဝေဌခဲ့ပြီး လက်တွေ့၊လုပ်နည်းကိုပါ
ပြသခဲ့ပါသည်။ ဖေါင်ဒေးရှင်းမှ ၂၀၁၄ခုနှစ်သြဂဲနစ်သီးနှံစိုက်ပျိုးရေးစမ်းသပ်အကောင်အထည်ဖေါ်ကတည်းကလက်တွေ့ပြုလုပ်သုံးစွဲခဲ့ သည့်နည်းဖြစ်
ပါသည်။ယခုလည်း HCTA ကျောင်းစိုက်ပျိုးခင်းတွင်ဘိုကာရှီမြေသြဇာဖြင့်စိုက်ပျိုးထားပြီးယနေ့လတ်လတ်ဆပ်ဆပ်ခူးယူဓါတ်ပုံရိုက်ထားသောခရမ်းချဉ်သီးပုံများတင်ပြလိုက်ပါသည်။အထူးသတိပြုရန်မှာ ဘိုကာရှီမြေသြဇာမှာပူ၍အပင်မစိုက်မီမြေဆွေး၊လွှစာမှုန့်၊ဖွဲပြာ၊နွားချေးအဆများစွာနှင့်တစ်ပါတ်ခန့်ေ၇ာနှပ်ထားပြီးမှအသုံးပြုရပါသည်။အပင်များပေါ်သို့တိုက်ရိုက်ထည့်၍မရပါ၊ အပင်ညှိုး၍သေသွားနိုင်ပါသည်။ အပင်များကိုEM၇ည် ၁၀၀cc ကိုေ၇၄ဂါလံနှင့်ေ၇ာ၍ဖြန်း ပေး၇ပါသည်။


Credit to> Daw Khin Kyi Foundation

Saturday, January 23, 2016

ဂေါ်ရန်ဂျီကျွန်း ခရီးစဉ်

လောဘ ဒေါသ မောဟ တွေနဲ့ဝေးရာ ၅ ရက်တာ ဂေါ်ရန်ဂျီကျွန်းခရီးစဉ်လေးကိုကျွန်မရဲ့ facebook အမျိုးတွေကို ဝေမျှချင်ပါတယ်။ အရမ်းသွားချင်ခဲ့တဲ့ ဒီခရီးစဉ်လေးကိုသူငယ်ချင်းထူးအောင်ရဲ့ စီစဉ်မှုနဲ့ သွားဖြစ်ခဲ့တာပါ။ မသွားခင်ကတည်းက စုံစမ်းမိသလောက် ခရီးလမ်းနဲနဲကြမ်းမယ် ၊တည်းခိုနေထိုင်ဖို့ အခက်အခဲတွေရှိနိင်တယ်ဆိုတာသိပေမယ့် စွန့်စွန့်စားစားသွားရတဲ့ ခရီးကို ကြိုက်သူမို့ ဒီလိုခရီးမျိုးကို သွားဖို့ နှစ်ခါမခေါ်ရပါဘူး။ ၀ါသနာတူ မောင်နှစ်မတွေနဲ့ အတူတူသွားရတာမို့ မသွားခင်ကတည်းက တဖွဲ့လုံးတက်ကြွပျော်ရွှင်နေခဲ့ကြတာပါ ။
ကျွန်မတို့ အဖွဲ့တွေ လှိုင်သာယာ အဝေးပြေးဂိတ်ကနေ ငရုပ်ကောင်းမြို့လေးဆီိကိုတိုက်ရိုက်ပြေးဆွဲပေးတဲ့ တခုတည်းသော ခရီးသည်ယာဉ်လိုင်းဖြစ်တဲ့ ကံထူးအောင် ကားနဲ့ ၁၀ ရက်နေ့ ည ၈ နာရီခွဲမှာ ရန်ကုန်မြို့က စထွက်ခဲ့ကြပါတယ်။ ည ၁၂ နာရီမှာ ပုသိမ်ကို ရောက်ပြီး ငွေဆောင်လမ်းခွဲကနေတဆင့် ဆက်သွားတော့လမ်းတွေက တောင်တက်လမ်းတွေဖြစ်လာပါတယ်။ တောင်တွေကို ကွေ့ပတ်ပြီးမောင်းလာလိုက်တာ မနက် ၄ နာရီမှာ ငရုပ်ကောင်း(တောင် )ဆိုတဲ့ မြို့လေးကိုရောက်ပါတယ် ။ အဲ့ဒီ ငရုပ်ကောင်းတောင် မြို့လေးမှာ တစ်နာရီလောက် ယာဉ်ရပ်နားပြီး မနက် ၅ နာရီကျော် အလင်းရောင်လာတဲ့အချိန်မှာ ကားပြန်ထွက်ပါတယ်။ နောက် ၂ နာရီလောက်အပြင်းမောင်းပြီး မနက် ၇ နာရီ ထိုးတဲ့အချိန်မှာ ကျွန်မတို့ အဖွဲ့တွေ ငရုပ်ကောင်းမြို့လေးကို ရောက်ပါပြီ။ ဟိုရောက်တော့ ကျွန်မတို့ အဖွဲ့ကို ကူညီိဖို့စောင့်နေတဲ့ ငရုပ်ကောင်းမြို့က သဘောမနောကောင်းတဲ့ကျောင်းဆရာ ကိုဏီမောင်မောင်နဲ့ တွေ့ဆုံပြီး သူ့အိမ်မှာ ခဏနားကြပါတယ်။ ဖိုးရိုက်ချင် မယ်ရိုက်ချင်တွေဆိုတော့ အကြာကြီးလည်းမနားနိင်ခဲ့ပါဘူး။ရတဲ့အချိန်လေးမှာ အဲ့ဒီမြို့လေးမှာ ရှိတဲ့ ဒရယ်ကျွန်းကို အပြေးအလွှားသွားကြည့်ခဲ့ကြပါသေးတယ်။ ဒရယ်ကျွန်းကလည်း လှပတဲ့အုန်းတောတွေရှိတဲ့ကမ်းခြေလေးတခုပါ။ ကိုဏီမောင်မောင်ကတော့ဒီကျွန်းက သိပ်မလှဘူးလို့ ပြောပေမယ့် ကမ်းခြေရောက်လို့ ပင်လယ်ပြာပြာနဲ့ အုန်းတောတွေမြင်လိုက်ရရင်ဘဲ ကျွန်မတို့အဖွဲ့တွေပျော်လို့ ခုန်ပေါက်နေတော့တာပါဘဲ။ ဒရယ်ကျွန်းကနေအပြန် ငရုပ်ကောင်းမြို့ထဲ ဟိုဒီလျှောက်ပြီး နေ့လည် ၁၂ နာရီလောက်မှာငရုပ်ကောင်းမြို့လေးမှာရှိတဲ့ ရေတမာဆိုတဲ့ ထမင်းဆိုင်လေးမှာ နေ့လည်စာစားကြတော့ လတ်လတ်ဆတ်ဆတ်ပုဇွန်ထုပ်အကြီးကြီး သုံးကောင်ပါတဲ့ဆီပြန်ဟင်းနဲ့ ထမင်း စားတာ တစ်ယောက်မှ ၂၀၀၀ တည်းကျပါတယ်။ရန်ကုန်မှာ ဒီလိုပုဇွန်ထုပ်ကြီးစားရဖို့ မလွယ်ဘူးလေ။ရန်ကုန်သူ ရန်ကုန်သားတွေ ခေါင်းမဖော်နိုင်အောင် စားကြပြီပေါ့ grin emoticon ..။ ငရုပ်ကောင်းမြို့လေးကိုရောက်ခဲ့ကြမယ်ဆိုရင် ရေတမာ ထမင်းဆိုင်ကို သွားစားဖြစ်အောင် စားကြပါလို့ တိုက်တွန်းပါရစေ..။
နေ့လည် ၂ နာရီလောက်မှာ ငရုပ်ကောင်းမြို့လေးကနေ ကိုဏီမောင်မောင်ဦးဆောင်ပြီး ဆိုင်ကယ်ကယ်ရီ တစ်ယောက်တစီးနဲ့ ကျွန်မတို့ အဖွဲ့ ဦးတည်ရာ ဂေါ်ရန်ဂျီကျွန်းကို ခရီးဆက်ထွက်ခဲ့ကြပါတယ်။ ငရုပ်ကောင်းမြို့ကနေ ဂေါ်ရန်ဂျီကျွန်းကို သွားလို့ရတဲ့ နည်းလမ်း ၂ ခုရှိပါတယ်။ ပထမနည်းက ဂေါ်ရန်ဂျီကို ဆိုင်ကယ် ကယ်ရီနဲ့ တိုက်ရိုက်သွားလို့ရတဲ့ လမ်းပါ။ ဆိုင်ကယ် တနာရီခွဲလောက် စီးရပါတယ်။တောင်တွေကိုပတ်ပြီး သွားရတဲ့ မြေနီလမ်းမို့ ဖုန်ထူတယ်။နေပူတယ်။လူပင်ပန်းတယ် ။ ဆိုင်ကယ်သမာလည်းပင်ပန်းတယ်။ဒါပေမယ့် ရှုခင်းတွေလှတယ် ။ နောက် ဒုတိယနည်းက ငရုပ်ကောင်းမြို့ ချောင်းဝ ကူးတို့ကနေ ၃ မိနစ်လောက် ကူးတို့နဲ့ ဖြတ်ပြီး ဟိုဘက်ကမ်းရောက်ရင် ဂေါ်ရန်ဂျီကျွန်းက နံသာပုရွာလေးကို ဆိုင်ကယ် မိနစ် ၂၀ လောက်စီးရတဲ့ နည်းလမ်းပါ။ ကျွန်မတို့ အဖွဲ့ကတော့ လမ်းတလျှောက်ရှုခင်းတွေခံစားချင်လို့ ပထမနည်းလမ်းဖြစ်တဲ့ ဆိုင်ကယ်နဲ့ တနာရီခွဲလောက် သွားရတဲ့ နည်းလမ်းကို ရွေးချယ်ခဲ့ကြပါတယ်။
ညနေ ၄ နာရီထိုးခါနီးမှာ ကျွန်မတို့ အဖွဲ့ ဂေါ်ရန်ဂျီကျွန်းမှာ ရှိတဲ့ နံသာပုရွာ(ဂျိုင်လေး)ကို ချောချောမောမောရောက်ရှိခဲ့ပါပြီ။ နံသာပုရွာသူ ရွာသားတွေဟာရေလုပ်ငန်းနဲ့ အသက်မွေးကြသူတွေပါ။ ကျွန်မ အရင်ကကြားဖူးတာက ရွာက အရမ်းမဖွံ့ဖြိုးသေးဘူးလို့ကြားခဲ့ပေမယ့် တကယ်တမ်းရွာကိုရောက်တော့ ဆိုလာစနစ်နဲ့ မီးထွန်းနိုင်ကြတာတွေ့ရပါတယ်။ ကမ်းရိုးတန်းဖုန်းနဲ့ MPT ဖုန်းလိုင်းမိပါတယ်။ facebook နဲ့ Viber သုံးတဲ့သူတွေရှိပါတယ်။ တရွာလုံး ရိုးသား ဖော်ရွေပြီး ဧည့်ဝတ်ကျေပွန်လွန်းကြပါတယ်။ အေးချမ်းတိတ်ဆိတ်တဲ့ ကမ်းခြေရွာလေးတစ်ခုပါ။ ကိုဏီမောင်မောင်က ကျွန်မတို့အဖွဲ့ကို နံသာပုရွာက ကိုဇော်ဝမ်းတို့အိမ်မှာ တည်းခိုဖို့ စီစဉ်ပေးပါတယ်။ကျွန်မတို့ တည်းခိုတဲ့အိမ်က ကိုဇော်ဝမ်းနဲ့ မအေးအေးနိုင်တို့ လင်မယားနှစ်ယောက်ကလည်း အရမ်းသဘောကောင်းပြီး ဧည့်သည်တွေစားချင်တာတွေကို မမောတမ်းချက်ပြုတ်ကျွေးမွေးရှာပါတယ်။ ဧည့်သည်တွေကလည်း ဧည့်သည်လိုမနေပါဘူး..tongue emoticon ။ ခရုစားမယ် ပုဇွန်စားမယ် ၊ ရေကြက်စားမယ် ၊ အမဲချီးခါးစားမယ် ၊ ကဏ္ဏာန်းစားမယ်နဲ့ စားချင်တာတွေပြောသမျှကို မရရအောင် ရှာဖွေပြီး ကျွန်မတို့ပြန်တဲ့နေ့အထိ မငြိုမငြင်ချက်ကျွေးကြတာပါ။ မအေးအေးနိုင်က ကရင်လူမျိုးမို့ အချက်အပြုတ်ကလည်းအလွန်ကောင်းပါတယ်။ တည်းခိုတဲ့အိမ်မှာအထုပ်အပိုးတွေချပြီးတာနဲ့ နေမ၀င်ခင် ဂေါ်ရန်ဂျီတောင်ပေါ်ကိုတက်ကြပြီး မမောနိုင် မပန်းနိုင် ဓာတ်ဖမ်းခဲ့ကြပြန်တာပေါ့ ။တကယ်တော့ ဂေါ်ရန်ဂျီကျွန်းကိုသာ လူသိများကြပေမယ့် ဂေါ်ရန်ဂျီကျွန်းနဲ့ အနီးတ၀ိုက်မှာ ဂေါ်ရန်ဂျီကျွန်းထက် ပိုလှတဲ့ ဂျိုင်တွေ ကျွန်းတွေအများကြီးရှိတယ်ဆိုတာသိလိုက်ရပါတယ်။
နောက်နေ့မနက် မိုးမလင်းခင် ၅ နာရီလောက်ကတည်းက ကျွန်မတို့အဖွဲ့တွေ ဓာတ်ဖမ်းဖို့အဆင်သင့်ဖြစ်နေကြပါပြီ။ ရွာက ငါးဖမ်းလှေတွေ (ဒေသအခေါ်အဝေါ် >မီးဝိုင်း)က ညနေ မမှောင်ခင် ပင်လယ်ထဲငါးဖမ်းထွက်ကြပြီး တညလုံးငါးဖမ်းကြရတာပါ။ မနက်မိုးမလင်းခင် ၄ နာရီလောက် လှေတွေ ရွာကိုပြန်ဝင်လာပြီး ဖမ်းလာတဲ့ငါးတွေကို အခြောက်လှန်းသင့်တာလှန်း . ခုတ်သင့်တာခုတ်ပြီး တချို့ငါးတွေကို ရန်ကုန်ကြည့်မြင်တိုင်ငါးဈေးကိုပို့ဖို့စီစဉ်ကြရပါတယ်။ငါးဖမ်းလှေနဲ့ လိုက်တဲ့ ရေလုပ်သားတစ်ယောက်ဟာ တစ်နေ့ ၃၀၀၀ ကျပ်ရရှိပြီး ငါးခုတ်တဲ့အမျိုးသမီးတဦးဟာ တပိသာ ငါးကျပ်နှုန်းနဲ့တနေ့ ၀င်ငွေ ၇၅၀ ကျပ်ခန့် ရတယ်လို့သိရပါတယ်။တမနက်လုံးကမ်းခြေမှာ လှည့်ပတ်ရိုက်ပြီး နေ့လည်စာကိုတည်းခိုတဲ့အိမ်မှာပြန်စားပြီးတာနဲ့သိပ်မကြာခင်မှာဘဲ ကိုဏီမောင်မောင်ရဲ့ စီစဉ်ပေးမှုနဲ့ အနီးအနားက ကျွန်းတွေကို ဆိုင်ကယ်ကိုယ်စီနဲ့ သွားကြဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။အဲ့ဒီတညနေလုံးဘဲ ကျောက်ပုထိုး ၊ကျောက်ဂျိုင်လေး ၊နတ်ရေတွင်းအမော်၊ ကျောက်ချောင်းလေးတောင် ၊စပါးထားကျွန်း ၊ရေစမ်း အစရှိတဲ့ နေရာတွေကို ရောက်ခဲ့ပြီး သဘာဝက ပေးတဲ့ အလှတရားတွေကို ခံစားလို့မ၀ခဲ့ကြပါဘူး။ကမ်းစပ်မှာ ပုံသဏ္ဏန်အမျိုးမျိုးနဲ့ လှချင်တိုင်းလှနေတဲ့ ကျောက်ဆောင်တွေ၊ တမျှော်တခေါ် ကျယ်ပြန်တဲ့သဲသောင်ပြင်တွေ ၊ ရေထဲငုံ့ကြည့်ရင် ရေအောက်က ကျောက်ခဲလေးတွေကိုတောင်မြင်ရတဲ့ပြာလဲ့နေတဲ့ရေပြင်တွေ ၊ သဲဖြူဖြူပေါ်မှာ ပြေးလွှားနေတဲ့ ၀င်ကစွပ်ကောင်လေးတွေနဲ့ ဂဏာန်းလေးတွေ ၊ လှိုင်းနဲ့ အတူပါလာတဲ့ ခရုခွံလှလှလေးတွေ …..မပြန်ချင်လောက်အောင် လှပပြီး ကင်မရာခလုတ်နှိပ်ဖို့မေ့နေလောက်အောင်ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေမို့ အခုထိ မျက်စိထဲက မထွက်ပါဘူး။ စက်လှေနဲ့ ကူးရင် နာရီဝက်လောက်သွားရတဲ့ ပင်လယ်ထဲမှာ မှုန်ပြပြလေး လှမ်းမြင်နေရတဲ့ ကျွန်းလေး ကိုသွားဖို့ စီစဉ်ခဲ့ကြပေမယ့် လေကြောင်းအပြောင်းအလဲနဲ့ အန္တရာယ်ရှိတာကြောင့်အဲ့ဒီကျွန်းကိုမသွားနိုင်ခဲ့ကြပါဘူး ။အဲ့ဒီကျွန်းက လူသူအရောက်အပေါက်နဲပြီး သဲတွေက ပိုဖြူပြီး ရေကလည်းပိုကြည်တယ်လို့ ကိုဏီက ပြောပါတယ်။ နောက်တခေါက်တော့ ရောက်အောက်သွားမယ် ကိုဏီရေ !..smile emoticon
အဲ့ဒီညနေ တည်းခိုတဲ့အိမ်ကိုပြန်နားပြီး နောက်တနေ့ နေ့လည်အထိ ကျွန်မတို့အဖွဲ့ ဂေါ်ရန်ဂျီကျွန်းနဲ့ ပတ်ဝန်းကျင်ကပုံရိပ်တွေကို ရသလောက် မှတ်တမ်းတင်ခဲ့ကြပါတယ်။ ဂေါ်ရန်ဂျီကျွန်းနားက ပုလ္လင်ဂျိုင်မှာ ရေကူးခဲ့ကြတာ အလွန်ပျော်စရာကောင်းပါတယ်။ ကမ်းခြေကနေ ကိုက် ၁၀၀ ကျော်ဝေးတဲ့အထိ ရေက ရင်ခေါင်းလောက်သာရှိပြီး အောက်ခြေက သဲသောင်ကပြန့်ပြူးနေပါတယ် ။ရေက ကြည်ပြီးပြာလဲ့နေတာပါ။ပုလ္လင်ဂျိုင်ကအပြန် နေ့လည်စာစားပြီး နေ့လည် ၁၂ နာရီကျော်မှာ ကိုဏီမောင်မောင်ရဲ့ညီ ကိုရဲက ကျွန်မတို့ အဖွဲ့ ငရုပ်ကောင်းမြို့ကိုပြန်ဖို့ ဆိုင်ကယ်တွေနဲ့ လာခေါ်ပါပြီ။ အပြန်ခရီးကတော့ အလာတုန်းက လမ်းကမပြန်ဘဲ လမ်းကြောင်းတိုတဲ့ကူးတို့နဲ့ ကူးပြီးပြန်ရတဲ့ လမ်းကြောင်းကိုရွေးချယ်ကြပါတယ်။ အလာတုန်းက ခြေလှမ်းတွေသွက်သလောက် အပြန်လမ်းမှာတော့ ခြေလှမ်းတွေနှေးကုန်ကြပါပြီ။ ဒီလိုသဘာဝတရားအတိုင်းလှချင်တိုင်းလှနေတဲ့ နံသာပုရွာလေးကို လည်ပြန်ကြည့်ရင်းနဲ့ ဘဲ နှုတ်ဆက်ခဲ့ရပြန်ပြီပေါ့ ..။
အပြန်လမ်းဟာ လမ်းကြောင်းတိုတော့ သိပ်မကြာခင်မှာဘဲ ငရုပ်ကောင်းမြို့လေးကို ကျွန်မတို့ပြန်ရောက်ခဲ့ပါပြီ ။ အဲဒီနေ့ တနေ့လုံး ငရုပ်ကောင်းမြို့က ကိုဏီမောင်မောင် အိမ်မှာ တည်းခိုကြပြီး နောက်တနေ့ မနက် ၇ နာရီမှာ ကိုဏီမောင်မောင် စီစဉ်ပေးမှုနဲ့ ထော်လာဂျီစီးပြီး ငရုပ်ကောင်းမြောက်ဘက်က ကျွန်းတွေကို ခရီးဆက်ခဲ့ကြပြန်ပါတယ်။ မြကျွန်းသာဆိုတဲ့ ရွာလေးကိုထော်လာဂျီနဲ့ အရင်သွားပြီး အဲ့ဒီကနေတဆင့် သက်ရောင်းကျွန်းနဲ့ မိချောင်းခေါင်းကျွန်းကို စက်လှေနဲ့ ကူးကြမှာပါ။ မြကျွန်းသာကိုရောက်တော့ လေကြောင်းအပြောင်းအလဲကြောင့် သက်ရောင်းကျွန်းကိုသွားဖို့ လှိုင်းကြီးနေတာမို့မသွားဖြစ်ကြတော့ဘဲ မိချောင်းခေါင်းကျွန်းကိုဘဲ စက်လှေနဲ့ ထွက်ခဲ့ကြပါတော့တယ်။ မိချောင်းခေါင်းကျွန်းကိုသွားတာတောင် စက်လှေလေးက လိုှုင်းတွေကြားမှာရင်တမမ ပါဘဲ။ကျွန်မတို့ သွားတဲ့ မိချောင်းခေါင်းကျွန်းမှာခွေးလှေးယားသီး ပင်တွေပေါပါတယ် ။ကျွန်းပေါ်က မိချောင်းခေါင်းအပေါ်ကိုခဲရာခဲဆစ်တက်ကြရတာပါ။ တောင်ပေါ်ရောက်တော့ မြင်ရတဲ့ရှုခင်းက ပင်ပန်းသမျှတွေကိုပျောက်စေလောက်အောင် လှပါတယ်။ မိချောင်းခေါင်းကျွန်းမှာ ကိုခန့်ချောဖမ်းပေးတဲ့ငါးကို ကင်ကျွေးကြပြီး နေ့လည်စာကို အချဉ်ဟင်း ၊ငါးကြော်၊ငါးနီတူခြောက်ကို မန်းကျည်သီး ငရုတ်သီးစိမ်းနဲ့သုတ်ထားတဲ့ ကိုခန့်ချောရဲ့ လက်ရာကလည်းဆွေမျိုးမေ့အောင်ကောင်းလှပါတယ်။အတူလိုက်တာတဲ့ ကိုလွင်မိုးကလည်း ပုဇွန်ထုပ်တွေအများကြီးယူလာပြီး မီးဖုတ်ကျွေးတဲ့ လတ်လတ်ဆတ်ဆတ်ပုဇွန်ထုပ်အရသာက ချိုပြီးမွှေးလှပါတယ်။ ကမ်းခြေကသစ်ပင်ရိပ်အောက်မှာ မြေကြီးပေါ်ထိုင်ချပြီး ထမင်းအိုးတွေချ ၊ အားရပါးရ ထမင်းစားရတဲ့ အရသာကလည်း တသက်မမေ့နိုင်စရာပါဘဲ..။မိချောင်းခေါင်းကျွန်းကနေ ငရုပ်ကောင်းမြို့ကို ညနေမှောင်ခါနီးမှာ ပြန်ရောက်ပြီး ကျွန်မတို့ရဲ့ဂေါ်ရန်ဂျီကျွန်းခရီးစဉ်ကိုအဆုံးသတ်ခဲ့ကြပါတော့တယ်။နောက်နေ့မနက် ၇ နာရီကားနဲ့ ပုသိမ်ကိုသွားကြပြီး ပုသိမ်က အန်ကယ် ဦးဝင်းစိုး အိမ်မှာ ခဏနားခိုကြပြီး ပုသိမ်ထီးလုပ်ငန်းနဲ့ ပုသိမ်ရေပေါ်ဈေးကိုမှတ်တမ်းတင်ခဲ့ကြပါသေးတယ်။ည ၁၂ ကားနဲ့ ပုသိမ်ကနေ ရန်ကုန်ကို ပြန်ခဲ့ကြပြီး နောက်တနေ့ မနက် ၄ နာရီလောက်မှာ မွန်းကျပ်လှတဲ့ ရန်ကုန်ရွှေမြို့တော်ကြီးကို ချောချောမောမောပြန်လည်ရောက်ရှိခဲ့ကြပါတော့တယ်။
အချိန်တန်ရင် အိမ်ပြန်ကြရမယ်ဆိုတာသိပေမယ့် မွန်းကျပ်လှတဲ့ မြို့ပြနဲ့ ဝေးကွာခွင့်ရခဲ့တဲ့ ပျော်စရာကောင်းလှတဲ့ ၅ ရက်တာဂေါ်ရန်ဂျီကျွန်းခရီးစဉ်ကို တသက်မမေ့နိုင်တော့ပါဘူး။ဒီခရီးစဉ်မှာ ကျွန်မသိလိုက်ရတာက ကျွန်မတို့နိုင်ငံမှာ လူသိပ်မသိသေးဘဲ တိမ်မြုပ်နေတဲ့ လှပတဲ့နေရာဒေသတွေရှိနေသေးပါလားဆိုတာပါဘဲ။ ချောင်းသာ ၊ငွေဆောင် ကျွန်မရောက်ဖူးပါတယ်။ဒါပေမယ့် ဂေါ်ရန်ဂျီကျွန်းနဲ့ အနီးတ၀ိုက်က ကျွန်းတွေရဲ့ အလှကို ချောင်းသာ နဲ့ ငွေဆောင်က မယှဉ်နိုင်ပါဘူး။ ဒီလိုသဘာဝတရားနဲ့ လှချင်တိုင်းလှနေတဲ့ ဒေသတခုကို မပျက်စီးအောင် ၊အားလုံးဝိုင်းဝန်းပြီး ကာကွယ်ထိန်းသိမ်းထားသင့်ပါတယ်။
ခရီးစဉ်တလျှောက်လုံး အစစအရာရာ လိုလေသေးမရှိ ကူညီခဲ့တဲ့ ကိုဏီမောင်မောင်နဲ့ ကိုခန့်ချော ၊ကိုရဲ ၊ကိုလွင်မိုးတို့ကို အထူးကျေးဇူးတင်ပါတယ်။ နံသာပုရွာလေးက ရိုးသားပြီး စေတနာကောင်းလွန်းတဲ့ကိုဇော်ဝမ်း နဲ့ မအေးအေးနိုင် ၊ ဂေါ်ရန်ဂျီတောင်ထိပ်က ဘုရားလေးနဲ့ ကျွန်းပေါ်မှာ သွားချင်တဲ့နေရာတွေကို လိုက်ပို့ပေးတဲ့ ကိုချစ်မောင်တို့ ဇနီးမောင်နှံကိုလည်းကျေးဇူးတင်ပါတယ်။ခဏတာနားခိုခွင့်ပေးတဲ့ ပုသိမ်က အန်ကယ်ဦးဝင်းစိုးတို့ဇနီးမောင်နှံကိုလည်းကျေးဇူးတင်ပါတယ်ရှင်..။
ဂေါ်ရန်ဂျီကျွန်းခရီးစဉ်ကိုစိတ်ဝင်စားသူများ ကျွန်မကို chat box ကနေဆက်သွယ်နိုင်ပါတယ်ရှင့်။ ဒေသခံ မိတ်ဆွေ သူငယ်ချင်များနဲ့ ချိတ်ဆက်ပေးပြီး ကျွန်မတတ်နိုင်သလောက်ကူညီပေးပါ့မယ်။
(ဟေမာအောင်)

မြန်မာတွေပိန်ဖို့


ဒေါက်တာ အေးမင်းထူး
မြန်မာတွေ ဝိတ်ချတယ်ဆိုပြီး ဘာကြောင့် မပိန်သေးတာလဲ။ ပိန်အောင် လုပ်ချင်သူ၊ ကြိုးစားချင်သူတွေ အများကြီးထဲ မှာမှ တကယ် ဝိတ်ချနိုင်တဲ့ ဦးရေက ဘာကြောင့်နည်း ရတာပါလဲ။ လူတော်တော် များများ စဉ်းစားရ ကျပ်တဲ့ မေးခွန်းတစ်ခုကို ပြန်မေး မိတယ်။ သေချာ လေ့လာကြည့် တဲ့အခါ နံပါတ်တစ် တွေ့တာက ဝိတ်ချနည်းကို ကောင်းကောင်း မသိလို့။ အသုံးမချ တတ်လို့ပါ။ ဘယ်လို ဝိတ်ချရင် ကျမလဲ။ စနစ်တကျ မလုပ်တတ် သေးလို့ဆိုတာ တွေ့တယ်။ နောက်တစ်ချက် က ဝိတ်ကျဆေးတွေ ဈေးကြီးပေး ဝယ်သောက်ရင် ပျောက်မယ် ထင်နေ ကြသူတွေ တစ်နေ့တခြား များလာလို့ ဆိုရင်လဲ မမှားဘူး။ အများစုက ဆေးအပေါ်မှာ အားကိုးမှီခို လွန်းတယ်။ တချို့ကျတော့ ထမင်းတစ်နပ် လျှော့စားရင် ဝိတ်ကျမယ် ထင်သူတွေလဲ ရှိသေးတယ်။ တကယ်တမ်း လျှော့စား ကြည့်တဲ့အခါ သိပ်ကြာကြာ မခံဘူးဆိုတာ တွေ့ရပါတယ်။ ပိုဆိုးတာက ညစာတော့ ရှောင်ပါရဲ့။ အဆာပြေ အာလူး ချောင်းကြော် တစ်ထုပ် စားမိလိုက်တယ်။
ဝင်လာတဲ့ ကယ်လိုရီကို သတိမထား မိဘူး။ ကစီဓာတ်၊ အဆီဓာတ်၊ အသားဓာတ် တွေရဲ့အခြေခံ အကြောင်းအရာ ကို နားမလည် သေးရင် ဝိတ်ချရတာ ခက်တယ်။ ဝိတ်ချသူတွေ ထဲမှာမှ စားနိုင် သောက်နိုင်၊ ချမ်းသာသူတွေ အတွက် ဝိတ်ချရတာ အခက်ခဲဆုံး ဖြစ်နေ ကြတယ်။ တကယ်က သူတို့ရဲ့ နေထိုင် စားသောက်ပုံ ကြောင့်ပါ။ လေ့လာ ကြည့်ရင် နေ့စဉ် လှုပ်ရှားမှု အလွန်နည်း တယ်။ ပိုဆိုးတာက လမ်းလျှောက်တဲ့ လေ့ကျင့်ခန်း တောင် မလုပ်မိဘူး။ အလုပ်စားပွဲ မှာပဲ အချိန်ကုန်တာ များတယ်။ စိတ်ဖိစီးမှု များသူထက် ပိုတယ်။ အစားအသောက် မှာလဲ အတူတူပဲ။ စားပွဲ၊ သောက်ပွဲတွေ က ပေးလိုက်တဲ့ အဆီတွေလဲ မနည်းလှဘူး။ ဘီယာ၊ အရက်ကိုလဲ လူတန်းစေ့ နေနိုင်အောင် သောက်တယ်။ သက်တမ်းစေ့ အောင် မနေရတာ သတိမထား မိဘူး။
ဒါတွေကို သတိထား ပြုပြင်ရမယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ အစား အသောက်၊ လူနေမှု ပုံစံတွေက အဲဒီ နိုင်ငံသားတွေရဲ့ ကျန်းမာရေး ပေါ် အဓိက သက်ရောက် စေတယ်။ မြန်မာလူမျိုး တွေမှာ သူတို့ရဲ့ ကိုယ်ပိုင် အစားအသောက်၊ ကိုယ်ပိုင် လူနေမှု ပုံစံရှိပါတယ်။ မြန်မာတွေ ဘာနဲ့ စားကြလဲ။ ထမင်းစားတယ် လို့ အများစု ဖြေလိမ့်မယ်။ အဲဒါက သမားရိုးကျ တွက်ချက်သူတွေ ပြောတဲ့စကား ဖြစ်တယ်။ တကယ်က မြန်မာတွေလောက် ဆီစားတာ ကမ္ဘာမှာမရှိဘူး။ ထမင်းဆို ဆီဆမ်း၊ ဟင်းဆိုလဲ ဆီပြန်၊ လက်ဖက်ဆိုလဲ ဆီရွှဲရွှဲ လေးနဲ့မှ စားကြတာ။ မြန်မာလူမျိုး အများစုရဲ့ နေထိုင် စားသောက်ပုံ ဖြစ်တယ်။ နေ့စဉ်ပုံမှန် စားသောက်နေတဲ့ အစားအသောက် တွေထဲမှာ ဆီနဲ့ကင်းတာ ဘာတစ်ခုမှ မရှိပါဘူး။ အိမ် တိုင်းမှာ ဆီပြန်ဟင်း ချက်ကြတယ်။ ကြက်သားဆီပြန်၊ ဝက်သားဆီပြန် ချက်လေးလဲ ပါမှ ထမင်းမြိန်တယ်။ ဒါကြောင့် မြန်မာတွေ ဝလာတယ်။ ပိုဆိုးတာ ရှိသေးတယ်။ ပြန်ကြော်ဆီ တွေကို သိမ်းထားပြီး နောက် ရက်တွေမှာ ပြန်သုံးနေတာ ဖြစ်ပါတယ်။ ကြော်ပါများတော့ ပြည့်ဝဆီ တွေဖြစ် လာတယ်။
ပြည့်ဝဆီနဲ့ ကြော်ထားတဲ့ ဆီကြော်စာ တွေက လူတွေကို ပိုဝလာ စေတယ်။ ဆိုင်ကဝယ်တဲ့ အကြော်တွေက အရင်ရက်က သုံးထားတဲ့ဆီ အကျန်တွေ မဟုတ်ပါလား။ ကျန်းမာရေး ဘက်က ကြည့်တော့ အဆိုးဘက်က ချည်းပဲ။
နောက်ဆက်တွဲ အဆီဖုံးတာ၊ သွေးကြောပိတ် တာတွေ ဖြစ်လာတယ်။ မြန်မာမိဘ တွေက သင်ပေးထားတဲ့ အလေ့အကျင့် တစ်ခု ရှိသေးတယ်။ အစာစားရင် ကုန်အောင်စား၊ မကျန်စေနဲ့ ဆိုတာ မျိုး။ ဒီလို သင်ကြားမှု တွေက ကိုယ့်ကလေး တွေကို လိုတာထက် ပိုစားတတ်အောင်၊ ရောဂါထူပြော လာအောင် သင်ပေး နေတယ်ဆိုတာ သတိမပြုမိ ကြဘူး။ တကယ် သင်ပေးရမှာက အစာကို သင့်တင့် မျှတရုံ စားတတ်ဖို့၊ ဗိုက်ပြည့်ရုံ စားတတ်ဖို့ ဖြစ်တယ်။ ဒီ အကြောင်းအရာ တွေက မြန်မာလူမျိုး တွေ သတိမထား မိဘဲ ဝနေရတဲ့ အကြောင်းရင်း ခံတွေဖြစ်ပါတယ်။ ဝိတ်တက်တဲ့ သီအိုရီက ရိုးရှင်းပါတယ်။ ဝင်လာတဲ့ Calorie (အစားအသောက်) က သုံးစွဲတဲ့ Calorie (လှုပ်ရှားမှု) ထက် များနေလို့ ဖြစ်ပါတယ်။ အသားတင် Calorie ၃၅ဝဝ လောက် ပိုလျှံတိုင်း ဝိတ် တစ်ပေါင်စီ တက်မှာ ဖြစ်ပါတယ်။ ဒီတော့ လုပ်စရာက နှစ်မျိုး ပဲရှိတယ်။ အစားလျှော့ စားမလား။ လေ့ကျင့်ခန်း လုပ်မလား။
မေးစရာ ရှိတာက ဘယ်လောက်ထိ အစားလျှော့ စားရမှာလဲ။ သာမန်လူ တစ်ယောက်က ဘယ်လောက်ထိ အစားရှောင် နိုင်မလဲ တွက်ချက် ဖို့တော့ လိုပါတယ်။ ကယ်လိုရီ ၂၅ဝဝ နေ့စဉ် လိုအပ်သူ တစ်ယောက်ဟာ နေ့စဉ် ကယ်လိုရီ ၅ဝဝ လျှော့စားလို့ ရတယ်။ အဲဒီမှာ ထည့်တွက် ရမယ့် အချက်က ဗိုက်ဆာတဲ့ ဖြစ်စဉ်အတွက် အရေးပါတဲ့ Leptin ဆိုတဲ့ ဓာတ် ဖြစ်ပါတယ်။ ဒီဓာတ်က ဗိုက်ပြည့်နေပြီ ဆိုတဲ့ ခံစားချက်ကို ဖြစ်ပေါ် စေတယ်။ ၂ဝ၁၃ ခုနှစ်တုန်းက ဗိုက်ဆာတဲ့ ဖြစ်စဉ်နဲ့ Leptin လက်ခံဆဲလ် ( Leptin Receptor ) တွေရဲ့ ပြောင်းလဲမှုကို လေ့လာကြည့် တဲ့အခါ အဆီ အစားများသူ တွေရဲ့ အစာအိမ်မှာ ရှိတဲ့ Leptin လက်ခံဆဲလ် တွေက သိပ် အလုပ်မလုပ် တော့တာ တွေ့ရတယ်။ အဲဒီ ဖြစ်စဉ်ကြောင့် အဆီ အစားများ သူတွေဟာ ဗိုက်ပြည့် နေပြီဆိုတဲ့ ခံစားမှုမျိုး မရှိတာပါ။ အဲဒီမှာ စားပြီးရင်း စားချင်၊ ဝိတ်တက်ပြီးရင်း တက်လာတာ ဖြစ်တယ်။ ဒါကြောင့် အဆီစားများ သူတွေဟာ ဝိတ်ချရ ခက်ခဲသူတွေ ဖြစ်လာ ပါတယ်။ ပိုဆိုးတာက ဝိတ်ကျ ရင်တောင် ဒီပြောင်းလဲမှု က ကြာရှည်ခံ နေတာ ဖြစ်တယ်။
နောက်တွေ့တာ တစ်ခုက လေ့ကျင့်ခန်း လုပ်ပါဆိုလို့ လုပ်ပါတယ်။ အလွယ်ဆုံးနဲ့ အသက်သာဆုံး နည်းဖြစ်တဲ့ လမ်းလျှောက် ကြတယ်။ ကောင်းပါတယ်။ ဒါပေမဲ့ နေ့စဉ်ရက်ဆက် လျှောက်သလား ဆိုတော့လဲ မလျှောက်ပါဘူး။
တစ်ပတ် (သို့မဟုတ်) တစ်လလောက် နေတော့ နားလိုက်တယ်။ ပိုဆိုးတာက လမ်းလျှောက်ပြီး အပြန် မနက်စာတောင် ဝင်စားသေးတယ်။ စားတော့လဲ အဆီများတဲ့ ဆီကြော်စာ၊ မုန့်တီစတာ တွေမှ ရွေးစား ကြတယ်။ ဒီလို အစားအသောက် တွေကနေ ကယ်လိုရီ (၃ဝဝ-၅ဝဝ) ကြား ဝင်သွားတာ သတိမပြုမိ ကြဘူး။ အဲဒါက ဘာကိုပြလဲ ဆိုတော့ ကယ်လိုရီရဲ့ သဘောတရား တွေကို မသိသေးဘူး။ စနစ်တကျ ဝိတ်မချ တတ်သေးဘူး ဆိုတာ ရှင်းပါတယ်။
ဝိတ်ကျဖို့ ဘယ် လေ့ကျင့်ခန်းတွေ ကောင်းလဲ။ ကယ်လိုရီ ၁ဝဝ ကုန်ဖို့ ဘယ် လေ့ကျင့်ခန်းကို ဘယ်လောက် လုပ်ရင်ရမလဲ သိထား သင့်တယ်။ ဥပမာ - နာရီဝက် လမ်းလျှောက်တိုင်း ကယ်လိုရီ ၁ဝဝ ကုန်တယ်။ ၁၅ မိနစ် လောက်ပြေးရင် ကယ်လိုရီ ၁ဝဝ ကုန်တယ်။ ဒါတွေ သိရမယ်။ ဝိတ်ကျဖို့ ကယ်လိုရီ များများဖြုန်းတဲ့ လေ့ကျင့်ခန်းသာ အကောင်းဆုံးပါ။ ပင်ပင်ပန်းပန်း လုပ်ရတဲ့ လေ့ကျင့်ခန်း မျိုးက မြန်မြန်ကျတဲ့ လေ့ကျင့်ခန်း လို့ ယေဘုယျ မှတ်ပါ။ ဗိုက်အဆီပြင် များသူတွေ အတွက် အိပ်ထမတင် လေ့ကျင့်ခန်းမျိုး လိုပါတယ်။ ဒါဆို လေ့ကျင့်ခန်း မလုပ်ချင်သူတွေ အတွက် နည်းမရှိ ဘူးလား။ အဆီစုပ်တာ၊ အဆီခြေတာ မျိုးတွေ တချို့လုပ်ကြတယ်။ ဒါပေမဲ့ သေချာတယ်။ သိပ်ကြာကြာ မခံပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဝိတ်မြန်မြန် ကျသူဟာ ဝိတ်မြန်မြန် တက်ဖို့ အခွင့်အလမ်း ပိုများလို့ ဖြစ်တယ်။ နောက်ပြီး နေထိုင် စားသောက်ပုံ ကို မပြုပြင် သရွေ့ ရေရှည် ဝိတ်ကျဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ပိုဆိုးတာက ဘေးထွက် ဆိုးကျိုးတွေ ရှိနေတာပါ။
ဝိတ်ချရတာ အပြောလွယ် သလောက် တကယ်လုပ်တဲ့ အခါ ခက်ခဲပါတယ်။ ဝိတ်ကျချင် ပါတယ်လို့ စိတ်ထဲက အော်နေရုံနဲ့တော့ မရဘူး။ လက်တွေ့ လုပ်ဆောင်မှုက အရေးကြီးတယ်။ နည်းနည်းလောက် ဝိတ်ကျသွားပြီ ဆိုတိုင်း မပြီးသေးဘူး။ ဆက်လုပ် ရမှာတွေ ရှိသေးတယ်။ ထူးထူးခြားခြား သိသိသာသာ ပိန်ဖို့ အနည်းဆုံး အချိန်သုံးလ လောက် လိုအပ်တယ်။ ပိန်ပြီဆိုတိုင်း ဝမ်းမသာ ပါနဲ့အုံး။ ပိန်ပြီး တစ်နှစ်လောက် ထိ ဝိတ်ထိန်းနိုင်မှ တကယ်စိတ်ချ ရတယ်။ တကယ်တော့ ဝိတ်ချတယ်။ ဝိတ်ထိန်းတယ် ဆိုတာ အဆက်မပြတ် လုပ်ဆောင် ရမယ့် လုပ်ဆောင်မှုမျိုး ဖြစ်တယ်။ မြန်မာတွေ ပိန်ဖို့၊ ဝိတ်ကျဖို့ ဆိုရင် အထက်မှာ ဖော်ပြ ထားတဲ့ အချက်တွေကို သတိထား ပြုပြင်ဖို့ လိုအပ်ပါတယ်။
‪#‎Yadanarpondaily‬
‪#‎ရတနာပုံနေ့စဉ်‬
http://myawady-myawady.blogspot.com/20…/…/blog-post_201.html
‪#‎Health‬
ကျန်းမာသော နေထိုင်စားသောက်မှု အတွက်အခြေခံသိသင့်သော ကယ်လိုရီ၊ လှုပ်ရှားမှုနှင့် လောင်ကျွမ်းမှုများ
--------------------------------------------------------------
လှုပ်ရှားမှု / မိနစ် ၃၀ အတွင်း လောင်ကျွမ်းသွားသော ကယ်လိုရီ Kcal
- လေ့ကျင့်ခန်း -
1) ထိုင်ထ / 411 Kcal
2) ရေကူး / 375 Kcal
3) ကြိုးခုန် / 333
4) ဘောလုံး / 321
5) ဘတ်စကတ်ဘော / 273
6) တစ်နာရီ 12မိုင်နှုန်း စက်ဘီးစီး / 273
7) တစ်နာရီ 5မိုင်နှုန်း ပြေးခုန် / 273
8) တင်းနစ်၊ထွေပစ်၊အားကစား / 273
9) အေရိုးဗစ်အက / 258
10) ကြက်တောင်ရိုက် / 153
11) ဂေါက်သီး / 153
12) စားပွဲတင်တင်းနစ် / 138 Kcal
13) ယောဂကျင့်စဉ် / 117
14) ဘိုးလင်းပစ် / 102
-နေ့စဉ်လှုပ်ရှားမှု-
a) လှေကားတက် / 273
b) ခြံစိုက်ပေါင်းသင်/ 153
c) တစ်နာရီ 3မိုင်နှုန်း လမ်းလျှောက် / 120
d) တံမြက်စည်းလှည်း / 84
e) ပေါ့ပါးသောအလုပ် / 69
f) ထိုင်ခြင်း / 60
g) အိပ်ခြင်း / 33 Kcal
အစားအသောက်တွင် ပါဝင်သော ကယ်လိုရီ%
-----------------------------------------------------------
အစားအသောက် / ပါဝင်သော ကယ်လိုရီ
1) ထမင်း ၁ပန်းကန်လုံး (6ဇွန်း) / 187.5 Kcal
2) ထမင်း ၁ပန်းကန်ပြား (9ဇွန်း) / 275
3) ကြက်သားဒံပေါက် (13ဇွန်း) / 708
4) ။ ။ (9ဇွန်း) / 525
5) ကြက်သားခေါက်ဆွဲကြော် (14ဇွန်း) / 594
6) ။ ။ (9ဇွန်း) / 396
7) ပဲပြုတ်ထမင်းဆီဆမ်း (9ဇွန်း) / 435
8) ပဲပြုတ်ထမင်းကြော် (9ဇွန်း) / 426
9) ထမင်းပေါင်း ၁ပွဲ (12ဇွန်း) / 475
10) တို့ဟူးသုပ် ၁ပွဲ / 195
11) ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး အစုံသုပ် ၁ပွဲ / 373
12) နန်းကြီးသုပ် ၁ပွဲ / 735
13) ရှမ်းခေါက်ဆွဲ ၁ပွဲ / 747
14) မုန့်ဟင်းခါး ၁ပွဲ / 268.5
15) အုန်းနို့ခေါက်ဆွဲ ၁ပွဲ / 466
16) ရခိုင်မုန့်တီ ၁ပွဲ / 126.5
17) ကြက်သား ဆီချက်ခေါက်ဆွဲ ၁ပွဲ / 475
18) ကြေးအိုး ၁ပွဲ ကြက်သား / 1588 Kcal
19) ။ ။ ၁ပန်းကန်လုံး / 553
20) ဘယာကြော်၁ခု / 194
21) စမူဆာ ၃ခု / 91
22) ဘူးသီးကြော် ၁ခု / 70
23) ကော်ပြန့်စိမ်း / 76
24) ကော်ပြန့်ကြော် / 200
25) ပေါင်မုန့် ၂ချပ် / 150
26) ။ ထောပတ်သုပ် ၁ချပ် / 119
27) ကိတ်မုန့် ၁ချပ် / 118
28) ၾကက္သား ဟမ္ဘာဂါ / 580
29) ဒိုးနတ် ၁ခု / 210.5
30) ချိစ် ဆန်းဒွစ်(ခ်ျ)/ 130
31) နံပြား ၁ချပ် / 226
32) ဝက်သားပေါက်စီ ၁လုံး / 340
33) ပဲပလာတာ ၁ချပ် / 377
34) အီကြာကွေး ၁ / 314
35) ဆီထမင်း ပန်းကန်ပြားသေး ၁ / 187
36) ပဲပြုတ်ကောက်ညှင်းပေါင်း သေး ၁ / 217
37) မုန့်ကျွဲသဲ / 56
38) ထန်းသီးမုန့် / 120
39) မုန့်လင်မယား / 73
40) ဘိန်းမုန့် / 286.4
41) သာကူ မုန့်ဖက်ထုပ် / 121
42) အာလူးကြော် ၂၀ခု / 177.5
43) ငါးမုန့်ကြော် ၃ခု / 140
44) ကြက်ဥကြော် ၁ / 129
45) ကြက်ဥပြုတ် ၁ / 80
46) ပြောင်းဖူးပြုတ် ၁ / 350
47) ဂေါ်ရခါးသီးပြုတ် ၁ / 27
48) ရုံပတီသီး + ပုဇွန်ခြောက်ကြော် / 130
49) ကန်စွန်းရွက်ကြော် ၃ ဇွန်း / 41.2
50) ကြက်သား + ဘူးသီး / 95
51) ခရမ်းသီး + ပုဇွန်ခြောက် / 156 Kcal
52) ငှက်ပျောသီး သီးမွှေး / 140
53) စပျစ်သီး / 83
54) နာနတ်သီး ၁ပန်းကန်လုံး / 75
55) ဖရဲသီး ၁ပန်းကန်လုံး / 38
56) သရက်သီးမှည့် ၁ပန်းကန်လုံး / 128
57) သင်္ဘောသီး ၁ပန်းကန်လုံး / 63
58) ကျွဲကောသီး ၁ပန်းကန်လုံး / 40
59) လက်ဖက်သုပ် ၁ပွဲ / 467
60) ။ ။ ၁ဇွန်း / 78
61) ဂျင်းသုပ် ၁ပွဲ / 512
62) ခရမ်းချဉ်သီးသုပ် ၁ပွဲ / 117
63) ငါးဖယ်သုပ် ၁ပွဲ / 130
64) ငါးကြင်းကြော် / 116
65) ငါးလေးဟင်း / 180
66) ဘဲဥဟင်း / 125
67) ပုဇွန်ဟင်း / 98
68) ဝက်သားဟင်း / 202
69) ကြက်သားဟင်း / 216
70) နို့ ၁ဖန်ခွက် / 168
71) ကော်ဖီ ၁ခွက် / 84
72) ကိုလာ ၁ဗူး / 103
73) လိမ္မော်ရည် ၁ခွက် / 115
74) စတော်ဘယ်ရီယို ၁ဇွန်း / 23.2
75) ထောပတ် ၁ ဇွန်း / 76 Kcal
(နံနက်စာ)
a) ကော်ဖီ+ပေါင်မုန့်ကြက်ဥကြော် / 393 Kcal
b) ကော်ဖီ+ပေါင်မုန့်ထောပတ်သုပ် / 452
c) ကော်ဖီ+ပဲပြုတ်ထမင်းကြော် / 511
d) ကော်ဖီ+ပဲပြုတ်ထမင်းဆီဆမ်း / 519
e) ကော်ဖီ+မုန့်ဟင်းခါး / 353
f) ကော်ဖီ+အုန်းနို့ခေါက်ဆွဲ / 550
(နေ့လည်စာ)
• ထမင်း+ဝက်သားဟင်း+ ကန်စွန်းရွက်ကြော်+သီးစုံ ချဉ်ရည်ဟင်း +သရက်သီးမှည့် / 725 Kcal
• ထမင်း+ကြက်သားဟင်း+ပဲသီးကြော်+ချဉ်ပေါင်ဟင်း+ဖရဲသီး / 706 Kcal
• ထမင်း+ငါးဖယ်သုပ် +ဗူးညွန့်ကြော်ချက် +ပဲကြီးဆူးပုတ်ဟင်း +စပျစ်သီး / 654 Kcal

Credit to > စစ်မုန်းပုန်ကန်

Friday, January 22, 2016

"ဂျပန်လူမျိုး များ အလုပ်အပေါ် ထားသော စိတ်ဓါတ်..."


သူငယ်ချင်း တစ်ယောက်က
'ဟေ့ကောင် မင်းမရှက်ဘူးလား' တဲ့
ဟ.. ငါက ဘာကိုရှက်ရမှာလဲ
'မင်း အဲ့ဒီမှာ ပန်းကန် ဆေးခဲ့ ရတာကို Facebook ပေါ်တင်တာလေ'
အဲဒါ ရှက်စရာလား ဆိုတော့
အေးလေ ရှက်စရာ ပေါ့ မင့်အစား ငါရှက်တယ် တဲ့

'ဟ ရှက်ခြင်းရှက် မင့်ကိုယ်မင်း ရှက်ရမှာ
မိဘ ချမ်းသာရဲ့နဲ့ ကိုယ်ပိုင် စီးပွားရေး မလုပ်ပဲ
အခု အသက် ၃၀ ထိ လက်ဖြန့်တောင်းသုံး နေရတုန်းလေ' လို့ ပြောလိုက်တော့
'အတော်ပြောရ လက်ပေါက်ကပ်တဲ့ကောင်' ဆိုပြီး လိုင်းပေါ်က ဆင်းသွားလေရဲ့။
ကျွန်တော့ ဆောက်လုပ်ရေးက အလုပ်ခေါင်းဆောင် ကိုမေးကြည့်ခဲ့ဖူးတယ်...
' ဟိနုမ စံ ခင်ဗျား မှာ အိမ်အကြီးကြီး လည်းရှိတယ် ကားတွေလည်း နှစ်စီး သုံးစီး..သားသမီး တွေကလည်း အိမ်ထောင်တွေ ကျကုန်ပြီ
ငွေတွေလည်း အများကြီးရှိတယ်
အသက်ကလည်း ၆၅....ဘာလို့များ ဒီပင်ပန်းတဲ့ ဆောက်လုပ်ရေး
အလုပ်လာလုပ်နေသေးလဲဗျာ' ဆိုတော့..
'ငါ ငယ်ငယ် ကတည်းက လုပ်လာတဲ့ ဒီအလုပ်ကို ချစ်လို့၊
ပြီးတော့ ငါတို့ လူမျိုးက အလုပ်လုပ်ရင်း သေကြတယ်၊
အိမ်မှာ အားလုံး အလုပ်သွားကြရင် အလုပ်မရှိပဲ ကျန်နေခဲ့ရတဲ့ လူတစ်ယောက်ရဲ့ သိမ်ငယ်စိတ် ကို မင်း အသက်ကြီးရင် နားလည်လာလိမ့်မယ် ' တဲ့
ငါတို့ မြန်မာတွေက အသက်ကြီးရင် ဘာမှ မလုပ် တော့ဘူး အိမ်မှာပဲ နေကြတယ် ဆိုတော့
အံ့ဩ တဲ့ အကြည့်နဲ့ ကြည့်နေခဲ့လေတယ်။
အခု လက်ရှိ ကျွန်တော့ ဆိုင်က သဌေး
တိုကျို မြို့ပေါ်မှာ စားသောက်ဆိုင် ၁၄ ဆိုင်ပိုင်တယ်
သူဆိုင်ကို လာလို့ ပန်းကန်ဆေး တဲ့သူ မရှိရင် သူဝင်ဆေးတယ်၊
စားပွဲ ဝင်ထိုးတယ်၊ အိမ်သာဆေးတယ်။
' ရှချော ဒါ သူဌေး လုပ်ရမဲ့ အလုပ်မဟုတ်ပါဘူး
ကျွန်တော် တို့ လုပ်ပါ့မယ် 'ဆိုတော့
'ကောင်းတဲ့ အလုပ်မှာ အဆင့်အတန်းဆိုတာ မရှိဘူး အလုပ်ရှိပြီး မလုပ်ရင်သာ အဆင့်မရှိတာ' တဲ့လေ။
ဂျပန်လူမျိုးတွေ အလုပ်အသားကုန်လုပ်ကြတယ်၊ အလုပ်စွဲကြတယ်
(ခွင့်ရက် မယူကြလို့တောင် အစိုးရက မယူမနေရ ခွင့် ၅ ရက်
သတ်မှက်ရတဲ့ အထိ) ဘာအလုပ်ဖြစ်ဖြစ် လုပ်ကြတယ်၊ အလုပ်ရှိမှ ဂုဏ်ရှိတယ် ယူဆကြတယ်။
(အတုယူ ရမှာပါပဲ)
မင်းယျာ

အာလူးကြိုက်တဲ့သူများအတွက်


အာလူး အကြွပ်ကြော် / အာလူး အပျော့ကြော်/
အာလူး ကက်တလစ်ကြော် / အာလူး နဲ့ မေရိုးနိစ်ထောင်း / အာလူးပိုးတီ ကြော်
တနေ့ပြီးတနေ့ မိုးလင်းတာနဲ့ ဟင်းချက်ဖို့ အတွက်ကို စဉ်းစားရတာ ဦးနှောက်ခြောက်ပါတယ် ။ ဒါနဲ့အာလူး ၁ ပိဿာ၅၀ ကျပ်သားဝယ်ပြီး (၅ ပုံ)ပုံ ငါးမျိုးလုပ်ပြစ်လိုက်ပါတယ် ။
အာလူးအကြွပ်ကြော်
*************်
ပါဝင်ပစ္စည်း
အာလူး ၃၀ ကျပ်သား(အခွံခွာ ပါးပါးလှီး(ပုံစံမျိုးလှီးပြီးရေဆေးပြီး
မိနစ် ၃၀ ခန့် ရေစိမ်ထားပါ) ဆား(အနည်းငယ်)
ဆီ (၂၀ ကျပ်သား)
ပြုလုပ်ပုံ
ရေစိမ်ထားတဲ့ အာလူးကိုဆယ်ပြီး ဇကာနဲ့ စစ်ထားပါ ။ ကြော်ခါနီးရင် ဆားအနည်းငယ်ထည့်နယ်ပြီး ဆီပူထဲထည့်ကြော်ပါ ။ ကြွတ်လာရင်ဆယ်ပြီး လင်ဘန်းထဲကို အောက်ကစက္ကူ ခင်းပြီးဖြန့်ထားပေးပါ ။
အာလူးကက်တလစ်ကြော်
*****************
အာလူး ၃၀ ကျပ်သား(နူးအောင်ပြုပ်ပြီး အခွံခွာ ဆားအနည်း
ထည့်ပြီး ထောင်းထားပါ)
နွားနို့(ထမင်းစားဇွန်း ၁ ဇွန်း)
ကြိုက်ရာ /အသား /ငါးပုဇွန် /်၁၅ကျပ်သား(နုတ်နုတ်စင်းထားပါ)
ကြက်သွန်နီ ၅လုံး(ပါးပါးလှီးပြီးပြန်စိပ်ထားပါ)
ကြက်သွန်ဖြူ ၁ ဥ ( ညက်အောင်ထောင်းပါ)
ငရုပ်သီးစိမ်း /ဆား /မဆလာ (အနည်းငယ်)
အကြော်မှုန့် (သို ) ဂျုံမှုန့် (၅ ကျပ်သား)
ဆီ(၁၀ ကျပ်သား)
၁။ထောင်းပြီးသားအာလူးကို နွားနို့ နဲ့ ရောနယ်ပါ
နွားနို့မရှိရင် နို့ ဆီကိုရေနွေး နဲ့ ပျစ်ပျစ်ဖျော်ပြီး ထမင်းဇွန်း ၁ဇွန်း
ထည့်ပါ။(အာလူးစေးကပ်ပြီးကြော်ရင်အပြင်ကိုပေါက်မထွက်ပါ)
၂။နုတ်နုတ်စင်းထားတဲ့ အသားကို ကြက်သွန်ဖြူ /နီဆီသပ်ပြီးထည့်ကြော်ပါ။ ဆား ငရုပ်သီးစိမ်း မဆလာထည့်ပါ ။
၃။ထောင်းပြီးသားအာလူးကို ဂျုံမှုန့်နဲ့ကိုင်ပြီး အလုံးကြီးကြီးလုံးပါ ။ အလယ်ကအခွက်ကလေးလုပ်ပြီး အစာထည့်ပါ ။
အပေါ်ကို အစာလုံအောင်ပြန်ပိတ်ပါ။ ဂျုံမှုန့်ကို ပန်းကန်ထဲမှာ ဖြန့်ခင်းထားပြီး အာလူးအစာသွပ်ကိုထည့်ထားပါ။ (တခုနဲ့တခုမကပ်တော့ပါ)
၎။ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး အာလူးလုံးပြီးသားကို နဲနဲပြားပြီး ၄လုံး ၅လုံး ထည့်ပါ။ တခုနဲ့တခု မထိပါစေနဲ့ ထိရင်ပေါက်ထွက်တတ်ပါတယ် ။ တဖက်ကိုနီအောင်ကြော်ပြီးမှတဖက်ကိုလှန်ပါ ။နှစ်ဖက်နီရင်ရပါပြီ
အာလူးအပျော့ကြော် (၂ မျိုး)်
******************
အာလူး ၃၀ ကျပ်သား(အခွံခွှာ လေးထောင့်အတုံးလေးတွေတုံးပြီး
ဆားနယ်ထားပါ)
အာလူး ၃၀ ကျပ်သား( အခွံခွှာ အမျှင်သေးလေးတွေ လှီးပြီး ရေ ရေဆေးဆားနယ်ထားပါ)
ဆီ (၂၀ ကျပ်သား)
ကြက်သွန်ဖြူ ၁ဥ( ညက်အောင်ထောင်းထားပါ)
ဆီပူပူမှာ အာလူးအတုံးလေးတွေကိုထည့်ကြော်ပါ။ အပြင်ဘက်နီပြီးကြွပ်လာရင် ရပါပြီ။အထဲကတော့ပျော့ပါတယ် တမျိုးစားကောင်းပါတယ် ။
ပြီးရင် ဆီအနည်းငယ်ချန်ပြီး ကျန်ဆီများကိုခပ်ထားပါ။ ကြက်သွန်ဖြူဆီသပ်ပါ။ နီလာပြီးမွှေးလာရင် လှီးထားတဲ့ အာလူးချောင်းသေးသေးလေးတွေထည့်ကြော်ပါ။ ဆားအနည်းငယ် ဆနွင်းမှုန့်အနည်းငယ် (အချိုမှုန့်သုံးရင်ထည့်)ြ ထည့်ပြီးသမအောင်မွှေ ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်နှပ်ထားပါ ။နူးလာရင်အောက်က နီပြီးကြွပ်အောင် မီးအနည်းငယ်မြှင့်ပေးပါ ။နီပြီးကြွပ်လာရင် နောက်တဖက်ကို လှန်ပေးပါ ။နှစ်ဖက်နီပြီးကြွပ်လာရင်ရပါပြီ ။အပေါ်အောက် နှစ်ဖက်ကြွပ်ပြီး အလယ်ကပျော့ပါတယ် စားကောင်းပါတယ် ။
အာလူးနဲ့ မေရိုးနိစ်ထောင်း
*****************
အာလူး ၃၀ ကျပ်သား(နူးအောင်ပြုပ်ပြီး အခွံခွာပြီးညက်အောင်
ထောင်းပါ)
ကြက်သွန်နီ ၄ လုံး(အလုံးလိုက်ရေဆေးပြီးပါးပါးလှီးထားပါ)
ငရုပ်ကောင်းမှုန့် / ဆား(အနည်းငယ်)
မေရိုးနိစ်(စိတ်ကြိုက်)
ညက်အောင်ထောင်းထားတဲ့ အာလူးများကို ဆား ငရုပ်ကောင်းမှုန့် မေရိုးနိစ် နဲ့ သမအောင်နယ်ပါ ။ ပြီးမှကြက်သွန်နီပါးပါးလှီးပြီးသားနဲ့ ရောသမနယ်ပါ ။ ငရုပ်သီးစိမ်း ကြိုက်ရင်ပါးပါးလှီးပြီးထည့်နိုင်ပါတယ် ။ ရပါပြီ
အာလူးပိုးတီကြော်(တင်ပြီးသားပါ)်
*********************
ကြုံလို့ ပြန်တင်ပေးလိုက်ပါတယ်
အာလူး ၃၀ကျပ်သား (ပိုးတီ လှီးသလို လှီးထားပါ ။တဖက်ကို အတည့်လှီးရင် နောက်တဖက်ကိုအစောင်းလှီးပါ ဒါမှမဟုတ် တဖက်ကိုစောင်းစောင်း လှီးပြီး နောက်တဖက်ကိုလည်း ပထမဖက်ကလှီးသလိုမျိုး စောင်းစောင်းလှီးပါ အောက်ဆုံးထိမလှီးရပါ သုံးပုံနှစ်ပုံလောက်လှီးပါ။ ။ အထူအပါး ညီပါစေ)
ဆား(အနည်းငယ်)်
အာလူးလှီးပြီးသားကို ရေဆေးပြီး ဆားနယ်ထားပါ ဆီပူပူမှာ အာလူးကိုဆွဲဆန့်ပြီးအနည်းငယ်လိမ်ပြီးထည့်ကြော်ပါ နီပြီးကြွပ်လာရင်ရပါပြီ ။
======================================

Credit to> Lae Cooking Diary

ရာသီချိန်မဟုတ် သရက်သီး၊ သီးစေရန်


မြန်မာနိုင်ငံ တွင် သရက် စိုက် ဧက ၁ ဒသမ ၅၅ သန်း ကျော်ခန့် ရှိပြီး တစ်နှစ်လျှင် သရက်သီး အလုံးပေါင်း ၁,၆၅၀ သန်းကျော်
ထွက်ရှိ နေသည်။ သရက် သီးသည် ရာသီချိန် တွင် တစ်ပြိုင်တည်း ပေါ်တတ် သဖြင့် ဈေးကောင်း မရရှိဘဲ သရက်သီး များပုပ်ပြီး
အလေ အလွင့် ဖြစ်ခြင်း များနှင့် ကြုံရ သည်။

သို့အတွက် နိုင်ငံတ ကာတွင် သရက် သီးကို ရာသီချိန် မဟုတ်ဘဲ ပေါ်အောင် နည်းပညာ အသုံးချလာ ကြသည်။ ရာသီချိန် မဟုတ်
ဘဲ ရာသီ ထက် စော၍ သီးခြင်း၊ ရာသီထက် နောက်ကျ သီးခြင်း နှစ်မျိုး ဖြစ်ပေါ် နိုင်သည်။ ပုံမှန် ရာသီ ထက်စော ၍ သရက်သီး
ပေါ်ခြင်း ကြောင့် ဈေးကောင်း ရသည်။
ပေါ်ဦးပေါ်ဖျားဖြစ်သဖြင့် ဈေးကွက်တွင် မျက်နှာရသည်။ ရာသီချိန်ထက်နောက်ကျ၍ သရက်သီးပေါ်ခြင်းသည် ပိုးမွှားရောဂါ ကျပြီး အရည်အသွေးပါ ထိခိုက်စေနိုင် သည်။ သို့အတွက် သရက်သီးကို ပုံမှန်ရာသီ ထက်စော၍ သီးအောင်သာ အလေးပေး ဆောင်ရွက်
လာကြသည်။
ပုံမုန် ရာသီထက် သရက်သီး စောပေါ် ရန်မှာ သရက်သီး ဆွတ်ခူးပြီး သရက်တုံး သွားသော အပင် ရပ်နား ချိန်တွင် ပိုးကျ ရောဂါ
ရကိုင်း များအား ဖြတ်တောက် ခြင်း၊ ပိုနေသော ကိုင်း များအား သုတ်သင် ခြင်းဖြင့် အပင်ကို သန့်ရှင်းရေး ပြုလုပ်ရမည်။ လာမည့်
ရာသီတွင် ပန်းပွင့်ပြီး အသီးသီးပေး နိုင်သော သန်စွမ်းကိုင်းများသာ ကျန်ရှိရန် လိုအပ်သည်။
သရက်အပင်အို၊ အပင်ပျိုများ ကိုင်းဖြတ်တောက်ရှင်းလင်းပြီးပါက ဓာတ်မြေ သြဇာကျွေးရသည်။ လာမည့်ရာသီ သရက် သီးစော
ရန် အတွက် အားဖြည့် ပေးခြင်း ဖြစ်သည်။ ပေါင်းမြက် ရှင်းလင်း ပြီးပါက သက်တမ်း လေးငါး နှစ်သား အပင် အတွက် နိုက်ထရို
ဂျင်၊ ဖော့စ ဖရပ်နှင့် ပိုတက် ဆီယမ် ၃း၁း၁ မြေသြဇာ ကို တစ်ပင်လျှင် နှစ်ကီလို၊ သုံးကီလိုနှုန်း ထည့်ပေးရန်လိုအပ်သည်။ သဘာဝမြေသြဇာအဖြစ် ကြက်ချေး၊ နွား ချေး၊ ၀က်ချေး၊ လင်းနို့ချေး၊ ထုံး၊ ဒိုလိုမိုဒ် များကို ရောနှောကျွေးလျှင် ပိုကောင်းသည်။
ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများ ကျွေးရာတွင် အပင်၏ အရွက်အုံးဆိုင်းမှု အောက်တည့်တည့်တွင် လေးငါးနေရာ ကျင်း
တူး၍ ထည့်ကျွေးရသည်။ မြေသြဇာ ကျွေးပြီးပါက အပင်ခြေကို ကောက်ရိုး၊ မြက်ခြောက်များ ဖုံးပေးရန်လိုအပ်သည်။
သရက်ပင်ကို ကိုင်းဖြတ်၊ မြေသြဇာ ကျွေး ပြုလုပ်ပြီးပါက ရေသွင်းပေးရန် လို အပ်သည်။ ရေသွင်းပြီး ငါးရက်မှ ခုနစ်ရက် အတွင်း
ရွက်နုများ တိုးလာမည်ဖြစ်သည်။ ပုံမုန်ရာသီ၌ ဇူလိုင်လတွင် ဒုတိယအကြိမ် ရွက်နုထွက်သည်။ ၎င်းင်းအရွက်များသည် မိုးရာသီ
မကုန်မီ အရွက်ရင့်များ ဖြစ် သွားပြီး ကြီးထွားမှု ရပ်ဆိုင် သွားသည်။
ရွက်နု ထွက်ချိန် သည် သရက်သီး ချိန်အတွက် အဓိက အချက် ဖြစ်သည်။ ရွက်နုများ မရင့် ခင်အဆင့်တွင် အရွက်များ ကြေးနီ
ရောင် ဖြစ်လာသည်။ အရွက်နုများ အဆင့်ဆင့် ကြီးထွားလာသည်။ ၎င်းင်းအချိန်တွင် လှေး ပိုး၊ ရွက်စားပိုး၊ ကျိုင်း၊ ဒက်ပိုးတုနှင့် မှည့် ပျောက်စွန်းရောဂါများ ကျရောက်တတ် သဖြင့် သတိပြုကြိုတင်ဆောင်ရွက်ရန် လို အပ်သည်။ ပုံမှန်မဟုတ်သော ရာသီတွင်
သရက် သီးပေါ်စေရန်မှာ ပထမအကြိမ်ထွက်သော ရွက်နုများမရင့်မှီအချိန်တွင် ဆောင်ရွက်ရ သည်။ သရက်ဖူးများ နိုးကြားလာ
စေရန်နှင့် အဖူးထွက် ပန်းပွင့်လာစေရန်အတွက် အရွက်ရင့်များအပေါ်တွင် ယမ်းစိမ်းဖျော် ရည်ကို ပက်ဖျန်းပေးရသည်။
တချို့ သရက်မျိုး များသည် သရက်ဖူး များ နိုးကြား စေရန် ယမ်းစိမ်းဖြင့် အကျိုး သက်ရောက်မှု မရှိသဖြင့် Paclobutrazol ကို
ကြိုတင် အသုံး ပြု၍ အပင်ပိုင်းကြီးထွားမှုကို ဟန့်တား ထားရန် လိုအပ်သည်။ ဈေးကွက်တွင် Cultar, Runner-p, prediet
ဟူ၍ ၀ယ်ယူနိုင်သည်။ Paclobutrazol သူသည် အရွက်ထက် အမြစ်က ပို၍ ထိရောက်မှု ရှိသည်။
ဆေးကို အသုံးပြုရာတွင် အညွှန်းပါအတိုင်း တိတိ ကျကျ အသုံးပြုရန်လိုသည်။ သရက်ရွက် များသည် အစိမ်းရင့်ရောင်ဖြစ်ပြီး
တောင့် တင်းနေပါက သရက်ဖူးများဖြစ်ပေါ်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ အကယ်၍ သရက် ရွက်များပါပြီး နူးညံ့ပျော့ပြောင်း
နေခြင်း၊ သေးငယ်လွန်းခြင်း၊ အဆစ်များရှည် ခြင်း၊ ကိုင်းများသေးသွယ်ခြင်း၊ အရေ အတွက်နည်းလွန်းခြင်းဖြစ်နေပါက နိုက် ထရိုဂျင်၊ ဖော့စဖရပ်နှင့် ပိုတက်စီယမ် ၉း၂၄း၂၄ ဓာတ်မြေသြဇာကို တစ်ပင်လျှင် တစ်ကီလိုမှ နှစ်ကီလို ထည့်သွင်းပေးရန်
လိုအပ်သည်။ ထည့်သွင်းရမည့် ဓာတ်မြေ သြဇာနှုန်းထားမှာ အပင်သက်တမ်းအလိုက် ကွာခြားသည်။
အထက်ပါနှုန်းထားသည် အပင်သက် ၁၇ နှစ်သားအရွယ်အတွက် ဖြစ်သည်။ နောက်ဆုံးထွက်သော အရွက်နုများ ထွက်ပြီး ရင့်
သွားသည့်အချိန်တွင် အချိန် အခါမဟုတ်သော မိုးကြောင့်လည်းကောင်း၊ ရေပေးသွင်းခြင်းဖြင့်လည်းကောင်း၊ နောက် ထပ်ရွက်နု
များကို ဟန့်တားရန် လိုအပ် သည်။ မိုးသည်ထန်စွာ ရွာသွန်းပါက သုညး၅၂း၂၄ အချိုး၊ ဓာတ်မြေသြဇာ ၅၀ မှ ၆၀ ဂရမ်ကို ရေ ၂၀ လီတာနှင့်ဖျော်၍ အရွက်များကို ဖျန်းပေးရန် လိုအပ်သည်။ မိုးမရွာပါက သုညး၂၅း၄၀ အချိုးဓာတ်မြေ သြဇာ ၅၀ မှ ၆၀ ဂရမ်ကို
ရေ ၂၀ လီတာ နှင့် ဖျာ်၍ ၁၅ ရက်၊ သို့မဟုတ် ၂၀ ရက်၊ သို့မဟုတ် ၃၀ ခြား ဖျန်းပေးရန် လိုအပ်သည်။
သရက်ရွက်များ ရင့်လာချိန်တွင် ပန်းပွင့်ရန် ဆောင်ရွက်ချိန်ဖြစ်သည်။ အကိုင်း ကြီးများ ကျွတ်ဆတ်နေခြင်း၊ အရွက်များ အစိမ်း
ရင့်ရောင်ရှိ၍ ချေကြည့်လျှင် <ကတ် ဆတ်နေပြီး ရွက်နုများကို မတွေ့ရတော့ သည့်အချိန်တွင် ပန်းပွင်လာစေရန် ဆောင်ရွက်သင့်
သည့် အချိန်ဖြစ်သည်။ ၎င်း အချိန် သည် Paclobutrazol ဖျန်းပြီးနောက် ရက် ၁၂၀ မှ ရက် ၁၃၀ အကြာတွင် ဖြစ်သည်။
ဆောင်ရွက်သင့်သည့်အချိန်သည် မြေအစို ဓာတ်ခြောက်သွေ့နေခြင်း၊ ရာသီဥတုသည် တိမ်ကင်းစင်သာယာနေခြင်း၊ မိုးမရွာသော ကာလဖြစ်ခြင်းများ ဖြစ်သည်။ မြန်မာနိုင်ငံ အောက်ပိုင်း တွင် မိုးရာသီ ကုန်ဆုံး ကာလ သည် အသင့် တော်ဆုံး ဖြစ်သည်။ ၎င်းအ
ချိန်တွင် အညွန့်သစ်များထိန်းချုပ်ရန် သုညး ၂၅း၂၄ ဓာတ်မြေသြဇာ ၅၀ ဂရမ်မှ ၆၀ ဂရမ်ကို ရေ ၁၂၀ လီတာနှင့်ဖျော်၍ ဖျန်းပေး
ရန် လိုအပ်သည်။
သရက် ပန်းပွင့် စေရန် အတွက် Thiourea ၇၅ ဂရမ်မှ ၈၀ ဂရမ်ကို ရေလီတာ ၂၀ တွင် ဖျော်၍၊ သို့မဟုတ်ရောစပ်၍ အပင်ပေါ်ဖျန်း
ပေးရန် လိုအပ်သည်။ ပက်ဖျန်းပြီး တစ်ပတ်အတွင်း မိုးမရွာလျှင် ပို၍အကျိုး သက်ရောက်မှုရှိစေသည်။ ယမ်းစိမ်းကို အသုံးပြုပါက အရွက်များ လောင်ကျွမ်းနိုင် သဖြင့် နှုန်းထားမှန်ကန်ရန်နှင့် ညနေပိုင်း တွင်သာ ဆေးဖျန်းရန် သတိပြုသင့်သည်။
Thiourea ၊ သို့မဟုတ်KNO3 ဖျန်းပြီး ခုနစ်ရက်မှ ၁၀ ရက်ကြာပါက ပထမဦးဆုံး ပန်းခိုင်စထွက်ပန်းပွင့်လာသည်။ အနည်းလို
အာဟာရဓာတ် ဃယေြါယဇညယသြ ပါဝင် သည့် ၁၅း၃၀း၁၅ ဓာတ်မြေသြဇာကို ကပ် ဆေးနှင့်ရောပြီး ညနေပိုင်းတွင် ပက်ဖျန်း
ပေးပါ။ ပန်းမပွင့်မီ ခုနစ်ရက်အလိုတွင် ၀တ် မှုန်ကူးရန် အထောက်အကူဖြစ်စေသော ယင်ကောင်၊ ပျားများလာရောက်စေရန် အပင်ပတ်ဝန်းကျင်တွင် ကြက်ချေးများ ဖြန့်ခင်းပေးခြင်း၊ ငါးအူများကို အပင်ပေါ် တွင် ချိတ်ဆွဲပေးခြင်းများကို ဆောင်ရွက်ရန်
လိုအပ်သည်။
ပန်းခိုင်ထွက်ပြီး ၁၄ ရက်အကြာတွင် ပန်းဖြိုင်ဖြိုင်ပွင့်သည်။ ၂၁ ရက်အကြာတွင် ပန်းဖူး၏ ၅၀ ရာခိုင်နှုန်း ပန်းပွင့်လာသည်။ ပန်း
ဖြိုင်ဖြိုင်ပွင့်ချိန်တွင် အသီးပြည့်စုံစွာ သန္ဓေအောင်စေရန်အတွက် ယင်နှင့်ပျား များ၏ အကူအညီများစွာ လိုအပ်သည်။ ၀တ်မှုန်ကူး
ရန် သင့်တင့်သော အပူချိန်နှင့် စိုထိုင်း ဆသည် အရေးကြီးသည်။ အပူချိန် ၁၆ ဒီဂရီစင်တီဂရိတ်မှ ၄၄ ဒီဂရီ စင်တီ ဂရိတ် သည် ၀တ်မှုန်ကူး သန္ဓေအောင် စေရန် သင့်တော်သော အခြေအနေဖြစ်သည်။
ပန်းပွင့်သန္ဓေအောင်ပြီး ခုနစ်ရက် အကြာတွင် အသီးငယ်ငရုတ်ကောင်းစေ့ အရွယ် အဆင့်ရောက်ရှိလာသည်။ အသီး ငယ်များ ကြီးထွားရန် အပင်ရှိအာဟာရ များကို မျှဝေသုံးစွဲစပြုလာသည်။ သရက်သီး ပဲပုပ်စေ့အရွယ် အဆင့်ရောက်လာပါ က ကြီးထွားမှု
လျင်မြန်လာသည်။ အသီး ငယ်ကြာစေ့ရွယ် အဆင့်သို့ ပန်းပွင့်ပြီး တစ်လအကြာတွင် ရောက်ရှိသည်။ ကိုင်း ငယ်၊ ကိုင်းကြီး၊ ပင်
မပင်စည်မှ အစာများ ကို အသီးကြီးထွားဖွံ့ဖြိုးမှုအတွက် စုပ်ယူ အသုံးချသည်။ ပန်းခိုင်တစ်ခုလုံးတွင် အသီး ၁၀ လုံးမှ ၁၅ လုံး
သာထား၍ သီး ညှပ်၊ သီးကျပ်များကို ဖယ်ရှားပစ်ရန် အထူး အရေးကြီးသည်။
ပန်းပွင့်ပြီး ၄၅ ရက်သားအရွယ်တွင် အသီးခါဥအရွယ်သို့ ရောက်ရှိသည်။ ဤ အဆင့်တွင် အာဟာရ မလုံလောက်ပါကကြွေကျ
တတ်သည်။ ၁၅း၃၀း၁၅ ဓာတ်မြေ သြဇာကို အနည်းလိုအာဟာရဓာတ်များနှင့် ရော၍ ဓာတ်မြေသြဇာအရည် ၁၀ မီလီမီတာ
ကို ရေလီတာ ၂၀ နှင့်ရော၍ ပက်ဖျန်းပေး ရန် လိုအပ်သည်။
ပန်းပွင့်ပြီး ရက် ၆၀ သား၌ အသီး တွင် ကြက်ဥအရွယ်အဆင့်သို့ ရောက်ရှိ သည်။ ဤအဆင့်တွင် အစိုဓာတ်ပြတ်ခြင်း၊ အာဟာ
ရမလုံလောက်ခြင်းဖြစ်ပါကေ<က ကျတတ်သည်။ အပူချိန်နိမ့်လွန်းခြင်း၊ မြင့် လွန်းခြင်းဖြစ်ပါကလည်း ကြွေကျတတ်သည်။ ဤအဆင့်တွင် ပုံမှန်မဟုတ်သော အသီးများကိုေ>ခပေးရန် လိုအပ်သည်။ အသီးကြီးထွားမှု ကောင်းစေရန် ၉း၂၄း၂၄ ဓာတ်မြေ
သြဇာကို တစ်ပင်လျှင် တစ်ကီလို မှ နှစ်ကီလိုနှုန်း ထည့်ပေးရန် လိုအပ်သည်။
ပန်းပွင့်ပြီး ရက် ၉၀ တွင် အသီးများ ရင့်ရန် နီးကပ်လာချိန်ဖြစ်သည်။ ဤ အဆင့်တွင် ကြီးထွားမှုပိုမိုလာသည်။ ရေ သွင်းရက်ပို၍
ခြားပေးပြီး ရေသွင်းချိန်တွင် ၉း၂၄း၂၄ ဓာတ်မြေသြဇာကျွေးပေးရန် လို အပ်သည်။ ၁၀ ရက်ကြာလျှင် သရက်သီး ပေါ်၌ ခပ်ပါးပါး
ဖယောင်းလွှာပေါ်လာ သည်။ ဖယောင်းလွှာပေါ်လာစေရန် ၉း၂၄း ၂၄ ဓာတ်မြေသြဇာအရည် ၂၀ မီလီမီတာ နှင့် ၃၀ မီလီမီတာ
ကို ရေလီတာ ၂၀ နှင့် ရော၍ ပက်ဖျန်းပေးရန် လိုအပ်သည်။ ဤနည်းဖြင့် ရာသီချိန်မဟုတ် ပန်း ပွင့်ပြီး ရက် ၁၁၀၊ ရက် ၁၁၅ ရက်
ကြာတွင် ကောင်းစွာကြီးထွားဖွံ့ဖြိုးသော သရက်သီး များကို စနစ်တကျ ဆွတ်ခူးနိုင်ပြီ ဖြစ်သည်။
- အောင်ဆန်း (စိုက်ပျိုးရေး)
Ref; The Farmer Media
Credit to > Aunglan Farmer

ခါးနာပျောက်စေသော ဆေးနည်း

ခါးနာဝေဒနာဖြစ်နေသော နှစ်ရှည်လများခံစားနေရသူများအား ဤအစွမ်းထက်ဆေးနည်းလေးကို ကုသိုလ်ပြုလမ်းညွှန်ပါ၏- ဆင်တုံးမနွယ် အစို နှစ်ကျပ်သား နှမ်းဆီစစ်စစ် တစ်ဆယ်သား သတ္တုအိုးတစ်လုံး ပုလင်းတစ်လုံး တို့ကိုယူပါ။ ဆင်တုံးမနွယ်ကို ကွမ်းညှပ်နှင့် ပုလင်းအတွင်းသို့ထည့်၍ ဝင်စေရန် သေးငယ်စွာညှပ်ပါ ညှပ်ပြီးလျှင် ပုလင်းတွင်းထည့်ပါ နှမ်းဆီပါရောထည့်ပါ အိုးအတွင်း ရေကိုထည့်ပါ ရေထည့်ထားသော အိုးထဲကို ပုလင်းထည့်၍ ရေဆူလာအောင် မီးဖြင့်ချက်ပါ ရေခမ်းလျှင်ထပ်ထည့်ပါ ၃နာရီခန့်ချက်ပြီးပါက ဆေးအဆီရပါလိမ့်မယ် ထိုနှမ်းဆီရလာပါက အအေးခံပြီး ဗုဒ္ဓဂုဏ်တော် ၃၇ ခေါက်ရွတ်ပြီး ရတနာမြတ်သုံးပါးနှင့် သင်ဆရာမြင်ဆရာနှင့် ဆေးဆရာများအား ကန့်တော့ပူဇော်ပြီး ခါးနာသည့်နေရာကို စိမ့်ဝင်အောင် မနက်တစ်ကြိမ် ညတစ်ကြိမ် လိမ်းပေးခြင်းဖြင့် လက်တွေ့ပျောက်ကင်းချမ်းသာပါလိမ့်မည်။ အမှန်တကယ် ခံစားနေရပါက အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်ပါ။ ငါကဲ့သို့ခါးနာသူရှိက သိပါစေပျောက်ပါစေ စေတနာဖြင့် ဤ ဆေးနည်းအား သင်ကြားမျှဝေပါ။ ဘဝပေါင်းများစွာ အနာရောဂါ ကင်းစင်ပါလိမ့်မည်။ စေတနာသည် မိမိ၏ တန်ခိုးရှင်ပင်ဖြစ်သည်။အားလုံး ကျန်းမာရွှင်လမ်းကြပါစေ-----နဝင်းမောင်(ဂမ္ဘီရလောကီပညာ)

Credit to > န၀င်းမောင်