Tuesday, January 19, 2016

ဂျပန်အစိုးရနဲ့ သူ့ပြည်သူ

လွန်ခဲ့တဲ့ ၃နှစ်က ဂျပန်နိုင်ငံမြောက်ပိုင်းက တောဘူတာလေးကို အစိုးရရထားပို့ဆောင်ရေးက စီးနင်းသူနည်းလို့ ရထားခရီးစဉ်ဖျက်ဖို့ စီစဉ်ခဲ့တယ်။ ဒါပေမယ့် ကလေးမလေးတယောက်ဟာ နေ့တိုင်း အဲဒီတောဘူတာလေးကနေ အထက်တန်းကျောင်းကို ရထားလေးနဲ့ ကျောင်းသွားတက်ရတယ်။ နှင်းတွေကြားလဲ သူမဟာ ရထားလေးနဲ့ ကျောင်းသွားဖို့ စောင့်နေခဲ့တယ်။ ဒါကို သိပီးတဲ့နောက် ရထားပို့ဆောင်ရေးအဖွဲ့ဟာ ရထားခရီးစဉ်ကို သူမ ဘွဲ့ရတဲ့အထိ ဆက်လက်ပြေးဆွဲပေးဖို့ ဆုံးဖြတ်ပီး တနေ့ ၂ကြိမ် ပြေးဆွဲပေးခဲ့တယ်။ ခရီးသည်ဆိုလို့ သူမတယောက်ပဲရှိတယ်။ ခုတော့ တကမ္ဘာလုံးက ဂျပန်တို့ရဲ့ လူသားဆန်တဲ့နှလုံးသားကို ဝိုင်းဝန်းချီးကျူးလို့။ သူမဟာ ၂၀၁၆ မတ်လမှာ ကျောင်းပီးမယ်လို့ ခန့်မှန်းထားတယ်။
ဂျပန်ဟာ ပြုပြင်ပြောင်းလဲမှုရဲ့ အကြီးမားဆုံးပြယုဒ်ပဲ။ ဂျပုအခေါ်ခံရတဲ့ဘဝ ဖက်ဆစ်ဘဝကနေ ကမ္ဘာ့ထိပ်တန်းနိုင်ငံ အကူအညီအပေးဆုံး လူသားချင်းအစာနာတတ်ဆုံး နှလုံးသားလှဆုံး နိုင်ငံတခုအဖြစ် ပြောင်းလဲပစ်ခဲ့ပီ။ လေးစားမိတယ်။
သူမဟာ တနေ့တော့ သူမ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ကောင်းရဲ့ ဆိုတဲ့ဆန္ဒနဲ့ ကလေးတယောက်ရဲ့ မျှော်လင့်ချက်ကို ပံ့ပိုးပေးတဲ့ ဂျပန်အစိုးရနဲ့ ရထားအဖွဲ့အစည်းကို ဦးညွှတ်လိုက်ပါတယ်ဗျာ.....

Credit to> Nay Thway

No comments:

Post a Comment