Thursday, September 4, 2014

Plantar fasciitis ခြေဖနောင့်နာရောဂါ

Kop Lun: Saya please, can you give the information and health about Plantar Fasciitis? Could that be the reason of patient's weight or walking too long? How can we heal that pain and tiredness?

ယမုန်နာဆေးခန်းမှာ အလုပ်သင်လုပ်သွားပြီး တခြားနိုင်ငံမှာရောက်နေတဲ့ ဆရာမလေးကနေမေးတာပါ။

ခြေဖနောင့်နေရာနာတာကို အများဆုံးဖြစ်စေတာက Plantar fasciitis ခြေဖဝါးမှာရှိတဲ့အရွတ်ပြားရောင်လို့ဖြစ်တယ်။ ဒီအရွတ်ပြားဟာ ဖနောင့်နဲ့ခြေချောင်းတွေကို ဆက်ပေးထားတယ်။ ခြေဖဝါးကိုခုံးခုံးလေးဖြစ်နေစေတယ်။ အဲတာရောင်နေရင် အလွန်နာတယ်။

လူလတ်ပိုင်းမှာအဖြစ်များတယ်။ ခြေထောက်အသုံးများသူတွေ ဥပမာ စစ်သား၊ အားကစားသမားတွေမှာ အဖြစ်များတယ်။ တဖက်ရော နှစ်ဖက်လုံးပါဖြစ်နိုင်တယ်။ ကြာရင် အရွတ်ပြား စုတ်ပြဲတာဖြစ်လာနိုင်တယ်။

ခြေဖဝါးကို အတွင်းဘက်ကိုခွင်ရင်၊ ခွါမြင့်ဖိနပ်စီးရင်၊ ဖိနပ်မကောင်းတာစီးနေရရင်၊ အကြာကြီး ရပ်-သွား-ပြေးရရင်၊ လူကဝရင်၊ နင်းရတဲ့ မြေပြင်-ကြမ်းပြင် မာရင် ဖြစ်နိုင်တယ်။

အတော်များများ အိပ်ယာကနေထ ပဌမခြေလှမ်းမှာပိုသိသိသာသာနာတယ်။ အိပ်နေတုံးမှာ နာတာဆိုရင် အဆစ်နာရောဂါ ဖြစ်နိုင်တယ်။ tarsal tunnel syndrome အာရုံကြောရောဂါဖြစ်နိုင်တယ်။

1. ခြေထောက်အနားပေးပါ။ ဖိနပ်လိုရင်အသစ်လဲပါ။ ခွါမြင့်မစီးပါနဲ့။ ကြမ်းပြင်ညီတာပေါ်မှာသာ သွားလာလှုပ်ရှားပါ။
2. နာတဲ့ဖနောင့်နေရာမှာ ရေခဲတင်ပေးပါ။
3. ibuprofen, naproxen or aspirin အနာသက်သာဆေးတမျိုးမျိုးသောက်ပါ။
4. မရသေးရင် Splints အခုအခံကိုညအချိန်မှာသုံးပါ။
5. Steroid စတီရွိုက်ထိုးဆေးထိုးပါ။
6. လေ့ကျင့်ခန်းလုပ်ပါ။

၁။ Foot stretches လေ့ကျင့်ခန်း
နံရံကိုမျက်နှာပြုပြီးရပ်ပါ။ နောက်ခြေဆန့်ပြီး ခြေဖဝါးကို ကြမ်းပြင်မှာ ပြားလိုက်ထားပါ။ တင်ပါးကိုရှေ့ဖက်ဆီယူပါ။ ဆန့်ထားတဲ့ခြေထောက် ခြေသလုံးကြွက်သားတွေတင်းတဲ့အထိအဲလိုလုပ်ပါ။ တကြိမ်မှာ ၃ဝ စက္ကန့်ကြာ။ နောက်တဖက်ကို အဲလိုလုပ်ပါ။

၂။ (က) ထိုင်လုပ်နည်း
ပုံအသေးမှာပြထားသလို ခြေဖကိုကိုင်ပါ။ ကိုယ်ဖက်ဆီဆွဲယူပါ။ ခြေဖဝါးထဲတင်းလာတာကို ခံစားရတဲ့အထိ အဲလိုလုပ်ပါ။ နောက်တဖက်ကို အဲလိုလုပ်ပါ။

၂။ (ခ) နောက်တနည်း ခြေဖဝါးအောက်မှာ တဘက်ကိုခုထားပါ။ ခြေမနဲ့ တဘက်ကို ကိုယ့်ဖက်ဆီဆွဲယူပါ။ နောက်တဖက်ကို အဲလိုလုပ်ပါ။

  ဒေါက်တာတင့်ဆွေ
၃-၉-၂ဝ၁၄

No comments:

Post a Comment