Tuesday, January 19, 2016

' အခွံချည်းသက်သက် ရိုးမ '


  မြင်ရကြည့်ရ
ရင်ထဲမချိစရာ
ဒါ....
ပဲခူးရိုးမ
ဘယ့်နှယ့်
ရှက်,ရှက်စရာ
မယ်စကြာဝဠာကမှ
အစနှစ်စဖုံးထားသေး
သူ့မတော့
အကုန်ပြောင်သလင်းခါလို့...။
ဟိုယခင်က
ဆင်အုပ်,ဝံအုပ်တွေနဲ့
မြိုင်ဆိုင်လှသပေါ့
ခုတော့
ြ ခြင်အုပ်,ယင်အုပ်တွေပဲ
လင်လုပ်နေရ
ချွတ်ခြုံကိုကျလို့...။
ရိုးမဆိုတာ
သစ်ကြီးဝါးကြီးတွေ
ဟည်းဟည်းထနေတာဆိုရင်
ပဲခူးဖုန်းဆိုး
ပဲခူးအင်တိုင်းတော
ကြိုက်ရာအမည်သာပြောင်းပေရော့။
ပခုက္ကူ ဦးအုန်းဖေစကား
ခဏငှားပြောရရင်
  မြန်မာ့သစ်တောဆိုတာ
စာရွက်ပေါ်မှာလား ဦးချစ်ဆွေ။
သစ်တစ်ပင်ခုတ်ရင်
အသည်းကို အပ်နဲ့ထိုးသလို
ခံစားရတယ်ဆိုတဲ့ လူကြီးခမြာ
ခုတော့ အသည်းပါပေါက်ရှာပြီထင်ပါ့။
ချစ်သူခင်သူဝေးတဲ့
ရိုးမခမြာလဲ
အခွံချည်းသက်သက်မို့
ရှက်နေရှာရော့မယ်။ ။


Soe Lwin Htay

No comments:

Post a Comment