Friday, July 3, 2015

မြန်မာ့သမိုင်းခရီးတစ်ထောက် (၁)


  မြန်မာ့သမိုင်းဖြစ်စဉ်အချို့ ရေးသားတာဖြစ်တာကြောင့်
ေ ခေါင်းစဉ်ကို ဒီလိုပဲတပ်လိုက်ပါတယ်။ မြန်မာ့သမိုင်း
အရှုပ်တော်ပုံရဲ့အစဟာ အင်္ဂလိပ်ကိုလိုနီလက်ထက်
ဗြိတိသျှသမိုင်းပညာရှင် G.H.Luce လက်ထက်ကနေ
စတင်ရှုပ်ထွေးလာတာဖြစ်ပါတယ်။ ဖြစ်စဉ်အကျဉ်းကို
ေ လေ့လာကြည့်ရင် မြန်မာနိုင်ငံ၊ ပထမမြောက်
ကျောက်စာဝန် (ရှေးဟောင်းသုတေသနမှူး၊ ၁၈၈၀-
၁၈၉၀)ဂျာမန်လူမျိုး အီဖောသျမ်းမားဟာ ပုဂံဒေသခံ
ေ တွေဆီက သတင်းရလို့ မည်သူမှ မဖတ်တတ်သော
  ကျောက်စာတိုင် တစ်တိုင်ကို ပုဂံဒေသ၌ ၁၈၉၆ ခုနှစ်မှာ
  လေ့လာကြည့်ရှု ထိမ်းသိန်းမှတ်တမ်းတင် ပေးခဲ့ပါတယ်။
ဂူပြောက်ကြီး လှိုဏ်ဘုရားဝန်းနှင့် ကပ်လျှက် မြစေတီ
ဘုရားနားမှာ တွေ့ရသဖြင့် ယင်းကျောက်စာတိုင်ကို မြ
  စေတီကျောက်စာဟု အမည်ပေးမှတ်တမ်း သွင်းခဲ့ပါတယ်။
ယင်းကျောက်စာတိုင်ပါ ၄ မျက်နှာအနက် ၁ မျက်နှာကို
မဖတ်တတ်လို့ မည်သည့်ဘာသာစကားနှင့် ရေးထိုး
ထားမှန်းမသိသောကြောင့် အမျိုးအမည်မသိ ကျောက်စာ
(unknown inscription) ဟုသာ အီဖောသျှမ်းမားတို့
ေ ခေါ်ဆိုခဲ့ပါတယ်။
ဆရာကြီး တော်စိန်ခို (ဒုတိယမြောက်ကျောက်စာဝန်)
လက်ထက်မှာ အလားတူ မည်သူမှ မဖတ်တတ်သော
ေ ကျောက်စာတိုင်အပိုင်းကျိုးများကို မြစေတီဝန်းနံရံ
တံတိုင်းပြုပြင်ရင်း ၁၉၀၄ ခုနှစ်တွင် ထပ်မံတွေ့ရှိရ၍
မြစေတီကျောက်စာဟုပင် အမည်တပ် ထိန်းသိမ်းမှတ်
တမ်းသွင်း သကဲ့သို့ ယင်းကျောက်စာတိုင်ပါ စာ ၄ မျက်
နှာအနက် မည်သည့်ဘာသာစကား နည်းဟု မဖတ်နိုင်၊
မသိသေး၍ အမျိုးအမည်မသိ ကျောက်စာ (unknown
inscription)ဟုသာ ခေါ်ဆိုခဲ့ပါတယ်။ မည်သည့်ဘာသာ
စကားရေး ကျောက်စာနည်းဟု မသိသေးလျှင် အမှားမရှိ
  စေရန် အမျိုးအမည်မသိ (unknow) ဟုသာ ခေါ်ဆိုရမည့်
သုတေသန ထုံးနည်းကို အီဖော်သျှမ်းမားနဲ့ ဆရာကြီးတော်
စိန်ခိုတို့ လိုက်နာကျင့်သုံးခဲ့ကြပါတယ်။
ဒါပေမယ့် ဆရာကြီးတော်စိန်ခိုနောက် တတိယမြောက်
ေ ကျောက်စာဝန်အဖြစ် အမှုထမ်းမယ့် ချားလ်ဒူရွိုင်ဆယ်
(ရန်ကုန်ကောလိပ်၊ ပါဠိပါမောက္ခ) နှင့် ဂျီအိပ်ခ်ျလုစ်
(ရန်ကုန်ကောလိပ်၊ အင်္ဂလိပ်စာပါမောက္ခ)လက်ထက်
ေ ရောက်တဲ့အချိန်မှာ သူတို့ ၂ယောက်တိုင်ပင်ပြီးတော့
  မြစေတီကျောက်စာမှင်ကူးတွေနဲ့ သရေခေတ္တရာတွေ့
  ကျောက်အရိုးအိုးကြီးလေးလုံးပေါ်က ကျောက်စာ
မှင်ကူးတွေကို ဂျီအိပ်ခ်ျလုစ်ရဲ့ဆရာအရင်း စီအို
ဗလက်ဒင် (ဘာသာဗေဒပါမောက္ခ၊ လန်ဒန်တက္ကသိုလ်)
ဆီကို ဘာသာပြန်ဖို့ ပေးပို့ခဲ့ကြရာကနေ ပျူနဲ့ဗမာ
လူမျိုးမတူဆိုတဲ့ အရှုပ်တော်ပုံစတင်ခဲ့ပါတယ်။
စီအိုဗလက်ဒင်က ဒီကျောက်စာတွေဟာ ပရုမ်း(ပြည်)မြို့
အနီးကတွေ့ရတာဖြစ်တဲ့အတွက် ခေါ်ဆိုရည်ညွှန်းရ
လွယ်ကူအောင် “ပျူစာ”လို့ ယာယီအမည်တပ်ပေး
လိုက်ကြောင်း၊ သို့သော် ဒါတွေကို ပျူစာပါလို့ အတည်
ြ ပြုမှတ်ယူဖို့မသင့်ကြောင်း၊ နောင်တွေ့ရှိချက်အပေါ်မူတည်
ပြီးတော့ မှားနေရင်ပြင်ဖို့ စာရေးသားပြန်ပို့ခဲ့ပါတယ်။
မည်သည့် ၀ါကျတစ်စုကိုမှလဲ ဆီလျော်အောင်၊
မှန်ကန်အောင် ဘာသာပြန်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။
စာလုံးရေ ထောင်ကျော်ပါဝင်တဲ့ကျောက်စာတစ်ချပ်မှာ
စာလုံးရေ (၆၀)ခန့်လောက်ကိုသာ စီအိုဗလက်ဒင်က
ဘာသာပြန်ပေးခဲ့ပါတယ်။ ဒါတောင်မှ အလုံး(၂၀)ကျော်
မှားဖတ်ထားပါတယ်။
စီအိုဗလက်ဒင်ကိုယ်တိုင်က ပျူစာပါလို့တံဆိပ်တပ်
ထားခြင်းဟာ ယာယီသာဖြစ်ပြီး အပြီးသတ်အတည်
မယူဖို့ မှာခဲ့တာတွေကို လုစ်ကမျက်ကွယ်ကွယ်ပြု
ထိမ်ချန်ပြီးနောက် ဂျီအိပ်လုစ်ဟာ ဒီစာတွေက
ဗမာစာမဟုတ်၊ ပျူစာတွေဖြစ်တယ်။ ပျူတွေဟာ
ဗမာတွေအရင် အခြေချနေထိုင်သူတွေဖြစ်ပြီးတော့
မျိုးသုန်းပျောက်ကွယ်သွားပြီးဆိုပြီး ၀ါဒဖြန့်ခဲ့တာ
ြ ဖြစ်ပါတယ်။ ၁၉၃၁ ခုနှစ်၊ သြဂုတ်လ (၂)ရက်နေ့
ဗမာ့သုတေသနအသင်းမှာ ဂျီအိပ်ခ်ျလုစ် က
Geography of Burma under the Pagan Dynasty
ဆိုတဲ့စာတမ်းကို ဖတ်ကြားခဲ့ပါတယ်။ အဆိုပါစာတမ်း
အယူအဆဟာ ဗမာတို့ မြေပြန့်ဒေသသို့ ၀င်ရောက်
  နေထိုင်သည့် မူလဒေသသည် တကောင်းမဟုတ်နိုင်။
ေ ကျောက်ဆည်ဖြစ်နိုင်သည် ဆိုတဲ့အယူအဆဖြစ်ပါတယ်။
ြ မြန်မာအစ တကောင်းက ဆိုတဲ့ မြန်မာ့ဆိုရိုးစကားကို
ပုံပြင်ဆိုပြီးပယ်ခဲ့ပါတယ်။ ရှေးမြန်မာကြီးများက လိမ်ခဲ့
သယောင်ပြောဆိုခဲ့ပါတယ်။
၁၉၅၇ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့မှာ ဂျီအိပ်ခ်ျလုစ်က
တစ်ဆင့်တက်ပြီးတော့ ဗမာအစ ကျောက်ဆည်က
Old Kyaukse And Coming of the Burmans
စာတမ်းကို ထပ်မံဖတ်ကြားကာ ဗမာနဲ့ပျူ လူမျိုးမတူ
ဆိုတဲ့ ဗမာ့သမိုင်းလုပ်ဇာတ်ကို မန်ရှုကျမ်းအပိုင်းအစနဲ့
သူလိုရာကိုးကားပြီးတော့ ရေးသားပြောဆိုခဲ့ပါတယ်။
ထိုမျှမကသေး မြန်မာ့စွယ်စုံကျမ်းနဲ့ ကျောင်းသုံးသင်ရိုး
ညွှန်းတမ်းတွေမှာပါ ပြဌာန်းဖို့ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။
ဒီလိုလုပ်ဇာတ်ခင်းခံနေရချိန်မှာ မြန်မာ့သမိုင်းဘက်က
လုစ်ကို ချေပပြောဆိုခဲ့တာကတော့ ဦးဖိုးလတ်ဖြစ်ပါတယ်။
ဆရာကြီးဦးဖိုးလတ်က “မြန်မာအစ” စာတမ်းနဲ့ ဂျီအိပ်ခ်ျ
လုစ်ရဲ့ မြန်မာအစ ကျောက်ဆည်စာတမ်းဟာ အထောက်
အထားမဲ့ ထင်မြင်ယူဆချက် စိတ်ကူးယဉ်ဆန်ဆန်
  ရေးသားထားတာ ဖြစ်ကြောင်း၊ လုစ်ကိုးကားတဲ့ မန်ရှုကျမ်း
အစအဆုံးကို အများသူငါ လေ့လာနိုင်ဖို့ ဘာသာပြန်ထုတ်
  ဝေပေးရန် တောင်းဆိုခဲ့ပါတယ်။ သို့သော် ထိုစဉ်က သုတေ
သနဌာနဘက်မှာ လုစ်သြဇာအရှိန်အ၀ါကို လွန်ဆန်ဝံ့သူ
မရှိတာကြောင့် မအောင်မြင်ခဲ့ပါဘူး။
ဆရာကြီးဦးထင်အောင် (Ph.D - ပါမောက္ခချုပ်၊ ရန်ကုန်
တက္ကသိုလ်)ကလဲ ဂျီအိပ်ခ်ျလုစ်ရဲ့ ကျောက်ဆည်စာတမ်းပါ
အထောက်အထားမဲ့မှုများ၊ ကျောက်စာဖတ်မှားယွင်းမှုများ၊
အယူအဆပိုင်းဆိုင်ရာ ယုတ္တိမရှိမှုများကို သုတေသနစာတမ်း
တစ်စောင်ပြုစုပြီးတော့ ၁၉၆၈ ခုနှစ် အမေရိကန်မှာကျင်းပတဲ့
အရှေ့တိုင်းသမိုင်းညီလာခံမှာ တင်သွင်းဖတ်ကြားခဲ့ပါတယ်။
ဒါသည်လည်း လုစ်သြဇာခံ တပည့်သားမြေးများနဲ့ မွန်သမိုင်း
ဆရာများရဲ့ ထိန်ချန်ဖော်ပြမှုကြောင့် မှေးမှိန်ခဲ့ရပါတယ်။
လုစ်၊ ချားလ်ဒူရွိုင်ဆယ်၊ စီအိုဗလက်ဒင် တို့ရဲ့ သုံးပွင့်ဆိုင်
စိတ်ကူးယဉ်ဗမာ့သမိုင်းလုပ်ဇာတ်ကို ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့
မျိုးချစ်စာဆိုကြီးတစ်ဦးရှိခဲ့ပါသေးတယ်။ အဲ့ဒိသူကတော့
  ပြဇာတ်ရေးဆရာ မောင်လွမ်း (ခေါ်) စာရေးဆရာမစ္စတာ
ေ မောင်မှိုင်း (ခေါ်) မျိုးချစ်စာဆိုကြီး သခင်ကိုယ်တော်မှိုင်း
ြ ဖြစ်ပါတယ်။ သခင်ကိုယ်တော်မှိုင်းဟာ ဂျီအိပ်ခ်ျလုစ်တို့ရဲ့
တက္ကသိုလ်အသိုင်းအ၀ိုင်းက ရှေးဗမာ့မြို့ဟောင်းကြီး
ေ တွေမှာတွေ့ခဲ့တဲ့ ရှေးကျောက်စာတွေကို ဗမာစာနဲ့
မတူသောပျူစာလို့ သတင်းထုတ်ပြန်မှုကို ကြားတဲ့အခါ
အပြင်းအထန်ကန့်ကွက်ပြီးတော့ လုစ်တို့ကို အကြီး
အကျယ်လှောင်ပြောင်ခဲ့ပါတယ်။ လုစ်တို့မဖတ်တတ်တဲ့
သရေခေတ္တရာတွေ့ ကျောက်အရိုးအိုးလေးလုံးစာအပါ
အ၀င် ဗြဟ္မီပွားအက္ခရာတွေနဲ့ ရေးထိုးထားတဲ့ကျောက်
စာတွေကို ရှေးစကား(ပေါရာဏ)နဲ့ ရေးထိုးထားတဲ့
ဗမာကျောက်စာတွေဖြစ်ကြောင်း၊ ခေတ်မတူလို့
အက္ခရာစနစ်မတူတာဖြစ်ကြောင်းနဲ့ ထိုကျောက်စာ
ေေ တွေကို သခင်ကိုယ်တော်မှိုင်းက ဖတ်ပြခဲ့ပါတယ်။
ထိုစဉ်ကထုတ်ဝေတဲ့ မဂ္ဂဇင်းတွေမှာ သခင်ကိုယ်
  တော်မှိုင်းနဲ့ လုစ်တို့ဘက်က ဆောင်းပါးတွေရေးပြီး
စကားစစ်ထိုးခဲ့ကြပါတယ်။

Credit to> Thant Lwin Oo

No comments:

Post a Comment