Friday, July 3, 2015

မြန်မာနိုင်ငံ ဗုဒ္ဓသာသာနာသမိုင်း (၃)


၃။ ဗုဒ္ဓ-အသောကခေတ်ပြိုင် မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာ
ေ ခေတ်ပြိုင်ရောက်ရှိကြောင်း အထောက်အထားများရှိပါ
သလား? ထိုခေတ်ပြိုင်အထောက်အထားဆိုသည်မှာ
အဘယ်နည်း?
ဗုဒ္ဓခေတ်-အသောကခေတ် သာသနာရောက်ကြောင်း ခေတ်ပြိုင်
အထောက်အထားများမှာ ဗုဒ္ဓခေတ်ဆံတော်ရှင်စေတီ၊အသောက
စေတီ၊ ဆံတော်ရှင်စေတီများဟု ဘုရားသမိုင်းရှိသောစေတီများနှင့်
အခြားစေတီများ၊ စေတီကုန်းများ၊ ရှေးသိမ်ကြီးများ၊ ရှေးလှိုဏ်ဂူဘုရား
များတွင် အထင်အရှားလေ့လာတွေ့မြင်ရသော ဘီစီ ၆ ရာစု - ၃ ရာစု
ဗုဒ္ဓခေတ်နှင့် အသောကခေတ်သုံး ဗြဟ္မီအက္ခရာစာများ ဖြစ်ပါသည်။
ယင်းဗြဟ္မီအက္ခရာများသည် ဘီစီ ၃ ရာစု အသောကကွယ်လွန်ပြီး
အသောကအင်ပါယာ နိုင်ငံတော်ကြီး ပြိုကွဲပြီးနောက် အသစ်ပေါ်
ထွန်းလာသော မဇ္ဈိမဒေသနိုင်ငံသစ်များတွင် သုံးစွဲခြင်းမရှိတော့ပဲ
တိမ်ကောပျောက်ကွယ်သွားခဲ့ပါသည်။ ဘီစီ ၃ ရာစု နောက်ပိုင်းတွင်
ယင်းဗြဟ္မီအက္ခရာများကို သုံးစွဲခြင်းမရှိတော့ပဲ ယင်းမူလဗြဟ္မီအက္ခ
ရာများကို ပုံသဏ္ဍန်ပြုပြင်ထားသော အက္ခရာအသစ်များ ပေါ်ပေါက်
သုံးစွဲကြကုန်ပါသည်။ ယင်းအက္ခရာသစ်များကို ဗြဟ္မီပွားအက္ခရာများ
(New Bramhi Alphabets) ဟု ခေါ်ဆိုကြပါသည်။
  မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ်မှ တောင်ဖျား တနင်္သာရီ
တိုင်းအထိ၊ အရှေ့ဘက် ရှမ်းပြည်နယ်မှ အနောက်ဘက် ရခိုင်ပြည်
နယ်အထိ နေရာအများအပြားတွင် ဗုဒ္ဓခေတ် အသောကဗြဟ္မီအက္ခ
ရာများ ရေးထိုးထားသော အုတ်ခဲစာများ အများအပြားကို ဆံတော်
ရှင်စေတီများ၊ အမည်မသိရှေးစေတီများ စေတီကုန်းဟောင်းများ၊
  ရှေးသိမ်များ၊ အရံတံတိုင်းများ အစရှိသောအဆောက်အဦးဟောင်း
များတွင် အဓိကတွေ့ရှိရပါသည်။ ဗြဟ္မီအက္ခရာ စဥ့်စာများ၊ ဗြဟ္မီ
အက္ခရာကျောက်၊ မြေမီးဖုတ်စာ စာများကိုလည်း တွေ့ရှိရပါသည်။
ပိဋိကတ် ၃ ပုံဝင်ကျမ်းအချို့တွင် ၀ါပကာလအချိန်ဆိုလျှင် ဂေါတမ
  မြတ်စွာဘုရားသည် သူ၏စံရာ ကျောင်းတော်၌ မရှိပဲ လပေါင်းများစွာ
အခြားဒေသများသို့ တရားဟောသာသနာပြု ဒေသစာရီကြွချီလေ့
ရှိကြောင်း၊ မူလကျောင်းတော်သို့ ပြန်လည်ကြွရောက်သည့်အခါ
ညီတော်အာနန္ဒာက “အရှင်ဘုရား အဘယ်ခရီးမှ ပြန်လာပါလဲ”
  မေးကြောင်း၊
  ဂေါတမမြတ်စွာဘုရားရှင်က ပြန်လည်ဖြေကြားရာတွင်
“ငါသည် ယူဇနာ ၃၀ ခရီးက ပြန်လာတယ်”
“ငါသည် ယူဇနာ ၁၀၀ ခရီးက ပြန်လာတယ်”
“ငါသည် ယူဇနာ ၃၀၀ ခရီးက ပြန်လာတယ်” ဟု ဖြေကြားချက်
တို့ကိုတွေ့မြင်ဖတ်ရှုရပါသည်။
၁ ယူဇနာသည် မျက်မှောက်ခေတ်သုံး (၁၂.၇)မိုင် ရှိကြောင်း လယ်တီ
ဆရာတော်ဘုရားကြီး နှိုင်းယှဉ်တွက်ချက် ဖော်ပြချက်ကို သမိုင်းပညာ
ရှင်များမှ လက်ခံကြပါသည်။
ယူဇနာ ၃၀၀ သည် မိုင်ပေါင်း (၃၈၁၀)မိုင် နှင့် ညီမျှပါသည်။ အချို့ ၀ါပ
ကာလတို့တွင် ဂေါတမမြတ်စွာဘုရား သာသနာပြုကြွချီသော ခရီးတာမှာ
မိုင်ပေါင်း (၃၈၁၀)မိုင် ရှိရာ မြန်မာနိုင်ငံသာမက ယူနန်အထိ၊ ဗီယက်နမ်
အထိ ယင်းခရီးတာအတွင်း အကြုံးဝင်လျှက်ရှိပါသည်။
မြန်မာနိုင်ငံတွင် ရက္ခတပူရတိုင်း (၇)မိုင်ဒေသ၊ အညာဒေသ၊ မြေလတ်
  ခေါ် ပြည်မြို့အပါအ၀င်ဒေသ၊ တောင်ပိုင်း ကမ်းရိုးတန်းဒေသများ၌
ဗုဒ္ဓခေတ် ဗုဒ္ဓကိုယ်တိုင် ကြွချီလာပြီး တရားဟောကြောင်း၊ ကိုးကွယ်ပူ
ေ ဇော်ရန် ကိုယ်စား ဆံတော်များပေးဝေ ချီးမြှင့်ခဲ့ကြောင်း ဖော်ပြထားသော
ဗုဒ္ဓခေတ်ဆံတော်ရှင် စေတီဘုရားသမိုင်းများ ယနေ့တိုင် စေတီများနှင့်
တကွ ထွန်းကားကျန်ရှိနေဆဲဖြစ်ပါသည်။
ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရားသည် မဇ္ဈိမဒေသတိုင်းကြီး ၁၆ တိုင်းအတွင်း
သာ ကြွချီသည်။ ယင်း ၁၆ တိုင်း အပြင်ကိုမသွား၊ မြန်မာနိုင်ငံကို မရောက်
ဟူသောစကားတို့မှာ ပိဋိကတ်တော်ပါ ယူဇနာ (၃၀၀)၊ မိုင် (၃၈၁၀)မိုင်
ခရီးကို ဗုဒ္ဓမြတ်စွာဘုရား ကြွချီကြောင်း ကိုယ်တော်တိုင်ပြောခဲ့သော
မိန့်ဆိုချက်နှင့် ကိုက်ညီခြင်း မရှိပါ။
  ရှေးခေတ်မြန်မာနိုင်ငံသားတို့သည် ဘီစီ ၆ ရာစု- ၃ ရာစု ဗုဒ္ဓ-အသောက
ဗြဟ္မီအက္ခရာခေတ်ကြီးကို ခေတ်ပြိုင်မှီသကဲ့သို့၊ မဇ္ဈိမဒေသမှ ဗြဟ္မီ
အက္ခရာများကို ရရှိသင်ယူတတ်မြောက် သုံးစွဲခဲ့ကြပါသည်။ ထို ဘီစီ
၆ - ၃ ရာစု ကာလ ဗုဒ္ဓ-အသောကခေတ် ဗုဒ္ဓသာသနာသည်ခေတ်ပြိုင်
မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့၍ ထိုခေတ်မြန်မာနိုင်ငံသားတို့သည်
မဇ္ဈိမသားများကဲ့သို့ပင် ဗုဒ္ဓဓမ္မတို့ကို သက်ဝင်ယုံကြည်လျက် ဗုဒ္ဓဘာသာ
ဝင်များ ဖြစ်လာခဲ့ကြပါသည်။
ဘီစီ ၆-၃ ရာစုဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများသည် ဗုဒ္ဓအား
ပူဇော်ရာအဖြစ် စေတီနှင့် လှိုဏ်ဘုရားများတည်ဆောက်ခြင်း၊
ရဟန်းသံဃာများနှင့် သာသနာကိစ္စများ ဆောင်ရွက်ရန် သိမ်များ
တည်ဆောက်ခြင်းတို့ကို ဗုဒ္ဓ-အသောကခေတ်အတွင်း လုပ်ဆောင်ခဲ့
ကြပါသည်။ ဗုဒ္ဓ-အသောကခေတ် ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား
တို့သည် သူတို့တည်ဆောက်ပူဇော် လှူဒါန်းခဲ့သော စေတီ၊ လှိုဏ်ဘုရား၊
သိမ်၊ ရေတွင်းရေကန်များကို သူတို့သင်ယူတတ်မြောက်ခဲ့သော ဗြဟ္မီ
အက္ခရာစာ အမှတ်အသားများ ပြုလုပ်ရေးထိုးပါရှိသော အုတ်များပါ
ထည့်သွင်းတည်ဆောက်လှူဒါန်းခဲ့ကြသည်။
  ဗြဟ္မီအက္ခရာအုတ်ခဲစာများ တွေ့ရှိရသော ရှေးစေတီ၊ ရှေးလှိုဏ်ဘုရား၊
  ရှေးသိမ်၊ ရှေးရေတွင်းရေကန်များသည် ဗုဒ္ဓ-အသောကခေတ် မြန်မာနိုင်ငံ
သားတို့ ဗြဟ္မီခေတ် ဗုဒ္ဓသာသနာကို လက်ခံရရှိ၍ ဗုဒ္ဓဘာသာဝင်များ
  ဖြစ်လာကြကာ ဗုဒ္ဓ-အသောကခေတ် သာသနာနိက အဆောက်အဦးများ
တည်ဆောက်လှူဒါန်းကြောင်းနှင့် ဗုဒ္ဓ-အသောကခေတ် သာသနာမြန်မာ
  နိုင်ငံသို့ ခေတ်ပြိုင် ဘီစီ ၆ ရာစု- ၃ရာစုတွင် ရောက်ရှိခဲ့ကြောင်း ထင်ရှား
ေ သော အထောက်အထားများပင် ဖြစ်ပါသည်။
ဘီစီ ၆ ရာစု - ၃ ရာစု ဗုဒ္ဓ-အသောကခေတ်သုံး ဗြဟ္မီအက္ခရာများ
ေ တွေ့ရှိရသော ရှေးဒဿနိက အဆောက်အဦးအချို့မှာ -
၁။ ရွှေတိဂုံစေတီ (ရန်ကုန်)
၂။ ရွှေမော်ဓေါစေတီ (ပဲခူး)
၃။ ပါဒမြို့ဟောင်းတစ်ဆူ (ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်)
၎။ ပေါက္ခရ၀တီမြို့ဟောင်း (တွံတေး)
၅။ အင်္ဂပူပျူမြို့ဟောင်းရှိ ရှေးစေတီဟောင်းများ (အင်္ဂပူမြို့နယ်)
၆။ ရွှေတောင်ဦးစေတီ (အင်္ဂပူမြို့ဟောင်း၊ အင်္ဂပူမြို့နယ်)
၇။ ဓမ္မဓိကစေတီ ၊ လေသာဆောင် (အင်္ဂပူမြို့ဟောင်း)
၈။ ကျားကိုက်ရွာ ရှေးစေတီကုန်း (အင်္ဂပူမြို့နယ်)
၉။ ရန်ကင်းတောင်စေတီ (အင်္ဂပူမြို့နယ်)
၁၀။ နှစ်ကျိပ်ရှစ်ဆူဘုရား (အမှတ်၆၊ လေ့ကျင့်ရေးသင်တန်းကျောင်း၊
အင်္ဂပူမြို့နယ်)
၁၁။ ဘဲပြားရွာရှေးစေတီတစ်ဆူ (အင်္ဂပူမြို့နယ်)
၁၂။ သာယာဝတီမြို့ဟောင်းရှေးစေတီ (သပြေဂုံရွာ၊ ကြို့ပင်ကောက်
မြို့နယ်)
၁၃။ မင်းဘူးစက်တော်ရာစေတီများ
၁၄။ ဘောဘောကြီးစေတီ (သရေခေတ္တရာမြို့ဟောင်း)
၁၅။ ဘုရားမာစေတီ (သရေခေတ္တရာမြို့ဟောင်း)
၁၆။ ဘုရားဆောင်စေတီဝန်းရှေးအုတ်ကုန်းဟောင်း (သရေခေတ္တရာ
မြို့ဟောင်း)
၁၇။ ရဟန္တာလှိုဏ်ဘုရား (သရေခေတ္တရာမြို့ဟောင်း)
၁၈။ သရေခေတ္တရာနန်းတော်ကုန်း
၁၉။ သရေခေတ္တရာ နဂါးတွန့်မြို့တံခါးအနီး အုတ်ကုန်းဟောင်း
၂၀။ ပျူနန်းဦးကျောင်း (ပန်းတောင်းမြို့နယ်)
၂၁။ ပျူနန်းဦးစေတီ (ပန်းတောင်းမြို့နယ်)
၂၂။ ကျီးသည်းမြို့မ အုတ်ကုန်းကျောင်း
၂၃။ ရဟန္တာ (၈၀) ပျူသိမ်တော်ကြီး (ရွှေတောင်)
၂၄။ ဗိဿနိုး ရှေးစေတီတစ်ဆူ
၂၅။ မကွေး မြသလွန်စေတီ
၂၆။ နှမတော်ဘီလူးမစေတီတံတိုင်း (မကွေးမြသလွန်ဘုရားနှင့်လမ်းခြား)
၂၇။ ပေါ်တော်မူ ပျူဘုရား (ပုဂံ၊ လောကနန္ဒာဥယျာဉ်)
၂၈။ မိုင်းမော ပျူမြို့ဟောင်းအုတ်ကုန်း (မြို့တံခါးအနီး) (ကျောက်ဆည်)
၂၉။ မက္ခရာရှေးစေတီ (ကျောက်ဆည်)
၃၀။ ပတ္တမြားစေတီ (ဒွတ္တပေါင်မင်းကောင်းမှု၊ မန္တလေးတောင်)
၃၁။ ဆွမ်းဦးပုညရှင်ဘုရား (စစ်ကိုင်းတောင်)
၃၂။ ရွှေကြက်ယက်ဘုရား (အသောကမုဌော)
၃၃။ ဟန်လင်းမြို့ဟောင်းအုတ်ကုန်း
၃၄။ ရှိမ်သကား အမည်မသိရှေးစေတီ
၃၅။ တကောင်းရွှေစည်းခုံစေတီ
၃၆။ မိုးညှင်းအသောကမုဌော (မိုးညှင်း ၁၀မိုင်ကုန်း၊ စံပြရွာ)
၃၇။ မက်မုံကိုင်ရွာ ရှေးစေတီကုန်း (အင်းတော်ကြီး)
၃၈။ ရှေးစေတီကုန်း (အင်းတော်ကြီး)
၃၉။ ရှေးလှိုဏ်ဂူဘုရားပျက်နှစ်ဆူ (အသောကမုဌောစေတီ၊မွေတော်
ကက္ကူ)
၄၀။ မုပုလ္လင်ရွာ ရှေးစေတီစု (ကျိုက်ထိုမြို့နယ်)
၄၁။ ဘုရားသုံးဆူတောရ ရှေးစေတီစု(ကျိုက်ထိုမြို့နယ်)
၄၂။ ကျိုက်တလန်းစေတီ
၄၃။ ဘုရားတစ်ထောင်စေတီစု (ကျိုက်ထို)
၄၄။ ညောင်ပုလ္လင်ရွာရှေးစေတီစု (ဘီးလင်း)
၄၅။ ဘိလင်းဆံတော်ရှင်ဘုရားကုန်း အုတ်ကုန်းဟောင်းများ
၄၆။ ကျိုက်ကရင်စေတီ၊ မုရစ်ကြီးရွာ၊ ချောင်းဆုံမြို့နယ်၊ ဘီလူးကျွန်း
၄၇။ ပတ္တမြားကျောင်းဝင်း ချောင်းနှစ်ခွရွာ၊ ကျိုက်မရော
၄၈။ ကျိုက်မရောဘုရားကြီးဝန်း ရှေးစေတီကုန်းစု
၄၉။ အင်လှိုင်စေတီဝန်း၊ ကော့ခပုံရွာ၊ မုဒုံ
၅၀။ မင်းကွန်းသတိပဌာန်ကမ္မဌာန်းတိုက်ဝန်း၊ သထုံမြို့
မြို့ဟောင်းနေရာ
၅၁။ စကားတောင်ဘုရား၊ရေးမြို့
၅၂။ ၀င်းလဲ့စေတီ၊ ကမာမိုးရွာ၊ ချောင်းဆုံ၊ ဘီလူးကျွန်း
၅၃။ ဒရယ်ရွာ ရွာဦးစေတီ ချောင်းဆုံ၊ ဘီလူးကျွန်း
၅၄။ ကုသိနာရုံဘုရား ပရ၀ုဏ် (ဘီးလင်းမြို့)
၅၅။ မုနိုင်းစေတီ ချောင်းဆုံ၊ ဘီလူးကျွန်း
၅၆။ ရွှေလဘုန်းကုန်းတော် ဗုဒ္ဓအောင်မြေဘုရားဝန်း (သံပုရာရွာ၊
ကြာအင်းဆိပ်ကြီး)
၅၇။ ပရိကလဘုန်းကြီးကျောင်းဝန်း (ပရိကလရွာ၊ ကြာအင်းဆိပ်ကြီး)
၅၈။ ကော့ဒုံဘုန်းကြီးကျောင်းဝန်း (ကောဒုံကျေးရွာ၊ ကရင်ပြည်နယ်)
၅၉။ မန္တလေးကျောင်းဝန်း (ဇာသပြင်ရွာ၊ ကရင်ပြည်နယ်)
၆၀။ မုတ္တမြို့ဟောင်းစေတီငုတ်တိုနှစ်ဆူ
၆၁။ အယက်သမာရွာ မြသိန်းတန်စေတီ (ဘီးလင်း)
၆၂။ အရှေ့ရွှေနံ့သာဘုရားကုန်း (ပဲခူး)
၆၃။ ဖဲကံသာရွာကျောင်းဟောင်း (မော်လမြိုင်မြို့နယ်)
၆၄။ ခေါင်းဆေးကျွန်း (မော်လမြိုင်)
၆၅။ မြစန္ဒီ-နန်းဒေ၀ီစေတီကုန်း (မုတ္တမမြို့ဟောင်းနေရာ)
၆၆။ ဇယားမြို့ဟောင်းရာစေတီဝန်း (ကမာဝက်၊မုဒုံ)
၆၇။ တောင်လေးလုံးကျောင်းဝန်း (မော်လမြိုင်)
၆၈။ ရွှေရေးကျောင်းဝန်း (မော်လမြိုင်)
၆၉။ ၀င်္ကပါကျောင်းဝန်း (မော်လမြိုင်)
၇၀။ မြေထဲကျောင်းဝန်း (မော်လမြိုင်)
၇၁။ ကြံခင်းကျောင်းဝန်း (မော်လမြိုင်)
၇၂။ ကျိုက်သန်လန်ဘုရားကုန်းတော် အနောက်ဘက် (မော်လမြိုင်)
၇၃။ လောကဥသျှေင်စေတီ တောင်ရိုးတန်း (မော်လမြိုင်)
၇၄။ ရွှေနတ်တောင်စေတီ (မော်လမြိုင်)
၇၅။ ရတနာဘုံပျံဘုန်းကြိးကျောင်းဝန်း (မော်လမြိုင်)
၇၆။ ထားဝယ်မြို့နယ် ရှေးစေတီအချို့
၇၇။ မြိတ်သိမ်တော်ကြီး
၇၈။ မဟာထယ်သိမ်တော်ကြီး (ပါဒမြို့ဟောင်း၊ ကျောက်တန်းမြို့)
စသည်တို့ဖြစ်ကြပါသည်။ ၎င်းဒေသတို့မှာ လက်တလောတွေ့ရှိရာ
ေ နေရာဒေသများဖြစ်ပြီးထပ်မံဖြည့်စွတ်ရန် ဒေသအများအပြား
ကျန်ရှိနေပါသေးသည်။
 
Credit to> Thant Lwin Oo

No comments:

Post a Comment