Friday, July 3, 2015

မြန်မာနိုင်ငံ ဗုဒ္ဓသာသာနာသမိုင်း (၂)


၂။ ဗုဒ္ဓ-အသောကခေတ်ပြိုင် မြန်မာနိုင်ငံအတွင်း မည်သည့်
လူနေဒေသများထွန်းကား၍ မည်သည့်ကိုးကွယ်ယုံကြည်
မှုဆိုင်ရာအထောက်အထားများ တွေ့ရှိရသနည်း?
ဗုဒ္ဓ-အသောကခေတ်ဟု ညွှန်းဆိုခြင်းသည် ဘီစီ ၆ ရာစု -
၃ ရာစု (လွန်ခဲ့သောနှစ် ၂၆၀၀-၂၃၀၀) ကာလဖြစ်ပါသည်။
ယင်းကာလ ခေတ်ပြိုင် မြန်မာနိုင်ငံတွင် ကြေးခေတ်နှောင်း-
သံခေတ်ဦး လူနေဒေသများ (ဘီစီ ၇၀၀-၄၀၀)၊ သံခေတ်လူနေ
  ဒေသများ (ဘီစီ-၄၀၀)၊ ကျောက်ခေတ်နှောင်းမှ သံခေတ်ဦးသို့
ကူးပြောင်းသော လူနေဒေသများ (ဘီစီ ၇၀၀)၊ ပျူခေတ်လူနေ
  ဒေသများ ထွန်းကားတည်ရှိနေပါသည်။
  မြန်မာအစ (သို့မဟုတ်) သင်္ဃဿ တကောင်း
..........................................................
တကောင်းသည် ပျူခေတ်မြို့ဟောင်းတစ်ခုဖြစ်ကြောင်း၊ သရေ
  ခေတ္တရာထက်စောစွာ သကျသာကီမျိုး မြန်မာတို့တည်ထောင်
ေ နေထိုင်သော တိုင်းနိုင်ငံတစ်ခုဖြစ်ကြောင်း ရှေးဗမာ့ရာဇ၀င်
များတွင် တိကျစွာမှတ်တမ်းတင်ထားရှိခဲ့သည်။ ထိုရာဇ၀င်လာ
မှတ်တမ်းတင်ချက်များ တိကျမှန်ကန်ကြောင်းကို လက်တွေ့
တူးဖော်သုတေသနပြု ဖော်ထုတ်ပေးခဲ့သည့်ပုဂ္ဂိုလ်မှာ “အရှင်
ပဏ္ဍိတနန္ဒာ (၀ါ) ဦးမင်းဟန်” Min Han ဖြစ်ပါသည်။
ဦးမင်းဟန်၏ ကြိုးပမ်းအားထုတ်မှုဖြင့် ၂၀၀၁ ခုနှစ်ပွင့်လင်းရာ
သီတွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန ဦးစီး
ဌာနမှ ဆင်ညှပ်ကုန်းကျေးရွာနယ်မြေ၊ မင်းသမီးကွင်းရှိ ဦးတင်ဝင်း
ကုန်းကို စတင်တူးဖော်ရာအလျားအနံ ၄၆ပေ ပတ်လည်ရှိ စတုရန်းပုံ
အပြင်ဘက်အုတ်ရိုးနှင့် အလျားအနံ ပေ၂၀ ပတ်လည်ရှိ စတုရန်းပုံ
အတွင်းအုတ်ရိုးတို့ ပေါ်ထွက်လာခဲ့သည်။ အပြင်အုတ်ရိုး၏အရှေ့
တောင်ထောင့်အစွန်းတွင် အလျား ၉ပေ၊ ၆လက်မခန့်ရှိ အုတ်လှေ
ကားတစ်စင်းပါရှိပြီး ထိုအဆောက်အဦး၏ ပန္နက်ပုံအရ ဗိဿနိုး
ပျူမြို့ဟောင်းတူးဖော်ကွက် (KKG-4)နှင့် ပုံသဏ္ဍာန် အရွယ်အစားပါ
ထပ်တူနီးပါးမျှ တူညီနေပြီး ထိုမင်းသမီးကုန်းအဆောက်အဦးကို
ပျူဓလေ့ လက်ရေးစင်းပါအုတ်ချပ်များဖြင့်သာ တည်ဆောက်
ခဲ့ကြောင်းတွေ့ရှိခဲ့သည်။
မင်းသမီးကွင်းအဆောက်အဦး၏ ခေါင်မိုးတွင် တန်ဆာဆင်ခဲ့သော
ဒီဇိုင်းပါမြေဖုတ် အုတ်ကျွတ်၂မျိုးကို အမြောက်အများတွေ့ရှိခဲ့ပြီး၊
ပထမဒီဇိုင်းမှာ အတွင်းကနုတ်ပုံကို ဗန္ဓုပြောက်(၅၄)လုံးဝန်းရံထား
သည့် ပုံစံဖြစ်ကာ ဖုတ်လုပ်ရာတွင် လက်ရာမသေသပ်ခြင်း၊ ရိုးရှင်း
သောပုံစံဖြစ်ခြင်း၊ ဦးခေါင်းပိုင်းမတူညီမှုများတွေ့ရခြင်းကြောင့်
ခရစ်မပေါ်မှီ ဘီစီနှစ်များမှလက်ရာဖြစ်ကြောင်း ယူဆရသည်။
ဒုတိယဒီဇိုင်းမှာအ၀ိုင်းပုံဖြစ်ပြီး နေထွက်စက်ဝိုင်းပုံ (သို့) ဓမ္မစတြာ
ပုံဖြစ်မည်ဟုခန့်မှန်းရသည်။ ဗဟိုတွင် ပန်းဘောင်ချက်မ၊ ဘေး၌
တံကူလှည်းဘီးဘောင်၊ အနားသတ် ဗိန္ဓုပြောက်(၁၀)ခုပါရှိသည်။
တကောင်းမှ ထိုခေါင်မိုးအုတ်ကျွတ်ပြား အဆင်အပြင်နှင့် အလား
တူဓလေ့ များကို သရေခေတ္တရာ၊ အင်းလေးဒေသများ၌လည်း
ကောင်း၊ အိန္ဒိယနိုင်ငံ ဘီဟာနယ်၊ ဥတ္တရာပရဒေသရှိ ကျေးလက်
များ၊ နီပေါနှင့် ကပိလ၀တ်တွင်လည်း တွေ့ရှိရပြီး တကောင်းသည်
ေ ရှေးမြန်မာ့ရာဇ၀င်များ ညွှန်းဆိုသည့်အတိုင်း မဇ္စျိမဒေသနှင့်
သမိုင်းကြောင်းဆက်စပ်လျှက်ရှိနေကြောင်း လေ့လာ
ဖော်ထုတ်ပြနိုင်ခဲ့ပါသည်။
အလွန်တရာကျေးဇူးကြီးလှသော တူးဖော်တွေ့ရှိ မှုများအဖြစ်
ဦးမင်းဟန် (မန်းတက္ကသိုလ်) (သို့) အရှင် ပဏ္ဍိတာနန္ဒသည်
တကောင်းမြေမြတ်မဟာမှ ရှေးဦး ပျူမြန်မာတို့၏ ပျူအရိုးအိုးများ၊
  ရေတကောင်းများ၊ သံမှိန်းသွား၊ မြေပုတီးစေ့များ၊ ပျူအမျိုးသမီး
အရိုးအိုးများ၊ ပျူလက်စင်းရာပါအုတ်ချပ်များ၊ ပျူမြို့ရိုးများကို
သုတေသနပြုလေ့လာဖော်ထုတ် ၍ တကောင်းသည် အလွန်ရှေး
ကျသော ပျူမြို့ဟောင်းတစ်ခုဖြစ်ကြောင်းဖော်ထုတ်ခဲ့ပြီး
  မြန်မာနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနမှ တကောင်းမြို့ဟောင်းအား
ပျူခေတ်မြို့ဟောင်းဖြစ်ကြောင်း ခိုင်မာစွာသုတေသနပြု၍
ထုတ်ပြန်ကြေညာခဲ့သည်။
ြ မြန်မာနိုင်ငံလူနေဒေသများသည် ကျောက်ကြမ်းခေတ် (ခေါ်)
မုဆိုးခေတ်ကို ကျော်လွန်ခဲ့ပြီး ရပ်ရွာများ တည်ထောင်ကာ
အခြေတကျနေထိုင်သောခေတ်၊ အဆင်တန်ဆာအနုပညာများ၊
အိုးထိန်းစက်များ၊ ချည်ငင်ယက္ကန်းယက်ခြင်းများ၊ စိုက်ပျိုး
  မွေးမြူရေးလုပ်ငန်းများ၊ အကြီးအကဲတင်မြှောက်သော
ဓလေ့များ ထွန်းကားနေပြီးသော ခေတ်များလည်း ဖြစ်ပါသည်။
ဥမင်ကြေးခေတ်ဒေသတွင်မြေမီးဖုတ်အုတ်များ သုံးစွဲနေကြပြီ
  ဖြစ်သည်။ ယင်းဒေသတွင် စပါးခွံပါအုတ်များကိုပါ တွေ့ရှိရသည်။
ယင်းအပြင် ဗုဒ္ဓ-အသောကခေတ်ပြိုင် မြန်မာနိုင်ငံတွင် ဗုဒ္ဓ-
အသောကခေတ် ဗြဟ္မီအက္ခရာစာ တတ်မြောက်သုံးစွဲသော
လူ့အဖွဲ့အစည်းများ၏ လူနေဒေသ အများအပြားရှိကြောင်း
လည်း လေ့လာတွေ့မြင်ရပါသည်။
မဇ္ဈိမဒေသ (ဘီစီ ၈ ရာစု- ၃ ရာစု သုံး ဗြဟ္မီအက္ခရာများ တွေ့
ရှိရသောရပ်ရွာဒေသများမှာ)
၁။ အင်းတော်ကြီး ၂။ မိုးညှင်း
၃။ တကောင်း ၄။ ဟန်လင်း
၅။ ရှိမ်းမကား ၆။ စစ်ကိုင်း
၇။ အင်းဝ ၈။ မန္တလေး
၉။ မက္ခရာ ၁၀။ မြစ်သားသပြေကုန်း
၁၁။ မိုင်းမော(ကျောက်ဆည်) ၁၂။ ပုဂံ
၁၃။ ညောင်ဦး ၁၄။ မကွေး
၁၅။ ဗိဿနိုး ၁၆။ သရေခေတ္တရာ
၁၇။ ပန်းတောင်း ၁၈။ ကျီးသည်း
၁၉။ ရွှေတောင် ၂၀။ သာယာဝတီမြို့ပောင်း
၂၁။ အင်္ဂပူမြို့ဟောင်း ၂၂။ ပဲခူး
၂၃။ ထုံးကြီး ၂၄။ အင်းတကော်
၂၅။ လှည်းကူး ၂၆။ ရန်ကုန်
၂၇။ ပေါက္ခရ၀တီ ၂၈။ ဒလ (တွံတေး)
၂၉။ ကွမ်းခြံကုန်း ၃၀။ ကျိုက်ထို
၃၁။ ဘီးလင်း ၃၂။ သထုံ
၃၃။ ပေါင် ၃၄။ မုတ္တမ
၃၅။ ကျိုက်မရော ၃၆။ ကော့ကရိတ်
၃၇။ မော်လမြိုင် ၃၈။ မုဒုံ
၃၉။ ဘီလူးကျွန်း ၄၀။ ထားဝယ်
၄၁။ မြိတ် ၄၂။ မွေတော်ကက္ကူ
၄၃။ ဓည၀တီ ၄၄။ တောင်ကုတ်
တို့ဖြစ်ကြပါသည်။
ခြုံ၍ ဆိုရသော် ဗုဒ္ဓခေတ်-အသောကခေတ်ပြိုင် မြန်မာနိုင်ငံတွင်
စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ချည်ငင်ယက်
လုပ်ခြင်း၊ အိုးထိန်းစက်သုံးစွဲခြင်း၊ ကြေးသတ္တု၊ သံသတ္တုကြိုချက်
  ခြင်း၊ ဖလ်ကိုကြိုချက်ခြင်း၊ မြေမီးဖုတ်အိုးများ ပြုလုပ်ခြင်း၊ အကြီး
အကဲကိုတင်မြှောက်ပြီး အခြေတကျရပ်ရွာ တည်ထောင်နေခြင်း၊
  ရွှေကိုအသုံးပြုခြင်း၊ အ၀ါ၊ အပြာ၊ အစိမ်း၊ အဖြူနက်ကျား၊ အညို
  ရောင်စုံ ကျောက်ပုတီးစေ့များ ပြုလုပ်ခြင်း၊ ဖလ်ပုတီးစေ့များ၊ ဖလ်
ကွင်းများ ပြုလုပ်သုံးစွဲခြင်း၊ အနုပညာဒီဇိုင်းများ ဖန်တီးသုံးစွဲခြင်း၊
ဘီစီ ၆ ရာစု- ၃ ရာစု ဗြဟ္မီအက္ခရာများ သုံးစွဲရေးထိုးခြင်း၊ သင်္ချိုင်း
  နေရာသတ်မှတ်ပြီး ကွယ်လွန်သူတို့ကို စနစ်တကျ မြှုပ်နှံခြင်း အစ
ရှိသော ယဉ်ကျေးမှုလက္ခဏာများပါရှိသည့် အဆင့်မြင့်ယဉ်ကျေးမှု
လူ့အဖွဲ့အစည်းများ ထွန်းကားတည်ရှိ နေပါသည်။
 
Credit to> Thant Lwin Oo

No comments:

Post a Comment