Friday, July 3, 2015

မြန်မာနိုင်ငံ ဗုဒ္ဓသာသာနာသမိုင်း (၂)


၂။ ဗုဒ္ဓ-အသောကခေတ်ပြိုင် မြန်မာနိုင်ငံအတွင်း မည်သည့်
လူနေဒေသများထွန်းကား၍ မည်သည့်ကိုးကွယ်ယုံကြည်
မှုဆိုင်ရာအထောက်အထားများ တွေ့ရှိရသနည်း?
ဗုဒ္ဓ-အသောကခေတ်ဟု ညွှန်းဆိုခြင်းသည် ဘီစီ ၆ ရာစု -
၃ ရာစု (လွန်ခဲ့သောနှစ် ၂၆၀၀-၂၃၀၀) ကာလဖြစ်ပါသည်။
ယင်းကာလ ခေတ်ပြိုင် မြန်မာနိုင်ငံတွင် ကြေးခေတ်နှောင်း-
သံခေတ်ဦး လူနေဒေသများ (ဘီစီ ၇၀၀-၄၀၀)၊ သံခေတ်လူနေ
  ဒေသများ (ဘီစီ-၄၀၀)၊ ကျောက်ခေတ်နှောင်းမှ သံခေတ်ဦးသို့
ကူးပြောင်းသော လူနေဒေသများ (ဘီစီ ၇၀၀)၊ ပျူခေတ်လူနေ
  ဒေသများ ထွန်းကားတည်ရှိနေပါသည်။
  မြန်မာအစ (သို့မဟုတ်) သင်္ဃဿ တကောင်း
..........................................................
တကောင်းသည် ပျူခေတ်မြို့ဟောင်းတစ်ခုဖြစ်ကြောင်း၊ သရေ
  ခေတ္တရာထက်စောစွာ သကျသာကီမျိုး မြန်မာတို့တည်ထောင်
ေ နေထိုင်သော တိုင်းနိုင်ငံတစ်ခုဖြစ်ကြောင်း ရှေးဗမာ့ရာဇ၀င်
များတွင် တိကျစွာမှတ်တမ်းတင်ထားရှိခဲ့သည်။ ထိုရာဇ၀င်လာ
မှတ်တမ်းတင်ချက်များ တိကျမှန်ကန်ကြောင်းကို လက်တွေ့
တူးဖော်သုတေသနပြု ဖော်ထုတ်ပေးခဲ့သည့်ပုဂ္ဂိုလ်မှာ “အရှင်
ပဏ္ဍိတနန္ဒာ (၀ါ) ဦးမင်းဟန်” Min Han ဖြစ်ပါသည်။
ဦးမင်းဟန်၏ ကြိုးပမ်းအားထုတ်မှုဖြင့် ၂၀၀၁ ခုနှစ်ပွင့်လင်းရာ
သီတွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန ဦးစီး
ဌာနမှ ဆင်ညှပ်ကုန်းကျေးရွာနယ်မြေ၊ မင်းသမီးကွင်းရှိ ဦးတင်ဝင်း
ကုန်းကို စတင်တူးဖော်ရာအလျားအနံ ၄၆ပေ ပတ်လည်ရှိ စတုရန်းပုံ
အပြင်ဘက်အုတ်ရိုးနှင့် အလျားအနံ ပေ၂၀ ပတ်လည်ရှိ စတုရန်းပုံ
အတွင်းအုတ်ရိုးတို့ ပေါ်ထွက်လာခဲ့သည်။ အပြင်အုတ်ရိုး၏အရှေ့
တောင်ထောင့်အစွန်းတွင် အလျား ၉ပေ၊ ၆လက်မခန့်ရှိ အုတ်လှေ
ကားတစ်စင်းပါရှိပြီး ထိုအဆောက်အဦး၏ ပန္နက်ပုံအရ ဗိဿနိုး
ပျူမြို့ဟောင်းတူးဖော်ကွက် (KKG-4)နှင့် ပုံသဏ္ဍာန် အရွယ်အစားပါ
ထပ်တူနီးပါးမျှ တူညီနေပြီး ထိုမင်းသမီးကုန်းအဆောက်အဦးကို
ပျူဓလေ့ လက်ရေးစင်းပါအုတ်ချပ်များဖြင့်သာ တည်ဆောက်
ခဲ့ကြောင်းတွေ့ရှိခဲ့သည်။
မင်းသမီးကွင်းအဆောက်အဦး၏ ခေါင်မိုးတွင် တန်ဆာဆင်ခဲ့သော
ဒီဇိုင်းပါမြေဖုတ် အုတ်ကျွတ်၂မျိုးကို အမြောက်အများတွေ့ရှိခဲ့ပြီး၊
ပထမဒီဇိုင်းမှာ အတွင်းကနုတ်ပုံကို ဗန္ဓုပြောက်(၅၄)လုံးဝန်းရံထား
သည့် ပုံစံဖြစ်ကာ ဖုတ်လုပ်ရာတွင် လက်ရာမသေသပ်ခြင်း၊ ရိုးရှင်း
သောပုံစံဖြစ်ခြင်း၊ ဦးခေါင်းပိုင်းမတူညီမှုများတွေ့ရခြင်းကြောင့်
ခရစ်မပေါ်မှီ ဘီစီနှစ်များမှလက်ရာဖြစ်ကြောင်း ယူဆရသည်။
ဒုတိယဒီဇိုင်းမှာအ၀ိုင်းပုံဖြစ်ပြီး နေထွက်စက်ဝိုင်းပုံ (သို့) ဓမ္မစတြာ
ပုံဖြစ်မည်ဟုခန့်မှန်းရသည်။ ဗဟိုတွင် ပန်းဘောင်ချက်မ၊ ဘေး၌
တံကူလှည်းဘီးဘောင်၊ အနားသတ် ဗိန္ဓုပြောက်(၁၀)ခုပါရှိသည်။
တကောင်းမှ ထိုခေါင်မိုးအုတ်ကျွတ်ပြား အဆင်အပြင်နှင့် အလား
တူဓလေ့ များကို သရေခေတ္တရာ၊ အင်းလေးဒေသများ၌လည်း
ကောင်း၊ အိန္ဒိယနိုင်ငံ ဘီဟာနယ်၊ ဥတ္တရာပရဒေသရှိ ကျေးလက်
များ၊ နီပေါနှင့် ကပိလ၀တ်တွင်လည်း တွေ့ရှိရပြီး တကောင်းသည်
ေ ရှေးမြန်မာ့ရာဇ၀င်များ ညွှန်းဆိုသည့်အတိုင်း မဇ္စျိမဒေသနှင့်
သမိုင်းကြောင်းဆက်စပ်လျှက်ရှိနေကြောင်း လေ့လာ
ဖော်ထုတ်ပြနိုင်ခဲ့ပါသည်။
အလွန်တရာကျေးဇူးကြီးလှသော တူးဖော်တွေ့ရှိ မှုများအဖြစ်
ဦးမင်းဟန် (မန်းတက္ကသိုလ်) (သို့) အရှင် ပဏ္ဍိတာနန္ဒသည်
တကောင်းမြေမြတ်မဟာမှ ရှေးဦး ပျူမြန်မာတို့၏ ပျူအရိုးအိုးများ၊
  ရေတကောင်းများ၊ သံမှိန်းသွား၊ မြေပုတီးစေ့များ၊ ပျူအမျိုးသမီး
အရိုးအိုးများ၊ ပျူလက်စင်းရာပါအုတ်ချပ်များ၊ ပျူမြို့ရိုးများကို
သုတေသနပြုလေ့လာဖော်ထုတ် ၍ တကောင်းသည် အလွန်ရှေး
ကျသော ပျူမြို့ဟောင်းတစ်ခုဖြစ်ကြောင်းဖော်ထုတ်ခဲ့ပြီး
  မြန်မာနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနမှ တကောင်းမြို့ဟောင်းအား
ပျူခေတ်မြို့ဟောင်းဖြစ်ကြောင်း ခိုင်မာစွာသုတေသနပြု၍
ထုတ်ပြန်ကြေညာခဲ့သည်။
ြ မြန်မာနိုင်ငံလူနေဒေသများသည် ကျောက်ကြမ်းခေတ် (ခေါ်)
မုဆိုးခေတ်ကို ကျော်လွန်ခဲ့ပြီး ရပ်ရွာများ တည်ထောင်ကာ
အခြေတကျနေထိုင်သောခေတ်၊ အဆင်တန်ဆာအနုပညာများ၊
အိုးထိန်းစက်များ၊ ချည်ငင်ယက္ကန်းယက်ခြင်းများ၊ စိုက်ပျိုး
  မွေးမြူရေးလုပ်ငန်းများ၊ အကြီးအကဲတင်မြှောက်သော
ဓလေ့များ ထွန်းကားနေပြီးသော ခေတ်များလည်း ဖြစ်ပါသည်။
ဥမင်ကြေးခေတ်ဒေသတွင်မြေမီးဖုတ်အုတ်များ သုံးစွဲနေကြပြီ
  ဖြစ်သည်။ ယင်းဒေသတွင် စပါးခွံပါအုတ်များကိုပါ တွေ့ရှိရသည်။
ယင်းအပြင် ဗုဒ္ဓ-အသောကခေတ်ပြိုင် မြန်မာနိုင်ငံတွင် ဗုဒ္ဓ-
အသောကခေတ် ဗြဟ္မီအက္ခရာစာ တတ်မြောက်သုံးစွဲသော
လူ့အဖွဲ့အစည်းများ၏ လူနေဒေသ အများအပြားရှိကြောင်း
လည်း လေ့လာတွေ့မြင်ရပါသည်။
မဇ္ဈိမဒေသ (ဘီစီ ၈ ရာစု- ၃ ရာစု သုံး ဗြဟ္မီအက္ခရာများ တွေ့
ရှိရသောရပ်ရွာဒေသများမှာ)
၁။ အင်းတော်ကြီး ၂။ မိုးညှင်း
၃။ တကောင်း ၄။ ဟန်လင်း
၅။ ရှိမ်းမကား ၆။ စစ်ကိုင်း
၇။ အင်းဝ ၈။ မန္တလေး
၉။ မက္ခရာ ၁၀။ မြစ်သားသပြေကုန်း
၁၁။ မိုင်းမော(ကျောက်ဆည်) ၁၂။ ပုဂံ
၁၃။ ညောင်ဦး ၁၄။ မကွေး
၁၅။ ဗိဿနိုး ၁၆။ သရေခေတ္တရာ
၁၇။ ပန်းတောင်း ၁၈။ ကျီးသည်း
၁၉။ ရွှေတောင် ၂၀။ သာယာဝတီမြို့ပောင်း
၂၁။ အင်္ဂပူမြို့ဟောင်း ၂၂။ ပဲခူး
၂၃။ ထုံးကြီး ၂၄။ အင်းတကော်
၂၅။ လှည်းကူး ၂၆။ ရန်ကုန်
၂၇။ ပေါက္ခရ၀တီ ၂၈။ ဒလ (တွံတေး)
၂၉။ ကွမ်းခြံကုန်း ၃၀။ ကျိုက်ထို
၃၁။ ဘီးလင်း ၃၂။ သထုံ
၃၃။ ပေါင် ၃၄။ မုတ္တမ
၃၅။ ကျိုက်မရော ၃၆။ ကော့ကရိတ်
၃၇။ မော်လမြိုင် ၃၈။ မုဒုံ
၃၉။ ဘီလူးကျွန်း ၄၀။ ထားဝယ်
၄၁။ မြိတ် ၄၂။ မွေတော်ကက္ကူ
၄၃။ ဓည၀တီ ၄၄။ တောင်ကုတ်
တို့ဖြစ်ကြပါသည်။
ခြုံ၍ ဆိုရသော် ဗုဒ္ဓခေတ်-အသောကခေတ်ပြိုင် မြန်မာနိုင်ငံတွင်
စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ချည်ငင်ယက်
လုပ်ခြင်း၊ အိုးထိန်းစက်သုံးစွဲခြင်း၊ ကြေးသတ္တု၊ သံသတ္တုကြိုချက်
  ခြင်း၊ ဖလ်ကိုကြိုချက်ခြင်း၊ မြေမီးဖုတ်အိုးများ ပြုလုပ်ခြင်း၊ အကြီး
အကဲကိုတင်မြှောက်ပြီး အခြေတကျရပ်ရွာ တည်ထောင်နေခြင်း၊
  ရွှေကိုအသုံးပြုခြင်း၊ အ၀ါ၊ အပြာ၊ အစိမ်း၊ အဖြူနက်ကျား၊ အညို
  ရောင်စုံ ကျောက်ပုတီးစေ့များ ပြုလုပ်ခြင်း၊ ဖလ်ပုတီးစေ့များ၊ ဖလ်
ကွင်းများ ပြုလုပ်သုံးစွဲခြင်း၊ အနုပညာဒီဇိုင်းများ ဖန်တီးသုံးစွဲခြင်း၊
ဘီစီ ၆ ရာစု- ၃ ရာစု ဗြဟ္မီအက္ခရာများ သုံးစွဲရေးထိုးခြင်း၊ သင်္ချိုင်း
  နေရာသတ်မှတ်ပြီး ကွယ်လွန်သူတို့ကို စနစ်တကျ မြှုပ်နှံခြင်း အစ
ရှိသော ယဉ်ကျေးမှုလက္ခဏာများပါရှိသည့် အဆင့်မြင့်ယဉ်ကျေးမှု
လူ့အဖွဲ့အစည်းများ ထွန်းကားတည်ရှိ နေပါသည်။
 
Credit to> Thant Lwin Oo

မြန်မာနိုင်ငံ ဗုဒ္ဓသာသာနာသမိုင်း (၁)


  မြန်မာနိုင်ငံအတွင်းသို့ ဗုဒ္ဓသာသနာတော် မည်သည့်အချိန်တွင်
စတင်ရောက်ရှိလာသနည်း။ ဟူသည့် မေးခွန်းကို ဖြေဆိုရန်နှင့်
စတင်ရောက်ရှိချိန်ကို မှတ်တမ်းတင်ရန်အတွက် ရာဇ၀င်နှင့်
ဘုရားသမိုင်း(စာအထောက်အထား)သက်သက်မျှမဟုတ်ဘဲ
ခေတ်ပြိုင်အထောက်အထားများ၊ သုတေသနတွေ့ရှိမှုများဖြင့်
တိုက်ဆိုင်စစ်ဆေးရန် လိုအပ်ပါသည်။
ထိုသို့ တိကျစွာမှတ်တမ်းတင်နိုင်ရန်အတွက်-
၁။ မြန်မာနိုင်ငံ၏ လူသားသမိုင်း မည်သည့်အချိန်မှစတင်
  ပေါ်ပေါက်ထွန်းကားခဲ့သနည်း?
၂။ ဗုဒ္ဓ-အသောကခေတ်ပြိုင် မြန်မာနိုင်ငံအတွင်း မည်သည့်
လူနေဒေသများထွန်းကား၍ မည်သည့်ကိုးကွယ်ယုံကြည်
မှုဆိုင်ရာအထောက်အထားများ တွေ့ရှိရသနည်း?
၃။ ဗုဒ္ဓ-အသောကခေတ်ပြိုင် မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာ
ခေတ်ပြိုင်ရောက်ရှိကြောင်း အထောက်အထားများရှိပါ
သလား? ထိုခေတ်ပြိုင်အထောက်အထားဆိုသည်မှာ
အဘယ်နည်း?
၎။ ရာဇ၀င်ဆရာ/စာရေးဆရာ/ပါးစပ်ရာဇ၀င်များ ညွှန်းဆိုသည့်
အတိုင်း ပုဂံခေတ် အေဒီ ၁၁ ရာစု အနော်ရထာလက်ထက်
  ရောက်မှ မြန်မာနိုင်ငံအလယ်ပိုင်း ပြည်မဒေသသို့ ဗုဒ္ဓဘာ
သာရောက်ရှိသည်ဆိုသည်မှာ မှန်ကန်ပါသလား?
၅။ ပုဂံခေတ်ဗုဒ္ဓသာသနာသည် သရေခေတ္တရာမှ အမွေဆက်ခံ
ရရှိသလော? သထုံပြည်မှ အမွေဆက်ခံရရှိသလော?
အထက်ပါမေးခွန်းများကို သုတေသနအချက်အလက်များ
  ခေတ်ပြိုင်အထောက်အထားများဖြင့် ဖြေဆိုပေးရန်လိုအပ်
ပါသည်။
----------------------------------------------------------------
၁။ မြန်မာနိုင်ငံ၏ လူသားသမိုင်း မည်သည့်အချိန်မှစတင်
  ပေါ်ပေါက်ထွန်းကားခဲ့သနည်း?
  မြန်မာနိုင်ငံအတွင်း ပရိုင်းမိတ်ခေတ်မှသည်
ေ ကျောက်ကြမ်းခေတ်(အညာသားကျောက်ခေတ်ဦး)
  ကျောက်ချောခေတ်(ကျောက်ခေတ်သစ်)
  ကြေးခေတ်
သံခေတ်
စသည့်လူသားစဉ်ဆက်နေထိုင် ဖြစ်တည်လာမှုအထောက်
အထားများကို ကမ္ဘာ့ပညာရှင်များသိရှိလက်ခံပြီး ဖြစ်ပါသည်။
*မြန်မာနိုင်ငံကျောက်ကြမ်းခေတ်*
-----------------------------------
စတီးဘုရားသား ရေနံကုမ္ပဏီမှ ဘူမိဗေဒအရာရှိ T.O Morries
သည် မြန်မာနိုင်ငံ ကျောက်ခေတ်နှင့်ပက်သက်၍ ကချင်ပြည်နယ်
နှ နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွေ့ ကျောက်လက်နက်
ကိရိယာများကို လေ့လာသကဲ့သို့ မြန်မာနိုင်ငံ အလယ်ပိုင်းမြစ်
ကမ်းဆင့်များကို အဆင့်(၅)ဆင့်ခွဲ၍ လေ့လာခဲ့သည်။ အဆင့်
့(၃) ကုန်းပြင်မြင့်တွင် ကျောက်ခေတ်ဟောင်း လက်နက်များကို
လည်းကောင်း၊ အဆင့် (၄)တွင် ကျောက်ခေတ်သစ်လက်နက်
များကိုလည်းကောင်း လေ့လာဖော်ထုတ်ခဲ့သည်။
၁၉၃၇-၃၈ ခုနှစ်တွင် အမေရိကန်ပညာရှင်အဖွဲ့သည် မြန်မာ
  နိုင်ငံအလယ်ပိုင်းရှိ ကျောက်ခေတ်ဟောင်း ယဉ်ကျေးမှုကို
  လေ့လာတွေ့ရှိခဲ့ကြသည်။ ယင်းမြန်မာကျောက်ခေတ်ဟောင်း
ယဉ်ကျေးမှုကို ၎င်းပညာရှင်များက အညာသားယဉ်ကျေးမှု
(Anyathian Culture) ဟူ၍ အမည်ပေးခဲ့ကြသည်။
*မြန်မာနိုင်ငံကျောက်ခေတ်သစ်*
---------------------------------
ြြ မန်မာနိုင်ငံမြောက်ဘက် နာဂတောင်တန်းများမှ တောင်ဘက်
ထားဝယ်၊ တနင်္သာရီဒေသ ထိလည်းကောင်း၊ အရှေ့ဘက်ကုန်းပြင်
မြင့်မှ အနောက်ဘက် ရခိုင်ဒေသထိလည်းကောင်း ကျောက်ချော
ခေတ် လူနေမှုအထောက်အထားများ အများအပြားတွေ့ရှိရပါသည်။
ကျောက်ချောခေတ် လူနေဒေသများကို -
၁။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြိးမြို့နယ်ပိုင်တောင်ကြီးရွာ ထောက်
မကုန်း၊ ကန္နီမြို့နယ်လည်ရွှေရွာ၊ တောင်မြောက်ရွာ၊ အိုင်တောင်းရွာ၊
သူဌေးကုန်း၊ ဘုတလင်မြို့နယ် ရွှေစာရေးရွာ၊ ကြက်ဖြူကုန်း၊ ချောင်း
ဦးမြို့နယ် နွယ်ခွေရွာ၊ ဒင်္ဂါးကုန်း၊ မုံရွာမြို့နယ် လှည်းဒါးရွာ၊ ဗောဓိ
တစ်ထောင်၊ ကျောက္ကာရွာ၊ အရာတော်မြို့နယ် စပါးတွင်းရွာ၊ ဆိပ်ဖူး
ကြီးရွာ၊ ရွှေဘိုမြို့နယ် ရေရင်းရွာ။
၂။ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ခေါင်းပေါင်းရွာ၊ မုဆိုးကုန်း၊ ချိုင်
  ဆောက်ရွာ၊ စံဖဲရွာ၊ ရေစကြိုမြို့နယ် ပခန်းကြီးရွာ၊ ကြေးရိုးကုန်း၊
မင်းတုန်းမြို့နယ် ပန်းတောရွာ။
၃။ မန္တလေးတိုင်း တောင်သာမြို့နယ်၊ အင်းတဲရွာအိမ်ကုန်း၊ ကျောက်
ပန်းတောင်းမြို့နယ် ပုပါးဆုံကုန်းရွာ၊ သပိတ်ကျင်းမြို့နယ် ကြဲညပ်ရွာ၊
တကောင်း အမရပူရမြို့နယ် တောင်သမန်၊ ပုသိမ်ကြီးမြို့နယ် တောင်
ကိုင်းရွာ၊ စဥ့်ကိုင်းမြို့နယ် မက္ခရာမြို့ဟောင်း၊ အမရပူရမြို့နယ်တောင်
ပိုင်း။
၎။ ပဲခူးတိုင်း (အနောက်ပိုင်း) ပေါက်ခေါင်းမြို့နယ်၊ တောင်လယ်ရွာ။
၅။ မွန်ပြည်နယ် သထုံ၊ သုဝဏ္ဏဘုမိမြို့ဟောင်း။
၆။ တနင်္သာရီတိုင်း-မြိတ်မြို့နယ်-လယ်ပုတ်ချောင်း၊ သပေါ့လိပ်။ ကြိမ်
ချောင်းရွာ၊ ကြိမ်ချောင်း၊ မော်တုံရွာ မော်တုံ။ တို့သည် ကျောက်ခေတ်
သစ်နေရာဒေသများဖြစ်ကြောင်း သုတေသနနှစ်ပတ်လည် အစီရင်ခံ
စာများတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။
*မြန်မာနိုင်ငံ ကြေးခေတ်*
---------------------------
ြ မြန်မာနိုင်ငံရှေးဟောင်းသုတေသနဌာနသည် မြန်မာနိုင်ငံအတွင်း
မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ကြေးခေတ်ယဉ်ကျေးမှုကို
၁၉၉၈ ခုနှစ်၌ စနစ်တကျတူးဖော်လေ့လာခဲ့သည်။
အရှေ့တောင်အာရှဆိုင်ရာ ကြေးခေတ်များကျွမ်းကျင်သူ ပညာရှင်
Dr.C.F.W. Hinghan က မြန်မာနိုင်ငံ ညောင်ကန်ဒေသတွင်း တူးဖော်
  တွေ့ရှိရသော ကြေးခေတ်အထောက်အထားများအရ ညောင်ကန်
  ကြေးခေတ်ယဉ်ကျေးမှုသည် လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ မှ ၃၀၀၀
အတွင်းထွန်းကားခဲ့သော မြန်မာနိုင်ငံညောင်ကန်ကြေးခေတ်
ယဉ်ကျေးမှုတစ်ရပ်ဖြစ်ကြောင်း အတိအလင်းပြောကြားခဲ့သည်။
၂၀၀၁ ခုနှစ်မှစ၍ ပြင်သစ်နိုင်ငံ ဗဟိုအမျိုးသားသိပ္ပံနှင့် သုတေ
သနဌာန (National Center of Scientific University in French :
CNRS) ပညာရှင်အဖွဲ့သည် တူးဖော်လေ့လာမှုပြုရာတွင် မြန်မာနိုင်ငံ
  ရှေးဟောင်း သုတေသနဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
  ကြေးခေတ်ဒေသ (၁၆)ခုကို တုးဖော်လေ့လာရာတွင်-
  ကြေးပုဆိန်၊ ကြေးပဲခွပ်၊ ကြေးလှံသွား၊ ကြေးဓါး၊ ကြေးမြှားသွား၊
  ကြေးတူရွန်းငန်းပြား၊ ကြေးခလောက်၊ ကြေးခြူ၊ ကြေးလက်ကောက်၊
  ကြေးခြေကွင်း၊ ကြေးဆံစွပ်၊ ကြေးလက်စွပ်၊ ကြေးချောင်း၊ ကြေးနန်း
စည်းထုပ်များ၊ ကြေးပန်းခတ်များ၊ အချောသွေးထားသော ကျောက်
ပုဆိန်၊ ကျောက်ပဲခွပ်များ၊ သံဓါး၊ သံလှံ၊ သံတူရွင်းများ၊ သံတံစဉ်
ချွန်များ၊ အချောသွေးထားသော (အဆင်တန်ဆာ) အ၀ိုင်းပုံ-
သုံးမြှောင့်ပုံ-လေးထောင့်ပုံ ကျောက်ကွင်းများ၊ ယင်းကျောက်
ကွင်းများနှင့် ပုံစံတူဖလ်ကွင်းများ၊ ရောင်စုံကျောက်ပုတီးစေ့များ၊
ဖလ်ပုတီးစေ့များ၊ အိုးထိန်းစက်သုံ အိုးများနှင့် အခြားမြေထည်
ခွက်ယောက်များ၊ မြေမီးဖုတ်ချည်ငင်လွန်းဆံများ၊ အ၀တ်ပိတ်သား
အစအနများ၊ လူရုပ်ကလာပ်များ၊ တိရိစ္ဆာန်အရိုးများ၊ လိပ်ခွံများ၊
သင်္ချိုင်းကျောက်တိုင် ၁ ခု အစရှိသဖြင့် တွေ့ရှိခဲ့ပါသည်။
  ကျောက်လက်နက်နှင့် ကြေးလက်နက်ရောနှောတွေ့ရှိရသော ကြေး
  ခေတ်ဒေသများမှာ ညောင်ကန်ဒေသ၊ မုံထူးဒေသ၊ အင်းတဲဒေသ
များဖြစ်ပြီး၊ ကြေးလက်နက်နှင့် သံလက်နက်ရောနှောတွေ့ရှိရသော
ကြေးခေတ်ဒေသများမှာ မြင်းဦးလှည့်၊ ထုံးဘို၊ ကန်သစ်ကုန်း၊ ဖြာ-
ရဝေ၊ မြောက်လည်ကြေး၊ ကုက္ကိုခါးလှ ဒေသများဖြစ်သည်။ ကြေး
ခေတ်နှောင်း သံခေတ်ဦးဒေသများဟု သုံးသပ်ကြသည်။
ကြေးလက်နက်၊ ကျောက်အသုံးအဆောင်နှင့် သံလက်နက်များ
ရောနှောတွေ့ရှိရသော ကြေးခေတ်ဒေသမှာ နှောကန်ကြေးခေတ်
ဒေသ၊ ရွာထင်ကြေးခေတ်ဒေသ၊ ဥမင်ကြေးခေတ်ဒေသများ ဖြစ်
ကြသည်။ ကျောက်ခေတ်-ကြေးခေတ်-သံခေတ် အဆင့်ဆင့်ကူး
ပြောင်းခဲ့သောဒေသများဟု သုံးသပ်ကြသည်။
သံခေတ်ဒေသအဖြစ် မြို့လှ၊ ကျောက်ခေတ်မှ သံခေတ်သို့ကူး
ပြောင်းသွားသောဒေသအဖြစ် တောင်သမန်၊ ရွာကုန်းကြီး၊ ကု
က္ကိုခါးလှ ဒေသများဟု သိရှိရပါသည်။
*အရေးကြီးသော လေ့လာတွေ့ရှိချက်မှာ ကျောက်ခေတ်ယဉ်
ကျေးမှု ကာလများမှတဆင့် ကြေးခေတ်၊ သံခေတ်ယဉ်ကျေးမှု
ကာလများကို ပိုင်ဆိုင် ဖြတ်သန်းခဲ့ကြသော ဒေသခံတို့သည်
ရှေးကတည်းက မြန်မာနိုင်ငံအတွင်းမှာ တည်ရှိခဲ့ကြောင်း၊
ယင်းသူတို့သည် မြန်မာနိုင်ငံပြင်ပမှ ရွှေ့ပြောင်းလာသူများ
မဟုတ်ကြောင်း၊ ယင်းသူတို့သည် မြန်မာနိုင်ငံ ကျောက်ခေတ်
ကတည်းက နေထိုင်လာခဲ့ကြသော မြန်မာနိုင်ငံဘွား ဇာတိ
သားများဖြစ်ကြောင်း ဟူသောအချက်ပင်ဖြစ်သည်။
  ခေတ်နှစ်ခေတ်၏ အကူးအပြောင်းကာလတွင်မူ အဆိုပါခေတ်
  နှစ်ခေတ်၏ ယဉ်ကျေးမှုစရိုက်လက္ခဏာ နှစ်မျိုးကို အတူယှဉ်တွဲ
  ဖြစ်ထွန်းနေလေ့ရှိကာ ခေတ်ခြင်းမတူသော အထောက်အထား
ပစ္စည်း နှစ်မျိုးလုံးကို အတူယှဉ်တွဲတွေ့ရလေ့ရှိသည်။
မြန်မာနိုင်ငံကြေးခေတ် ယဉ်ကျေးမှုဒေသများကို တူးဖော်လေ့လာ
ကြည့်သောအခါ ကြေးခေတ်ရှေ့မှ ထွန်းကားခဲ့သော ကျောက်
ေ ခေတ်သစ်အထောက်အထားများကိုလည်းကောင်း၊ ကြေးခေတ်
  နောက်မှဖြစ်ထွန်းမည့် သံခေတ်အထောက်အထားများကို လည်း
ေ ကောင်း အတူယှဉ်တွဲလျှက် တွေ့ရှိရသော ကြေးခေတ်ဒေသများ
  ဖြစ်ပါသည်။ ယင်းအချက်မှာ *ပရိုင်းမိတ်မှစတင်ကာ မြန်မာနိုင်ငံ
ရှေးဦးလူသားတို့၏ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် ခေတ်
စဉ်မပြတ် ဆက်စပ်ဖွံ့ဖြိုးထွန်းကားခဲ့ပုံ (၀ါ) မြန်မာ့လူသားယဉ်ကျေး
မှု၏ ခေတ်စဉ်မပြတ်ဆက်စပ်ဖွံ့ဖြိုးထွန်းကားခဲ့ပုံကို သမိုင်းတန်ဖိုး
ကြီးစွာ တွေ့ရမြင်ရသည့် ဖြစ်ရပ်သာဓကများဖြစ်ပါသည်။
အဆိုပါ သံခေတ်ယဉ်ကျေးမှုအထောက်အထားများနှင့် ပျူခေတ်ဦး
  ဒေသများဖြစ်သည့် ဗိဿနိုး၊ ဟန်လင်း၊ ပင်လယ် ဒေသတို့တွင်
တွေ့ရှိရသော အထောက်အထားများသည် တစ်ခုနှင့်တစ်ခု တစ်
  နေရာနှင့်တစ်နေရာ ယဉ်ကျေးမှုခြင်း ဆက်နွယ်လျှက်ရှိကြောင်း
အထင်အရှားတွေ့မြင်ရပါသည်။*
*ရှေးဟောင်းသုတေသန ဌာနအတွင်းမှပညာရှင်များ၊ ပြင်ပ
ပညာရှင် ဦးဝင်းမောင် (တမ္ပ၀တီ)၊ သြစတြေးလျနိုင်ငံ ဆစ်
ဒနီတက္ကသိုလ်မှ Phd ဘော့ဟတ်ဆင် (Phd.Bob Hadson)၊
အင်္ဂလန်နိုင်ငံ ကိန်းဘရစ်ခ်ျတက္ကသိုလ်မှ ဂျက်နက်စတားဂတ်
(Phd. Janic Star Gard)၊ လန်ဒန်တက္ကသိုလ်မှ Phd အဲလစ်
ဇဘက်မိုး (Phd.Elizabeth Moor) တို့က ပျူယဉ်ကျေးမှု မြစ်
ဖျားခံရာသည် စမုံမြစ်ဝှမ်းရှိ သံခေတ်ဒေသများ ဖြစ်သည် ဟု
အဆိုပြုခဲ့ကြပါသည်။
ဂျက်နက်စတားဂတ် (Phd. Janic Star Gard) သည် သူ၏
(The Ancient Pyu of Burma) သမိုင်းကျမ်းကြီးတွင်
“ပျူတို့သည် သူတို့၏ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ
ဟူသော မြို့ကြီး(၃)မြို့ကို ထူထောင်နိုင်ရန်မှာ (အနည်းဆုံး)
ဘီစီ ၁၀၀၀ ၀န်းကျင်ကတည်းက စိုက်ပျိုးရေး၊ မွေးမြူရေး
လုပ်ငန်းများ လုပ်ကိုင်လျှက် ရွာပေါင်းမြောက်မြားစွာ ပေါ်
ထွန်းခဲ့ပြီး ဖြစ်မည်” ဟု သုံးသပ်ပြောဆိုပါသည်။
စမုံမြစ်ဝှမ်းကြေးခေတ်ယဉ်ကျေးမှု လူနေဒေသများ
(ဘီစီ ၇၀၀-၄၀၀)တို့ကို တူးဖော်လေ့လာတွေ့ရှိခြင်း၊ ကြေး
ခေတ်နှောင်း သံခေတ်ဦးရွာများကို တူးဖော်လေ့လာတွေ့ရှိ
ခြင်းများသည် ဂျက်နက်စတားဂတ်၏ မြော်မြင်သုံးသပ်ပြော
ဆိုချက်ကို ထောက်ခံလျှက် ရှိပါသည်။
ဟန်လင်းလူသား ကျောက်ဖြစ်ရုပ်ကြွင်း
----------------------------------------
  ရှေးဟောင်းသုတေသနဌာနမှ ဟန်လင်းမြို့ဟောင်း တူးဖော်
ကုန်းအမှတ် (၃၀)ကို တူးဖော်လေ့လာရာတွင် မြေအနက် ၁၀
ပေ-၁၂ ပေတွင် ကျောက်ချောခေတ်၊ ယင်းအထက် ၁၀ပေ
ခန့်တွင် ကြေးခေတ်၊ ယင်းအထက်တွင် သံခေတ်၊ သံခေတ်
အထက်တွင် ပျူခေတ်၊ အပေါ်ယံတွင် ယခုခေတ် အသုံးအ
  ဆောင်များ တွေ့ရှိခဲ့ရာ မြန်မာနိုင်ငံ၌ လူသားတို့သည်
  ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် တစ်ခုမှနောက်တစ်
ခုသို့ တိုးတက်ဖွံ့ဖြိုးကာ ဤနေရာ ဤဒေသတွင်ပင် တစ်
ဆက်တည်း နေထိုင်ခဲ့ကြကြောင်း ထင်ရှားခိုင်မာစွာ ပေါ်
ေ ပေါက်တွေ့ရှိရသော သက်သေသာဓကများပင် ဖြစ်ပါ
သည်။ ထိုသို့ အစဉ်တစ်စိုက် အခြေချနေထိုင်ခဲ့ကြသူ
များမှာ အခြားသူများမဟုတ်ပျူလူမျိုးတို့ပင် ဖြစ်ကြောင်း
  လေ့လာတွေ့မြင်ရပါသည်။
ဟန်လင်းမြို့ဟောင်း တူးဖော်ကုန်းတွင် ကျောက်တည်
လက်စ (Semi Fossil) လူရုပ်ကလာပ်များကို တွေ့ရှိခဲ့
ပါသည်။ ကျောက်ဖြစ်ရုပ်ကြွင်း ဘူမိဗေဒပညာအရ ထို
ရုပ်ကလာပ်များသည် အနည်းဆုံး သက်တမ်း အနှစ်
(၄၅၀၀ မှ ၅၅၀၀)ခန့်ရှိကြောင်း သိရပါသည်။ သို့ဖြစ်
ရကား ဟန်လင်းပျူလူနေဒေသသည် အနည်းဆုံး
အနှစ် (၄၅၀၀ မှ ၅၅၀၀)ကြား သက်တမ်းရှိနေပြီဖြစ်
ကြောင်း ခိုင်မာစွာ တွေ့ရှိရပါသည်။
ဟန်လင်းပျူသင်္ချိုင်း၏ အောက်ခြေ ပေ ၁၉ပေ-ပေ ၂၀
အနက်တွင် ရှိသော ကမ္ဘာ့ကျောက်သား အပေါ်ယံမျက်နှာ
ပြင်နှင့် ကပ်လျက်တွင် အစောဆုံးဟန်လင်းလူသားရုပ်က
လာပ်ကို မြုပ်နှံတည်ရှိလျှက် ရှိပါသည်။ ယင်းရုပ်ကလာပ်ရှင်
လူသားတို့ မကွယ်လွန်မှီ ရှင်သန်နေထိုင်စဉ်ကာလ ဟန်လင်း
  ဒေသသည် လွန်းခဲ့သော နှစ် ၅၀၀၀ ခန့်က ဟန်လင်းကျောက်
ေ ချောခေတ်၏ ပထမဦးဆုံး လူနေဒေသဟုယူဆရန် အကြောင်း
တရားရှိပါသည်။ တစ်နည်းဆိုရသော် ဟန်လင်းပျူသင်္ချိုင်း၏
အနက်ဆုံးအောက်ခြေမှ ရုပ်ကလာပ်များ၏ပိုင်ရှင် ကျောက်
ချောခေတ်လူသားများသည် ဟန်လင်းကျောက်ချောခေတ်
လူနေဒေသတွင် ပထမဦးဆုံး အခြေချနေထိုင်ခဲ့သူများ
ြ ဖြစ်ကြောင်း သိသာထင်ရှားနေပေသည်။
ခင်ကြီးဖျော်ဆရာတော် ရေးသားစီစဉ်တော်မူအပ်သော
ဇမ္ဗူ့ကွန်ချာကျမ်းတွင် -
“ကမ္ဘာဦးအစ၌ဖြစ်သော ဗျူတို့၏ အစကား မြစ်ကား ဧရာဝတီ၊
ပြည်ကား ဟံသာဝတီ(ဟန်လင်း)၊ ထိုပြည်တွင် အစကား
ဗျူတို့ မင်းပြု၏” ဟူသော ရှေးဗမာ့ရာဇ၀င်မှတ်တမ်းတင်ချက်၊
မုံရွေးဆရာတော်ဘုရားကြီး ရေးသားပြုစုစီစဉ်တော်မူသော
စေတိယကထာမည်သော ရာဇ၀င်ချုပ်တွင် -
“သုပရန္တတိုင်း(ဧရာဝတီမြစ်၏ အနောက်ဘက်နှင့် မြောက်ဘက်
ဒေသ)၊ တမ္ပဒီပတိုင်း(ဧရာဝတီမြစ်၏ အရှေ့ဘက်နှင့်တောင်ဘက်
ဒေသ) အပြင်၌ တည်နေကုန်သော လူအပေါင်းတို့သည်လည်း
ကမ္ဘာဦးက ဗြဟ္မာ၊ နတ်တို့၏ အနွယ်က လာသည်။ ဗြဟ္မာ၊
နတ်တို့ကို ကိုးကွယ်လေ့ရှိသောကြောင့် ဗြဟ္မာမျိုးဟူ၍ ခေါ်ကြ
ေ လေကုန်၏။ ရှည်လျားသောကာလ၌ ဗြူ ဟူ၍လည်းကောင်း၊
ြ မြန်မာဟူ၍လည်းကောင်း တွင်ပြန်လေ၏။” ဟူသော ရှေးဗမာ့
ရာဇ၀င်မှတ်တမ်းတင်ချက်များ မှန်ကန်ကြောင်း လေ့လာသိရှိ
နို နိုင်ပါသည်။

Credit to> Thant Lwin Oo

မြန်မာ့သမိုင်းခရီးတစ်ထောက် (၂)


ထို့နောက်မှာတော့ ဂျီအိပ်ခ်ျလုစ်ဟာ ဒုတိယကမ္ဘာစစ်
မတိုင်ခင် The Ancient Pyu စာတမ်းမှာ “စာမတတ်သော
ဗမာလူမျိုးတို့သည် ကနဦးကပင်လျှင် သူတို့နှင့် ဘာသာ
စကားချင်း၊ လူမျိုးချင်း၊ သွေးချင်း နီးစပ်လှဟန်ရှိသော
ပျူတို့ထံမှ အက္ခရာစာကို မယူပဲ မွန်အက္ခရာကို လက်ခံ
သုံးစွဲခဲ့သည်” ဟုလည်းကောင်း၊ Note on the Peoples
of Burma စာတမ်းမှာ “ဗမာတို့သည် ဘာသာစကားအရ
ပျူနှင့် ဆွေမျိုးတော်စပ်သော်လည်း ဗမာအက္ခရာတို့မှာ
ပျူအက္ခရာအပေါ် အခြေခံသည်ထက် မွန်အက္ခရာအပေါ်
အတော်ကလေး ပို၍ အခြေခံပါသည်” ဟုလည်းကောင်း၊
Burma Down To the Fall of Pagan စာတမ်းမှာ
“အေဒီ ၈ ရာစုခန့် ရေးထိုးသော မွန်လူမျိုးတို့၏ (ပထမဆုံး
ေ ကျောက်စာများကို မြန်မာနိုင်ငံတွင် မတွေ့ရပဲ ထိုင်းနိုင်ငံ
လော့ဗူရီမြို့ဟောင်းတွင် တွေ့ရှိရသည်။ မွန်အက္ခရာနှင့်
ဗမာအက္ခရာတို့မှာ ပျူထံမှ ရရှိခဲ့ခြင်း မဟုတ်ပဲ ထိုလော့ဗူရီ
ကျောက်စာများမှ ရရှိခဲ့ခြင်းဖြစ်သည်” ဟုလည်းကောင်း၊
ဒုတိယကမ္ဘာစစ် ပြီးစီးပြီးနောက် ၁၉၅၇ ခုနှစ် Old Kyause
And Coming of Burmant (ဗမာအစ ကျောက်ဆည်)
စာတမ်းတွင်လည်း “ကျောက်ဆည်မှ ဗမာတို့သည် မွန်နှင့်
ထိတွေ့ရသဖြင့် ဗုဒ္ဓဘာသာဝင်များ ဖြစ်လာလျှက် စာရေး
စာဖတ် တတ်လာကြ၏” ဟုလည်းကောင်း ဂျီအိပ်ခ်ျလုစ်
ဆက်လက်ရေးသားပြောဆိုခဲ့ပါတယ်။
လုစ်ရဲ့တွဲဘက် ကျောက်စာဝန် ချားလ်ဒူရွိုင်ဆယ်ကလည်း
ဒွါရာဝတီ (လော့ဗူရီ-လ၀ပူရ)မှ မွန်ယဉ်ကျေးမှု၊ မွန်အက္ခရာ
ေ တွေပျံ့နှံ့ရောက်ရှိလာတယ်လို့ အထောက်အထားမဲ့ ဆိုခဲ့ကြ
ပါတယ်။
အထောက်အထားမဲ့ပြောဆိုခဲ့တယ်လို့ ဘာကြောင့်သတ်မှတ်
ရသလဲဆိုရင်တော့ ဂျီအိပ်ခ်ျလုစ်တို့ဟာ အက္ခရာဇယားနှိုင်း
ယှဉ်ပြသနိုင်ခြင်းမရှိ၊ သရေခေတ္တရာမှာရှိတဲ့ ပုဂံနဲ့တည်
ေ ဆောက်မှု ပုံစံတူ အဆောက်အဦးပေါင်းများစွာကို ထိမ်ချန်
ပြီးတော့ စိတ်ကူးယဉ်ဆန်စွာနဲ့ အေဒီ ၈ ရာစု ဒွါရာဝတီ
(လော့ဗူရီ)မှ ဗိသုကာပညာနဲ့ စာအက္ခရာရောက်ရှိလာတာ
  ဖြစ်တယ်လို့ ဆိုခဲ့ကြလို့ဖြစ်ပါတယ်။
မွန်သမိုင်းဆရာများဖြစ်ကြတဲ့ ဦးနိုင်ပန်းလှ၊ ဦးနိုင်ချစ်သိန်း၊
ဦးမြ တို့ကလည်း ဂျီအိပ်ခ်ျလုစ်တို့နည်းတူ သံယောင်လိုက်
အထောက်အထားမဲ့ပြောဆိုခဲ့ကြပါတယ်။ ကျောက်စာဝန်
ချားလ်ဒူရွိုင်ဆယ်ရဲ့လက်ထက်မှာပဲ မွန်သမိုင်းဆရာ
ဦးလူဖေ၀င်း ဆိုသူကတော့ တူတစ်လက် ဆောက်တစ်
လက်ကိုင်ပြီး မြန်မာကျောက်စာအတော်များများကို
သက္ကရာဇ်တွေ ပြင်/ဖျက် လုပ်ခဲ့တဲ့အတွက် ထိုစဉ်က
အမျိုးသားကောလိပ် သမိုင်းကထိကဦးသက်တင်က
တိုင်ကြားခဲ့ရာမှာ ဦးလူဖေ၀င်းကို ဌာနတွင်းမှာ ခုံရုံးဖွဲ့
စစ်ဆေးခြင်းအထိ ခံခဲ့ရပါတယ်။
“ပုဂံ အနော်ရထာမင်းလက်ထက်၊ ကျန်စစ်မင်းသားတို့
လက်ထက်တွင် ဂူ၊ ကျောင်း၊ တန်ဆောင်းတို့ရှိပန်းချီ
ဆေးရေး ဇာတ်နိပါတ်၊ စဥ့်ကွင်းရှိ အညွှန်းကမ္ပည်း
လိပ်စာ၊ အက္ခရာတို့မှာ မွန်ဘာသာ မွန်အက္ခရာများ
  ဖြစ်ကြောင်း၊ မြန်မာကမ္ပည်းလိပ်စာတို့ကို ကျန်စစ်သားမင်း
လွန်ပြီးမှ တွေ့ရကြောင်း၊ အေဒီ ၁၁-၁၂ ရာစု ထိုမင်းလက်
ထက် မြန်မာစာပေ ထင်ရှားမရှိကြောင်း” ဦးမြ ဆိုခဲ့ပါတယ်။
ဦးနိုင်ပန်းလှမှာလည်း ထိုနည်းတူ လိုက်၍ပြောဆိုခဲ့ပါတယ်။
ဦးမြနဲ့ ဦးနိုင်ပန်းလှတို့ဟာ လုစ်လေသံအတိုင်းလိုက်လံ
ပြောဆိုခဲ့ကြတာဖြစ်ပြီးတော့ လုစ်ကိုယ်တိုင်ကလဲ တမင်
ထိမ်ချန်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ပုဂံအရပ်က ရှေးမြန်မာ
ကျောက်စာကြီးတွေကို ပဒုံမင်း ခေါ် ဘိုးတော်ဘုရား
လက်ထက် (အေဒီ ၁၇၈၂-၁၈၁၉)မှာ သာသနာ့နယ်မြေ
စာရင်းပြန်လည်ပြုစုဖို့အတွက် မင်းမိန့်နဲ့ မူလတည်ရာ
အရပ်များမှ အမရပူရနန်းတော်ကို နှုတ်ယူပြောင်းရွှေ့
သွားကြတဲ့အတွက်ဖြစ်ပါတယ်။ မန္တလေးမဟာမြတ်မုနိ
ဘုရားဝန်းအတွင်းမှာ ပြန်လည်စိုက်ထူထားပြီးဖြစ်တာကို
ဦးနိုင်ပန်းလှ၊ ဦးမြတို့ ကျော်သွားတာဖြစ်ပါတယ်။
အနော်ရထာမင်းမှ အစပြု၍ ကျန်စစ်သားမင်းအထိ မူလထိုး
ဗမာကျောက်စာ (၂၃)ချပ် ၊ အလောင်းစည်သူခေတ်အထိ
မူလထိုး ဗမာကျောက်စာ (၇၃) ချပ် ရှိနေချိန်မှာ တစ်နိုင်ငံလုံး
စုစုပေါင်းမှ မွန်ကျောက်စာ (၂၁)ချပ်တည်းရှိတာကို ထိုခေတ်
  မြန်မာစာပေမရှိ မွန်စာပေခေတ်သာဖြစ်တယ်လို့ အံအား
သင့်ဖွယ်စကားကို ဆိုခဲ့ကြတာဖြစ်ပါတယ်။
ထို့အပြင် ပုဂံမြို့အရှေ့ဘက်၊ တောင်ဘီလာရွာ၊ မောင်ချစ်
စကုန်းကနေ တွေ့ရှိခဲ့တဲ့ အုတ်ခွက်ဘုရား (၃၅)ဆူမှာ
ုအုတ်ခွက်ဘုရားနောက်ကျော ရေးထိုးထားတဲ့ သစ်သီး
စာရင်းတွေကို ဦးမြနဲ့ ဆရာကြီးဒေါက်တာသန်းထွန်းတို့
စစ်ဆေးပြီးနောက် အေဒီ ၉ ရာစု- ၁၀ ရာစု မြန်မာစာ
အရေးအသားဖြစ်တယ်လို့ တင်ပြခဲ့ဖူးပါတယ်။
အထက်ပါပုဂ္ဂိုလ်အချို့ရဲ့ အထောက်အထားမဲ့ ယူဆချက်
တွေကို  မြန်မာအက္ခရာပညာရှင်ကြီး ဦးသာမြတ်ကလဲ
  ထောက်ခံခြင်းမရှိပါဘူး။ ဦးသာမြတ်ဟာ ပျူခေတ်ကျောက်
စာ၊ ပုဂံခေတ်မြန်မာကျောက်စာ၊ မွန်ကျောက်စာတွေကို
တိုက်ဆိုင်စစ်ဆေးပြီးနောက် မြန်မာအက္ခရာထုပ္ပာတ်မှာ
ြ မြန်မာအက္ခရာသည် ပျူအက္ခရာမှ ဆင်းသက်ခြင်းဖြစ်
ကြောင်းနဲ့၊ အစောဆုံးတွေ့ရှိရတဲ့ မြန်မာကျောက်စာဟာ
လုစ်အပါအ၀င် ဦးနိုင်ပန်းလှ၊ ဦးမြတို့ဆိုခဲ့သလို ရာဇကုမာရ
  ကျောက်စာမဟုတ်ကြောင်း၊ သက္ကရာဇ် ၄၂၀ (အေဒီ ၁၀၅၈)
ခုနှစ်ထိုး လက်သည်းရှည်ဘုရားကျောက်စာ ခေါ် ဂ၀ံကျောင်း
ေ ကျောက်စာဖြစ်ကြောင်းနဲ့ တချို့ဆရာများပြောဆိုသလို
  မြန်မာအက္ခရာဟာ မွန်ဆီကဆင်းသက်လာတာဖြစ်တယ်လို့
ယူဆဖို့မသင့်ကြောင်း ထောက်ပြသွားခဲ့ပါတယ်။
လုစ်ရဲ့ရည်ရွယ်ချက်ဟာ “မြန်မာအစတကောင်းက၊ သာကီ
မျိုးဟေ့တို့ဗမာ” စတဲ့ လွတ်လပ်ရေးကြိုးပမ်းမှုဆောင်ရွက်
ချက်များနဲ့ နိုးကြားလာတဲ့အမျိုးသားရေးစိတ်ဓါတ်များကို
ရိုက်ချိုးဖျက်စီးပြီး ဗမာနဲ့အခြားတိုင်းရင်းသားတွေ သွေးကွဲ
စေဖို့ လုပ်ကြံဇာတ်ခင်းခဲ့တာဖြစ်ပါတယ်။ တကောင်းသမိုင်း
နဲ့ပက်သက်ပြီးတော့ မြန်မာအစတကောင်းကဆိုတာ
ပုံပြင်ဖြစ်ကြောင်း၊ ဂေါတမဘုရားနဲ့ အမျိုးတော်သယောင်
လုပ်ကြံထားတာဖြစ်ကြောင်း၊ တကောင်းမှာ အေဒီ ၁၁ရာစု
အနော်ရထာခေတ်ထက်စောတဲ့အထောက်အထား ဘာမှ
မတွေ့ရကြောင်း ပြောဆိုဝါဒဖြန့်လိုရင်းဖြစ်ပါတယ်။
တကောင်းသမိုင်းမှန်ရဲ့ ကျေးဇူးရှင်ပုဂ္ဂိုလ်ကတော့
ဦးမင်းဟန် (မန်းတက္ကသိုလ်) (၀ါ) အရှင်ပဏ္ဍိတနန္ဒာ
ြ ဖြစ်ပါတယ်။ ဆရာကြီးဦးချစ်စံဝင်း၊ ဆရာကြီးဒေါက်တာ
တိုးလှတို့ရဲ့ လမ်းညွှန်မှုတွေနဲ့ ဦးမင်းဟန်ဟာ တကောင်း
မြို့ဟောင်းကို စိတ်ရော ကိုယ်ရောနှစ်ပြီး အပင်ပန်းခံ
တူးဖော်သုတေသနပြုခဲ့ရာမှာ ပျူခေတ်ယဉ်ကျေးမှု
အထောက်အထားမြောက်များစွာနဲ့ တကောင်းသည်
ပျူမြို့ဟောင်းကြီးတစ်မြို့ဖြစ်ကြောင်းကို တိကျခိုင်မာစွာ
  ဖော်ထုတ်တင်ပြနိုင်ခဲ့ပါတယ်။ မြန်မာ့သမိုင်းရဲ့ကျေးဇူးရှင်
ဖခင်ကြီးတစ်ဦးဖြစ်တဲ့ ဦးမင်းဟန်ရဲ့ကြိုးပမ်းအားထုတ်
မှု့ကြောင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန
သမိုင်းဌာနတာဝန်ရှိ ပညာရှင်ပုဂ္ဂိုလ်များက ၂၀၀၀ခုနှစ်
အစောပိုင်းကာလများမှာ တကောင်းသည် ပျူမြို့ဟောင်း
တစ်ခုဖြစ်ကြောင်းကို ခိုင်မာစွာသုတေသနပြု ကြေညာချက်
ထုတ်ပြန်ပေးခဲ့ပြီး ဂျီအိပ်ခ်ျလုစ်ဖျက်ခဲ့တဲ့ တကောင်းသမိုင်း
အမှားတော်ပုံကို ပယ်ဖျက်ပြီးဖြစ်ပါတယ်။

Credit to> Thant Lwin Oo

မြန်မာ့သမိုင်းခရီးတစ်ထောက် (၁)


  မြန်မာ့သမိုင်းဖြစ်စဉ်အချို့ ရေးသားတာဖြစ်တာကြောင့်
ေ ခေါင်းစဉ်ကို ဒီလိုပဲတပ်လိုက်ပါတယ်။ မြန်မာ့သမိုင်း
အရှုပ်တော်ပုံရဲ့အစဟာ အင်္ဂလိပ်ကိုလိုနီလက်ထက်
ဗြိတိသျှသမိုင်းပညာရှင် G.H.Luce လက်ထက်ကနေ
စတင်ရှုပ်ထွေးလာတာဖြစ်ပါတယ်။ ဖြစ်စဉ်အကျဉ်းကို
ေ လေ့လာကြည့်ရင် မြန်မာနိုင်ငံ၊ ပထမမြောက်
ကျောက်စာဝန် (ရှေးဟောင်းသုတေသနမှူး၊ ၁၈၈၀-
၁၈၉၀)ဂျာမန်လူမျိုး အီဖောသျမ်းမားဟာ ပုဂံဒေသခံ
ေ တွေဆီက သတင်းရလို့ မည်သူမှ မဖတ်တတ်သော
  ကျောက်စာတိုင် တစ်တိုင်ကို ပုဂံဒေသ၌ ၁၈၉၆ ခုနှစ်မှာ
  လေ့လာကြည့်ရှု ထိမ်းသိန်းမှတ်တမ်းတင် ပေးခဲ့ပါတယ်။
ဂူပြောက်ကြီး လှိုဏ်ဘုရားဝန်းနှင့် ကပ်လျှက် မြစေတီ
ဘုရားနားမှာ တွေ့ရသဖြင့် ယင်းကျောက်စာတိုင်ကို မြ
  စေတီကျောက်စာဟု အမည်ပေးမှတ်တမ်း သွင်းခဲ့ပါတယ်။
ယင်းကျောက်စာတိုင်ပါ ၄ မျက်နှာအနက် ၁ မျက်နှာကို
မဖတ်တတ်လို့ မည်သည့်ဘာသာစကားနှင့် ရေးထိုး
ထားမှန်းမသိသောကြောင့် အမျိုးအမည်မသိ ကျောက်စာ
(unknown inscription) ဟုသာ အီဖောသျှမ်းမားတို့
ေ ခေါ်ဆိုခဲ့ပါတယ်။
ဆရာကြီး တော်စိန်ခို (ဒုတိယမြောက်ကျောက်စာဝန်)
လက်ထက်မှာ အလားတူ မည်သူမှ မဖတ်တတ်သော
ေ ကျောက်စာတိုင်အပိုင်းကျိုးများကို မြစေတီဝန်းနံရံ
တံတိုင်းပြုပြင်ရင်း ၁၉၀၄ ခုနှစ်တွင် ထပ်မံတွေ့ရှိရ၍
မြစေတီကျောက်စာဟုပင် အမည်တပ် ထိန်းသိမ်းမှတ်
တမ်းသွင်း သကဲ့သို့ ယင်းကျောက်စာတိုင်ပါ စာ ၄ မျက်
နှာအနက် မည်သည့်ဘာသာစကား နည်းဟု မဖတ်နိုင်၊
မသိသေး၍ အမျိုးအမည်မသိ ကျောက်စာ (unknown
inscription)ဟုသာ ခေါ်ဆိုခဲ့ပါတယ်။ မည်သည့်ဘာသာ
စကားရေး ကျောက်စာနည်းဟု မသိသေးလျှင် အမှားမရှိ
  စေရန် အမျိုးအမည်မသိ (unknow) ဟုသာ ခေါ်ဆိုရမည့်
သုတေသန ထုံးနည်းကို အီဖော်သျှမ်းမားနဲ့ ဆရာကြီးတော်
စိန်ခိုတို့ လိုက်နာကျင့်သုံးခဲ့ကြပါတယ်။
ဒါပေမယ့် ဆရာကြီးတော်စိန်ခိုနောက် တတိယမြောက်
ေ ကျောက်စာဝန်အဖြစ် အမှုထမ်းမယ့် ချားလ်ဒူရွိုင်ဆယ်
(ရန်ကုန်ကောလိပ်၊ ပါဠိပါမောက္ခ) နှင့် ဂျီအိပ်ခ်ျလုစ်
(ရန်ကုန်ကောလိပ်၊ အင်္ဂလိပ်စာပါမောက္ခ)လက်ထက်
ေ ရောက်တဲ့အချိန်မှာ သူတို့ ၂ယောက်တိုင်ပင်ပြီးတော့
  မြစေတီကျောက်စာမှင်ကူးတွေနဲ့ သရေခေတ္တရာတွေ့
  ကျောက်အရိုးအိုးကြီးလေးလုံးပေါ်က ကျောက်စာ
မှင်ကူးတွေကို ဂျီအိပ်ခ်ျလုစ်ရဲ့ဆရာအရင်း စီအို
ဗလက်ဒင် (ဘာသာဗေဒပါမောက္ခ၊ လန်ဒန်တက္ကသိုလ်)
ဆီကို ဘာသာပြန်ဖို့ ပေးပို့ခဲ့ကြရာကနေ ပျူနဲ့ဗမာ
လူမျိုးမတူဆိုတဲ့ အရှုပ်တော်ပုံစတင်ခဲ့ပါတယ်။
စီအိုဗလက်ဒင်က ဒီကျောက်စာတွေဟာ ပရုမ်း(ပြည်)မြို့
အနီးကတွေ့ရတာဖြစ်တဲ့အတွက် ခေါ်ဆိုရည်ညွှန်းရ
လွယ်ကူအောင် “ပျူစာ”လို့ ယာယီအမည်တပ်ပေး
လိုက်ကြောင်း၊ သို့သော် ဒါတွေကို ပျူစာပါလို့ အတည်
ြ ပြုမှတ်ယူဖို့မသင့်ကြောင်း၊ နောင်တွေ့ရှိချက်အပေါ်မူတည်
ပြီးတော့ မှားနေရင်ပြင်ဖို့ စာရေးသားပြန်ပို့ခဲ့ပါတယ်။
မည်သည့် ၀ါကျတစ်စုကိုမှလဲ ဆီလျော်အောင်၊
မှန်ကန်အောင် ဘာသာပြန်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။
စာလုံးရေ ထောင်ကျော်ပါဝင်တဲ့ကျောက်စာတစ်ချပ်မှာ
စာလုံးရေ (၆၀)ခန့်လောက်ကိုသာ စီအိုဗလက်ဒင်က
ဘာသာပြန်ပေးခဲ့ပါတယ်။ ဒါတောင်မှ အလုံး(၂၀)ကျော်
မှားဖတ်ထားပါတယ်။
စီအိုဗလက်ဒင်ကိုယ်တိုင်က ပျူစာပါလို့တံဆိပ်တပ်
ထားခြင်းဟာ ယာယီသာဖြစ်ပြီး အပြီးသတ်အတည်
မယူဖို့ မှာခဲ့တာတွေကို လုစ်ကမျက်ကွယ်ကွယ်ပြု
ထိမ်ချန်ပြီးနောက် ဂျီအိပ်လုစ်ဟာ ဒီစာတွေက
ဗမာစာမဟုတ်၊ ပျူစာတွေဖြစ်တယ်။ ပျူတွေဟာ
ဗမာတွေအရင် အခြေချနေထိုင်သူတွေဖြစ်ပြီးတော့
မျိုးသုန်းပျောက်ကွယ်သွားပြီးဆိုပြီး ၀ါဒဖြန့်ခဲ့တာ
ြ ဖြစ်ပါတယ်။ ၁၉၃၁ ခုနှစ်၊ သြဂုတ်လ (၂)ရက်နေ့
ဗမာ့သုတေသနအသင်းမှာ ဂျီအိပ်ခ်ျလုစ် က
Geography of Burma under the Pagan Dynasty
ဆိုတဲ့စာတမ်းကို ဖတ်ကြားခဲ့ပါတယ်။ အဆိုပါစာတမ်း
အယူအဆဟာ ဗမာတို့ မြေပြန့်ဒေသသို့ ၀င်ရောက်
  နေထိုင်သည့် မူလဒေသသည် တကောင်းမဟုတ်နိုင်။
ေ ကျောက်ဆည်ဖြစ်နိုင်သည် ဆိုတဲ့အယူအဆဖြစ်ပါတယ်။
ြ မြန်မာအစ တကောင်းက ဆိုတဲ့ မြန်မာ့ဆိုရိုးစကားကို
ပုံပြင်ဆိုပြီးပယ်ခဲ့ပါတယ်။ ရှေးမြန်မာကြီးများက လိမ်ခဲ့
သယောင်ပြောဆိုခဲ့ပါတယ်။
၁၉၅၇ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့မှာ ဂျီအိပ်ခ်ျလုစ်က
တစ်ဆင့်တက်ပြီးတော့ ဗမာအစ ကျောက်ဆည်က
Old Kyaukse And Coming of the Burmans
စာတမ်းကို ထပ်မံဖတ်ကြားကာ ဗမာနဲ့ပျူ လူမျိုးမတူ
ဆိုတဲ့ ဗမာ့သမိုင်းလုပ်ဇာတ်ကို မန်ရှုကျမ်းအပိုင်းအစနဲ့
သူလိုရာကိုးကားပြီးတော့ ရေးသားပြောဆိုခဲ့ပါတယ်။
ထိုမျှမကသေး မြန်မာ့စွယ်စုံကျမ်းနဲ့ ကျောင်းသုံးသင်ရိုး
ညွှန်းတမ်းတွေမှာပါ ပြဌာန်းဖို့ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။
ဒီလိုလုပ်ဇာတ်ခင်းခံနေရချိန်မှာ မြန်မာ့သမိုင်းဘက်က
လုစ်ကို ချေပပြောဆိုခဲ့တာကတော့ ဦးဖိုးလတ်ဖြစ်ပါတယ်။
ဆရာကြီးဦးဖိုးလတ်က “မြန်မာအစ” စာတမ်းနဲ့ ဂျီအိပ်ခ်ျ
လုစ်ရဲ့ မြန်မာအစ ကျောက်ဆည်စာတမ်းဟာ အထောက်
အထားမဲ့ ထင်မြင်ယူဆချက် စိတ်ကူးယဉ်ဆန်ဆန်
  ရေးသားထားတာ ဖြစ်ကြောင်း၊ လုစ်ကိုးကားတဲ့ မန်ရှုကျမ်း
အစအဆုံးကို အများသူငါ လေ့လာနိုင်ဖို့ ဘာသာပြန်ထုတ်
  ဝေပေးရန် တောင်းဆိုခဲ့ပါတယ်။ သို့သော် ထိုစဉ်က သုတေ
သနဌာနဘက်မှာ လုစ်သြဇာအရှိန်အ၀ါကို လွန်ဆန်ဝံ့သူ
မရှိတာကြောင့် မအောင်မြင်ခဲ့ပါဘူး။
ဆရာကြီးဦးထင်အောင် (Ph.D - ပါမောက္ခချုပ်၊ ရန်ကုန်
တက္ကသိုလ်)ကလဲ ဂျီအိပ်ခ်ျလုစ်ရဲ့ ကျောက်ဆည်စာတမ်းပါ
အထောက်အထားမဲ့မှုများ၊ ကျောက်စာဖတ်မှားယွင်းမှုများ၊
အယူအဆပိုင်းဆိုင်ရာ ယုတ္တိမရှိမှုများကို သုတေသနစာတမ်း
တစ်စောင်ပြုစုပြီးတော့ ၁၉၆၈ ခုနှစ် အမေရိကန်မှာကျင်းပတဲ့
အရှေ့တိုင်းသမိုင်းညီလာခံမှာ တင်သွင်းဖတ်ကြားခဲ့ပါတယ်။
ဒါသည်လည်း လုစ်သြဇာခံ တပည့်သားမြေးများနဲ့ မွန်သမိုင်း
ဆရာများရဲ့ ထိန်ချန်ဖော်ပြမှုကြောင့် မှေးမှိန်ခဲ့ရပါတယ်။
လုစ်၊ ချားလ်ဒူရွိုင်ဆယ်၊ စီအိုဗလက်ဒင် တို့ရဲ့ သုံးပွင့်ဆိုင်
စိတ်ကူးယဉ်ဗမာ့သမိုင်းလုပ်ဇာတ်ကို ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့
မျိုးချစ်စာဆိုကြီးတစ်ဦးရှိခဲ့ပါသေးတယ်။ အဲ့ဒိသူကတော့
  ပြဇာတ်ရေးဆရာ မောင်လွမ်း (ခေါ်) စာရေးဆရာမစ္စတာ
ေ မောင်မှိုင်း (ခေါ်) မျိုးချစ်စာဆိုကြီး သခင်ကိုယ်တော်မှိုင်း
ြ ဖြစ်ပါတယ်။ သခင်ကိုယ်တော်မှိုင်းဟာ ဂျီအိပ်ခ်ျလုစ်တို့ရဲ့
တက္ကသိုလ်အသိုင်းအ၀ိုင်းက ရှေးဗမာ့မြို့ဟောင်းကြီး
ေ တွေမှာတွေ့ခဲ့တဲ့ ရှေးကျောက်စာတွေကို ဗမာစာနဲ့
မတူသောပျူစာလို့ သတင်းထုတ်ပြန်မှုကို ကြားတဲ့အခါ
အပြင်းအထန်ကန့်ကွက်ပြီးတော့ လုစ်တို့ကို အကြီး
အကျယ်လှောင်ပြောင်ခဲ့ပါတယ်။ လုစ်တို့မဖတ်တတ်တဲ့
သရေခေတ္တရာတွေ့ ကျောက်အရိုးအိုးလေးလုံးစာအပါ
အ၀င် ဗြဟ္မီပွားအက္ခရာတွေနဲ့ ရေးထိုးထားတဲ့ကျောက်
စာတွေကို ရှေးစကား(ပေါရာဏ)နဲ့ ရေးထိုးထားတဲ့
ဗမာကျောက်စာတွေဖြစ်ကြောင်း၊ ခေတ်မတူလို့
အက္ခရာစနစ်မတူတာဖြစ်ကြောင်းနဲ့ ထိုကျောက်စာ
ေေ တွေကို သခင်ကိုယ်တော်မှိုင်းက ဖတ်ပြခဲ့ပါတယ်။
ထိုစဉ်ကထုတ်ဝေတဲ့ မဂ္ဂဇင်းတွေမှာ သခင်ကိုယ်
  တော်မှိုင်းနဲ့ လုစ်တို့ဘက်က ဆောင်းပါးတွေရေးပြီး
စကားစစ်ထိုးခဲ့ကြပါတယ်။

Credit to> Thant Lwin Oo

Wednesday, July 1, 2015

Arowana ငါးများထံမှသင်ယူခြင်း။(အမူအရာများကိုကြည့်၍အနီးစပ်ဆုံးအဓိပ္ပါယ်ဖော်ကြည့်ခြင်း)


-ရှေ့မှန်နားကပ်ပြီး၊ဘယ်ညာကူးခပ်ခြင်း။
အစာတောင်းခြင်း(သို့)ဟန်ရေးပြစွဲဆောင်နေခြင်း(လူ၊တခုခုကို..)ဖြစ်ပါသည်။
-အထက်အောက်ကူးခပ်ခြင်း။
(၁)စိတ်ဖိစီး(stress )မှု့ဖြစ်နေခြင်း၊
(၂)ရေquality ကျနေခြင်း၊အထီးကျန်lonelyဖြစ်နေခြင်း၊ကန်ကြပ်ခြင်းသေးငယ်နေခြင်း။ကြမ်းတမ်းသောကန်ဖော်ငါးရှိနေနိုင်ခြင်း၊
(၃)အခြားပြင်ပ၊ပယောဂတခုခုကြောင့်ဖြစ်နိုင်ပါသည်။
-ခြောက်လှန့်ခြင်း၊အနိမ့်သံ(low pitch sound)ထွက်အောင်ထုရိုက်သံများကြောင့်၊bad mood ကြောင့်ဖြစ်တတ်ပါသည်။
-ပါးစပ်ဟသန်းဝေခြင်း။
ဗိုက်ပြည့်နေခြင်း(သို့)ပျင်းရိနေခြင်း၊တို့ဖြစ်နိုင်သော်လည်းကြိမ်ဖန်များစွာဖြစ်နေပါက၊ရေထဲတွင်အောက်ဆီဂျင်နည်းနေခြင်းဖြစ်နိုင်ပါသည်။
-ကန်အောက်ခြေတွင်ငြိမ်နေ၊ဝပ်နေခြင်း။
ပုံမှန်အရကြောက်နေခြင်းshockဝင်နေခြင်း၊ခန္ဓာကိုယ်တွင်ကပ်ပါးပိုးစွဲကပ်နေခြင်း၊ရေquality ညံ့နေခြင်း၊ဗိုက်ပြည့်ရင်ပြည့်နေခြင်းတို့ဖြစ်နိုင်သည်။တခါတရံဗက်တီးရီးယားတိုက်ခိုက်မှု့ကြောင့်အကြေးခွံပွခြင်း၏ရှေ့ပြေးလက္ခဏာလည်းဖြစ်နိုင်ပါသည်။
-တွန့်လိမ်သလိုဖြစ်ခြင်း။
ဗိုက်ပြည့်လွန်းသဖြင့်အစာကြေရန်ပြုလုပ်ထိမ်းညှိခြင်းတို့ဖြစ်နိုင်သည်။သို့သော်လည်းကြိမ်ဖန်များစွာပြုလုပ်နေပါက၊ကပ်ပါးပိုးတိုက်ခိုက်နေခြင်းကိုခံနေရသည်။
-ပုန်းခိုနေခြင်း။
ကြောက်လန့်shockဖြစ်နေခြင်း၊ပတ်ဝန်းကျင်အသစ်ကန်အသစ်တွင်နေသားတကျမဖြစ်သေးခြင်း၊အနောင့်အယှက်ပေးသောငါးများနေခြင်းများကြောင့်ဖြစ်တတ်သည်။
-ဝင်တိုက်တတ်ခြင်း။
များသောအားဖြင့်ကြောက်ရွံ့၍သော်၎င်း၊တကောင်ကောင်ကလိုက်၍သော်၎င်းကိုယ်တွင်းကပ်ပါးကောင်Parasitesများကြောင့်၎င်းအစာထဲပါဝင်လာသောအစာချေဖျက်ရန်ခက်ခဲသောအရာများ(ကင်းခြေမျှား၊ပုရစ်၊နှံကောင်ကြီးများ၏ဆူးခြေထောက်များစသဖြင့်...)တို့ကြောင့်ဖြစ်နိုင်သည်။
-ဆူးတောင်များစုနေခြင်း။
ကြောက်ရွံ့ခြင်း၊နေမကောင်းခြင်း၊ရေquality ညံ့သွားခြင်းတို့ကြောင့်ဖြစ်တတ်ပါသည်။
-စောင်း၍ကူးတတ်ခြင်း။
Droop eye ဖြစ်ခြင်းကြောင့်ကူးတတ်ပါသည်။
-ရေစကူး/အဆုံးသတ်ခြင်းတို့၌စောင်းငန်းလည်ပတ်စွာကူးနေခြင်း။
အတွင်းဒဏ်ဖြစ်ခြင်း၊စီဖောင်းရောဂါဖြစ်နေခြင်းကြောင့်ဖြစ်တတ်ပါသည်။
-ခေါင်းခါခြင်း။
ကြွက်သားများဖြေလျော့ခြင်း၊အစာပြည့်နေခြင်း၊မကြာခဏဆက်တိုက်ခါနေပါက၊အစာသီးနေ၍ဖြစ်ပါသည်။
-ခုန်ခြင်း။
ကြောက်လန့်ခြင်း၊တကောင်ကောင်ကလိုက်ခြင်း၊စူးစမ်းလိုခြင်း၊ပြင်ပရှိအရာတခုခုကဆွဲဆောင်နေခြင်း(ပိုးကောင်လေးများ)တို့ကြောင့်ဖြစ်သည်။
-အသက်ရှုမြန်နေခြင်း။(ပုံမှန်ထက်ပို၍ပါးဟက်လှုပ်နေခြင်း။)
အစာအလွန်အကျွံစားထားခြင်း၊တကောင်ကောင်ကလိုက်နေခြင်း၊ကြောက်နေခြင်းကြောင့်ဖြစ်တတ်သော်လည်း၊ဆက်တိုက်ဖြစ်နေလျင်အောက်ဆီဂျင်မလုံလောက်ခြင်း(ရေမသန့်ဆိုးရွားနေခြင်း)အစာနင်နေခြင်း၊အစာအဆိပ်ဖြစ်ခြင်းတို့ကြောင့်ဖြစ်တတ်သည်။
-ဟန်ရေးပြနေခြင်း။
သဘာဝအရစူးစမ်းလို၍သော်၎င်း၊စိတ်အလွန်တက်ကြွနေ၍သော်၎င်းဖြစ်သည်။
-အစာကိုငြင်းပယ်မစားတော့ခြင်း။
ဖြစ်လေ့ဖြစ်ထရှိပါသည်။ပတ်ဝန်းကျင်သစ်တွင်သဟဇာတမဖြစ်သေးခြင်း၊ရေအရည်အသွေးqualityညံ့ဖြင်းသွားခြင်း၊ရံဖန်ရံခါအစားစားခြင်စိတ်မရှိတတ်ခြင်း၊ကိုယ်တွင်း(သို့)ကိုယ်ပြင်ပ၌ကပ်ပါးပိုးကပ်နေခြင်း၊ဗိုက်မကောင်းဖြစ်နေခြင်း(stomach upset)၊များဖြစ်နိုင်သလိုshockရနေခြင်း၊လည်ပြွန်တွင်အစာနင်နေခြင်း၊အစာဟောင်းကိုရိုးအီနေခြင်းတို့လည်းဖြစ်နိုင်သည်။
-အမြီးကိုပြန်ကိုက်ခြင်း။
Pressure State,ရေquality ညံ့သွားခြင်း၊အထီးကျန်ဖြစ်နေခြင်း၊ကန်ကျပ်နေ၊သေးနေခြင်း၊အခြားပြင်ပပယောဂများတို့ကြောင့်ဖြစ်နိုင်သည်။
-အစာပြန်အံထွက်ခြင်း။
ဗိုက်မကောင်းဖြစ်နေခြင်း၊ရေမလဲခင်နှင့်ရေလဲပြီးပြီးခြင်းအစာအလွန်အကျွံကျွေးလိုက်ခြင်း၊အစာချေဖျက်ရန်ခက်ခဲသောအစာများကျွေးမိခြင်းတို့ကြောင့်ဖြစ်တတ်သည်။
-ကိုယ်ခန္ဓာတုန်ခါခြင်း။
ပြင်ပကပ်ပါးပိုးများကြောင့်ဖြစ်တတ်သလို၊ရေပုံမှန်မစစ်ဆေးမလဲပေးခြင်းကြောင့်ဖြစ်နိုင်ပါသည်။


သန်းနေခြင်း

Credit to> အလှမွေးငါးဝါသနာရှင်

Flowerhorn ရွေးချယ်ဖောက်နည်း။(အလွယ်တကူသိနိုင်သောအကြမ်းဖျဉ်းသာ)


--သားဖောက်ရန်မျိုးကောင်းမျိုးသန့်မှဆင်းသက်သောဖောက်စုံဖြစ်ဖို့အရေးကြီးပါသည်။အဘယ်ကြောင့်ဆိုသော်အကောင်၁၀၀၀ပေါက်လျင်အကောင်၅၀ခန့်သာလက်ရွေးစဉ်ထွက်တတ်ပါသည်။တနည်းအားဖြင့်၅%သာပယ်ထည်မရှိကောင်းတတ်ပါသည်။
--ဥဘန်းမရှိကလည်း၁ပေပတ်လည်ကြွေပြားကိုလှန်၍အသုံးပြုနိုင်သည်။
--အထီးအမတွဲရန်၊ကန်ကိုအကန့်အရှင်divider ဖြင့်၂လခန့်ပေးတွေ့ထားလျင်ပိုကောင်းပါသည်။ရန်လိုတတ်သောအလေ့အထသဘောသဘာဝရှိ၍ဖြစ်ပါသည်။ပြီးမှအကန့်ကိုဖွင့်ပေးလိုက်ပါ။
--၇၉-၈၅ဒီဂရီFခန့်သာအပူချိန်ရှိစေ၍PH 7ရေသွက်ရှိလျင်ကောင်းပါသည်၊သတ္တုဓာတ်ပါသောရေကြောင့်ဥခွံမာစေ၍ပေါက်နှုံးနည်းတတ်ပါသည်။
--ဥအုပြီးအထီးသုတ်ဖြန်းပြီးအောင်စောင့်ပါ။ပြီးလျင်အထီးအမသည်ဥများပေါ်တွင်အမြီးဖြင့်ယက်ခပ်နေသောအနေအထားတွင်ဥကိုထုတ်ယူနိုင်ပါပြီ။ရန်လိုတတ်၍ထီး/မကိုဇကာဖြင့်ကာ၍ဥဘန်းကိုထုတ်ယူ၍ပြင်ထားသောကန်တွင်ပြောင်းထည့်ပါ။
--ပြင်ထားသောကန်မှာအပူချိန်တူ၊နှပ်ထားသောရေ(ရေဟောင်း)PH7ဖြစ်လျင်ပိုကောင်းပါသည်။ဥမှိုကာကွယ်ရန်မက်သလင်းဘလူးခပ်၍AIR PUMPရိုက်ဖောက်ပါ၊ရေမြုပ်Filter သာသုံးပါ။ဥအနားမှာAirstone ကိုထားပါ၊မကြာခင်ပေါက်ပေတော့မည်။
--အကယ်၍ကြမ်းပြင်ပေါ်တွင်ဥခဲ့ပါက၊ထီးမကိုထုတ်ပြီးကန်ထဲရှိအညစ်အကြေးအနယ်များကိုစုပ်ထုတ်ပြီး၊Power Filter များသုံးခဲ့လျင်ထုတ်ပစ်ပြီးရေမြုတ်Filterသုံးပါ။ဥများ၊အကောင်ပေါက်များမစုတ်မိစေရန်ဖြစ်သည်။Airpump ရိုက်မက်သလင်းဘလူးခပ်၍အထက်ပါအနေအထားတိုင်းဖောက်နိုင်ပါသည်။အထီး၈လကျော်၁၀လသားဆိုလျင်သုပ်အားကောင်းသောအောင်မြင်နှုံးမြင့်မားသောဖောက်ထီးအရွယ်ဖြစ်ပါသည်။ဥအုလျင်ဥဘန်းတည့်တည့်တွင်မီးမထွန်းထားပါနှင့်။ထွန်းချင်လျင်filter ထားသည့်ဖက်တွင်ထွန်းနိုင်ပါသည်။
(အောင်မြင်ကြပါစေလို့!)

Credit to>  အလှမွေးငါးဝါသနာရှင်

ကျောက်ကပ်ရောဂါနှင့်ရေ၀ါးမြက်


ကျောက်ကပ်ပျက်စီးလို့ လဲလှယ်ရ
မယ့်အဆင့်ဖြစ်နေရင်တောင် လဲစရာ
မလိုပဲ ပြန်ကောင်းလာစေတဲ့ ရေဝါး
မြက် သို့မဟုတ် ဂမုန်းလေး သို့မဟုတ်
စွေကျူချောင် အပင်ရဲ့ပုံဖြစ်ပါတယ် ....
ကျောက်ကပ်ဝေဒနာရှင်တွေအတွက်
တော့ကျိုပြီး သုံးခါလောက်သောက်
ရင်ပဲ ထူးခြားကောင်းမွန်လာပါတယ်
.....တောင်းဆိုထားတဲ့ ကျနော့်သူ
ငယ်ချင်းများအတွက် သောက်နည်း
ကိုရော အရွက်ကျိုနည်းကိုရော အခြား
ပျောက်ကင်းနိုင်စေတဲ့ရောဂါတွေကိုပါ
ပုံနဲ့တကွတင်ပေးလိုက်ပါတယ်ဗျာ ...
အားလုံးပဲ ကျန်းမာအသက်ရှည်စွာ
နေနိုင်ကြပါစေ......

ခင်မင်စွာဖြင့်
ညီထွန်း