Tuesday, July 21, 2015

မြန်မာနိုင်ငံ ဗုဒ္ဓသာသာနာသမိုင်း (၄)


၎။ ရာဇ၀င်ဆရာ/စာရေးဆရာ/ပါးစပ်ရာဇ၀င်များ ညွှန်းဆိုသည့်
အတိုင်း ပုဂံခေတ် အေဒီ ၁၁ ရာစု အနော်ရထာလက်ထက်
ရောက်မှ မြန်မာနိုင်ငံအလယ်ပိုင်း ပြည်မဒေသသို့ ဗုဒ္ဓဘာ
သာရောက်ရှိသည်ဆိုသည်မှာ မှန်ကန်ပါသလား?
အေဒီ ၁၁ ရာစု ပုဂံ အနော်ရထာမင်းလက်ထက်အခါ မတိုင်ခင်
ရှေ့ပိုင်းကာလများကတည်းက *သရေခေတ္တရာဒေသ၊ ဗိဿနိုး
ဒေသ၊ ပုဂံဒေသနှင့် အညာဒေသ*အပါအ၀င် ပြည်မတွင် ထေရ၀ါဒ
ဗုဒ္ဓသာသနာ ထွန်းကားနေပါသည်။ ရှေးစေတီများတွင် ဗြဟ္မီ
အက္ခရာများတွေ့ရသော သာယာဝတီမြို့ဟောင်း၊ သရေခေတ္တရာ
မြို့ဟောင်း၊ ပန်းတောင်းနယ်၊ ရွှေတောင်နယ်၊ ကျီးသည်း၊ ဗိဿနိုး၊
မင်းဘူးနယ်၊ ပုဂံ၊ ကျောက်ဆည်၊ မိုင်းမောမြို့ဟောင်း၊ မြစ်သား
သပြေကုန်း၊ မန္တလေးနယ်၊ စစ်ကိုင်းနယ်၊ ဟန်လင်းနယ်၊ မိုးညှင်းနယ်၊
အင်းတော်ကြီးနယ် များသည် ဗုဒ္ဓခေတ်နှင့် အသောကခေတ် ထေရ၀ါဒ
သာသနာ ရောက်ရှိပျံ့နှံ့ထွန်းကားခဲ့သော (*အနော်ရထာမင်းနှင့်
ရှင်အရဟံမတိုင်ခင်*) ဒေသများဖြစ်ကြပါသည်။
*သရေခေတ္တရာမြို့ဟောင်းခင်ဘကုန်းစေတီ ဌာပနာတိုက်မှ ပိဋိကတ်
သုံးပုံကောက်နုတ်ချက်များ ရေးထိုးထားသော ရွှေပေချပ် ၂၀၊
အခြားသော ဗုဒ္ဓဓမ္မပါဠိဂါထာတော်များ ရေးသားထားသော ရွှေပြားစာ၊
ကျောက်ပြားစာ၊ အုတ်ခွက်ဘုရားစာများ၊ ရတနသုတ်ပါဠိကျောက်စာတိုင်၊
မင်္ဂလသုတ်နှင့် မောဟသုတ် ပါဠိကျောက်စာတိုင်များသည် အေဒီ ၁၁
ရာစုထက် နှစ် (၄၀၀) အနည်းဆုံးစောသော ထေရ၀ါဒပါဠိဂိုဏ်း
အထောက်အထားများဖြစ်ပါသည်။*
*ဗိဿနိုးမြို့ဟောင်းနယ် ရှေးစေတီကုန်းတစ်ဆူမှလည်း ဗြဟ္မီအက္ခရာ
ရေးပါဠိဘာသာရေး ကြေးအိုးစာတွေ့ရာ ဗိဿနိုး ထေရ၀ါဒဗုဒ္ဓဘာသာ
ပါဠိဂိုဏ်းဖြစ်ပါသည်။*
*မဟာယနဗုဒ္ဓဘာသာဂိုဏ်းသည် “သက္ကဋဘာသာ” ကိုသာသုံးစွဲပါသည်။*
*ပုဂံဒေသတွင်လည်း အနော်ရထာမင်းခေတ်မတိုင်မှီ ရှေးဟောင်း
ပျူစေတီအဆူ (၂၀) တွေ့ရှိထားပါသည်။*
*တုရင်တောင်ထက်တွင် ပုဂံစောရဟန်းမင်း၏ ထေရ၀ါဒ “သိမ်” တစ်ဆူ
တည်ခဲ့ကြောင်း ကျောက်စာအထောက်အထားတွေ့မြင်ရပါသည်။ သိမ်
ဆိုသည်မှာ ထေရ၀ါဒဗုဒ္ဓဘာသာဂိုဏ်းတွင်သာသုံးပြီး မဟာယနဗုဒ္ဓ
ဘာသာဂိုဏ်းတွင် သိမ်တက်ခြင်း၊ သိမ်သမုတ်ခြင်းများ မရှိပါ။*
*ထို့အပြင် ပုဂံတွင် ဗုဒ္ဓ-အသောကခေတ်သုံး ဗြဟ္မီအက္ခရာ အုတ်ခဲစာ
များကို “ပေါ်တော်မူဘုရား” တွင် တွေ့ရပါသည်။*
*ထေရ၀ါဒဗုဒ္ဓသာသနာသည် အနော်ရထာ၊ မနူဟာ၊ ရှင်အရဟံတို့
မတိုင်ခင် ဘီစီ ၆ ရာစု- ၃ ရာစုကတည်းက ရောက်ရှိထွန်းကားနေကြောင်း
အထက်ပါ အထောက်အထားများအရ သိမြင်ရပါသည်။*
*အနော်ရထာမင်း မမွေးခင် ပုဂံပြည်များကို ခေါ်ဝေါ်သော သီရိပစ္စယာ၊
တမ္ပ၀တီ၊ အရိမဒ္ဒနပူရ ဟူသော အမည်များအားလုံးသည် ပါဠိအမည်များ
ချည်းသာဖြစ်နေခြင်းကလည်း အနော်ရထာမင်း မမွေးဖွားမှီ ပုဂံပြည်ကြီး
များသည် ပါဠိဘာသာကို လေးစားသုံးစွဲသော၊ ဗုဒ္ဓမြတ်စွာဘုရားရှင်၏
စကားကိုနားထောင်သော ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းကားရာ မင်းနေ
ြ ပြည်မြို့ကြီးဖြစ်ကြောင်း အဆိုပါ ပါဠိအမည်များကိုယ်တိုင်က
အထောက်အထားဖြစ်ပါသည်။*
*ပုဂံမင်းနှင့် ပြည်သူတို့သည် ထေရ၀ါဒဂိုဏ်းဝင်မဟုတ်ပဲ မဟာယန
ဂိုဏ်းဝင်များသာ ဖြစ်ခဲ့ပါက ပုဂံပြည်ကြီးများ၏ အမည်ကို မဟာယန
ဂိုဏ်းက အထင်သေးသော ပါဠိအမည်များဖြင့် မှဲ့ခေါ်ခဲ့လိမ့်မည်
မဟုတ်ပဲ မဟာယနဂိုဏ်းက အထင်ကြီးသော သက္ကဋဘာသာဖြင့်သာ
မှည့်ခေါ်ခဲ့ကြလိမ့်မည် ဖြစ်ပါသည်။*
*ပုဂံပြည်နှင့် အညာဒေသပြည်မတွင် အနော်ရထာခေတ်၌ သထုံမှ
ရသော ပိဋိကတ်သုံးပုံမှ ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းကားသည်ဟု
“ဦးကုလားရာဇ၀င်ချုပ်” အပါအ၀င်၊ ဦးကုလားရာဇ၀င်ကြီးအား
ကိုးကား၍ နောက်မှရေးသော ပုဂံရာဇ၀င်၊ သထုံရာဇ၀င်၊ မှန်နန်း
မဟာရာဇ၀င်ကြီး၊ သာသနာဝံသကျမ်း၊ သာသနာလင်္ကာရကျမ်း
များတွင် ရေးသားဖော်ပြချက်သည် အထက်၌ ဖော်ပြခဲ့သော
ခေတ်ပြိုင်အထောက်အထားများနှင့် မကိုက်ညီပဲလွဲမှားနေပါသည်။*
* “အရည်းကြီး” ဟူသော ဝေါဟာရမှာ “အာရည၀ါသီ” တောမှီပုဂ္ဂိုလ်၊
တောကျောင်းဘုန်းကြီးများဟု အဓိပ္ပယ်ရပါသည်။ ယဇ်ပူဇော်ခြင်း၊
ပန်းဦးလွှတ်ခြင်း စသည့် ယုတ်ညံ့သည့်လုပ်ရပ်များလုပ်ခဲ့ကြောင်း
ပုဂံသမိုင်းများတွင် မရှိပါ။ ပုဂံရာဇ၀င်ကြီး ပေမူတွင်လည်း အရည်းကြီး
များသောင်းကျန်းသဖြင့် နှိမ်နင်းရသည်ဟု မပါရှိပါ။ ပုဂံခေတ်နံရံ
  ဆေးရေးများ၊ မှင်စာများတွင်လည်း အနော်ရထာမင်းကြီးက အရည်း
ကြီးများသောင်းကျန်းသဖြင့် နှိမ်နင်းရသည်ဟု မပါရှိပါ။*
*တချို့သောနောက်ရေးရာဇ၀င်များတွင် အနော်ရထာမင်းကြီးက
သထုံကိုတိုက်ကြောင်း၊ ၎င်းအချက်အလက်ကို ပဲခူးကလျာဏီသိမ်
  ကျောက်စာတွင်လည်းကောင်း၊ မနူဟာမင်းကျောက်စာတွင်လည်း
ကောင်း ရေးထိုးပါရှိသယောင် စစ်ဆေးခြင်းမရှိပဲပြောဆိုနေကြပါသည်။
ပဲခူးကလျာဏီသိမ်ကျောက်စာသည် မြန်မာသက္ကရာဇ်-၈၄၁ ၊ အေဒီ
၁၄၇၉-တွင် ဟံသာဝတီ(ပဲခူး)ဘုရင် ဓမ္မစေတီမင်းလက်ထက်၌
  ရေးထိုးခဲ့ခြင်းဖြစ်ပြီး အနော်ရထာခေတ်ထက် နှစ်ပေါင်း ၄၀၀-ကျော်
  နောက်ကျကာ ရေးထိုးခဲ့ခြင်းဖြစ်သဖြင့် ပုဂံခေတ်နှင့် ခေတ်ပြိုင်
မှတ်တမ်းကျောက်စာ မဟုတ်ပါ။*
*၎င်း ကလျာဏီသိမ်ကျောက်စာထဲ၌လည်း “ပုဂံနှင့် သထုံ” စစ်ပွဲ
  ဖြစ်ခဲ့ကြောင်း မပါရှိပါ။ အနော်ရထာမင်းမြတ်သည် သထုံသို့ ချီတက်
တိုက်ခိုက်သည် ဆိုသော အထောက်အထားမရှိ။ ကျောက်စာမှတ်
တမ်းလည်း မရှိ။ ပုဂံရာဇ၀င်များ၌လည်း ဖော်ပြထားခြင်းမရှိပါ။
ထို့ကြောင့် ဦးကုလား၏ ရာဇ၀င်တော်ကြီး၌ ပါသော“ပုဂံ-သထုံ”
စစ်ပွဲကြီး ဖြစ်ခဲ့ကြောင်း အထောက်အထားမရှိ။ ပုဂံ-သထုံ စစ်ပွဲကြီး
မဖြစ်ခဲ့ပါ။*
*ပဲခူး ကိုးသိန်းကိုးသောင်း ဘုရားသမိုင်းတွင် “ဂျွမ်း”(ခမာ)စစ်သည်
များက ဥဿာပဲခူးကို ၀ိုင်းရံထားစဉ် သထုံမင်း “မနုဟာ”သည် ပဲခူး
ဘုရင်ထံ ခိုလှုံနေသည်ဟု ပါရှိပါသည်။ ယိုးဒယားနိုင်ငံ တောင်ပိုင်းမှ
ပဲခူးအထိစစ်ချီလာသော ခမာစစ်တပ်ကြီး၏ စစ်လမ်းကြောင်းကျရာ
သထုံသည် ပဲခူးမကျမှီကပင် ဂျွမ်းရန်ကြောင့် ကျခဲ့သည်မှာ အထင်
အရှားပင်ဖြစ်ပါသည်။ ထို့ကြောင့် ထိုစဉ်က သုဝဏ္ဏဘုမ္မိသထုံသည်
ပုဂံနှင့် စစ်ဖြစ်ခြင်းမဟုတ်ပဲ ဂျွမ်းစစ်တပ်၏တိုက်ခိုက်မှုကြောင့် ပျက်စီး
ခဲ့ရခြင်းဖြစ်ပါသည်။*
*ပဲခူးကို ဂျွမ်းစစ်သည်တို့ လာဝိုင်းသောအခါ မနူဟာသည် ပုဂံဘုရင်
အနော်ရထာထံ ရွှေ့ပြောင်းခိုလှုံခဲ့ခြင်းသာ ဖြစ်ပါသည်။ ဂျွမ်းစစ်
သည်များ ပဲခူးကိုဝိုင်းရံထားစဉ် ကိုးသိန်းကိုးသောင်းဘုရားကြီး၏
ဌာပနာတိုက်များကိုဖောက်ကြောင်း၊ သံဃာတော်များနှင့် သီလရှင်
များကိုဖမ်းဆီးနှိပ်စက်သဖြင့် အနော်ရထာမင်းကြီးက စစ်ကူပေးကာ
ဂျွမ်းများကိုတိုက်ထုတ်၍ ဘုရားကြီးကို အနော်ရထာမင်းကိုယ်တိုင်
ဌာပနာထည့် ပြန်တည်ပေးရကြောင်း ပါရှိပါသည်။*
*အနောက်ဘက်လွန်မင်းလက်ထက် လှေသင်းစုစစ်တမ်းတွင် မနူဟာ
မင်းသည် လှေတော်ကြီး လေးစင်းနှင့် သမီးတော်ဆက်သကာ ပုဂံသို့
ခိုလှုံရောက်ရှိကြောင်း၊ ယင်းလှေတော် လေးစင်းနှင့် လှေတော်သား
များကို အနော်ရထာမင်းကြီးက လှေသင်းစုတစ်စု အဖွဲ့ဖွဲ့ပေးရာမှ
ဆင်းသက်လာသည့် လှေသင်းစုဖြစ်ကြောင်း အစစ်ခံသည့် စစ်တမ်း
ရှိပါသည်။*
*အမေရိကန်နိုင်ငံ ဟာဝိုင်ရီ တက္ကသိုလ်မှ အရှေ့တိုင်းဆိုင်ရာ
သမိုင်းပါမောက္ခ မိုက်ကယ်အောင်သွင်သည် “အနော်ရထာမတိုင်မီ
  မြန်မာနိုင်ငံ အောက်ပိုင်းတွင် ရာမညနိုင်ငံ ရှိသည်ဟူသော ပုံပြင်များ”
သုတေသနစာတမ်းတွင် ယိုးဒယားဘက်မှ မွန်ရာဇဝင်၊ ဇင်းမယ်ရာဇဝင်
တို့ကို စစ်ဆေးရာ ဇင်းမယ်ရာဇဝင် တစ်ခုတွင်ထိုအရည်ကြီး ဇတ်လမ်း
များကို ဖော်ပြထားကြောင်း စစ်ဆေး တွေ့ရှိရပါသည်။ ရာဇ၀င်ချုပ်
ေ ရေးသားသူ ဦးကုလား၏ အဖွားသည် ဇင်းမယ်လက်အောက်ခံ
ပိဿလောက်မြို့စား၏ သမီးဖြစ်ပြီး ဦးကုလားမှာ အဖွားဘက်မှ
ဇင်းမယ်ရာဇ၀င်များကို ထည့်သွင်းရေးသားခဲ့ခြင်းဖြစ်ကြောင်း
စစ်ဆေးတွေ့ရှိရပါသည်။*
*ထို့ကြောင့် အနော်ရထာမှ သထုံကိုတိုက်သော ဇာတ်ကြောင်းသည်
“ပုံဝတ္တု” တစ်ခုသာဖြစ်ပြီး၊ အေဒီ ၁၇၁၄ ၊ တနင်္ဂနွေမင်းလက်ထက်၊
  ညောင်ရမ်းခေတ်တွင် ရေးသားခဲ့သည့် ပုဂံခေတ်နှင့် နှစ်ပေါင်း ၇၀၀-
  ကျော်ကွာသော “မဟာရာဇ၀င်တော်ကြီး” ရေးသားခဲ့သူ “ဦးကုလား”၏
စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုသာ ဖြစ်ပါသည်။*
Credit to> Thant Lwin Oo

No comments:

Post a Comment