Wednesday, January 27, 2016

EM ဘိုကာရှီ ပြုလုပ်နည်း

ယခုအောက်တွင်ဖော်ပြသောနည်းများသည်ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လက်တွေ့ပြုလုပ်စိုက်ပျိုးနေ သောနည်းပညာများဖြစ်ပါသည်။ internet ပေါ်မှ download လုပ်၍ရရှိသော informationများနှင်EMဘိုကာရှီ့သြဂဲနစ်နည်းပညာဖြင့်လက်တွေသီးနှံ့စိုက်ပျိုးထုတ်လုပ်နေသူ များထံမှလေ့လာထားပြီးဆောင်ရွက်နေခြင်းဖြစ်ပါသည်။
ဘိုကာရှီ ( Bokashi ) သဘာဝမြေသြဇာပြုလုပ်နည်း………
အဆင့်(၁)
ဖွဲကြမ်း ၁၀ပေါင်(၃ပိသာခန့်) ကို ပုံးထဲထည့်ရန်

အဆင့်(၂)
ဖွဲကြမ်းပေါ်သို့ အုတ်နီခဲမှုန့်စတီးဇွန်းအမောက်တစ်ဇွန်း၊
ဆားကြမ်းစတီးဇွန်းအမောက်တစ်ဇွန်း၊ထည့်ပါ။
အဆင့်(၃)
ရေနွေး(၃)လီတာကိုပုံးသေးထဲထည့်ပြီး၊၄င်းရေထဲသို့EM (၃၀cc)ကို ခွက်ငယ်ဖြင့်ချဉ်တွယ်ထည်ပြီးသမအောင်မွှေပါ။
အဆင့်(၄)
၎င်းဖျော်ရည်ကိုဖွဲကြမ်းပေါ်သို့လောင်းထည့်ပြီးလက်နှစ်ဖက်နှင့်သမအောင်မွှေပါ။ လက်နှင့်ဆုတ်ကြည့်ပါကအလုံးမပျက်သောအခြေအနေဖြစ်ရမည်။
၎င်းEMရောမွှေထားသောဖွဲကြမ်း၁၀ပေါင်ကိုအိတ်ထဲထည့်၊ လေမ၀င်အောင်
ကြိုးဖြင့်တင်းကြပ်စွာစည်းပြီး၊ နေလုံးဝမထိသည့်အမှောင်ခန်းထဲတွင်(၁၄)ရက်ထားရပါမည်။
ဖွဲကြမ်းများအရောင်ဝါ၀င်းလာပြီး၊နို့ချဉ်စုတ်စုတ်နံထွက်သော
ဘိုကာရှီသဘာဝမြေသြဇာရရှိပါမည်။
EMပြုလုပ်နည်း……………………….
အဆင့်(၁)
ဆန်ကြမ်းနို့ဆီတစ်ဗူးခန့်ကို ရေသန့် (၁)လီတာ( ရေသန့်မရှိပါက ကလိုရင်းလုံးဝမပါသော ရိုးရိုးရေကိုသုံးနိုင်ပါသည်) ဖြင့်ပွတ်ဆေးပြီး ဆန်ရောရေပါ
ဟောလစ်၊မိုင်လို၊အိုဗာတင်း အစရှိသည့်အ၀ကြယ်ဖန်ပုလင်းကြီး ထဲလောင်းထည့်ပါ။ ပုလင်းအပြည့်မဖြည့်ဘဲသုံးပုံတစ်ပုံခန့်အလွတ်ချန်ထားရပါမည်။
ပုလင်းဖုံးကိုမတင်းမကြတ်လျော့လျော့လေးဖုံးပြီးနေရောင်တိုက်ရိုက်မထိ
သောနေရာ၊(အဆင့်တစ်ခုခုအောက်)အခန်းအပူချိန်တွင်(၇)၇က်ထားရပါမည်။
ရာသီဥတုပူပြင်းပါက(၅)ရက်၊အရမ်းအေးပါက(၁၀)ရက်ခန်ုထားရပါမည်။
ရက်စေ့ပါကအပေါ်ရံအဖြူရောင်ခပ်နောက်နောက်အလွှာကိုဖယ်ရှားပြီး၊
အလယ်ရေကိုဌဲ့ယူပါမည်။
အဆင့်(၂)
အထက်ပါအချဉ်ဖေါက်ပြီးဆန်ဆေးရေ (၁)ဆနှင့်နွားနို့(၁၀)ဆကိုသန့်ရှင်း
သောအဖုံးပါသည့်ပလတ်စတိတ်ပုံးထဲတွင်ေ၇ာထည့်ပြီးအဖုံးကိုအနည်းငယ်
စောင်း၍လက်ငါးလုံးလောက်ခတ်ဟဟတင်ပြီးဖုံးပါ။။၎င်းပုံးကို
နေရောင်တိုက်ရိုက်မထိသောမလင်းမမှောင်နေရာ(အဆင့်တစ်ခုခုအောက်)၊
အခန်းအပူချိန်တွင်(၁၄)၇က်ခန့်ထားရပါမည်။ထိုအချိန်တွင်ပုံးအပေါ်ယံ
တွင်တင်းမာသော၎လက္မအထူခန့်ရှိဒိန်ခဲအလွှာတက်နေသည်ပိုတွေ့ရ
ပါမည်(၄င်းအလွှာကိုဖယ်၇ှားပြီးဝက်၊နွား၊ကျွဲ၊ကြက်စာများနှင့်ရောကာအိမ်မွေး
တိရိစ္ဆာ္စန်များကျွေး၍ရပါသည်)။ ၄င်းအပေါ်ယံလွှာကိုဖယ်၇ှားပြီးအောက်တွင်ညိုဝါနောက်နောက်အကျိုးပြုအဏုဇီဝပိုးများစွာပါသောEM ၇ည်ကိုရ၇ှိပါမည်။
အဆင့်(၃)
ထန်းညက်(၅၀)သားခန့်ကိုေ၇သန့်(၁)လီတာတွင် ကြိုရပါမည်။ အဆိုပါထန်းညက်ရည်ကိုအအေးခံပြီးအထက်ပါ EM ၇ည်ထဲလောင်းထည့်ပြီးဇွန်း၇ှည်သန့်သန့်နှင့်မွှေရပါမည်။ ရရှိသောအရည်များကိုပလတ်စတစ်ကတော့သန့်သန့်
ဖြင့်(၁)လီတာရေသန့်ဘုးအလွတ်များ၊ လီတာပုံးများထဲသို့လောင်းထည့်ကာ
အဖုံးလုံအောင်တင်းကြပ်စွာပိတ်၍အေးသောနေရာ(ရေခဲသေတ္တာ(သို့)ရေစိုအ၀တ်ပါတ်၍)တွင် တစ်ပါတ်လောက်ထားကာ အသုံးပြု နိုင်ပြီ ဖြစ်ပါသည်။
ရေခဲသေတ္တာတွင်ထားလျှင်ရေပုလင်းများထားသည့်နေရာတွင်တားရပါမည်။
ရေခဲသည့်နေရာတွင်လုံးဝမထားရပါ။ရေခဲသေတ္တာတွင်ထားပါကတစ်နှစ်အထိထား၍အသုံးပြုနိုင်ပါသည်။
ထန်းညက်ရည်ရောခြင်းမှာအကျိုးပြုအဏုဇီဝပိုးများရှင်သန်နေစေရန်အစာကျွေးခြင်းဖြစ်ပါသည်။

Credit to> Daw Khin Kyi Foundation

No comments:

Post a Comment