Friday, July 3, 2015

မြန်မာ့သမိုင်းခရီးတစ်ထောက် (၂)


ထို့နောက်မှာတော့ ဂျီအိပ်ခ်ျလုစ်ဟာ ဒုတိယကမ္ဘာစစ်
မတိုင်ခင် The Ancient Pyu စာတမ်းမှာ “စာမတတ်သော
ဗမာလူမျိုးတို့သည် ကနဦးကပင်လျှင် သူတို့နှင့် ဘာသာ
စကားချင်း၊ လူမျိုးချင်း၊ သွေးချင်း နီးစပ်လှဟန်ရှိသော
ပျူတို့ထံမှ အက္ခရာစာကို မယူပဲ မွန်အက္ခရာကို လက်ခံ
သုံးစွဲခဲ့သည်” ဟုလည်းကောင်း၊ Note on the Peoples
of Burma စာတမ်းမှာ “ဗမာတို့သည် ဘာသာစကားအရ
ပျူနှင့် ဆွေမျိုးတော်စပ်သော်လည်း ဗမာအက္ခရာတို့မှာ
ပျူအက္ခရာအပေါ် အခြေခံသည်ထက် မွန်အက္ခရာအပေါ်
အတော်ကလေး ပို၍ အခြေခံပါသည်” ဟုလည်းကောင်း၊
Burma Down To the Fall of Pagan စာတမ်းမှာ
“အေဒီ ၈ ရာစုခန့် ရေးထိုးသော မွန်လူမျိုးတို့၏ (ပထမဆုံး
ေ ကျောက်စာများကို မြန်မာနိုင်ငံတွင် မတွေ့ရပဲ ထိုင်းနိုင်ငံ
လော့ဗူရီမြို့ဟောင်းတွင် တွေ့ရှိရသည်။ မွန်အက္ခရာနှင့်
ဗမာအက္ခရာတို့မှာ ပျူထံမှ ရရှိခဲ့ခြင်း မဟုတ်ပဲ ထိုလော့ဗူရီ
ကျောက်စာများမှ ရရှိခဲ့ခြင်းဖြစ်သည်” ဟုလည်းကောင်း၊
ဒုတိယကမ္ဘာစစ် ပြီးစီးပြီးနောက် ၁၉၅၇ ခုနှစ် Old Kyause
And Coming of Burmant (ဗမာအစ ကျောက်ဆည်)
စာတမ်းတွင်လည်း “ကျောက်ဆည်မှ ဗမာတို့သည် မွန်နှင့်
ထိတွေ့ရသဖြင့် ဗုဒ္ဓဘာသာဝင်များ ဖြစ်လာလျှက် စာရေး
စာဖတ် တတ်လာကြ၏” ဟုလည်းကောင်း ဂျီအိပ်ခ်ျလုစ်
ဆက်လက်ရေးသားပြောဆိုခဲ့ပါတယ်။
လုစ်ရဲ့တွဲဘက် ကျောက်စာဝန် ချားလ်ဒူရွိုင်ဆယ်ကလည်း
ဒွါရာဝတီ (လော့ဗူရီ-လ၀ပူရ)မှ မွန်ယဉ်ကျေးမှု၊ မွန်အက္ခရာ
ေ တွေပျံ့နှံ့ရောက်ရှိလာတယ်လို့ အထောက်အထားမဲ့ ဆိုခဲ့ကြ
ပါတယ်။
အထောက်အထားမဲ့ပြောဆိုခဲ့တယ်လို့ ဘာကြောင့်သတ်မှတ်
ရသလဲဆိုရင်တော့ ဂျီအိပ်ခ်ျလုစ်တို့ဟာ အက္ခရာဇယားနှိုင်း
ယှဉ်ပြသနိုင်ခြင်းမရှိ၊ သရေခေတ္တရာမှာရှိတဲ့ ပုဂံနဲ့တည်
ေ ဆောက်မှု ပုံစံတူ အဆောက်အဦးပေါင်းများစွာကို ထိမ်ချန်
ပြီးတော့ စိတ်ကူးယဉ်ဆန်စွာနဲ့ အေဒီ ၈ ရာစု ဒွါရာဝတီ
(လော့ဗူရီ)မှ ဗိသုကာပညာနဲ့ စာအက္ခရာရောက်ရှိလာတာ
  ဖြစ်တယ်လို့ ဆိုခဲ့ကြလို့ဖြစ်ပါတယ်။
မွန်သမိုင်းဆရာများဖြစ်ကြတဲ့ ဦးနိုင်ပန်းလှ၊ ဦးနိုင်ချစ်သိန်း၊
ဦးမြ တို့ကလည်း ဂျီအိပ်ခ်ျလုစ်တို့နည်းတူ သံယောင်လိုက်
အထောက်အထားမဲ့ပြောဆိုခဲ့ကြပါတယ်။ ကျောက်စာဝန်
ချားလ်ဒူရွိုင်ဆယ်ရဲ့လက်ထက်မှာပဲ မွန်သမိုင်းဆရာ
ဦးလူဖေ၀င်း ဆိုသူကတော့ တူတစ်လက် ဆောက်တစ်
လက်ကိုင်ပြီး မြန်မာကျောက်စာအတော်များများကို
သက္ကရာဇ်တွေ ပြင်/ဖျက် လုပ်ခဲ့တဲ့အတွက် ထိုစဉ်က
အမျိုးသားကောလိပ် သမိုင်းကထိကဦးသက်တင်က
တိုင်ကြားခဲ့ရာမှာ ဦးလူဖေ၀င်းကို ဌာနတွင်းမှာ ခုံရုံးဖွဲ့
စစ်ဆေးခြင်းအထိ ခံခဲ့ရပါတယ်။
“ပုဂံ အနော်ရထာမင်းလက်ထက်၊ ကျန်စစ်မင်းသားတို့
လက်ထက်တွင် ဂူ၊ ကျောင်း၊ တန်ဆောင်းတို့ရှိပန်းချီ
ဆေးရေး ဇာတ်နိပါတ်၊ စဥ့်ကွင်းရှိ အညွှန်းကမ္ပည်း
လိပ်စာ၊ အက္ခရာတို့မှာ မွန်ဘာသာ မွန်အက္ခရာများ
  ဖြစ်ကြောင်း၊ မြန်မာကမ္ပည်းလိပ်စာတို့ကို ကျန်စစ်သားမင်း
လွန်ပြီးမှ တွေ့ရကြောင်း၊ အေဒီ ၁၁-၁၂ ရာစု ထိုမင်းလက်
ထက် မြန်မာစာပေ ထင်ရှားမရှိကြောင်း” ဦးမြ ဆိုခဲ့ပါတယ်။
ဦးနိုင်ပန်းလှမှာလည်း ထိုနည်းတူ လိုက်၍ပြောဆိုခဲ့ပါတယ်။
ဦးမြနဲ့ ဦးနိုင်ပန်းလှတို့ဟာ လုစ်လေသံအတိုင်းလိုက်လံ
ပြောဆိုခဲ့ကြတာဖြစ်ပြီးတော့ လုစ်ကိုယ်တိုင်ကလဲ တမင်
ထိမ်ချန်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ပုဂံအရပ်က ရှေးမြန်မာ
ကျောက်စာကြီးတွေကို ပဒုံမင်း ခေါ် ဘိုးတော်ဘုရား
လက်ထက် (အေဒီ ၁၇၈၂-၁၈၁၉)မှာ သာသနာ့နယ်မြေ
စာရင်းပြန်လည်ပြုစုဖို့အတွက် မင်းမိန့်နဲ့ မူလတည်ရာ
အရပ်များမှ အမရပူရနန်းတော်ကို နှုတ်ယူပြောင်းရွှေ့
သွားကြတဲ့အတွက်ဖြစ်ပါတယ်။ မန္တလေးမဟာမြတ်မုနိ
ဘုရားဝန်းအတွင်းမှာ ပြန်လည်စိုက်ထူထားပြီးဖြစ်တာကို
ဦးနိုင်ပန်းလှ၊ ဦးမြတို့ ကျော်သွားတာဖြစ်ပါတယ်။
အနော်ရထာမင်းမှ အစပြု၍ ကျန်စစ်သားမင်းအထိ မူလထိုး
ဗမာကျောက်စာ (၂၃)ချပ် ၊ အလောင်းစည်သူခေတ်အထိ
မူလထိုး ဗမာကျောက်စာ (၇၃) ချပ် ရှိနေချိန်မှာ တစ်နိုင်ငံလုံး
စုစုပေါင်းမှ မွန်ကျောက်စာ (၂၁)ချပ်တည်းရှိတာကို ထိုခေတ်
  မြန်မာစာပေမရှိ မွန်စာပေခေတ်သာဖြစ်တယ်လို့ အံအား
သင့်ဖွယ်စကားကို ဆိုခဲ့ကြတာဖြစ်ပါတယ်။
ထို့အပြင် ပုဂံမြို့အရှေ့ဘက်၊ တောင်ဘီလာရွာ၊ မောင်ချစ်
စကုန်းကနေ တွေ့ရှိခဲ့တဲ့ အုတ်ခွက်ဘုရား (၃၅)ဆူမှာ
ုအုတ်ခွက်ဘုရားနောက်ကျော ရေးထိုးထားတဲ့ သစ်သီး
စာရင်းတွေကို ဦးမြနဲ့ ဆရာကြီးဒေါက်တာသန်းထွန်းတို့
စစ်ဆေးပြီးနောက် အေဒီ ၉ ရာစု- ၁၀ ရာစု မြန်မာစာ
အရေးအသားဖြစ်တယ်လို့ တင်ပြခဲ့ဖူးပါတယ်။
အထက်ပါပုဂ္ဂိုလ်အချို့ရဲ့ အထောက်အထားမဲ့ ယူဆချက်
တွေကို  မြန်မာအက္ခရာပညာရှင်ကြီး ဦးသာမြတ်ကလဲ
  ထောက်ခံခြင်းမရှိပါဘူး။ ဦးသာမြတ်ဟာ ပျူခေတ်ကျောက်
စာ၊ ပုဂံခေတ်မြန်မာကျောက်စာ၊ မွန်ကျောက်စာတွေကို
တိုက်ဆိုင်စစ်ဆေးပြီးနောက် မြန်မာအက္ခရာထုပ္ပာတ်မှာ
ြ မြန်မာအက္ခရာသည် ပျူအက္ခရာမှ ဆင်းသက်ခြင်းဖြစ်
ကြောင်းနဲ့၊ အစောဆုံးတွေ့ရှိရတဲ့ မြန်မာကျောက်စာဟာ
လုစ်အပါအ၀င် ဦးနိုင်ပန်းလှ၊ ဦးမြတို့ဆိုခဲ့သလို ရာဇကုမာရ
  ကျောက်စာမဟုတ်ကြောင်း၊ သက္ကရာဇ် ၄၂၀ (အေဒီ ၁၀၅၈)
ခုနှစ်ထိုး လက်သည်းရှည်ဘုရားကျောက်စာ ခေါ် ဂ၀ံကျောင်း
ေ ကျောက်စာဖြစ်ကြောင်းနဲ့ တချို့ဆရာများပြောဆိုသလို
  မြန်မာအက္ခရာဟာ မွန်ဆီကဆင်းသက်လာတာဖြစ်တယ်လို့
ယူဆဖို့မသင့်ကြောင်း ထောက်ပြသွားခဲ့ပါတယ်။
လုစ်ရဲ့ရည်ရွယ်ချက်ဟာ “မြန်မာအစတကောင်းက၊ သာကီ
မျိုးဟေ့တို့ဗမာ” စတဲ့ လွတ်လပ်ရေးကြိုးပမ်းမှုဆောင်ရွက်
ချက်များနဲ့ နိုးကြားလာတဲ့အမျိုးသားရေးစိတ်ဓါတ်များကို
ရိုက်ချိုးဖျက်စီးပြီး ဗမာနဲ့အခြားတိုင်းရင်းသားတွေ သွေးကွဲ
စေဖို့ လုပ်ကြံဇာတ်ခင်းခဲ့တာဖြစ်ပါတယ်။ တကောင်းသမိုင်း
နဲ့ပက်သက်ပြီးတော့ မြန်မာအစတကောင်းကဆိုတာ
ပုံပြင်ဖြစ်ကြောင်း၊ ဂေါတမဘုရားနဲ့ အမျိုးတော်သယောင်
လုပ်ကြံထားတာဖြစ်ကြောင်း၊ တကောင်းမှာ အေဒီ ၁၁ရာစု
အနော်ရထာခေတ်ထက်စောတဲ့အထောက်အထား ဘာမှ
မတွေ့ရကြောင်း ပြောဆိုဝါဒဖြန့်လိုရင်းဖြစ်ပါတယ်။
တကောင်းသမိုင်းမှန်ရဲ့ ကျေးဇူးရှင်ပုဂ္ဂိုလ်ကတော့
ဦးမင်းဟန် (မန်းတက္ကသိုလ်) (၀ါ) အရှင်ပဏ္ဍိတနန္ဒာ
ြ ဖြစ်ပါတယ်။ ဆရာကြီးဦးချစ်စံဝင်း၊ ဆရာကြီးဒေါက်တာ
တိုးလှတို့ရဲ့ လမ်းညွှန်မှုတွေနဲ့ ဦးမင်းဟန်ဟာ တကောင်း
မြို့ဟောင်းကို စိတ်ရော ကိုယ်ရောနှစ်ပြီး အပင်ပန်းခံ
တူးဖော်သုတေသနပြုခဲ့ရာမှာ ပျူခေတ်ယဉ်ကျေးမှု
အထောက်အထားမြောက်များစွာနဲ့ တကောင်းသည်
ပျူမြို့ဟောင်းကြီးတစ်မြို့ဖြစ်ကြောင်းကို တိကျခိုင်မာစွာ
  ဖော်ထုတ်တင်ပြနိုင်ခဲ့ပါတယ်။ မြန်မာ့သမိုင်းရဲ့ကျေးဇူးရှင်
ဖခင်ကြီးတစ်ဦးဖြစ်တဲ့ ဦးမင်းဟန်ရဲ့ကြိုးပမ်းအားထုတ်
မှု့ကြောင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန
သမိုင်းဌာနတာဝန်ရှိ ပညာရှင်ပုဂ္ဂိုလ်များက ၂၀၀၀ခုနှစ်
အစောပိုင်းကာလများမှာ တကောင်းသည် ပျူမြို့ဟောင်း
တစ်ခုဖြစ်ကြောင်းကို ခိုင်မာစွာသုတေသနပြု ကြေညာချက်
ထုတ်ပြန်ပေးခဲ့ပြီး ဂျီအိပ်ခ်ျလုစ်ဖျက်ခဲ့တဲ့ တကောင်းသမိုင်း
အမှားတော်ပုံကို ပယ်ဖျက်ပြီးဖြစ်ပါတယ်။

Credit to> Thant Lwin Oo

No comments:

Post a Comment