Thursday, August 27, 2015

"အကျိုးပြုအနုဇီဝပိုး(EM)အမြောက်အများမွေးမြူနည်း"


ပထမအဆင့်။ ။အနုဇီဝပိုးခဲပြုလုပ်ခြင်း
လိုအပ်သောပစ္စည်းများ....
(1)ထွန်ယက်စိုက်ပျိုးထားခြင်းမရှိတဲ့ သက်တမ်းရင့်
သစ်ပင်ကြီးများအောက်က အဖြူရောင်မှိုများရှိတဲ့
အလွှာ(အနုဇီဝပိုးမြေ) - (1)အိတ်
(2)ဝါးရုံအောက်ခြေရှိမြေဆွေး - (1)အိတ်
(3)ခြတောင်ပို့မြေ - (1)အိတ်
(4)ဖွဲနု-(1)အိတ်
(5)တင်လဲရည်(သို့)သကာရည် - (2)လီတာ
(6)ရေ - (1)ဂါလံ
(7)(200)လီတာဆံ့ပလပ်စတစ်စည်ပိုင်း - (1)လုံး
(8)(2)လီတာဆံ့ပလပ်စတစ်ပုလင်း - (1)လုံး
(9)PVCပိုက်ခေါင်းအဖိုအမ - (1)စုံ
(10)ပလပ်စတစ်အကြည်ပိုက်ပျော့ - (1)ချောင်း
(11)သစ်သားယောက်မ(သို့)တုတ်ခေါင်း - (1)ချောင်း
(12)ပလပ်စတစ်အနက်စ - (2)ကိုက်

ပြုလုပ်နည်း။ ။
(1)ပလပ်စတစ်အနက်စပေါ်မှာ အနုဇီဝပိုးမြေ၊ဝါးရုံအောက်မှမြေဆွေး၊ဖွဲနုတို့ကိုရောပြီးသမပါ။ပြီးရင်တင်လဲရည်နဲ့ရေထပ်လောင်းပြီးမွှေပါ။(ပစ္စည်းအရောကိုလက်နဲ့ဆုပ်ကြည့်ရင်လက်ချောင်းကြားမှရေစီးမထွက်ပဲ အလုံးအခဲအခြေအနေဟာ သင့်တော်တဲ့စိုထိုင်းဆပါ)။
(2)ပစ္စည်းအရောကိုပလပ်စတစ်စည်ပိုင်းထဲထည့်ပြီး
သစ်သားယောက်မနဲ့ထိုးသိပ်ပေးပါ။ပြီးရင်အဖုံးဖုံးပါ။
အဖုံးရဲ့အလယ်မှာအပေါက်ဖောက်ပြီးPVCအဖိုခေါင်း
အမခေါင်းကို တပ်ဆင်ပါ။
(3)စည်ပိုင်းအဖုံးရဲ့PVCပိုက်ခေါင်းနဲ့ ရေတဝက်ထည့်ထားတဲ့ပလပ်စတစ်ပုလင်းတို့ကို ပလပ်စတစ်ပိုက်ပျော့နဲ့ဆက်သွယ်ပြီးအလုံပိတ်စနစ်ဖြစ်အောင်လုပ်ပါ။(22)ရက်ခန့်ကြာတဲ့အခါပစ္စည်းများအချဉ်ပေါက်ပြီးအနုဇီဝပိုးခဲကိုရရှိပါပြီ။
{သတိပြုရန်၊၊ ။ (22)ကြာပေမဲ့ပလပ်စတစ်ရေပုလင်းထဲလေပူဖောင်းလေးတွေထွက်နေသေးရင်အချဉ်ပေါက်တာမပြီးသေးလို့ဆက်ပြီးထားပေးရပါမယ်။(22)ရက်မတိုင်ခင်မှာလေပူဖောင်းထွက်ပေါ်ခြင်းမရှိရင် အချဉ်ပေါက်ခြင်းမဖြစ်ပေါ်တဲ့အတွက် တင်လဲရည်ထပ်ထည့်ပြီးစောင့်ကြည့်ရပါမယ်}။
ဒုတိယအဆင့်။ ။အနုဇီဝပိုးများနိုးဆွခြင်း
လိုအပ်သောပစ္စည်းများ......
(1)အနုဇီဝပိုးခဲ - 20)ပေါင်
(2)တင်လဲရည် - ((2)လီတာ
(3)ရေ - (200)လီတာ
(4)200လီတာဆန့်ပလပ်စတစ်စည်ပိုင်း - (1)လုံး
(5)2လီတာဆံ့ပလပ်စတစ်ပုလင်း - (1)လုံး
(6)ပလပ်စတစ်အကြည်ပိုက်ပျော့ - (1)ချောင်း
(7)PVCပိုက်ခေါင်းအဖိုအမ - (1)စုံ
(8)ဂုံနီအိတ်စ - (1)စ
ပြုလုပ်နည်း။ ။
(1)ရေ(100)လီတာနဲ့တင်လဲရည်(2)လီတာကို စည်ပိုင်း
ထဲထည့်ပြီး ယောက်မဖြင့်မွှေပါ။
(2)အနုဇီဝပိုးခဲ(20)ပေါင်ကို ဂုံနီအိတ်နဲ့ထုတ်ပြီးစည်ပိုင်း
ထဲထည့်ပါ။ပြီးရင် ရေ(100)လီတာထပ်ထည့်ပါ။
(သတိပြုရန်၊၊ ။စည်ပိုင်းအဖုံးနဲ့ပစ္စည်းများအကြားဓာတ်ငွေ့စုနိင်ဖို့(20)စင်တီမီတာလောက်ကွာဟနေပါစေ)။
(3)ရှေ့မှာဖော်ပြထားသလို စည်ကိုင်အဖုံးရဲ့အလယ်မှာ PVCပိုက်ခေါင်းနဲ့ရေထည့်ထားတဲ့ပုလင်းတို့ကို ပလပ်စတစ်ပိုက်ပျော့နဲ့ဆက်သွယ်ပြီး အလုံပိတ်စနစ်ဖြစ်အောင်လုပ်ပါ။
(6)ရက်ခန့်ကြာရင်အနုဇီဝပိုးတွေ နိုးကြွနေပြီဖြစ်တဲ့အတွက်သုံးစွဲလို့ရပါပြီ။လိုသလောက်ထုတ်ယူသုံးပြီး လေမဝင်အောင် စည်ပိုင်းကိုပြန်ဖုံးထားပါ။
အသုံးပြုနည်း။ ။
(1)အနုဇီဝ(EM)အရည် (1)လီတာကို ရေ(100)လီတာနဲ့ရောပြီး ရွက်ဖြန်းမြေသြဇာ
အဖြစ်အသုံးပြုပါ။
(2)ဘိုကာရှီမြေသြဇာအဖြစ်သုံးမယ်ဆိုရင် မြေသြဇာ(5000)ကီလိုဂရမ်အတွက် EMအရည်(200)လီတာသုံးပါ။
(3)ဟင်းသီးဟင်းရွက်ရောဂါများ၊ဘက်တီးရီးယားများကိုထိန်းချုပ်နိင်ဖို့EMအရည်ကိုရေမရောပဲ ဆေးဖြန်းပုံးထဲထည့်ဖြန်းပါ။
(4)ကြက်များမှာဖြစ်တဲ့ အသက်ရှုလမ်းကြောင်းရောဂါများထိန်းချုပ်ဖို့အတွက် ရေ(1)လီတာမှာ EM
အရည်(250)စီစီထည့်ပြီး (5)ရက်တိုက်ပေးပါ။
စိုက်ပျိုးရေးဖြင့်အသက်မွေးဝမ်းကြောင်းပြုနေကြတဲ့
မိတ်ဆွေများ အကျိုးကျေးဇူးများလှတဲ့ အနုဇီဝပိုးEMအရည်ကိုကိုယ်တိုင်ပြုလုပ်သုံးစွဲနိင်ပါစေ...
{Dr.Hla Aung,Dr.Than Than Sein
ဘာသာသာပြန်ရေးသားပြုစုထားတဲ့ အော်ဂဲနစ်သွင်း
အားစုများစီမံပြုလုပ်ခြင်းလမ်းညွန်မှ ကောက်နုပ်ဖော်ပြပါသည်}

Credit to>  Nay Yan Lwin Hmt

မြန်မာ့သမိုင်းခရီးတစ်ထောက် (၃)


စီအိုဗလက်ဒင်ဟာ သရေခေတ္တရာနဲ့ ပုဂံမြစေတီ(ဂူပြောက်
ကြီး)ကျောက်စာတွေကို မဖတ်တတ်တဲ့အတွက် ယာယီ
အမည်ပျူစာအဖြစ်တပ်ပေးလိုက်တဲ့နောက်ကို သံယောင်
လိုက်ပြီးတော့ တပည့်ဖြစ်သူ ဂျီအိပ်ခ်ျလုစ်က အဲ့ဒီလမ်း
ကြောင်းအတိုင်းလိုက်ပြီး ပျူသည် ဗမာမဟုတ်၊ ဗမာသည်
အေဒီ ၈၃၅ ယူနန်တောင်ပိုင်းမှ ယဉ်ကျေးမှုမဲ့ လူရိုင်းမျိုး
မန်စောမှ ဖြစ်လာသူများ ဆိုတဲ့လုပ်ဇာတ်နဲ့ ပျူဗမာသမိုင်းကို
ဖျက်စီးခဲ့တာဖြစ်ပါတယ်။ ၁၉၃၁ ခုနှစ်မှ ၁၉၄၂ ခုနှစ်အတွင်း
စာတမ်းအစောင်စောင်နဲ့ ဗမာ့သမိုင်းလုပ်ဇာတ်ကို လုစ်
ဖန်တီးထုတ်လုပ် ၀ါဒဖြန့်ခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်မှာတော့
ဗမာအစ ကျောက်ဆည်စာတမ်းနဲ့ ဗမာသမိုင်းကို ဖျက်စီး
ခဲ့ခြင်းဖြစ်ပါတယ်။ ဗမာတွေကို နောက်မှရောက်လာပြီး
တခြားလူမျိုးပိုင်ဆိုင်ထားတဲ့ နေရာဒေသတွေကို
လုယက်နေထိုင်သူများအဖြစ်လည်းကောင်း၊ လွတ်လပ်
ရေးကြိုးပမ်းဆောင်ရွက်မှုတွေမှာ အင်အားအကြီးဆုံး
ဗမာလူမျိုးများနဲ့ အခြားတိုင်းရင်းသားတွေ ပေါင်းစည်း
မရအောင် စီစဉ်ဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။
၁၉၈၀ နှောင်းပိုင်းကာလများမှာ ဂျီအိပ်လုစ်ကျမ်းကိုးပြီး
ရေးသားခဲ့ပါတယ်ဆိုတဲ့ မတိကျတဲ့ မန်ရှုမှတ်တမ်းမိတ္တူ
ပျက်ကို ဖတ်ရှုရတဲ့နောက်မှာ ဆရာကြီးဒေါက်တာသန်း
ထွန်းက “ဂျီအိပ်ခ်ျလုစ်အနေနဲ့ မန်ရှုကျမ်းတစ်ခုတည်း
အားကိုးပြီး ဗမာ့သမိုင်းကိုရေးရဲတာ သိပ်သတ္တိကောင်း
တာပဲ” လို့ သူ့ဆရာရင်း ဂျီအိပ်လုစ်ကို ဝေဖန်ခဲ့ပါတယ်။
ဒါ့အပြင် ၁၉၈၀ နှောင်းခုနှစ်များမှာ ဆရာကြီးဒေါက်တာ
သန်းထွန်းက မဟာဝိဇ္ဇာတန်းမှာရှိတဲ့ တပည့်များကို
အင်္ဂလိပ်တို့က မြန်မာအဆိုးလုပ်ပြီး ရေးသားသွားတဲ့
သမိုင်းကြောင်းတွေရှိနေကြောင်းနဲ့ မှားနေရင်ပြင်ဖို့
ကြိုးစားကြရန်လိုကြောင်း၊ မိမိရေးသားတဲ့အကြောင်း
အရာအချက်အလက်ပင်လျှင် ဒေါက်တာသန်းထွန်း
ရေးသားခဲ့သည်ဟု တထစ်ချမှတ်ယူမထားရန်နဲ့
အထောက်အထားပေါ်မူတည်၍ နောင်မှားနေလျှင်ပြင်
ကြရန်လိုကြောင်း တတွင်တွင်သြ၀ါဒပေးခဲ့ပါတယ်။
“သမိုင်းအကြောင်းပြောရင် ခေတ်ပြိုင်အထောက်အထားနဲ့
ပြောရမယ်။ ခေတ်ပြိုင်အထောက်အထား မပါပဲမပြောရဘူး။
အထောက်အထားမပါပဲ ပြောတဲ့သူဟာ လူညံ့လူဖျင်းပဲ”လို့
ဆရာကြီးဒေါက်တာသန်းထွန်းက အစဉ်အမြဲလိုလို
သတိပေးစကား ပြောကြားလေ့ရှိပါတယ်။
၂၀၀၀ ခုနှစ်နောက်ပိုင်းကတော့ မြန်မာ့သမိုင်းမှန်အတွက်
သူရဲကောင်း လူငယ်သုတေသီတွေ ပေါ်ထွက်လာတဲ့နှစ်လို့
ဆရာကြီးဒေါက်တာသန်းထွန်းက တင်စားပြောဆိုခဲ့ရပါတယ်။
တကောင်းသမိုင်းမှန်အတွက် ဦးမင်းဟန်(မန်းတက္ကသိုလ်)၊
သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးမြို့ဟောင်းကြီးတွေရဲ့
သမိုင်းမှန်အတွက် ဦးကျော်ဇင်(ဘုန်းတင့်ကျော်)တို့
ပေါ်ထွက်လာခဲ့တဲ့အတွက်ဖြစ်ပါတယ်။
၂၀၀၃ ခုနှစ်မှာ လုစ်ရေးခဲ့တဲ့ ဗမာအစကျောက်ဆည်
စာတမ်း(ဗမာ့သမိုင်းလုပ်ဇာတ်)ကို ချေဖျက်မယ့် ပညာရှင်
လူငယ်သုတေသီတစ်ဦး ပေါ်ထွက်လာခဲ့ပါတယ်။ ထိုသူ
ကတော့ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့သား ဦးကျော်ဇင်
ဖြစ်ပါတယ်။ ဦးကျော်ဇင်ဟာ ၂၂ နှစ်ကြာ ကိုယ်တိုင်သု
တေသနတွေ့ရှိချက်တွေနဲ့ ခေတ်ပြိုင်အထောက်အထား
တွေတွဲဖက်ကာ လုစ်ရဲ့ဗမာ့သမိုင်းအယူအဆ မှားယွင်း
နေကြောင်းကို သူ့ရဲ့သုတေသနစာတမ်းဖြစ်တဲ့
“ကျမ်းကိုးများ ရှေးဗမာကျောက်စာများနှင့် ကွဲလွဲမှား
ယွင်းနေသော ဂျီအိပ်ခ်ျလုစ်၏ ဗမာ့သမိုင်းအယူအဆ”
အမည်ရှိစာတမ်းနဲ့ ချေဖျက်ခဲ့ပါတယ်။ ဒီစာတမ်းကို
ဆရာကြီးဒေါက်တာသန်းထွန်းကိုယ်တိုင် စီစစ်လက်ခံပြီးမှ
ဆရာကြီးကိုယ်တိုင် သဘာပတိအဖြစ်ဆောင်ရွက်ပြီး
ဖတ်ကြားစေခဲ့တာဖြစ်ပါတယ်။ ဦးကျော်ဇင်ရဲ့စာတမ်းမှာ
ဂျီအိပ်ခ်ျလုစ်ရဲ့ “ဗမာအစ ကျောက်ဆည်စာတမ်း” ပါ
“အေဒီ ၉ ရာစု ထက်ဝက်ကျိုးခါနီးမှ ဗမာတို့ ယူနန်မှ
ကျောက်ဆည်သို့ စတင်ရောက်ရှိသည်။ ထိုအခါကျမှ
ဗမာသမိုင်း စတင်သည်။” ဆိုတဲ့ သမိုင်းအယူအဆ
လုံးဝမှားယွင်းကြောင်း၊ လုစ် အထောက်အထားအတွက်
တင်ပြသော “မန်ရှုကျမ်း”နှင့် မကိုက်ညီ ကွဲလွဲမှားယွင်း
နေကြောင်း၊ ပုဂံခေတ် ဗမာကျောက်စာများနှင့်လည်း
မကိုက်ညီ ကွဲလွဲမှားယွင်းနေကြောင်း၊ ဗရမ္မာ ခေါ် ဗမာ
လူမျိုး ဗမာနိုင်ငံသမိုင်းကြောင်းသည် ဘီစီခေတ် သရေ
ခေတ္တရာ ဗရမ္မာ-ဗမာခေတ်မှ စတင်ကြောင်း၊ ဗရမ္မာ-
ဗမာကို ဗြဟ္မာ ဟုလည်းခေါ်ကြောင်း၊ ဗရမ္မာ-ဗမာလူမျိုးနှင့်
နိုင်ငံသမိုင်းသည် နှစ် နှစ်ထောင်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း
ခေတ်ပြိုင်အထောက်အထားများ၊ကျောက်စာအထောက်
အထားများ ချိတ်ဆက်တင်ပြပြီး စာတမ်းဖတ်ကြားခဲ့တာ
ဖြစ်ပါတယ်။ စာတမ်းဖတ်ပွဲအောင်မြင်စွာပြီးဆုံးခဲ့ပြီး သဘာ
ပတိအဖြစ်ဆောင်ရွက်ပေးခဲ့တဲ့ ဆရာကြီးဒေါက်တာ
သန်းထွန်းက “ယခု မောင်ကျော်ဇင် တင်သွင်းဖတ်ကြား
သွားတဲ့ စာတမ်းဟာ အလွန်ကောင်းမွန်ပါတယ်။ ဂျီအိပ်ခ်ျ
လုစ်ရဲ့ ဗမာ့သမိုင်းအယူအဆလည်းမှားယွင်းကြောင်း
တွေ့မြင်ရပါတယ်။ သမိုင်းသုတေသနသဘောအရ
မှားနေတာတွေ့ရင် ပြင်ရမယ်” လို့ သဘာပတိနိဂုံး
စကားပြောဆိုခဲ့ပါတယ်။
၂၀၀၄ ခုနှစ်မှာ ဦးကျော်ဇင်(ဘုန်းတင့်ကျော်)ဟာ ဒုတိယ
သုတေသနစာတမ်းဖြစ်တဲ့ “မြန်မာဟူသောပျူ ရာဇ၀င်ဆိုရိုး
စကားကို ရှေး ပျူဗမာကျောက်စာများနှင့် နှိုင်းယှဉ်လေ့လာ
ကြည့်ခြင်း” ဆိုတဲ့ စာတမ်းကို ဖတ်ကြားဖို့ မြန်မာ့သမိုင်း
ကော်မရှင်ကို တင်သွင်းခဲ့ပါတယ်။ ဒီစာတမ်းကိုလဲ ဆရာကြီး
ဒေါက်တာသန်းထွန်းကိုယ်တိုင် စစ်ဆေးခဲ့ပါတယ်။ ထိုစဉ်က
ကျွန်တော်ကိုယ်တိုင် ဆရာကြီးစစ်ဆေးနေစဉ်မှာ ကူညီ
ဆောင်ရွက်ပေးခဲ့ရတာကြောင့် ဆရာကြီးဒေါက်တာသန်းထွန်း
ဘယ်လိုစစ်ဆေးခဲ့တယ်ဆိုတာ အနည်းငယ်ရှင်းပြပါ့မယ်။
ဦးကျော်ဇင်(ဘုန်းတင့်ကျော်)ရဲ့ သုတေသနစာတမ်းကို
ဆရာကြီးလက်ခံစစ်ဆေးဖို့ (၅)ရက်ခန့် အချိန်ယူပါတယ်။
စစ်ဆေးနေစဉ်အတွင်းမှာ ဦးကျော်ဇင်စာတမ်းရဲ့ ကျမ်းကိုး၊
အောက်ခြေမှတ်စုပါ ကျောက်စာအထောက်အထား၊ တရုတ်
မှတ်တမ်းများ၊ အိန္ဒိယမှတ်တမ်းများနဲ့ တူးဖော်ရေးသုတေသန
မှတ်တမ်းတွေကို တစ်ခုချင်း တိုက်ဆိုင်စစ်ဆေးခဲ့တာဖြစ်
ပါတယ်။ ကျောက်စာကျမ်းကိုးတွေကို မူရင်းကျောက်စာ
မှင်ကူးမှာ ဒီအတိုင်းပါမပါ စစ်ဆေးပြီးမှ လက်ခံတာဖြစ်
ပါတယ်။ အထောက်အထားတစ်ထောင်ကျော် ပေးထား
တာကို တစ်ခုမကျန် စနစ်တကျ စစ်ဆေးခဲ့တာဖြစ်ပါတယ်။
ဒီနောက်မှာ ဒုတိယစာတမ်းဖတ်ပွဲအတွက် သဘာပတိ
နေရာကို ဆရာကြီးကပဲ တာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်။
စာတမ်းဖတ်ပွဲအောင်မြင်ခဲ့ပါတယ်။ စာတမ်းဖတ်ပွဲရဲ့ သဘာ
ပတိမိန့်ခွန်းမှာ ဆရာကြီးဒေါက်တာသန်းထွန်းက “ပျောက်
ဆုံးနေတဲ့ ပျူလူမျိုးတွေကို စာတမ်းရှင် မောင်ကျော်ဇင်က
ရှာဖွေပေးခဲ့ပါပြီ” လို့ လှိုက်လှိုက်လှဲလှဲ ချီးကျူးစကား
ဆိုခဲ့ပါတယ်။ ပွဲပြီးတဲ့နောက် စာတမ်းဖတ်ပွဲတက်ရောက်
လာသူများကို ဧည့်ခံတဲ့အခါ ဆရာကြီးကိုယ်တိုင်က
ဦးကျော်ဇင်ကို ပညာရှင်များသာထိုင်ရတဲ့ ၀ိုင်းမှာ
ကိုယ်တိုင်ဖိတ်ခေါ်ပြီး “မြန်မာ့သမိုင်းကို အသစ်
ပြန်ရေးမယ့် လူတစ်ယောက်ပေါ်လာပြီ။ ဒီလူဟာ
မောင်ကျော်ဇင်ပဲ” လို့ ချီးကျူးစကားဆိုခဲ့ပါတယ်။
“ပျူခေတ်နဲ့ ပုဂံခေတ်ကို ချိတ်ဆက်ပေးနိုင်တဲ့ စာတမ်း
အတွက် ကိုးကားစရာ ၂စောင်တည်းသာရှိပြီး မောင်
ကျော်ဇင်ရဲ့ စာတမ်းတွေပဲဖြစ်ပါတယ်” လို့ ဆရာကြီးက
ဆိုခဲ့ပါတယ်။
ဒီဖြစ်စဉ်တွေကို ဘာကြောင့်ပြန်လည်ဖော်ထုတ်တင်ပြ
ရသလဲဆိုရင် မြန်မာ့သမိုင်းဟာ အင်္ဂလိပ်လက်ထက်ကနေ
စပြီး နှစ်ပေါင်းတစ်ရာနီးပါး ပျက်စီးနေခဲ့ရပါတယ်။ ရှေး
မြန်မာဘိုးဘေးတွေဟာ အင်္ဂလိပ်တွေရဲ့ လုပ်ကြံသမိုင်း
တွေကြောင့် နှောင်းလူတွေက လူလိမ်ကြီးတွေသဖွယ်
ထင်မြင်ယူဆနေကြပါတယ်။ ဒီနောက်မှာ ဦးမင်းဟန်၊
ဦးဘုန်းတင့်ကျော်၊ ဦးချစ်စံဝင်း၊ ဦးတင်၊ ဦးဝင်းမောင်တို့လို
ပုဂ္ဂိုလ်တွေက မြန်မာ့သမိုင်းအတွက် ဘ၀နှစ်ပြီး သုတေသ
နပြုဖော်ထုတ်ပေးနေခဲ့ပေမယ့် ဂျီအိပ်ခ်ျလုစ်လက်ထက်က
လုစ်တပည့် အကြွင်းအကျန်တွေနဲ့ လုစ်လက်ထက်ကနေ
ယနေ့ထက်ထိ အင်္ဂလိပ်သွေးထိုးပေးလို့ ခွဲထွက်ရေးဝါဒီ
ဖြစ်နေရတဲ့ တိုင်းရင်းသားအမည်ခံ အစွန်းရောက်အချို့ရဲ့
ထိမ်ချန်ဖျောက်ဖျက်မှုတွေကို တွေ့မြင်နေရလို့ပဲဖြစ်ပါတယ်။

Credit to> Thant Lwin Oo

မြန်မာနိုင်ငံ ဗုဒ္ဓသာသာနာသမိုင်း (၅) နိဂုံး


၅။ ပုဂံခေတ်ဗုဒ္ဓသာသနာသည် သရေခေတ္တရာမှ အမွေဆက်ခံ
ရရှိသလော? သထုံပြည်မှ အမွေဆက်ခံရရှိသလော?
သရေခေတ္တရာ ပျူမြန်မာတို့သည် သရေခေတ္တရာမှ ပုဂံသို့
ပြောင်းရွှေ့တည်ထောင် နေထိုင်သောအချိန်တွင် ထေရ၀ါဒ
ဗုဒ္ဓသာသနာကိုပါ သူတို့နှင့်အတူ ယူဆောင်သွားကြောင်း
အထောက်အထားများ ရှိနေပါသည်။
*ပုဂံပြည်ရှိ ဗူးဘုရားနှင့် အခြားပြောင်းတိုင်ပုံ စေတီများမှာ
သရေခေတ္တရာထေရ၀ါဒ ဘောဘောကြီးစေတီပုံ ဖြစ်သည်။*
*လှိုဏ်အထက်ပြောင်းတိုင်ပုံ စေတီဖောက်ထားသော
အရှေ့ဖက် လိပ်ဘုရား၊ အနောက်ဘက် လိပ်ဘုရားတို့မှာ
သရေခေတ္တရာ ထေရ၀ါဒ ဘဲဘဲဘုရားပုံဖြစ်သည်။*
*ပုဂံပေါက်ပင်ရာ အိုးလုံးပုံစေတီ၊ စိမ်းညက်ညီအစ်မဘုရား
အနီး လှိုဏ်အထက် အိုးလုံးပုံစေတီတို့မှာ သရေခေတ္တရာ
အုတ်ခွက်ဘုရား အချို့တွင်တွေ့ရလေ့ရှိသောထေရ၀ါဒ
စေတီပုံစံတစ်မျိုး ဖြစ်သည်။*
*ပုဂံခေါင်လောင်းပုံ စေတီများသည်လည်း သရေခေတ္တရာ
ခေါင်းလောင်းပုံစေတီတို့မှ ရရှိသော ပုံစံဖြစ်သည်။*
*ပုဂံမြို့ဟောင်းရှိ လှိုဏ်ဘုရားအခန်းဖွဲ့ တည်ဆောက်
ပုံများသည် သရေခေတ္တရာ အခန်းဖွဲ့တည်ဆောက်ပုံ
ဗိသုကာမှ ရရှိခြင်းဖြစ်ပါသည်။*
*ဒွါရာဝတီနှင့် သထုံမြို့ဟောင်းများတွင် ပုဂံစေတီ၊
လှိုဏ်ဘုရားတို့၏ရှေ့ပြေး ဗိသုကာပုံစံများ မရှိပဲ
ထေရ၀ါဒမင်းနေပြည် သရေခေတ္တရာမြို့ကြီးတွင်သာ
ပုဂံအား စေတီလှိုဏ်ဘုရား ဗိသုကာပုံစံ အမွေပေးရန်
ပုဂံရှေ့ပြေးသရေခေတ္တရာ ထေရ၀ါဒ ဗိသုကာများ
ရှိနေကြောင်း လေ့လာသူတိုင်း သိကြပါသည်။*
*ပုဂံထေရ၀ါဒ အုတ်ခွက်ဘုရားတို့၏ ရှေ့ပြေးပုံစံတစ်
ထပ်တည်းတူသော သရေခေတ္တရာ ထေရ၀ါဒ အုတ်ခွက်
ဘုရားများလည်း ရှိနေပါသည်။*
*သရေခေတ္တရာ ခင်ဘကုန်းဌာပနာတိုက်တွေ့ ပိဋိကတ်
တော်ကောက်နှုတ်ချက်များရေးထိုးထားသည့် ရွှေပေချပ်
(၂၀)မှ ပါဠိပိဋိကတ်ကောက်နှုတ်ချက်များနှင့် ကုန်းဘောင်
ခေတ် မင်းတုန်းမင်းကြီးလက်ထက် သုံးစွဲသော ပိဋိကတ်
တော်များ ကွာခြားခြင်းမရှိ ထပ်တူထပ်မျှတူညီပါသည်။*
*သရေခေတ္တရာပြည်ဟောင်းကို စွန့်ခွါပြီး ပုဂံမင်းနေပြည်
သစ်ကို ထူထောင်ခဲ့သော သရေခေတ္တရာသား ပျူမြန်မာ
တို့သည် ပုဂံပြည်၏ အမည်နာမကို “အရိမဒ္ဒနပူရ” ဟူ၍
ထေရ၀ါဒဂိုဏ်းက အလေးအမြတ်သုံးသော ပါဋိဘာသာ
အမည်ပေး မှည့်ခေါ်ခဲ့ကြပြီး ပုဂံမြို့ဟောင်းဒေသကြီးတွင်
သရေခေတ္တရာ ပျူမြန်မာတို့ တည်ထားသော ပျူစေတီ
(၂၀)မှာ အနည်းဆုံးတည်ရှိနေလျှက် ပုဂံပေါ်တော်မူ
ဘုရားတွင် ဗုဒ္ဓ-အသောကခေတ် ဗြဟ္မီအက္ခရာအုတ်ခဲ
စာများကို အထောက်အထားအဖြစ် တွေ့မြင်နေရပါသည်။*
ထို့ပြင် ပုဂံခေတ် ထေရ၀ါဒဗုဒ္ဓသာသနာတော်သာမက
ယနေ့တိုင်မြန်မာများ လက်ခံကျင့်သုံးလျှက်ရှိသော
ထေရ၀ါဒဗုဒ္ဓသာသနာတော်သည် ပျူမြန်မာခေတ်
(ဘီစီခေတ်)မှ တိုက်ရိုက်ဆင်းသက်လာခြင်းဖြစ်ကြောင်း
ခိုင်မာသော သမိုင်းသုတေသနတွေ့ရှိချက်များအရ
ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါသည်။
*ဗိဿနိုးမြို့ဟောင်းတူးဖော်ကုန်းအမှတ် KKG 2,3,4
တူးဖော်ရေးကုန်းများမှ ဆယ်ခန်းတွဲဘုန်းကြီးကျောင်းရာ၊
သိမ်၊ စေတီ၊ ရေကန် စသည့် ထေရ၀ါဒဗုဒ္ဓဘာသာ
အထောက်အထားများ တွေ့ရှိခဲ့ပါသည်။*
*၎င်းတူးဖော်ရေးကုန်း ဆယ်ခန်းတွဲဘုန်းကြီးကျောင်းပျက်
KKG2 မှ အေဒီ ၂ ရာစု ဗြဟ္မီပွားအက္ခရာများဟု ပညာရှင်တို့
အတည်ပြုလက်ခံထားသည့် “သံဃသီရိ” စာတန်းရေးထိုး
ပါရှိသည့် မြေမီးဖုတ်တံဆိပ်တုံးအား တူးဖော်ရရှိခဲ့ပါသည်။*
*ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်တွင်သာ တွေ့ရှိရသည့်
ဘုန်းကြီးကျောင်းရာ၊ သိမ်၊ စေတီ၊ ရေကန် အစုအဝေး
တွေ့ရှိရပြီးနောက် ဗိဿနိုးမြို့ဟောင်းသည် ထေရ၀ါဒ
ဗုဒ္ဓဘာသာဝင်တို့၏ ရှေးမြို့ကြီးဖြစ်ပြီး ပျူမြန်မာခေတ်
ထေရ၀ါဒဗုဒ္ဓသာသနာအား ယနေ့မြန်မာတို့ ဆက်ခံ
ကျင့်သုံးလျှက်ရှိကြောင်း ခိုင်မာစွာထုတ်ပြန်ကြေညာ
ပေးခဲ့ပြီးဖြစ်ပါသည်။*
အနှစ်ချုပ်၍ ဆိုရပါမူ တကောင်းမြို့ဟောင်း၊ သရေ
ခေတ္တရာမြို့ဟောင်း၊ ဟန်လင်းမြို့ဟောင်း၊ ဗိဿနိုး
မြို့ဟောင်းကြီးများမှ များပြားစွာတွေ့ရှိရသည့် ထေရ
ဝါဒဗုဒ္ဓဘာသာအထောက်အထားများအရ မြန်မာနိုင်ငံ
တော်ကြီးသည် ဗုဒ္ဓ-အသောကခေတ် (ဘီစီ ၆-၃ ရာစု)
ထေရ၀ါဒဗုဒ္ဓဘာသာ ခေတ်ပြိုင်ရောက်ရှိ၍ ရှေးမြန်မာ
တို့သည် ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး
မြန်မာနိုင်ငံသည် ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံဖြစ်ရုံမက
*ထေရ၀ါဒဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံ၏ နိုင်ငံတည်
ဘာသာ* ဟု ဆိုအပ်ပါပေသည်။

Credit to> Thant Lwin Oo

ကမ္ဘာ့အမွေအနှစ် သမိုင်းဝင် ပျူမြို့ဟောင်းများဆီသို့


မေစစ်ပိုင်| August 27, 2015il
သရေခေတ္တရာ, ပျုမြို့ဟောင်း, သရေခေတ္တရာ, ပျုမြို့ဟောင်း,
အလျားလိုက် သွယ်တန်းတည်ဆောက်ထားပြီး ဟောင်းနွမ်းနေသည့် အုတ်ရိုးတန်းများ၊ ပုံသဏ္ဌာန်မျိုးစုံဖော်ထားသည့် အုတ်ချပ်များနှင့် သာသနိက အဆောက်အအုံဟောင်းများအား ဖြတ်သန်းသွားလာနေရာမှ လျှပ်တပြက် ကြည့်လိုက်ချိန်တွင် ဟောင်းနွမ်းရှေးကျနေသော အုတ်ပုံအုတ်တန်းများဟု လူအများက ထင်မြင်နိုင်ပါသည်။
သို့သော် အဆိုပါ ဟောင်းနွမ်းရှေးကျနေသော အုတ်ပုံအုတ်တန်းများသည် လူမျိုးစုတစု စတင် ဖြစ်တည်ရာနေရာ၊ ယဉ်ကျေးမှုများ ထွန်းကားရာနေရာ၊ ကြေးခေတ်၊ သံခေတ်များ အခြေတည်ခဲ့ရာ မြို့များဟု သမိုင်းပညာရှင်များ သတ်မှတ်လက်ခံခဲ့ကြသည့် အဖိုး တန် အမွေအနှစ်များ တည်ရှိနေသည့် အထင်ကရနေရာ တခုပင်ဖြစ်သည်။
အဆိုပါ အမွေအနှစ်များကို တွေ့ရှိရသော နေရာသည် မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီး အတွင်း တည်ရှိသည့် သရေခေတ္တရာ၊ ဟန်လင်းနှင့်ဗိဿနိုး ပျူမြို့ဟောင်း နေရာများပင် ဖြစ်သည်။ ထိုနေရာများသည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက တည်ရှိခဲ့ကြောင်း ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
ယင်းပျုမြို့ဟောင်းများတွင် နေထိုင်ခဲ့သည့် မြန်မာတို့၏ ယဉ်ကျေးမှု၊ ဘာသာ သာသနာဆိုင်ရာနှင့် အနုပညာလက်ရာများစွာသည် ယနေ့ထက်တိုင် ရှိနေဆဲဖြစ်ပြီး အထောက်အထားများစွာ ကိုလည်း ပညာရှင်များက ရှာဖွေတွေ့ရှိနေဆဲဖြစ်သည်။
ပျူမြို့ဟောင်းများသည် ကမ္ဘာလုံးဆိုင်ရာ စံချိန်စံညွှန်းတန်ဖိုး အမျိုးအစား ၃ ခု နှင့် ကိုက်ညီသည့်အတွက် ၂၀၁၄ ခုနှစ် ဇွန်လ ၁၆ ရက်က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပခဲ့သည့် ၃၈ ကြိမ်မြောက် ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ညီလာခံတွင် ကမ္ဘာ့အမွေအနှစ် သမိုင်းဝင် မြို့ဟောင်းများအဖြစ် မှတ်တမ်းဝင် တင်သွင်းခြင်း ခံခဲ့ရသည်။
ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်းများနှင့်ပတ်သက်ပြီး ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်စန္ဒာခင်က “အရင်က အီဂျစ်နိုင်ငံ ဖာရွန်က ပရိုင်းမိတ်တွေကို စစ်ဆေးပြီး အဲဒီက လူမျိုးစု စတင် ဖြစ်တည်တယ်လို့ ဆိုကြတယ်။ နောက်ပိုင်းမှာ ပျူမြို့ဟောင်းက ရှေးဟောင်းပစ္စည်းတွေကို စစ်ဆေးကြည့်တော့ နှစ်ပေါင်း ၇ သန်း စောနေပြီး အရှေ့တောင်အာရှဖြစ်တဲ့ ပျူမြို့ဟောင်းဟာ လူမျိုးစု စတင်ခဲ့တယ်လို့ ပညာရှင်တွေက မှတ်ချက်ပြုကြတယ်။ ဒါကြောင့် လက်ရှိ အထောက်အထားအရ အာရှဟာ လူမျိုးစု စတင်ဖြစ် တည်ရာ နေရာဖြစ်တယ်ဆိုတာ ပြောနိုင်သွားတယ်”ဟု ပြောသည်။
အစိုးရက ပျူမြို့ဟောင်းများ၏ အထောက်အထားများကို ၁၉၅၉ ခုနှစ်ကစတင်ရှာဖွေခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ကမ္ဘာ့သဘာဝ အမွေအနှစ် များ ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် အဖွဲ့သို့ ပျူမြို့ဟောင်းများ၊ ပုဂံ၊ ပြဒါးလင်းဂူ၊ ပဲခူး ဟံသာဝတီ အပါအဝင် အဆိုပြုစာရင်း ၈ ခုကို တင်သွင်းခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောပြသည်။
ထိုအဆိုပြုစာရင်း ၈ ခုမှ ပျူမြို့ဟောင်းများသည် သတ်မှတ်ထားသည့် အရည်အချင်း၊ စံနှုန်းများနှင့် ကိုက်ညီသည့်အတွက် UNESCO ညီလာခံတွင် အဖွဲ့ဝင် နိုင်ငံများ၏ ပါဝင်ဆုံးဖြတ်ချက်များအရ ၂၀၁၄ ခုနှစ်မှ စတင်၍ ကမ္ဘာ့အမွေအနှစ် သမိုင်းဝင်ဒေသ ဖြစ်လာခဲ့သည်။
ထိုကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်းများအား ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ဖိတ်ခေါ်မှုဖြင့် ဇူလိုင်လ အတွင်းက သွားရောက် လေ့လာခွင့် ရခဲ့ရာမှ ရှေးအကျဆုံး လူမျိုးစုတစု စတင်ဖြစ်တည်ရာနေရာ၊ ယဉ်ကျေးမှု လက်ရာများကို မျက်မြင်တွေ့ရှိခွင့် ရခဲ့သည်။
ဗိဿနိုးမြို့ဟောင်းတွင် ပန်ထွာဘုရင်မ၏ နန်းတော်ရာ၊ သာသနိက အဆောက်အအုံများ၊ နန်းမြို့ရိုးများ၊ အရိုးအိုးများစသည့် အထောက်အထား များစွာကို မြို့ဟောင်းနှင့် တူးဖော်ပစ္စည်းများ ပြသထားရာ ဗိဿနိုးပြတိုက်တွင် တွေ့ရှိခဲ့ရသည်။
ထိုမြို့ဟောင်းတွင် စေတီပန္နက်ပုံ အဆောက်အအုံ၊ ပျူစာပေများ ရေးထိုးထားသည့် သံဃာ့သီရိအမည်ပေးထားသော မြေသား တံဆိပ်တုံး တို့သည် ဘာသာရေး ဆိုင်ရာ အထောက်အထား၊ ခြေထောက်ပုံ ကျောက်တုံးအစိတ်အပိုင်းများ၊ ကျောက်ဆစ်ဗိသုကာ လက်ရာ၊ ကြေးပေါ်တွင် ငွေ၊ ရွှေ ထပ်လောင်းခြင်းများ ပြုလုပ်ထားသည့် ရုပ်ပုံများ၊ ထွင်းထုထားသည့် ပန်းကန်ပြား တချို့မှ ပန်းတည်း လက်ရာ စသည်တို့သည် ထိုခေတ်၏ ဘာသာ၊ စာပေနှင့် တီထွင်မှု စွမ်းရည်များကို ဖော်ညွှန်းပြသလျက် ရှိသည်။
ကမ္ဘာ့အမွေအနှစ်များ ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက “အရိုးအိုးတွေထဲမှာဆိုရင် အမျိုးသမီးနဲ့ ကလေးအရိုးတွေကို တအိုး တည်း တွေ့ရတာတွေ၊ တိရစ္ဆာန် အရိုးတွေကိုပါ တွေ့ရတယ်။ တူးဖော်ရင်း တွေ့ခဲ့တဲ့ အုတ်ချပ်တွေ၊ ပျုဒင်္ဂါးတွေ၊ ပန်းချီလက်ရာတွေနဲ့ အိုးတွေဆိုရင် အဲဒီခေတ်က လူမျိုးတွေရဲ့ ဗိသုကာလက်ရာ အဆင့်မြင့်တယ်ဆိုတာ သိသာတယ်။ တွေ့ရှိခဲ့တဲ့ အထောက်အထား တွေ ထပ်ပြီးစမ်းသပ် ဖော်ထုတ်တာတွေလည်း လုပ်မှာပါ”ဟု ရှင်းပြသည်။
ဗိဿနိုးမြို့ဟောင်းသည် ဧရာဝတီမြစ်နှင့် ကုန်းလမ်းရေလမ်း ဆက်သွယ်ထားပြီး ဒေသတွင်း တိုးတက်ဖွံ့ဖြိုးမှုမှ တဆင့် မြို့ပြ တည် ထောင်ခဲ့သော အစောဆုံး ယဉ်ကျေးမှု ဒေသတခု ဖြစ်သည်။ ယနေ့အချိန်ထိ ဗိဿနိုးမြို့ဟောင်းအနီးနေထိုင်ကြသည့် ဒေသခံများသည် ထိုခေတ်က ထင်ရှားခဲ့သည့် အိုးလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေဆဲဖြစ်ကြောင်း သိရ သည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် တည်ရှိသည့် သရေခေတ္တရာ မြို့ဟောင်းသည် ပျူမြို့ဟောင်း ၃ ခုအနက် အကျယ်ဝန်း ဆုံး ဖြစ်သည်။
သရေခေတ္တရာ မြို့ဟောင်းတွင် ထူထဲ၍ မြင့်မားသော အုတ်ရိုးတန်းကြီးများ၊ အရိုးအိုးများ၊ သာသနိက အဆောက်အအုံများ အပြင် ထင်ရှားသည့် ဘောဘောကြီး စေတီနှင့် ဘုရားမာ စေတီအပါအဝင် စေတီတော်ကြီးများကိုလည်း တွေ့ရှိခဲ့ရသည်။ ထိုစေတီများ၏ ရှေ့ပြေးဗိသုကာ လက်ရာများအဖြစ် ခင်ဘကုန်း၊ မသီးကျကုန်း စေတီများကိုလည်း အဆိုပါမြို့ဟောင်းအတွင်း တွေ့ရှိနိုင်မည် ဖြစ် သည်။
ဗိဿနိုးနှင့် သရေခေတ္တရာ မြို့ဟောင်းများတွင် တူးဖော်ရရှိထားသော ရှေးဟောင်းပစ္စည်းများစွာကို ပြသထားသည့် ပြတိုက်များ ရှိသည်။ ပြတိုက်တွင် တွေ့ရှိခဲ့ရသည့် ငွေထည်ပေါ်တွင် ရွှေရည်ထပ်လောင်းထားပြီး ခြသေ့င်္ ဖို၊ မ ၂ ကောင်နှင့် ကလေး ၅ ကောင် ပုံ ထွင်းထုထားသည့် ပန်းကန်ပြား၊ ဟိန္ဒူ အယူဝါဒ ရုပ်တုများက အံ့သြဖွယ်ကောင်းပြီး စိတ်ဝင်စားမှုအပြည့် ပေးနိုင်သည့် လက်ရာ ကောင်း များ ဖြစ်နေသည်။
ထိုအမွေအနှစ် ပစ္စည်းများနှင့် မြို့ဟောင်းဒေသကို ရေရှည်ထိန်းသိမ်းရန် လိုအပ်နေပြီး ထိုသို့ ထိန်းသိမ်းနိုင်မှသာ ကမ္ဘာ့အမွေအနှစ် ဒေသအဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဟု သိရသည်။ ပျုမြို့ဟောင်းများအပြင် နယ်မြေအတွင်း ဖွင့်လှစ်ပြသထားသည့် ပြတိုက်များ အတွင်းရှိ ရှေးခေတ်လက်ရာ ပစ္စည်းများစွာတို့က ပြည်တွင်းဧည်သည်များကိုသာမက ပြည်ပဧည့်သည်များကိုပါ စိတ်ဝင်စားမှုများစွာ ပေးစွမ်းနိုင်မည့် နေရာများ ဖြစ်လာပေမည်။
သရေခေတ္တရာ ပြတိုက်မှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သိန်းက “ကျောက်စာတွေ၊ ယုံကြည်ကိုးကွယ်မှု ပြယုဂ်တွေ၊ ဗိသုကာ လက်ရာ တွေ က လူတွေကို စိတ်ဝင်စားစေမှာပါ။ အမွေအနှစ်စာရင်း မဝင်ခင်တုန်းကတော့ လာရောက်လေ့လာတဲ့သူ နည်းတယ်။ အခုနောက် ပိုင်းတော့ များလာပြီ။ ကျမတို့က ဒီ ၁ နှစ်အတွင်းမှာ မြန်မာလူမျိုးတွေကို ဝင်ကြေးအခမဲ့အနေနဲ့ ကြည့်ရှုခွင့် ပေးထားပါတယ်”ဟု ပြော သည်။
ထို့ကြောင့် အီတလီနိုင်ငံ Lerici ဖောင်ဒေးရှင်းမှ ပညာရှင်များက မြေပြင် သတင်းအချက်အလက် ဆိုင်ရာ GIS နည်းပညာ အသုံးပြုမှု၊ 3D ဓာတ်ပုံရိုက်ခြင်း၊ အရိုးအိုးမြှုပ်နှံမှု ဓလေ့နှင့် ရေအသုံးချ လေ့လာမှုတို့ကို မြန်မာအစိုးရနှင့် ပူးပေါင်းလေ့လာနေပြီး ထိန်းသိမ်း မှုများ ပြုလုပ်နေကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
ပျူမြို့ဟောင်း ၃ မြို့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ပြီးနောက် အဆိုပါ နေရာများအတွင်း သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ သဘာဝရှုခင်း၊ တိရစ္ဆာန်၊ အပင်ဖွဲ့တည်မှု၊ ရေအရင်းအမြစ် စသည်တို့ကိုထိခိုက်စေသည့် ဆောင်ရွက်မှုများ၊ ရွှေကျင်ခြင်း၊ မြေတူးခြင်း၊ ရေကန် တူးခြင်း၊ ကျောက်ထုတ်ခြင်း၊ အဆောက်အအုံများကို ပြင်ဆင် မွမ်းမံထိန်းသိမ်း ပြုပြင်ခြင်း၊ စက်ယန္တရားများဖြင့် ထွန်ယက်စိုက်ပျိုးခြင်းနှင့် ၆ ပေထက်ပို၍ မြင့်မားသော စီးပွားဖြစ် နှစ်ရှည်ပင် စိုက်ပျိုးခြင်းများ မပြုလုပ်ရန် အစိုးရက သတိပေးတားမြစ်ချက် ထုတ်ပြန် ခဲ့သည်။
သို့သော် ဒေသခံတချို့က အစိုးရ၏ တားမြစ်ချက်များကို ချိုးဖောက်ကြသည့်အတွက် တရားရင်ဆိုင်နေရမှုများလည်း ရှိနေသည်ဟု သိရသည်။
“မြေနီတွေ ကျောက်စရစ်တွေ တူးဖော်တော့ တောင်တွေက သဘာဝအတိုင်း မရှိတော့ဘဲ ချိုင့်ဝှမ်းတွေ ဖြစ်လာတယ်။ ဒါကြောင့် လုပ်တဲ့သူတွေကိုခေါ်ပြီး ဆွေးနွေးပွဲတွေ လုပ်ပေးတော့ နောက်ပိုင်း အဲဒီလိုကိစ္စ မရှိတော့ဘူး။ ဒါပေမယ့် သူတို့ တူးခဲ့တဲ့ နေရာတွေကတော့ သဘာဝအပင်တွေ ပျက်စီးသွားတယ်။ ကျူးကျော်နေထိုင်သူတွေကလည်း ၂၀၁၄ ခုနှစ်ကုန်အထိ ချဲ့လာကြတော့ သူတို့ကိုလည်း ဆွေးနွေးမှုတွေ လုပ်နေရတယ်”ဟု သရေခေတ္တရာဇုန် စီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူ ဦးစိုးမိုးအောင်က ရှင်းပြသည်။
အစိုးရက ဒေသခံများအတွက် ယာဉ်ရပ်နားစခန်းများ ဖွင့်လှစ်လုပ်ကိုင်စေခြင်း၊ ရွေ့လျား ဈေးဆိုင်ခန်းများ ရောင်းချစေခြင်း၊ အမှတ် တရ ပစ္စည်းဆိုင်များ ဖွင့်လှစ်စေခြင်းနှင့် ငါးသားပေါက်များ မွေးမြူခြင်းတို့ကို လုပ်ကိုင်ခွင့် ပေးထားသည်။
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသအဖြစ် သတ်မှတ်ရာတွင် ဒေသခံများ၏လူမှုဘဝ ဖွံ့ဖြိုးရေး၊ စီးပွားရေး အခွင့်အလမ်းများ တိုးတက် ရေး နှင့် အမွေအနှစ်ဒေသ စနစ်တကျ ဘက်စုံဖွံ့ဖြိုးရေးသည်လည်း အရေးကြီးသဖြင့် ဒေသခံများကို ပညာပေးခြင်း၊ အသိပညာ မျှဝေခြင်းစသည့် လုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်စန္ဒာခင်က “ဒီမြို့ဟောင်းတွေ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့ လုပ်တုန်းက ဒေသခံတွေရဲ့ကျေနပ်မှု၊ လက်ခံမှု အပိုင်းတွေပါ UNESCO က မေးတယ်။ ကျမတို့ကို တိုက်ရိုက်မေးသလို ဒေသခံတွေဆီကို ကျမတို့ မသိအောင် စုံစမ်း တာမျိုးတောင် ရှိခဲ့တယ်။ ဒေသခံတွေ ဇုန်နယ်မြေကို ကျော်လွန်ပြီး နေလို့မရဘူး။ အမွေအနှစ်တွေရဲ့ မြင်ကွင်းကို ကွယ်စေ မယ့် အဆောက်အအုံမျိုး ဆောက်ခွင့်မပြုဘူး။ ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ အတွက်လည်း ဆောင်ရွက်နေတာ မျိုး ရှိတယ်”ဟု ပြောသည်။
ယဉ်ကျေးမှု ဝန်ကြီးဌာနက ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသ ပျုမြို့ဟောင်းများ ရေရှည်တည်တံ့စေရေး အတွက် ဆက်လက် ထိန်းသိမ်းလျက်ရှိပြီး ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်နိုင်မည့် ဒေသတခု ဖြစ်စေရန် ကြိုးပမ်းလျက်ရှိကြောင်း ဒုဝန်ကြီး ဒေါ်စန္ဒာခင်က ပြောသည်။
အလားတူ အစိုးရက မြန်မာနိုင်ငံ တဝန်းရှိ ရှေးဟောင်းအမွေအနှစ် နယ်မြေများစွာကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး ကြိုးစား လျက်ရှိပြီး လတ်တလောတွင် ပုဂံ၊ အင်းဝ၊ မြောက်ဦး စသည့် ရှေးဟောင်း အမွေအနှစ် စာရင်းဝင် ဒေသ ၄၆ ဇုန်ကို ယဉ်ကျေးမှု အမွေအနှစ်ဇုန်အဖြစ် သတ်မှတ်ခဲ့ပြီး ပုဂံဇုန်ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး စတင်ကြိုးပမ်းနေပြီ ဖြစ်ကြောင်း သိရှိရသည်။
ဧရာဝတီ


Credit to>  Blocker Blocker

အရှင်မဟာရဌသာရ၏ ပျို့ ကဗျာများ


ပျို့ - ကဗျာများ
************
ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာသီလ၀ံသ၊ ကင်းဝန်၊ ဦးပုည-စတဲ့ စာဆိုကျော်များ၏ ""ပျို့၊ ရကန်""စသည့် ကဗျာစာအုပ်များကို စာပေလေ့လာ ရှင်ရဟန်းများအတွက် တစ်ထောင့်၊ တစ်နေရာက အထောက်အကူ ဖြစ်စေရန် စုစည်းပေးလိုက်ပါတယ်။ အလိုရှိပါက အောက်လင့်မှာ Download နိုင်/ Share ပေးနိုင်ပါတယ်။
(၁) လောကသာရပျို့ စာအုပ်
https://yadi.sk/i/diGo--Nxid9wQ
(၂) ဂမ္ဘီသာရပျို့ စာအုပ်
https://yadi.sk/i/aKSrzS0gidA6v
(၃) ၀ရုဏပျို့ စာအုပ်
https://yadi.sk/i/vwXva1ZCidACn
(၄) ဆုတောင်းခန်းပျို့ စာအုပ်
https://yadi.sk/i/gfRkq46TidAHT
(၅) စတုဓမ္မသာရကိုးခန်းပျို့ စာအုပ်
https://yadi.sk/i/aap-o3hHidAMZ
(၆) ပါရမီတော်ခန်းပျို့ စာအုပ်
https://yadi.sk/i/rt-dn3j1idAU6
(၇) ဂါထာခြောက်ဆယ်ပျို့ စာအုပ်
https://yadi.sk/i/sM6TBEd3idAZT
(၈) မုဒုလက္ခဏာပျို့ စာအုပ်
https://yadi.sk/i/k5mLRqoZidAeS
(၉) မင်းနန်ပျို့ စာအုပ်
https://yadi.sk/i/WOXuWJRGidAix
(၁၀) မူလပေါရာဏဒီပနီ စာအုပ်
https://yadi.sk/i/rHxPfNZfidAom
(၁၁) နေမိရကန် (ကင်းဝန်း) စာအုပ်
https://yadi.sk/i/fVxbZDMoidAtv
(၁၂) မန္တလေးမော်ကွန်းဘွဲ့(စလေဦးပုည) စာအုပ်
https://yadi.sk/i/XjxpQUoSidBH4


မူရင်းပိုင်ရှင်အား ကျေးဇူးတင်ပါသည်။

Tuesday, July 21, 2015

မြန်မာနိုင်ငံ ဗုဒ္ဓသာသာနာသမိုင်း (၄)


၎။ ရာဇ၀င်ဆရာ/စာရေးဆရာ/ပါးစပ်ရာဇ၀င်များ ညွှန်းဆိုသည့်
အတိုင်း ပုဂံခေတ် အေဒီ ၁၁ ရာစု အနော်ရထာလက်ထက်
ရောက်မှ မြန်မာနိုင်ငံအလယ်ပိုင်း ပြည်မဒေသသို့ ဗုဒ္ဓဘာ
သာရောက်ရှိသည်ဆိုသည်မှာ မှန်ကန်ပါသလား?
အေဒီ ၁၁ ရာစု ပုဂံ အနော်ရထာမင်းလက်ထက်အခါ မတိုင်ခင်
ရှေ့ပိုင်းကာလများကတည်းက *သရေခေတ္တရာဒေသ၊ ဗိဿနိုး
ဒေသ၊ ပုဂံဒေသနှင့် အညာဒေသ*အပါအ၀င် ပြည်မတွင် ထေရ၀ါဒ
ဗုဒ္ဓသာသနာ ထွန်းကားနေပါသည်။ ရှေးစေတီများတွင် ဗြဟ္မီ
အက္ခရာများတွေ့ရသော သာယာဝတီမြို့ဟောင်း၊ သရေခေတ္တရာ
မြို့ဟောင်း၊ ပန်းတောင်းနယ်၊ ရွှေတောင်နယ်၊ ကျီးသည်း၊ ဗိဿနိုး၊
မင်းဘူးနယ်၊ ပုဂံ၊ ကျောက်ဆည်၊ မိုင်းမောမြို့ဟောင်း၊ မြစ်သား
သပြေကုန်း၊ မန္တလေးနယ်၊ စစ်ကိုင်းနယ်၊ ဟန်လင်းနယ်၊ မိုးညှင်းနယ်၊
အင်းတော်ကြီးနယ် များသည် ဗုဒ္ဓခေတ်နှင့် အသောကခေတ် ထေရ၀ါဒ
သာသနာ ရောက်ရှိပျံ့နှံ့ထွန်းကားခဲ့သော (*အနော်ရထာမင်းနှင့်
ရှင်အရဟံမတိုင်ခင်*) ဒေသများဖြစ်ကြပါသည်။
*သရေခေတ္တရာမြို့ဟောင်းခင်ဘကုန်းစေတီ ဌာပနာတိုက်မှ ပိဋိကတ်
သုံးပုံကောက်နုတ်ချက်များ ရေးထိုးထားသော ရွှေပေချပ် ၂၀၊
အခြားသော ဗုဒ္ဓဓမ္မပါဠိဂါထာတော်များ ရေးသားထားသော ရွှေပြားစာ၊
ကျောက်ပြားစာ၊ အုတ်ခွက်ဘုရားစာများ၊ ရတနသုတ်ပါဠိကျောက်စာတိုင်၊
မင်္ဂလသုတ်နှင့် မောဟသုတ် ပါဠိကျောက်စာတိုင်များသည် အေဒီ ၁၁
ရာစုထက် နှစ် (၄၀၀) အနည်းဆုံးစောသော ထေရ၀ါဒပါဠိဂိုဏ်း
အထောက်အထားများဖြစ်ပါသည်။*
*ဗိဿနိုးမြို့ဟောင်းနယ် ရှေးစေတီကုန်းတစ်ဆူမှလည်း ဗြဟ္မီအက္ခရာ
ရေးပါဠိဘာသာရေး ကြေးအိုးစာတွေ့ရာ ဗိဿနိုး ထေရ၀ါဒဗုဒ္ဓဘာသာ
ပါဠိဂိုဏ်းဖြစ်ပါသည်။*
*မဟာယနဗုဒ္ဓဘာသာဂိုဏ်းသည် “သက္ကဋဘာသာ” ကိုသာသုံးစွဲပါသည်။*
*ပုဂံဒေသတွင်လည်း အနော်ရထာမင်းခေတ်မတိုင်မှီ ရှေးဟောင်း
ပျူစေတီအဆူ (၂၀) တွေ့ရှိထားပါသည်။*
*တုရင်တောင်ထက်တွင် ပုဂံစောရဟန်းမင်း၏ ထေရ၀ါဒ “သိမ်” တစ်ဆူ
တည်ခဲ့ကြောင်း ကျောက်စာအထောက်အထားတွေ့မြင်ရပါသည်။ သိမ်
ဆိုသည်မှာ ထေရ၀ါဒဗုဒ္ဓဘာသာဂိုဏ်းတွင်သာသုံးပြီး မဟာယနဗုဒ္ဓ
ဘာသာဂိုဏ်းတွင် သိမ်တက်ခြင်း၊ သိမ်သမုတ်ခြင်းများ မရှိပါ။*
*ထို့အပြင် ပုဂံတွင် ဗုဒ္ဓ-အသောကခေတ်သုံး ဗြဟ္မီအက္ခရာ အုတ်ခဲစာ
များကို “ပေါ်တော်မူဘုရား” တွင် တွေ့ရပါသည်။*
*ထေရ၀ါဒဗုဒ္ဓသာသနာသည် အနော်ရထာ၊ မနူဟာ၊ ရှင်အရဟံတို့
မတိုင်ခင် ဘီစီ ၆ ရာစု- ၃ ရာစုကတည်းက ရောက်ရှိထွန်းကားနေကြောင်း
အထက်ပါ အထောက်အထားများအရ သိမြင်ရပါသည်။*
*အနော်ရထာမင်း မမွေးခင် ပုဂံပြည်များကို ခေါ်ဝေါ်သော သီရိပစ္စယာ၊
တမ္ပ၀တီ၊ အရိမဒ္ဒနပူရ ဟူသော အမည်များအားလုံးသည် ပါဠိအမည်များ
ချည်းသာဖြစ်နေခြင်းကလည်း အနော်ရထာမင်း မမွေးဖွားမှီ ပုဂံပြည်ကြီး
များသည် ပါဠိဘာသာကို လေးစားသုံးစွဲသော၊ ဗုဒ္ဓမြတ်စွာဘုရားရှင်၏
စကားကိုနားထောင်သော ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းကားရာ မင်းနေ
ြ ပြည်မြို့ကြီးဖြစ်ကြောင်း အဆိုပါ ပါဠိအမည်များကိုယ်တိုင်က
အထောက်အထားဖြစ်ပါသည်။*
*ပုဂံမင်းနှင့် ပြည်သူတို့သည် ထေရ၀ါဒဂိုဏ်းဝင်မဟုတ်ပဲ မဟာယန
ဂိုဏ်းဝင်များသာ ဖြစ်ခဲ့ပါက ပုဂံပြည်ကြီးများ၏ အမည်ကို မဟာယန
ဂိုဏ်းက အထင်သေးသော ပါဠိအမည်များဖြင့် မှဲ့ခေါ်ခဲ့လိမ့်မည်
မဟုတ်ပဲ မဟာယနဂိုဏ်းက အထင်ကြီးသော သက္ကဋဘာသာဖြင့်သာ
မှည့်ခေါ်ခဲ့ကြလိမ့်မည် ဖြစ်ပါသည်။*
*ပုဂံပြည်နှင့် အညာဒေသပြည်မတွင် အနော်ရထာခေတ်၌ သထုံမှ
ရသော ပိဋိကတ်သုံးပုံမှ ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းကားသည်ဟု
“ဦးကုလားရာဇ၀င်ချုပ်” အပါအ၀င်၊ ဦးကုလားရာဇ၀င်ကြီးအား
ကိုးကား၍ နောက်မှရေးသော ပုဂံရာဇ၀င်၊ သထုံရာဇ၀င်၊ မှန်နန်း
မဟာရာဇ၀င်ကြီး၊ သာသနာဝံသကျမ်း၊ သာသနာလင်္ကာရကျမ်း
များတွင် ရေးသားဖော်ပြချက်သည် အထက်၌ ဖော်ပြခဲ့သော
ခေတ်ပြိုင်အထောက်အထားများနှင့် မကိုက်ညီပဲလွဲမှားနေပါသည်။*
* “အရည်းကြီး” ဟူသော ဝေါဟာရမှာ “အာရည၀ါသီ” တောမှီပုဂ္ဂိုလ်၊
တောကျောင်းဘုန်းကြီးများဟု အဓိပ္ပယ်ရပါသည်။ ယဇ်ပူဇော်ခြင်း၊
ပန်းဦးလွှတ်ခြင်း စသည့် ယုတ်ညံ့သည့်လုပ်ရပ်များလုပ်ခဲ့ကြောင်း
ပုဂံသမိုင်းများတွင် မရှိပါ။ ပုဂံရာဇ၀င်ကြီး ပေမူတွင်လည်း အရည်းကြီး
များသောင်းကျန်းသဖြင့် နှိမ်နင်းရသည်ဟု မပါရှိပါ။ ပုဂံခေတ်နံရံ
  ဆေးရေးများ၊ မှင်စာများတွင်လည်း အနော်ရထာမင်းကြီးက အရည်း
ကြီးများသောင်းကျန်းသဖြင့် နှိမ်နင်းရသည်ဟု မပါရှိပါ။*
*တချို့သောနောက်ရေးရာဇ၀င်များတွင် အနော်ရထာမင်းကြီးက
သထုံကိုတိုက်ကြောင်း၊ ၎င်းအချက်အလက်ကို ပဲခူးကလျာဏီသိမ်
  ကျောက်စာတွင်လည်းကောင်း၊ မနူဟာမင်းကျောက်စာတွင်လည်း
ကောင်း ရေးထိုးပါရှိသယောင် စစ်ဆေးခြင်းမရှိပဲပြောဆိုနေကြပါသည်။
ပဲခူးကလျာဏီသိမ်ကျောက်စာသည် မြန်မာသက္ကရာဇ်-၈၄၁ ၊ အေဒီ
၁၄၇၉-တွင် ဟံသာဝတီ(ပဲခူး)ဘုရင် ဓမ္မစေတီမင်းလက်ထက်၌
  ရေးထိုးခဲ့ခြင်းဖြစ်ပြီး အနော်ရထာခေတ်ထက် နှစ်ပေါင်း ၄၀၀-ကျော်
  နောက်ကျကာ ရေးထိုးခဲ့ခြင်းဖြစ်သဖြင့် ပုဂံခေတ်နှင့် ခေတ်ပြိုင်
မှတ်တမ်းကျောက်စာ မဟုတ်ပါ။*
*၎င်း ကလျာဏီသိမ်ကျောက်စာထဲ၌လည်း “ပုဂံနှင့် သထုံ” စစ်ပွဲ
  ဖြစ်ခဲ့ကြောင်း မပါရှိပါ။ အနော်ရထာမင်းမြတ်သည် သထုံသို့ ချီတက်
တိုက်ခိုက်သည် ဆိုသော အထောက်အထားမရှိ။ ကျောက်စာမှတ်
တမ်းလည်း မရှိ။ ပုဂံရာဇ၀င်များ၌လည်း ဖော်ပြထားခြင်းမရှိပါ။
ထို့ကြောင့် ဦးကုလား၏ ရာဇ၀င်တော်ကြီး၌ ပါသော“ပုဂံ-သထုံ”
စစ်ပွဲကြီး ဖြစ်ခဲ့ကြောင်း အထောက်အထားမရှိ။ ပုဂံ-သထုံ စစ်ပွဲကြီး
မဖြစ်ခဲ့ပါ။*
*ပဲခူး ကိုးသိန်းကိုးသောင်း ဘုရားသမိုင်းတွင် “ဂျွမ်း”(ခမာ)စစ်သည်
များက ဥဿာပဲခူးကို ၀ိုင်းရံထားစဉ် သထုံမင်း “မနုဟာ”သည် ပဲခူး
ဘုရင်ထံ ခိုလှုံနေသည်ဟု ပါရှိပါသည်။ ယိုးဒယားနိုင်ငံ တောင်ပိုင်းမှ
ပဲခူးအထိစစ်ချီလာသော ခမာစစ်တပ်ကြီး၏ စစ်လမ်းကြောင်းကျရာ
သထုံသည် ပဲခူးမကျမှီကပင် ဂျွမ်းရန်ကြောင့် ကျခဲ့သည်မှာ အထင်
အရှားပင်ဖြစ်ပါသည်။ ထို့ကြောင့် ထိုစဉ်က သုဝဏ္ဏဘုမ္မိသထုံသည်
ပုဂံနှင့် စစ်ဖြစ်ခြင်းမဟုတ်ပဲ ဂျွမ်းစစ်တပ်၏တိုက်ခိုက်မှုကြောင့် ပျက်စီး
ခဲ့ရခြင်းဖြစ်ပါသည်။*
*ပဲခူးကို ဂျွမ်းစစ်သည်တို့ လာဝိုင်းသောအခါ မနူဟာသည် ပုဂံဘုရင်
အနော်ရထာထံ ရွှေ့ပြောင်းခိုလှုံခဲ့ခြင်းသာ ဖြစ်ပါသည်။ ဂျွမ်းစစ်
သည်များ ပဲခူးကိုဝိုင်းရံထားစဉ် ကိုးသိန်းကိုးသောင်းဘုရားကြီး၏
ဌာပနာတိုက်များကိုဖောက်ကြောင်း၊ သံဃာတော်များနှင့် သီလရှင်
များကိုဖမ်းဆီးနှိပ်စက်သဖြင့် အနော်ရထာမင်းကြီးက စစ်ကူပေးကာ
ဂျွမ်းများကိုတိုက်ထုတ်၍ ဘုရားကြီးကို အနော်ရထာမင်းကိုယ်တိုင်
ဌာပနာထည့် ပြန်တည်ပေးရကြောင်း ပါရှိပါသည်။*
*အနောက်ဘက်လွန်မင်းလက်ထက် လှေသင်းစုစစ်တမ်းတွင် မနူဟာ
မင်းသည် လှေတော်ကြီး လေးစင်းနှင့် သမီးတော်ဆက်သကာ ပုဂံသို့
ခိုလှုံရောက်ရှိကြောင်း၊ ယင်းလှေတော် လေးစင်းနှင့် လှေတော်သား
များကို အနော်ရထာမင်းကြီးက လှေသင်းစုတစ်စု အဖွဲ့ဖွဲ့ပေးရာမှ
ဆင်းသက်လာသည့် လှေသင်းစုဖြစ်ကြောင်း အစစ်ခံသည့် စစ်တမ်း
ရှိပါသည်။*
*အမေရိကန်နိုင်ငံ ဟာဝိုင်ရီ တက္ကသိုလ်မှ အရှေ့တိုင်းဆိုင်ရာ
သမိုင်းပါမောက္ခ မိုက်ကယ်အောင်သွင်သည် “အနော်ရထာမတိုင်မီ
  မြန်မာနိုင်ငံ အောက်ပိုင်းတွင် ရာမညနိုင်ငံ ရှိသည်ဟူသော ပုံပြင်များ”
သုတေသနစာတမ်းတွင် ယိုးဒယားဘက်မှ မွန်ရာဇဝင်၊ ဇင်းမယ်ရာဇဝင်
တို့ကို စစ်ဆေးရာ ဇင်းမယ်ရာဇဝင် တစ်ခုတွင်ထိုအရည်ကြီး ဇတ်လမ်း
များကို ဖော်ပြထားကြောင်း စစ်ဆေး တွေ့ရှိရပါသည်။ ရာဇ၀င်ချုပ်
ေ ရေးသားသူ ဦးကုလား၏ အဖွားသည် ဇင်းမယ်လက်အောက်ခံ
ပိဿလောက်မြို့စား၏ သမီးဖြစ်ပြီး ဦးကုလားမှာ အဖွားဘက်မှ
ဇင်းမယ်ရာဇ၀င်များကို ထည့်သွင်းရေးသားခဲ့ခြင်းဖြစ်ကြောင်း
စစ်ဆေးတွေ့ရှိရပါသည်။*
*ထို့ကြောင့် အနော်ရထာမှ သထုံကိုတိုက်သော ဇာတ်ကြောင်းသည်
“ပုံဝတ္တု” တစ်ခုသာဖြစ်ပြီး၊ အေဒီ ၁၇၁၄ ၊ တနင်္ဂနွေမင်းလက်ထက်၊
  ညောင်ရမ်းခေတ်တွင် ရေးသားခဲ့သည့် ပုဂံခေတ်နှင့် နှစ်ပေါင်း ၇၀၀-
  ကျော်ကွာသော “မဟာရာဇ၀င်တော်ကြီး” ရေးသားခဲ့သူ “ဦးကုလား”၏
စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုသာ ဖြစ်ပါသည်။*
Credit to> Thant Lwin Oo

Friday, July 3, 2015

မြန်မာနိုင်ငံ ဗုဒ္ဓသာသာနာသမိုင်း (၃)


၃။ ဗုဒ္ဓ-အသောကခေတ်ပြိုင် မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာ
ေ ခေတ်ပြိုင်ရောက်ရှိကြောင်း အထောက်အထားများရှိပါ
သလား? ထိုခေတ်ပြိုင်အထောက်အထားဆိုသည်မှာ
အဘယ်နည်း?
ဗုဒ္ဓခေတ်-အသောကခေတ် သာသနာရောက်ကြောင်း ခေတ်ပြိုင်
အထောက်အထားများမှာ ဗုဒ္ဓခေတ်ဆံတော်ရှင်စေတီ၊အသောက
စေတီ၊ ဆံတော်ရှင်စေတီများဟု ဘုရားသမိုင်းရှိသောစေတီများနှင့်
အခြားစေတီများ၊ စေတီကုန်းများ၊ ရှေးသိမ်ကြီးများ၊ ရှေးလှိုဏ်ဂူဘုရား
များတွင် အထင်အရှားလေ့လာတွေ့မြင်ရသော ဘီစီ ၆ ရာစု - ၃ ရာစု
ဗုဒ္ဓခေတ်နှင့် အသောကခေတ်သုံး ဗြဟ္မီအက္ခရာစာများ ဖြစ်ပါသည်။
ယင်းဗြဟ္မီအက္ခရာများသည် ဘီစီ ၃ ရာစု အသောကကွယ်လွန်ပြီး
အသောကအင်ပါယာ နိုင်ငံတော်ကြီး ပြိုကွဲပြီးနောက် အသစ်ပေါ်
ထွန်းလာသော မဇ္ဈိမဒေသနိုင်ငံသစ်များတွင် သုံးစွဲခြင်းမရှိတော့ပဲ
တိမ်ကောပျောက်ကွယ်သွားခဲ့ပါသည်။ ဘီစီ ၃ ရာစု နောက်ပိုင်းတွင်
ယင်းဗြဟ္မီအက္ခရာများကို သုံးစွဲခြင်းမရှိတော့ပဲ ယင်းမူလဗြဟ္မီအက္ခ
ရာများကို ပုံသဏ္ဍန်ပြုပြင်ထားသော အက္ခရာအသစ်များ ပေါ်ပေါက်
သုံးစွဲကြကုန်ပါသည်။ ယင်းအက္ခရာသစ်များကို ဗြဟ္မီပွားအက္ခရာများ
(New Bramhi Alphabets) ဟု ခေါ်ဆိုကြပါသည်။
  မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ်မှ တောင်ဖျား တနင်္သာရီ
တိုင်းအထိ၊ အရှေ့ဘက် ရှမ်းပြည်နယ်မှ အနောက်ဘက် ရခိုင်ပြည်
နယ်အထိ နေရာအများအပြားတွင် ဗုဒ္ဓခေတ် အသောကဗြဟ္မီအက္ခ
ရာများ ရေးထိုးထားသော အုတ်ခဲစာများ အများအပြားကို ဆံတော်
ရှင်စေတီများ၊ အမည်မသိရှေးစေတီများ စေတီကုန်းဟောင်းများ၊
  ရှေးသိမ်များ၊ အရံတံတိုင်းများ အစရှိသောအဆောက်အဦးဟောင်း
များတွင် အဓိကတွေ့ရှိရပါသည်။ ဗြဟ္မီအက္ခရာ စဥ့်စာများ၊ ဗြဟ္မီ
အက္ခရာကျောက်၊ မြေမီးဖုတ်စာ စာများကိုလည်း တွေ့ရှိရပါသည်။
ပိဋိကတ် ၃ ပုံဝင်ကျမ်းအချို့တွင် ၀ါပကာလအချိန်ဆိုလျှင် ဂေါတမ
  မြတ်စွာဘုရားသည် သူ၏စံရာ ကျောင်းတော်၌ မရှိပဲ လပေါင်းများစွာ
အခြားဒေသများသို့ တရားဟောသာသနာပြု ဒေသစာရီကြွချီလေ့
ရှိကြောင်း၊ မူလကျောင်းတော်သို့ ပြန်လည်ကြွရောက်သည့်အခါ
ညီတော်အာနန္ဒာက “အရှင်ဘုရား အဘယ်ခရီးမှ ပြန်လာပါလဲ”
  မေးကြောင်း၊
  ဂေါတမမြတ်စွာဘုရားရှင်က ပြန်လည်ဖြေကြားရာတွင်
“ငါသည် ယူဇနာ ၃၀ ခရီးက ပြန်လာတယ်”
“ငါသည် ယူဇနာ ၁၀၀ ခရီးက ပြန်လာတယ်”
“ငါသည် ယူဇနာ ၃၀၀ ခရီးက ပြန်လာတယ်” ဟု ဖြေကြားချက်
တို့ကိုတွေ့မြင်ဖတ်ရှုရပါသည်။
၁ ယူဇနာသည် မျက်မှောက်ခေတ်သုံး (၁၂.၇)မိုင် ရှိကြောင်း လယ်တီ
ဆရာတော်ဘုရားကြီး နှိုင်းယှဉ်တွက်ချက် ဖော်ပြချက်ကို သမိုင်းပညာ
ရှင်များမှ လက်ခံကြပါသည်။
ယူဇနာ ၃၀၀ သည် မိုင်ပေါင်း (၃၈၁၀)မိုင် နှင့် ညီမျှပါသည်။ အချို့ ၀ါပ
ကာလတို့တွင် ဂေါတမမြတ်စွာဘုရား သာသနာပြုကြွချီသော ခရီးတာမှာ
မိုင်ပေါင်း (၃၈၁၀)မိုင် ရှိရာ မြန်မာနိုင်ငံသာမက ယူနန်အထိ၊ ဗီယက်နမ်
အထိ ယင်းခရီးတာအတွင်း အကြုံးဝင်လျှက်ရှိပါသည်။
မြန်မာနိုင်ငံတွင် ရက္ခတပူရတိုင်း (၇)မိုင်ဒေသ၊ အညာဒေသ၊ မြေလတ်
  ခေါ် ပြည်မြို့အပါအ၀င်ဒေသ၊ တောင်ပိုင်း ကမ်းရိုးတန်းဒေသများ၌
ဗုဒ္ဓခေတ် ဗုဒ္ဓကိုယ်တိုင် ကြွချီလာပြီး တရားဟောကြောင်း၊ ကိုးကွယ်ပူ
ေ ဇော်ရန် ကိုယ်စား ဆံတော်များပေးဝေ ချီးမြှင့်ခဲ့ကြောင်း ဖော်ပြထားသော
ဗုဒ္ဓခေတ်ဆံတော်ရှင် စေတီဘုရားသမိုင်းများ ယနေ့တိုင် စေတီများနှင့်
တကွ ထွန်းကားကျန်ရှိနေဆဲဖြစ်ပါသည်။
ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရားသည် မဇ္ဈိမဒေသတိုင်းကြီး ၁၆ တိုင်းအတွင်း
သာ ကြွချီသည်။ ယင်း ၁၆ တိုင်း အပြင်ကိုမသွား၊ မြန်မာနိုင်ငံကို မရောက်
ဟူသောစကားတို့မှာ ပိဋိကတ်တော်ပါ ယူဇနာ (၃၀၀)၊ မိုင် (၃၈၁၀)မိုင်
ခရီးကို ဗုဒ္ဓမြတ်စွာဘုရား ကြွချီကြောင်း ကိုယ်တော်တိုင်ပြောခဲ့သော
မိန့်ဆိုချက်နှင့် ကိုက်ညီခြင်း မရှိပါ။
  ရှေးခေတ်မြန်မာနိုင်ငံသားတို့သည် ဘီစီ ၆ ရာစု- ၃ ရာစု ဗုဒ္ဓ-အသောက
ဗြဟ္မီအက္ခရာခေတ်ကြီးကို ခေတ်ပြိုင်မှီသကဲ့သို့၊ မဇ္ဈိမဒေသမှ ဗြဟ္မီ
အက္ခရာများကို ရရှိသင်ယူတတ်မြောက် သုံးစွဲခဲ့ကြပါသည်။ ထို ဘီစီ
၆ - ၃ ရာစု ကာလ ဗုဒ္ဓ-အသောကခေတ် ဗုဒ္ဓသာသနာသည်ခေတ်ပြိုင်
မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့၍ ထိုခေတ်မြန်မာနိုင်ငံသားတို့သည်
မဇ္ဈိမသားများကဲ့သို့ပင် ဗုဒ္ဓဓမ္မတို့ကို သက်ဝင်ယုံကြည်လျက် ဗုဒ္ဓဘာသာ
ဝင်များ ဖြစ်လာခဲ့ကြပါသည်။
ဘီစီ ၆-၃ ရာစုဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများသည် ဗုဒ္ဓအား
ပူဇော်ရာအဖြစ် စေတီနှင့် လှိုဏ်ဘုရားများတည်ဆောက်ခြင်း၊
ရဟန်းသံဃာများနှင့် သာသနာကိစ္စများ ဆောင်ရွက်ရန် သိမ်များ
တည်ဆောက်ခြင်းတို့ကို ဗုဒ္ဓ-အသောကခေတ်အတွင်း လုပ်ဆောင်ခဲ့
ကြပါသည်။ ဗုဒ္ဓ-အသောကခေတ် ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား
တို့သည် သူတို့တည်ဆောက်ပူဇော် လှူဒါန်းခဲ့သော စေတီ၊ လှိုဏ်ဘုရား၊
သိမ်၊ ရေတွင်းရေကန်များကို သူတို့သင်ယူတတ်မြောက်ခဲ့သော ဗြဟ္မီ
အက္ခရာစာ အမှတ်အသားများ ပြုလုပ်ရေးထိုးပါရှိသော အုတ်များပါ
ထည့်သွင်းတည်ဆောက်လှူဒါန်းခဲ့ကြသည်။
  ဗြဟ္မီအက္ခရာအုတ်ခဲစာများ တွေ့ရှိရသော ရှေးစေတီ၊ ရှေးလှိုဏ်ဘုရား၊
  ရှေးသိမ်၊ ရှေးရေတွင်းရေကန်များသည် ဗုဒ္ဓ-အသောကခေတ် မြန်မာနိုင်ငံ
သားတို့ ဗြဟ္မီခေတ် ဗုဒ္ဓသာသနာကို လက်ခံရရှိ၍ ဗုဒ္ဓဘာသာဝင်များ
  ဖြစ်လာကြကာ ဗုဒ္ဓ-အသောကခေတ် သာသနာနိက အဆောက်အဦးများ
တည်ဆောက်လှူဒါန်းကြောင်းနှင့် ဗုဒ္ဓ-အသောကခေတ် သာသနာမြန်မာ
  နိုင်ငံသို့ ခေတ်ပြိုင် ဘီစီ ၆ ရာစု- ၃ရာစုတွင် ရောက်ရှိခဲ့ကြောင်း ထင်ရှား
ေ သော အထောက်အထားများပင် ဖြစ်ပါသည်။
ဘီစီ ၆ ရာစု - ၃ ရာစု ဗုဒ္ဓ-အသောကခေတ်သုံး ဗြဟ္မီအက္ခရာများ
ေ တွေ့ရှိရသော ရှေးဒဿနိက အဆောက်အဦးအချို့မှာ -
၁။ ရွှေတိဂုံစေတီ (ရန်ကုန်)
၂။ ရွှေမော်ဓေါစေတီ (ပဲခူး)
၃။ ပါဒမြို့ဟောင်းတစ်ဆူ (ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်)
၎။ ပေါက္ခရ၀တီမြို့ဟောင်း (တွံတေး)
၅။ အင်္ဂပူပျူမြို့ဟောင်းရှိ ရှေးစေတီဟောင်းများ (အင်္ဂပူမြို့နယ်)
၆။ ရွှေတောင်ဦးစေတီ (အင်္ဂပူမြို့ဟောင်း၊ အင်္ဂပူမြို့နယ်)
၇။ ဓမ္မဓိကစေတီ ၊ လေသာဆောင် (အင်္ဂပူမြို့ဟောင်း)
၈။ ကျားကိုက်ရွာ ရှေးစေတီကုန်း (အင်္ဂပူမြို့နယ်)
၉။ ရန်ကင်းတောင်စေတီ (အင်္ဂပူမြို့နယ်)
၁၀။ နှစ်ကျိပ်ရှစ်ဆူဘုရား (အမှတ်၆၊ လေ့ကျင့်ရေးသင်တန်းကျောင်း၊
အင်္ဂပူမြို့နယ်)
၁၁။ ဘဲပြားရွာရှေးစေတီတစ်ဆူ (အင်္ဂပူမြို့နယ်)
၁၂။ သာယာဝတီမြို့ဟောင်းရှေးစေတီ (သပြေဂုံရွာ၊ ကြို့ပင်ကောက်
မြို့နယ်)
၁၃။ မင်းဘူးစက်တော်ရာစေတီများ
၁၄။ ဘောဘောကြီးစေတီ (သရေခေတ္တရာမြို့ဟောင်း)
၁၅။ ဘုရားမာစေတီ (သရေခေတ္တရာမြို့ဟောင်း)
၁၆။ ဘုရားဆောင်စေတီဝန်းရှေးအုတ်ကုန်းဟောင်း (သရေခေတ္တရာ
မြို့ဟောင်း)
၁၇။ ရဟန္တာလှိုဏ်ဘုရား (သရေခေတ္တရာမြို့ဟောင်း)
၁၈။ သရေခေတ္တရာနန်းတော်ကုန်း
၁၉။ သရေခေတ္တရာ နဂါးတွန့်မြို့တံခါးအနီး အုတ်ကုန်းဟောင်း
၂၀။ ပျူနန်းဦးကျောင်း (ပန်းတောင်းမြို့နယ်)
၂၁။ ပျူနန်းဦးစေတီ (ပန်းတောင်းမြို့နယ်)
၂၂။ ကျီးသည်းမြို့မ အုတ်ကုန်းကျောင်း
၂၃။ ရဟန္တာ (၈၀) ပျူသိမ်တော်ကြီး (ရွှေတောင်)
၂၄။ ဗိဿနိုး ရှေးစေတီတစ်ဆူ
၂၅။ မကွေး မြသလွန်စေတီ
၂၆။ နှမတော်ဘီလူးမစေတီတံတိုင်း (မကွေးမြသလွန်ဘုရားနှင့်လမ်းခြား)
၂၇။ ပေါ်တော်မူ ပျူဘုရား (ပုဂံ၊ လောကနန္ဒာဥယျာဉ်)
၂၈။ မိုင်းမော ပျူမြို့ဟောင်းအုတ်ကုန်း (မြို့တံခါးအနီး) (ကျောက်ဆည်)
၂၉။ မက္ခရာရှေးစေတီ (ကျောက်ဆည်)
၃၀။ ပတ္တမြားစေတီ (ဒွတ္တပေါင်မင်းကောင်းမှု၊ မန္တလေးတောင်)
၃၁။ ဆွမ်းဦးပုညရှင်ဘုရား (စစ်ကိုင်းတောင်)
၃၂။ ရွှေကြက်ယက်ဘုရား (အသောကမုဌော)
၃၃။ ဟန်လင်းမြို့ဟောင်းအုတ်ကုန်း
၃၄။ ရှိမ်သကား အမည်မသိရှေးစေတီ
၃၅။ တကောင်းရွှေစည်းခုံစေတီ
၃၆။ မိုးညှင်းအသောကမုဌော (မိုးညှင်း ၁၀မိုင်ကုန်း၊ စံပြရွာ)
၃၇။ မက်မုံကိုင်ရွာ ရှေးစေတီကုန်း (အင်းတော်ကြီး)
၃၈။ ရှေးစေတီကုန်း (အင်းတော်ကြီး)
၃၉။ ရှေးလှိုဏ်ဂူဘုရားပျက်နှစ်ဆူ (အသောကမုဌောစေတီ၊မွေတော်
ကက္ကူ)
၄၀။ မုပုလ္လင်ရွာ ရှေးစေတီစု (ကျိုက်ထိုမြို့နယ်)
၄၁။ ဘုရားသုံးဆူတောရ ရှေးစေတီစု(ကျိုက်ထိုမြို့နယ်)
၄၂။ ကျိုက်တလန်းစေတီ
၄၃။ ဘုရားတစ်ထောင်စေတီစု (ကျိုက်ထို)
၄၄။ ညောင်ပုလ္လင်ရွာရှေးစေတီစု (ဘီးလင်း)
၄၅။ ဘိလင်းဆံတော်ရှင်ဘုရားကုန်း အုတ်ကုန်းဟောင်းများ
၄၆။ ကျိုက်ကရင်စေတီ၊ မုရစ်ကြီးရွာ၊ ချောင်းဆုံမြို့နယ်၊ ဘီလူးကျွန်း
၄၇။ ပတ္တမြားကျောင်းဝင်း ချောင်းနှစ်ခွရွာ၊ ကျိုက်မရော
၄၈။ ကျိုက်မရောဘုရားကြီးဝန်း ရှေးစေတီကုန်းစု
၄၉။ အင်လှိုင်စေတီဝန်း၊ ကော့ခပုံရွာ၊ မုဒုံ
၅၀။ မင်းကွန်းသတိပဌာန်ကမ္မဌာန်းတိုက်ဝန်း၊ သထုံမြို့
မြို့ဟောင်းနေရာ
၅၁။ စကားတောင်ဘုရား၊ရေးမြို့
၅၂။ ၀င်းလဲ့စေတီ၊ ကမာမိုးရွာ၊ ချောင်းဆုံ၊ ဘီလူးကျွန်း
၅၃။ ဒရယ်ရွာ ရွာဦးစေတီ ချောင်းဆုံ၊ ဘီလူးကျွန်း
၅၄။ ကုသိနာရုံဘုရား ပရ၀ုဏ် (ဘီးလင်းမြို့)
၅၅။ မုနိုင်းစေတီ ချောင်းဆုံ၊ ဘီလူးကျွန်း
၅၆။ ရွှေလဘုန်းကုန်းတော် ဗုဒ္ဓအောင်မြေဘုရားဝန်း (သံပုရာရွာ၊
ကြာအင်းဆိပ်ကြီး)
၅၇။ ပရိကလဘုန်းကြီးကျောင်းဝန်း (ပရိကလရွာ၊ ကြာအင်းဆိပ်ကြီး)
၅၈။ ကော့ဒုံဘုန်းကြီးကျောင်းဝန်း (ကောဒုံကျေးရွာ၊ ကရင်ပြည်နယ်)
၅၉။ မန္တလေးကျောင်းဝန်း (ဇာသပြင်ရွာ၊ ကရင်ပြည်နယ်)
၆၀။ မုတ္တမြို့ဟောင်းစေတီငုတ်တိုနှစ်ဆူ
၆၁။ အယက်သမာရွာ မြသိန်းတန်စေတီ (ဘီးလင်း)
၆၂။ အရှေ့ရွှေနံ့သာဘုရားကုန်း (ပဲခူး)
၆၃။ ဖဲကံသာရွာကျောင်းဟောင်း (မော်လမြိုင်မြို့နယ်)
၆၄။ ခေါင်းဆေးကျွန်း (မော်လမြိုင်)
၆၅။ မြစန္ဒီ-နန်းဒေ၀ီစေတီကုန်း (မုတ္တမမြို့ဟောင်းနေရာ)
၆၆။ ဇယားမြို့ဟောင်းရာစေတီဝန်း (ကမာဝက်၊မုဒုံ)
၆၇။ တောင်လေးလုံးကျောင်းဝန်း (မော်လမြိုင်)
၆၈။ ရွှေရေးကျောင်းဝန်း (မော်လမြိုင်)
၆၉။ ၀င်္ကပါကျောင်းဝန်း (မော်လမြိုင်)
၇၀။ မြေထဲကျောင်းဝန်း (မော်လမြိုင်)
၇၁။ ကြံခင်းကျောင်းဝန်း (မော်လမြိုင်)
၇၂။ ကျိုက်သန်လန်ဘုရားကုန်းတော် အနောက်ဘက် (မော်လမြိုင်)
၇၃။ လောကဥသျှေင်စေတီ တောင်ရိုးတန်း (မော်လမြိုင်)
၇၄။ ရွှေနတ်တောင်စေတီ (မော်လမြိုင်)
၇၅။ ရတနာဘုံပျံဘုန်းကြိးကျောင်းဝန်း (မော်လမြိုင်)
၇၆။ ထားဝယ်မြို့နယ် ရှေးစေတီအချို့
၇၇။ မြိတ်သိမ်တော်ကြီး
၇၈။ မဟာထယ်သိမ်တော်ကြီး (ပါဒမြို့ဟောင်း၊ ကျောက်တန်းမြို့)
စသည်တို့ဖြစ်ကြပါသည်။ ၎င်းဒေသတို့မှာ လက်တလောတွေ့ရှိရာ
ေ နေရာဒေသများဖြစ်ပြီးထပ်မံဖြည့်စွတ်ရန် ဒေသအများအပြား
ကျန်ရှိနေပါသေးသည်။
 
Credit to> Thant Lwin Oo